ကျမ်းမြတ်ကုရ်အာန်ကိုဖွင့်ဆိုရာတွင်(၃)

အရဗ်မဟုတ်သူများ၏ဖွင့်ဆိုချက်

အွမ္မရ်ခင်ညွန့် တင်ပြသည်။

““အဇ်ဗဗေနုဇူလ်””ခေါ်ကျမ်းမြတ်ကုရ်အာန်၏ ဗျာဒိတ်များကျရောက်ရခြင်းနှင့်စပ်လျဉ်း သည့် အကြောင်းရင်းကိုဦစားပေးဖွင့်ဆိုချက်နှင့် ထိုဗျာဒိတ်ပါအမိန့်ပညတ်ချက်အားယှဉ် တွဲလေ့ လာ ကြည့်မည်ဆိုပါက ကုရ်အာန်၏ ဆိုလိုရင်းဗျာဒိတ်သည် စကြ၀ဠာရှိ လူသား တစ်ရပ်လုံးအတွက် ကေယာမသ်နေ့တိုင် ဘ၀လမ်းညွှန်ဥပဒေအဖြစ်တွေ့ရှိရပြီး။ ထိုဗျာ ဒိတ်ကျရောက်ရခြင်း ၏ အကြောင်းရင်းကို အခြေခံဖွင့်ဆိုထားချက်သည် ထိုခေတ်ထို အချိန် အတွက်သာဖြစ်သည်ကို တွေ့ရှိရမည် ဖြစ်သည်။ Read more…

အစ္စလာမ်နှင့် ဂိုဏ်းဂဏ၀ါဒ လမ်းစဉ်များ(၉)

ဂိုဏ်းဂဏ၀ါဒများ ဖြစ်ပေါ်လာရန် အစပျိုးသောခေတ် (ဈ)

ဂျရီရီ(မဇ်ဟဗ်)ဂိုဏ်း

ထိုဂိုဏ်းကို စတင်တည်ထောင်သူမှာ အေမာမ်အေ့ဗ်နု ဂျရီယာအေ့ဗနု ယဇီးဒ်သဗ္ဗရီ (အေဒီ ၈၃၉-၉၂၃)သည် သဗ္ဗရစ္စတန် နိုင်ငံသား ဖြစ်သည်။ သူသည်တရားသူကြီး အဖြစ်တစ်နေ ရာမှ တစ်နေရာ ရွေ့ပြောင်း သွား လာရင်း အေမာမ်အဘူ ဟနီဖာ၊ အေမာမ်မာလစ်က်၊အေ မာမ်ရှာဖီ တို့၏ ဓမ္မသတ်များကို လေ့လာဆည်းပူး ခဲ့သူဖြစ်သည်။ သူသည်အီဂျစ်မှပြန် လာပြီးပဌမ ဆယ်နှစ်တွင် ရှာဖီမဇ်ဟဗ် အတိုင်း လိုက်နာ ကျင့်သုံးခဲ့သည်။ နောက်ပိုင်းတွင် သူ၏ကိုယ်ပိုင်(မဇ် ဟဗ်)ဂိုဏ်းကို တည်ထောင်ခဲ့သည်။ အေမာမ်အေ့ဗနု ဂျရီယာ၏ထူး ချွန် ပြောင်မြောက်သော ကျမ်းမြတ်ကုရ်အာန်အကျယ်ဖွင့်ဆိုကျမ်း (ဂျာမိအုလ်ဘယာန် )ကြောင့်အထူးထင်ရှားခဲ့သည်။ ယင်းကျမ်းမှာ (သဖ်စီရ်သဗ္ဗရီ)အဖြစ် ကျော်ကြား သည်။ အလားတူ သူ၏ထင်ရှား ကျော် ကြားသော လက်ရာမှာ (တွရီခတ်သဗ္ဗရီ) မည်သောကမ္ဘာ့ သမိုင်းကျမ်း ဖြစ်သည်။ Read more…

