လင်ခန်းမယားခန်းပြတ်စဲမှူဥပဒေ၊
လင်ခန်းမယားခန်းပြတ်စဲမှူဥပဒေ၊
အစ္စလာမ့်အခြေခံဥပဒေတွင်၊ကျမ်းမြတ်ကုရ်အာန်သည် လူသားတစ်ရပ်လုံးအတွက်အခြေ ခံဥပဒေဖြစ်သည်။ ထိုဥပဒေအား ရေးဆွဲပြဌာန်းသူမှာ တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်ပင်ဖြစ် သည်။ တ မန်တော်သည် ဗျာဒိတ်ကုရ်အာန်ကို ချပေးခြင်းခံရသူဖြစ်သည်။ သို့ရာတွင်တ မန်တော်သည် ကုရ်အာန်၏အခြေခံဥပဒေနှင့် မြူမှုံမျှဆန့်ကျင်ပိုင်ခွင့်မရှိပေ။ ထိုဥပဒေ အတိုင်းသာဘဝ တည်ဆောက်ခဲ့ခြင်း၊ ထိုဥပဒေအတိုင်းသာ လူသားတစ်ရပ်လုံး ကို ပို့ချ ခဲ့ခြင်းဖြစ်သည်။ ထိုဥပဒေနှင့် ဆန့်ကျင်၍ဟောပြော ပို့ချခဲ့ခြင်းအလျင်းမရှိခဲ့ပေ။ကျမ်းမြတ် ကုရ်အာန်(ရး၂၀၃)
ကျမ်းမြတ်ကုရ်အာန်တွင် လင်နှင့်မယား ပြတ်စဲမှုှုှု ဥပဒေကို စူရာတွလာက်ဟူ၍ ကုရ်အာန် ပါကဏ္ဍ ၁၁၄-ခု အနက် သီးခြားကဏ္ဍ တစ်ရပ်ပြဌာန်းထားပြီးဖြစ်သည်။ ထို ဥပဒေ၌ ၊
(၁) လင်နှင့်မယားကွာရှင်းလိုပါကခုံသမာဓိထားရမည်။ ၄း၃၅
(၂)ကွာရှင်းရာ၌ စောင့်ဆိုင်းကာလကိုရေတွက်နိုင်ရန် ရာသီပန်းပွင့်ပြီး ပြန်လည်သန့်ရှင်းချိန်၌သာ ကွာရှင်း ပြတ်စဲရမည်။ ၆၅း၁
(၃) တွလာသ်တစ်ကြိမ်ပေးပြီး စောင့်ဆိုင်းကာလသည် ရာသီပန်းပွင့်သော အမျိုးသမီးများအတွက် ရာသီ သုံးခါပွင့်သည်အထိ စောင့်ဆိုင်းရမည်။၂း၂၂၈
(၄) တွလာသ်တစ်ကြိမ်ပေးပြီး စောင့်ဆိုင်းကာလသည် ရာသီပန်းမပွင့်သော အမျိုးသမီးများအတွက်သုံး လထိ စောင့်ဆိုင်းရမည်။၆၅း၎
(၅) တွလာသ်တစ်ကြိမ် ပေးပြီးစောင့်ဆိုင်းကာလသည် ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် ကလေး မွေးပြီးအထိ စောင့်ဆိုင်းရမည်။၆၅း၎
(၆) ကွာရှင်းခံရသောဇနီးက အိမ်မှဆင်းမသွားရ လင်ယောက်ျားကလည်း ဇနီးအားအိမ်မှနှင်မချရ ၆၅း၁
(၇) ကွာရှင်းပြီး စောင့်ဆိုင်းကာလအတွင်း လင်နှင့်မယားအတူနေရမည်။ အတူနေစဉ်ပြန်လည်ပေါင်းနိုင် ရေးကို နှစ်ဦးစလုံးကဖန်တီးရမည်။ ထိုကဲ့သို့ဖန်တီးရာ၌ လင်ယောက်ျား တွင်သာပို ၍အခွင့်အရေးရှိ သည်။ ၂း၂၂၈
