ကျမ်းမြတ်ကုရ်အာန်၏ ခေတ်ရှေ့ပြေးဟောကိန်းများ(၇)
ခေါင်းဆောင်များကိုစမ်းစစ်နည်း (၁)
၃၁း၂၇(စင်စစ်သော်ကားကမ္ဘာမြေ၌ရှိကြကုန်သောသစ်ပင်အသီးသီးတို့သည် ကလောင် များဖြစ်၍ သမုဒ္ဒ ရာပင်လယ်သည် (မှင်ဖြစ်ပြီးယင်းပင်လယ်ရှိမှင်များကုန်ခန်းပြီးနောက်)သမုဒ္ဒရာ ပင်လယ်ခုနှစ်ခုမှမှင် များကို ထပ်မံ၍ဖြည့်အံ့ငြားလည်း အလ္လာအရှင်မြတ်၏ အာယာသ်(ဗျာဒိတ်များ)၏ လေးနက်ပြီးပြည့်စုံမှု များကိုဖွင့်ဆို)ကုန်ဆုံးနိုင်မည်မဟုတ်ပေ။ဧကန် အလ္လာဟ်အရှင် သည် တန်ခိုးအာနုဘော်နှင့် ပြည့်စုံ တော်မူသော ဆင်ခြင်တုံတရားနှင့်ပြည့် စုံတော်မူသော အရှင်ဖြစ်တော်မူ၏။ )
ကျမ်းမြတ်ကုရ်အာန်၏ပြီးပြည့်စုံသောလမ်းညွှန်မှုများနှင့်စပ်လျှင်းပြီးဖော်ပြရန်ကိစ္စရပ် သည်လူသားများအတွက်ကမ္ဘာကုန်ကျယ်သရွေ့ကမ္ဘာကြီးတည်ရှိနေသ၍ကုန်နိုင်မည်မ ဟုတ် ကြောင်း ကို ထိုအာ ယာသ်လေးတစ်ခုနှင့်ပင် လုံလောက်ပေမည်။ ကုရ်အာန်သည် အတိတ်သမိုင်း ဖြစ်ရပ်မှန်များကို ဖော်ပြ လျက်ပစ္စုပ္ပန်ရှိလူသား တစ်ရပ်လုံးအတွက်အဓိ ကသင်ခန်းစာများ ပေးဝေလျှက်ရှိသော လမ်းညွှန်ကျမ်း ကြီးဖြစ်သည်။ ထိုကဲ့သို့ ပင်ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာ၌လူသားများလွယ်ကူချောမွေ့နှိုင်စေ ရန်လည်း ရှေ့ပြေးဗျာဒိတ်များကိုလည်း ကြိုတင်ဟောကိန်းထုတ်ထား ချက်များပါဝင် သည်။ ရှေ့ နဗီ တမန်တော်များနှင့် စိတ်တူကိုယ်တူ ရဲဘော် ရဲဘက်များ၏စွန့်လွှတ် စွန့်စားမှုများနှင့်၎င်းတို့ အောင်မြင်မှုရရှိသော လုပ်ဆောင်ချက်များကို မီးမောင်းထိုးပြ ထားသော လမ်းညွှန်ချက်များ စွာပါဝင်သည်။
ထိုနည်းတူစွာ ရှေးနဗီတမန်တော်များ ယူဆောင်လာခဲ့သော မူရင်းဗျာဒိတ်များနှင့်ထိုဗျာ ဒိတ်ပါအနှစ်သာရများမှ လွဲချော်စေသောခေါင်းဆောင်များ၏ မှားယွင်းချက်များကိုပီ ပီပြင်ပြင်ဖော်ပြ၍ ထိုကဲ့သို့သော ကိစ္စရပ်များ ထပ်မံပေါ်ပေါက်လာမှု မရှိနိုင်စေရန် သ တိပေးနှိုးဆော်ချက်များဖြင့်စီချယ်ထားသော ဆုံးမသြဝါဒများစွာပါဝင်သည်။ ထိုသို့သော ဆုံးမသြဝါဒများအား ဖော်ပြရာ၌ လူသားတို့၏ နှလုံးသည်းပွတ်အတွင်းမှ မေ့ပျောက်နိုင်မှု မရှိနိုင်သော ဥပမာဥပမေယျများဖြင့် ခိုင်းနှိင်းပုံ ဖော်ချက်များ ပါဝင်သည်။
