ကျမ်းမြတ်ကုရ်အာန်၏ ခေတ်ရှေ့ပြေးဟောကိန်းများ(၉)

ခေါင်းဆောင်များကိုစမ်းစစ်နည်း (၃)

တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်သည် နဗီတမန်တော်များအား ခေတ်တိုင်းလူမျိုးတိုင်းနှင့် နေ ရာတိုင်းတို့တွင် စေလွှတ်၍ လမ်းညွှန်ဗျာဒိတ်ကျမ်းများကို ချပေးခဲ့ပြီးဖြစ်သည်။ သို့ရာ တွင်ရှေး လွန်လေပြီးခဲ့သောဘာသာ သာသနာတိုင်းတို့တွင် မူရင်းဗျာဒိတ်ကျမ်းဂန်၏ အနှစ် သာရများမှလွှဲချော်၍ လူသားတို့၏ အတွေးအခေါ် များအားဖြင့် ပုံဖော်ထားသော အယူ ဝါဒများကသာလျှင် သာသနာအဖြစ်ရပ်တည်လျှက် ရှိနေခဲ့ကြရလေ သည်။ ထိုကဲ့ သို့သော ဗျာဒိတ်ကျမ်းဂန်၏အလွန် အတွေးအခေါ်ရှိသော ခေါင်းဆောင်တိုင်း၏စွဲကိုင် ထားတတ်သောအလေ့အကျင့်အမူစရိုက် များနှင့် ၎င်းတို့၏စောရက မြောက်များစွာတို့ကို အတိုချုံး၍ ထိမိစွာ ဖော်ပြပုံမှာ ကုရ်အာန်၃၁း၂၁တွင်

(အသင်သည်၎င်းတို့အား အလ္လာအရှင်က ဗျာဒိတ်အဖြစ် ချပေးခဲ့သော ကျမ်းဂန်အတိုင်း အသင်တို့လိုက် နာကြဟု ပြောဆိုခြင်းခံကြရသည့်အခါတွင် ၎င်းတို့က ကျွန်ုပ်တို့၏ ဆရာသခင်များ ဘိုးဘွားများရှာဖွေ တွေ့ရှိထားသည့် တရားလမ်းစဉ်အတိုင်းသာ ကျွန်ုပ်တို့တစ်သွေမတိမ်း လိုက်နာသူများ ဖြစ်ကြသည်ဟူ၍ ပြန်လည်ပြောကြမည်ဖြစ်သည်။ အမှန်တကယ်တော့ ရှိုင်တွာန် သည် ၎င်းတို့ကို တောက်လောင်လျှက်ရှိ သော ငရဲမီးဖက်သို့ ဖိတ်ခေါ်ခြင်း သာဖြစ်၏။ )

အထက်ပါမှားယွင်းသော ခေါင်းဆောင်များ၏ စောရကများသည် မည်သည့်ခေတ် မည် သည့်ကာလ၌ပင်လျှင် မရိုးနိုင်သော ပြောဆိုတုံ့ပြန်ချက်များကို ဖော်ပြထားခြင်းဖြစ် သည်။ မည်သည့် ဘာသာ၊မည်သည့် သာသနာတွင်ဖြစ်စေ၊ မှားယွင်းသောခေါင်းဆောင် များ၏ ရပ်တည်ချက်၊ ခံယူချက်များသည် မိမိတို့၏ကျောင်း၊ မိမိတို့၏ဆရာ၊ မိမိတို့၏ဂိုဏ်းဂဏ ဝါဒလမ်းစဉ်များကို ဗျာ ဒိတ်ကျမ်းဂန်ထက် ပိုမိုဆွဲကိုင် မြတ်နိုးကြသည်မှာ ဓမ္မတာ ပင်ဖြစ်၏။ ဤသည့်အချက်ကို ထိုအာယာသ်က ပေါ်လွင်ထိမိစွာ ဖော်ပြထားခြင်းဖြစ် သည်။

