ကျမ်းမြတ်ကုရ်အာန်၏ခေတ်ရှေ့ပြေးဟောကိန်းများ။(၂)
အာရဗီ ဘာသာစကား၏ဝိသေသလက္ခဏာများ။
အဘိဓါန်ဖွင့်ဆိုချက် အရ ‘အာရဗီ’ ဟူသော ဝေါဟာရသည် လိုရင်း တိုရှင်း တိကျ ပြတ်သားသည်ဟု အနက် အဓိပ္ပါယ် ရသည်။ အာရဗီ ဘာသာစကားသည် ကုရ်အာန် ကျမ်းမြတ်မကျ ရောက်မီကပင် အခြားသော ခေတ်ပြိုင် ဘာသာစာ စကား ၊ရောမ၊ ခေါမ၊ ပဲဟ်လဝီ (ပါရစီ) သင်္သကရိုက် ၊ တရုတ်၊ အာမေးနီးယား၊ စသည့်ဘာသာစကားများထက် ၊ ဘာသာစကား လောကတွင် ကျော်ကြားထင်ရှားခဲ့ပြီး ရွှေထီးဆောင်း၍ ၊အထွတ်အထိပ်သို့ရောက်ရှိ ခဲ့ပြီးဖြစ်သည်။
(က) စာလုံးဝေါဟာရ ကြွယ်ဝမှူ
ပျားရည်နှင့် ပတ်သက်၍ ဝေါဟာရပေါင်း(၈၀) ရှိ၏ ။ ကုလားအုပ်နှင့် ပက်သက်၍ ဝေါဟာရ ပေါင်း (၅၇၄၄)ရှိ၏။ မြွေနှင့်ပက်သက်၍ ဝေါဟာရပေါင်း(၂၀၀)ရှိ၏။ ခြင်္သေ့နှင့် ပက်သက်၍ ဝေါဟာရပေါင်း (၅၀၀)ရှိ၏။ ဓါးနှင့်ပက်သက်၍ ဝေါဟာရပေါင်း(၁၀၀၀) ရှိသည်။
(ခ) ရှင်းလင်းဖော်ပြချက်ပါနေသည့်စာလုံးအမျိုးအစား
ပျားရည်နှင့် ပက်သက်၍ ဝေါဟာရ တစ်ခုစီတွင် ၎င်းဖြစ်ပေါ်လာမည့် အရင်း အမြစ်ပါဝင်ပည့် ဓါတ်သဘာဝ ၊ အနံ့အရသာ ၊ အရောင်အဆင်းနှင့် အကြိုးမည်သို့ရှိ သည်တို့ကိုဖော်ညွှန်း နေသည်။ အလားတူပင် ကုလားအုပ်နှင့် ပတ်သက်၍ ဝေါ ဟာရပေါင်း (၅၇၄၄) မှတစ်လုံးကို ဖော်ပြသည် ဆိုပါက၊ ၎င်း သည်မည်ကဲ့သို့မျိုး ရိုး၊ ဗီဇ ၊မျိုးနွယ်၊ အသက်အရွယ်၊ ကိုယ်လုံး ကိုယ်ထည်။ အရပ် အမောင်းအ ရောင်အဆင်း၊ အသွင်အပြင်၊ လက္ခဏာ ရှိသည့်၊ အရည် အသွေးပေါင်း များစွာ ကိုဖော်ညွှန်းလျှက်ရှိသည်။
အထက်ဖေါ်ပြပါ အကြောင်းအရာ များကြောင့် အာရဗီ ဘာသာစကားသည်အခြား ဘာသာ စကားများနှင့် နှိုင်းယှဉ်ရာတွင် တမူထူးခြားနေ၍ ကိုယ်ပိုင် သီးသန့် ထူးခြားသော ဖွဲ့စည်းတည် ဆောက်မှု၊ ခိုင်ခန့်ကျစ်လစ်တိပသည့်၊အသုံး အနှုံး၊ အနက်အဓိပ္ပါယ်နက်ရှိုင်းမှုတို့တွင် အခြား အလားတူဘာသာစကားမရှိပေ။
(ဂ)ရိုးရှင်းလည်းရိုရှင်း ၊ နက်ရှိုင်းလည်း နက်ရှိုင်း။
