Quran Knowledge - QuranInBurmese

မယားပြိုင်ဝါဒဆိုင်ရာဝိရောဓိ။

ကျမ်းမြတ်ကုရ်အာန်တွင် ကဏ္ဍပေါင်း ၁၁၄ခု အနက် အမျိုးသမီးများ ၏အခွင့်အရေး ကဏ္ဍဟူ၍ သီးခြား ကဏ္ဍတစ်ရပ်ပြဌာန်းထားသည်။ ထိုကဏ္ဍ ကို မွတ်စလင်မ်များ အနေဖြင့်သက်တမ်းတစ် လျှောက်တွင် မိမိတတ်သိသော ဘာသာစကားဖြင့်ဖတ်ရွတ် သဘောပေါက်နားလည် ရမည်မှာ တာဝန်တရပ် ဖြစ်သည်။ ထိုဥပဒေပြဌာန်းချက်များကို သိရှိခြင်းဖြင့် မိမိတို့အချင်းချင်း အတွင်း၌ ဇနီး လေးယောက် ယူရမည်၊ မယူရမည်ဟူသော“ဝိရောဓိ”များပေါ်ပေါက်လာနှိင်မည် မဟုတ်ပေ။

အချင်းချင်း အတွင်း၌မရှိသောအကြောင်းအရာအရှုတ်အထွေးများနှင့်စပ်လျှင်းပြီးအခြားဘာသာဝင် များ၏ စွပ်စွဲချက်များဟူ၍လည်းပေါ်ပေါက်လာနိုင်စရာအကြောင်းမရှိတော့ပေ။  အခြား ဘာသာဝင် များက ပြောဆိုစွပ်စွဲလာပါကလည်း  ထိုအမျိုးသမီးကဏ္ဍကို တစ်ခါဘူးမျှ မိမိ တတ်သိသော ဘာသာဖြင့် ဖတ်ဖူးသူ တိုင်းက ဓမ္မဓိဌာန်ကျကျ ပြန်လည် ချေပနိုင်မည်ဖြစ်သည်။ ဖော်ပြပါ မယားပြိုင် ဝါဒ နှင့် စပ်လျှင်းပြီး မွတ်စလင်မ်အများစု ကျင့်သုံးလျှက်ရှိသော နားလည် သဘောပေါက် ထားသော အယူ ဝါဒများသည် ကုရ်အာန်ပါ အခြေခံဥပဒေနှင့် ဖီလာဆန့်ကျင် လျှက်ရှိသော ဝါဒ လမ်းစဉ်များ သာဖြစ်သည်။

ထိုသို့သော အကြောင်းများကြောင့်မယားပြိုင်ဝါဒနှင့်စပ်လျှင်းပြီးအခြားဘာသာဝင်များ၏ ထောက်ပြ ဖွယ်ရာ ဖြစ်ခဲ့ ရသည်။ အကယ်၍သာမွတ်စလင်မ်အများစုသည် ကုရ်အာန်ပါဥပဒေ များနှင့်  ထိတွေ့ လေ့လာ လိုက်စားမှု အလေ့အထများသာရှိနေခဲ့ပါလျင်မည်သူ တစ်ဦး တစ်ယောက်၏ စွပ်စွဲ ပြစ်တင်မူ ကို မျှခံ ကြရမည် မဟုတ်ပေ။

(၁) အစ္စလာမ်သာသနာ၏အခြေခံဥပဒေဖြစ်သောကျမ်းမြတ်ကုရ်အာန်၏လမ်းညွှန်ချက် တွင် တစ်လင် တစ်မယား စနစ်ကိုသာလမ်းညွှန်ထားသည်။

(၂) အခြေအနေနှင့်အချိန်အခါပေါ်တွင်မူတည်၍ လိုအပ်လာပါက မယားပြိုင်စနစ်ကို တိကျ  သေချာ သောဥပဒေစည်းကမ်းဘောင်များအားဖြင့် ကန့်သတ်၍ ခွင့်ပြုထားသည်။ ဤသည် ကုရ်အာန်ပါ မယားပြိုင်စနစ် ကိုမတင်ပြမီထိုအချက်နှစ်ချက်ကိုပထမဦးဆုံးသိထား ရမည် ဖြစ်သည်။

ထိုမယားပြိုင်စနစ်နှင့် စပ်လျှင်းပြီး၊ အမျိုးသမီးများကဏ္ဍ(ခေါ်) စူရာဟ်(၄) အာယာသ်(၃) တွင် ပါဝင် သည်။ ထို ၄း၃ ပါမယားပြိုင် ကဏ္ဍကို နားလည်သဘောပေါက်ရန် အတွက် ထိုအာယာသ် (၃) မတိုင် ခင် အာယာသ်(၁) မှ တောက်လျှောက် အမျိုးသမီးကဏ္ဍ တစ်ခုလုံးပါ အာယာသ် (၁၇၆) ထိ ကို နားလည် သဘောပေါက် ရမည် ဖြစ်သည်။ ထိုကဏ္ဍတစ်ခုလုံးသည် အစ္စလာမ့်သမိုင်းဝင် “အူဟူဒ်” စစ်ပွဲကို အကြောင်းပြု၍ကျရောက် ခဲ့ခြင်းဖြစ်သည်။ ထိုစစ်ပွဲတွင် မွတ်စလင်မ် အမျိုးသား စစ်သည်တော် (၇၀၀) အနက် စစ်သည်တော် (၇၀) တိတိ ကျဆုံးခဲ့သော စစ်ပွဲ ဖြစ်သည်။ ထိုအချိန် ထိုအခါက မွတ်စလင်မ် ဟူသည် လူနည်းစုများ သာဖြစ်သည်။ ထိုလူနည်းစုအတွင်း လူ (၇၀) တို့၏ ဇနီးမယားများ နှင့် ဖသက်ဆိုး ကလေးသူငယ် များစွာ ကျန်ရှိခဲ့ကြသည်။

ထို့ကြောင့် အမျိုးသမီးကဏ္ဍဟူသော အမည်ဖြင့် အာယာသ်ပေါင်း (၁၇၆) ပါဝင်သော ဥပဒေ ပြဌာန်းချက် ဖြစ်သည်။ ထိုအာယာသ်ပါ ဥပဒေများကို သဘောပေါက်ရာ၌ ထိုအချိန်ထိုအခါက အစ္စလာမ် မတိုင်ခင် အမျိုးသမီးများ၏ အခြေအနေကို သမိုင်းကြောင်းအရ သိထားမှသာလျှင် ယခုတင်ပြမည့်ဥပဒေများ၏ လေးနက်မှု ကိုပို၍သဘောပေါက်နိုင်မည်ဖြစ်သည်။

(၁) အစ္စလာမ်မတိုင်ခင် အာရဗ်များသည် ရေတွက်၍မရနိုင်သောဇနီးများကို မယားပြိုင် အဖြစ် ထားကြသည်။(အကန့်အသတ်မရှိပေ)

(၂) မိန်းကလေးများသည် အာရဗ်များ၏ ဇနီးမယားများ အဖြစ်လည်းကောင်း၊ ကိုယ်လုပ်တော်

မောင်းမများ အဖြစ်လည်းကောင်း၊ ငွေဝယ်ကျွန်မများ အဖြစ်လည်းကောင်း၊ အသုံးချခံအရာ ဝတ္ထုများ ကဲ့သို့ ဖြစ်ခဲ့ ကြရသည်။

(၃) မိန်းကလေးများ မွေးဖွားလာပါက အရှင်လတ်လတ် မြေမြုပ်သတ်ခဲ့ကြသည်။

(၄) အမျိုးသမီးများသည် အမွေစားအမွေခံပိုင်ခွင့် မရှိခဲ့ကြပေ။

(၅) ဇနီးမယားများကို ကွာရှင်းရာ၌ လင်ယောက်ျား၏ နှုတ်ထွက်စကားသာလျှင် အဓိက ဖြစ်သည်။

(၆) ကွာရှင်းပြတ်စဲခံကြရသော ဇနီးမယားများအနေဖြင့် မည်သည့်ခံစားခွင့်မျှ မရရှိခဲ့ကြပေ။

(၇) အမျိုးသားများသည် မွေးရာပါ မြင့်မြတ်သူများ ဖြစ်၍ အမျိုးသမီးများသည် ၎င်းတို့၏ အသုံးတော်ခံ များဖြစ်သည်။

ဤသည် အစ္စလာမ် မတိုင်ခင် အလျင်အမျိုးသမီးများ၏ ဆုံးရှံးခဲ့ရသော မိန်းကလေးများ၏ အခွင့်အရေးများ အနက် အချို့ကိုတင်ပြခြင်းဖြစ်သည်။ ထိုသို့သော ကာလတွင် ကျမ်းမြတ် ကုရ်အာန်က အမျိုးသမီးများ နှင့်စပ်လျှင်းသော အခွင့်အရေးများကို ပြဌာန်း၍ အမျိုးသမီးများ၏ ဘဝကိုမြှင့်တင်ပေးခဲ့ခြင်းဖြစ်သည်။

၎း၁ တွင်၊

(အိုလူသားအပေါင်းတို့ အသင်တို့၏ မွေးမြူဖန်ဆင်းသော အရှင်ကို ချစ်ကြောက်ရိုသေခန့််ငြား

ကြ၊ ထိုအရှင်သည် အသင်တို့အား အရာတစ်ခု ထဲမှ ကြင်ဖော်နှင့် ကြင်ဖက် များအဖြစ်ဖန်ဆင်း၍ များစွာသော ယောက်ျားများနှင့် များစွာသော မိန်းမများကို ပြန့်ပွားစေခဲ့သည်။ အသင်တို့သည် အရှင်၏ပြဌာန်းထားသော ဥပဒေစည်းကမ်းများအတိုင်း အချင်းချင်းတို့၏ အခွင့်အရေးများကို တောင်းဆိုကြ၊ အသင်တို့အပေါ်သို့ အလ္လာအရှင်သည် အမြဲစောင့်ကြည့်တော် မူမည်ဖြစ်သည်။)

ထိုအာယာသ်ပါ “အရ်ဟမ်” ဟူသော ဝေါဟာရ၏ အဓိပ္ပါယ်မှာ သားအိမ်ဖြစ်သည်။ သားအိမ် တစ်ခု ထဲမှ မွေးဖွားလာကြသော ညီအစ်ကိုမောင်နှမများနှင့် စပ်လျှင်းပြီး ရသင့်ရထိုက် သော အခွင့် အရေး များကို မည်ကဲ့သို့ တောင်းဆိုရမည်၊ မည်ကဲ့သို့ အမွေခွဲရမည်ဟူသောဥပဒေ အသေးစိပ်ကို ထိုကဏ္ဍ တစ်ခုလုံးတွင် ပြဌာန်းထားပြီးဖြစ်သည်။ အခြားအဓိပ္ပါယ် တစ်မျိုးမှာ ယောက်ျားနှင့်မိန်းမဟူသည် သန္ဓေ တည်ရာ၌ တစ်မျိုးတည်းသော သားအိမ်မှ သန္ဓေတည်၍ လူဖြစ်လာသူများ ဖြစ်သည်ဟု အသိပေး၍ ခေတ်အဆက်ဆက် မိန်းမနှိမ်ဝါဒကို ထိုအာယာယာသ် ဖြင့်စတင်  ပယ်ဖျက် ခဲ့ခြင်းဖြစ်သည်။

