ကျမ်းမြတ်ကုရ်အာန်၏ခေတ်ရှေ့ပြေးဟောကိန်းများ။(၃)
ကျမ်းမြတ်ကုရ်အာန်၏ထူးခြားသောအသုံးအနှုံးဆိုင်ရာ ကိုယ်ပိုင်မူ
အလ္လာဟ်အရှင်ထံမှပို့ချထားသော ကျမ်းမြတ်ကုရ်အာန်ကို နားလည်သဘောပေါက် သိ ရှိနိုင်ရေးကို အပတ်တကုတ်ကြိုးပမ်းကြကုန်သောသူတို့ အခိုင်အမာသဘောပေါက်လာ သည့် အချက် မှာ ကုရ်အာန်ကို ကုရ်အာန်ကသာ တိတိပပ အနက်ဖွင့်ဆိုပေး၏။ ဤအချက် ကို အောက်ဖော်ပြကုရ်အာန် ၇၅း၁၉ တွင် အထင်အရှားသာဓက အဖြစ်တွေ့နိုင်၏။
(ယင်းကုရ်အာန်ကို ရှင်းလင်းဖွင့်ဆိုရန် ကိစ္စသည်ငါအရှင်၏တာဝန်ပင်အမှန်ဖြစ်၏။)
ကုရ်အာန်၏အစိတ်အပိုင်းတစ်နေရာတွင် ရှိသောဝေါဟာရအသုံးအနှုံးအကြောင်းအရာ ကို ကုရ်အာန်၏အခြားအစိတ်အပိုင်း တစ်နေရာတွင် တစ်ကြိမ်မကထပ်မံထပ်မံ တစ်ကျော့ပြီး တစ်ကျာ့ ဆင့်ကာဆင့်ကာ ဖော်ပြရင်း အသိဥာဏ်ပေးဝေလျက် ရှိနေသည်။ ကုရ်အာန်၏ အသိပညာရယူလိုသူတို့အဖို့ သက်ဆိုင်ရာ ဝေါဟာရအသုံးအနှုံး အကြောင်းအရာကို ဆစ်ပိုင်း စိတ်ဖြာခွဲခြမ်းပြီး ရှင်းလင်းထားကြောင်း ကုရ်အာန် ၆း၁၀၆ ၊ ၆၅ တွင်ဖော်ပြ ထား၏။
(အိုတမန်တော်သင်သည်သစ်စေ့ရှိအပြင်ခွံအတွင်းမှ အနှစ်သားကိုဆစ်ပိုင်းစိတ်ဖြာခွဲခြမ်းယူလိုက်သည် ဟု ပြောရလောက်အောင်ကိုငါအရှင် သည်အာယာသ်တော်များကို တစ်ကျော့ ပြီး တစ်ကျော့ ထပ်ခါ ထပ်ခါ ပြောင်းကာလှည့်ကာ အသွင်အမျိုးမျိုး အဆင်အမျိုးမျိုး ဖြင့်လိုရင်းသဘောကိုအထင်အရှားဖွင့်ဆို ထားပုံ မှာ အသိပညာရယူအသုံးချလိုသူများအတွက် နား လည် သဘောပေါက်သွားနိုင်၏။)
(ကုရ်အာန် ၆း၁၀၆ )သာဓကပေး၍၊တင်ပြ ရှင်းလင်းခြင်းဖြင့် အထက်ကဖော်ပြခဲ့သည့် အာယာသ်များကို ထပ်ခါထပ်ခါအလှည့်ပြောင်းပြု၍၊ အဆင်အကွက်အမျိုးမျိုးဖြင့် လိုရင်း သဘောဖော် ထုတ်ပုံကို လက်တွေ့ သက်သေထူပါမည်။
ဆွဗဲရ်အများဘာသာပြန်ဆိုချက်မှာ၊ သည်းခံခြင်း၊ ဆွဗဲရ်သည်းခံခြင်း မျှသာဖြစ်သည်။ သို့သော်ယင်း ဝေါ ဟာရဆွဗဲရ်ကိုအခြားအာယာသ်တော်များ ဖြင့်အဆင့်ဆင့်ရှင်း လင်းပြ ရမည် ဆိုပါ က၊ ရှေးဦးစွာကုရ် အာန်၂း၁၅၃ မှစတင်ပါမည်။
