အစ္စလာမ်နှင့်လူပုဂ္ဂိုလ်ကိုးကွယ်မှုဝါဒ
လူသား၏ သဘော သဘာဝ သည် မိမိမမြင် မတွေ့ရသော အရာအားလုံးကို လွှမ်းခြုံ မြင် တွေ့ နိုင် သူများ မဟုတ်ပေ။ လူသားပညာရှိတစ်ဦးသည် သူ့ခေတ်သူ့အခါတွင် အများနှင့်မတူ တ မူ ထူးခြား၍ မည်မျှပင် အသိ ပညာ ကြွယ်ဝနေစေကာမူ နောင်ဖြစ်ပေါ်ပြောင်း လဲလာ မည့် အခြေအနေ အရပ်ရပ်ကို ကြိုတင်သိရှိနိုင် သူမဟုတ်ပေ။ ထို့အတွက်ကြောင့် လူသားတို့၏ လူ ရေး မူဝါဒ လမ်းစဉ်များသည် ပြောင်း လဲဖြစ်ထွန်း လာသော ခေတ်ကာလ နှင့် ကိုက်ညီရန် အ တွက် အစဉ်ပြုပြင်ပြောင်း လဲခဲ့ကြရသည်။ ဤသည့်အချက်သည် လူသား၏ အရာရာ ကိုလွှမ်း ခြုံ၍ သိရှိ နိုင်မှုမရှိသော အားနည်းချက်တစ်ရပ်ဖြစ်သည်။
ကျမ်းမြတ်ကုရ်အာန်၏ အဆိုအရ ကုရ်အာန် မတိုင်ခင်အလျှင်က ရှိခဲ့ကြသော ထာဝရအရှင်၏ ဗျာဒိတ်ကျမ်း အားလုံးသည်လည်း ကုရ်အာန်တွင်ပါဝင်သော အမိန့်ပညတ် ချက်ဥပဒေများနှင့် ထပ်တူ ထပ်မျှဖြစ် ခဲ့သည်။ ထိုကျမ်း များ တွင်လည်း ထာဝရ အရှင် တစ်ပါး တည်းကိုသာ ကိုး ကွယ်ရန် အမိန့်ပေး ထားခဲ့လေသည်။ သို့ရာတွင် ဗျာဒိတ် ချပေးခြင်းခံကြ ရသော တမန်တော် များခေတ်နှင့် ဝေးကွာလာသော ကာလများတွင် မူရင်းဗျာဒိတ် ကျမ်းပါ အယူဝါဒများမှ တဖြေး ဖြေးချင်း လူရေးကျမ်း မူဝါဒများ လူရေးအတွေး အခေါ်များ စွက်ဖက် လာခဲ့တော့ သည်။ ထို မှ တဆင့် ဗျာဒိတ် ကျမ်းဂန်ချပေးခြင်းခံရသော လူသားတမန်တော်များကို ကိုးကွယ်သော အယူ ဝါဒအဖြစ် သို့ရောက်ရှိခဲ့ကြသည်။ ထပ်မံတစ်ဆင့် တိုး၍ မိမိတို့၏ယုံကြည်ကိုးစားကြသော ဆ ရာသခင်များ သူတော်စင်ကို ကိုးကွယ်သော အဆင့်သို့တိုးမြှင့် ကိုးကွယ်ကြသောဝါဒလမ်းစဉ် များဖြစ်လာခဲ့သည်။
ဤသည့်အချက်ကို ကျမ်းမြတ်ကုရ်အာန် ၉း၃၀ နှင့် ၃၁ တို့တွင်
(ဂျူးများက အိုဇိုက်သည် ထာဝရ ဘုရား၏ သားဖြစ်သည် ဟူ၍ လည်းကောင်း ခရိယံများက အီဆာသည် ထာဝရဘုရား ၏ သားဖြစ်သည် ဟူ ၍ လည်းကောင်း ပြောဆိုခဲ့ ကြသည်။ ဤ သည် ၎င်းတို့၏ နှုတ်များမှပြောဆိုသော စကားရပ်များ သာဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ အလျှင်ရှိခဲ့ကြသော မယုံကြည်သွေဖည်သူများ၏ ပြောဆို ချက်များကို အတုခိုးပြော ဆိုခြင်း ဖြစ်သည်။ အလ္လာဟ်အရှင်သည် ထိုသူတို့အားပျက်စီးစေ တော်မူခဲ့ပြီးဖြစ်သည်။ ၎င်းတို့သည် အမှန်ကိုပယ်၍ အမှားဖက်သို့ မည်သို့ပြန်လှည့် သွားကြသနည်း။)