၎း၂ တွင် ဆက်လက်၍

(အသင်တို့သည် အမွေထိန်းများဖြစ်ခဲ့ပါမူ ဖသက်ဆိုးကလေးများ၏ ပစ္စည်းဥစ္စာများကို အပြည့် အဝပေးကြ။ ထိုကလေးများ၏ ကောင်းသော ပစ္စည်းများနှင့် အသင်တို့၏ မကောင်းသော ပစ္စည်း ဥစ္စာများ ကို့်လဲလှယ်ခြင်း မပြုကြလေနှင့်။ ထိုနည်းတူစွာ ၎င်းတို့၏ ပစ္စည်းများကို အသင်တို့၏ ပစ္စည်း များ နှင့် ရောနှော၍ အသင်တို့မသုံးစွဲကြလေနှင့် ထိုကဲ့သို့ပြုခြင်းသည် လုံးဝဥဿုံကြီးမားသော အပြစ် ကျူးလွန်ခြင်းတစ်ရပ်ဖြစ်သည်။)

ထိုအမျိုးသမီးကဏ္ဍသည် တစ်မှအစချီ၍ နှစ်အထိပြောကြားနေခြင်းများသည် လူနည်းစု မွတ်စလင်မ် များအတွင်းကျဆုံးသွားသော အမျိုးသား(၇၀)တို့၏ ကျန်ရစ်ခဲ့သော မုဆိုးမများနှင့် ဖသက်ဆိုးများ၏ ပစ္စည်း ဥစ္စာများကို ထိန်းသိမ်းသော အမွေထိန်းများနှင့် စပ်လျှင်းပြီး စတင်၍ ပြဌာန်းခဲ့သော ဥပဒေများ ဖြစ်သည်။ဆက်လက်ဖော်ပြမည့်အာယာသ်သည်လည်းဖသက်ဆိုးများကို ကူညီစောင့်ရှောက်ရန်ဥပဒေ ဖြစ်သည်။

ဆက်လက်၍ ၄း၃ တွင်

(မိသက်ဆိုး ဖသက်ဆိုးများကို ကူညီစောင့်ရှောက်ကြ။ အကယ်၍နှောင်ကြိုးမဲ့ကူညီရာ၌ တရားမျှတမှု မရှိဟုစိုးရိမ်ဖွယ်ရာ ရှိပါက ထိုမုဆိုးမများအနက် နှစ်ယောက်ဖြစ်စေ၊ သုံးယောက်ဖြစ်စေ၊ လေးယောက် ဖြစ်စေ၊ အသင်တို့ ထိမ်းမြားလက်ထက်ကြလော့၊ သို့ရာတွင် “နေကာဟ်”နှင့် စပ်လျှင်းသော စည်းကမ်း ဥပဒေများ ကိုအတိအကျ လိုက်နာနိုင်မည် မဟုတ်ဟု ယူဆပါကမိန်းကလေး တစ်ဦးတည်း ကိုသာ ထိမ်းမြား လက်ထပ်ပါလေ။ ထိုကဲ့သို့ တစ်ယောက်တည်း ကိုထိမ်းမြားပါကလည်း ထိုတစ်ယောက် ထဲက တောင်းဆိုလာသော အခွင့်အရေးများကို မပေးနိုင်ပါက မိမိတတ်နိုင်သော မိမိပေးနိုင်သော အခွင့် အရေးများကို လက်ခံသဘောတူသူ တစ်ဦးကိုသာ ထိမ်းမြားပါ) ဟုပြဌာန်းထားသည်။

ထို ၄း၃ ပါဥပဒေသည် ယောက်ျားတစ်ယောက်အား ဇနီးပြိုင်ဝါဒကို တည်ဆောက်ခိုင်းသော ဥပဒေလော၊ သို့မဟုတ် ဇနီးတစ်ယောက်ထဲကို တစ်လင်တစ်မယား စနစ်အဖြစ်တည်ဆောက် ခိုင်းသော ဥပဒေလောဟူ၍အသိဥာဏ်အနည်းငယ်မျှရှိသူများပင်လျှင် သိနိုင်သော ဥပဒေဖြစ်သည်။ ထိုအချိန်က လူနည်းစုမွတ်စလင်မ်များအတွင်း အိမ်ထောင်စုပေါင်း(၇၀)၏ မိသားစုများ၏ စားဝတ် နေရေး သည် အသက်သွေးကြော သမျှအရေးကြီးသော အချိန်ဖြစ်သည်။ မွတ်စလင်မ်များ အတွက် အသက်စွန့်သွားသော ညီနောင်များ၏ ကျန်ရစ်သော မိသားစုများကို ကျွေးမွေး စောင့်ရှောက်ရန် ပြဌာန်းထားသော ဥပဒေဖြစ်သည်။

ထိုကဲ့သို့ နှောင်ကြိုးမဲ့ ကူညီခြင်း အားဖြင့် တရားမျှတမှု မရှိနိုင်ဟု စိုးရိမ်ရပါက ထိုမိသားစုများမှ

မုဆိုးမ များကို ထိမ်းမြားရန် ဖြစ်သည်။ ထိုကဲ့သို့ ထိမ်းမြားခြင်းဖြင့် ဇနီးမယားများဖက်မှပါလာ

သော ကလေးများသည် မိမိတို့၏ တရားဝင်သားသမီးများဖြစ်လာမည်။ ထိုမိသားစုများနှင့် ကလေးများ၏ လုံခြုံရေးသည် အပြည့်အဝရှိလာမည်ဖြစ်သည်။

သို့ရာတွင် ထိုကဲ့သို့ မယားပြိုင်ဝါဒကို ကျင့်သုံးရာ၌ ၄း၃ ပါနေကာထိမ်းမြားခြင်းပါ ဥပဒေများ နှင့်အညီ တစ်ဦးထက်ပိုသောဇနီးမယားများကို တူညီစွာ အခွင့်အရေးများမပေးနိုင်ပါက တစ်ဦး တည်းသော အမျိုးသမီးအား ထိမ်းမြားရန်ဖြစ်သည်။ ၄း၃ ပါဥပဒေသည် မယားပြိုင်ဝါဒတွင် တူညီသော အခွင့် အရေး ကို အညီအမျှပေးရန်ဖြစ်သည်။

