ကုရ်အာန်ကပြောသော(ဒိုင်နိုဆော)သမိုင်း
ဒိုင်နိုဆောဟူသောဝေါဟာရသည်၊ဂရိဘာသာစကားဖြစ်သည်။ “ဒိုင်နို” အလွန်ကြောက် မက်ဖွယ်ရာ ကောင်းသော“ဆိုရော့စ်”ဧရာမအိမ်မြေုာင်ကြီးဟုRichard Owen (1842) က ဖွင့်ဆိုခဲ့ သည်။ ဒိုင်နိုဆောများ၏ ကျောက်ဖြစ်ရုပ်ကြွင်းများကို ကမ္ဘာ့တိုက်ကြီးများ အတွင်းရို အာရှ၊ အာဖရိက၊ တောင်အမေရိကတိုက်နှင့် မြောက်အမေရိကတို့မှ ရှာဖွေရရှိ ခဲ့ကြသည်။ ထိုဒိုင်နိုဆော များ နေထိုင်ခဲ့သော ခေတ်ကာလသည် လူသားများကမ္ဘာတွင် စတင် နေထိုင်ခဲ့ခြင်းမရှိသေးသော နှစ်ပေါင်းသန်း၆၅မှ သန်း၂၃၀ကာလတို့တွင်ဖြစ်သည် ဟု သိပ္ပံဆိုင်ရာ သုသေသ နပြုချက် များအရသိရှိရသည်။ ဒိုင်နိုဆောခေတ်တွင်ရှိခဲ့ ကြသော ဒိုင်နိုဆောအမျိုးအစားများမှာ တစ်ထောင်ကျော်ရှိသည်။ငှက်များကဲ့သို့ပျံသန်း သွားလာကြသော အမျိုးအစားများလည်းပါရှိသည်။ ယနေ့ရှာဖွေတွေ့ရဗိသော ကျောက်ဖြစ် ရုပ်ကြွင်းများ အရအကြီး ဆုံးသော ဒိုင်နိုဆောသည် အမြင့်ပေ၄၀ အလျားပေ ၁၀၀ကျော် ရှိပြီး အလေးချိန်တန်၈၀ ရှိ မည်ဟုခန့်မှန်း ခဲ့ကြသည်။
ဤသည်ကမ္ဘာကြီးတွင်လူသားများစတင်ဖန်ဆင်း ခြင်းမတိုင်မီကကမ္ဘာကြီးတွင် နေထိုင်ခဲ့ ကြသော ဒိုင်နိုဆောများအကြောင်းဖြစ်သည်။ ကုရ်အာန်သည်အရာခပ်သိမ်း တို့၏ရှင်း လင်းချက် ကျမ်းဖြစ်သည်။ အရာရာတိုင်းကို လည်းကုရ်အာန်၏ မှတ်ကျောက်ဖြင့်ချင့်ချိန် တိုင်းတာရန်အတွက်လက်ဦးမဆွကပင် ကုရ်အာန်ကဆိုထားပြီးဖြစ်သည်း။ ယနေ့ခေတ် သစ်သိပ္ပံပညာရှင်များ ၏စူးစမ်းလေ့လာမှုများအရ၊ ၎င်းတို့၏တွေ့ရှိချက် ကျောက်ဖြစ်ရုပ် ကြွင်းများသည် လူသားများမတိုင်ခင်အလျင်နှစ်ပေါင်း ၆၅သန်းမှသန်း၂၃၀အလျင်က ဒိုင်နိုဆောသတ္တဝါ များနေထိုင် ခဲ့ကြောင်းကိုယနေ့ခေတ်လူသားများက မျက်ဝါး ထင် ထင်၊တွေ့မြင်ခဲ့ကြရပြီးဖြစ်သည်။ ထိုဖော်ပြပါဒိုင်နိုဆောများနှင့်စပ်လျှင်းပြီးကုရ်အာန် တွင်ပါဝင်နေကြောင်းကို အောက်ဖော်ပြပါ ကုရ် အာန်၊၂း၃၀၊၃၁၊၃၂တို့ကိုလေ့လာခြင်းဖြင့် သိရှိ နိုင်ပေသည်။
၂း၃၀ (ဖန်ဆင်းရှင်က ကမ္ဘာမြေတွင်လူသားမျိုးနွယ်ကို စတင်ဖန်ဆင်းမည့်အကြောင်းကောင်း ကင်တ မန်၊များကိုပြောကြားခဲ့၏။) ထိုအခါကောင်းကင်တမန်များကတစ်ညီတစ် ညွတ် တည်းဆိုကြ၏။ (အိုအ ရှင်ထိုသူတို့အားအသင် ဖန်ဆင်းမည်လော၊၎င်းတို့သည်တစ်ဦးကိုတစ်ဦးဘေးအန္တရာယ် များ သွေးထွက် သံယိုမှုများပြုကြမည်ဟုလျှောက်ထားခဲ့ကြသည်။) (ထို အခါဖန်ဆင်းရှင်ကအသင်တို့မသိသောအရာများ ကိုငါအရှင်ကအသိဆုံး ဖြစ်သည် ဟုမိန့်ကြား ခဲ့သည်။)
