ကျမ်းမြတ်ကုရ်အာန်၏ခေတ်ရှေ့ပြေးဟောကိန်းများ(၅)

GLOBAL WARMING (သို.မဟုတ်)၂၁ရာစုကမ္ဘာ့အရေးတော်ပုံ။

ကမ္ဘာတစ်ဝှမ်းတွင် ယနေ့ခေတ်စားနေသော၊ ကမ္ဘာမြေကြီး ပူနွေးလာမှုအရေးသည် သ တင်းစာတိုင်း သတင်းဌာနတိုင်းမှ အထူးသတင်းတစ်ရပ်ဖြစ်သည်။ ထိုကိစ္စဖြစ်ရသော အကြောင်း ရင်းသည်၊ စက်မှုနိုင်ငံ များ၏ သူ့ထက်ငါအပြိုင် စက်မှုကုန်ထုတ်စနစ်ကြီးမှ စတင်ခဲ့ခြင်းဖြစ်သည်။ စက်ရုံများတည်ဆောက်ခြင်း၊ နေရာသစ်များတိုးချဲ့ခြင်းတို့ကြောင့် သဘာဝသစ်ပင် များ ခုတ် လှဲခြင်း၊ မိမိတို့ နိုင်ငံများတွင်မက၊ဆင်းရဲ သောနိုင်ငံများသို့ပါ တိုးချဲ့၍စက်ရုံများတည်ထောင်ခြင်း၊ ထိုစက်ရုံများမှစက်ပစ္စည်းများ လှိုင်လှိုင်ထုတ် ခြင်း၊ ထိုထုတ်ကုန်များကို သယ်ဆောင် ရာ၌ ရထား၊ သင်္ဘော၊ မော်တော်ကား၊ လေယာဉ်ပျံ များဖြင့် သယ် ဆောင်ခြင်း၊ ထိုစက်ပစ္စည်း အားလုံးသည် ဓါတ်ဆီ၊ ဓါတ်ငွေ့လောင်စာ များဖြင့် အသုံးပြုကြ ရသည်။ လူတို့၏ အိမ်များတွင် လည်း စက်ပစ္စည်းများပိုမို သုံးစွဲ ခြင်း နှင့်အတူ ဓါတ်ငွေ့လောင်စာများကိုလည်း ပိုမိုသုံးစွဲကြရလေသည်။ ထိုသို့သော အကြောင်းများ ကြောင့် လူသားကမ္ဘာမှ ထုတ်လွှတ် လိုက်သော အခိုး အငွေ့များသည် ကမ္ဘာ့ ပတ်လည် လေထုထဲ တွင် “ကာဘွန်ဒိုင်အောက်ဆိုက်” မှတစ်ဖြေးဖြေးချင်း အ ဆိုင် အခဲအဖြစ် တည်ရှိနေခဲ့သည်။

ကမ္ဘာမြေကြီးသို့နေကမ္ဘာမှ ထုတ်လွှတ်ပေးလျှက်ရှိသော နေရောင်ခြည်သည်ကမ္ဘာကြီးမှ အချို့ပြန်ကန်၍ ကမ္ဘာ့အပြင်သို့ ပြန်ထွက်သွားသော စနစ်ဖြင့်တည်ရှိနေခဲ့သည်။ ယခုအ ခါ ကမ္ဘာပတ် လည်လေထုထဲတွင်အဆိုင်အခဲအဖြစ် တည်ရှိနေသောကာဗွန်များကြောင့် ကမ္ဘာမှပြန်ကန်ထွက်သော နေရောင်ခြည်သည် ကမ္ဘာ့အပြင်သို့ မထွက်နိုင်တော့ဘဲ ကမ္ဘာ့ပတ် လည်တွင်ဆက် လက် အောင်းနေသောကြောင့် ကမ္ဘာကြီး သည် တစ်နှစ်ထက် တစ်နှစ်ပိုမိုပူနွေးလာခြင်းဖြစ်သည်။ ထိုကမ္ဘာကြီးနွေးလာမှု ပြဿနာသည်နှစ် ဆယ့်တစ်ရာ စုမှသိရှိရသော ပြဿနာ တစ်ရပ်ဖြစ် သည်။ သို့ရာတွင်ထိုအကြောင်းကို နှစ်ပေါင်းထောင့် ငါးရာကတည်းက လူသားတို့၏ ဘဝလမ်းညွှန်မှု အဖြစ်ချပေးခဲ့သော ကျမ်းမြတ်ကုရ်အာန် ၃၀း၄၁တွင် ကမ္ဘာကြီး သည် လူသား တို့၏ လက်ဖြင့် ဆည်းပူးသောအရာများကြောင့် ယခုကဲ့သို့ အခက်အခဲမျိုးဖြင့်ရင်ဆိုင် ကြရ မည့်အကြောင်း ကြိုတင်ဟောကိန်းထုတ် ခဲ့သည်။

