Quran Knowledge - QuranInBurmese

ကုရ်အာန်တွင်တိကျသောသင်္ချာဗေဒနှင့်အချိန်

ကုရ်အာန်တွင်လှိုင်ဂူ ကဏ္ဍဟူ၍ပါရှိသည်။ ထိုကဏ္ဍသည် အချိန်နှင့်စပ်လျှင်း၍ အသိပညာပေးသော ကဏ္ဍဖြစ်သည်။ လူသားကမ္ဘာတွင် အသုံးပြုလျက်ရှိသော အချိန် နှင့်တစ်ချိန် တစ်ခါတည်းတွင် ကွဲပြား ခြားနားသော အခြားအချိန်များလည်း ရှိနေသေးကြောင်း ကုရ်အာန်က လက်တွေ့ပြသချက် ဟုဆိုရ ပေမည်။

ထိုလှိုင်ဂူကဏ္ဍ၁၀ မှ ၂၆ တွင် လူငယ်တစ်စုသည် ဘုရင်တစ်ပါး၏ ဖမ်းဆီးကွက်မျက်မှုမှလွတ်ကင်းရန် လှိုင်ဂူတစ်ခု အတွင်းသို့ဝင်ရောက်၍ ထာဝရအရှင်ထံ ခိုလှုံခဲ့ကြသည်။ ၎င်းတို့နှင့်အတူခွေးတစ်ကောင် လည်းပါလာခဲ့သည်။ ထိုအခါအရှင်က၎င်းတို့၏ အကြားအာရုံ ပေါ်သို့၊ တံဆိပ်ခပ်နှိပ်၍နှစ်ပေါင်းများစွာ အိပ်စေခဲ့သည်။ ထိုဂူပေါက်ဝတွင် ၎င်းတို့၏ခွေးက အ ပြင်ဖက်သို့မျက်နှာမူသော အနေအထား ဖြင့်၎င်း တို့နှင့်အတူအိပ်ပျော်လျက်ရှိခဲ့သည်။ ထိုဂူ၏ အနေအထားမှာ နေတက်ချိန်နှင့် နေမွန်းလွဲချိန် တို့တွင် ဂူထဲသို့ နေရောင် မရောက်ဘဲ လှိုင်ဂူ၏ ညာဖက်နှင့် ဘယ်ဖက်ကိုသာ နေရောင်ရောက်ရှိသည်။ ဂူပေါက် ဝ သည် တောင်ဖက် သို့မဟုတ် မြောက်ဖက်သို့ မျက်နှာမူထားခြင်း ဖြစ်နိုင်သည်။ ဂူပေါက်ဝမှ လက်နှစ်ဖက်ကို ဆန့်၍အိပ်နေသောခွေး၏ အနေ အထားမှာ မြင်ရသူအဖို့ (ခြင်္သေ့တစ်ကောင်ဟု ထင် ရ ဖွယ် ရရှိသည်။) အလွန်ကျောချမ်း၍ အ သင်လှည့်ပြေး သွားမည်ဖြစ်သည်ဟုဆိုထားသည်။ ထိုအိပ် ပျော် နေသူများအား တနေ့လျှင် ဘယ်ဖက်နှင့် ညာဖက်သို့ နှစ်ကြိမ်စောင်းလှည့် စေခဲ့သည်။ အချို့က လှိုင်ဂူထဲမှ လူအရေအ တွက် နှင့်စပ်လျှင်းပြီး လူသုံးဦးနှင့်ခွေးတစ်ကောင်ဟုဆိုကြသည်။ အချို့က လူ ငါး ဦးနှင့် ခွေးတစ်ကောင်ဟူ၍ မှန်းဆ၍ မမြင်မတွေ့ပဲဆိုကြသည်။ အချို့ကလည်း လူသုံး ဦး နှင့်ခွေး တစ် ကောင် ဟူ၍လည်း ဆိုကြသည်။ ထိုလှိုင်ဂူထဲမှ လူဦးရေ အတိအကျကို ငါ၏ မွေးမြူ သော အရှင် သာ  အတိအကျ သိသည်ဟူ၍ အသင်တမန် တော်ပြောကြားပါလေဟုမိန့်ဆိုထား၏။

