ဒုက္ခရောက်နေသောသာမန်လူသားအားလုံးကိုကူညီကြပါ

ကျွန်တော့စိတ်ထဲမှာအမြဲ ဘဝင်မကျနေတာလေးတခုရှိတယ်။ ကျွန်တော်တို့မွတ်စလင်မ် အများစု(အထူးသဖြင့်အရဗ်နိုင်ငံများ)ဟာ လူသားအားလုံးနဲ့သက်ဆိုင်တဲ့ အကျိုးပြုကိစ္စ များမှာမပါ ဝင်တဲ့အပြင်လူသားအများကပ်ဒုက္ခ ဆိုက်တဲ့အချိန်တွေမှာ လဲရှေ့တန်းကပါဝင် မှူမရှိတာကိုဝမ်းနည်းဖွယ်တွေ့ရပါတယ်။၂၁ရာစုအစောပိုင်းကနေ လွန်ခဲ့တဲ့လပိုင်းအထိ လူပေါင်းသိန်းနဲ့ချီသေ ဆုံးရတဲ့ သဘာဝဘေးအန္တရယ်အတော်များများ ကျွန်တော်တို့ကြုံ ခဲ့ရပါတယ်။ ထင်ရှားတဲ့ဥပမာများက ၂၀၀၄စူနာမီငလျှင်၊ နာဂစ်လေမုန်တိုင်း မြန်မာ၊တရုပ် ငလျင်၊ နောက်ဆုံးလောလော လတ်လတ် ဟေတီငလျင်တို့မှာ လူပေါင်းသိန်းနဲ့ ချီပြီးသေ ဆုံးခဲ့ကြ ပါတယ်။

ကျွန်တော်သိသလောက် မလေးရှားကဒေါက်တာဂျမီလာ ဦးဆောင်တဲ့ (Mercy Malaysia) ကလွဲလို့အင်မတန်ချမ်းသာတဲ့အရဗ် မွတ်စလင်မ်တွေ ထိထိရောက်ရောက်ပါဝင် တာကို မတွေ့ ရပါ။ကွန်မြူနစ်တရုပ်နဲ့ အစ္စရေးဇီယွန်ဝါဒီတွေရဲ့အကူအညီတွေ ဟေတီအထိရောက် တာတွေ့ရပါတယ်။ တရုပ်ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ ပိတ်မိတဲ့ သူတွေကို ရှာဖွေနေစဉ်မှာ ဂျူးတွေက ယာ ယီဆေးရုံဖွင့်ပြီးနေပါပြီ။ အင်ဒိုနီးရှားနိုင်ငံအာချေဆူနာမီမှာ အရင်ဆုံးအ ကူအညီပေးနိုင်ခဲ့တာ အမေရိကန်ရေတပ်ပါ။ နိုင်ငံရေးအမြတ်ထုတ် တယ်ပဲပြောပြော လတ်တလောမှာ လူပေါင်းများ စွာရဲ့အသက်ကို ကယ်နိုင်တာ၊ရောဂါဝေဒနာတွေ ကု သပေးနိုင်တာ၊ ငတ်နေတဲ့သူတွေကို အစားအသောက်ပေးဝေနိုင်တာ အင်မတန်မှအား ကျစရာကောင်းတဲ့ လူသားစာနာမှူ အကူအညီဖြစ် ပါတယ်။

(နာဂစ်မုန်တိုင်းအပြီးမှာဗလီတွေက ရေသန့်တွေနဲ့စားစရာ လူမျိုးဘာသာမရွေးပေးဝေတာ၊ မလေးရှားက Mercy Malaysia ကမလေးရှားဆရာဝန်တွေ နာဂစ်မုန်တိုင်းအပြီးကူညီ ဖို့ရောက်တော့ရွာဘုန်း ကြီးကျောင်းမှာနေခဲ့ပြီးဆရာတော်က ကျောင်းဝန်းအတွင်းမှာ ဆွလတ်ဝတ်ပြုဖို့ စီစဉ်ပေးတယ်လို့ပြောပြပါတယ်။တမီနာဒူမှာလဲ၂၀၀၄စူနာမီမှာဗလီ ဝတ်ကျောင်းတွေ ကရေသန့်နဲ့အခြားအကူအညီတွေ ပေးခဲ့ပါတယ်။ အတူယူစရာပါ)

ကျွန်တော်တို့ မွတ်စလင်မ်တွေဘာလို့ ဒီလိုကူညီမှူတွေရဲ့အပြင်ကိုရောက်နေကြတာလဲ?

