ကျမ်းမြတ်ကုရ်အာန်၏ ခေတ်ရှေ့ပြေးဟောကိန်းများ(၈)
ခေါင်းဆောင်များကိုစမ်းစစ်နည်း (၂)
အာယာသ်၂း၇၉ သည် လူသား တစ်ရပ် လုံးအား လမ်းလွဲသို့ ရောက်ရှိရန် ကျမ်းဂန် မတတ် သောတ ပည့် များကို မွေးထုတ် ပေးသောခေါင်းဆောင် များဖြစ်သည်။
(၎င်းတို့သည် စာအုပ် များကို မိမိ တို့၏ လက် များဖြင့် ရေးသားကြသည်။ ထို့နောက် ၎င်းတို့က ဆိုကြသေး သည် ၊ဤသည် အလ္လာဟ့် ထံမှ ချ ပေး သောကျမ်း၏ အနှစ်သာရများ ဖြစ်သည် ဟူ၍ ဈေးပေါပေါနှင့် အကျိုးအမြတ် ရှာဖွေကြ၏။ ၎င်းတို့ လက်များဖြင့် ရေးသား ခဲ့ကြသော အရာများ သည် လည်းကောင်း၊ ၎င်းတို့ ဆည်းပူးခဲ့ကြသော အရာ များသည် လည်းကောင်း ပျက်စီးဆုံး ရှုံးကြရမည်သာဖြစ်၏။ )
ဖော်ပြပါ ခေါင်းဆောင်မျိုးသည် ခေတ်တိုင်း ဘာသာသာသနာတိုင်းတွင် ရှိခဲ့ပြီးဖြစ်သည်။ ရှိနေသည်၊ ရှိနေဦးမည်သာ။လိမ်ညာသူသည် လိမ်ညာမည်သာ ဖြစ်သည်။ ထိုလိမ်ညာသူ၏ လိမ်ညာမှုကိုနောက် လိုက်များက မခံရ လေအောင် စမ်းစစ်ပုံ စမ်းစစ် နည်းများ ကို သင်ကြားပေးသောအာယာသ် များဖြစ် သည်။ ဓမ္မဓိဌာန် ကျကျ ထိုအာယာသ် များအပေါ် စဉ်းစား ဆင်ခြင်ခြင်းဖြင့် မျက်ကန်း ကိုဆရာတင်၍ အနောက်မှ လိုက်သော တပည့် သားမြေးများ သည် အချိန်မရွေး အန္တာရာယ် တွင်းသို့ သက်ဆင်းရန် အခွင့် အလန်းရှိ နေပေသည်။ ထိုသို့သော အကြောင်းများကြောင့် လူသားတိုင်းသည် မိမိတို့သက်ဝင် ယုံကြည်သော ဗျာဒိတ် ကျမ်းဂန်ကို နားလည်သဘောပေါက် ရမည်ဖြစ်သည်။ သို့မှသာ အမှားနှင့် အ မှန်ကို ပိုင်းခြားနိုင် မည်ဖြစ် သည်။ ထိုအာယာသ် နှစ်ခုသည် လူတစ်ဦး တစ်ယောက် (ဝါ)ဆရာသခင် များဟု ခေါ်ဆိုသော မည်သည့်လူသား တစ်ဦးကိုမျှ စမ်းစစ်မှု မရှိဘဲဆရာပုံအပ်ဆည်းကပ်ဝါဒကိုတား မြစ်ထားသော အာယာသ် များဖြစ်သည်။ လူသားဟူသည် အချိန်မရွေး မှားယွင်းနှိင် သောကြောင့် စူ ရာဖာသေဟာ ကို ဆွလာသ်၏ ရကအသ်တိုင်းတွင်ပြဠာန်းခြင်းဖြစ်သည်း။
အာယာသ် ၂း၇၈ သည် မိမိတို့ကိုယ် မိမိတို့က အမှန်တကယ် ပညာတတ် ခေါင်းဆောင်များ ဟုထင် နေသော ဗျာဒိတ် ကျမ်းကို မတတ်ဘဲ ကျောင်းတော်ဝါဒ၊ ဂိုဏ်းဂနဝါဒများ နှင့်ဆရာ့ ဆရာများ၏ လူ ရေးကျမ်း အယူဝါဒ များကိုသာ တတ်သိနားလည်ကြသော ခေါင်းဆောင်ပညာမဲ့ များကိုဆိုခြင်းဖြစ်သည်။ ဒုတိယ အာယာသ်၂း၇၉သညှ် ကျမ်းဂန်ကို တတ်ကျွမ်းပါလျှက် မိမိတို့၏ ကိုယ်ကျိုးအတွက် အမြတ် ရှာလိုသော အသိ ခေါက်ခက် အဝင်နက်သော ခေါင်းဆောင်တို့ အကြောင်းဖြစ်သည်။ ၎င်းတို့မှာ မိမိ တို့၏ နောက်လိုက် တပည့်များကို ဗျာဒိတ် ကျမ်းဂန်၏ အတွေး အခေါ်များမှ ၊၎င်းတို့ ၏လူရေးကျမ်း မူဝါဒများသို့ အရောက်ပို့၍ လမ်းလွဲစေ သောခေါင်းဆောင်များကိုဆိုခြင်းဖြစ်သည်။