၎င်းတို့သည် လှိုင်ဂူထဲတွင် နှစ်ပေါင်းသုံးရာ၊ ကိုးနှစ်ထည့်ပေါင်း၍ အိပ်စက်ခဲ့ ကြခြင်း ဖြစ်သည်။ ထိုသို့ နှစ် ပေါင်းများစွာ အိပ်ရာမှ ထလာကြသော လူစုအနက် တစ်စုက ကျွန်ုပ်တို့သည် မည်မျှ အိပ် စက်ကြ သနည်း ဟူ၍အခြား အုပ်စုကို မေးမြန်းခဲ့ကြ၏။ ထိုအခါ အခြားအုပ်စုက၊ ကျွန်ုပ်တို့သည် တစ် ရက် သို့ မဟုတ်နေ့ ဝက် လောက် အိပ်ပျော်သွားသည်ဟု ဆို၏။ ထိုအခါမည်မျှအတိုင်းအတာအထိ ကျွန်ုပ်တို့ အိပ် ခဲ့သည်ကို အရှင်သာလျှင် အတိအကျ သိမည်ဖြစ်သည်ဟု တစ်ဦးကဆို၍ ဤငွေ ဒင်္ဂါး ဖြင့် လူ တစ် ယောက် ကိုမြို့ထဲသို့ စေလွှတ်ပါ၊ ထို့နောက် အားလုံးစားသုံးရန် စင်ကြယ်သန့်ရှင်းသော အစား အစာ များကို ဝယ်ခိုင်းပါဟုတစ် ယောက် ကပြောဆိုခဲ့သည်။ လှိုင်ဂူ ထဲမှ လူအားလုံးစားသုံးရန် ပစ္စည်း သွားဝယ်သူအနေဖြင့်၊ သိုသို သိတ်သိတ်၊ လှို့ဝှက်စွာဖြင့် သတိနှင့်သွားရန်နှင့် ဂူထဲတွင် ၎င်းတို့ ရှိနေ သည်ကိုအခြားသူများမသိရန်မှာ ကြားခြင်းဖြစ်သည်။ အကယ်၍ ၎င်းတို့ကအသင်အား (ဈေးသွား ဝယ် သူ အား) မြင်သွားပါက ခဲပေါက် ၍သေဒဏ် ပေးမည်ဖြစ်သည်။ သို့မဟုတ် ၎င်းတို့၏ သာသနာ အ တွင်း သို့ အသင့်အား ဓမ္မဝင်စေခဲ့မည်။ ထိုကဲ့သို့ ဖြစ်ပါက အသင်သည် ဘယ်သောအခါမျှ အောင်မြင် သူမဖြစ်နိုင် တော့ပေ။ လှိုင်ဂူအတွင်းမှ လူတစ်စုသည် ၎င်းတို့ လှိုင်ဂူထဲတွင် အိပ်စက်ခဲ့သော အချိန် ကာ လသည် တစ်ရက်မျှ  လောက်ဟု ထင်မှတ်၍  ထိုလှိုင်ဂူ အတွင်းသို့  ဝင်ရောက် ခိုလှုံခဲ့ ရသော နောက် ဆုံး အဖြစ် အပျက် များကို ကောင်းစွာသတိရလျှက်ရှိခဲ့သည်။ ၎င်းတို့သည် ဘာသာ သာသနာ ကိုင်းရှိုင်း သူ လူငယ်တစ်စု ဖြစ်သည်။ ၎င်းတို့၏ ယုံကြည်သော  သာသနာကို စွန့်လွှတ်ရန် ဘုရင်၏ အား ဓမ္မ ခိုင်းစေချက်မှ ကင်းဝေးရန် လှိုင်ဂူထဲတွင် အရှင့်ထံခိုလှုံခဲ့ ကြခြင်းဖြစ်သည်။

ထိုအကြောင်း အရာကို ကုရ်အာန်တွင် ဖော်ပြခြင်းသည် အလ္လာဟ်က မိမိ၏ ကတိအတိုင်း အ ကောင် အထည် ဖော်ဆောင်သည်ကို လူသားများအား အသိပေးခြင်းဖြစ်သည်။ ထိုနည်း တူစွာ “ကေယာမသ်” ကမ္ဘာ့တရားစီရင် မည့်နေ့သည် ဧကန်မုချ လုံးဝ ဥဿုံဖြစ်မည်။ ထိုကဲ့သို့ ကေယာ မသ် နေ့ ပြန်ရှင်ထ ကြ သူတိုင်းသည် လည်း ဖော်ပြပါ လှိုင်ဂူထဲတွင် နှစ်ပေါင်း(၃၀၀) အိပ်ပျော်ရာမှ ပြန်လည် ထလာကြ သော လူတစ်စုကဲ့ သို့ တစ်အောင့်မျှပင် ရှိမည်ဟု ခံစားကြ ရမည်ကို လက်တွေ့ ပြခြင်း တစ်ရပ် ဖြစ် သည်။ ထိုလှိုင်ဂူထဲမှ လူတစ်ယောက်က ဈေးထဲသို့ စားသောက်ဖွယ်ရာ သွားဝယ် ရာ၌ ၎င်းတို့ အား ဖိနှိပ်ချုပ်ချယ် ခဲ့သောဘုရင်၏ ခေတ်ဟု ထင်မှတ်ခဲ့ကြသည်။ သို့ရာတွင် ထိုအချိန်၌ ထိုဈေးလာဝယ် သူ ၏ ဝတ်စားဆင်ယဉ်မှု နှင့် ထိုသူသုံးစွဲသော ငွေဒင်္ဂါးများကို မြင်တွေ့ ခြင်းဖြင့် ထူး ဆန်း အံ့ သြ ဘွယ် ဖြစ်ခဲ့ကြသည်။ ထိုမှတဆင့် ထိုသတင်း သည်လက်ရှိ အုပ်ချုပ်လျှက် ရှိသော ဘုရင် ထံ သို့ ရောက် ရှိခဲ့ သည်။ လူတို့၏ အမြင်တွင် ဈေးဝယ်လာသူအား အံ့သြ စွာဖြင့် ဝိုင်းဝန်း ကြည့် ကြ ခြင်း ကြောင့် ဈေးဝယ် လာ သူသည် ဘုရင်၏ ဒုက္ခပေးမှုကို စိုးရိမ် ၍ အခြားအဖော်များကျန်ရှိရာ လှိုင်ဂူသို့ ပြန်သွား ဖွယ်ရာရှိ သည်။ ထိုဂူမှ အုပ်စု တစ်စုလုံး တောနက်အတွင်းသို့ ထွက်ပြေး သွားရာ၊ လက်ရှိ အုပ်ချုပ် လျှက်ရှိသော ဘုရင် က ၎င်း တို့၏ နောက်မှ လိုက်သည်။ နောက်ဆုံး ဘုရင် ၏ စိတ် တွင် ဆက် လက် မလိုက်လို တော့ပဲ ထို သူတော်စဉ် များ ပျောက်ဆုံးသွားသော နေရာတွင် ဦးချရာ အ ဆောက် အဦး ဆောက်လုပ်ရန် အမိန့်ပေးခဲ့ပုံရှိ၏။ ဆက်လက်၍ ထိုသူများသည် မည်မျှ အတိုင်းအ တာအ ထိဆက်လက်အသက်ရှင်ကြသည်၊ သို့မဟုတ် ဆက်လက်အိပ်ပျော်သွားကြသည်ဟူ၍ ဖော် ပြထားခြင်းမရှိပေ။