(အလ္လာဟ်အရှင်သည် ဆွဗဲရ် ရှိသူနှင့်အတူတကွရှိတော်မူ၏။)
ဤနေရာတွင် ဆွဗဲရ်၏ထွတ်မြတ်ပုံကိုသာဖော်ပြထား၏။ ဆွဗဲရ်ဟူသောဝေါဟာရ၏ အနက်သည်မည် သည့်အရာဖြစ်သည်ကို မရှင်းပြသေးပါ။ နောက်ထပ်အခြား တစ်နေရာ ကုရ်အာန် ၃း၁၄၃တွင်
( နဗီ တမန်တော် မြောက်များစွာတို့သည် လွန်မြောက်သွားခဲ့ပြီးဖြစ်သည်။ များစွာသော စိတ်တူကိုယ်တူ ရဲဘော်များသည် နဗီတမန်တော်များ နှင့်အတူ ဘဝတိုက်ပွဲများ ဆင်နွှဲခဲ့ကြ သည်။ အလ္လာဟ်၏ အရေး ကိစ္စများ တွင်ပါဝင်ရင်း ၎င်းတို့ ပေါ်သက် ရောက်ခဲ့သော ဒုက္ခဘေး အန္တရာယ်များ ကြောင့်စိတ်ဓါတ် ကျ ခြင်းလည်း အလျှင်းမရှိ၊ အားငယ် ပျော့ညံ့ သွားခြင်း လည်း အလျှင်းမဖြစ်၊ လက်မြောက် အညံ့ခံသွား ခြင်း လည်း မလုပ်ကြချေ။)
ဤသူတို့သာလျှင်ဆွဗရ်လုပ်သူ (ဝါ)ဆွာဗေရီးန်းစိတ်ဓါတ်ကြံ့ခိုင်သူများ၊ ရဲစွမ်းသတ္တိရှိသူများ၊ အနိုင်မခံအရှူံးမပေးဘဲတိုက်ပွဲ တစ်ရာအောင်ပွဲတစ်ရာရအောင်၊ ဘဝတိုက်ပွဲဝင်သည့်သူ များဖြစ် သော အားမာန် ၊ဇွဲ၊ လုံ့လ၊ ကြံ့ခိုင် တောင့်တင်းသူတို့ နှင့်အလ္လာဟ်အရှင်မြတ်သည် အတူတကွ ရှိနေ တော်မူ၏။)
ဤသည်မပြီးသေးပါ။ ကိန်းဂဏန်းအတွက် အချက်ဖြင့်ပင်အတိအကျ ထပ်ဆင့်ဖွင့်ဆိုရှင်း လင်းချက်ကို ကုရ်အာန် ၈း၆၆ တွင်တွေ့ ရပေမည်။
(အကယ်၍ အသင်တို့ ထံတွင် အားမာန်၊ ဇွဲ၊ လုံ့လ၊ ကြံ့ခိုင်သူတစ်ရာရှိလျှင် (တစ်ဖက်ရန်သူတိုက်ပွဲဝင်) နှစ်ရာ ကို ရွပ်ရွပ်ချွံချွံအောင်ပွဲခံနိုင်မည်ဖြစ်သည်။ )
ဤသို့ဖြင့် ဝေါဟာရ အသုံးအနှုံး အကြောင်းချင်းရာ တစ်ရပ်ကို ကုရ်အာန်ကျမ်းမြတ်၏ နေ ရာပေါင်း များစွာတွင် အာယာသ်များကို ထပ်ဆင့်ထပ်ဆင့် အလှည့်အပြောင်းအမျိုးမျိုးဖြင့် ဆိုလို ရင်း အနက်ကို ကွက်ကွက် ကွင်းကွင်း ကုရ်အာန်က ပို့ချလမ်းညွှန်လျှက် ရှိနေပေသည်။ အသိပညာ ရယူလိုသူ တို့ အဖို့ ထင်းကနဲ၊ ရှင်းကနဲ၊ ကွင်းကနဲ၊ ကွက်က နဲ၊ သဘောပေါက် နား