အာရဗီ ဘာသာစကားသည် တစ်ဖက်တွင် ရိုးရှင်းလွယ်ကူသလောက် အခြားတစ်ဖက်တွင် နက်ရှိုင်း ကျယ်ပြောလှ၏။ ဘာသာစာစကား သုတေသီများသည် ၊ကုရ် အာန်ကို အခြားဘာ သာစကားတစ်ရပ်နှင့် ပြန်ဆိုခြင်းကို ပြုလုပ်ခဲ့ရာမှ တွေ့ရှိရ သော အထူးခြား ဆုံးအချက် တစ် ချက်မှာ၊
ကုရ်အာန်ရှိဝေါဟာရ တို့သည် ၊အနက် အဓိပ္ပါယ် သဘော၊ သဘာဝအားဖြင့်၊ အလွန်ကြွယ်ဝ လှ၏။ ၎င်း၏ အနက်အဓိပ္ပါယ် နှင့်တန်းတူ ဖော်ပြနိုင်သော အခြား ဝေါဟာရ တစ်ခုကို၊ မည်သည့်ဘာသာ စကားတွင်မျှ ၊ မတွေ့ရပေ။ ထို့ကြောင့် ဝေါဟာရဖလှယ်၍ ၊ဘာ သာပြန်ဆိုခြင်းပြု ရန် မဖြစ် နိုင်ချေ။ ကုရ်အာန်ကလူတို့အားလမ်းညွှန်ပြသလိုသည့် နည်းလမ်း သဘောတရားအယူအဆ တို့ကို တင်ပြရာတွင်လူတို၏ နေ့စဉ် လက်တစ်ကမ်းမှ ဥပမာ ဥပမေယျ ခိုင်းနှိုင်း မှူများ တင်စားပြ သမှူများ ဖြင့်ဖော်ပြရှင်းလင်း၏။
ဥပမာ အားဖြင့် မွတ်စလင်မ် များသိထားပြီးဖြစ်သော ၊အပြစ်ဖြစ်ခြင်းကို ‘အစ်မွန်’ဟု ကုရ်အာန်တွင် သုံးစွဲ ထားသည်။ ထိုဝေါဟာရ ဆင်းသက်လာသော အရင်းအမြစ်မှာ အားအင်ချိနဲ့သော၊ မသန်မစွမ်း သော၊အများနည်းတူ ပြေးလွှားရာ၌ နောက်ဆုံးတွင် ကျန်ရစ်ခဲ့သော ကုလားအုပ်မကို ‘အလ်အစ်မဟ်’ ဟုခေါ်သည်။ ကိုယ်ရည် ကိုယ်သွေး အင်အားစွမ်းပကား အစွမ်းအစမဲ့ပြီး၊ အများ နှင့်ယှဉ်၍ လူ့ဘဝ တိုက်ပွဲတွင် ၊အတူမပါဝင်နိုင်သော သူကိုအထက်မှ ကုလားအုပ်မဖြင့် နှိုင်းယှဉ်၍ ကုရ်အာန်တွင် ဖော်ပြထားခြင်းဖြစ်သည်။
အကြောင်းအရာ တစ်ရပ်၏ တိကျလေးနက်မှူ ၊ အတိုင်းအတာအဆင့်ဆင့် ကိုဖော်ပြရာတွင် အာရဗီ ဘာသာစကား ဖြင့် ကုရ်အာန်က ဖော်ညွှန်းသီကုံးမှူကို လူသားတို့၏ အခြားအခြားသော မည်သည့် ဘာသာစကားနှင့်မျှ ရေးသားပြန်ဆို ဖော်ညွှန်းရန်ဖြစ်နိုင်ချေလုံးဝ မရှိကြောင်း အောက်ပါ ကုရ်အာန် ၁၅း၉ ကို သာဓက(၁) အဖြစ်တင်ပြမည်ဖြစ်သည်။

(‘အဇ်ဇစ်ကရု’ သတိပေးသွန်သင် ဆုံးမချက် (ကုရ်အာန်) ကိုငါအရှင် ကိုယ်တိုင် အလီလီထုတ်ပြန် ထားသည့်နည်းတူ၊ ငါအရှင်ကိုယ်တိုင်ပင်၊ယင်းကျမ်းကို ထိမ်း သိမ်းကာကွယ် စောင့်ရှောက်ထား လျှက်ရှိနေ၏။) ယင်း အာယသ်တွင်၊ စကားလုံးနံပါတ်စဉ်များကို တပ်ပေးထား ၏။ စုစုပေါင်း
