Comments on: ကျမ်းမြတ်ကုရ်အာန်၏ခေတ်ရှေ့ပြေးဟောကိန်းများ။(၂)

By: အောင်ထွန်း
အရမ်းကို ကောင်တဲ့ ပညာပေးဆောင်းပါးပါဘဲ. ကျွန်တော်အပါ အဝင် မြန်မာပြည်မှာ ရှိတဲ့ မွတ်စလင် အများစု ရဲ့ဘဝ ဟာ အတွေးအခေါ်ဆုံးရှုံးမှုတွေခံစားနေကြရတယ်.

1  0

By: U Soe Lwin
ကျမ်းမြတ်ကုရ်အာန်ကိုလေ့လာရာ၌ အဓိကအချက်နှစ်ချက်ကို သိရန်အရေးကြီးသည်။(၁) မြင် ရုံဖြင့်ချက်ချင်းလက်ငင်းကွက်ကွက်ကွင်းကွင်းသိမြင်နိုင်သော ပင်မအုပ်မြစ်နိယာမ “မုဟာကေ မသ်” နှင့်ထိုနိယာမကို ဆင့်ကဲဆင့်ကဲ သိမြင်လာစေသော တွေးလေနက်လေ ခေတ်ရှေ့သို့ ပြေးလေ၊ဦးဆောင်နေသော“မုသရှာဗေဟသ်”တို့ဖြစ်သည်။(ကုရ်အာန်၃း၇) “မုသရှာဗေဟသ်” ခေတ်ရှေ့ပြေးလမ်းညွှန်ချက်ဥပဒေ ဆိုသည်မှာ မူလပြဌာန်းထားသည့် ပင်မအုတ်မြစ်နိယာမ များကို တွေးလေမြင်လေဖြစ်သည့်အတွက် တွေးတောစဉ်းစား ဗဟုသုတကျယ်လာလေလေ ထိုနိယာမများကို ပိုမိုသိရှိလာပေသည်။ ထိုဖော်ပြပါ မုသရှာဗေဟသ် ခေတ်ရှေ့ပြေးနိယာမ များဟူသည် လူတို့၏ပြောင်းလဲလာသော အခြေအနေနှင့် ပါတ်ဝန်းကျင်အရ သိရှိနိုင်သော နိ ယာမများလည်းပါဝင်သည်။ ဥပမာအားဖြင့်(ကုရ်အာန်၅၅း၃၇) ဂြိုလ်ကမ္ဘာတစ်ခု၏ နိဂုံးကိုပြော ဆိုရာ၌ (ကောင်းကင်ယံသည် အက်ကွဲကြေမွလျှက် နှင်းဆီနီကဲ့သို့ နီသွားသောအခါ) ဟူ၍ ဖော်ပြထားသည်။ ထိုဖော်ပြချက်တွင် အာရဗီဝေါဟာရ “ဝရ်ဒဟ်” ဟူသည့် “နှင်းဆီနီ” ကိုဆို ခြင်းဖြစ်သည်။ ခေတ်အဆက်ဆက် ဘာသာပေါင်းစုံဖြင့် ကုရ်အာန်ကိုပြန်ဆိုရာ၌ ဘာသာပြန် ဆိုသူများအားလုံးက ပျက်သုံးတော့မည့်ဂြိုလ်ကမ္ဘာသည် အနီရောင်သရေပြားကြီးဖြစ်သွားမည် ဟုပြန်ဆိုကြသည်။ NASA Hubble Radio Telescope မှ ပို့ပေးရရှိသော ဓါတ်ပုံအရ ပျက် သုံးသွားသည့်ဂြိုလ်သည် အနီရောင်နှင်းဆီပွင့်ကို ဆီလူးထားသည့်အလားတွေ့ရှိခဲ့ရသည့်အ တွက် Red Rose Nabula ဟု အမည်ပေးခဲ့သည်။

ထိုNASA မှတဆင့်ရရှိခဲ့သောဓါတ်ပုံကိုမြင်တွေ့ကြရာ၌ ကုရ်အာန်တွင်ထိုအကြောင်းကို နှစ် ပေါင်း၁၅၀၀ ကတည်းက ဆိုထားသည်ဟု မွတ်စလင်မ်များကကြွေးကျော်ခဲ့ကြသည်။ ထို့အ တွက်ကြောင့်ဖြစ်မည်ထင်သည် ယခုထိုအနီရောင်နှင်းဆီ နှင့်ခွဲခြားမရအောင်တူသော Red Rose Nebula အမည်မှ Cat Eye Nebula ဟုအမည်ပြောင်းခဲ့သည်။

