ကျမ်းမြတ်ကုရ်အာန်၏ခေတ်ရှေ့ပြေးဟောကိန်းများ(၆)
ကုရ်အာန်၏အံ့ဩကုန်နိုင်ဘွယ် အာယာသ်များကို မြင်တွေ့ရခြင်းဖြင့်၊ အစ္စလာမ်သာသ နာဝင် မွတ်လင်မ် များဖြစ်လာသူများအနက် ပြင်သစ်နိုင်ငံခွဲစိတ်သမားတော် ဒေါက် တာမောရစ်ဗျူ ကိုင်းလ်အကြောင်းကို အနည်းငယ် တင်ပြလိုပါသည်။ သူသည် ပြင်သစ် လူမျိုးဖြစ်သည့် အားလျော်စွာကုရ်အာန်ကို ပြင်သစ်ဘာသာဖြင့်ပြန် ဆို သည့်ဒေါက်တာ ဟာမီဒွလ္လာဟ်၏ ကုရ် အာန်ပြင်သစ်သဖ်စီရ်ကိုစတင်လေ့လာခဲ့သူဖြစ်သည်။ဘာသာပြန် ဖတ်ရုံဖြင့် ကုရ်အာန်တွင်တည်ရှိနေသော ခေတ်ရှေ့ပြေးဟောကိန်းများကို မြင်တွေ့ခဲ့ရ သူဖြစ်သည်။ သူ၏အမြင်တွင် မူရင်းအရဗီစာပေဖြစ်သော ကုရ်အာန်ကိုလေ့လာ ရာ၌ အရဗီစာပေကို တတ်သိမှသာလျှင် ကျမ်းဂန်၏ အနှစ်သာရများကို ပိုမို၍ မြင်တွေ့ခံစားနိုင် မည်ဟူ၍ အသက်ငါး ဆယ်ကျော်အ ရွယ် တွင် အရဗီစာပေကို ဆည်းပူးလေ့လာခဲ့သူ တစ်ဦးဖြစ်သည်။ သူ၏အရဗီ ဆည်းပူးလေ့လာမှု ၊သက်တမ်းနှစ်နှစ့်အတွင်း စအုဒီအရေး ဗီးယား၊ ကိုင်ရိုမြို့ရှိ အဇ်ဟရ်ကျောင်းတွင် သွားရောက်၍ ပါမောက္ခများနှင့်တွေ့ ဆုံဆွေးနွေးခဲ့သည်။
ဒေါက်တာမောရစ်သည် အစ္စလာမ်သာသနာဝင် မဖြစ်သေးခင်ကပင်လျှင် ကျမ်းမြတ် ကုရ်အာန်၏ အသိတရားများကို ရရှိခဲ့သူဖြစ်သည်။ ကမ္ဘာတွင် မည်သူတစ်ဦးတစ်ယောက် မျှ ပြုလုပ် နိုင် မှုမရှိသေးသော ကြီးမားသည့် ဆောင်ရွက်ချက်ကြီးတစ်ခုကို အကောင်အ ထည်ဖော်နိုင်ခဲ့သည်။ သူ၏ကြိုးပမ်းချက်မှာ ဗာတီကန်မှ ပုပ်ကြီးများနှင့် စအုဒီအရေးဗီး ယားမှ အုလမာများကို တရားဝင်နှစ်ကြိမ် ဆုံတွေ့ပေးခဲ့သည်။ ထိုကဲ့သို့တွေ့ဆုံပွဲ မပြုမီ ဒေါက် တာမောရစ်က ဗာတီကန်သို့သွားရောက်၍ အစ္စလာမ်သာသနာ၏ ခြေခံ ဥပဒေ ကျမ်း ကုရ်အာန်သည် ရှေးခရိ ယံ များယုံကြည်ထား သကဲ့သို့ ဂျူးနှင့်ခရစ်ယံကျမ်း တို့မှ ကူးယူ၍ဖော် ပြထားသည် ဟူသောအချက်မှာ မမှန်ကန်ကြောင်း ပုပ်ကြီးများကို အချက်ကျကျ ထောက်ပြနိုင်ခဲ့၏။ထိုမှ တစ်ဆင့်စ အူဒီအုလမာများနှင့် ဗာတီကန်၏ကိုယ် စားလှယ် ပုပ်များကို နှစ်ကြိမ်တိုင်တွေ့ဆုံ၍ အစ္စလာမ် သာသနာ၏ ကုရ်အာန်ကျမ်းသည် ခရစ်ယန်တို့၏ကျမ်းမှ ကောက်နှုတ်၍ ဖော်ပြထားသော ကျမ်း မဟုတ်ကြောင်းလက် မှတ်ရေးထိုးနိုင်ခဲ့သည်အထိ စွမ်းဆောင်နိုင်ခဲ့သူဖြစ်သည်။ ထို.နောက် ၁၉၇၈ခုနှစ်တ္ဗင် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မှကြီး မှူးကျင်း ပသည့် ညီလာခံတွင် စာ တမ်းသုံးဆောင် တင်ပြနိုင်ခဲ့သည်။ သူ၏ စာတမ်း အမည်မှာ-