စကားလုံး(၇) လုံးရှိ၏။အများနားလည်ရန်တင်ပြရလျှင်၊ စာလုံး(၇) လုံးဖြင့်ဖွဲ့စည်း ထားသော ဝါကျတစ်ကြောင်းတွင် ပင် အာရဗီ ဘာသာဖြင့်အလ္လာဟ် အရှင်က မိမိကိုယ်တိုင်ကို၊ ရည်ညွှန်း၍ ၊ငါအရှင်ဟု သုံးနှူန်းထားသော အညွှန်းပါ စုစုပေါင်း(၄) လုံးပါဝင်ပြီး ကုရ်အာန် ကို ထုတ်ပြန်ပို့ချခြင်း ၊ ထိမ်းသိမ်းကာ ကွယ်စောင့်ရှောက်ခြင်းသည် လုံးဝ ဥဿုံ ငါအရှင် ကိုယ်တိုင် ကိုယ်ကျသာ တစ်လုံး တစ်ဝ တည်းပြုလုပ်ကြောင်း လေးလေးနက်နက် ထိထိမိမိ ငါအရှင် ငါအရှင်ဟု စုစုပေါင်း (၄)လုံး ဖြင့် ၊စီကုံးနှုံးဖွဲ.တင်ပြဖော်ညွှန်းထားသည်။ ထိုကဲ့သို့လူသားတို့၏ အခြားမည်သည့် ဘာသာ စကားကမျှ လိုက်မီ နိုင်မည် မဟုတ်ပေ။အာရဗီ ဘာသာ ကို သဒ္ဒါနည်းကျ တတ်ကျွမ်းသူ၊ မွတ်စလင်မ် တစ်ဦးအဖို့တုနှိုင်းမဲ့ အံ့သြ ကုန်နိုင်ဘွယ် ၊ကုရ်အာန်၏ ကြီးမြတ်မှူကိုတန်ဖိုးဖြတ် နိုင်ခြင်းငှာ၊ လုံးဝမဖြစ်နိုင်ပေ။
အလ္လာအရှင်မြတ်၏ ကျေးဇူးတော်ကို ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်း သီကုံး နှုန်း ဖွဲ့မှူပြောင်မြောက်ပုံတို့မှာ အံသြမကုန်နိုင်ဘွယ်သာဖြစ်သဖြင့် အလ်ဟမ်ဒူလေ့လ္လာဟ် ဟု နှလုံး သည်းပွတ် မှတစ်ဆင့်နှုပ်မှဖွင့် ဟပေါ်ထွက်လာခဲ့ရလေသည်။
သာဓက (၂) ကုရ်အာန် ၅၀း ၄၃ တွင်

( အမှန်တကယ်ငါအရှင်သာလျှင် ရှင်ခြင်း၊သေခြင်းအကြောင်းတရားများ ကိုပြဌာန်းထား လေရာ၊ ငါအရှင်ထံသို့သာ၊သင်တို့အားလုံးလည်းလာကြရမည်။ )
ထိုအာယာသ်တွင်စုစုပေါင်းစကားလုံးခြောက်လုံးပါဝင်ပြီး၊ ယင်းခြောက်လုံး အနက် ငါးလုံး တွင် ငါအရှင်ဟု ငါးနေရာတွင်ပါဝင်သီကုံးနှုံးဖွဲ့ထားပေသည်။ အလ္လာဟ်အရှင်သည် ကုရ် အာန် ကို ထုတ်ပြန်၍၊ ရွေးချယ်ထားသည့် အာရဗီဘာသာတစ်ခုတည်းဖြင့် လူသားအား မိမိ၏အစီအမံများကို ပိုင်ပိုင် နိုင်နိုင် ထဲထဲဝင်ဝင်မိန့်ဆိုထား၏။
ဆက်လက်တင်ပြပါဦးမည်။
ဦးစိုးလွင်(ငြိမ်းချမ်းလျမ်းစစ်)

















3 Comments
Roger Kyaw Swar Phone Maung says:
Hello,
I have one comment (so called opinion) on this article. Let’s start from the particular case.