(၎င်းတို့သည် ၎င်းတို့၏ ဆရာသခင်များ ကိုလည်းကောင်း ပုပ်ရဟန်းများ ကိုလည်းကောင်း မယ်ရယမ်၏သား မဆီဟ်ကို လည်းကောင်း အလ္လာဟ့်ကို စွန့်၍ မိမိတို့၏ အရှင် သခင်များ အဖြစ်ဆွဲ ကိုင်ထားကြ၏။ အမှန်သော်ကား ထိုသူတို့သည် တစ်ဆူတည်းသော ကိုးကွယ်ရာ အရှင်မြတ် အားသာလျှင် ခဝပ်ကိုးကွယ်ရန် အမိန့်ပေးခြင်းကို ခံခဲ့ကြရ သူများသာ ဖြစ်ခဲ့ရ လေသည်။ ထိုအရှင်မှအပ ခဝပ်ကိုး ကွယ်ရာဟူ ၍အလျှင်းမရှိပြီ။ ထိုအရှင်သည် ၎င်းတို့ ယှဉ်တွဲ ကိုးကွယ်ကြသူတို့မှ (လုံးဝ)စင် ကြယ်တော်မူ၏။)
ဤသည် ကုရ်အာန် ကပေးသော ရှေးကျမ်းရများ နှင့်စပ်လျှင်းသည့် မြောက်များစွာ အချက် အလက် များမှ တစ်ခုကို တင်ပြခြင်းဖြစ်သည်။ ကုရ်အာန် သည်အတိတ်မှ လူသား တို့၏အ မှားများ ကို ထောက်ပြ၍ ထိုအမှားမျိုးကို ထပ်မံ မကျူးလွန်နိုင်ရန် ပစ္စုပ္ပန်ရှိ လူ သားအားလုံး ကိုသင်ခန်းစာ ပေးလျက်ရှိ နေသည်။ တမန်တော်များ သည် ကိုကွယ်ရာအရှင်များ မဟုတ် ဖန်ဆင်းခံ လူသားများ သာဖြစ်သည်။ လူသား ဟူသည် သေမျိုး များ သာဖြစ်သည်။ ထာဝ ရရှင်နိုင်သူဟူ၍ တစ်ဦးမျှ မရှိ ကြောင်း ကုရ်အာန် တွင် အသေးစိပ် ဖော်ပြချက်များမှ အချို့ ကို ကောက်နှုပ်တင်ပြပါမည်။
ကုရ်အာန် ၃း၁၄၃
(မုဟမ္မဒ်သည် လူသား တမန်တော် တစ်ဦးသာလျှင် ဖြစ်သည်။ ၎င်း၏ အလျှင် ပွင့်ခဲ့ပြီး သော တမန်တော် အပေါင်းသည် လည်း ကွယ်လွန်ကြ ကုန်ပြီးဖြစ် သည်။ အကယ်၍ မုဟမ္မဒ်သည် သေဆုံးခဲ့ သည်ဖြစ်စေ၊ အသတ် ခံရသည်ဖြစ်စေ၊အသင်တို့သည် နောက် ကြောင်း ပြန်လှည့်ကြမည်လော အသင်တို့နောက်ကြောင်းပြန်လှည့်သွားပါက အလ္လာဟ် အရှင့် အဖို့ တစ်စုံတစ်ရာဆုံးရှုံးမည် မဟုတ်ပေ။ အလ္လာဟ်အရှင်သည် ကျေး ဇူးသိတတ် သူတို့အား ချီးမြှင့်တော်မူ မည်။)
ထိုအာယာသ် သည် အိုဟူးဒ်စစ်ပွဲ တွင်ကျရောက်ခဲ့သည်။ ထိုစစ်ပွဲတွင် တမန်တော်မြတ် ကျဆုံး သွားပြီဟူသော ကောလဟဌ များကြောင့် မွတ်စလင်မ် များ စိတ်ချောက်ခြား၍စစ် ပွဲမှ စွန့်ခွာ တော့မည့် အတွက် ထိုအာယာသ် ကျရောက်ခဲ့ခြင်းဖြစ်သည်။ လူသားဟူ သည် သေခြင်းတရားကို လွန်ဆန်နိုင်မှုမရှိကြောင်းကို ထိုအာယက်မီးမောင်းထိုးပြခြင်းဖြစ်သည်။ ဆက်လက်၍ကုရ်အာန် ၂၁း၃၄ တွင်