၂း၃၁ တွင် ( လူသားမျိုးနွယ်ဗီဇကိုဖန်ဆင်းပြီးသောအခါထိုလူသားအား အမည်နာမများ ကို ကောင်းကင် တမန်များရှေ့မှောက်တွင်သင်ကြားပေးခဲ့၏။) ထိုနောက်အရှင်က ကောင်း ကင်တမန်များကိုအ သင်တို့ယခုငါအရှင်လူသားမျိုးနွယ်၏ဗီဇကို သင်ကြားပေးသောအမည်များကိုရွတ်ပြကြဟုမိန့်ကြားခဲ့ သည်။
ထိုအခါ ၂း၃၂တွင် ကောင်းကင်တမန်မန်များက၊ (အသင်သာလျှင်ချို့တဲ့မှုအပေါင်းမှစင်ကြယ်ဆုံးသော အရှင်ဖြစ်၏။ကျွန်တော်မျိုးတို့သည် အသင် သင်ကြားပေးသောအရာများမှ အပ တတ်သိနားလည်သူ များမဟုတ်ပါ။အသင်အရှင်သာ လျင် ဥာဏ်တော် အနန္တနှင့်ပြည့်စုံသောအကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်၏ ဟုလျှောက် ထားကြ၏။)
အထက်ပါအာယာသ်(၃)ခုကိုဆက်စပ်ကြည့်ခြင်းဖြင့်ကောင်းကင်တမန်များသည်ဖန် ဆင်းရှင်က ချီးမြှင့် တားသောအသိသာလျငိရှိသူများဖြစ်ကြသည်။ ၎င်းတို့သည်အရှင့်၏အမိန့်များ ကိုသာ တစ်သွေမတိမ်း နာခံလျှက်ရှိသူများဖြစ်ကြောင်း ကုရ်အာန်တွင်၊မြောက်များစွာဖော်ပြထားသည်။
သို့ဖြစ်လျှင်ကမ္ဘာမြေပေါ်တွင် လူသတ္တဝါများကို ဖန်ဆင်းမည်ဟုအရှင်က ဆိုရုံဖြင့်၎င်း တို့ကနောင်အနာဂတ်တွင် လူသားတို့၏ဖြစ်ပျက်မှုအလုံးစုံကို ကြိုတင်သိထား၍ ယခုကဲ့ သို့ တစ်ဦးကို တစ်ဦး ဘေးအန္တရာယ်များ၊သွေးထွက်သံယိုမှုများဖြစ်မည်ဟုအရှင်အားလျှောက် ထားခြင်းမဖြစ်နိုင်ဟု ယူဆရပေသည်။
ဖြစ်နိုင်စရာရှိသောအကြောင်း တစ်ရပ်မှာလူသားများကို စတင်ဖန်ဆင်းမှုမပြုမည်နှစ် သန်းပေါင်း၂၃၀နှင့် ၆၅သန်းတို့စပ်ကြားနေထိုင်ခဲ့ကြသောဒိုင်နိုဆောခေတ်တွင်အမျိုးမတူ သူဒိုင်နိုဆော များတွင်သွေး ထွက်သံယိုမှုအနိဌာရုံများကိုမြင်တွေ့ခဲ့ကြရသော ကြောင့် လူသားများသည်လည်း ထိုကဲ့သို့ဖြစ်နိုင်မည် ဟုထင်မှတ်၍လျှောက်ထားခြင်း ဖြစ်နိုင်ပေ သည်။
အဘယ်ကြောင့်ဆိုသော် ကမ္ဘာကြီးတွင်လူသားများ မတိုင်ခင်အလျှင်က ခြောက်သွေ့ ၍သေနေသော ကမ္ဘာကြီးအား ရှင်သန်လန်းဆန်းရန်အတွက် မိုးများရွာသွန်းပေးခဲ့ခြင်း၊ အပင်များ၊ တိ ရစ္ဆာန်များကို ရှင်သန်စခဲ့ကြောင်း အကြိမ်ကြိမ် ကုရ်အာန်တွင်ပြဌာန်း ထားပြီးဖြစ်သည်။ ထိုကဲ့သို့သေနေသော ကမ္ဘာအားရှင်သန်လန်းဆန်းရန်အတွက်ဖန် ဆင်းခြင်းမှာ လူသားတို့ ၏ ကွန်းခိုရာစခန်းအဖြစ်ရွေးချယ်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟူ ၍ အကြိမ်ကြိမ် ဆိုထားပြီးဖြစ် သည်။
ဤဆောင်းပါးကိုပေးပို့သူမှာ SHERMAN















1 Comment
Karena says:
this post should anyone print out and put on every restaurant in paris
10 Jul 11 @ 2pm
Write comment