ထိုသို့သောအကြောင်းများကြောင့် ကျမ်းမြတ်ကုရ်အာန် တစ်အုပ်လုံးပါဗျာဒိတ်များ တွင် ရှေးအထက် ကာလများမှ မှားယွင်းသောအယူဝါဒများကိုဆွဲကိုင်ထားခြင်းဖြင့်၊လော က တွင်ပင်လျှင် ပျက်စီးဆုံးရှုံး သွားရသောလူမျိုးများအကြောင်းများကို အထပ်ထပ်ဖော်ပြ ၍ အောက်ပါညွှန်ကြားချက်များကို ပြဌာန်းခဲ့ သည်။ ကုရ်အာန်၁၂း၁၀၉၊၁၆း၃၆၊ ၃၀း၉၊ ၄၁၊၄၀း၂၁၊၈၁၊၄၇း၁၀၊ ၃း၁၃၇၊ ၄၉း၂၀ တို့တွင်

(အသင်တို့ကမ္ဘာလှည့်၍ ငါအရှင်၏ ပြဌာန်းထားသော ဥပဒေများကိုငြင်းပယ်ခဲ့ကြသူတို့၏ နောက်ဆုံး ဖြစ် အင်ကို ရှုမြင်၍ တရားရယူကြဟူ၍ ) မိန့်ဆိုထားသည်။

အထက်မှဖော်ပြခဲ့သည့်အတိုင်း ကုရ်အာန်သည် အတိတ်သမိုင်းမှ ဖြစ်ရပ်မှန်များကို ကြည့်ရှု၍ပစ္စုပ္ပန်ရှိ လူသားတို့သည် ထိုအမှားမျိုးမှ ကင်းဝေးနိုင်စေရန် တိုက်တွန်း ထားသော ဗျာဒိတ် များ ဖြစ်သည်။

အဒ်လူမျိုးများ

ကုရ်အာန်က ကမ္ဘာလှည့်၍ ရှုမြင်သုံးသပ်စေချင်သော လူမျိုးများ၏ဖြစ်အင်ကို ကုရ် အာန်တွင်ဖော်ပြထား ပြီးဖြစ်သည်။ ဥပမာအားဖြင့် တမန်တော်ဟူဒ်၏ အမျိုးသားများ သည် အဒ်လူမျိုး များဖြစ်သည်။၎င်းတို့ သည် တမန်တော်နူဟ်၏ လှေကြီးထဲတွင်ပါဝင်သော တမန်တော်နူဟ်၏ မျိုးနွယ်များဖြစ်သည်။ တမန်တော်နူဟ်ယူဆောင်လာသောအရှင်မြတ် ၏ဗျာဒိတ်ကျမ်းဂန်ကို ယုံကြည်သူများဖြစ်ကြသည်။တမန်တော်နူဟ်မရှိတော့သည့်နောက် ပိုင်းဗျာဒိတ်ကျမ်းဂန်၏အလွန် လူတို့၏ အယူဝါဒများ စွက်ဖက်လာရင်းမှ လုံးဝဥဿုံ ဗျာဒိတ်ကျမ်းဂန်၏ လမ်းညွှန်မှု လမ်းကြောင်းမှ ပျက်စီးခြင်းလမ်းကြောင်းပေါ် သို့ရောက်ရှိ ခဲ့ကြသူများဖြစ်သည်။ ၎င်းတို့သည် အလွန်ကြီးမားထွားကျိုင်း၍အားကောင်းမောင်း သန်သောလူမျိုးများ ဖြစ်ကြသည်။ ၎င်းတို့သည် အလွန်မြင့်မားသောကျောက်တောင် များကို ထွင်းဖောက် ၍ လူနေအိမ်အဖြစ် နေထိုင်သူများ ဖြစ်ကြသည်။ကျောက်တောင် များကို ထွင်းဖောက်၍ တည်ဆောက်ထားသော လက်ရာများ သည် ဂျော်ဒန်နိုင်ငံတွင် ရှိနေပေ သည်။ နေ့စဉ် မြောက်များစွာသော ကမ္ဘာလှည့်ခရီးသည်များတစ်ဖွဲဖွဲသွားရောက် ကြည့်ရှုလျှက်ရှိကြသည်။

