Quran Knowledge - QuranInBurmese

သေဆုံးခြင်းနောက်ဝယ်

အစ္စလာမ် သာသနာ မတိုင်ခင် အလျှင် ရှိ များစွာ သော ဘာသာ သာသနာ များ တွင်သေဆုံး ပြီးသော သူများ သည် ဤ လောက သို့ပြန်လည် ရောက်ခြင်း ဟူသော အယူ ဝါဒ များကို လက် ခံ   ယုံကြည် ခဲ့ ကြ သည်။ အထူး သဖြင့် လူသား သည် သေဆုံး ပြီး နောက်ပိုင်း ပြန်လည် ဝင်စား နိုင် သည်  ဟူ ၍ သ ဘော ပေါက်နားလည် ထားကြသည်။ ထိုကဲ့သို့သော အယူဝါဒ များနှင့် စပ်လျှင်း၍ ကုရ်အာန်တွင် သေ ဆုံးပြီးသူများ သည်ဤ လော ကသို့မလာနိုင် ကြောင်း အတိ အကျပြဌာန်း ထားချက်များအနက် အချို့ ကို ကောက်နှုတ် ၍ တင်ပြပါမည်။

ကုရ်အာန်၂၁း၉၅ တွင်

(ငါအရှင်ဖျက်စီးခဲ့သည့် မြို့ရွာသားတို့သည် ဤလောက သို့ပြန် လာခြင်းကို ဟရမ် ဟူ၍ တားမြစ်ထား ပြီးဖြစ်သည်။)

အလားတူ ကုရ်အာန်၂၃း၁၀၀ တွင်

(သေဆုံး သူများ အားလုံးသည် “ဘရဇခ်”ဟူသော သက်ရှိ လောက နှင့် တမလွန် စပ်ကြားရှိ ကြား စ ခန်း တွင်ရောက် ရှိကြသည်။) ဟူ၍ဖော်ပြ ထားသည်။

ထိုနည်းတူစွာ၂း၂၈၊၂၂း၆၆၊၄၀း၁၁တို့တွင်

(လူသား တိုင်းသည်သက်မဲ့ ဘဝ မှ ဤလောက သို့ သက်ရှိ အဖြစ် ရောက်ရှိ လာခဲ့ ကြသည်။ တဖန် သက် မဲ့ ဘဝ သို့ ပြန်လည် ရောက် ရှိမည်။ ကေယာမသ် တရားစီရင် သောနေ့တွင် တဖန် ပြန် လည် ရှင်သန်ကြရမည်။)

ဟူ၍ပြဌာန်း ချက်များမှ အချို့ကို တင်ပြခြင်းဖြစ်သည်။ ဖန်ဆင်းရှင် သည်ကုရ်အာန် တွင် မိမိ၏ ဂုဏ်ပုဒ် များကို ဖော်ပြရာ၌ ငါအရှင်သည် တရားဆုံးဖြတ် ကြသော တရား သူကြီး များ အ နက် “အဟ်ကမွလ်ဟာကေမီးန်း”အမျှတဆုံး သော တရားဆုံးဖြတ်သည့် တရားသူကြီး ဖြစ် သည် ဟု ကျေညာထားသည်။ ထိုနည်း တူစွာ “အရ်ဟာမွလ်ရာဟေမီးန်” ဂရုဏာ  ထားသူများ အနက် ဂရု ဏာ အရာ၌ သူမတူ အောင်ထားနိုင်ဆုံး သူဟူ၍ ဖော်ပြထားသည်။ ထိုသို့သောအ ကြောင်း များ ကြောင့် ကုရ်အာန် ဗျာဒိတ် သက်တန်း နှစ် ၁၅၀၀အတွင်း မည်သည့် ခေတ်၊ မည်သည့် ကာလက မျှ၊ မည်သူ တစ်ဦး တစ်ယောက် က ကုရ်အာန်ပါ ဥပဒေများ နှင့်စပ်လျှင်း၍ တရားမျှတမှု မရှိ ဟူ၍ ပြစ် တင် ရှုံ့ ချခဲ့နိုင်ခြင်း အလျှင်းမရှိသေးခဲ့ပေ။