ရှေးနဗီတမန်တော် များယူဆောင် လာသော မူလ ဗျာဒိတ် လမ်းညွှန်ချက်များမှ လမ်း လွဲသို့ မိမိ တို့၏ တပည့်များ ကိုခ်ါဆောင် သွားသော ခေါင်းဆောင်များ နှင့် စပ်လျှင်းပြီး ဖော်ပြ သုံးနှုန်း ချက်များသည် လူ သားလောက တစ်ခုလုံးတွင် အမြဲတန်းခေတ်မှီ သစ် လွင်၍ မရိုးနိုင်သော ဝေါဟာရများဖြင့် သီကုံး ဖော်ပြထားသည်။ ကျမ်းမြတ်ကုရ်အာန် ၂း၇၈း၇၉ တို့တွင် လူသား တစ်ရပ် လုံး အတွက် မိမိ တို့၏ ခေါင်း ဆောင် များ နှင့် စပ်လျှင်းပြီး မှန်ကန် သော ခေါင်းဆောင် ဖြစ်မှု ၊ မဖြစ်မှုတို့ကို တိုင်းတာ ချင့်ချိန် နိုင်ရန် အတွက် လမ်းညွှန်ချက်တို့မှာ ၂း၇၈ တွင်၊
(၎င်းတို့သည် ဗျာဒိတ်ကျမ်းဂန်ကို မတတ်သော ပညာမဲ့ လူ့ဘာလများသာဖြစ်ကြသည်။ ၎င်းတို့ တတ် သိနားလည်ထားသည်များမှာ သူပြောငါပြော ကောလဟဋ္ဌ များသာဖြစ်၏။ ၎င်း တို့ ပြုလုပ်လိုပါက မည် သည့်အဆိုက ပြုလုပ်ခွင့်ရှိသည်ဟူ၍၊ ၎င်းတို့မပြုလုပ်လိုပါက မည်သည့်အဆိုမည်သည့် အယူဝါဒက ပြု လုပ်ခွင့်မရှိဟူ၍ မှန်းဆရန်းဆ၍ပြုလုပ် သူများ သာဖြစ်ကြ ၏။)
ထို အာယာသ်သည် အလွန်တိုတောင်း၍ အလွန်အနှစ်သာရများဖြင့် ပြည့်ဝလျက်ရှိသော ထိမိသည့်လမ်း ညွှန်မှုတစ်ရပ်ဖြစ်သည်။ ဘာသာသာသနာတိုင်း၌ မိမိတို့၏ဗျာဒိတ်ကျမ်း ဂန်များ သည်သာလျှင် Supreme Law အခြေခံမူဝါဒဥပဒေများဖြစ်သည်။ မိမိတို့၏ ဘာသာသာသနာကို ဦးဆောင်သော ခေါင်းဆောင်တိုင်းသည်၊ မိမိတို့၏ဘာသာသာသနာ ၏ ဗျာဒိတ်ကျမ်းဂန်ကို တတ်သိနားလည်ရမည်မှာ တာဝန် တစ်ရပ်ဖြစ် သည်။အကယ်၍ ဘာသာသာသနာကို ဦးဆောင်သောခေါင်းဆောင်များသည် ဘာသာသာသနာ၏ အနှစ် သာရဖြစ်သော ဗျာဒိတ်ကျမ်းဂန် ကို မတတ်ဘဲ အခြားမူဝါဒလမ်းစဉ်များ၊အခြားလူရေးကျမ်း များ၊ လူရေးဝါဒများကို မည်မျှပင် တစ်ဖက်ကမ်းခတ် တတ်မြောက်ထားစေကာမူ ဘာသာ သာသနာနှင့် စပ်လျင်းပြီးပညာမဲ့လူ့ဘာလ များသာ ဖြစ်သည်ဟုထိုအာယာသ်ကမီးမောင်း ထိုးပြထားခြင်းဖြစ်သည်။