(၈)ထိုသုံးလအတူနေစဉ်အတွင်း နှစ်ဦးစလုံးတွင် ပြန်ပေါင်းလိုစိတ်မရှိတော့ပါက ဒုတိယ(တွလာသ်)ကွာ ရှင်းပြတ်စဲမှုကို ကျေညာရမည်။ ဒုတိယစောင့်ဆိုင်းကာလ(၃)လ ထပ်မံစောင့်ဆိုင်း ရမည်။ စုစုပေါင်း (၆) လအတွင်း ပြန်ပေါင်းလိုပါက ပြန်ပေါင်းနိုင်သည်။ မပေါင်းလိုတော့ပါက စွန့်လွတ်ရမည် ဖြစ်သည်။ ၂း၂၂၉
(၉) အပြီးစွန့်လွတ်ရန်အတွက် နောက်ဆုံးတွလာသ်ပေး၍ စွန့်လွတ်ရမည်။ ထိုနောက်ဆုံးတွလာသ်ပေးပြီး လင်နှင့်မယားစပ်ကြား လုံးဝပြန်ပေါင်း၍မရနိုင်တော့ပေ။ အကယ်၍ ထိုအမျိုးသ မီးအနေဖြင့် နောက် အိမ်ထောင်ပြု၍ နောက်အိမ်ထောင်နှင့်ကွဲသွားပါက (သို့မဟုတ်) ခင်ပွန်းသေဆုံးသွားပါက နှစ်ဦးသဘော တူပြန်လည်၍ ထိမ်းမြားခွင့်ပြုထားသည်။ ၂း၂၃၀
(၁၀) တွလာသ်နှင့်စပ်လျင်း၍ ယောက်ျားနှင့်မိန်းမတို့ နှစ်ဦးစလုံးတို့သည် တူညီသော အခွင့်အရေးများရှိ သည်။ ၂း၂၂၉
ဤသည် ကျမ်းမြတ်ကုရ်အာန်က ပြဌာန်းထားသော အမြဲတန်းလန်းဆန်းသစ်လွင်နေသည့် လင်ခန်းမယား ခန်းပြတ်စဲသော ဥပဒေဖြစ်သည်။ လင်နှင့်မယားစပ်ကြား တော်ရုံတန်ရုံ ကိစ္စကြီး ငယ်များကိုအခြေခံ၍ ကွာရှင်းပြတ်စဲကြမည်ကို မလိုလားသောကုရ်အာန်၏ပြတ် စဲမှုဥပဒေဖြစ်သည်။ အကယ်၍တစ်ဦးနှင့်တစ် ဦးကွာရှင်းပြီးပါကစောင့်ဆိုင်းကာလအိမ် တွင် အတူနေစဉ် (၆) လအတွင်းနှစ်ဦးစလုံးအဖို့ ပြန်ပေါင်းလိုစိတ်မရှိတော့ပါကသွေးအေး စွာဖြင့် လမ်းခွဲခြင်းသာဖြစ်သည် အကယ်၍ သံယောဇဉ်ရှိနေသေးပါက အပြီးအပြတ် သွလာသ်ဟုခေါ်သော(၃) ကြိမ် ၊မြောက် သွလာသ် မတိုင်ခင်(၆)လအ တွင်းပြန် လည် ၍ပြေလည် သွားကြမည်သာဖြစ်သည်။ ထိုကဲ့သို့အပြီးအပြတ်ကွာရှင်းပြီးပါ က သားသမီး များကို လင်ယောက်ျားကတာ ဝန်ယူရ မည်။
ကုရ်အာန်ပါတွလာသ် ဥပဒေအတိုင်း ကိုမွတ်စလင်မ်များ၊ မွတ်စလင်မ်နိုင်ငံများ ထက်ပိုမို၍ အမေရိကန် ပြည်ထောင်စုက ဥပဒေပြဌာန်း၍ တိကျစွာလိုက်နာသည်ကို တွေ့ရပေသည်။ သို့ရာ တွင်မွတ်စလင်မ်အများစု သိထားသောလက်တွေ့ကျင့်သုံးနေသည့် ဥပဒေများ တွင် ယောက်ျားများကသာတွလာသ် ပေးပိုင် ခွင့်ရှိ၏။ထိုကဲ့သို့လင်ယောက်ျားက တွ လာသ်ပေးရာတွင်လည်း ခုံသမာဓိမလို၊ အစ်ဒသ်စောင့်ဆိုင်းကာလမလို လင်ယောက်ျား ကဒေါသဖြစ်၍သော်လည်းကောင်း အရက်မူး၍သော်လည်းကောင်း ကြည်စယ်၍သော် လည်းကောင်း၊တစ်ကြိမ်တစ်ခါ တည်း သုံးတွလာသ်ဟုဆိုရုံဖြင့် တွလာသ်အထမြောက် သည်။
