Categories
Uncategorized

(ကုရ်အာန်အတွင်းသို့ ထိုးဖေါက်ဝင်ရောက်ကြည့်ခြင်း)(၂၀၂၃)(၁)

(ကုရ်အာန်အတွင်းသို့ ထိုးဖေါက်ဝင်ရောက်ကြည့်ခြင်း)(၂၀၂၃)(၁)
‌ခေတ်သစ်သိပ္ပံပညာရှင်များ၏ စူးစမ်းသုတေသနပြုချက်များအရ ယနေ့ကျနော်တို့နေ ထိုင် ကြသော ကမ္ဘာဂြိုဟ်နှင့် ကျနော်တို့၏ စကြဝဋ္ဌာအတွင်းရှိ နေ လ ဂြိုဟ်များအားလုံး၏ အကွာ အဝေးများနှင့် ထိုဂြိုဟ်တို့၏ ရာသီဥတုများအကြောင်းကိုပါ လေ့လာနှိုင်သော အဆင့်သို့ ရောက်ခဲ့လေပြီ။ ထိုသို့ကျနော်တို့၏ စကြဝဋ္ဌာအတွင်းရှိ နေ လ အပါအဝင် ဂြိုဟ်တို့၏ တိမ်း စောင်းပုံအတိုင်းအတာ အတိအကျနှင့် လည်ပတ်နှုံးတို့ကိုပါ သိရှိခဲ့ကြပြီး ဖြစ်၏။ ထိုသို့ သိပ္ပံ ပညာ ရပ်များ တိုးတက်လာသည်နှင့်အမျှ ခေတ်အဆက်ဆက် လက်ခံယုံကြည်ကျင့်သုံး လာခဲ့ကြသော လူသားတို့၏ အတွေးအခေါ်အယူအဆ အမှား ပေါင်းသောင်းခြောက်ထော ကိုကိုပါ တွေ့ရှိလာခဲ့ကြ၏။ သို့ရာတွင် ယနေ့မွတ်စလင်များ လက်ခံယုံကြည်ထားသော မွတ်စလင်တို့၏ ကုရ်အာန်ကျမ်းသည် ခေတ်မှီတိုး တက်လာလေလေ ကုရ်အာန်ပါနိယာမများက ခေတ်ရှေ့သို့အမြဲပြေးလေလေဖြစ်လျက်ရှိနေသည်ကို တွေ့ရ၏။ ကုရ်အာန်အကြာင်းကို မပြောမီ—-
ကျနော်တို့နေထိုင်လျက်ရှိသော ကမ္ဘာဂြိုဟ်တွင် မိမိတို့အိမ်ပေါ်တွင် ထိုင်လျက်ရှိနေ သည်ဖြစ် စေ၊ အိပ်နေသည်ဖြစ်စေ၊ လမ်းပေါ်တွင် လမ်းလျောက်နေ သည်ဖြစ်စေ၊ လမ်းပေါ်တွင် ပြေးလွှားနေသည်ဖြစ်စေ၊ အစီးအနှင်းယှဉ်များနှင့် သွားလာနေသည်ဖြစ်စေ သက်တောင့် သက်သာ ရှိနေကြသည်မှာ—–
ကမ္ဘာဂြိုဟ်သည်လုံးဝန်းနေပြီး ၂၃.၅ ဒီဂရီ တိမ်းစောင်းလျက် တစ်နာရီလျင်မိုင်(၁၀၅၀)နှုံး မိမိ၏ဝင်ရိုးတွင် လည်ပတ်နေပြီး၊ နေကိုပတ်ရာ၌ တစ်နာရီလျင် မိုင် (၆၇၀၀၀) နှုံးဖြင့် ပြေးလွှားရွေ့လျားလျက်ရှိ နေသော ကြောင့်ပင်ဖြစ်၏။ သင်္ချာဗေဒအရ ယ္ခုကဲ့သို့ ကမ္ဘာဂြိုဟ်၏ အတိမ်းအစောင်းမှ အနည်းငယ် အပိုအလို ရှိနေပါက၊ လည်ပတ်နှုံး အနှေးအမြန် အပို အလို ရှိနေပါက၊ နေနှင့် မိုင်အကွာအဝေး လက်ရှိအနေအထားနှင့် အနီးအဝေး ရှိနေပါက ယနေ့ ကျနော်တို့ ကမ္ဘာဂြိုဟ်ပေါ်တွင် သက်တောင့်သက်သာ ဘဝရှင်သန်နှိုင်ကြမည်မဟုတ်ပေ။
(တိကျသေခြာသောကမ္ဘာဂြိုဟ်နှင့်နေ၏အကွာအဝေး)
ကမ္ဘာဂြိုဟ်သည် (နေ နှင့် အကွာအဝေး (မိုင် ၉၃) သန်းဖြစ်ပြီး အပူချိန် Temperature ပျမ်းမျှ (၅၉) ဖါရင်ဟိုက်သာရှိသည့်အတွက် ((သက်ရှိများအတွက် လုံလောက်သော အပူချိန်ဖြစ်ပြီး စားပင်ပေါက်ပင်များ ရှင်သန်စိုက်ပျိုးနှိုင်သည့် အပူရှိန်လည်းဖြစ်သည်။)) ကမ္ဘာဂြိုဟ်၏ အတိမ်းအစောင်း ပုံစံကြောင့် နွေ မိုး ဆောင်း ဟူသော ရာသီဥတုများပြောင်းလဲနှိုင်ပြီး၊ လူသားတို့အတွက် အကောင်းဆုံးရှင်သန်နှိုင်သော နေရာတစ်ခုဖြစ်သည်။ လူသားနှင့် သက်ရှိများ အတွက် မရှိမဖြစ်လိုအပ်သော အဓိက အချက်မှာ ——– (ရေ)ဖြစ်သည်။