“အကြောင်းအရာ တစ်ရပ်၏ တိကျလေးနက်မှူ ၊ အတိုင်းအတာအဆင့်ဆင့် ကိုဖော်ပြရာတွင် အာရဗီ ဘာသာစကား ဖြင့် ကုရ်အာန်က ဖော်ညွှန်းသီကုံးမှူကို လူသားတို့၏ အခြားအခြားသော မည်သည့် ဘာသာစကားနှင့်မျှ ရေးသားပြန်ဆို ဖော်ညွှန်းရန်ဖြစ်နိုင်ချေလုံးဝ မရှိကြောင်း အောက်ပါ ကုရ်အာန် ၁၅း၉ ကို သာဓက(၁) အဖြစ်တင်ပြမည်ဖြစ်သည်။”
My understanding on the Quranic verse 15:9 is ‘Allah himself protects the HOLY QURAN from corruption so there will be no change’, that’s all. Does it still really mean if the translation of HOLY QURAN from the original Arabic text to any other launguages will always have inaccuracy ?
If yes, I think it is not possible for all the muslims on the world have to understand Arabic language upto native speakers level so that all the muslims are able to study and apply the divine teaching of GOD described in HOLY QURAN.
In General, what I recommend is the Highest Level Islamic Scholars from every parts of the world are to approve the most accurate translation of Holy Quran for every individual native languages. That approved translated version are to be maintained as the standard translation of that language and distributed among the public of that country. No more changes shall be allowed. As of now, I never notice which center / which organization is working on this basis. For example, International Bible Society is responsible for every translation of HOLY BIBLE in Christian Community. For Muslims, who is doing currently ? I have no idea.
Implementing this, I believe the no. of persons who can understand and apply the divine guideline will abruptly increase in the Muslim community instead of everybody are to learn the Arabic language upto native speakers level.
By online, I found one website which is giving us the translation of HOLY QURAN in multiple languages.
See the following link
http://al-quran.info/#&&sura=19&trans=en-shakir&show=both&format=rows&ver=1.00