ဤသည် မွတ်စလင်မ်အများစု လက်တွေ့လိုက်နာကျင့်သုံးလျက်ရှိသောလင်ခန်းမယား ခန်းပြတ်စဲသည့် ဥပဒေဖြစ်သည်။ ထိုကဲ့သို့စိတ်လိုက်မာန်ပါ လင်ယောက်ျား၏နှုတ်ထွက် စကားတစ် လုံးထဲနှင့်လင်နှင့် မယားစပ်ကြား လုံးဝဥဿုံပြတ်စဲခဲ့ကြရ သည်။ ထိုကဲ့ သို့စောင့်ဆိုင်းကာလမရှိဘဲ ပြတ်စဲခဲ့ကြသည့်အတွက်စိတ်ဆိုးပြေသွားသောအချိန်များ ၌ လင်နှင့်မယားစပ်ကြား သံယောဇဉ်မပြတ်ဘဲ ပြန်လည်ပေါင်းရန် နည်းလမ်းရှာကြသည်။ ထိုအခါလက်ရှိ မွတ်စလင်မ်များ၏ လက်တွေ့ကျင့်သုံးနေသော ဥပဒေအရ(ကုရ်အာန်ပါ ဥပဒေကိုဆိုခြင်းမဟုတ်၊)ထိုလင်နှင့် မယားပြန်လည်ပေါင်းနိုင်ရန် အတွက်ထိုဇနီးအား အခြား အမျိုးသားတစ်ဦးနှင့်ခေတ္တ (နေကာ)ဖတ်စေပြီး ထိုအမျိုးသားကပြန်လည်ကွာရှင်း ခဲ့ သည့် အခါတွင်မှ၎င်းတို့နှစ်ဦးပြန်ပေါင်း ထုတ် ကြသည်။
ကုရ်အာန်တွင် (ဖတွလ်လေကူးဟွန္နလေအစ်ဒသေဟင်းန) (အစ်ဒသ်ရက်ကိုရေတွက်နိုင် သည့်အချိန်ကာလ၌သာ အသင်တို့တွလာသ်ပေးကြ)ဟု လက်ဦးမဆွကပင်မိန့်ဆိုထားပြီး ၊ဖြစ်သည်။ ကုရ်အာန်အရ လင် နှင့်မယားစပ်ကြား “အစ်ဒတ်”ဟူသောစောင့်ဆိုင်းကာလ ကို လုံးဝအခြေခံ၍ ပြဌာန်းထားသော ဥပဒေ ဖြစ်သည်။ ထိုကဲ့သို့ပြတ်စဲရာ၌ လင်နှင့်မ ယားနှစ်ဦးစလုံးက သဘော တူကွာရှင်းပြတ်စဲလိုပါကလည်း (၆) လဟူသောတွလာသ်နှစ် ကြိမ်၏ စောင့်ဆိုင်းကာလမပြီးမချင်း လုံးဝဥဿုံကွာရှင်းပြတ်စဲမှု အထမဖြစ် ပေ။
ထိုကဲ့သို့ကွာရှင်းရာ၌လည်း နှုတ်မှထွက်သော (တွလာသ်)၏ အကြိမ်ပေါ်တွင်မူတည်၍ ပြဌာန်းထားသော ဥပဒေမဟုတ်ပေ။ စောင့်ဆိုင်းကာလကို အခြေခံထားသော ဥပဒေသာဖြစ်သည်။ (တွလာသ်)တစ်ကြိမ်၏ စောင့်ဆိုင်းကာလ (၃)လမပြည့်မီအလျင် အခြား(တွလာသ်)ဟူသောဝေါဟာရကို မည်မျှပင်ပေးစေကာမူ သတ်မှတ်ပြဌာန်းထားသော စောင့်ဆိုင်းကာလအတွင်း တစ်ကြိမ်သာအထမြောက်မည်။