ကမ္ဘာဂြိုဟ်နှင့် အခြားဂြိုဟ်တို့၏ ကွာခြားချက်မှာ —- ကမ္ဘာဂြိုဟ်၏ မျက်နှာပြင် တစ်ခုလုံး ကို ရေ (၇၁)ရာခိုင်နှုံးဖြင့် လွှမ်းခြုံထားသော အချက်ဖြစ်သည်။ ကမ္ဘာဂြိုဟ်ရှိရေ၏ ၉၅.၅ ရာခိုင်နှုံးကို ပင်လယ်သမုဒ္ဒရာများတွင် ထိန်းသိမ်းထားပြီး၊ ရေများသည် လေထုထဲတွင် ရေငွေ့အဖြစ်လည်းကောင်း မြစ် ချောင်း အင်းအိုင်များနှင့် ရေခဲတောင် ရေခဲမြစ်များတွင် လည်း ထိမ်းသိမ်းထား၏။ လူသားအပါအဝင် အခြားသက်ရှိများနှင့် လူသားတို့အတွက် စားပင်ပေါက်ပင်တို့ ရှင်သန်နှိုင်ရေးတွင် ရေသည်မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။ ထိုလူသား တို့အတွက် သက်တောင့်သက်တာ အခြေချနေထိုင် နှိုင်ရန်အတွက် အကောင်းဆုံး နေရာတစ် ခုမှာ ကမ္ဘာဂြိုဟ် တစ်ခုသာဖြစ်သည်။

(မှတ်ချက်) ကမ္ဘာဂြိုဟ်မှအပ ကျနော်တို့ ၏ နေအဖွဲ့ဝင် အခြားဂြိုဟ်များတွင် လူသားအပါ အဝင် မည်သည့်သက်ရှိများမှ အမြဲအခြေချ နေထိုင်ရန် ကမ္ဘာဂြိုဟ်ကဲ့သို့ မဖြစ်နှိုင်ကြောင်းကို ကျနော်တို့ စုပေါင်း၍ လေ့လာကြည့်ကြပါစို့ —
အောက်တွင် နေ နှင့် အကွာအဝေး ဂြိုဟ်များ ၏ အတိုင်းအတာနှင့် Temperature အပူ အအေး တို့ကိုပါ ယဉ်တွဲ ဖေါ်ပြပါမည်။ သို့မှသာ ကမ္ဘာ ဂြိုဟ်မှ လွဲ၍ အခြားဂြိုဟ်များသည် အပူလွန်နေခြင်းနှင့် အအေး လွန်နေခြင်း တို့ကို တွေ့နှိုင်မည်ဖြစ်သည်။

