လကြတ် နေကြတ်ခြင်းကို သုံးသည့် ကုရ်အံပါ စကားလုံး

 

Eclipse

Eclipse

ကျွန်ုပ်သည် အရဗ်တစ်ဦးမဟုတ်ပါ၊ အရ်ဗီစာပေ ပါမောက္ခလည်းမဟုတ်ပါ၊ အရဗ်မဟုတ်သော ကျွန်ုပ်အနေဖြင့် ကျွန်ုပ်လေ့လာမိသော အရ်ဗီ စကားတွင် နေကြတ်ခြင်း၊ လကြတ်ခြင်းကို (၁)كسوف ကဆူးဖ်(၂)خسو ခဆူးဖ် ဟုခေါ်ကြောင်းတွေ့ ရပေသည်။ ထို့အပြင် အခြားသော အာရဗ်ဒေသဆိုင်ရာ ဝေါဟာရ စကားလုံးများ ရှိနေမည်ပင်။

ထိုအများသုံး စကားလုံး ကဆူးဖ် နှင့် ခဆူးဖ် ဝေါ ဟာရ နှစ်ခုအနက် ကဆူးဖ် ဆိုသော စကားလုံး သည် အာရဗ်ရိုး ရာဓလေ့ပေါ်၌ တည်၍ ခေါ်ဝေါ်သော အသုံးဖြစ်ကာ။ ခဆူးဖ် ဟူသော စကား လုံးသည် ကုရ်အံကျမ်းတော်၌ ဖေါ် ပြသော ခဆဖ خسف ကို အခြေခံ၍ သုံးသော ဆင့်ပွားစကားလုံး ဖြစ်ပေသည်။

ဤတွင် ရိုးရာ အာရဗ်စကားနှင့် ကုရ်အံပါ ဖေါ်ပြသော စကား၏ အဓိပ္ပါယ်မှများစွာကွာခြား မှုရှိပေသည်။ ရိုးရာအာရဗ်တို့က လကြတ်သည် (လငပုတ်ဖမ်းသည်) နေကြတ် သည် (နေငပုတ်ဖမ်း သည်)ဆိုခြင်း မှာ ကောင်းကင်မှ အဖဲ့တစ်ဖဲ့ ပြိုကျသည်။ ကောင်းကင် အက်ကွဲသည်ဟု နားလည်၍ ထိုအဓိပ္ပါယ်ကို ဆောင်သော စကားဖြင့် ကဆူးဖ် ဟု ပြောဆိုခြင်း ဖြစ် ပေ သည်၊ ကျွန်ုပ် တို့ မြန်မာများ နား လည် ထားသည့် လကို ခွေး သို့မဟုတ် တစ်စုံတစ်ခုက ကိုက်သည် ဟူသည့် ဆိုသကဲ့သို့ပင်။  ယခု ခေတ် အခါ တွင် လက် တွေ့ တွေ့ရှိလာသော ဖြစ် ရပ် များနှင့်ကား ထိုအ ယူအဆ ထိုယုံကြည်ချက်များမှာ လားလားမှ မဆိုင် ပေ။ တက်တက်စင်လွဲချော်နေတော့သည်။

ကိုယ်တော်မုဟမ္မဒ်သည် ရိုးရာအရဗ်အသိုင်းအ၀ိုင်းကြီးထဲမှမွေးဖွား ကြီးပြင်းလာသော အရဗ်တစ်ယောက်မျှသာဖြစ်ပေသည်။ သူသည်လည်းအရဗ်ရိုးရာပြောသော အရဗီစကား ကိုသာ ပြော ခဲ့သူတစ်ဦးသာ ဖြစ်ပေသည်။ သူ့ပတ်ဝန်ကျင် သူ့အသိုင်းအ၀ိုင်းကြား၌ အရဗီ စကားမှလွဲ၍ အခြားစကားလည်း ပြောဆိုစရာမရှိပေ။ ပို၍ဆိုးသည်က ထိုခေတ်ထိုအခါ က သိပ္ပံပညာဟူ၍ လား လားမှ မရှိသေးချေ။

သို့သော်– အရဗ်တစ်ဦးဖြစ်သည့် ကိုယ်တော်မုဟမ္မဒ်၏ နှတ်လျှာမှ ထွက်လာသော ကျမ်းမြတ်ကုရ်အံ တွင် နေကြတ်၊ လကြတ်ခြင်းကို ခဆဖ خسف ဟုသာ ဆိုခဲ့ပေသည်၊ (၇၅း ၈)။ ထိုစ ကား၏ အဓိ ပ္ပါယ်မှာ ကမ္ဘာဂြိုလ်က ဖြေးဖြေးချင်း မျို လိုက်သည်၊ ဖုံးကွယ်လိုက်သည် ဟု ဖြစ်ပေသည်၊ ၁၆း ၄၅။ ၂၈း၈၁၊၈၂။

ထိုသို့ လအားကမ္ဘာဂြိုလ်က ဖြေးဖြေးချင်း ဖုံးကွယ်လိုက်သောကြောင့် လကြတ်သည် ဟု ခေါ်ဆိုကြောင်း လွန်ခဲ့သော နှစ်ပေါင်း၁၅၀၀ က အာရဗ်လောကတွင် မကြားရဲ၊ မတွေး ရဲသော စကား လုံးပင် ဖြစ်ပေ သည်။ ကောင်းကင်တွင် ရှိသော လကို ကောင်းကင်အောက် မှ မြေကြီးက မည်ကဲ့သို့ ဖုံးကွယ်မည်နည်း ဟူလို။

ထို့ပြင် နေကြတ်ခြင်းကိုလည်း- လနှင့်နေသည် (အလင်းတန်း) တစ်ထပ်တည်း ပူးပေါင်းခြင်း ဖြစ်သည်ဟု ကျမ်းတော်က ဆိုထားပါသည်၊ ၇၅း၉။

Eclipse

Eclipse

စာပေသမား မဟုတ်သော၊ ခေတ်သစ် သိပ္ပံပညာရှင်ကြီး မဟုတ်သော ကိုယ်တော်မု ဟမ္မဒ်သည် မိရိုးဖလာယုံကြည် ပြောဆိုမှုနှင့် လားလားမှ မဆိုင်သော ဤစကားလုံးများ ကို မည်သို့ ရရှိ ခဲ့လေသနည်း-ဟု စဉ်းစားမိလျှင်၊ ဉာဏ်စဉ် (၀ဟီ)၏ သဘောတရား၊ ဉာဏ် စဉ်ပေးသော အရှင်ဆိုသည်မှာ သဘောတရား၊ ဉာဏ်စဉ်တော်ဆောင် ပုဂ္ဂိုလ်ဟူသည်– ဆိုသောသဘောတ ရားနှင့် ကျမ်းမြတ်ကုရ်အံပါ ဝေါဟာရတစ်လုံးချင်းစီသည် မည်မျှလေး နက်၍ အသက်ရှိနေသည်ဟူသည့် သဘောတရားများကို နားလည်လာနှိုင်ကောင်း ပေ သည်။

မုဖာဆွီရိုကုရ်အံ ဦးဌေးလွင်ဦး (B.A Myanmar (Yangon Uni-), A.A Media Marketing (N.Y-USA)

No Comments Yet


There are no comments yet. You could be the first!

Write comment

Please read this note before your write comment.

 

Quranic Study Group
Los Angeles, California, USA
© 2005 - 2012 QuranInBurmese.com All Rights Reserved
Click here to download Zawgyi Font
Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976
Quran 38:29
Quran 26:24
Quran 3:138
Quran 6:153