ကျမ်းမြတ်ကုရ်အာန်ပါ တွလာသ်ဆိုင်ရာဥပဒေများကို မွတ်စလင်မ်မဟုတ်သူတစ်ဦးအား ၎င်းတတ်သိသော ဘာသာစကားဖြင့် ဖတ်ခိုင်းခြင်းဖြင့် ထိုသူသည်အထက်မှ ဖော်ပြ ထားသော ကုရ် အာန်ဆိုင်ရာတွလာသ် ဥပဒေကို တထိုင်တည်း နားလည် သဘောပေါက် သွားမည်သာဖြစ်သည်။
ရေတိမ်နစ်ခဲ့ကြရသော မွတ်စလင်မ် ဇနီးမောင်နှံများ
ထိုသို့ လင်ယောက်ျား၏ နှုတ်ထွက်စကားကို အခြေခံ၍မဟာဖိုဝါဒဖြင့်နိုင်လိုမင်းထက်ပြု ကွာရှင်းပြတ်စဲမှုများကြောင့် များစွာသောဇနီးမောင်နှံတို့သည် မပြတ်စဲသင့်ဘဲ ပြတ်စဲကြရ သည့်အခြေ အနေသို့ရောက်ရှိကြရလေသည်။ သုံး(တွလားက်)ဟူ၍တစ်ကြိမ်တည်း ကို (တွလာက်)ပေးခြင်းခံရသော ဇနီးသည်စောင့်ဆိုင်းကာလ (၃)လအ တွင်း၊ ဇနီးအဖြစ် တရားဝင်ရှိနေသေး သည်။ အ ချိန်မရွေးပြန်လည်ပေါင်း ပိုင်ခွင့်ရှိနေသေးသည်။ ထိုတရား ၀င်ရှိနေသေးသော ဇနီးအားခင်ပွန်းက တစ်စိမ်းယောက်ျားတစ်ဦးနှင့်ခေတ္တအငှား(နေ ကာဟ်)ဖတ်ပေးတော့မှသာ လင်နှင့်မယား စပ်ကြား လုံးဝဥဿုံကွာရှင်းပြတ်စဲခြင်း အဖြစ် သို့ရောက်ရှိသွားတော့သည်။
အဘယ်ကြာင့်ဆိုသော် ကုရ်အာန်အရ အိမ်ထောင်သည်အမျိုးသမီး(၀ါ)လင်ရှိမယားအား (နေကာဟ်)ပြုခွင့်မရှိပေ။(၄း၂၄) ထိုနည်းတူစွာ ကုရ်အာန်အရ(နေကာဟ်)ဟူသည်သေ တစ်ဖန်သက် တစ်ဆုံးရိုးမြေကျပေါင်းသင်းမည်ဟု အရှင့်အားတိုင်တည်၍ ခုံသမာဓိရှေ့တွင် သစ္စာဆိုခြင်းဖြစ်သည်။ကုရ်အာန်(၄း၂၁)ကခေတ္တလင်မယားအဖြစ်ပေါင်းသင်းပြီးပြန် လည်ကွာရှင်းပေး ရသည်ကို (နေကာဟ်) ဟုမ ခေါ်ပေ။
ကျမ်းမြတ်ကုရ်အာန်တွင်စောင့်ဆိုင်း ကာလမရှိသောလင်နှင့် မယားကွာရှင်းမှုအမျိုးအ စားနှစ်မျိုးရှိသည်။ တစ်မျိုးမှာ(နေကာဟ်)ဖတ်ပြီး လင်နှင့်မယား ကိုယ်လက်နှီးနှောမှုမပြုမီ ကွာ ရှင်းပြတ် စဲခြင်း။ (၃၃း ၄၉)
အခြားတစ်မျိုးမှာ – ဇနီးမယားသည် အခြားယောက်ျားတစ်ဦးနှင့် ဖေါက်ပြန်နေသည် ကို သက်သေ (၄) ဦးသော်လည်းကောင်း (သို့မဟုတ်)လင်ယောက်ျားက ကိုယ်တိုင်မြင်တွေ့ ပါက စောင့် ဆိုင်းကာလမလိုအပ် ဘဲ ချက်ခြင်းပြတ်စဲသွားသည်။ (၂၄း၆)
ဖေါ်ပြပါကုရ်အာန်နှင့်ဆန့်ကျင်သော ကွာရှင်းပြတ်စဲမှုများသည် အစ္စလာမ့်မတိုင်မီ အမိုက်ခေတ်အရဗ်များ ၏ ဥပဒေများသာ ဖြစ်ကြောင်း ကုရ်အာန်၏ ကဏ္ဍ ၅၈-တွင် ဖေါ်ပြ ထားပေသည်။