(အသင့်အလျှင်ရှိခဲ့ကြသော မည်သည့်လူသား တစ်ဦးတစ်ယောက် ကိုမျှ မသေဘဲအ မြဲရှင် သန်နိုင်သူအဖြစ် ဖန်ဆင်းခဲ့ခြင်း အလျှင်းမရှိခဲ့ပေ။ အသင်သည်ပင်လျှင် သေဆုံးမည်ဖြစ်ပါ လျက် ၎င်းတို့သည် မသေဘဲ ရှင်သန်လျက် ရှိကြအုံးမည်လော။)
လူသားဟူသည် သေမျိုးဖြစ် သည်။ တမန်တော်များ အားလုံးသည်လည်း လူသားများဖြစ် သည်။ မသေပဲရှင်သန်နိုင်သောသူ များမဟုတ်ဟူ၍ အတိအကျထောက်ပြချက်ဖြစ်သည်။
မှတ်ချက်။
(အသင်သည် ပင်လျှင် သေဆုံးမည်ဖြစ်ပါ လျက် ၎င်းတို့သည် မသေဘဲ ရှင်သန်လျက် ရှိကြအုံးမည်လော။) ဤ အချက်ကို သိရန်အဓိက အရေးကြီးသည်။ တမန်တော်မုဟမ္မဒ် နှင့်စပ်လျင်း၍ ရှေး ကျမ်းများ တွင် နောက်ဆုံးပွင့်မည့် မေတ္တာအရာ၌ တုနှိင်းဘွယ်ရာ မရှိ သောတမန်တော် ဟူ၍ ဆိုထားသည်။
ကုရ်အာန် ၂၁း၁၀၇ တွင်
( ငါ အရှင်သည် အသင့်အား စက်ြဝဠာ တစ်ဝှမ်းလုးံ အတွက် မဟာဂရုဏာရှင် အဖြစ်စေ လွှတ် ခဲ့သည်ဟုဆိုထားသည်။)
ထိုကဲ့သို့ပင် ကုရ်အာန် ၃၃း၄၀ တွင်
(မုဟမ္မဒ်သည် မည်သည့်ယောက်ျား တစ်ဦးတစ်ယောက်၏ ဖခင် မဖြစ်ခဲ့ပေ။ သို့ရာတွင် အလ္လာဟ် အရှင်၏ တမန်တော် တစ်ပါးဖြစ်သည်။ ထို့ပြင်“ခါးသမနဗီယီးနား” တမန်တော် များပွင့်ခြင်း ကိုအဆုံးသတ်စေခဲ့သော တမန်တော်လည်းဖြစ်သည်။အလ္လာဟ်အရှင်သည် အရာအားလုံးကို လွှမ်း ခြုံ၍ သိတော်မူသာအရှင်ဖြစ်သည်။)
ထိုအာယာသ်ပါ “ခါးသမ” ဟူသည် ချိတ်ပိတ်ခြင်း၊ သို့မဟုတ် တမန်တော်များပွင့်ခြင်းကို အဆုံးသတ်စေသော တမန်တော်ဖြစ်သည်။ အစ္စလာမ့်သမိုင်း ကိုပြန်လည်ကြည့်ခြင်းဖြင့် လည်း တမန်တော်မြတ်၏ နောက်ပိုင်းမည်သည့်တမန်တော်မျှ ပွင့်ခဲ့ သည်ဟူ၍ မရှိခဲ့ပေ။ ပွင့်ရန်လည်း အကြောင်း မရှိပေ။ ပြီးပြည့်စုံပြီး သောသာသနာအတွက် မည် သည့်လူသား ကယ်တင်ရှင်မျှ လာရောက်ရန်လည်း မလိုအပ်ပေ။ လူသားကယ်တင်ရှင်များလာ ဦးမည် ဟူ၍လည်း ကုရ်အာန်တွင် တိုက်ရိုက်ဖြစ်စေ၊ စေ့စေ့တွေးမှ ရေးရေးပေါ်လာနိုင်သည့်သ ဘောမျိုးနှင့်လည်း ဖော်ပြထားခြင်းမရှိပေ။ လူသားကယ်တင်ရှင် များကိုစောင့်မျှော်သော ၀ါဒလမ်းစဉ်များသည် အခြားအယူဝါဒ များမှပူးကပ်လာ သောပရောဂါများ သာဖြစ်သည်။
ဆက်လက်၍ ကုရ်အာန် ၂၁း၈ တွင်