ဆက်လက်၍ ၄း၁၂၉ ပါ မယားပြိုင်ဝါဒ၏ အခြားဥပဒေတွင်

(အသင်တို့သည် မည်မျှပင် တရားမျှ တရန် ဆန္ဒရှိသော်လည်း တစ်ဦး ထက်ပိုသော ဇနီးမိန်းမတို့၏ စပ်ကြားဝယ် အဖက်ဖက် မှတရားမျှတအောင် အလျှင်းပြုစွမ်း နိုင်ကြမည်မဟုတ်ပေ။ အသင်တို့ သည် ဇနီးမယား တစ်ဦးဦးဖက်သို့ လုံးဝမယိုင်သွားကြလေနှင့်၊ သို့ဖြစ်ပါလျှင် အခြားဇနီးအား သက်မဲ့ ပစ္စည်း တစ်ခုကို တွဲလျားချိတ်ထားဘိသကဲ့သို့ ဖြစ်၏။ ထိုကဲ့သို့ပြုခဲ့ပါမူ ပြန်လည်၍ ပြုပြင်ကြ ဧကန်အမှန် အရှင် သည်အလွန်ခွင့်လွှတ်တော်မူသောအရှင်ဖြစ်၏။)

ဇနီးမယားများနှင့်စပ်လျှင်း၍ ၄း၁၂၉ပါ ပြဌာန်းချက်သည် တစ်ဦးထက်ပိုသော ဇနီးမယားရှိသူ များနှင့် စပ်လျှင်းပြီး အသင်တို့မည်မျှပင်တရားမျှတရန်ဆန္ဒရှိသော်လည်း အသင်တို့သည် အဖက်ဖက်မှ ဇနီး မယားများအား တူညီစွာ တရားမျှတအောင်ပြုလုပ်နိုင်မည်မဟုတ်ဟူ၍ အစချီထား သောဥပဒေ ဖြစ်သည်။ ဤဥပဒေသည် ၄း၃ ပါဇနီးများကို တရားမျှတမှုတွင် တန်းတူ အခွင့်အရေးပေး ရမည်ဟု ဆိုထားခြင်းမဟုတ်။ ဇနီးမယားများကို တန်းတူချစ်ခင်မြတ်နိုးရမည် တန်းတူ အခွင့်အရေးပေးရမည်၊ တန်းတူညီမျှစွာ အတူနေပေးရမည်ဖြစ်သည်။ တန်းတူ ဂရု တစိုက်ရှိရမည် ဖြစ်သည်။ ထိုကဲ့သို့ တန်းတူမပြုနိုင်ပဲ တစ်ဦးဦးဖက်သို့ ပိုမိုယိမ်းသွားခြင်းသည် အခြား တစ်ဦးကို အိမ်ခေါင်တွင် သက်မဲ့ ပစ္စည်းတစ်ခုကို တန်းလန်းဆွဲထားသကဲ့သို့ ဖြစ်သည် ဟုဆိုခြင်းဖြစ်သည်။

တစ်ဦးထက်ပိုသော ဇနီးမယားများအား တူညီစွာချစ်နိုင်မည်မဟုတ်၊ တူညီစွာ အရေးပေးနိုင်မည် မဟုတ် ဟူသော ထိုအာယာသ်ပါ ဝေါဟာရသည် အလွန်သဘာဝကျသော အလွန်နက် နဲသော ကုရ်အာန်၏ အသုံးအနှုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လောကတွင်မိခင်မေတ္တာ ဟူသည် မိခင်များက၎င်း၏သားသမီးများ အပေါ်တွင်ထားရှိသော ကြီးမားသည့်မေတ္တာတရား ဖြစ်သည်။ မိခင်တစ်ဦးက ၎င်း၏သားသမီးများ အပေါ်တွင် ထားရှိသောမေတ္တာကဲ့သို့ ဖခင်တစ် ဦးသည် ၎င်း၏ သားသမီးများအပေါ်သို့ မိခင်တစ်ဦးနှင့်ထပ်တူထပ်မျှ ထားနိုင်မည်မဟုတ်ပေ။ ထိုမိခင်က ၎င်း၏ သားသမီးများ အပေါ်သို့ မေတ္တာထားရာ၌ အားလုံးသော သားသမီးများကို တူညီနိုင်မည် မဟုတ်ပေ။ အချို့ကိုအနည်းငယ်ပိုမည်၊ အချို့ကိုအနည်းငယ်လျှော့မည်ဖြစ်သည်။ ဤသည်သဘာဝပင်ဖြစ်သည်။ သို့ဆိုလျှင် အမျိုးသား တစ်ယောက်သည် ၎င်း၏ ဇနီးမယားများ ကို ချစ်ခင်ကြင်နာမှု ပေးရာ၌ တူညီနိုင်မည် မဟုတ်ဟူ၍ ၄း၁၂၉ ကလူသား၏ သဘောသဘာဝ ကို ဖော်ပြထားခြင်းဖြစ်သည်။