Probably, the Senior Islamic Scholars are to approve the translation for their own native language which are available from that website.
With regards,
Roger Kyaw Swar Phone Maung
Electrical Engineer
02 Jan 10 @ 1pm
U Soe Lwin says:
ကျမ်းမြတ်ကုရ်အာန်ကိုလေ့လာရာ၌ အဓိကအချက်နှစ်ချက်ကို သိရန်အရေးကြီးသည်။(၁) မြင် ရုံဖြင့်ချက်ချင်းလက်ငင်းကွက်ကွက်ကွင်းကွင်းသိမြင်နိုင်သော ပင်မအုပ်မြစ်နိယာမ “မုဟာကေ မသ်” နှင့်ထိုနိယာမကို ဆင့်ကဲဆင့်ကဲ သိမြင်လာစေသော တွေးလေနက်လေ ခေတ်ရှေ့သို့ ပြေးလေ၊ဦးဆောင်နေသော“မုသရှာဗေဟသ်”တို့ဖြစ်သည်။(ကုရ်အာန်၃း၇) “မုသရှာဗေဟသ်” ခေတ်ရှေ့ပြေးလမ်းညွှန်ချက်ဥပဒေ ဆိုသည်မှာ မူလပြဌာန်းထားသည့် ပင်မအုတ်မြစ်နိယာမ များကို တွေးလေမြင်လေဖြစ်သည့်အတွက် တွေးတောစဉ်းစား ဗဟုသုတကျယ်လာလေလေ ထိုနိယာမများကို ပိုမိုသိရှိလာပေသည်။ ထိုဖော်ပြပါ မုသရှာဗေဟသ် ခေတ်ရှေ့ပြေးနိယာမ များဟူသည် လူတို့၏ပြောင်းလဲလာသော အခြေအနေနှင့် ပါတ်ဝန်းကျင်အရ သိရှိနိုင်သော နိ ယာမများလည်းပါဝင်သည်။ ဥပမာအားဖြင့်(ကုရ်အာန်၅၅း၃၇) ဂြိုလ်ကမ္ဘာတစ်ခု၏ နိဂုံးကိုပြော ဆိုရာ၌ (ကောင်းကင်ယံသည် အက်ကွဲကြေမွလျှက် နှင်းဆီနီကဲ့သို့ နီသွားသောအခါ) ဟူ၍ ဖော်ပြထားသည်။ ထိုဖော်ပြချက်တွင် အာရဗီဝေါဟာရ “ဝရ်ဒဟ်” ဟူသည့် “နှင်းဆီနီ” ကိုဆို ခြင်းဖြစ်သည်။ ခေတ်အဆက်ဆက် ဘာသာပေါင်းစုံဖြင့် ကုရ်အာန်ကိုပြန်ဆိုရာ၌ ဘာသာပြန် ဆိုသူများအားလုံးက ပျက်သုံးတော့မည့်ဂြိုလ်ကမ္ဘာသည် အနီရောင်သရေပြားကြီးဖြစ်သွားမည် ဟုပြန်ဆိုကြသည်။ NASA Hubble Radio Telescope မှ ပို့ပေးရရှိသော ဓါတ်ပုံအရ ပျက် သုံးသွားသည့်ဂြိုလ်သည် အနီရောင်နှင်းဆီပွင့်ကို ဆီလူးထားသည့်အလားတွေ့ရှိခဲ့ရသည့်အ တွက် Red Rose Nabula ဟု အမည်ပေးခဲ့သည်။
ထိုNASA မှတဆင့်ရရှိခဲ့သောဓါတ်ပုံကိုမြင်တွေ့ကြရာ၌ ကုရ်အာန်တွင်ထိုအကြောင်းကို နှစ် ပေါင်း၁၅၀၀ ကတည်းက ဆိုထားသည်ဟု မွတ်စလင်မ်များကကြွေးကျော်ခဲ့ကြသည်။ ထို့အ တွက်ကြောင့်ဖြစ်မည်ထင်သည် ယခုထိုအနီရောင်နှင်းဆီ နှင့်ခွဲခြားမရအောင်တူသော Red Rose Nebula အမည်မှ Cat Eye Nebula ဟုအမည်ပြောင်းခဲ့သည်။
ကုရ်အာန်ကိုဘာသာပြန်ဆိုရာ၌ ဘာသာပြန်ဆိုသူ၏ အာဘော်သာဖြစ်မည်။ ကုရ်အာန်ကတိ ကျသေချာပြောဆိုလိုသောအရာ ဖြစ်နိုင်ချင်မှဖြစ်နိုင်မည်။ထို့ကြောင့်ကုရ်အာန်ကို မူရင်းအာရဗီ ဘာသာစကားကသာလျှင် ပြီးပြည့်စုံသော အဖြေကို အတိအကျပေးနိုင်သည်ဟု ကျွန်တော်၏ ဆောင်းပါး “ကျမ်းမြတ်ကုရ်အာန်၏ ခေတ်ရှေ့ပြေးဟောကိန်းများ”(၁)တွင် ဖော်ပြခဲ့ခြင်းဖြစ် သည်။