(သန္ဓေအစမွေးဖွားမှု ပညာရပ်များ၊ နက္ခတ္တဗေဒများနှင့် ခန္ဓာဗေဒဆိုင်ရာပညာရပ်များ) ကုရ်အာန်တွင် တည်ရှိနေသည်ဟူသော စာတမ်းများဖြစ်၏။ ထိုကဲ့သို့ပင်(ဘိုင် ဘယ်လ် ကုရ်အာန် နှင့် သိပ္ပံ)ဟူသောစာ အုပ်ကိုလည်း ရေးခဲ့သည်။ ထိုစာအုပ်ကို အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ အဇ်ဟရ်တက္ကသိုလ်မှ အရဗီဘာသာ စာပေဖြင့် ၁၉၉၈ခုနှစ်တွင် ဘာသာပြန် ၍ အဇ်ဟရ်တက္က သိုလ်ကြီး၏ ပါမောက္ခများ၏ လက်စွဲစာအုပ် ဖြစ်ခဲ့သည်။ ကိုင်ရိုမြို့ အဇ်ဟရ်တက္ကသိုလ်သည် မွတ်စလင်မ်လောကတစ်ခုလုံးကိုရှေဆောင်ပြုလျက်ရှိ နေသော တက္ကသိုလ်ကြီးဖြစ်သ ကဲ့သို့ ထိုတက္ကသိုလ် ကြီးမှ ပါမောက္ခများသည် လည်း အစ္စလာမ့် ပညာရေး လောကတစ်ခုလုံးကို ခေတ်စနစ်နှင့်အညီ ပြုပြင်ပြောင်း လဲပေးနေသော ပညာရှင်ကြီးများ ဖြစ်ကြသည်။
ထိုကဲ့သို့သော ပါမောက္ခ မွတ်စလင်မ် ပညာရှင်ကြီးများက ဒေါက်တာမောရစ်၏စာအုပ်ကို အရဗီစာပေဖြင့်ပြန်ဆို၍ လက်စွဲစာအုပ်အဖြစ် ပြဌာန်းရခြင်းသည် အလွန်သဘာဝကျ သော အချက် တစ်ချက်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အစ္စလာမ့်သမိုင်းတစ်လျှောက် သဖ်စီရ်ကျမ်းပေါင်းမြောက်များ စွာပေါ်ထွက်ခဲ့ပြီးဖြစ်သည်။ ထိုကျမ်းများအားလုံး သည်နှစ်ပေါင်း ခုနှစ်ရာလောက် မှ ယနေ့အထိဖော်ပြနိုင်စွမ်းမရှိသေးသော ဖွင့်ဆိုချက်များ ကို အစ္စလာမ်သာသနာဝင်ပင် မဟုတ်သေးသော ဒေါက်တာမောရစ်က၎င်း၏ စာအုပ် တွင်ဓမ္မဓိဌာန်ကျကျကုရ်အာန်ကို ဖွင့်ဆိုပြနိုင် ခဲ့ ခြင်းကြောင့်ပင်။
ကျမ်းမြတ်ကုရ်အာန်တွင်နေ၏ အလင်းကို “ဒွေဟာ”ဟု ခေါ်ဆို၍ လ၏အလင်း ကို “ နူးရ်” ဟုခေါ်ဆိုထား၏။