အစ္စလာမ်သာသနာ၏ အခြေခံဥပဒေဖြစ်သော ကုရ်အာန်သည် ကမ္ဘာကြီး တည်တံ့နေသ၍ လူသား များကို လမ်းညွှန်လျှက်ရှိနေမည့် ကျမ်းဖြစ်သည်။ ထိုကျမ်းပါ ဥပဒေများသည် လူသားများ၏ လူရေးကျမ်း များကဲ့သို့လူသား၏ မျက်စေ့တစ်ဆုံးမြင်တွေ့ရသော အမြင်ဖြင့် လှေနံဒါးထစ်၊ ပြဌာန်း ထားသော လူရေးဥပဒေမျိုးမဟုတ်ပေ။ အခြေအနေနှင့် အချိန်အခါပေါ် မူတည်၍ လူသားများ အတွက် လိုအပ်ချက်ဟူ၍ မရှိနိုင်ရန် ထာဝရအရှင်၏ အရာရာတိုင်းကို လွှမ်းခြုံနိုင်သော ဥာဏ်တော်ဖြင့် ဗျာဒိတ်ထားသော ဥပဒေများဖြစ်သည်။ အထက်မှဖော်ပြခဲ့သော အမျိုးသမီးများ ၏ကဏ္ဍသည် စစ်ပွဲတွင် ကျဆုံးသွားသော မွတ်စလင်မ် စစ်သည်များ၏ ကျန်ရစ်ခဲ့သော မုဆိုးမများ ဖသက်ဆိုး ကလေးများ၏ ဘဝကိုကယ်တင်ရန်ဖြစ်သည်။ ထိုမုဆိုးမများနှင့် ထိုဖသက်ဆိုး ကလေးများကို အတင်းအားဓမ္မနေကာဖတ်၍အပိုင်သိမ်းခိုင်းနေသောအမိန့်မဟုတ်ပေ။

ကုရ်အာန်ကပြသောနေကာဟူသည် နှစ်ဦးသဘောတူမှသာလျှင် နေကာပြုပိုင်ခွင့်ရှိသည်။ ထိုကဲ့သို့ နှစ်ဦးသဘောတူပါကလည်း အမျိုးသားက၊ အမျိုးသမီး၏တောင်းဆိုလာသော အခွင့်အရေးများကို ပေးနိုင်ရမည်။ မပေးနိုင်ပါက မိမိပေးနိုင်သော အခွင့်အရေးများနှင့်ပင်ကျေနပ်လက် ခံသော  အမျိုးသမီးကို နေကာပြုရမည်ဖြစ်သည်။ အမျိုးသမီးကိုနေကာပြုခြင်းဟူသည် သေတဖန်သက်တစ်ဆုံး ထိုအမျိုးသမီးအား ပေါင်းသင်းမည်ဟူသော ရည်ရွယ်ချက်ကို နေကာဟုခေါ် သည်။

အထက်မှ၎း၃ ပါ မိန်းမများကို နှစ်ယောက်ဖြစ်စေ၊ သုံးယောက်ဖြစ်စေ၊ လေးယောက်ဖြစ်စေ၊

ထိမ်းမြားရန်အမိန့်သည် မည်ကဲ့သို့သော မိန်းကလေးများကိုဆိုသနည်း၊ ထိုကဲ့သို့ပင် မည်သည့် အခြေအနေမျိုးတွင် ဖြစ်သနည်းဟူသည်ကို ကုရ်အာန်၎း၁၂၇ ကအသေးစိပ်ရှင်းလင်းထား ပေသည်။

(အသင့်ထံသို့ မိန်းမတို့နှင့်စပ်လျှင်း၍ တရားစီရင်ပြဌာန်းချက်ကို ၎င်းတို့က မေးမြန်းကြကုန်၏။

အသင် ပြောကြားပါလေ၊ အလ္လာဟ်အရှင်သည် မိန်းမများနှင့်စပ်လျှင်း၍ အသင့်ထံဝယ် ဗျာဒိတ် ကျမ်းဂန် တွင်ချပေးခဲ့ပြိးဖြစ်၏။ ဖသက်ဆိုးမိန်းကလေးများ၏ အခွင့်အရေးများကို ပြဌာန်းထားသည့် အတိုင်းပေးကြသည်မဟုတ်ဘဲ ထိုမိန်းမများကိုနှစ်ချိုက်၍ ထိမ်းမြားလိုကြ၏။ ထိုနည်းတူစွာ အားအင် ချိနဲ့သော လူငယ်များနှင့် စပ်လျှင်း၍ အမိန့်တော်များ လည်းဖြစ်၏။ ထို့အပြင် အသင်တို့သည် မိဘမဲ့ ကလေးများ နှင့်စပ်လျှင်း၍ တရားမျှတစွာဆောင်ရွက်ကြရန် အမိန့်တော်လည်း ဖြစ်ပေသည်။ စင်စစ် အသင်တို့သည် မည်သည့်ကောင်းမှုမဆို ပြုလုပ်ကြပါမူ အလ္လာအရှင်သည် ယင်း ကောင်းမှုကို ကောင်းစွာသိတော်မူသော အရှင်ဖြစ်၏။)

အထက်ပါ ၄း၁၂၇ ပါ ဖီး . ယသားမန့်…နေဆား… ၏ အဓိပ္ပါယ်မှာ (မုဆိုးမများ)(ကလေးပါသောအိမ်ထောင်ကွဲမိန်းမများ)

ဖြစ်သည်။ ကလေးများပါသော လင်သေမုဆိုးမများ သို့မဟုတ် ကလေးများပါသော လင်ကွဲမိန်းမ များကို ဆိုလိုခြင်းဖြစ်သည်။ အထက်မှ၎း၃ ပါ နှစ်ယောက်ဖြစ်စေ၊ သုံးယောက်ဖြစ်စေ၊ လေးယောက် ဖြစ်စေ၊ ထိမ်းမြားရန်အမိန့်သည် ဖီး . ယသားမန့်…နေဆား… (ခေါ်) ကလေးများပါ သော လင်သေ မုဆိုးမများ ဟူ၍ ၄း၁၂၇ က အတိအကျ ဖော်ပြထားခြင်း ဖြစ်သည်။ ထိုကလေးများပါသော လင်သေ မုဆိုးမတစ်ဦးကို ထိမ်းမြားခြင်းဖြင့် ထိုမိန်းမတွင် ပါလာသော ကလေးများ၏ ဘဝလုံခြုံမည်ဖြစ်သည်။ (နှစ်ယောက်ကိုထိမ်းမြားပါက ထိုမိန်းမ နှစ်ယောက်၏ ကလေးများ၏ ဘဝလုံခြုံမည်ဖြစ်သည်။ သုံးယောက်ကို ထိမ်းမြားပါက ထိုမိန်းမသုံးယောက်ပါ ကလေးများ၏ဘဝလုံခြုံမှုရှိမည်။ လေးယောက်

