ကျမ်းမြတ်ကုရ်အာန်၏ခေတ်ရှေ့ပြေးဟောကိန်းများ(၄)

ကျမ်းမြတ်ကုရ်အာန်ကို လေ့လာဆည်းပူးရာ၌၊ အဓိကအရေးကြီးသော အချက်များအ နက် အဓိကအချက် တစ်ချက်မှာ ကုရ်အာန်တွင် အာယာသ်တော်အမျိုးအစား နှစ်မျိုးရှိ သည်ကို သိ ထားရမည်။ ကျမ်းတော် တွင် ကျမ်းတော်ပါဖော်ပြချက် နိယာမ ဥပဒေများကိုအမည် နာမနှစ်မျိုးဖြင့် ဖော်ပြထားပေသည်။ ၎င်းကို၃း၇တွင် မြင်ရုံတွေ့ ရုံဖြင့်ချက်ချင်းလက်ငင်း ကွင်းကွင်း ကွက် ကွက်သိနိုင်သော ပင်မအုတ်မြစ်နိယာမ “မု ဟာကေမသ်”နှင့် ထိုပင်မနိ ယာမကို ဆင့်ကဲဆင့်ကဲ သိမြင်လာစေသော၊ တွေးလေ နက်လေ၊ ခေတ်ရှေ့သို့ပြေးလေ ဦးဆောင်နေသော “မုတရှာဗီ ဟတ်” တို့ဖြစ်ပေသည်။ “မုတရှာဗီဟတ်” ခေတ်ရှေ့လွန် ညွှန်းချက် ဥပဒေဆိုသည်မှာ မူလပြဌာန်းထားသည့် ပင်မအုတ်မြစ် မိခင် ဥပဒေနိယာမ များကို တွေးလေ မြင်လေ ဖြစ်သည့်အတွက်၊ တွေးတော စဉ်းစား ဗဟု သုတကျယ် လာလေလေ မြင်လေလေ သဘောကိုဆောင်ပေသည်။ ထိုဥပဒေများကိုမြင်နိုင်ရန်အ တွက် ကျောင်းတ်ာစွဲ၊ဂိုဏ်းစွဲ၊ မိရိုးဖလာအယူစွဲ၊ ဆရာသခင်တို့ပြုစုကိုးကား နေသည့် ဂိုဏ်းကြောထောက်နောက်ခံ ပြုသည့်ကျမ်းစွဲများကို ဖြုတ်ပါယ်လျက် ကျမ်းမြတ်ကုရ် အာန်ကို ကျမ်းမြတ်ကုရ်အာန် အတိုင်းသာ လေ့လာသုံးသပ်၊ တွေးတောတတ်သူတို့အ ဘို့သာ ဖြစ်ပေ သည်။

ထိုအကြောင်းကို ကျမ်းတော် ၏ ၅၆း၇၉ တွင်

(“ဤကျမ်းသည် အဖြူထည်သက်သက် ဖြစ်သူတို့မှအပ အခြားသူများအတွက် အာနိသင်ရှိမည်မဟုတ်၊”) ဟု အတိအကျထောက်ပြထားပေသည်။

ဥပမာအားဖြင့် ၅၅း၃၇တွင် ဂြိုလ်ကမ္ဘာတစ်ခု၏ နိဂုံးကို ပြောဆိုရာ၌ (ကောင်းကင်ယံ သည် အက်ကွဲကြေမွလျက် ၊ နှင်းဆီနီကဲ့သို့ချင်းချင်း နီသွားသောအခါ၊”) ဟူသော နိယာ မဖော်ပြချက် သည် ရိုးရိုးဖတ်နေသူအတွက်လည်း တစ်နေ့ကမ္ဘာဖြစ်စေ ဂြိုလ်တစ် ခုဖြစ်စေ  ပေါက်ကွဲပျက်စီ်းလျှင် မီးလောင်သကဲ့သို့ ရဲရဲနီ လောင်ကျွမ်းမှာပဲဟု သူ့အ ဓိပ္ပါယ်နှင့် သူနားလည်ပြီး ဖြစ် သည်။  ထိုအချင်းအရာကိုကျောင်းတော်ဝါဒကဝင်ရောက် စွက်ဖက် လျက် ကျမ်းတော်ပါနိယာမအား မိမိညာဏ်မမှီသော စကားလုံးများဖြင့်ဋီကာ ချဲ့လိုက် သောအခါ “ ကောင်းကင်သည် အက်ကွဲ လျက် သားရေပြားကြီးဖြစ်သွားလိမ့် မည်” ဟုဖြစ် လာပေတော့ သည်။