ထာဝရညီညွတ်ရေးသို့

မွတ်စလင်မ်များကို အဖက်ဖက်က နည်းမျိုးစုံနဲ့ ပြောင်တစ်မျိုး လျှို့ဝှက်တစ်ဖုံ တိုက် ခိုက်နေချိန်မှာ မွတ်စလင်မ်ညီအကိုမောင်နှမ အချင်းချင်းအတွင်း စည်းလုံးမှုမရှိဘဲ တစ် ဦးနဲ့တစ်ဦး တိုက်ခိုက်နေ ရင်တော့ ( နွားကွဲရင်ကျားကိုက်တတ်တယ်) ဆိုတဲ့စကားပုံကဲ့သို့ (သို့မဟုတ်) (ဇာတ် တူသားစားလို့ ဟင်္သာကိုးသောင်းပျက်တယ်) ဆိုတဲ့စကားပုံလို ဖြစ်နေ ဦးမှာသေချာတယ်။ ၂၀၁၂ခု ရဲ့နှစ်ဦးမှစတင်ပြီး ကမ္ဘာကြီးပျက်သုဉ်းသွားမယ့်နေ့တိုင် မွတ် စလင်မ်ညီအကိုမောင်နှမများ စည်းလုံးညီညွတ်ပါစေကြောင်း www.quraninburmese.com Quranic Study Group မှ ဆုမွန်ကောင်း တောင်း လိုက်ပါတယ်။ Read more…

စည်းလုံညီညွတ်ရေးသို့(၈)

ဆွလာသ်၏ ဂုဏ်အင်လက္ခဏာရပ်များ

အစ္စလာမ်သာသနာတွင် အဓိကအရေးကြီးသော မွတ်စလင်မ်များအတွက် ပြဌာန်းချက်များ မှ ဆွလာသ်တည်ဆောက်မှု တစ်ခုတည်းကို ပြန်လည်စမ်းစစ်ကြည့်မည်ဆိုပါက ဆွလာသ် ဆိုင်ရာ ص ل و ဟူသောဝေါဟာရ (၉၉)ကြိမ်ပါဝင်သည်။ ဆွလာသ်နှင့်စပ်လျင်းပြီး ကျမ်းမြတ်ကုရ်အာန်တွင် အဓိကအချက်များကို ထိုကဲ့သို့ ကျမ်းမြတ်ကုရ်အာန်တွင် ဖေါ်ပြ ဌာန်းထားသည်ကို တွေ့ရ သည်။ Read more…

စည်းလုံးညီညွတ်ရေးသို့(၇)

အချင်းချင်းစည်းလုံးနှိုင်မည့် တစ်ခုတည်းသောနည်းလမ်း

မွတ်စလင်မ်များတွင် ဘာသာရေးဆိုင်ရာ အဓိကနှင့် အဓိကမကျသော ကိစ္စရပ်များကို ကျမ်းမြတ်ကုရ်အာန်၏ မှတ်ကျောက်ဖြင့် ခွဲခြားသိရှိနှိုင်သည့် ခေါင်းဆောင်များရှိ ရမည်ဖြစ် သည်။ သို့မှသာ ထိုခေါင်းဆောင်များက မွတ်စလင်မ်များအတွင်း မတူညီ ကြသော ဂိုဏ်း ဂဏများ၏ ကွဲပြားခြားနားချက်သည် ကျမ်းမြတ်ကုရ်အာန်၏ ဥပဒေ များနှင့် မည်မျှဆန့် ကျင်နေသည် သို့မဟုတ် ဆန့်ကျင်မှုမရှိဟူသော ကွဲပြားချက်များကိုခွဲခြားသိရှိနှိုင်မည်ဖြစ် သည်။ Read more…

« Older Entries


Quranic Study Group
Los Angeles, California, USA
© 2005 - 2012 QuranInBurmese.com All Rights Reserved
Click here to download Zawgyi Font
Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976
Quran 38:29
Quran 26:24
Quran 3:138
Quran 6:153