ထိုကဲ့သို့တမန်တော် နူဟ်ယူဆောင်လာသော ဗျာဒိတ်ကျမ်းဂန် လမ်းကြောင်းပေါ်မှ လူသားတို့၏ အတွေးအခေါ်များအားဖြင့် လမ်းမှားသို့ လုံးလုံးလျားလျား ရောက်ရှိနေကြ သူများကိုလမ်းမှန် ကိုညွှန်ရန် အတွက်၎င်းတို့၏ မျိုးနွယ်မှပင်တမန်တော်ဟူးဒ်ကို ရွေးချယ် ခဲ့ခြင်းဖြစ်သည်။ တမန်တော်ဟူးဒ်သည် ၎င်း၏အမျိုးသားများအတွက် အသစ်အဆန်း လမ်းညွှန်ချက်ကျမ်း အသစ်ကို ယူဆောင်လာခဲ့ခြင်း မဟုတ်ပေ။ ၎င်းတို့၏ရှေးတ မန်တော်နူဟ်၏ထံ ကျရောက်သော မူရင်းဗျာဒိတ်၏ အနှစ်သာရများနှင့် တစ်ထပ်တည်း တူညီသော အရှင်၏ဗျာဒိတ် များကိုသာပြန် လည်ပို့ ချခဲ့ခြင်းဖြစ်သည်။ ထိုအဒ်လူမျို များ အတွင်း အနည်း ငယ်သာရှိသော လူတစ်စု မှလွဲ၍ ကျန်အများစုသည် တမန်တော် ဟူးဒ်၏ ယူဆောင် လာသော ဗျာဒိတ်အစစ် အမှန် မူဝါဒကို လက်မခံ ခဲ့ကြပေ။ လက်မခံ ခဲ့ရုံမကထိုတ မန် တော် ဟူးဒ်နှင့် နောက်လိုက် လူနည်း စုကို ချိမ်းချောက်၍ အကြမ်းဖက်ရန် ကြိုးစားခဲ့ကြရာမှ လောကတွင်ပင်လျှင် ပြစ်ဒဏ်ခံ၍ ပျက်စီးဆုံးရှုံးခဲ့ ကြ ရခြင်း ဖြစ်သည်။ တမန်တော်ဟူးဒ်၏မျိုးနွယ် “အားဒ်” လူမျိုးများနှင့် စပ်လျှင်းပြီး ကုရ်အာန် ၇း၆၅၊၇၂။ ၁၁း၅၀၊၆၀၊၈၉။ ၁၄း၉။ ၂၅း၃၈။ ၂၆း၁၂၃၊၁၄၀။၂၉း၃၈။ ၄၁း၁၃၊၁၆။ ၄၆း၂၁၊၂၆။ ၅၁း၄၁၊ ၄၂။ ၅၃း၅၀။ ၅၄း၁၈၊၂၁။ ၆၉း၎၊၆၊၈။၈၉း၆၈ ။ တို့တွင် ဖော်ပြထား ပြီးဖြစ်သည်။