ရိုးရိုးအဖြူထည်အာရဗီစာပေကို လေ့လာသူတိုင်းသည် ဤဝါကျတွင်ပါသော အရဗီဝေါ ဟာရ“ဝါရ်ဒါဟ်” ဆိုသည်မှာ နှင်းဆီနီကို ခေါ်ကြောင်းသိပေသည်။ သို့သော်ကုရ်အာန် ကျမ်း တော် ၏ နောက်နှစ်ပေါင်း၇၀၀ ကျော်နောက်ကျမှ ပေါ်လာသော သဖ်စီရ် (အထကထာ)များက  “ဝါရ်ဒဟ်”ကို သားရေပြားဟု ဖွင့်ဆို၍ နောက်လိုက်တပည့်များက ဆရာသခင်များ၏ ဖွင့် ဆိုချက် ကို ပြန်လည်မစီစစ်ရဲ၊ မစီစစ်ရဟူသည့် ဆရာ တော်ပုံအပ် ဆည်းကပ်မှုဝါဒကြောင့် ကျမ်းတော်အားအဖြူ ထည်သက်သက်လေ့လာဆည်းပူးခြင်း အနု သုခများ ပျောက်ဆုံးလျက်၊ ကျမ်းတော် ၏ မူရင်းအနှစ်သာရ တင်ပြချက် နိယာမလည်း ပျက်၊ကမောက် ကမနှိုင်သော အတွေးအခေါ်များကို ဖက်၍သာနေရပေတော့ သည်။ နောက်ဆုံးတွင် မည်သည့်ဂိုဏ်းဂဏ ဝါဒကိုမှ လက်ကိုင် ထားခြင်းမရှိသော အမေ ရိကန်အာကာသ သုတေသနအဖွဲ့မှ လွှတ်တင်လိုက်သော ဂြိုလ်တုမှ ထိုကျောင်းတော် ဝါဒီများထက် ကျမ်းတော်၏ မူလနိယာမကို ပြန် လည် တင်ပြနိုင်လေတော့၏။ ထိုဂြိုလ်တုမှ ရိုက်ယူရရှိခဲ့သော ပျက်တော့ မည့်ဂြိုလ် တစ်လုံး၏ပုံမှာ အနီရောင်နှင်းဆီပွင့်ကို ဆီလူး ထားသည့်အလား ဖြစ်ပေသည်။ ထို့ကြောင့် ၎င်းကို Red Rose Nebula ဟု အမည်ကင် ပွန်း တပ်ခေါ် ပေသည်။

 