၎င်းတို့ အိပ်စက် ခဲ့သော အချိန်နှင့် စပ်လျှင်းပြီး၁၈း၂၅ (၎င်းတို့သည် နှစ်ပေါင်းသုံးရာတွင် ကိုးနှစ်ပေါင်း ထည့်၍ အိပ်စက် ကြသည်ဟုဆိုထားသည်။) ကုရ်အာန်တွင် အထက်မှ နှစ်ပေါင်း သုံးရာ တွင် ကိုးနှစ် ပေါင်း ထည့်  ခြင်းဟူသော စကားသည် မည်သည့်ခေတ် မည်သည့် လူတစ် ဦးတစ်ယောက် ကမျှ အ ငြင်း ပွား ၍ မရသော အသုံး အနှုံ ဖြစ်သည်။ ကမ္ဘာတွင် Solar Calendar (နေပြက္ခဒိန်) နှင့် Lunar Calendar  (လပြက္ခဒိန်) ဟူ၍နှစ်မျိုးနှစ်စား သုံးစွဲကြသည်။ နေပြက္ခဒိန်၏ နှစ်ပေါင်း သုံးရာသည် လ ပြက္ခဒိန်၏ နှစ်ပေါင်း ၃၀၉နှစ်ဖြစ်သည် အကယ် ၍ နှစ်ပေါင်း၃၀၀ ဟု အထက်ပါ အာယာသ် တွင် ဖော်ပြထား ပါက လူသားများ အနေဖြင့် လပြက္ခဒိန်အရ နှစ်ပေါင်း၃၀၀ သို့မဟုတ် နေပြက္ခဒိန်အရ နှစ်ပေါင်း ၃၀၀လားဟူ ၍ စောရကတက် ၍ မရနိုင်ရန် အတိအကျ နေပြက္ခဒိန် အရနှစ်သုံးရာ၊ လ ပြက္ခဒိန် အရ ၃၀၉နှစ်ဖြစ်သည်ဟုဖော်ပြထားခြင်းဖြစ်သည်။ ထိုနည်း တူစွာ ကေယာမသ်ပြန် လည်ရှင် သန်ကြ ရာတွင်လည်း “ဘရ်ဇခ်”ဟူသောအချိန်နှင့်အာကာသ၏ လွှမ်းမိုးမှုမှ ကင်းဝေးသော နေရာမှ ပြန်လည်ထကြသည့်အခါ အထက်မှ လှိုင်ဂူနေ လူသားများကဲ့သို့ တစ်ရက်၊ နေ့တစ်ဝက်၊ တစ်နာရီ၊ တစ်အောင့်ဟုထင်ကြမည်ဖြစ်သည်။

လွတ်(က်)မာန်း

No Comments Yet


There are no comments yet. You could be the first!

Write comment

Please read this note before your write comment.


Quranic Study Group
Los Angeles, California, USA
© 2005 - 2010 QuranInBurmese.com All Rights Reserved
Security & Design by
COMREZ Computer
Click here to download Zawgyi Font
Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976
Quran 38:29
Quran 26:24
Quran 3:138
Quran 6:153