Mercury, ဂြိုဟ်သည် (နေ နှင့်အကွာအဝေး) (မိုင် ၃၆) သန်းဖြစ်ပြီး အပူချိန် ပျမ်းမျှ Temperature (၃၃၃) ဖါရင်ဟိုက်ရှိသည်။
Venus, ဂြိုဟ် (နေ နှင့် အကွာအဝေး) (မိုင် ၆၇.၂) သန်းဖြစ်ပြီး အပူချိန် ပျမ်းမျှ Temperature (၈၆၇) ဖါရင်ဟိုက် ရှိသည်။ ((ခဲတုံးကိုအရည်ပျော်စေရန် လုံလောက်သော အပူချိန်ဖြစ်သည်။))
Mars, ဂြိုဟ် (နေ နှင့် အကွာအဝေး (မိုင် ၁၄၁.၆) သန်း။ Temperature minus ပျမ်းမျှ အအေး ချိန်(-၄) ဖါရင်ဟိုက်။
Jupiter ဂြိုဟ် (နေ နှင့် အကွာအဝေး (မိုင် ၄၈၃.၈) သန်း။ Temperature minus ပျမ်းမျှ အအေး ချိန်(-၈၅) ဖါရင်ဟိုက်။
Saturn, ဂြိုဟ် (နေ နှင့် အကွာအဝေး (မိုင် ၈၉၀.၈) သန်း။ Temperature minus ပျမ်းမျှ အအေး ချိန်(-၁၆၆) ဖါရင်ဟိုက်။
Uranus, ဂြိုဟ် (နေ နှင့် အကွာအဝေး (မိုင် ၁၇၈၄.၈) သန်း။ Temperature minus ပျမ်းမျှ အအေး ချိန်(-၂၂၀) ဖါရင်ဟိုက်။
Neptune, ဂြိုဟ် (နေ နှင့် အကွာအဝေး (မိုင် ၂၇၉၃.၁) သန်း။ Temperature minus ပျမ်းမျှ အအေး ချိန်(-၃၂၀) ဖါရင်ဟိုက်။
Pluto, ဂြိုဟ် (နေ နှင့် အကွာအဝေး (မိုင် ၃၆၄၇.၂) သန်း။ Temperature minus ပျမ်းမျှ အအေး ချိန်(-၃၇၅) ဖါရင်ဟိုက်။
ထိုဂြိုဟ်များတွင် ရေ လုံးဝမရှိဘဲ လ ကမ္ဘာပေါ်တွင် ရေအနည်းငယ်သာရှိ၏။ လကမ္ဘာ မြေမျက်နှာပြင်၏ ကုဗ (၁)မီတာ ပတ်လည်တွင် ၁၂ အောင်စ တစ်ပုလင်းစာမျှသာ ရေရှိသည်။ မည်သည့်နည်းနှင့်မျှ လူသားအပါအဝင် အခြားသက်ရှိများ နှင့်အပင်များရှင်သန်နှိုင်ခြင်းမရှိပေ။
အထက်ပါ ဇယားကို အသေးစိတ်လေ့လာပါက နေနှင့် နီးလွန်းသော ဂြိုဟ်များတွင် အစဉ်အမြဲ အပူလွန်နေပြီး၊ နေနှင့်ဝေးလေလေ အအေးလွန်ကဲလေလေ ဖြစ်သည်။ ထို ဇယားသည် ခေတ်သစ်သိပ္ပံတိုးတက်လာပြီးမှ လူသားတို့၏ ကြိုးပမ်းလေ့လာပြီးမှ အတိအကျသိရသော အတိုင်းအတာများဖြစ်သည်။

(ကုရ်အာန်ကပြောသော လူသားအတွက်ကမ္ဘာဂြိုဟ်)
(ကုရ်အာန်တွင် ကမ္ဘာဂြိုဟ်နှင့် စပ်လျင်းသော အယာသ်ပေါင်း(၄၆၁)ကြိမ်ပါဝင်သည်။ ထို အာယာသ်ပေါင်း (၄၆၁)ကြိမ်မှ (ကုရ်အာန်၂း၁၆၄) အာယာသ် တစ်ခုတည်းကို လေ့လာ ကြည့်ပါက —– (ကမ္ဘာဂြိုဟ်သည် အခြားဂြိုဟ်များနည်းတူ မြေသေမြေ ဟောင်းဘဝမှ စားပင်ပေါက်ပင်များနှင့်သက်ရှိများအတွက် မိုးရေများဖြင့် အထူးစီမံထားကြောင်း၊ နေ့နှင့်ညဉ့် ကိုလည်း စနစ်တကျ စီစဉ်ထားကြောင်း၊ လူအပါအဝင် အခြားသက်ရှိများကိုလည်း ကမ္ဘာ ဂြိုဟ်တွင် ပြန့်ပွား စေခဲ့ခြင်းနှင့် ပင်လယ်သမုဒ္ဒရာတို့တွင် ဧရာမသင်္ဘောကြီးများဖြင့် ကုန်စည် များကို တစ်နေရာမှတစ်နေရာသို့ ပို့ဆောင်ပေးခြင်းများ၊ လေထုနှင့်မိုးတိမ်များ သည် ထို အရှင်၏ လမ်းညွှန်ချက်အတိုင်း သွားလာလှုပ်ရှားလျက်ရှိနေသည်များမှာ စဉ်းစားဆင်ခြင် အမျှော်အမြင်ရှိသူများအတွက် အလ္လာဟ်၏ သက်သေ လက္ခဏာများပင် ဖြစ်သည်။)