လည် သိမြင်လာနိုင်ပုံကို၊ ဝေါဟာရ ခြင်းဖ လှယ်ရုံ၊သာမန်ဘာသာပြန် ဆိုရုံ၊ဝေါဟာရငှားရမ်း ဘာသာပြန်ဆိုရုံဖြင့်၊ကုရ်အာန်ကသိစေလို၊နားလည်စေလိုသော၊ အရာသည်ပေါ်လာနိုင်မည် မ ဟုတ်ပေ။ ဤသို့ဆိုလျှင် ဘာသာပြန် ဖတ် ရုံဖြင့် ဘာသာပြန် ဆိုသူ၏ အာဘော်ဆိုလို ရင်းကိုသာသိ်မည်၊ ကုရ်အာန်၏ ဆိုလိုရင်း ကို ရာနုန်းပြည့် သိရန်မလွယ်ကူပေ။
(ကုရ်အာန် ကို ကုရ်အာန်ကသာတိတိပပအနက်ဖွင့်ဆို ရှင်းလင်းပေးသည်။)
ဥပမာအားဖြင့် နှိုင်းယှဉ်တင်ပြရပါမူ၊ လူသားပညာရှင်တို့သီကုံး သုံးနှုံး ဖွဲ့နွဲ့ ရေးသားသော ကဗျာ လင်္ကာ များကိုပင် အခြား ဘာသာစကားဖြင့် ကျွမ်းကျွမ်းကျင်ကျင် ဘာသာပြန် ဆိုထား သည် ဆိုစေကာမူ၊ မူ ရင်းကဗျာလင်္ကာ၏အနှစ်သာရ သဘောတရား၊ အတိုင်းအ တာကိုကား၊အရှိအရှိတိုင်း ဖော်ညွှန်းထုတ်ပြန် ရန် မဖြစ်နိုင်ချေဟု စာပေပညာရှင်ကဝိ အကျော်အမော် များလောက တွင် အားလုံး လက်ခံထားကြ၏။
ကမ္ဘာလောကကြီး၏ Renaissance နိုးကြားမှူအသိပညာတိုးတက်မှူ အစမပြုမည် ခရစ် သက္ကရာဇ် (၇) ရာစုလောက်က ထုတ်ပြန်ပို့ချထားသော ကုရ်အာန်ကျမ်းမြတ်ကပေးသည့် အသိပညာ ရပ်များသည်၊ ခေတ်တိုင်း စနစ်တိုင်းတွင်တွေ့ကြုံရင်ဆိုင်ရသော ပြဿနာအ ရပ်ရပ် တိုင်း၏ စိန်ခေါ်မှူများကို ဖြေရှင်း ပေးလျှက်ရှိသော ကျမ်းတစ်ဆူဖြစ်သည်။ ထို ကျမ်းကို လူသားပညာ ရှိတို့က၊ မိမိတို့၏ အမိဘာသာ စကား တစ်ရပ်ရပ်ဖြင့် ဘာသာပြန် ဆိုမည်ဆိုပါက၊ မူရင်း အာရဗီ ကုရ်အာန် ကျမ်း၏ ဆိုလိုရင်းကို တိတိ ပပ အရှိရှိ အတိုင်း ဖော်ပြနိုင်ဖို့ကား အလွန်ဝေး လှပေ ၏။ တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်၏ အရာ ရာကို လွမ်းခြုံထားသော ရွှေဥာဏ်တော်အား၊ တစ်ခုကောင်း၊တစ် ဘာသာကောင်း၊တစ်ရွာတစ် ပုဒ်ဆန်းမျှ နားလည်သိရှိသည့် လူသားတို့ဘာ သာပြန် ရန် ဖြစ်နိုင်စရာ အကြောင်းအလွန် နည်းပါး၏။