ကုရ်အာန်မှကဏ္ဍ-၅၈ကို “အမျိုးသမီးတစ်ဦး၏ စောဒကကဏ္ဍ” ဟုခေါ်ဆိုပေသည်။ ရှေး အရဗ်ရိုးရာယဉ် ကျေးမှုအရမိမိ၏ဇနီး ကိုမပေါင်းလိုသော လင်ယောက်ျားက အသင်မ ၏ ကျောရိုး သည် ငါ့မိခင်၏ကျော ရိုးနှင့်တူသည် (သို့မဟုတ်)အသင်မသည်ငါ၏အမေနှင့် တူသည်ဟုဆိုရုံမျှဖြင့် လင်ခန်းမယားခန်းပြတ် စဲပြီးဖြစ်သည်။ ထိုကဲ့သို့ပြောဆို၍ ပြတ် စဲခြင်းဖြင့်ဇနီးမယား အား မည်သည့်နစ်နာကြေးမျှပေးရန်မလိုပေ။ အစ္စလာမ်သာသနာကို လက်ခံပြီးမှရှေးအရဗ်ရိုးရာ ယဉ်ကျေးမှုအတိုင်း ခင်ပွန်းဖြစ်သူက မိမိ၏ဇနီးကိုပြောဆိုပြတ် စဲခြင်းခံရသော အမျိုးသမီးတစ်ဦးက တမန်တော်မုဟမ္မဒ်(ဆွ)အား စောဒကတက်၍မေး ခွန်းမေး လာသည့်အပေါ် ကျရောက်လာသည့် ကဏ္ဍဖြစ်သည်။
၅၈း၁ (ဧကန်စင်စစ် တုနှိုင်းမဲ့ကိုးကွယ်ရာ အရှင်သည် အကြင်မိန်းမ၏ပြောဆိုမှုကို ကြားတော်မူခဲ့လေ သည်။ ထိုမိန်းမသည် မိမိ၏လင်ယောက်ျားနှင့် ပတ်သက်၍ အသင်နှင့် ငြင်း ခုံပြောဆို ဆွေးနွေးလျက်ရှိ သည့်အပြင် မကျေနပ်ကြောင်းငါအရှင့်ထံတော်တွင် ထုတ်ဖော်လျှောက်ထားတိုင်တန်းလျက် ရှိခဲ့၏။ ၎င်း ပြင် ထာဝရအရှင်သည် အကြွင်းမဲ့ သိတော်မူသော အရှင်ဖြစ်၏။)
၅၈း၂ (အသင်တို့အနက် အကြင်သူတို့သည် မိမိတို့၏ဇနီးမိန်းမများအား ကျွန်ုပ်၏မိခင်ကဲ့သို့ ကျွန်ုပ်အပေါ်၌ “ဟရာမ်” ဖြစ်သည်ဟု ပြောဆိုပြုလုပ်လေ့ရှိသည်။ (ဤသည်ကို “ဇိဟာရ် ”ပြု ခြင်း)ဟုခေါ်သည်။ ထို ဇနီးမိန်းမများမှာ ၎င်းတို့၏ မိခင်များ မဟုတ်ကြပေ။ ၎င်းတို့အားမွေးဖွားခဲ့ကြသော မိန်းမများသာလျှင် ၎င်းတို့၏ မိခင်များဖြစ် ကြ လေသည်။ သို့ရာတွင် ဧ ကန်မလွဲ ထို (ဇီဟာရ်) ပြုလုပ်ကြသော ထိုသူတို့သည် စက်ဆုပ်ဖွယ်ရာစကားကိုလည်းကောင်း၊ မုသား စကားကိုလည်းကောင်း ပြောဆိုကြသည်မှာ အမှန်ဖြစ် ၏။ သို့တစေလည်း ဧကန်ဖန် ဆင်း ရှင်သည် အလွန်တရာ ခွင့်လွှတ်သောအရှင် ဖြစ်၏။)
