ကုရ်အာန်ကပြောသောကမ္ဘာလုံးခြင်း

ကမ္ဘာ-နှင့် ကမ္ဘာ့မိသားစု

ကမ္ဘာကို ဗဟိုပြု၍ စကြာဝဠာအား တိုင်းထွာသတ်မှတ်ခြင်း သီအိုရီကို ကျမ်းမြတ်ကုရ်အံ မှ လက်မခံချေ။ ကျမ်းတော်က စကြာဝဠာ အာကာသထဲ၌ စီးမျောနေသော အစိုင်အခဲ သည် မူလက တစ်လုံးတည်း ဖြစ်ခဲ့သည်ဟု ဆိုသည်။ ထိုမှ၎င်းတို့ကို ပေါက်ကွဲလွင့်စင်စေခဲ့ သည်ဟု(၂၁း၃၀)တွင်ဆို၍။ ထိုပေါက်ကွဲပြန့်ကားခြင်းသည် အစဉ်သဖြင့်ကျယ်ဝန်းနေ သည်ဟု (၅၁း၄၇) တွင် ပြောထားပေသည်။

ထို့ပြင် ကမ္ဘာဂြိုလ်ကဲ့သို့ အခြားသော အလားတူ ဂြိုလ်စဉ်ခုနစ်ဆက် (မြောက်များစွာ) ရှိနေသည်၊ (၆၅း၁၂) နှင့် သင်တို့အပေါ်၌ ဂြိုလ်ပတ်လမ်းကြောင်း ခုနစ်ဆက် (မြောက် များစွာ) ရှိနေ သည်ဟု (၂၃း၁၇) တွင် အတိအကျ ပြောထားပေသည်။

ဤနေရာ၌ကျွန်ုပ်တင်ပြလိုသည်မှာအာကာသရေးရာ၊စကြာဝဠာအကြောင်းမဟုတ်ချေ။ လူ့သမိုင်းလူသားများ လတ်တလောအခြေချနေရာ ဤကမ္ဘာခေါ် ဘဒ္ဒကမ္ဘာအကြောင်း ကိုသာ တင်ပြ လိုခြင်း ဖြစ်သည်။

အပင်ပန်းခံ ဆွေးနွေးနေစရာမလိုပေ။ ကမ္ဘာကြီးလုံးသလား ပြားသလား ဆိုသည်ကို ယ ခုခေတ်လူသားတိုင်း သိပြီးဖြစ်သည်။ သို့သော် ကျွန်ုပ်၏ အတွေ့အကြုံအရ ယခုလက်ရှိ ပ ညာတတ်ဟု ခံယူထားသူများထဲမှပင် သူတို့၏ နောက်လိုက်များရှေ့၌ ကမ္ဘာလုံး သလားပြားသလား ဘယ်သူက သက်သေပြနိုင်မလဲ (လက်နဲ့ကိုင်ပြနိုင်မလဲ)။သိပ္ပံဆိုတာ အ ကုန်မှန်တယ်လို့ ဘယ်သူက အာမခံနိုင်မလဲ။ သိပ္ပံက အခုအချိန်ထိသက်သေ မပြနိုင်သေးတာတွေ ရှိနေတယ်။ ဥပမာ- သွေးကို သိပ္ပံက ခွဲလို့ မရသေးဘူး။ တ ရုတ်သွေး၊ကုလားသွေး၊ ဗမာသွေး- ဆိုတာတွေကို သိပ္ပံက ခွဲခြားပြနိုင်လို့လား- ဟူ၍ ကပ်ဖက်ခံသည့် ဘာ သာရေး ဆရာများရှိနေသေးပေသည်။ မည်သို့ နားလည်ပေး ရမည်နည်း။