ကိုထိမ်းမြားပါက ထိုမိန်းမလေးယောက်ပါကလေးများ၏ဘဝကို လုံခြုံမှုရှိမည်။ )သို့ရာတွင် ထိမ်းမြားခြင်း၏ ဥပဒေသည် ပြဌာန်းပြီးဖြစ်သည်။ ၄း၃ တွင် တစ်ဦးထက် ပိုသော ဇနီးမယားများကို လုံးဝဥဿုံ ညီတူမျှတူ တပြေးညီထားရမည်။ ၄း၁၂၉ တွင် တစ်ဦးထက်ပိုသော ဇနီးမယားများ အားလုံးကို လုံးဝဥဿုံ ညီတူမျှတူ ချစ်မြတ်နိုးရမည်။ ညီတူမျှတူအရေးပေးရမည်။ ညီတူမျှတူ အတူနေပေး ရမည်။ ထို့အတွက်ကြောင့် အရာတိုင်းကို မိမိ၏ ဥာဏ်တော်ဖြင့်လွှမ်းခြုံတော်မူသော ဖန်ဆင်းရှင်က အသင်တို့သည် မည်မျှပင် ဇနီးမယားများကို တန်းတူချစ်ခင်မြတ်နိုးရန် ဆန္ဒရှိပါသော်

လည်း လုံးဝအသင်တို့စွမ်းနိုင်ကြမည် မဟုတ်ဟူ၍ အပြတ်ပြောထားသော အပြတ်ပြဌာန်း ထားသော အမိန့်ဖြစ်သည်။

ထပ်မံ၍ ၄း၁၂၇ တွင် အသင်တို့သည် ဖသက်ဆိုးကလေးများပါသော မိန်းမများကို ထိမ်းမြား လိုကြ၏။ သို့ရာတွင် ထိုမိန်းမတို့၏ကလေးများ(ဝါ) မယားပါကလေးများ၏ အခွင့်အရေးများ ကိုမူ ပေးလို ကြသည် မဟုတ်၊ကျမ်းဂန်တွင် အားအင်ချိနဲ့သူများ၊ ကလေးသူငယ်များ၊ ဖသက်ဆိုး ကလေးများနှင့် စပ်လျှင်းပြီး တရားမျှတစွာဆောင်ရွက်ရန် ပြဌာန်းထားပြီးဖြစ်သည်ဟု ထပ်မံချည်နှောင်ထားခြင်း ဖြစ်သည်။

အထက်ပါဗျာဒိတ်များသည် လူနည်းစု မွတ်စလင်မ်များအတွင်း အမျိုးသားပေါင်း(၇၀) ကျဆုံး ခဲ့သည့် အတွက်၎င်းတို့၏ကျန်ရစ်သူ မုဆိုးမများနှင့်လူမမယ်ကလေးများ၏ဘဝကို မြှင့်တင်ပေး ရန် အတွက် မယားပြိုင် ဝါဒကို တင်းကြပ်သောစည်းကမ်းဘောင်များခတ်၍ပြဌာန်းထားသောဥပဒေဖြစ်သည်။ ထိုကဲ့သို့အခြေအနေများဖြစ်ပေါ်လာပါက အခြေအနေနှင့် အချိန်အခါတို့တွင် မူတည်၍ မုဆိုးမများကို ထိမ်းမြားခြင်းဖြင့် ထိုမုဆိုးမများနှင့်အတူပါ ဖမဲ့ကလေးများ တို့၏ ဘဝကို မြှင့်တင်ရမည် ဖြစ်သည်ဟု ပြဌာန်းထားသောဥပဒေဖြစ်သည်။ မယားပြိုင်ဝါဒကို အခြေအနေ နှင့် အချိန်အခါတွင် မူတည်၍ ခွင့်ပြုချက်ဖြစ်သည်။ မလုပ်မနေရပြဌာန်းထားသောဥပဒေမဟုတ် ပေ။

များစွာသောမွတ်စလင်မ်မျာသည် အခြေခံဥပဒေဖြစ်သော ကျမ်းမြတ်ကုရ်အာန်ကို နေ့စဉ်ဖတ် ကြ၏၊ ရွတ်ကြ၏၊ သရဆည်ကြ၏၊ နမ်းကြ၏၊ ရှုံကြ၏။ အလွန်ချစ်ကြ၏။ သို့ရာတွင် ကုရ်အာန်၏ လမ်းညွှန်မှု အကျိုးကျေးဇူးများနှင့် ဆုံးရှုံးသူများဖြစ်ကြ၏။ ထိုသို့သော အကြောင်းများကြောင့် ကေယာမသ် ကမ္ဘာ့တရားစီရင်မည့်နေ့တွင် နှစ်ဘဝသခင်ကျေးဇူးရှင် တမန်တော်မြတ်ကြီး မုဟမ္မဒ် (အရှင့်၏ငြိမ်းအေးချမ်းသာမှု အပေါင်းခညောင်းပါစေ။) က မိမိတို့၏နောက်လိုက် အွမ္မသ်သားများ အတွက် ရင်ထုမနာဖြစ်၍ အလ္လာ့ဟ်ထံလျှောက်ထားမည့်အကြောင်း ကုရ်အာန် ၂၅း၃၀ တွင်

( တမန်တော်ကလျှောက်ထားမည်မှာ အိုကျွန်တော်မျိုးအား မွေးမြူဖန်ဆင်းသောအရှင် ဧကန် ကျွန်တော်မျိုး၏ “အွမ္မသ်” အမျိုးသားများသည် ဤကျမ်းမြတ်ကုရ်အာန်ကို စွန့်လွှတ် ခြင်းအားဖြင့် စွဲကိုင်ထားကြ၏။ )

(တနည်း ကုရ်အာန်ပါအဓိပ္ပါယ်များကို နားလည်သဘောပေါက်မှုမရှိပဲ၊ လိုက်နာကျင့်သုံးမှုမရှိပဲ အပေါ်ယံ ရွတ်ဖတ်သရဆည်ခြင်းအားဖြင့်ဆွဲကိုင်ထားကြ၏။ံ)

ဦးစိုးလွင်(ငြိမ်းချမ်းလျပ်စစ်)

6 Comments

Roger Kyaw Swar Phone Maung says:

Dear all,

I have one question.