ကုရ်အာန်၃း၁၈၇ တွင် (ငါအရှင်သည် ရှေ့ကျမ်းဂန် ရများနှင့် ပဋိန်ညာဉ်ပြုခဲ့၏။ ငါ၏ဗျာဒိတ်ကျမ်းဂန် ကို လူသား တို့အား ထင်ရှားစွာ ရှင်းပြရန်နှင့် ထိုကျမ်းကို ထိမ်းချန်မှုမပြုရန် တို့ဖြစ်သည်။ သို့ရာတွင် ၎င်း တို့သည် ကျမ်းဂန်ကို နောက်ကျောတွင် ထား(ထိန်ချန်)၍ ကိုယ်ကျိုးအမြတ် ရှာဖွေသူများ ဖြစ်ခဲ့ ကြသည်။ )
ဤအာယာသ် တစ်ခုတည်း နှင့်ပင် ရှေးကျမ်းရ ခေါင်းဆောင်များသည် မိမိတို့ ၏ ကိုယ်ကျိုး အမြတ် ရှာလို၍ မိမိတို့၏ နောက်လိုက် တပည့်များကို ဗျာဒိတ်ကျမ်းဂန်၏ အယူဝါဒမှ ၎င်းတို့၏ လူရေးကျမ်း မူဝါဒများသို့ ပြုပြင်ပြောင်းလဲခဲ့ကြောင်း ထင်ရှားစွာ မြင်တွေ့နိုင်ပေသည်။
အလားတူ ကုရ်အာန် ၅း၄၄ တွင် ရှေးကျမ်းရ ပုပ်ရဟန်း များ၏ အတောမတတ် နိုင်သော မတော် လောဘကြောင့် စစ်မှန်သော ဗျာဒိတ်ကျမ်းများပါအယူဝါဒများမှ ၎င်းတို့၏ လုပ်ဇာတ် လူရေးမူဝါဒ လမ်းကြောင်း ပေါ်သို့ မိမိတို့၏ တပည့်များ နှင့် နောက်လိုက် အမျိုးသား များကို လမ်းလွဲ စေသော လုပ်ဆောင်ချက် များကို ဖော်ပြထားသည်။ ထိုသို့သော အကြောင်း များကြောင့် အထက် မှ၂း၇၈ တွင်ပါဝင်သော ကျမ်းဂန်မတတ် သော လူ့ဘာလ ပညာမဲ့များဟူသည် ၂း၇၉ ပါ ကိုယ်ကျိုးရှာကျမ်း တတ်ပုပ်ရဟန်းများ၏ ခေါ်ဆောင်မှုဖြင့် ရိုးသားစွာ ပညာမဲ့ဘဝသို့ ရောက်ရှိသွားသူများဖြစ်သည်။ မိမိကိုယ် တိုင်က ပညာမဲ့ ဖြစ်နေသည်ကို မသိဘဲ မိမိကိုယ် မိမိ တတ်သိ နားလည်သည် ဟုထင် မှတ်နေသူများဖြစ်သည်။
ထိုသို့သော အကြောင်း များကြောင့် ပညာရှိတို့၏ ဆုံးမချက် များတွင် ချဉ်းကပ်ရမည့် သူများနှင့် ရှောင်ကျဉ် ရမည့် သူများကို ခွဲခြားသိရှိနိုင်စေရန်အတွက် လမ်းညွှန်ချက်များမှ တစ်ခုကို တင်ပြ ရမည်ဆိုပါက၊
(၁) မိမိကိုယ်မိမိ တတ်သိနား လည်မှု မရှိသည်ကို မသိဘဲ တတ်သိ နားလည် သည်ဟု ထင် နေသူများသည် ပညာမဲ့ လူ့ဘာလ ၊လူမိုက်များဖြစ်ကြ၏။ ၎င်းတို့နှင့်ရှောင်ပါ။
(၂) မိမိကိုယ်မိမိ တတ်သိ နားလည်သည်ကို မသိဘဲ မတတ်ဟုထင်နေသူသည် အိပ်ပျော်နေ သောသူနှင့်တူသည်။ ၎င်း အား လှုပ်နှိုးလိုက်ပါ။
(၃) မိမိကိုယ်မိမိ တတ်သိပါလျှက် မိမိကိုယ်မိမိပညာရှိပါဟု ဘယ်သော အခါမျှ ထုတ်ဖော် မ ပြောသူသည် ပညာရှိ အစစ်အမှန်ဖြစ်၏။ ၎င်းအား ချဉ်းကပ်ပါဟူ၏။