ဤအချက် တစ်ချက်ထဲနှင့်ပင် ခေတ်တိုင်းအတွက် အများနောက်လိုက် တပည့့်် တိုင်းက မိမိတို့၏ခေါင်း ဆောင်များသည် မှန်ကန်သောခေါင်းဆောင်ဖြစ်၏ မဖြစ်၏ဟူသောအချက် ကိုတိုင်း တာ၍ ခွဲခြားတတ်သောနည်းစနစ်စံကို ထည့်သွင်းပေးခြင်းဖြစ်သည်။ ဤသည့် စံသည်မည်သည့်ခေတ်မည်သည့်လူသား တစ်ဦးတစ်ယောက်ကမျှပင်၊လုံးဝငြင်းပယ်၍ မရနိုင်သောအချက် တစ်ချက်ဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် ကျမ်းမာရေးချို့တဲ့သူ တစ်ဦးက မိမိ၏ရောဂါကို ကုသရန်အတွက် ဆရာဝန်ထံသို့သွား မည်ဖြစ်သည်။ ထိုကဲ့သို့ ပင်ဆရာဝန်ဟူသော ဘွဲ့ အမည် ကို ခံယူထားသူကလည်းဆေးပညာနှင့်စပ်လျှင်းသော ပညာရပ်များကိုသာဆည်းပူး၍ ဆေးဝါးအကြောင်းကို တစ်ဖက်ကမ်းခတ်တတ် ကျွမ်းသော ပါရဂူတစ်ဦးဖြစ်ရမည်သာဖြစ်သည်။
ဆရာဝန်ဟူသောဆေးပညာပါဂူဘွဲကို ခံယူထားပြီး ဆေးပညာနှင့်စပ်လျှင်း၍ တစ်လုံး တစ်ဘာဒမျှ မတတ်ဘဲ အခြားဆေးဝါးနှင့်မဆိုင်သော ပညာရပ်များ မည်မျှပင်တတ် ကျွမ်းနေစေကာမူ ထိုသူအားဆရာဝန်ဟူ၍ မည်သူကမျှအသိအမှတ် ပြုမည်မဟုတ် ဘဲ ဒေါက်တာရမ်းကုဟုသာခေါ်ဆိုမည်ဖြစ်သည်။ ဆရာဝန်အမည်ခံ ဒေါက်တာရမ်းကုအား မိမိ၏ရောဂါကို ကုသရန် ပုံအပ်သောလူနာသည် ၎င်း၏ရောဂါ ပျောက်ကင်းနိုင်မှုထက် အသက်အန္တရာယ်စိုးရိမ်ရမှုက ရာနှုန်းပိုများမည်သာဖြစ်သည်။ အကယ်၍သာနောက် လိုက်တပည့်များသည် ဘာသာသာသ နာနှင့်စပ်လျှင်း ၍ ဗျာဒိတ်ကျမ်းဂန်ကို မတတ် သည့် ခေါင်းဆောင် များ၏ နောက်သို့လိုက်မိပါက နှစ်ဘဝအတွက် အဆုံးကြီးဆုံးရှုံးမည် သာ ဖြစ်သည်။
ခေါင်းဆောင်များကိုစမ်းစစ်နည်း(၁) မှ (၃) သည် ဆောင်းပါးတစ်ပိုဒ်တည်းဖြစ်သည်။
ဆက်လက်တင်ပြပါမည်။ ဦးစိုးလွင်(ငြိမ်းချမ်းလျပ်စစ်)















1 Comment
မိုဟမ္မဒ်အာဒန် says:
ကုရ်အာန်ကခေတ်တိုင်းကိုစိတ်ခေါ်နေတာပါ။ပင်လယ်သမုဒ္ဒရာကိုမှင်အဖြင်သုံးကာသစ် ပင်တွေကိုကလောင်တန် အဖြစ်သုံးတောင်ကုန်နိုင်မည်မဟုတ်ပါ။ ဦးစိုးလွင်စာအုပ်တွေကိုအမြဲဖတ်နေသူပါ။
05 Mar 10 @ 7am
Write comment