(ကမ္ဘာမြေနှင့်သမုဒ္ဒရာပင်လယ်တို့တွင် လူသားတို့၏လက်များဖြင့် မှားယွင်းစွာပြုမူချက်တို့ကြောင့် ပြဿ နာရပ်များ ပေါ်ထွန်းလာမည်ဖြစ်သည်။ ထိုပြဿနာရပ်များမှ အချို့ကို၎င်းတို့ ပြန် လည် ခံစားရမည်၊ သို့မှ သာ ၎င်းတို့သည် ထိုအမှားမှ ပြန်လည်ဆုတ်ခွာကြမည်။ ) ဟုဆိုထားသည်။

ကမ္ဘာကြီးပူနွေးလာခြင်းအပေါ် ဝန်ရိုးစွန်းတန်းရှိ ရေခဲတောင်များ၏ ပျော်ဝင်မှုကြီးထွား လာသည်နှင့်အတူ ရေကြီးခြင်း၊အပူအအေးမျှတမှုမရှိတော့ဘဲနွေအခါပိုမို၍ပူခြင်းဆောင်း အခါ ပိုမို ၍အေးခြင်း၊ မိုးအခါပိုမို ၍ မိုးများခြင်းဟူသော သဘာဝအန္တာရာယ်များ ဆိုက်ရောက်လျက်ရှိသည်။ထိုပြဿနာများ၏နောက်ဆက် တွဲဖြစ်ရပ်များမှာ သီးနှံစိုက်ပင် များ ပျက်ဆီးခြင်း၊ လူသား တို့၏ စားနပ်ရိက္ခာ ဖူလုံမှုလျော့နည်းလာခြင်း၊ ဟူ သောဒုက္ခ များကို လူသားများပင် ပြန်လည်ခံစားကြ ရခြင်းဖြစ်သည်။

စင်္ကြာဝဠာရှိ အရာအားလုံးသည် လူသား၏လက်အောက်ခံအဖြစ် ဖန်ဆင်းထားကြောင်း ကုရ်အာန်တွင် အတိအလင်းကျေညာထားပြီးဖြစ်သည်။လူသား၏ လုပ်ဆောင်ချက်ပေါ် မူ တည် ၍ ကောင်းကျိုးများနှင့်ဆိုး ကျိုးများသည် လူသားအပါအဝင် ကမ္ဘာလောကကြီး တစ်ခုလုံးကမျှဝေခံစား ကြရမည်ဖြစ်သည်။ ယနေ့ကမ္ဘာ္ဘ့ကုလသမ္မဂ္ဂမှ ကြီးမှူး၍ကမ္ဘာကြီး ၏နွေးလာမှု ကိုပျောက်ကင်းစေရန်အတွက် မူဝါဒမြောက်များစွာချ မှတ်ခဲ့ကြသည်။ ထိုမူဝါဒများအနက် အဓိကအချက်သည်  စက်ယန္တယားများကို ထုတ်လုပ်ရာ၌် ဓါတ်ဆီနှင့် ဓါတ်ငွေ့သုံးယာဉ် များ ကို လျှော့ချ၍၊ အခြားလျှပ်စစ်သုံးကဲ့သို့သော လောင်စာ များဖြင့် သုံးစွဲရန်မူဝါဒဖြစ် သည်။၂၀၁၀ခုနှစ်မှစတင်၍ ကမ္ဘာတွင်ထုတ်လုပ် လျက်ရှိသောစက်တပ် ယာဉ်များကို ဓါတ်ဆီနှင့်ဓါတ်ငွေ့ သုံးမှ ၂၅ ရာခိုင်နှုန်းလျှော့၍ အခြားလောင်စာဖြင့်သုံး စွဲနိုင်ရန် ထုတ်လုပ်မည်ဖြစ်သည်။