ထိုကုရ်အာန်အာယာသ်တစ်ခုတည်းကို လေးလေးနက်နက် စဉ်းစားဆင်ခြင်ပါက လူသားတို့ အခြေချ နေထိုင်နှိုင်ရန်အတွက် ကမ္ဘာဂြိုဟ်ကို အထူးစီမံ ထားကြောင်းသိနှိုင်ပြီး၊ (ကမ္ဘာဂြိုဟ် မှအပ) အခြားဂြိုဟ်များသည် လူသားနှင့်သက်ရှိများ အခြေချနေထိုင်ရန် အတွက် မဟုတ် ကြောင်းကိုပါသိရှိနှိုင်သည်။
ကုရ်အာန်၏ အာယာသ်များတွင် ဆောင်ရန်ရှောင်ရန် အာယာသ်များသည် ကုရ်အာန်စတင်ကျ ရောက်စဉ်မှ ယနေ့တိုင်လည်းပြုပြင်ပြောင်လဲခြင်း မရှိဘဲ တည်ရှိနေကြောင်းနှင့် စကြဝဋ္ဌာ ဆိုင်ရာ အာယာသ်များသည် ခေတ်မီတိုးတက်လာပြီးနောက်မှ အသေအခြာ အတိအကျ သိရှိနှိုင်သော အာယာသ်များ လည်းရှိနေသည်။
ဥပမာ ကုရ်အာန်၂၇:၈၈ တွင် (အသင်သည် တောင်များကို အစိုင်အခဲအဖြစ်မြင်တွေ့ရ၏၊ သို့ရာတွင် ယင်းတောင်များမှာ မိုးတိမ်များလွင့်ပါးလျက် ရှိနေသည် နှင့်အတူ တောင်များသည်လည်း လွင့်ပါးလျှက်ရှိ နေကြ၏။ ဤသည်အရာခပ်သိတ်းတို့ကို ခိုင်ခန့်အောင်ပြုလုပ်ထားသော အလ္လာဟ်၏ လက်ရာပင်ဖြစ်၏။ ထိုအရှင်သည် အသင်တို့ပြုမူချက်အားလုံးကို ကောင်းစွာသိရှိ၏။)
ထိုအာယာသ်၏ အမှန်တရားကို အတိအကျမသိသေးခင်အလျင်က {{{တောင်များသည်မိုး တိမ်များနှင့်အတူလွင့်ပါးနေသည်}}} ဟူသော အာယာသ်ကို ကေယာမသ်နေ့တွင် ဖြစ်မည့် ပုံဆောင်အာယာသ်ဟု ကွင်းစကွင်းပတ်ဖြင့် (ကေယာမသ်နေ့တွင်)ဟု ဘာသာပြန်ဆိုရကြ၏။ ထိုအာယာသ်အရ ကမ္ဘာဂြိုဟ် သည် လေဟာနယ်ထဲတွင် မိုးတိမ်များလွင့်ပါးသကဲ့သို့ လွင့်နေ သည့်အတွက် ကမ္ဘာဂြိုဟ်နှင့်အတူ တောင်များသည်လည်း လွင့်ပါးနေသည့်အကြောင်း ဖြစ် သည်။
{{{{{ကမ္ဘာဂြိုဟ်သည်လုံးဝန်းနေပြီး ၂၃.၅ ဒီဂရီ တိမ်းစောင်းလျက် တစ်နာရီလျင်မိုင်(၁၀၅၀)နှုံး မိမိ၏ဝင်ရိုးတွင် လည်ပတ်နေပြီး၊ နေကိုပတ်ရာ၌ တစ်နာရီ လျင် မိုင်(၆၇၀၀၀) နှုံးဖြင့် ပြေးလွှားရွေ့လျားလျက်ရှိ နေသော ကြောင့်ပင်ဖြစ်၏။}}}}}
ထိုအချက်များကိုဆင်ခြင်နှိုင်ပါက ကုရ်အာန်၏ လမ်းညွှန်ချက်များသည် ခေတ်ရှေ့သို့ အမြဲပြေးနေကြောင်းသိရှိနှိုင်၏။ ထိုသို့ခေတ်ရှေ့သို့ အစဉ်ပြေးနေသည့် ကုရ်အာန်က ကျနော် တို့လက်ထဲတွင်ရှိနေပါလျက် ကျနော်တို့က ကုရ်အာန်ကို အထူးပြုလေ့လာသ မှုမပြုနှိုင်ပါက ကျနော်တို့ထက်ကံဆိုးသူများသည် ဤ လောကတွင် ရှိနှိုင်တော့မည်မဟုတ်ပေ။
Edward Sulaiman