Although the Quran is teaching like this, according to Wikipedia Encyclopedia, why did our Prophet Mohammad (SAAS) have 13 wives ?
They are 1.Khadijah bint Khuwaylid, 2. Sawda bint Zama, 3. Aisha bint Abi Bakr, 4. Hafsa bint Umar, 5. Zaynab bint Khuzayma, 6. Hind bint Abi Umayya, 7. Zaynab bint Jahsh, 8. Juwayriya bint al-Harith, 9. Ramlah bint Abi Sufyan, 10. Rayhana bint Zayd, 11. Safiyya bint Huyayy, 12. Maymuna bint al-Harith and 13. Maria al-Qibtiyya.
Is this statement true ?

See http://en.wikipedia.org/wiki/Muhammad for detail.

Were these Quranic verses revealed after our Prophet married all these wives ?

Please advice.

With regards,
Roger Kyaw Swar Phone Maung
Electrical Engineer

Thumb up 0 Thumb down 4

02 Jan 10 @ 9am

shafi says:

အစ္စလာမ်းမို့အာလိုင်းကွန်း(မ်)
ကွရ်အာန်မှ ထုတ်နှုတ်ထားတဲ့ အချို့အရေးကြီးသော ကျင့်စဉ်များရေးသားပေးပို့လို့ရပါသလား၊ ကျွန်တော်မသိသောအရာများကိုလည်းလိုချင်ပါတယ်။

Thumb up 2 Thumb down 1

03 Jan 10 @ 6am

admin says:

Peace be upon you,

Dear Shafi,

If you want to send us an article or a research paper, please following
the guidelines from our website. Quranic Study Group will review your
article and decide whether to publish on our website.

The guidelines can be found at:
http://www.quraninburmese.com/media/popups/note_before_post.pdf

Sincerely,
Quranic Study Group

Thumb up 1 Thumb down 0

03 Jan 10 @ 3pm

U Soe Lwin says:

ကိုရော်ဂျာ၏ Comment တစ်ခုဖြစ်သော တမန်တော်ထံတွင် ဇနီး ၁၃ယောက်ရှိသည် ဟူသော Comment နှင့်စပ်လျှင်း၍ အစ္စလာမ့်သမိုင်းဆိုင်ရာကျမ်းများတွင် တမန်တော်၏ဇနီး များ၏အရေအတွက်ကို ကွဲပြားခြားနားစွာဖော်ပြကြသည်။ ကွဲပြားခြားနားမှုမရှိပဲ တူညီသောအ ချက်မှာ တမန်တော်သည် ၂၅ နှစ်အရွယ်တွင် အသက် ၄၀ ရှိ ခတီဂျာနှင့် အိမ်ထောင်ပြုခဲ့ သည်။အိမ်ထောင်သက် ၂၅ နှစ်အတွင်း တစ်လင်တစ်မယားစနစ်ကိုသာကျင့်သုံးခဲ့သည်။ ခတီ ဂျာမရှိတော့သည့်နောက်ပိုင်းမှသာ တမန်တော်သည် မယားပြိုင်ဝါဒကို ကျင့်သုံးခဲ့သည်။ ထိုတ မန်တော်၏ဇနီးမယားများအားလုံးသည် အာအေယှဟ်မှလွဲ၍ လင်သေမုဆိုးမများ၊ လင်ကွဲများ ဖြစ်သည်ဟူသောအချက်များဖြစ်သည်။
ကျမ်းမြတ်ကုရ်အာန်တွင် တမန်တော်သည် လူသားများ၏ အတုယူဖွယ်ရာ စံပြခေါင်းဆောင် ဖြစ်သည်။ တမန်တော်သည် ၎င်းထံဗျာဒိတ်အဖြစ်ချပေးခဲ့သော ကုရ်အာန်အတိုင်းသာ တစ် သွေမတိမ်းဘဝတည်ဆောက်သူဖြစ်သည်။ တမန်တော်သည်ကုရ်အာန်ပါဥပဒေများနှင့် ဆံ ချည်မျှင်တစ်မျှင်မျှ ပြောပိုင်ခွင့်လုပ်ပိုင်ခွင့်မရှိဟုဆိုထားသည်။ အကယ်၍ကုရ်အာန်ပါဥပဒေ များနှင့်စပ်လျှင်း၍ ဆန့်ကျင်ပြောဆိုရုံဖြင့် ထာဝရဘုရားသခင်က ၎င်း၏နှလုံးသွေးကြောကို ဖြတ်ပစ်မည်ဟုဆိုထားပြီးဖြစ်သည်။
ကျမ်းမြတ်ကုရ်အာန်တွင် အမျိုးသမီးများ၏ အခွင့်အရေးကဏ္ဍကျရောက်ချိန်သည် တမန်တော် ၏ဗျာဒိတ်သက်တန်း(၁၆)နှစ်ရှိနေပြီ ဖြစ်၍ သမိုင်းကျမ်းများအဆိုအရ တမန်တော့်ထံတွင် အမှန်ပင် လေးယောက်နှင့်ပိုသော ဇနီးများရှိနေခဲ့လျှင်လည်း ထိုအမျိုးသမီးများကဏ္ဍ မကျရောက်မှီ အလျှင်ကဖြစ်ပေမည်။
ကိုရော်ဂျာအားအကြံပြုလိုသည်မှာ ကုရ်အာန်ကို အမှန်သိလိုပါက ကိုရော်ဂျာ့ စိတ်နှလုံး တွင်းမှ အယူဝါဒ အစွဲ များကိုခေတ္တ ထုတ်ထားနိုင်မှ ကုရ်အာန်၏အရှိ အတိုင်းကိုမြင် နိုင်မည်။
သို့မဟုတ် (ကုရ်အာန်၏ခေတ်ရှေ.ပြေးဟောကိန်းများ(၄) မှ (၁၀) အထိ ဖတ် ပြီး မှဆွေးနွေးခြင်း ဖြင့် ကိုရော်ဂျာ သိလိုသော အကြောင်းအရာ များကို ပီပြင်စွာ သိရှိနိုင်မည်။
ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်)