ဖန်ဆင်း ရှင်သည် ကုရ်အာန်၂၁း၉၅ ပါ “ဘရ်ဇခ်” ဟူသော ဤ လောက နှင့် နောင်တမ လွန် (ခေါ်)  ကမ္ဘာ့ တရား စီရင်မည့် နေ့တို့၏ ကြားစခန်း ကိုဖန်ဆင်းခြင်း သည် ပင်လျှင်၎င်း၏ တရား မျှ တဆုံး သော တရား သူကြီး ဖြစ်ကြောင်း ကို ကမ္ဘာသို့ လက်တွေ့ တင်ပြခြင်း တစ်ရပ်ဖြစ်သည်။ ကုရ်အာန် တွင် အချိန် နှင့်စပ်လျှင်း ၍ဖော်ပြချက် များတွင် အလွန် တိကျ ပြတ်သား ရှင်းလင်း စွာ ဖော် ပြ ထား သည်။ ကမ္ဘာရှိ လူသား တစ်ရပ်လုံး ရေတွက် လျက်ရှိသော ရက်ပေါင်း၃၆၅ရက် တစ် နှစ် ဟူသော အချိန် နှင့် ကေယာမသ်နေ့ တရားဆုံးဖြတ်ပြီး လူသားတို့ ထာဝရ နေကြ ရမည့် တစ်ရက်သည်နှစ် ပေါင်း ငါးသောင်း ကွာခြား သည် ဟုဖော်ပြ ထားသည်။ ဆိုလိုရင်း မှာဤ လော က တွင်သုံးစွဲလျက် ရှိသော နှစ် ငါးသောင်း သည်ကေယာမသ် ကမ္ဘာ့ တရားခွင် နေ့၏ တစ်ရက် ဖြစ်သည်။ ကုရ်အာန်

၇၀း၎ တွင်ဖေါ်ပြထားသည်။ သို့ရာတွင် “ဘရဇခ်”ဟူ သောကြား စခန်းသည် အချိန် နှင့်အာကာသ ၏လွှမ်းမိုးမှုမရှိသော နေရာ အဖြစ် ဖန်ဆင်း ထား ကြောင်း ကုရ်အာန် တွင် မြောက် များစွာ နေရာ များ၌်ဖော်ပြထားသည်။

ကုရ်အာန်၂၀း၁၀၄။၂၃း၁၁၃။၄၇း၁၈။၇၉း၄၆။(၄)နေရာတွင်၊ လူ တိုင်း ကေယာမသ် နေ့ တွင် ပြန် လည်ရှင်သန်ကြရာတွင် တစ်ရက်လောက် ဟုပင် ထင်မှတ်ကြမည်။

အလားတူကုရ်အာန်၁၀း၄၅။၃၀း၅၅။၄၆း၃၅တို့ တွင်ဘရ်ဇခ် မှပြန်လည်ရှင်သန်ကြ ရာ ဝယ်၊ တစ် နာရီလောက် သာလျှင် နေခဲ့သည် ဟုသွေဖည်သူများ ကပြေကြားမည်ဟု(၃)နေရာ တွင် ဖော် ပြ ထားသည်။ ကေယာမသ်နေ့ ပြန်လည် ရှင်သန်ကြရာ ၌ အထက်ပါ အာယာသ်များ အရ အချို့ က တစ်ရက်၊ အချို့က တစ်နာရီ ဟုပြောဆို ကြသော အခါကုရ်အာန်၂၃း၁၁၄တွင်(ဖန်ဆင်း ရှင်က၎င်း တို့အား အသင်တို့သည် တစ်အောင့်မျှ ပင်နေခဲ့ကြသည် မဟုတ်ဟု ပြန်လည်ဖြေကြားမည်။)

ထိုသို့သော အကြောင်း များကြောင့် ကုရ်အာန်၃၂း၁၁တွင်(အသင်ပြောကြားပါလေ ငြင်း ပယ် သူ တို့အား တာဝန်ပေး ထားသော သေမင်းတမန် ကအသင်တို့၏ အသက်ကို နှုတ်သိမ်း လိုက် သည် နှင့် အသင်တို့၏ အရှင်ထံသို့ ပြန်လည် ရောက်ရှိကြရမည်ဖြစ်သည်။) ဟုဆိုထားပေ သည်။ လော က တွင် ရှင်သန်လျက် ရှိသူတိုင်းသည် သေဆုံးသွားသည်နှင့်“ဗရ်ဇခ်”အချိန်နှင့်အာ ကာသ ၏ လွှမ်းမိုးမှု မရှိသော နေရာတွင် နေကြရမည်။ ကေယာမသ်နေ့ တွင် တံပိုးခရာ နှစ်ကြိမ် မှုတ်မည်။ ပထမ အကြိမ် တံပိုးခရာ မှုတ်သောအခါ လောက တွင်ကျန်ရှိ နေသော သက်ရှိအား လုံးသေဆုံး သွားကြမည်။ ဒုတိယ တံပိုးခရာ မှုတ်သည်နှင့် သေဆုံးသူ အားလုံး“ဗရ်ဇခ်” ကြား စခန်းမှ အား လုံး ပြန်လည် ရှင်သန်ကြမည်။