(စာရေးဆရာ မြသန်းတင့်)
ထပ်မံ၍ မှားယွင်းသော ခေါင်းဆောင်များကို ဆရာ မတင်မိ စေရန် ဓမ္မဓိဌာန်ကျကျ ဆွေးနွေး ချက်များအနက် အောက်ပါ အာယာသ်လေးနှင့်ပင် အသိဥာဏ်ရှိသူတိုင်းအတွက် လုံလောက် နိုင်ပေသည်။ ကုရ်အာန် ၆၂း၅ တွင်
(“သောက်ရာဟ်”ဗျာဒိတ် ကျမ်းကိုရ ရှိပါလျှက် ထိုကျမ်းပါဥပဒေ များအတိုင်း လိုက်နာကျင့်သုံး မှုမပြုသူများ ၏ ဥပမာသည် ကျမ်းဂန်ကို သယ်ဆောင်ထားသော မြည်း သတ္တဝါနှင့်တူကြောင်း မိန့်ဆိုထားသည်။)
မြည်းသတ္တဝါ ၏ ကျောပေါ်တွင် သယ်ဆောင် ထားသော ကျမ်းစာအုပ် များနှင့် ထိုကျမ်းပါလမ်း ညွှန် မှုများ သည် ထိုမြည်းသတ္တဝါ အတွက် မည်သို့မျှ အကြိုး ဖြစ်ထွန်း နိုင်မည် မဟုတ်ပေ။ ထိုအာ ယာသ် သည် ခေတ်တိုင်း စနစ် တိုင်းရှိ လူသားများ အဖို့ လွယ်ကူစွာ မမေ့နိုင် သောဥပမာအား ဖြင့်သတိပေး နှိုးဆော်ချက် တစ်ရပ် ဖြစ်သည်။ ဥပမာ အားဖြင့် ကမ္ဘာ့ခေတ်မှီ နိုင်ငံများ အနက်အ မေရိကန် ပြည် ထောင်စု ၏ အခြေခံ ဥပဒေ တွင် အမေရိကန် နိုင်ငံသား ခံယူ မည့်သူ တစ်ဦးသည် အခြေခံဥပဒေများ အနက် အဓိက မသိမဖြစ်သော ဥပဒေတစ်ရာ ကို တတ်သိ နားလည် ရမည်ဖြစ်သည်။ နိုင်ငံ တစ်နိုင် ငံက ပြဌာန်း ထားသော ဥပဒေသည် ထိုနိုင်ငံတွင် နေထိုင်သော ပြည်သူ များ အတွက် အကာအကွယ် အစောင့် အရှောက် ဖြစ်သည် ဆိုလျှင် လူမျိုး တစ်မျိုး အတွက် လမ်းညွှန် အဖြစ် ချပေးခဲ့ သော ရှေး ကျမ်း ဂန် သည် ပို၍ပင် အရေး ကြီးမည်ဖြစ်သည်။ သို့ဆိုလျှင် ခေတ်တိုင်း နေရာတိုင်း လူမျိုး တိုင်း အတွက် ကမ္ဘာကြီး တည် ရှိနေသ၍ လမ်းညွှန်မှု ပေးမည့် ကျမ်းမြတ် ကုရ်အာန်ကို တတ်သိနားလည် သဘော ပေါက်ရန်အတွက် မည်မျှအရေးကြီးမည်ကို အသိဥာဏ်ရှိသူတိုင်း သိမည်ဖြစ်သည်။
ထိုကုရ်အာန်ကို အများ မွတ်စလင်မ်များ ထက် ပိုမိုသိရှိရန် ၊ပိုမိုနားလည်ရန်၊ ပိုမိုပို့ချဟောပြောရန်၊ ပိုမို၍ ဘာသာရေး ကျောင်းများတွင် သင်ကြားပေးရန် ပိုမို၍ အထောက်အထားအဖြစ် ကိုးကား ဖော် ပြရန် တာဝန်မှာ မွတ်စလင်မ်အများစု ကို ဦးဆောင် လျှက်ရှိသောရှေ့ဆောင် လမ်းပြ ပညာရှင်များတွင် သာပို၍ တာဝန်ရှိသူများ ဖြစ်ကြသည်ဟူ၍အထက်ပါအာယာသ်များကမီးမောင်းထိုးပြလျှက်ရှိနေသည်။
ဆက်လက်တင်ပြပါမည်။ ဦးစိုးလွင်(ငြိမ်းချမ်းလျပ်စစ်)

















No Comments Yet
There are no comments yet. You could be the first!
Write comment