အဘယ်ကြောင့်ဆိုသော် လူပညာရှင်တစ်ဦးသည် ကုရ်အာန်ကိုမည်မျှပင် ကျွမ်းကျွမ်း ကျင်ကျင် ဘာသာပြန်ဆိုထားသည် ဆိုစေကာမူ၊ ယင်းပညာရှိ တတ်ကျွမ်းထားသော အသိဥာဏ်ပ ညာဖြင့်၊ သူ၏ဝေါဟာရ ရွေးချယ်မှူကား သူ၏ပတ်ဝန်းကျင်ရှိ ဆယ်နှစ်မှနှစ် သုံးဆယ်ကြား၊ စာပေခေတ်ရေစီးကြောင်းတွင် သူ၏ဘာသာပြန်ကျမ်းသည် အံဝင်ဂွင် ကျ ဖြစ်ရုံမျှရှိ၏။ အသိပ ညာနှင့်ဝေါဟာရအသုံးအနှုံးတို့သည်လည်းလျှင်မြန်စွာပြောင်း လဲနေရကာ၊ နှောင်းခေတ်မျိုးဆက်သစ်တို့အဖို့၊အသုံးမပြုတော့သည့်ဝေါဟာရကိုဖော်ပြ ၍ ရာသက်ပန်လမ်းညွှန်ကျမ်း ကုရ် အာန်ကို အမြဲတန်းအတွက် စံချိန်စံညွှန်းမီမီ၊ ဘာသာ ပြန် ဆိုဖို့ကား လုံးဝမဖြစ်နိုင်ပေ။
ယနေ့ကမ္ဘာ့စာပေလက်ရှိအခြေအနေတွင် အကြွယ်ဝဆုံးဟု အများလက်ခံထားသော အင်္ဂလိပ် စာသည်၊ ကုရ်အာန်ကို ဘာသာပြန်ဆိုသူတို့က အံ့သြ၍ မကုန်နိုင် သော အချက် တစ် ချက်မှာ စင်္ကြ ဝဋ္ဌာအနန္တ ဖြစ် တည်ပေါ်ထွန်း နေခြင်းအဆင့်ဆင့် The Various Stages Of The Creation Of Universe တွင်အင်္ဂ လိပ်စာ ၌ Creation ဝေါဟာရ တစ်ခုတည်းသာ ရှိ၏။ ကုရ်အာန် တွင် ‘အလ်အမ်ရု’ ‘ဘဒအ’ ‘ဖသွရ’ ‘ခလက’ ‘ဆွနအ’ ဟု အနုစိပ် အဆင့်ဆင့် သီကုံး နှုံး ဖွဲ့ထား သဖြင့်၊ကုရ်အာန်၏ အာရဗီ စာစကား ရှေ.တွင် အင်္ဂ လိပ်စာ၏ နုံချာ ဆင်း ရဲမှူ ကိုသာ သုတေသီ ပညာရှင်များက သိမြင် လာကြသည်။ ဤ သည် ကျွန် တော်တင်ပြမည့် ‘ကျမ်းမြတ် ကုရ်အာန်၏ ခေတ် ရှေ့ သို့ အမြဲဦးဆောင် လျှက်ရှိ သော ဟောကိန်း များ’ ဆောင်း ပါး၏ အဖွင့်ဖြစ်သည်။
ထိုအဖွင့်တွင် ပါဝင်သော အာရဗီစာပေနှင့် ကျမ်းမြတ် ကုရ်အာန်ဆိုင်ရာ ဖွင့်ဆိုချက်များမှာ (မွဖ်သီဦးမြတ်သူ၏ ကျမ်းမြတ်ကုရ်အာန် စွယ်စုံကျမ်း ပထမတွဲ) မှ ကောက်နှုတ်ဖော်ပြ ချက် ဖြစ် သည်။
အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။
ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်)















No Comments Yet
There are no comments yet. You could be the first!
Write comment