မွတ်စလင်မ်သဖ်စီရ်ရှင်များအားလုံးက နေ၏အလင်း၊လ၏အလင်းဟူ၍ သာပြန်ဆိုခဲ့ကြ သည်။ ဒေါက်တာ မောရစ်က ကုရ်အာန်ပါဒွေဟာနှင့် နူရ်းဟူသောဝေါဟာရများကိုအရ ဗီပြင်သစ်အဘိ ဓါန်ကိုကြည့်ရာမှ နေ၏အလင်း(ဒွေယာ)ဟူသည် ကိုယ်ပိုင်အလင်း၊ အခြားအရာများကိုလည်း အလင်းပေးနိုင်သော လောင်ကျွမ်းနိုင်သည့် အလင်းဟူ၍ တွေ့ရ သည်။ ထိုကဲ့သို့ပင် လ၏အ လင်း(နူရ်း)မှာ အခြား၏အလင်းမှအလင်း ပြန်ခြင်း ဟူသော အဓိပ္ပါယ်ကိုတွေ့ရှိရပေသည်။ ဤအချက်နှစ်ချက်သည်သိပ္ပံပညာရှင်များ၏တွေ့ ရှိချက် (နေသည် ကိုယ်ပိုင်အလင်းဟူသောအ ချက်နှင့် လသည်ရောင်ပြန်အလင်း) ဟူသော ဖွင့်ဆိုချက်ထက် ကုရ်အာန်ကနှစ်ပေါင်းထောင်ချီ၍ စောစွာဖော်ပြခဲ့ခြင်းကို ကမ္ဘာသို့ တင်ပြနိုင်ခဲ့သူတစ်ဦး ဖြစ်သည်။ ဤ သည် ဒေါက်တာမော ရစ်၏ ရာချီ၍ ကုရ်အာန်ကို သိပ္ပံနည်း ကျ ဖွင့်ဆိုချက်များမှ၊ အချက်ကလေး တစ်ချက် ကို တင်ပြခြင်းဖြစ်သည်။
ထိုကဲ့သို့တင်ပြရသော အကြောင်းရင်းမှာကုရ်အာန်သည် မွတ်စလင်မ်ဖြစ်စေမွတ်စလင်မ် မဟုတ်သူဖြစ်စေ၊၎င်းတို့ချဉ်းကပ်ရာ၌ မှန်ကန်သော ကုရ်အာန်၏နည်းလမ်းဖြင့် ချဉ်း ကပ်သူကိုသာ လမ်းမှန်ပေး သည်ဟူသောအချက်ပင်ဖြစ်သည်။ မွတ်စလင်မ်များသည် ကုရ်အာန်ကိုချဉ်းကပ်ရာ၌ မိမိတို့၏ကျောင်း၊ မိမိတို့၏ဂိုဏ်း၊ မိမိတို့၏ဆရာဟူသော အစွဲများအားဖြင့် ချဉ်း ကပ် ခဲ့ခြင်းကြောင့် ကုရ်အာန်ကပေးသော ကုရ်အာန်တွင်တည် ရှိနေသော အမှန်တရားလမ်းညွှန်မှုများကို ရသင့်သလောက်မရရှိကြပေ။အထက်မှဖ်ာပြ ခဲ့သော ဒေါက်တာမောရစ်သည် မွတ်စ လင်မ် မဟုတ်သောကြောင့် ကုရ်အာန်ကိုလေ့လာ ရာ၌ အထက်မှမွတ်စလင်မ်များတွင်ရှိနေသော အစွဲများမှကင်းစင်သောကြောင့် ကုရ်အာန် ကပေးသောလမ်း ညွှန်မှုအမှန်တရားကို ရရှိ ခဲ့ခြင်းဖြစ်သည်။ ထိုသို့သောအကြောင်း များကြောင့် အစ္စလာမ့်ရှေ့ဆောင် အဇ်ဟရ်တက္ကသိုလ်ကြီး၏ ပါမောက္ခများက သူ၏စာအုပ် ကို လက်စွဲအဖြစ် ကိုင်ထားကြရခြင်းဖြစ်သည်။
မွတ်စလင်မ်များ သိရှိပြီးဖြစ်သော ဖရ်အောင်၏ရုပ်လောင်းကို နှစ်ပေါင်းတစ်ရာအလျှင် ကတည်းက လွတ်(စ်)ဇာအရပ်မှ တူးဖော်ရရှိခဲ့သည်။ ရမ်စီ II(ခေါ်)တမန်တော်မူ ဆာနှင့်ခေတ်ပြိုင် ဖိရ်အောင်ရုပ်လောင်းနှစ်လောင်း ကိုတွေ့ရှိခဲ့၏။ ထိုနှစ်ပေါင်းတစ်ရာ အတွင်း မည်သည့်ပညာရှင်များမည်၏သည့်ပုဂ္ဂိုလ်များကမျှ ထိုရုပ်လောင်းနှစ်လောင်းအ နက်တ မန်တော်မူဆာ ခတ်ပြိုင် ဖိရ်အောင်ရုပ်လောင်းကိုခွဲခြားနိုင်ခဲ့ခြင်းမရှိခဲ့ကြပေ။ ဒေါက် တာမောရစ်သည် ဖော်ပြပါရုပ်လောင်းမှတမန်တော်မူဆာ နှင့်ခေတ်ပြိုင်ဖိရ်အောင်၏ ရုပ်လောင်းကို ကုရ်အာန်၏စံချိန်စံ ညွှန်းခေတ် သစ်သိပ္ပံ၏ အထောက်အကူတို့ဖြင့် ဖော် ထုတ်နိုင်ခဲ့သည်။ ကုရ်အာန်ကိုအခြေခံ၍ ခေတ်သစ်သိပ္ပံကို ကျောထောက်နောက်ခံပြု၍၊ ၎င်း၏ ဓမ္မဓိဌာန်ကျသော ထောက်ပြချက်ကို မွတ်စလင်မ် လာကတစ်ခုလုံးနှင့် သိပ္ပံလော ကတစ်ခုလုံး က တညီတညွတ်တည်း ထောက်ခံ အတည်ပြု ခဲ့ကြသည်။
သူ၏စစ်ဆေးမှုသည် ရုပ်လောင်းနှစ်လောင်းစလုံး၏ အဆုပ်များကိုရေရှိမရှိသိပ္ပံဆိုင်ရာ အထောက်အကူပြုကိရိယာဖြင့် စမ်းသပ်သည်။ထိုရုပ်လောင်းနှစ်လောင်းအနက်မည် သည့် ရုပ်လောင်း သည်ကြာရှည် စွာ မပျက်ဆီးဘဲ တည်မြဲနေမည့်အချက်ကို စစ်ဆေးသည်။ ထိုရုပ်လောင်းနှစ်လောင်းအနက် မည်သည့် ရုပ်လောင်းသည် သေဆုံး ချိန်၌အကြောက် လွန်၍ သေဆုံးခဲ့သနည်း ဟူသောအချက်ကို စစ်ဆေး၍တမန်တော် မူဆာနှင့်ခေတ်ပြိုင် ဖိရ်အောင်ရုပ်လောင်းကို တိကျစွာအဖြေထုတ်၍ ပြနိုင် ခဲ့သည်။
၎င်း၏ ထောက်ပြချက်မှာကုရ်အာန်တွင် ဖိရ်အောင် ၏အကြောင်းနှင့်စပ်လျှင်းပြီးရေနစ်သေ ဆုံးခဲ့ကြောင်း ဖော်ပြထားသည်။ ရေနစ်၍သေဆုံးချိန်တွင် အလွန်ထိတ်လန့်၍ သေ ဆုံးသွား၏။ ၎င်း၏ ရုပ်လောင်းကို လူသား တစ်ရပ် လုံးသံဝေဂရရှိနိုင် ရန်အတွက် အမြဲထိမ်းသိမ်းထားမည်ဟူသော အချက်များကိုအခြေခံ၍ ဖိရ်အောင်၏ ရုပ်လောင်း အစစ်ကိုခွဲခြားပြခဲ့သည်။ ထိုအ ချိန်၌ပင်မီဒီယာများကို ၎င်းဖက်သို့ လှည့် ရန် ခေါ်ယူ၍ အစ္စလာမ်သာသနာသို့ လူသိရှင်ကြား ကျေညာမောင်းခတ်၍ ဝင်ရောက်ခဲ့သူတစ်ဦးဖြစ် သည်။ ဒေါက်တာမောရစ်သည် အစ္စလာမ် သာသနာဝင်ဖြစ်ပြီးနောက် The Origin Of Man ဟူသော စာအုပ်ကို ထုတ်ဝေခဲ့သည်။ သူ၏ စာအုပ်သည် ဒါဝမ်၏ အီဗိုလူးရှင်းသီအို ရီ မျောက်ဝံမှလူဖြစ်လာခြင်းကို မှားယွင်းကြောင်း ကျမ်းမြတ်ကုရ်အာန်နှင့်ဆေးသိပ္ပံ အထောက်အထားများဖြင့် အကျယ်တဝင့် အသေးစိပ်တင်ပြထားသော ဂန္ဓဝင်စာအုပ် တစ်အုပ်ဖြစ်သည်။
(ဆက်လက်တင်ပြပါအုံးမည်။) ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်)်















No Comments Yet
There are no comments yet. You could be the first!
Write comment