ကျမ်းမြတ်ကုရ်အံ အရသုံးသပ်လျှင် ထိုအယူသည် သမ္မာကျမ်းစာပါ၊ ကမ္ဘာပြားသည် ဟူသော အယူအား ထိခိုက် မည်ကို ခုခံကာကွယ်နေခြင်းသာ ဖြစ်တော့သည်။ ထိုကဲ့သို့ ဆောင်ရွက် မှုမျိုး ကို ခရစ်ယာန်သာသနာဝင် များကဆောင်ရွက်နေသည်မှာ အပြစ်ဆို ဘွယ် မရှိချေ။ သူယုံကြည်သော အယူအား မထိခိုက်စေလို၍သာ ဖြစ် ပေသည်။

သို့သော် အစ္စလာမ်သာသနာဝင်များ ယုံကြည်လက်ခံသော ကျမ်းမြတ်ကုရ်အံတွင် ကမ္ဘာ သည် လုံးဝ- အလုံး သာ ဖြစ်ကြောင်း တိုက်ရိုက်တစ်မျိုး သွယ်ဝှက်၍ တစ်ဖုံ မြောက်များ စွာ ပြောဆို ထားပေသည်။ ထို အဆိုများထဲ မှ အတိအကျပြောဆိုသော သုတ်ဒေသ နာ (၂)ပါးကို ဤနေရာ၌ ဖေါ်ပြလိုပါသည်။

وَالْأَرْضَ بَعْدَ ذَلِكَ دَحَاهَا۞

ကမ္ဘဂြိုလ် ဤနောက် ၎င်းကို ကြက်ဥပုံ ဖြစ်စေ၏။ ၇၉း၃၀ ဟုလည်ကောင်း၊

خَلَقَ السَّمَاوَاتِ وَالْأَرْضَ بِالْحَقِّ يُكَوِّرُ اللَّيْلَ عَلَى النَّهَارِ وَيُكَوِّرُ النَّهَارَ عَلَى اللَّيْلِ وَسَخَّرَ الشَّمْسَ وَالْقَمَرَ كُلٌّ يَجْرِي لِأَجَلٍ مُسَمًّى أَلَا هُوَ الْعَزِيزُ الْغَفَّارُ۞

အရှင်သည် မိုးများနှင့် မြေက္ဘာကို မှန်ကန်ညီညွတ်စွာ ဖြစ်တည်စေ၏။ အရှင်သည် နေ့ကို ညအပေါ်သို့ လှိမ့်စေ ၏။ သတ်မှတ်ထားသော စီးကြောင်း ကိုယ်စီဖြင့် နေနှင့်လအား အသုံးခံ ဖြစ်စေ ၏။ ဧကန်မလွဲ အရှင်သည် ဘုန်း တော်အရှင်၊ လွတ်ငြိမ်းစေသော အရှင် ဖြစ်၏။ ၃၉း၅ ဟုလည်းကောင်း အတိအကျ ပြောထားသည်မှာ နှစ်ပေါင်း ၁၅၀၀ နီးပါးကပင် ဖြစ်တော့သည်။

ဤနေရာတွင် စောကြောလိုသူများက ဤဖွင့်ဆို ဘာသာပြန်မှုများသည် သိပ္ပံပညာ ပေါ် ထွန်းလာပြီးနောက်မှ သိပ္ပံနောက်သို့ လိုက်၍ ဖွင့်ဆိုခြင်း ဖြစ်သည်ဟု ပြောဆိုကောင်းပေ သည်။