(ထိုလူသားတမန်တော်များကို အစားအသောက်မှီဝဲမှုမရှိပဲ ရှင်သန်နိုင်သော ခန္ဓာများအ ဖြစ် အလျင်းဖန်ဆင်းခဲ့သည်မဟုတ်ပေ။)
ဆက်လက်၍ ကုရ်အာန်၂၁း၃၅ တွင်
(သက်ရှိတိုင်းသည် သေခြင်းတရားကို မြီးစမ်းကြရမည် ဖြစ်သည်။ ထို့နောက်အသင်တို့၏ ကောင်းမှုမကောင်းမှုများကို စစ်ဆေးခံကြရမည်ဖြစ်သည်။ အားလုံးသည် ငါအရှင်ထံ သို့ ပြန်လာကြရမည်ဖြစ်သည်။)
ထိုသို့သော အကြောင်းများကြောင့် ကုရ်အာန်သည် လူသားတစ်ရပ်လုံး အတွက် “ကေ ယာမသ်” နေ့တိုင် တည်ရှိနေမည့် လမ်းညွှန်ကျမ်းဖြစ်သည်။ ထိုနည်းတူစွာ ရှေးကျမ်းရ များ၏မှားယွင်း ချက်များ နောင်ဖြစ်ထွန်း လာလတန့်သော အခြားခြားသော အယူဝါဒအ သစ်များ၊ အစ္စလာမ် သာသနာအတွင်း ကျမ်းမြတ်ကုရ်အာန်၏ အခြေခံမူဝါဒများနှင့် ဆန့် ကျင်သော အယူဝါဒများ အားလုံးကို ကုရ်အာန်၏ အခြေခံမူဝါဒ မှတ်ကျောက်စံ ဖြင့် စမ်း စစ်ကြ ရမည်ဖြစ်သည်။ ကုရ်အာန်သည် အရာ ခပ်သိမ်းတို့ ကို မှန်ကန်မှု ရှိ မရှိ စစ်ဆေး ရန်အတွက် “ဖုရ်ကန်” (ခေါ်) မှတ်ကျောက်ဖြစ်သည်။ ကုရ်အာန် ၏ အခြေခံ မူဝါဒ တွင် ဤလောကမှ သေဆုံးသွားသော လူသားများသည် ဤလောက သို့ပြန်လည် ရောက်ရှိ လာခြင်းကို ထာဝရ ဘုရားသခင်က “ဟရမ်” တားမြစ်ထားထားပြီးဖြစ်သည်) ထိုအချက်
ကို ကုရ်အာန်တွင်နေရာပေါင်း(၃၀)ကျော် တွင်ဖော်ပြချက် များမှ၂၁း၉၅၊ ၂း၂၈၊ ၄၀း ၁၁ အာယာသ်(၃) ခုကို တင်ပြပါမည်။
(ငါအရှင်ဖျက်စီးခဲ့၍ သေဆုံးသွားကြသော မြို့ရွာသားများသည် ဤလောကသို့တဖန်ပြန် လည် ရောက်ရှိလာခြင်းကို “ဟရမ်”တားမြစ်ခဲ့ပြီးဖြစ်သည်။)
ကုရ်အာန် ၂း၂၈ တွင်
(အသင်တို့သည် အလ္လာဟ်အရှင်အား မည်ကဲ့သို့ငြင်းပယ်ခဲ့ ကြသနည်း။ ထိုအရှင် သည် အသင်တို့အားသက်မဲ့ဘဝမှ သက်ရှိဘဝကို ချီးမြှင့်ခဲ့၏။ ထို့နောက်အသင်တို့ သေဆုံးကြရ မည်ဖြစ်သည်။ ထို့နောက်တဖန် အသင်တို့သည် ထိုအရှင့်ရှေ့ဝယ်ပြန် လည်ရှင် သန်ကြ ရအုံးမည်ဖြစ်သည်။)
လူသားတိုင်းသည် သက်မဲ့ဘဝ(ဝါ) မရှိရာမှ သက်ရှိဘဝဖြင့် ဤလောက တွင် ရောက် ရှိ လာကြ သည်။ တဖန်ဤလောကတွင် သေဆုံးကြရမည်။ နောက်တဖန် ကမ္ဘာ့တရား ခွင်နေ့(ဝါ)“ကေ ယာမသ်”နေ့တွင် စစ်ဆေးခံရန်အတွက် အရှင်၏ရှေ့မှောက် တွင်ပြန် လည်ရှင်သန်ကြရမည် ဖြစ်သည်။
ကုရ်အာန်၄၀း၁၁ တွင်