ကျမ်းမြတ်ကုရ်အာန်၏ လမ်းညွှန်မှုသည် လူ့ဘဝတည်ဆောက်မှု လမ်းညွှန်ချက်များနှင့် အတူလူ့ပါတ်ဝန်းကျင်ရှိ လူသားများနှင့် ဆက်နွယ်လျက်ရှိသော သဘာဝသစ်တော များ ထိန်း သိမ်းရေး၊သဘာဝတောတိ ရစ္ဆာန်များထိန်းသိမ်းရေး၊ ကမ္ဘာမြေအတွင်း သဲ ကန္တာရများဖြစ်ထွန်းလာမှုမှ ကာကွယ်ရေး၊ တာဝန်သည် လူသားတစ်ရပ်လုံးအပေါ်၌ တာ ဝန်တစ်ရပ်ဖြစ် ကြောင်း အထက်မှစူရာဟ်(၃၀) အာယာသ်(၄၁)က လမ်းညွှန်ထားခြင်းဖြစ် သည်။ ထိုကိစ္စရပ်များတွင် မွတ်စလင်မ်များအဖို့ ပို၍ပင်တာဝန်ရှိပေသည်။ အဘယ်ကြောင့် ဆိုသော် မွတ်စ လင်မ်များအဖို့ ကုရ်အာန်သည် အခြေခံဥပဒေဖြစ်သော ကြောင့်ပင်။

ကုရ်အာန်တွင်ပါဝင်သောအာယာသ်များတွင်၊အခြေအနေနှင့်အချိန်အခါပေါ်တွင်မူတည်၍ သိနိုင်မည့်အာယာသ်များလည်းပါဝင်သည်၊ဥပမာကုရ်အာန်တွင် ဖေရ်အောင်ရုပ်လောင်း အား ကမ္ဘာ့ လူသားများ တရားရယူနိုင်ရန်အလို့ငှာ ကေယာမသ်တိုင် ထိမ်းသိမ်းထားမည် ဟူ၍ပါဝင်သည်။ ထိုရုပ်လောင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်းမှာ လွန်ခဲ့သောနှစ်ပေါင်းတစ် ရာကျော် မျှဖြစ်သည်။ ထို့အတွက်ကြောင့် ကုရ်အာန်တွင်တမန်တော်အားငါအရှင်၏ ဗျာဒိတ်များ အနက် အချို့ဗျာဒိတ်ပါ ကိစ္စ ရပ်များသည် အ သင်မရှိတော့သည့် နောက်ပိုင်းမှ ထင်ရှားမည်ဟူ၍ မိန့်ဆိုထားပြီးဖြစ် သည်။

တမန်တော်မြတ်သည် ကုရ်အာန်ကို အသိဆုံး သော ပုဂ္ဂိုလ်ဖြစ်သည်နှင့်အတူ ကုရ်အာန် ကို တုနှိုင်းမဲ့ကိုးကွယ် ရာအရှင်က ဗျာဒိတ်အဖြစ်ချပေးခဲ့သည့် မူရင်းအရဗီအတိုင်းသာ မိမိ၏ မဟာ သာဝကများကို အမွေအဖြစ်ပေးခဲ့သည်။ ထိုမဟာသာဝက များကလည်း အဂ္ဂမဟာသာဝကများကိုမူ ရင်း အတိုင်းသာ အမွေပေးခဲ့သည်။ ထိုအဂ္ဂမဟာသာဝက များကလည်း ၎င်းတို့ အား အမွေဆက်ခံသူများကို မူရင်းအတိုင်း အမွေပေးခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆို သော် ၎င်းတို့အား လုံး သည် တမန်တော်မြတ်ထံမှဆင့်ကဲဆင့်ကဲ ကုရ်အာန်၏အနှစ်သာရများကို သိ ခွင့်ရရှိခဲ့သူများဖြစ်သောကြောင့် ၎င်းတို့၏ခေတ်တွင် ၎င်းတို့ အားလုံးက တမန်တော်မြတ်နည်းတူ ကုရ်အာန်ကို သဖ်စီရ်ပြုခဲ့ခြင်း အလျှင်းမရှိ ခဲ့ပေ။

ဆက်လက်တင်ပြပါဦးမည်။

ဦးစီုးလွင်(ငြိမ်းချမ်းလျင်စစ်)

No Comments Yet


There are no comments yet. You could be the first!

Write comment

Please read this note before your write comment.

 

Quranic Study Group
Los Angeles, California, USA
© 2005 - 2012 QuranInBurmese.com All Rights Reserved
Click here to download Zawgyi Font
Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976
Quran 38:29
Quran 26:24
Quran 3:138
Quran 6:153