၅၈း၃ (စင်စစ်မှာကား အကြင်သူတို့သည် မိမိတို့၏ ဇနီးများနှင့် (ဇီဟာရ်) ပြုလုပ်ကြ၏။ ထို့နောက်၎င်းတို့ သည် ပြောဆိုခဲ့သည်များမှ ပြန်လည်ရုပ်သိမ်းလိုက်ကြ၏။ သို့ဖြစ်လျှင် ၎င်းတို့ ဇနီး (မောင်နှံ)နှစ်ဦးကို ကိုယ်လက်နှီးနှော ထိတွေ့ခြင်းမပြုမီ ကျွန်တစ်ယောက်ကို သူကောင်းပြု ရမည်ဖြစ်သည်။ ဤသည် အသင်တို့အား ဆုံးမခြင်းကိုခံရခြင်းဖြစ်သည်။ စင်စစ် တုနှိုင်းမဲ့ကိုး ကွယ်ရာအရှင်သည် အသင်တို့၏ ပြုမူ ချက်များကို အကြွင်းမဲ့သိသော အရှင်ဖြစ်သည်။)
၅၈း၎ (သို့ရာတွင်မည်သူမဆို (ကျွန်တစ်ယောက်ကို) မရခဲ့လျှင် ထိုဇနီးမောင်နှံသည် ကိုယ်လက်နှီးနှော ခြင်းမပြုမီ နှစ်လတိုင်တိုင်တစ်ဆက်တည်း “ဆွီယာမ်” ဥပုသ်တည်ဆောက် ရမည် ဖြစ် သည်။ သို့သော် မည်သူမဆို ဥပုသ်တည်ဆောက်ခြင်းကို မတတ်စွမ်းနိုင်လျှင် သူဆင်းရဲခြောက်ဆယ်အား ထမင်းနှစ်နပ် ကျွေးမွေးပြီးမှသာ ဇနီးမောင်နှံနှစ်ဦး ကိုယ်လက်နှီးနှောကြ ရမည် ဖြစ် သည်။ ထိုအမိန့်ပညတ်ချက်သည် ကား အသင်တို့သည် တုနှိုင်းမဲ့ကိုးကွယ်ရာ အရှင်အားလည်းကောင်း၊ ထိုအရှင်၏ နဗီတမန်တော်အား လည်းကောင်း သက်ဝင်ယုံကြည်အံ့သော ငှာ ဖြစ်ပေ သည်။ စင်စစ်ဤသည် တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်၏ စည်းကမ်းချက်များ ဖြစ်သည်။ ထိုအမိန့်ကို သွေဖည်ကြကုန်သော သူတို့ ၌ နာကျင်ဖွယ်ဖြစ်သော ပြစ် ဒဏ်သည် ရှိပေသတည်း။)
၅၈း၁-မှ-၄ကို ကြည့်ခြင်းဖြင့် အမိုက်ခေတ်အရဗ်များ၏ ဇနီးမယားများအပေါ် တစ်ဖက် သတ်အနိုင်ကျင့် သောဓလေ့စရိုက်ဥပဒေများကိုပယ်ဖျက်၍ ကျမ်းမြတ်ကုရ်အာန်က အမျိုး သမီးများ၏ ဘ၀ကိုအမျိုးသား များနှင့် တန်းတူ ပြန်လည် ပို့ဆောင်ခဲ့ ခြင်း ဖြစ်သည်။
သို့သော်လည်း ကျမ်းမြတ်ကုရ်အာန်ကို အခြေမခံသော မွတ်စလင်(မ်)များ၏ ရှေ့ဆောင် လမ်းပြများ ခေတ်တို့တွင် ဇနီးမယားများအပေါ် တစ်ဖက်သတ်အနိုင်ကျင့်သော ဓလေ့စ ရိုက်များ ကို မိရိုးဖလာကြိုက် အရာင်ချယ်သ၍ အစ္စလာမ့်ဥပဒေအသွင်ဖြင့်ပြဌာန်းခဲ့ကြ သည်။ ၄င်းတို့၏အရောင်ဆိုးနိုင်အားကြောင့် ကုရ်အာန်၏သက်တမ်း၁၄၀၀ကျာ်ရောက် ရှိလာသော အခါ၌ အစ္စ လာမ့် ပြည်ထောင်စုကြီးအတွင်းရှိ အမျိုးသမီးများ၏ အခွင့်အရေး များသည် အစ္စလာမ့်မတိုင်မီ အရဗ်များ၏ခေတ်ကာလကဲ့သို့ အနှိမ်ခံဘ၀သို့ ပြန် လည်ရောက် ရှိခဲ့ရကြောင်းကို ၀မ်းနည်း စွာတွေ့မြင်ရပေသည်။