အခြားဥပမာတစ်ခုမှာ ကုရ်အာန်၈၄း၁၉ တွင် (လူသားသည် တစ်ဂြိုလ်မှ အခြားဂြိုလ်များသို့ အစီးအနှင်းဖြင့် ဧကန်မုချ သွားရောက်ကြမည့်အကြောင်း ပါဝင်ပြီးဖြစ်သည်။ထိုအာယသ်ကျ ရောက်သောအချိန်က လူသားတို့ မြင်း၊ကုလားအုပ်များကို အစီးအနှင်းအဖြစ် အသုံးပြုကြ သော အချိန်ဖြစ်သည်။ ကုရ်အာန်ကျရောက်သော ခေတ်နှင့်နှစ်ပေါင်း(၇၀၀) နောက်ပိုင်း ကုရ် အာန်ကိုဘာသာပြန်ဆိုကြရာ၌ ထိုအာယာသ်ပါ တစ်ဂြိုလ်မှတစ်ဂြိုလ်ဟူသည် သေဆုံးသွားသူ ကို မြေမြှုပ်ရန် လူလေးဦး ထမ်း၍ သင်္ချိုင်းထဲသို့ ပို့ပေးခြင်းဖြစ်သည်ဟု ပြန်ဆိုခဲ့ကြသည်။ထိုအ ချိန်ကာလသည် ၎င်းတို့နှင့်ဆုံတွေ့ခဲ့ခြင်းမရှိသေးသော လေယာဉ်ပျံများ၊အာကာသလွန်း ပျံယာဉ်များအကြောင်းကို မသိခဲ့ကြပေ။ ထို့အတွက်ကြောင့် ထိုအာယာသ်ကို ပြန်ဆိုရာ၌ ၎င်း တို့၏ဥာဏ်မှီသ၍ ပြန်ဆိုခြင်းဖြစ်သည်။ ယနေ့ထိုအာယာသ်ပါလူသားတို့တစ်ဂြိုလ်မှတစ်ဂြိုလ် သို့ လွန်းပျံယာဉ်များနှင့် သွားရောက်နေကြသည်ကို ကျွန်တော်တို့ မျက်မြင်ဓိဌတွေ့ရှိခဲ့ရပြီးဖြစ် သည်။
မွတ်စလင်မ်များသည် ဆွလာသ်တည်ဆောက်ရာ၌ မက္ကာကျောင်းတော် ဘက်သို့ဦးတည်၍ တည်ဆောက်ကြရသည်။ မွတ်စလင်မ်များ ဆွလာသ်တည်ဆောက်ရာ၌ အခြားဂြိုလ်ကမ္ဘာများ သို့ရောက်ရှိနေပါက ကမ္ဘာမြေရှိ မက္ကာရှိ“ကာဗဟ်” ကျောင်းတော်ဖက်သို့ မျက်နှာမူရန် မဖြစ် နိုင်တော့ချေ။ ထိုအချက်ကို အကြွင်းမဲ့သိတော်မူသောအရှင်က အခြားဂြိုလ်ကမ္ဘာများသို့ ရောက်ရှိနေချိန်တွင် ဆွလာသ်တည်ဆောက်ရာ၌ မည်ကဲ့သို့မျက်နှာမူရမည်ဟူသော ဥပဒေကို ပါ အတိအကျ ကုရ်အာန်တွင်ပြဌာန်းထားသည်ကိုတွေ့ရသည်။
ထိုကဲ့သို့ခေတ်တိုင်း စနစ်တိုင်း နေရာတိုင်း လူတိုင်းအတွက် ပြီးပြည့်စုံသော ကျမ်းမြတ်ကုရ် အာန်ကို လက်ဝယ်ရရှိထားသူမွတ်စလင်မ်များအတွက် လူတို့၏လက်ရာများဖြင့် မူရင်းပျောက် နေသော ရှေးကျမ်းများကို လေ့လာဆည်းပူးရန်လိုပါသလော၊ဟူ၍ပြန်လည်မေးခွန်းထုတ်ရမ လိုဖြစ်နေပေသည်။
ကုရ်အာန်က ပေးသော နည်းလမ်းများအတိုင်းလိုက်ရမည်ဖြစ်သည်။
(၁) ကုရ်အာန်သည် ထာဝရဘုရားသခင်၏ မူရင်းဗျာဒိတ်များဖြစ်သည် ဟုယုံကြည်ရမည်။
(၂) ခေတ်ရှေ့သို့အမြဲဦးဆောင်လျှက်ရှိသောလမ်းညွှန်ချက်များဖြစ်သည်။
(၃) ကုရ်အာန်ကိုဖွင့်ဆိုရာ၌ ကုရ်အာန်ဖြင့်သာဖွင့်ဆိုရမည်ဖြစ်သည်။