(၎င်းတို့ကဆိုကြသည် ကျွန်တော်မျိုးတို့ အားမွေးမြူဖန်ဆင်း သောအရှင်၊ အသင်သည် ကျွန်တော် မျိုးတို့အား သက်မဲ့ဘဝတွင် နှစ်ကြိမ် သက်ရှိဘဝတွင်နှစ် ကြိမ် ချီး မြှင့်ခဲ့၏။ ကျွန်တော် မျိုးတို့သည် မိမိတို့ပြုမှား ခဲ့သောပြစ်မှု ဒုစရိုက်တို့ကိုဝန်ခံကြပါပြီ။ ကျွန်ုတို့ အားဤပြစ်ဒဏ်မှ လွတ်လမ်းတစ်စုံတရာကို ပြသတော်မူပါ။)
ဤသည်ကုရ်အာန်၏ အခြေခံမူဝါဒဖြစ်သော တမန်တော်များအားလုံးသည် လူသားများဖြစ် သည်။လူသားဟူသည် သေမျိုးသာဖြစ်သည်။ ထိုလူသားတမန်တော်များနှင့် လူသားအားလုံး ကို အစား အသောက်မှီဝဲမှုမရှိပဲ ရှင်သန်နိုင်သော ခန္ဓာအဖြစ်ဖန်ဆင်းခဲ့ခြင်းအလျင်းမရှိပေ။ တမန်တော့်အလျှင်က ပွင့်ပေါ်ပြီးခဲ့သော တမန်တော်အပေါင်းလည်း သေဆုံးကြပြီးဖြစ်သည်။ တမန်တော်ပင်လျှင် သေဆုံးမည်ဖြစ်ပါလျက် အခြားတမန်တော်များသည်မည်ကဲ့သို့ရှင်သန် လျက် ရှိနေဦးမည်နည်းဟူ၍ ၂၁း၃၄ တွင် ဆိုထားပြီးဖြစ်သည်။
ကျမ်းမြတ်ကုရ်အာန်က ထိုကဲ့သို့ အသေးစိပ် တင်ပြခြင်းသည် ရှေးဟောင်းဘာသာ သာသနာ များတွင် ဗျာဒိတ်ကျမ်းဂန်မူရင်းများ မရှိတော့ဘဲ လူတို့၏ အတွေးအခေါ်များစွက်ဖက်၍ မိမိတို့ နှစ်သက်ကြသော လူသားတမန်တော်များ လူသားပညာရှင် ဆရာသခင်များကို အမွှန်းတင်၍ နည်းမျိုးစုံးဖြင့်ကိုးကွယ်ကြသည်။ ၎င်းတို့၏ အယူဝါဒများတွင် ၎င်းတို့အား ကယ်တင်ရန်အ တွက် ကယ်တင်ရှင်ခေါင်းဆောင်များသည် ထာဝရလိုအပ်လျက်ရှိနေပေသည်။ ထိုကဲ့သို့ကယ် တင်ရှင်များကို မျှော်ကိုးရသော အယူဝါဒများမှာ ခေတ်အဆက်ဆက် လူတို့၏ပြုပြင်ပြောင်းလဲ လာမှုကြောင့်မူရင်းကျမ်းဂန်ပါ အနှစ်သာရများပျောက်၍ လူတို့အတွေးအခေါ်များသာကျန်ရှိနေ ခြင်းကြောင့် ၎င်းတို့၏ သာသနာများတွင် ကွက်လပ်အဖြစ် အမြဲလိုအပ်နေခြင်းဖြစ်သည်။
အစ္စလာမ်သာသနာသည် ပြီးပြည့်စုံခဲ့သည်မှာ တမန်တော်သက်တော်ထင်ရှားရှိစဉ်ကပင်ဖြစ် သည်။ ပြီးပြည့်စုံသောသာသနာအတွက် ထိုသာသနာကို ပြန်လည်ဖြည့်စွက်ရန်အတွက် မည် သည့်ကယ်တင်ရှင်များ မည်သည့်နဗီတမန်တော်များ လာရောက်ရန်မလိုအပ်တော့ပေ။
ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်)

















1 Comment
MT says:
visit to your site
28 Jan 10 @ 11am
Write comment