သို့မှ သာ ကေယာမသ် ဟူသော ကမ္ဘာ့ တရား စီရင် မည့်နေ့တွင် လူသားတိုင်း ၏ ကောင်းမှု၊ မ ကောင်းမှု တို့ကို အဆုံးအဖြတ် ပေးမည့်နေ့ ကိုတူညီစွာ စောင့်ဆိုင်းကာလ မရှိပြန်လည် ရှင်သန် ကြရမည် ဖြစ်သည်။ ဤသည် ဖန်ဆင်းရှင် ၏“အဟ်ကမွလ်ဟာကေမီးန်” တရား ဆုံးဖြတ်သော တရားသူကြီး များအနက် အမျှတဆုံး တရားဆုံးဖြတ် သောတရားသူကြီးဟူသောဂုဏ်ပုဒ်ကိုဖော် ပြရန်အတွက် “ဘရ်ဇခ်” ဟူသော စခန်း ကို ဖန်ဆင်း ခဲ့ကြောင်း ကုရ်အာန်တွင် ထင်ရှားစွာ ဖော်ပြထားခြင်းဖြစ်သည်။

ကုရ်အာန် ၏ထူးခြား ချက်မှာ “ဘရ်ဇခ်” ဟူသော ကြားကာလသည် အချိန် နှင့်အာ ကာ သ ၏ လွှမ်းမိုးမှု မရှိသော စခန်းဟုမြောက်များ စွာဖော်ပြထားခဲ့သည်။ သို့ရာ တွင်ကုရ်အာန် ၏ အခြား နေရာများ တွင်ထို ဖော်ပြပါ အယူဝါဒ နှင့်ဆန့်ကျင်သော၊ ဆန့်ကျင်သရောင်ရှိသော ဆန့်ကျင်နေ သည်ဟု ယူဆရသော မည်သည့် အမိန့်ပညတ် ချက်တစ်စုံ တရာ ကိုမျှမြင်တွေ့ရမည် မဟုတ်ပေ။ ဤသည် ကမ္ဘာကြီး တည်နေသ၍ လူသား တစ်ရပ်လုံး အတွက် ထာဝရ ဖြောင့် မတ်သော လမ်းကို တရားမျူတစွာဖြင့် ညွှန်လျက် ရှိနေမည့် ဗျာဒိတ်ကျမ်းမြတ်ကုရ်အာန်ပင်ဖြစ်၏။

လွတ်(က်)ကမန်း

3 Comments

Kyaw Kyaw Oo says:

Asslamualaikum,
Saya U SOe Lwin,
Thank you for bringing up the very important issue about death, barazak, and time, for all of us to understand and contemplate.
Death, for Muslims is not the end but just the beginning of the journey.
Until just before the time of death, the person is still in our dimension. Immediately after the death, the person is in the time and place known as Barazak or barrier, means he is no more able to do deeds any more as his life created by Allah SWT is over, and unable to return back to the world that once he lived.
I have read the comments written in English in your previous posts by some of the readers. I think understanding fundamental physics especially about dimensions, time , and space is utmost importance if a person want to discuss about the time mentioned in the Holy Quran.
Modern science has clearly proved the relative nature of time. So if a person understand the nature of time there will be no confusion on that matter such as ” the information to Allah will take a thousand year to reach HIM before he will decide ” (Please see comment of Ko Roger in your first post.)
I wish to see more interesting comments on mentioned subject.
May Allah bless us with better understanding of the Holy Quran day by day.
regards,
Kyaw Kyaw Oo

Well-loved. Like or Dislike: Thumb up 8 Thumb down 0

12 Feb 10 @ 2am

halking says:

သိချင်တာတွေသိရလို့ဆရာ့ကိုကျေးဇူးတင်ပါတယ်

Well-loved. Like or Dislike: Thumb up 4 Thumb down 0

13 Feb 10 @ 1pm

Maung Mayu Lwin says:

ဒီလိုအကြောင်းအရာတွေဖတ်ရလို့ အထူးဝမ်းသာအားရ ကျေးဇူးတင်ပါတယ်။

Thumb up 2 Thumb down 0

06 Mar 10 @ 5pm

Write comment

Please read this note before your write comment.


Quranic Study Group
Los Angeles, California, USA
© 2005 - 2010 QuranInBurmese.com All Rights Reserved
Security & Design by
COMREZ Computer
Click here to download Zawgyi Font
Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976
Quran 38:29
Quran 26:24
Quran 3:138
Quran 6:153