ဆမူးဒ်လူမျိုးများ

ထိုတမန်တော်ဟူးဒ်၏ အမျိုးသားများဖြစ်သည့် “အာဒ်” လူမျိုးများအနက် အမိန့်မနာခံသူ များကို လောက တွင် ဖျက်စီးလိုက်ပုံကို အထက်မှအာယာသ်များတွင်အသေးစိပ်ဖော်ပြ ထားသည်။ တမန်တော်ဟူးဒ်နှင့် ၎င်း၏နောက်လိုက်လူနည်းစုကို တုနှိုင်းကိုးကွယ်ရာအရှင် က ကယ်တင်ခဲ့သည်။ ထိုလူနည်းစုများသည် လည်း တမန်တော်ဟူးဒ်ယူဆောင်လာသော ဗျာဒိတ်ကျမ်း ဂန်အ တိုင်း တစ်သွေမတိမ်းလိုက် နာသူများ ၏နောက်ပိုင်း မျိုးဆက်သစ်များ မှာလည်း ဗျာဒိတ်ကျမ်းဂန်၏ အယူဝါဒမှလူတို့၏အယူဝါဒအားဖြင့်လမ်း မှားသွားသော လူမျိုးစုများဖြစ်လာသည်။ ၎င်း တို့အား ကုရ်အာန်တွင် ဆမူဒ်မျိုးနွယ်များဟုခေါ်ဆိုသည်။ ၎င်းတို့အားတရားလမ်းမှန်ပြရန်အတွက်တမန်တော်စွာလေဟ်ကို ၎င်းတို့အနက်မှပင်ရွေး ချယ်ခဲ့သည်။ ၎င်းတို့၏ဆိုးယုတ်မှုသည် အဒ်မျိုးနွယ်များကဲ့သို့ပင် ထပ်တူထပ်မျှ ရှိနေ ခဲ့ခြင်းကြောင့် ၎င်း တို့အား ဒုတိယအဒ်များအဖြစ်သမိုင်းတွင် ခေါ်ဆိုခဲ့ကြသည်။ အထက် မှအဒ်လူမျိုး များကဲ့သို့ပင် ၎င်းတို့အားလောက တွင် ပင် လျှင်ဖျက်စီးခဲ့သည်။ အဒ်အမျိုး သားများနှင့်စပ်လျှင်း၍ ကုရ်အာန် ၇း၇၄၊ ၇၉၊ ၈၀။ ၁၁း၆၂၊၆၈။ ၁၄း၉။ ၁၅း၈၀။ ၂၅း၃၈။ ၂၆း၁၄၁၊၁၅၉။ ၂၇း၄၆၊၄၉၊၅၀။ ၄၁း၁၃၊ ၁၄၊ ၁၇၊၁၈။ ၅၁း၄၃၊ ၄၅။ ၅၃း၅၁။ ၅၄း၂၃၊၃၁။ ၆၉း၎၊၅။ ၈၉း၉။ ၉၁း၁၁၊၁၅ တို့တွင် အသေး စိပ်ဖော် ပြ ထား သည်။

လူးဒ်အမျိုးသားများ

အမျိုးသားအချင်းချင်း လိင်တူချင်း ဆက်ဆံမှုဖြင့် လောကတွင်ပင် ဖျက်ဆီးခံရသော တ မန်တော်လူးဒ်၏ အမျိုးသားများအကြောင်း အကျယ်တစ်ဝင့် ကုရ်အာန်တွင်ဖော်ပြ ထားပြီး ဖြစ်သည်။ ပင်လယ်သေဟုခေါ်သော ဂျော်ဒန်နိုင်ငံတွင်တည်ရှိနေသည့် ကမ္ဘာ့အ နိမ့်ဆုံးအပိုင်း ပင်လယ်ပြင်ကြီးသည် တမန်တော်လူဒ်၏ အမျိုးသားများကို ဖျက်စီးခဲ့ စဉ်က လက္ခဏာအဖြစ်ကျန် ရှိခဲ့ သော အထိမ်းအမှတ်တစ်ခုဖြစ်သည်။ အ သေးစိပ်ကို ကုရ်အာန် ၆း၆၈၊ ၁၁း၇၇၊၈၃။ ၁၅း၆၁၊ ၇၄း၂၁၊ ၇၄၊၇၅။ ၂၆း၁၆၀၊ ၁၇၃။ ၂၇း၅၄၊၅၈။၂၉း၃၂၊ ၃၅။ ၃၇း၁၃၃၊၁၃၆။ ၅၁း၃၂၊၃၇။ ၅၃း ၅၃၊ ၅၄။ ၅၄း၃၄၊၃၈။ ၆၆း၁၀။ တို့တွင် အသေး စိပ်ပါ ဝင်သည်။

ရှိုအိုက်အမျိုးသားများ

အလေးတင်းတောင်းချိန်ခွင် အစရှိသောချိန်တွယ်သော ပမာဏများကို စဉ်းလဲ၍ လော ကပြစ်ဒဏ်ခတ်ခြင်းခံကြရသော အမျိုးသားများအကြောင်း ကုရ်အာန် ၁၁း၈၄၊၉၅။ ၁၅း၇၈၊ ၇၉။၂၆း ၁၇၆၊၁၉၁။ ၂၉း၃၆၊၃၇ တို့တွင် အသေးစိပ်ပါဝင်သည်။