ထိုသို့ပြောဆိုချက်များမှာ အစ္စလာမ်သာသနာနှင့် အစ္စလာမ့် ဒသနအား မလေ့လာဘူးသူ များသာ ဖြစ်ပေမည်။ အဘယ်ကြောင့်ဆိုသော်- ၇၉း၃၀ မှ ကြက်ဥပုံဟု ပြန်ဆိုသော အရ ဗီဝေါဟာရ ဒဟား ဟာ သည် ကြက်ဥဟု အနက်ကို ပေးသည့် دَحَ ဒဟ ကြက်မ၏ ၀မ်း ဗိုက်ထဲမှ ဥ သို့မဟုတ် دَحَر ဒါဟာရ် လုံးရန် လှိမ့်သည် မှ ဆင့်ပွား လာခြင်း ဖြစ်သည်။ ထိုဝေါဟာရ၏ အနက်ကို မည်သည့် အာရ်ဗီ အဘိဓါန်တွင် မဆို ကြည့်နိုင်ပေသည်။ ခရစ် ယာန် ဆရာတော်များ ဘာသာပြန်သည့် ကုရ်အံဘာသာပြန်များတွင် دَحَاهَا ကို ဖြန့်ခင်းသည်ဟု ပြန်ဆိုကြပေ သည်။ အချို့သော အစ္စလာမ့် ခေါင်းစဉ်အောက်မှ ဆရာတော်များကလည်း ခရစ်ယာန် ဘာသာပြန်များကို မှီး၍ ထိုအတိုင်း လိုက်ပြန်သည်ကို ၀မ်းနည်းစွာ တွေ့ရပေသည်။ ထိုဆရာတော်များက دَحَاهَا ကို دَحَاه ဒါဟာဟ် နှင့် မှားယွင်း ဘာသာပြန်ခြင်းသာ ဖြစ်ပေသည်။ ထိုစကားလုံး دَحَاهَا ဒဟားဟာ မှ ه ဟ သည် ရှေ့မှ စကားလုံး دَحَ ဒဟ ၊သို့ မဟုတ် دَحَر ဒါဟာရ် နှင့် မသက်ဆိုင်ချေ။ هَا ဟာ မှာ ကမ္ဘာဂြိုလ်၏ နာမ်စား သူမ ဟူသော အဓိပ္ပါယ်ကို ပေးသည့် သီးခြား စကားလုံး ဖြစ်ပေသည်။ သို့မဟုတ် ထိုဆရာတော်ကြီးများသည် ဖြန့်ခင်းသည် ကိုပြောသော အာရ်ဗီစကားလုံး မီဟာဒါမ် (မဟဒ) နှင့် ဤသုတ်တော်မှ ဒဟ ကို မှားယွင်း ပြန်ဆိုခြင်းလည်း ဖြစ်နိုင်ပေသည်။

တဖန် ၃၉း၅ မှ လှိမ့်စေ၏ ဟူသော စကားလုံး ယကူဝါးရ် يُكَوِّرُ သည်လည်း အရဗီစ ကားဖြင့် ဘော်လုံးကို ခေါ်သည့် ကူရာဟ် كوة မှဆင့်ပွားလာခြင်း ဖြစ်ကြောင်းမည်သည့် အရဗီ အဘိဓါန် တွင် မဆို ကြည့်နိုင်ပေ သည်။ ဤသုတ်ဒေသနာတော်လာ ဘော်လုံးကဲ့ သို့ လှိမ့်နေသော ကမ္ဘာအား တည်၍ နေ့နှင့် ည ဖြစ်စေ ခြင်းကို ပြောဆိုခြင်း ဖြစ်သည်။ (အချို့ဆရာတော်ကြီးများက အ ထက်မှာ ဒဟာ ကို မှားသကဲ့သို့ ဤသုတ်တော်မှ ယကူဝါးရ် يُكَوِّرُ ကိုလည်း ဖုံးအုပ်သည် လွှမ်းခြုံသည်ဟု မှားယွင်းစွာ ပြန်ဆိုကြပေသည်။ ဤနေရာ၌ ဝေါဟာရရှင်းတမ်းကိုမပြောလိုတော့ပေ။ အသေးစိတ်သိလိုသူများအ တွက် အောက်တွင်ဖေါ်ပြပါ အီးလ်မေးအတိုင်းမေးမြန်းနိုင် ပါသည်။)