စူရာ ၉း၈၄ ..၄င်းပြင် (နဗီတမန်တော်) အသင်သည် ၄င်းတို့အနက် မည်သူတစ်ဦးတစ်ယောက်မဆို သေ ဆုံးခဲ့ပါလျှင် ထိုသူ၏အပေါ်၌ ဆွလာသွလ်ဂျနာဇဟ်ဝတ်ပြုမှုကို မည်သည့်အခါမျှ မ ပြုပါလေနှင့်။ ၄င်းပြင် ထိုသူ၏ သင်္ချိုင်းပေါ်၌လည်း မည်သည့်အခါမျှ မရပ်ပါလေနှင့်။ အကြောင်းသော်ကား၊ ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ် တမန်တော်မြတ်အား လည်းကောင်း၊ သွေဖည်ငြင်းပယ် ခဲ့ကြသည့်ပြင် ယင်းသူတို့သည် အမိန့်တော်ကို ဖီဆန်သူများအဖြစ်နှင့်ပင် သေဆုံးခဲ့ ကြသောကြောင့်ပင်တည်း။)

စူရာ ၉း၁၁၃..(နဗီတမန်တော်မြတ်၌ ထို့အတူ မုအ်မင်န်သက်ဝင်ယုံကြည်သူတို့၌၊ မုရှ်ရစ်က်တို့အဖို့ ၎င်း တို့သည်၎င်းတို့၏ ဆွေမျိုးနီးစပ်သူများဖြစ်ကြသော်လည်း၊ ၎င်းတို့သည် ငရဲသား များ ဖြစ်ကြောင်း မိမိတို့၌ ထင်ရှားခဲ့ပြီးနောက် (အလ္လာဟ်အရှင်မြတ်အထံတော်၌) လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားပေးပိုင်ခွင့်မရှိ ချေ။)

ကျမ်းမြတ်ကုရ်အာန်အရ ကျွန်တော်တို့ရဲ့တမန်တော်(စွ)ပင်လျှင် အထက်ပါစူရာသောက် ဘာဟ် အာယတ်တော်နှစ်ခုအရ(စူရာ၉)မှာ အမိန့်တော်ကို ဖီဆန်သူများ၊ မုရှ်ရစ်က်များအ တွက်လွတ် ငြိမ်းချမ်းသာခွင့်ကို ပန်ကြားပေးပိုင်ခွင့်မရှိတဲ့အတွက် ကျွန်တော်တို့မွတ်စ လင်မ်အများစုက ဘာသာခြားများသေဆုံးလျှင် မိမိ တို့နဲ့မသက်ဆိုင် သလိုနေကြတယ် လို့ဘာသာခြား တွေကစွပ် စွဲပါတယ်။

ကျွန်တော်တို့မွတ်စလင်မ် လူငယ်အတော်များများဟာ မိမိရဲ့အိမ်နီးချင်းမိတ်ဆွေ အပေါင်း အသင်းများနဲ့ ဘာသာမရွေးချစ်ခင်စွာ နေရမယ်ဆိုတဲ့မြန်မာလူ့အသိုင်းအဝိုင်းမှာ ကြီးပြင်း လာ သူတွေဖြစ်ပါတယ်။ ဘာ သာခြားတွေကဒီလို ကုရ်အာန်ရဲ့ အာယတ်တော် များနဲ့ တိတိကျကျစွပ်စွဲလာတော့ ဘယ်လိုပြန်ရှင်းရမယ် ဆိုတာ မသိဖြစ်ကြရပါတယ်။