ကုရ်အာန်ကိုဘာသာပြန်ဆိုရာ၌ ဘာသာပြန်ဆိုသူ၏ အာဘော်သာဖြစ်မည်။ ကုရ်အာန်ကတိ ကျသေချာပြောဆိုလိုသောအရာ ဖြစ်နိုင်ချင်မှဖြစ်နိုင်မည်။ထို့ကြောင့်ကုရ်အာန်ကို မူရင်းအာရဗီ ဘာသာစကားကသာလျှင် ပြီးပြည့်စုံသော အဖြေကို အတိအကျပေးနိုင်သည်ဟု ကျွန်တော်၏ ဆောင်းပါး “ကျမ်းမြတ်ကုရ်အာန်၏ ခေတ်ရှေ့ပြေးဟောကိန်းများ”(၁)တွင် ဖော်ပြခဲ့ခြင်းဖြစ် သည်။

အခြားဥပမာတစ်ခုမှာ ကုရ်အာန်၈၄း၁၉ တွင် (လူသားသည် တစ်ဂြိုလ်မှ အခြားဂြိုလ်များသို့ အစီးအနှင်းဖြင့် ဧကန်မုချ သွားရောက်ကြမည့်အကြောင်း ပါဝင်ပြီးဖြစ်သည်။ထိုအာယသ်ကျ ရောက်သောအချိန်က လူသားတို့ မြင်း၊ကုလားအုပ်များကို အစီးအနှင်းအဖြစ် အသုံးပြုကြ သော အချိန်ဖြစ်သည်။ ကုရ်အာန်ကျရောက်သော ခေတ်နှင့်နှစ်ပေါင်း(၇၀၀) နောက်ပိုင်း ကုရ် အာန်ကိုဘာသာပြန်ဆိုကြရာ၌ ထိုအာယာသ်ပါ တစ်ဂြိုလ်မှတစ်ဂြိုလ်ဟူသည် သေဆုံးသွားသူ ကို မြေမြှုပ်ရန် လူလေးဦး ထမ်း၍ သင်္ချိုင်းထဲသို့ ပို့ပေးခြင်းဖြစ်သည်ဟု ပြန်ဆိုခဲ့ကြသည်။ထိုအ ချိန်ကာလသည် ၎င်းတို့နှင့်ဆုံတွေ့ခဲ့ခြင်းမရှိသေးသော လေယာဉ်ပျံများ၊အာကာသလွန်း ပျံယာဉ်များအကြောင်းကို မသိခဲ့ကြပေ။ ထို့အတွက်ကြောင့် ထိုအာယာသ်ကို ပြန်ဆိုရာ၌ ၎င်း တို့၏ဥာဏ်မှီသ၍ ပြန်ဆိုခြင်းဖြစ်သည်။ ယနေ့ထိုအာယာသ်ပါလူသားတို့တစ်ဂြိုလ်မှတစ်ဂြိုလ် သို့ လွန်းပျံယာဉ်များနှင့် သွားရောက်နေကြသည်ကို ကျွန်တော်တို့ မျက်မြင်ဓိဌတွေ့ရှိခဲ့ရပြီးဖြစ် သည်။

မွတ်စလင်မ်များသည် ဆွလာသ်တည်ဆောက်ရာ၌ မက္ကာကျောင်းတော် ဘက်သို့ဦးတည်၍ တည်ဆောက်ကြရသည်။ မွတ်စလင်မ်များ ဆွလာသ်တည်ဆောက်ရာ၌ အခြားဂြိုလ်ကမ္ဘာများ သို့ရောက်ရှိနေပါက ကမ္ဘာမြေရှိ မက္ကာရှိ“ကာဗဟ်” ကျောင်းတော်ဖက်သို့ မျက်နှာမူရန် မဖြစ် နိုင်တော့ချေ။ ထိုအချက်ကို အကြွင်းမဲ့သိတော်မူသောအရှင်က အခြားဂြိုလ်ကမ္ဘာများသို့  ရောက်ရှိနေချိန်တွင် ဆွလာသ်တည်ဆောက်ရာ၌ မည်ကဲ့သို့မျက်နှာမူရမည်ဟူသော ဥပဒေကို ပါ အတိအကျ ကုရ်အာန်တွင်ပြဌာန်းထားသည်ကိုတွေ့ရသည်။