မွတ်စလင်မ်များနှင့် မွတ်စလင်မ်အများစုကို ရှေ့ဆောင်လျက်ရှိကြသည့် များစွာသော ကဝိအကျော်အမော်များသည်ပင်လျင်ကုရ်အာန်ကို ချဉ်းကပ်ရာ၌ ကုရ်အာန်၏ မူဝါဒများ အားဖြင့် ချဉ်း ကပ်နိုင်မှုမရှိကြ ပေ။ မွတ်စလင်မ်ဖြစ်စေ မွတ်စလင်မ်မဟုတ်သူဖြစ်စေ၊ မည် မျှပင်ကြီးမားသော ကဝိအကျော်အမော် ပုပ်ရဟန်းမင်းကြီးများပင် ဖြစ်နေစေကာမူ ကုရ် အာန်ကိုချဉ်းကပ်ရာ၌ ကုရ် အာန်တွင်တည်ရှိနေသော မူဝါဒအတိုင်းချဉ်းကပ်နိုင်မှသာ လျှင် ကုရ်အာန်ကထိုချဉ်းကပ်သူအား ကုရ်အာန်၏အသိကိုပေးမည်ဟူ၍လက်ဦးမဆွက ပင် ၅၆း၇၉တွင်(ကုရ်အာန်သည် အဖြူရောင် သက်သက်ရှိသူတို့မှအပအခြားသူများကို အကျိုး သက်ရောက်စေ မည်မဟုတ်)ဟူ၍ ပြဌာန်းထားပြီးဖြစ်သည်။
မည်သူမဆိုရိုးရာစွဲ၊ကျောင်းတော်ဝါဒစွဲ၊ ဂိုဏ်းဂနဝါဒစွဲများရှိနေသမျှ ကုရ်အာန်ပါဥပဒေပြ ဌာန်းချက်များကိုပြကတိအရှိအတိုင်း မြင်နိုင်မည်မဟုတ်ပေ။ ကုရ်အာန်သည်အဖြူ ထည် သက် သက်ဖြစ်သကဲ့သို့၊ အ ဖြူထည်ရှိသူများကိုသာ လမ်းညွှန်မည်။ ထိုအဖြူထည် ကုရ် အာန်ကို မိမိတို့၏ ကျောင်းတော်ဝါဒ လမ်းစဉ်များ ၊ဂိုဏ်းဂဏဝါဒလမ်းစဉ်များ ဆရာသမား ဝါဒလမ်းစဉ်များ ဟူသော ရောင်စုံမျက်မှန်များအားဖြင့် ကြည့်မည်ဆိုပါက ပကတိအရှိ တရား အဖြူထည်အတိုင်းမြင်နိုင် မည်မဟုတ်ပေ။ ထိုသို့သောအကြောင်း များကြောင့် အစ္စလာမ်သာသနာဝင် မွတ်စလင်မ် များအတွင်း ကုရ်အာန်က အတိအကျ အသေအခြာ တွ လာသ်နှင့်စပ်လျင်းပြီး ကဏ္ဍ၁၁၄-ခု အနက်တွလာသ်ကဏ္ဍဟူ၍သီးခြား ကဏ္ဍတစ်ခု ၊ပြဋ္ဌာန်းထားသည့်အပြင် များစွာသော ကဏ္ဍများ တွင်လည်း (တွလာသ်)ဆိုင်ရာ ဥပဒေ များစွာကို ဖေါ်ပြထားပြီး ဖြစ်သည်။
ကုရ်အာန်၏ပြဌာန်းချက် ဥပဒေများနှင့် ဖီလာဆန့်ကျင်သော လူရေးဥပဒေများက မွတ်စ လင်မ်များအပေါ်သို့ လွှမ်းမိုးထားပြီးဖြစ်သည့် အတွက်ကြောင့် များစွာသောမွတ်စလင်မ် ဇနီး မောင်နှံတို့ သည် ရေတိမ်နစ်ခဲ့ကြရလေသည်။ ထိုကဲ့သို့မဖြစ်သင့်သောကိစ္စ ရပ်များဖြစ်ကြရခြင်းမှာ အစ္စလာမ်သာသနာသည် ကုရ်အာန်က