Red Rose Nebula

Red Rose Nebula

ဆိုလိုသည်မှာ Red Rose Nebula ကိုအမည်တပ်မခေါ်ခင် အ လျင်နှစ်ပေါင်း ၁၅၀၀က ထဲပင် ကျမ်းတော်မြတ်က ဂြိုလ်တစ်လုံး ပျက်သုံးတော့မည့် လက္ခဏာကို အတိအကျပြော ထားခဲ့သည်။ သို့သော်ကျောင်းတော်ဝါဒက ထိုလမ်းကြောင်းမှ အတွေးအခေါ် မှားများကို သွန်သင်သည်ဟူသည့်အချက်ပင် တနည်းအားဖြင့်အမြဲ အသက်ဝင်လျှက်ရှိနေ သည့်ခေတ်ရှေ့ဆောင်ကျမ်းတော်ပါ နိယာ မများအားကျောင်းတော်ဝါဒဖြင့်ချဉ်းကပ်ဖွင့် ဆိုခြင်းဖြင့်ကျမ်းတော် ၏ အရှိတရားကို အရှိအတိုင်းမြင်တွေ့ရခွင့်နှင့် လွဲကြ ရခြင်းဖြစ် သည်။  ထိုဥပဒေနိယာမ “ကောင်းကင်ယံသည် အက် ကွဲကြေမွ လျက် နှင်းဆီနီကဲ့သို့ ချင်းချင်းနီသွားသောအခါ”အားကျမ်းတော် ပါအတိုင်းထားလိုက်လျှင်သာမန်နွားကျောင်း သားတစ်ယောက်မှ သည် ဒသနပညာရှင် ကြီး တစ်ဦးအထိ လွယ်ကူစွာ နားလည်နိုင် ပါ သည်။ ကျမ်းတော်ပါ “မုတရှာဗီဟတ်” ဆိုသည်မှာ ကျမ်းတော်ကို အဖြူထည်သက်သက် လက်ကိုင်ထားလျက်ခေတ် စနစ်နှင့်အညီ နားလည်သဘော ပေါက်လာခြင်းကို ခေါ်ပေ သည်။

(ဤကျမ်းဂန်ကို အသင့်ထံသို့ ဆင့်ကဲဆင့်ကဲ တဖြည်းဖြည်း ချင်းချပေးခဲ့ရခြင်းသည် အရာ ခပ်သိမ်း တို့၏ ရှင်းလင်းချက် အဖြစ်လည်းကောင်း၊ လမ်းညွှန်အဖြစ်လည်းကောင်း၊ ဂရုဏာ အဖြစ် လည်း ကောင်း၊  သတင်းကောင်းအဖြစ်လည်းကောင်း၊ တုနှိုင်းမဲ့ကိုးကွယ်ရာ အရှင်အား အပ်နှင်း သူများ အတွက်ဖြစ် သည်။) ကုရ်အာန်၁၆း၈၉

ကုရ်အာန်သည် လူသားတစ်ရပ်လုံး၏ လမ်းညွှန်ကျမ်းဖြစ်သကဲ့သို့၊ အရှင်၏ ဖန်ဆင်းခံ အရာအား လုံး၏ ရှင်းလင်းချက် စကြ၀ဠာဆိုင် ရာ စွယ်စုံကျမ်းကြီး လည်းဖြစ်သည်။ အထက်မှ ဖော်ပြခဲ့သော “မု သရှာဗေဟသ်”(ခေါ်) အမြဲလန်းဆန်းသစ် လွင်နေသော အာယသ် များမှာပြောင်းလဲလာသော ခေတ်ကာလများနှင့်တိုးတက်လာသော လူတို့၏ အခြေအနေပေါ်တွင်မူတည်၍သာသိရှိနိုင်သောအကြောင်း အရာများလည်း ပါဝင်သည်။ ကုရ်အာန် ကျရောက်သော အချိန် က လူသားတို့သည် အစီးအနှင်းယာဉ်များ အဖြစ် မြင်း၊ ကုလားအုပ်တို့် အား အသုံး ပြုခဲ့ကြသောကာလ ဖြစ်သည်။ ထိုအချိန်ကပင် ကျမ်းမြတ် ကုရ်အာန်၈၄း၁၉ တွင် လူသား တို့ သည် ဂြိုလ် ကမ္ဘာများသို့ အစီးအ နှင်းယဉ်များဖြင့် ဧကန်သွားကြ မည်ဟူ၍၊ ဟောကိန်း ထုတ် ထားပြီးဖြစ်သည်။ ထိုကုရ်အာန်၏ဟောကိန်း ကို ယနေ့မျက်မှောက် ခေတ်တွင်မှ ဓိဌမြင်တွေ့ကြ ရခြင်းဖြစ် သည်။