ထိုကဲ့သို့ခေတ်တိုင်း စနစ်တိုင်း နေရာတိုင်း လူတိုင်းအတွက် ပြီးပြည့်စုံသော ကျမ်းမြတ်ကုရ် အာန်ကို လက်ဝယ်ရရှိထားသူမွတ်စလင်မ်များအတွက် လူတို့၏လက်ရာများဖြင့် မူရင်းပျောက် နေသော ရှေးကျမ်းများကို လေ့လာဆည်းပူးရန်လိုပါသလော၊ဟူ၍ပြန်လည်မေးခွန်းထုတ်ရမ လိုဖြစ်နေပေသည်။

ကုရ်အာန်က ပေးသော နည်းလမ်းများအတိုင်းလိုက်ရမည်ဖြစ်သည်။

(၁) ကုရ်အာန်သည် ထာဝရဘုရားသခင်၏ မူရင်းဗျာဒိတ်များဖြစ်သည် ဟုယုံကြည်ရမည်။

(၂) ခေတ်ရှေ့သို့အမြဲဦးဆောင်လျှက်ရှိသောလမ်းညွှန်ချက်များဖြစ်သည်။

(၃) ကုရ်အာန်ကိုဖွင့်ဆိုရာ၌ ကုရ်အာန်ဖြင့်သာဖွင့်ဆိုရမည်ဖြစ်သည်။

ထိုကျမ်း၏ကဏ္ဍ(၂) အာယာသ်(၂)တွင် ဤသည်ဗျာဒိတ်ကျမ်းဂန်ဖြစ်သည်။ ထိုကျမ်းပါ အကြောင်းအရာများနှင့် စပ်လျှင်း၍ လုံးဝဥဿုံ ဒွိဟသံသယမဖြစ်လေနှင့်၊ထိုကျမ်းပါလမ်းညွှန် မှုများသည် မွတ္တကီ(ခေါ်) အလ္လာဟ့်သိစိတ်ဖြင့်ရှင်သန်လျှက်ရှိသူတို့အဖို့ဖြစ်သည်ဟု အစချီ ထားသည်။

ဖော်ပြပါဒွိဟကင်းသော ဗျာဒိတ်ကျမ်းဂန်ကို အခြားအခြားသော ဘာသာများသို့ ဘာသာပြန် ဆိုကြရာ၌ များစွာသောဘာသာပြန်ဆိုသူများက Bible ပါ အဆိုအမိန့်လောင်းရိပ်အောက်မှ ပြန်ဆိုခဲ့ကြသည်။ ထိုပြန်ဆိုချက်များအနက် တစ်ခုကိုတင်ပြရမည်ဆိုပါက Bible တွင်ဘုရားသ ခင်က စင်္ကြာဝဠာကြီးကို(၆)ရက်ဖြင့်ဖန်ဆင်းသည်။ (၇)ရက်နေ့တွင် ဘုရားသခင်က အနားယူ သည်ဟုဆိုထားသည်။ကုရ်အာန်ကိုပြန်ဆိုသူများ ကလည်း စင်္ကြာဝဠာကြီးကို(၆)ရက်ဖြင့်ဖန် ဆင်းသည်ဟုပြန်ဆိုကြသည်။Bible တွင်ပါဝင်သောစင်္ကြာဝဠာကိုဖန်ဆင်းရာ၌(၆)ရက်ဟူသော အယူဝါဒများကိုမှားယွင်းနေကြောင်းကုရ်အာန်ပါမူရင်းဗျာဒိတ်ကအတိအကျထောက်ပြထား