အထပ်ထပ်တားမြစ် ထားပြီးဖြစ်သော ရှေး ကျမ်းဂန်ရများနည်း တူ သာသနာပိုင်ဝါဒ ထူထောင်ခြင်း၊ဂိုဏ်းဂဏ ဝါဒများတည်ထောင်ခြင်း၊ ဗျာဒိတ်ကျမ်းဂန်ကုရ်အာန်၏အလွန် လူရေးကျမ်းများလူရေး အတွေးအခေါ်များကို ကုရ်အာန်ထက် ပိုမိုလေ့လာလိုက် စားခြင်းကြောင့်ဖြစ်သည်။
ဦးစိုးလွင် (ငြိမ်းချမ်းလျပ်စစ်)















6 Comments
AHNAF A M TUN says:
This is the concise and brief understanding of true and Koranic accent of Twallat(Divorce)in Islam..Every single Muslim men and women should read it if they want to know their right according to Divine guidance.Also you can see in the article how Islam respects the role of women and their dignities as well as the choice of Divine law in Non Muslims countries.
Valuable article and thank you very much for high lighten the main points. Great struggling..
M.AHNAF DR.A. M AUNG TUN
Faculty of Medicine
Cairo University
Egypt.
30 Mar 10 @ 2pm
AHNAF A M TUN says:
tremendous job..very valuable article for Muslim men and women..
30 Mar 10 @ 2pm
thet naing says:
အရမ်းကျေးဇူးတင်ပါတယ်…အလ္လာအရှင်အစားပေးတော်မူပါစေ၊
ဆက်လက်အားပေးနေပါအုံးမည်။
06 Apr 10 @ 4am
khin maung says:
ကျေးဇူးတင်ပါတယ်။ ဗဟုသုတရပါသည် အလ္လာရှင်၏အသနားတော်နှင့်ဆက်လက်ရေးနိုင်ပါစေ။
26 Apr 10 @ 6am
သက်လွင် says:
အစ္စလာမ်ရဲ့ စာပေ၊ ဆောင်းပါး၊ ဥပဒေ တို့ကို ကျနော့ရဲ့ ဘလောက်မှာ ပြန်လည်တင်ဆက်ခွင့်ပြုပါ။ ပြန်လည် မျှဝေခွင့်ဖို့ ခွင့်ပြုစေချင်ပါတယ်…
လေးစားစွာဖြင့်….
06 Jan 13 @ 11am
U Soe Lwin says:
ကိုသက်လွင် ပြန်လည်မျှဝေတဲ့အခါ ဆောင်းပါးရှင်များရဲ့အမည်နဲ့ ကျနော်တို့ဝက်ဘ်ဆိုက်က ကူးယူဖေါ်ပြကြောင်းထည့်သွင်းဖေါ်ပြပေးပါ။
ကျေးဇူးတင်စွာဖြင့် ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်)
06 Jan 13 @ 2pm
Write comment