တမန်တော်မူဆာ၏အမျိုးသားများ

ကုရ်အာန်၂း၄၉ မှ ၇၁ ထိ ။၎း၁၅၃။ ၅း၂၀ မှ၂၆ ထိ ။ ၇း၁၀၃ မှ ၁၅၆ ထိ ။၇း၁၅၉ မှ၁၆၀ ထိ။ ၁၀း၇၅ မှ ၉၂ ထိ ။ ၁၁း၉၆ မှ ၉၉ထိ။ ၁၇း ၁၀၁ မှ ၁၀၄ ထိ ။ ၁၈း၆၀ မှ ၈၂ ထိ ။ ၁၉း ၅၁ မှ ၅၃ ထိ ။ ၂၀း ၉ မှ ၉၈ ထိ ။ ၂၃း၄၅ မှ ၄၉ ထိ။ ၂၆း ၁၀ မှ ၆၈ ထိ ။ ၂၇း ၇ မှ ၁၄ထိ ။ ၂၈း ၃ မှ ၄၄ ထိ ။ ၃၇း ၁၁၄ မှ ၁၂၂ ထိ ။ ၄၀း ၂၃ မှ ၅၄ ထိ။ ၄၃း၄၆မှ ၅၆ ထိ ။ ၄၄း ၁၇ မှ ၃၃ ထိ ။ ၅၁း၃၈ မှ ၄၀ ထိ။ ၆၁း၅ ။ ၇၉း၁၅ မှ ၂၆ ထိ။ တမန်တော်မူဆာ ၏ အမျိုးသား များအား ပင်လယ်နီမှ ကျော်ဖြတ်၍ ကယ်တင် ခဲ့ခြင်းနှင့် ဖေရ်အောင် ၏တပ်ဖွဲ့အား ပင်လယ်နီထဲ တွင်နစ်စေခဲ့သော အကြောင်းအရာ များအားလုံး အသေး စိပ်ဖော် ပြထား သည်။

ထိုကဲ့သို့သောလောကတွင်ပင် ဖျက်စီးခံကြရသော မျိုးနွယ်များ၏ နောက်ဆုံးဖြစ်အင် လက္ခဏာများကို ကြည့်ရင်းဖြင့် သံဝေဂ ရရှိစေရန် ဖြစ်သည်။ ဖော်ပြပါလူမျိုးများအား လုံးအနက် တ မန်တော်မူဆာ၏ အမျိုးသားများအကြောင်း ကုရ်အာန်တွင်အများ ဆုံးဖော်ပြ ထားသည်။ ဖော်ပြပါပင်လယ်နီတွင် နစ်မြုပ်သေဆုံးခဲ့သော ဖေရ်အောင်၏ ရုပ်လောင်းကို လူသားတို့ သံဝေဂ တရားရရှိရန် အလို့ငှာထိမ်းသိမ်း ထားမည် ဟူ၍ ကုရ်အာန်၁၀း၉၂ တွင် ဗျာဒိတ်ထားသည်။ ယနေ့ထိုရုပ်လောင်းကို အီဂျစ် နိုင်ငံကိုင် ရိုမြို့ ရှိပြတိုက်တွင် ကမ္ဘာ့လူသား တစ်ရပ်လုံး အတွက် ပြ သထားသည်။ ထို့ ကြောင့်ကမ္ဘာလှည့် ၍ အထက် ပါဖြစ်ရပ်မှန် များကို ကြည့်ရှုရန် အတွက် ကုရ်အာန်က အကြိမ်ပေါင်းများစွာ တိုက် တွန်း ထားခြင်းဖြစ်သည်။