Thumb up 3 Thumb down 0

13 Jan 10 @ 12am

Htay Lwin Oo says:

ကိုရော်ဂျာ ခင်ဗျား ကုရ်အံ အရ ကိုယ်တော်မုဟမ္မဒ်တွင် ဇောင်းဂျွန်များသာ ရှိပါတယ်။ ဇောင်းဂျွန်ဆိုသော ကုရ်အံသုံး အာရ်ဗီဝေါဟာရ၏ အနက်အဓိပ္ပါယ်ကို သိလိုလျှင် ကုရ်အံ ၈၁း၇ တွင်ကြည့်ပါ။ အဲ့ဒီမှာ وَإِذَا النُّفُوسُ زُوِّجَتْ ညာဉ်စရိုက် များအား ပေါင်းဖက်စုစည်းသော အခါ- လို့ ဆိုထားပါတယ်။ ဇောင်းဂျွန် ရဲ့ အဓိပ္ပါယ် က သားသမီး- ချစ်ခင်ရင်းနှီးသော တပည့်များကဲ့သို့ စုစည်းခြင်း၊ အသင်းအဖွဲ့ တစ်ခု မှာ စုစည်းခြင်းကိုလည်း ခေါ်ပါတယ်။ ဇောင်းဂျွန် ကိုတွေ့တိုင်း ဇနီးမယားများ လို့ ဖွင့်ဆိုလို့ မရပါ။ တကယ်လို့ ကိုယ်တော်မုဟမ္မဒ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ကုရ်အံ အတိုင်း မလိုက်ဘဲ၊ သမိုင်းဆရာမျာ နောက်ကို လိုက်မယ် ဆိုရင် ကျွန်တော်လည်း သမ္မာကျမ်းစာပါ- ယေရှုရဲ့ သမိုင်းလေးကို လိုက်ပြီး ယေရှု သည် စာရိတ္တကောင်းသော အမျိုးသားကောင်း မိသားစုမှဆင်းသက်လာသူ မဟုတ်၊ ပြည့်တန်ဆာ လိုက်စားသော သူ- ယုဒက ၊ သူ့ချွေးမ အရင်း တာမာ ကို ပြည့်တန်ဆာဟု ထင်မှတ်လျှက် ဆိတ်တစ်ကောင်ပေး၍ ပြည့်တန်ဆာ လိုက်စားရာ မှ ဖြစ်ထွန်းလာသည့် မျိုးရိုးမှ မွေးဘွားလာသည်ကို တွေ့ရပါတယ်။ (ကမ္ဘာဦး ကျမ်း ၃၈း ၁၃- ၁၈ တွင် ယုဒနှင့် ချွေးမ (တာမာ က လင်ယောက်ျားမျက်နှာကို မထောက်၊ ယုဒက သား မျက်နှာကို မထောက်ဘဲ) ဆိတ်တစ်ကောင်ကို တန်ဘိုး သတ်မှတ် ကာမ သဘောတူ ရောင်းဝယ်ခဲ့ကြောင်းတွေ့ရပြီး။ ရှင်မဿဲ ၁း၃ တွင် ထိုမျိုးရိုးသည် ယေရှု ဆင်းသက်လာသော မျိုးရိုး ဖြစ်ကြောင်းကို အတိအကျ ဖေါ် ပြထားပါတယ်။- ထိုကြောင့် သမိုင်းဆရာများ၏ အာဘော်နောက်သို့ မလိုက်ဘဲ ဘာသာရေးအား သန့်သန့်ရှင်းရှင်း လေ့လာစေလိုပါတယ်။
အကယ်၍ သမိုင်းဆရာများ၏ အာဘော်နောက်သို့ လိုက်နေလျှင် သန့်ရှင်းသော ဘာသာတရား၏ ရသမှ ကင်းကွာသွားနိုင်ပါတယ်။
ဆက်လက် ဆွေးနွေးလိုလျှင် htaylwinoo@islammyanmar.com ကို ကြွခဲ့ပါ။ အသွားအပြန် ဆွေးနွေးခြင်းများကို မချွင်းမချန် ပို့စ်တင်ပေးပါမယ်။

လေးစားစွာဖြင့်
ဌေးလွင်ဦး

Thumb up 7 Thumb down 0

14 Jan 10 @ 1pm

မမီးမီး says:

ဆလာမ်

လာရောက်ဖတ်ရှူသွားပါတယ်ရှင်။ ဒီပို့စ်လေးအတွက်ကျေးဇူးတင်ပါတယ်။ အားပေးလျှက်ပါ။

Thumb up 2 Thumb down 0

30 Jan 10 @ 5pm

Write comment

Please read this note before your write comment.


Quranic Study Group
Los Angeles, California, USA
© 2005 - 2010 QuranInBurmese.com All Rights Reserved
Security & Design by
COMREZ Computer
Click here to download Zawgyi Font
Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976
Quran 38:29
Quran 26:24
Quran 3:138
Quran 6:153