ခြင်းဖြစ်သည်။

စင်္ကြာဝဠာကိုဖန်ဆင်းရာ၌(၆)အိုက်ယာမ်ဖြင့်ဖန်ဆင်းသည်ဟုဆိုသည်။“အိုက်ယမ်”သည်ကာ

လပိုင်းခြားတစ်ခုကိုဆိုခြင်း ဖြစ်သည်။ကုရ်အာန်တွင်ကာလ ပိုင်းခြားတစ် ခုအား နှစ်ငါးသောင်းဟုလည်းဖော်ပြထားသည်။ အာရဗီစာပေအရ ရေတွက်၍မရနိုင်လောက် သော ကိန်းဂဏန်းများကိုလည်းသောင်းဂဏန်းချီ၍သုံးလေ့ရှိသည်။အလားတူ(၇)ဟူသော ကိန်းဂဏန်းကိုလည်းသုံးစွဲသည်။ ဥပမာ မိုးကောင်းကင်(၇) ထပ်ဟု ကုရ်အာန်ကဆိုခြင်းသည် မိုး(၇)ခုကိုဆိုခြင်းမဟုတ်ပေ။ မိုးကောင်းကင်အနန္တကိုဆို ခြင်းဖြစ်သည်။ ထိုကဲ့သို့ပင် အထက်မှစင်္ကြာဝဠာ ဖန်ဆင်းခြင်းတွင် ကာလ(၆) ခုဖြင့်ဖန်ဆင်း သည်ကို ကုရ်အာန်၏အခြားအာယာသ်များနှင့် ပြန်လည်ဖွင့်ဆိုနိုင်မှသာ ကုရ်အာန်က ပြောချင် သော ကုရ်အာန်ကသိစေလိုသော အကြောင်းအရာကို သိနိုင်မည်ဖြစ်သည်။ကုရ်အာန်သည်ဒွိ ဟကင်းသောကျမ်းဖြစ်သည်။ ကုရ်အာန်သည်ခေတ်ရှေ့ပြေးကျမ်းဖြစ်သည်။ ထိုဒွိဟကင်းသော ကျမ်းကို ဖွင့်ဆိုရာ၌ ထိုကုရ်အာန်ဖြင့်သာ ဖွင့်ဆိုရမည်ဟု အထက်ပါ၂း၂က ဖော်ပြထားခြင်း ဖြစ်သည်။

ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်)

6  0

By: Roger Kyaw Swar Phone Maung
Hello,

I have one comment (so called opinion) on this article. Let’s start from the particular case.

“အကြောင်းအရာ တစ်ရပ်၏ တိကျလေးနက်မှူ ၊ အတိုင်းအတာအဆင့်ဆင့် ကိုဖော်ပြရာတွင် အာရဗီ ဘာသာစကား ဖြင့် ကုရ်အာန်က ဖော်ညွှန်းသီကုံးမှူကို လူသားတို့၏ အခြားအခြားသော မည်သည့် ဘာသာစကားနှင့်မျှ ရေးသားပြန်ဆို ဖော်ညွှန်းရန်ဖြစ်နိုင်ချေလုံးဝ မရှိကြောင်း အောက်ပါ ကုရ်အာန် ၁၅း၉ ကို သာဓက(၁) အဖြစ်တင်ပြမည်ဖြစ်သည်။”

My understanding on the Quranic verse 15:9 is ‘Allah himself protects the HOLY QURAN from corruption so there will be no change’, that’s all. Does it still really mean if the translation of HOLY QURAN from the original Arabic text to any other launguages will always have inaccuracy ?

If yes, I think it is not possible for all the muslims on the world have to understand Arabic language upto native speakers level so that all the muslims are able to study and apply the divine teaching of GOD described in HOLY QURAN.

In General, what I recommend is the Highest Level Islamic Scholars from every parts of the world are to approve the most accurate translation of Holy Quran for every individual native languages. That approved translated version are to be maintained as the standard translation of that language and distributed among the public of that country. No more changes shall be allowed. As of now, I never notice which center / which organization is working on this basis. For example, International Bible Society is responsible for every translation of HOLY BIBLE in Christian Community. For Muslims, who is doing currently ? I have no idea.

Implementing this, I believe the no. of persons who can understand and apply the divine guideline will abruptly increase in the Muslim community instead of everybody are to learn the Arabic language upto native speakers level.

By online, I found one website which is giving us the translation of HOLY QURAN in multiple languages.

See the following link

http://al-quran.info/#&&sura=19&trans=en-shakir&show=both&format=rows&ver=1.00

Probably, the Senior Islamic Scholars are to approve the translation for their own native language which are available from that website.

With regards,

Roger Kyaw Swar Phone Maung

Electrical Engineer

0  3