ကုရ်အံမှ ပြောသော လူ့သမိုင်း- လူ့အဖွဲ့အစည်း
ကျွန်ုပ်တို့ အစ္စလာမ် သာသနာဝင်များသည် သက်ဦးဆံပိုင်ဘုရင်များ၊ အာဏာရှင်အစိုးရ များနှင့် ကိုလို နီခေတ် အဆက်ဆက်အောက်တွင် နှစ်ပေါင်း ထောင်နှင့်ချီ၍ နေထိုင်ခဲ့ ရသော ကြောင့် မိမိတို့ သက်ဝင်ယုံကြည်နေသော ကျမ်းမြတ်ကုရ်အံကိုပင်- သမ္မာကျမ်းစာ မှုပြု နားလည်လက်ခံထားကြသည်ကို ရင် နင့် စွာတွေ့ရှိရပေသည်။
သမ္မာကျမ်းစာတွင်လူ့သမိုင်းဟု မှတ်တမ်းစတင်သည်မှာအာဒံနှင့်ဧ၀မှဖြစ်၍။ အစ္စလာမ် သာသနာဝင်များကလည်းထိုအတိုင်းပင် နားလည်ထားပေတော့သည်။သမ္မာကျမ်းစာ ပါကောက် နှုတ် ချက်အရပြန်တွက် သော် ကမ္ဘာ့ပထမဦးဆုံးဟု သတ်မှတ်သောအာဒံ သည်ပင် နှစ်ပေါင်း ၆၀၀၀ ကျော်မျှသာရှိနေ သေး သည်။ သို့သော် တောင်အမေရိက တိုက်ဝင် ကိုလံဘီယာရှိ ဘို ဂိုတိုဟူသောအရပ် တွင် ဘီစီ၁၀၀၀၀ပတ်ဝန်းကျင်(သမ္မာ ကျမ်းစာပါ အာဒံမပေါ်မှီ နှစ်ပေါင်း၄၀၀၀)ခန့်ကပင်စုပေါင်းနေမုဆိုးအသိုင်းအ၀ိုင်းရှိနေ ခဲ့ သည် ဟူသော မနုဿဗေဒ ပညာရှင်များ၊ ကမ္ဘာ့သမိုင်း သုတေသီများ၏ အ ဆိုကိုလည်း- ထိုလူများ က ဘုရား သခင်ထက် သိရဲ့လားဟု ခံငြင်းနေသော ပညာတတ်ဆိုသူများ ရှိနေသေး ပေသည်။
မည်သို့ဆိုစေ- မည်တစ်ဦးတစ်ယောက်၏ ယုံကြည်မှုကိုမျှ မစောကြောလိုပါ။ လွတ်လပ်စွာ ယုံကြည်ခွင့်ရှိ သည်ဟုသာသတ်မှတ်ပေးရမည် ဖြစ်သည်။ ကျွန်ုပ်တင်ပြလိုသည်မှာ အစ္စလာမ် သာသနာဝင်တို့ လက်ခံ ယုံကြည်ထားသော ကုရ်အံကျမ်းစာအကြောင်းသာဖြစ် သည်။ ကုရ်အံတွင်- ကမ္ဘာ့လူသားသမိုင်းနှင့် ပတ် သက်၍
هَلْ أَتَى عَلَى الْإِنسَانِ حِينٌ مِّنَ الدَّهْرِ لَمْ يَكُن شَيْئًا مَّذْكُورًا۞
လူသားတို့အပေါ်သို့ သတိရစေရန်စိုးစဉ်းမျှမရှိသော ခေတ်ကာလအချိန်အား ပေးရောက်ခဲ့သည်မဟုတ် လော။ ဟု ၇၆း၁ တွင် ဆိုထားပေသည်။ ဆိုလိုသည်မှာ လူသားတို့ အနေဖြင့် သမိုင်းတင်၍ မထားခဲ့ သော အချိန်ကာလ၊သမိုင်း လူမျိုးနွယ်သည် ရှိနေခဲ့သည်ဆိုခြင်းကို တိတိကျကျ ပြောဆိုခြင်းဖြစ်ပေသည်။
အလျှဉ်းသင့်၍ တင်ပြရသော်- ကုရ်အံကျမ်းစာ၌ အာဒံဟူသည် ကမ္ဘာ့ပထမဦးဆုံးလူ သားဟု မည်သည့် နေရာတွင်မှ ဆိုမထားပေ။ ထိုအာဒံဟူသော အမည်နာမကို ဖေါ်ပြ သည့် နေရာ တိုင်းတွင် အာဒံနှင့်တွဲ ဆက်၍ الْجَنَّةَ (ဂျနာတ်)ဥယျာဉ်ဟူသည့် စကားလုံး အား အမြဲဖေါ်ပြလေ့ ရှိသည်ကိုသာတွေ့ရပေသည်။ တနည်းအားဖြင့် အာဒံသည် လူသား များ အခြေတကျနေ ထိုင် သည့် စိုက်ပျိုးရေးခေတ်တွင်မွေး ဘွားလာ သူဖြစ်သည်ဟု ဆို ခြင်းဖြစ်သည်။ သူ့အား جَاعِلٌ فِي الأَرْضِ خَلِيفَةً မြေကမ္ဘာ၌ သမ္မတမင်း ခန့်အပ် ပေး သည်ဟုလည်း ၂း၃၀ တွင်ဆိုသည်။ အရ်ဗီစ ကားခလီဖာဟ် خَلِيفَةً ဆိုသည်မှာ လူထုအား ကိုယ်စားပြုသည့် ကိုယ်စားလှယ်၊သို့မဟုတ် သမ္မတဟူသောဘွဲ့ပင် ဖြစ်သည်။ အာဒံနှင့် ဧ၀တည်း ဟူသော လင်မယားနှစ်ဦး ဖွဲ့စည်း သည့် လင်မ ယားအဖွဲ့အစည်းမှအိမ်ထောင် ဦးစီးဘွဲ့ وَكيل၀ကီးလ် မဟုတ်ချေ။သမ္မတဖြစ်ရန် တိုင်းပြည်၊ လူ့အဖွဲ့အစည်းနှင့် ခေတ် ကာလအလျှောက် ဖွဲ့စည်းပုံ ဥပဒေများလို အပ်ပေသည်။ ထို့ကြောင့် အာဒံဆိုသည်မှာ ကုရ်အံကျမ်းစာအရ လူသားများ တစ်နေရာတည်း၌ အခြေ ချနေထိုင်သော လူ့အဖွဲ့အ စည်းအ တွက်ပထမဦးဆုံးသမိုင်းတွင်သည့် ခေါင်းဆောင်ပင် ဖြစ်တော့ သည်။ ဥပ မာအားဖြင့်-မြန်မာနိုင်ငံမှ အနော်ရထာမင်းကဲ့သို့ ဖြစ်သည်။ အနော်ရထာမတိုင်မှီက ပင် မြန်မာနိုင်ငံ၌ လူသားများရှိနေခဲ့သော်လည်း၊ အနော်ရထာသည် မြန်မာနှိင်ငံတည်း ဟူသော ဧရိယာ အားစတင်သတ် မှတ် ၍ ပထမဦးဆုံး ထူထောင်ခဲ့သူ သာ ဖြစ်သည်။
ကျွန်ုပ်တို့၏နားလည်မှုအား သမ္မကျမ်းစာမှုပြုထားသည့် နားလည်မှုများမဖြစ်သင့်ပေ။ ကျွန်ုပ်တို့သည် ခရစ်ယာန်များပြောဆိုသကဲ့သို့ ဓမ္မဟောင်းကျမ်းကို လိုက်နာနေသူများမ ဟုတ်၊ နောက် ဆုံးပွင့် ဉာဏ်စဉ် ဆောင်၏ ဉာဏ်စဉ်သိ ဓမ္မအားမှတ်တမ်းတင်ထား သည့်- အတိမ်းအစောင်း၊ အဖိတ်အစင်မရှိသော ကုရ်အံကျမ်းတော်အားနှလုံးပိုက်လိုက်နေ သည်ဟူကို မေ့မထား အပ်ချေ။
ကျမ်းမြတ်ကုရ်အံတွင် အာဒံ၏ဇနီးဖြစ်သူသည် ဧ၀ဖြစ်သည်ဟုလည်း လုံးဝဆိုမထားပေ။ အလားတူပင် သမ္မာကျမ်းစာတွင် ဖေါ်ပြမထားသော ဉာဏ်စဉ်ဆောင်များဖြစ်သည့် (ဗုဒ္ဓဂေါတ မ) ذَا الْكِفْلِ ဿာလ် ကဖ်လိ၊ကာနိုင်မင်းကြီး ذِي الْقَرْنَيْنِ ဿီးလ်ကာရ်နိုင်းန်-နှင့် လု(က်)မန် لُقْمَانُ (အပြောအဟောကောင်းသူ) ဟူသည့် ကိုယ်တော်တို့၏ အမည်နာမ များလည်း မပါဝင်ချေ။ သမ္မာ ကျမ်းစာ၏ဖေါ်ပြချက်များမှာ ယခုခေတ်ကမ္ဘာ့အရှေ့အလယ် ပိုင်းဟု သတ်မှတ်ထားသော(ခါနန်ပြည်)ဒေသတွင် ပွင့်ပေါ်ခဲ့သည့်ဉာဏ်စဉ်ဆောင်များ ကိုသာဖေါ်ပြထားခြင်းဖြစ်၍၊ ကျမ်းမြတ် ကုရ်အံကမူ ကမ္ဘာတစ်ခုလုံး၌လူမျိုးရှိ သမျှတွင် ဉာဏ်ဆောင်မပွင့်ပေါ်ခဲ့ သောလူမျိုးဟူ၍ မရှိဟု အတိအကျ ဆိုထားပေသည်။ (၁၀း၄၇။ ၃၅း ၂၄)။ထိုဥပဒေ များအ ရ- အာရှ-အာဖရိတိုက်သာ မကတောင်အမေရိက၊ မြောက် အမေရိက တိုက်များ တွင်လည်း ဉာဏ်စဉ်ဆောင်များ ပွင့်ပေါ်ခဲ့ကြောင်း အတည်ပြုပေး လျှက် ရှိနေသည်။
ဦးဌေးလွင်ဦး (မူဖာဆွေရိုကုရ်အံ- ဘီအေ မြန်မာစာ- ရန်ကုန်တက္ကသိုလ်၊ အေအေ မီဒီ ယာမားကက်တိန်း – နယူးယောက်၊) Buddhism, Christianity & Islamic Scholar















No Comments Yet
There are no comments yet. You could be the first!
Write comment