ထိုကျမ်း၏ကဏ္ဍ(၂) အာယာသ်(၂)တွင် ဤသည်ဗျာဒိတ်ကျမ်းဂန်ဖြစ်သည်။ ထိုကျမ်းပါ အကြောင်းအရာများနှင့် စပ်လျှင်း၍ လုံးဝဥဿုံ ဒွိဟသံသယမဖြစ်လေနှင့်၊ထိုကျမ်းပါလမ်းညွှန် မှုများသည် မွတ္တကီ(ခေါ်) အလ္လာဟ့်သိစိတ်ဖြင့်ရှင်သန်လျှက်ရှိသူတို့အဖို့ဖြစ်သည်ဟု အစချီ ထားသည်။
ဖော်ပြပါဒွိဟကင်းသော ဗျာဒိတ်ကျမ်းဂန်ကို အခြားအခြားသော ဘာသာများသို့ ဘာသာပြန် ဆိုကြရာ၌ များစွာသောဘာသာပြန်ဆိုသူများက Bible ပါ အဆိုအမိန့်လောင်းရိပ်အောက်မှ ပြန်ဆိုခဲ့ကြသည်။ ထိုပြန်ဆိုချက်များအနက် တစ်ခုကိုတင်ပြရမည်ဆိုပါက Bible တွင်ဘုရားသ ခင်က စင်္ကြာဝဠာကြီးကို(၆)ရက်ဖြင့်ဖန်ဆင်းသည်။ (၇)ရက်နေ့တွင် ဘုရားသခင်က အနားယူ သည်ဟုဆိုထားသည်။ကုရ်အာန်ကိုပြန်ဆိုသူများ ကလည်း စင်္ကြာဝဠာကြီးကို(၆)ရက်ဖြင့်ဖန် ဆင်းသည်ဟုပြန်ဆိုကြသည်။Bible တွင်ပါဝင်သောစင်္ကြာဝဠာကိုဖန်ဆင်းရာ၌(၆)ရက်ဟူသော အယူဝါဒများကိုမှားယွင်းနေကြောင်းကုရ်အာန်ပါမူရင်းဗျာဒိတ်ကအတိအကျထောက်ပြထား
ခြင်းဖြစ်သည်။
စင်္ကြာဝဠာကိုဖန်ဆင်းရာ၌(၆)အိုက်ယာမ်ဖြင့်ဖန်ဆင်းသည်ဟုဆိုသည်။“အိုက်ယမ်”သည်ကာ
လပိုင်းခြားတစ်ခုကိုဆိုခြင်း ဖြစ်သည်။ကုရ်အာန်တွင်ကာလ ပိုင်းခြားတစ် ခုအား နှစ်ငါးသောင်းဟုလည်းဖော်ပြထားသည်။ အာရဗီစာပေအရ ရေတွက်၍မရနိုင်လောက် သော ကိန်းဂဏန်းများကိုလည်းသောင်းဂဏန်းချီ၍သုံးလေ့ရှိသည်။အလားတူ(၇)ဟူသော ကိန်းဂဏန်းကိုလည်းသုံးစွဲသည်။ ဥပမာ မိုးကောင်းကင်(၇) ထပ်ဟု ကုရ်အာန်ကဆိုခြင်းသည် မိုး(၇)ခုကိုဆိုခြင်းမဟုတ်ပေ။ မိုးကောင်းကင်အနန္တကိုဆို ခြင်းဖြစ်သည်။ ထိုကဲ့သို့ပင် အထက်မှစင်္ကြာဝဠာ ဖန်ဆင်းခြင်းတွင် ကာလ(၆) ခုဖြင့်ဖန်ဆင်း သည်ကို ကုရ်အာန်၏အခြားအာယာသ်များနှင့် ပြန်လည်ဖွင့်ဆိုနိုင်မှသာ ကုရ်အာန်က ပြောချင် သော ကုရ်အာန်ကသိစေလိုသော အကြောင်းအရာကို သိနိုင်မည်ဖြစ်သည်။ကုရ်အာန်သည်ဒွိ ဟကင်းသောကျမ်းဖြစ်သည်။ ကုရ်အာန်သည်ခေတ်ရှေ့ပြေးကျမ်းဖြစ်သည်။ ထိုဒွိဟကင်းသော ကျမ်းကို ဖွင့်ဆိုရာ၌ ထိုကုရ်အာန်ဖြင့်သာ ဖွင့်ဆိုရမည်ဟု အထက်ပါ၂း၂က ဖော်ပြထားခြင်း ဖြစ်သည်။
ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်)
13 Jan 10 @ 1am
အောင်ထွန်း says:
အရမ်းကို ကောင်တဲ့ ပညာပေးဆောင်းပါးပါဘဲ. ကျွန်တော်အပါ အဝင် မြန်မာပြည်မှာ ရှိတဲ့ မွတ်စလင် အများစု ရဲ့ဘဝ ဟာ အတွေးအခေါ်ဆုံးရှုံးမှုတွေခံစားနေကြရတယ်.
02 Aug 10 @ 11pm
Write comment