ဤထက်ပို၍သက်သေပြရလျှင်သိပ္ပံပညာရှင်များက ကမ္ဘာသည်လုံးသည်ဟုမပြောမှီ၊ ဂ လီလီယို (၁၅၆၄-၁၆၄၂) နှင့် နယူတန်(၁၆၄၃-၁၇၂၇)မပေါ်မှီနှစ်ပေါင်း၄၀၀ထက်စော လျှက် ကုရ်အံ အား အထကထာ ဖွင့်ဆိုခဲ့သော အေမန်ရာဿွီ ဟဂ်ျရီ (၇) ရာစု (အေဒီ ၁၁၄၉-၁၂၀၉)၏ (တက်ဖ်စီရ်ကဘီးရ်)ကျမ်း၌- မည်သူသည် မည်သို့ပင်ဆိုစေ-ကမ္ဘာသည် ကား လုံးသည်မှာ လုံးသည် ပင် ဖြစ်သည်ဟု အတိအကျ ဆိုခဲ့ပေသည်။ (အေမန် ရာဿီ Al-Razi ကို အချို့က အေမန် ရာဇီ-အသံထွက်သည်)။

အချုပ်အားဖြင့်ဆိုရသော်- ကျွန်ုပ်တို့ အစ္စလာမ် သာသနာဝင်များသည်၊ သမ္မာ ကျမ်းစာ၏ မှိုင်းမိနေမှုအား ရှောင် ကြည်လျှက်- ကျမ်းမြတ်ကုရ်အံအား အရောင်အစွန်း မပါဘဲလျှက် နားလည် သဘောပေါက်ရန် လိုအပ်ပေသည်။ ကျမ်းတော်ပါ ဝေါဟာရ တစ်ခုချင်းစီ၊ သို့မဟုတ် ၀ါကျတစ်ခုချင်းစီအား ကွင်းစကွင်းပိတ်များဖြင့် အရောင်ဆိုး ဘာသာပြန် ထားခြင်း များနောက် သို့ မ လိုက်ဘဲ လေ့လာသင့်ပေသည်။ ကွင်းစ ကွင်းပိတ်များဖြင့် အရောင်ဆိုး ဘာသာပြန်ထားခြင်းများသည်- ကျမ်းတော်၏ အမှန်တကယ် အဓိပ္ပါယ်အား မည်သို့မျှ ရောက်နိုင်မည် မဟုတ် ဘဲ လျှက်- မိမိကိုယ်မိမိ မှိုင်းအထပ်ထပ် မိရန် သာ ပြုစားခံနေခြင်းပင် ဖြစ်တော့သည်။

ကျမ်းမြတ်ကုရ်အံ အတတ်နိုင်ဆုံး တိကျစေရန် ဘာသာပြန်လျှက် islammyanmar.com တွင် အစအဆုံး ဖေါ် ပြထားပါသည်။ ကိုးကားလိုသူများ ကိုးကားနိုင်ရန်လည်းလိုအပ် သည်ဟု ဆင်ခြင်မိသော နေရာတိုင်းတွင် ရှင်း လင်းပေးထားပါသည်။

ကျမ်းတော်ပါ- စကြာဝဠာ သီအိုရီများအား အလျှဉ်းသင့်လျှင် တင်ပြပေးပါမည်။

လေးစားစွာဖြင့်

ဦးဌေးလွင်ဦး (မူဖာဆွေရို ကုရ်အံ- ဘီအေ မြန်မာစာ- ရန်ကုန်တက္ကသိုလ်၊ အေအေ မီဒီယာမားကက်တိန်း- နယူးယောက်၊)
Buddhism, Christnity & Islamic Scholar

No Comments Yet


There are no comments yet. You could be the first!

Write comment

Please read this note before your write comment.

 

Quranic Study Group
Los Angeles, California, USA
© 2005 - 2012 QuranInBurmese.com All Rights Reserved
Click here to download Zawgyi Font
Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976
Quran 38:29
Quran 26:24
Quran 3:138
Quran 6:153