လူသားများအနက် မွတ်စလင်မ်များသည် ဝတ်ပြုကြရာ၌ မကာမြို့(မစ်ဂျစ်ဒ်ဟရမ်)ကာ ဘာကျောင်းတော်ရှိရာ သို့ဦးလှည့်၍ ဝတ်ပြုကြရသည်။ ထိုကဲ့သို့ ကာဘာ ဖက်သို့ မျက်နှာ မူရန် အမိန့် ကို၂း၁၄၉၊၁၅၀တို့တွင်ပြဌာန်းထားသည်။ ကုရ်အာန်တွင် လူသားတို့သည် အခြားဂြိုလ်များသို့ သွားရောက်ကြရမည့်အကြောင်း၈၄း၁၉တွင် မိန့်ကြားထားသည်နှင့် အညီ၊ဂြိုလ်ကမ္ဘာပေါ် သို့ရောက်ရှိသော(သို့မဟုတ်) ထိုဂြိုလ်ကမ္ဘာ ပေါ်တွင်နေထိုင်ကြပါက ထိုဂြိုလ်ကမ္ဘာများမှ ဝတ်ပြုရာတွင် ကမ္ဘာမြေရှိ ကာဘာကျောင်းတော်ဘက်သို့ လှည့်၍ ဝတ်ပြု ရန်မဖြစ်နိုင်တော့ပေ။ ထို အကြောင်းကို အကြွင်းမဲ့သိတော်မူသော တုနှိုင်းမဲ့ကိုး ကွယ်ရာ အရှင်က ထိုဂြိုလ်ကမ္ဘာပေါ်တွင် ဝတ်ပြုရာ၌ မျက်နှာမူ ရမည့် အမိန့်ကိုလည်း ကုရ်အာန်တွင် တပါ တည်း ထုတ်ပြန်ထား သည်။

ကုရ်အာန်၂း၁၁၅ တွင်

(အလ္လာဟ်အရှင်သည် အရှေ့အရပ်နှင့် အနောက်အရပ် ကိုစိုးပိုင်သောအရှင်ဖြစ်သည်။ အသင်သည်မည် သည့်အရပ်ကိုပင် လှည့်၍ဝတ်ပြုသည်ဖြစ်စေ ၊ အလ္လာဟ်အရှင်ဖက်သို့လှည့် ခြင်းဖြစ်၏။ ဧကန်အလ္လာ အရှင် သည် ကျယ်ဝန်းစွာ အကြွင်းမဲ့သိတော်မူသော အရှင်ဖြစ်၏။ )

ဤသည့် အချက်တစ်ချက်ဖြင့်ပင် ကုရ်အာန်၏လမ်းညွှန်မှုများသည် ကမ္ဘာကုန်ကျယ် သရွေ့ကမ္ဘာကြီးတည်ရှိနေသရွေ့၊ ခေတ်တိုင်းနေရာတိုင်း လူတိုင်းအဖို့ ပြီးပြည့်စုံသော လမ်းညွှန် မှုများဖြစ်ကြောင်းမြင် တွေ့နိုင် ပေသည်။

ဆက်လက်တင်ပြပါဦးမည်။

ဦးစီုးလွင်(ငြိမ်းချမ်းလျင်စစ်)

4 Comments

MT says:

လာလည်သွားပါတယ် ဒါမျိုးလေးတွေကိုများများဖတ်ချင်ပါတယ် ကျေးဇူးတင်ပါတယ်

Thumb up 4 Thumb down 0

23 Jan 10 @ 10am

Umar Sharif says:

Wish You All The Best

Thumb up 3 Thumb down 1

26 Jan 10 @ 9am

Rafiq Jamil says:

This is a very infomative site. I like it and I want to thank to Mr. U Soe Lwin for his tremendous effort on the subject. May Allah bless you all.

Thumb up 2 Thumb down 0

02 Feb 10 @ 4am

ှshakilar says:

Asalaamualaikum
ပြီးပြည်စုံတဲ့ ကုရ်အာန် ရဲ့  သဘော သဘာဝ ကို လူသားတိုင်းနားလည်စေချင်ပါတယ်။

Thumb up 2 Thumb down 0

09 Feb 10 @ 2am

Write comment

Please read this note before your write comment.

 

Quranic Study Group
Los Angeles, California, USA
© 2005 - 2012 QuranInBurmese.com All Rights Reserved
Click here to download Zawgyi Font
Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976
Quran 38:29
Quran 26:24
Quran 3:138
Quran 6:153