ကျမ်းမြတ်ကုရ်အာန်တစ်အုပ်လုံးတွင် အများဆုံးပါဝင်သော အကြောင်းအရာများမှာရှေး ကျမ်းရများအကြောင်းဖြစ်သည်။ အထူးသဖြင့် တမန်တော်မူဆာ၏ နောက်လိုက်များ အကြောင်း ပို၍ များပေသည်။ ၎င်းတို့သည် တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်က၎င်းတို့ အား ဖေရ်အောင်၏ ဖိနှိပ်ချုပ်ချယ်မှုအောက်မှကယ် တင်ရန်အတွက်တမန်တော်မူ ဆာအား တမန်တော်အဖြစ်ရွေးချယ် ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ တစ်ဝှမ်းတွင် ၎င်းတို့ အား အရှင်မြတ်၏ ချီးမြှင့်ခဲ့ခြင်း မျိုးကို မည်သည့် လူမျိုးတစ်ဦး တစ်ယောက်မျှ မရရှိ ခဲ့ ကြောင်း ကို ၂း၄၇ တွင်ဖော်ပြထားပြီးဖြစ်သည်။

ဖော်ပြပါတမန်တော် မူဆာ၏အမျိုးသားများသည် တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်၏ အချီးမြှင့် ခံရဆုံးသောသူ များဖြစ် သကဲ့သို့ တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်၏ ဂတိသက်ဆိုင်ရာ ပဋိ ညာဉ်များကို လည်းဖောက်ဖျက် ဆုံးသော လူမျိုးများဖြစ်ကြောင်း ကုရ်အာန်တွင် မှတ် တမ်းတင်ထားပြီးဖြစ်သည်။ ထိုနည်းတူစွာ သာသ နာကို လူတစ်စုက အပိုင်စီးလက်ဝါး ကြီးအုပ်၍ ၊ သာသနာပိုင်ဝါဒ ပုပ်ရဟန်းဝါဒများ တည်ထောင်၍ဗျာ ဒိတ်ကျမ်းဂန်ကို လူသားတစ်ရပ်လုံးနှင့် ထိတွေ့နိုင်မှုမရှိအောင် နည်းမျိုးစုံဖြင့် ကြိုးပမ်းအားထုတ်ခဲ့ကြသူ များဖြစ်သည်။ ၄င်းတို့သည် ဗျာဒိတ်ကျမ်းဂန်၏ အတွေးအခေါ်များမှ ၎င်းတို့၏ပုပ်ရဟန်း ဝါဒလမ်းစဉ်များအားဖြင့် နောက်လိုက်များကို လမ်းမှားစေခဲ့သောခေါင်းဆောင်များဖြစ် သည်။

ထိုအကြောင် အရာများနှင့် စပ်လျှင်း၍ ကုရ်အာန်၃း၁၈၇၊ ၅း၄၄၊၄၇၊၆၁၊၆၂။ ၂း၁၀၉၊ ၁၇၄ ။ ၂း၂၁၁၊ ၁၇၄။ ၂း၇၈၊၇၉ တို့တွင် ပုပ်ရဟန်းများ၏ လုပ်ရပ်ကို လေ့လာနိုင်သည်။

၎င်းတို့သည်တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်၏ အမိန့်ကိုမနာခံလို၍ မြောက်များစွာသောစောရ ကများနှင့် စပ် လျှင်း၍ နွားမကဏ္ဍတစ်ခုတည်းကိုလေ့လာရုံဖြင့် ၎င်းတို့၏အကြောင်းကို ထင်ရှားစွာ သိရှိနိုင်မည်ဖြစ် သည်။ ထို့အတွက်ကြောင့် စကြာဝဠာတစ်ခုလုံးနှင့်ဆိုင်သော ကမ္ဘာကြီးတည်ရှိနေသ၍ လူသားတစ်ရပ် လုံးအတွက် လမ်းညွှန်မှုကုရ်အာန်တွင် ၎င်းတို့ ၏အကြောင်းကို အ များဆုံးဖော်ပြ၍၊လူ သားတစ်ရပ်လုံးကို ထိုအမှားမျိုးမှကင်းဝေးစေ ရန်ဖြစ် သည်။

ဆက်လက်တင်ပြပါမည်။ ဦးစိုးလွင်(ငြိမ်းချမ်းလျပ်စစ်)

No Comments Yet


There are no comments yet. You could be the first!

Write comment

Please read this note before your write comment.

 

Quranic Study Group
Los Angeles, California, USA
© 2005 - 2012 QuranInBurmese.com All Rights Reserved
Click here to download Zawgyi Font
Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976
Quran 38:29
Quran 26:24
Quran 3:138
Quran 6:153