ဖန်ဆင်းရှင်အလ္လာဟ်သည် မဟာဂရူဏာတော်ရှင်လို့ အကြိမ်ကြိမ်ဆိုထားပါတယ်။ မဟာ ဂရူဏာရှင်သည် အပြစ်မဲ့လူပေါင်းများစွာ သေဆုံးရချိန်မှာ ထိုသူများအတွက် ဆုဒိုအာပြု လုပ်သူကို အပြစ်ပေးမယ်ဆိုတာ ယုတ္တိမတန်ပါ။ ဒါဟာကျွန်တော်တို့အားလုံးအတွက် မိ ရိုးဖလာဘာသာရေးနားလည်မှူ၊ ကျမ်းမြတ်ကုရ် အန်ကိုမိမိကိုယ်တိုင်မလေ့လာပဲ ဆ ရာပြောနဲ့နားလည် သလို လို ရှိနေမှူတွေကို စိန်ခေါ်လိုက်တာပါ။ မ ဟာဂရူဏာတော်ရှင် သည် အပြစ်မဲ့သေဆုံးသူလူပေါင်းသိန်းနှင့်ချီ(အပြစ်မဲ့ကလေးငယ်များ၊ အလွန်ဆင်း ရဲနွမ်း ပါးသူယောံကျား၊မိန်းမများအတွက် ဆုဒို အာတောင်းဆိုခြင်း၊ ကူညီခြင်းကို ခွင့်မပြုသောအ ရှင်လား ဆိုတဲ့မေးခွန်းဟာ ကြင်နာနှလုံးသားရှိတဲ့ မွတ်စလင်မ်များအားလုံးအတွက် ဖွင့် မမေးရဲပေမဲ့ အဖြေကို သိချင်မှာသေချာ ပါ တယ်။

ရှေ့ဆက်မဆွေးနွေးခင်ကျမ်းမြတ်ကုရ်အာန်ရဲ့ အာယတ်တော်များနဲ့ပတ်သက်ပြီး ဆွေးနွေး တဲ့အခါ၊

၁။ အာယတ်တပိုဒ်ကိုဖတ်ပြီး (Out of Context) ဆွေးနွေးလို့မရပါ။ စူရာဟ်တခုလုံးနဲ့ အခြားဆက်စပ်နေတဲ့ ကျမ်းမြတ်ထဲမှာပါတဲ့ စူရာဟ်အာယတ်တွေရဲ့ နားလည်မှူနဲ့တ ကွ ဆွေးနွေးလေ့ လာ ရပါတယ်။

၂.။စူရာဟ်ကျတဲ့အချိန်နဲ့ အကြောင်းရင်းခံနောက်ခံသမိုင်းတွေကို သိရပါမယ်။

စူရာ၉း၈၀သည် မိုနာဖစ်က်သာသနာ့အရေခြုံများက မုရှ်ရစ်က်ခေါ်ဘာသာမဲ့ဘုရားအများ ဝါဒကိုယုံကြည်သူများကိုသွေးဆောင်ပြီး မွတ်စလင်မ်များကိုနောက်ကျောမှဓားနဲ့ထိုးမဲ့ အကြောင်း ကို ပြောပြ ထားခြင်းပါ။ အဓိကပြောပြတာ မိုနာဖစ်က် သာသနာ့ အရေခြုံတွေ အကြောင်းဖြစ်ပါတယ်။

စူရာ ၉း၁၁၃ ကတော့ မုရှ်ရစ်က်လို့ခေါ်တဲ့မယုံကြည်သူသွေဖည်သူတွေကိုပြောထား သည့်အာယာသ်ဖြစ်ပါတယ်။

စူရာတောဝ်ဘာ ကျတဲ့အချိန်မှာ မက္ကာဟ်မှာနေတဲ့ အရဗ်ကိုရိုက်ရှ်အမျိုးနွယ်ထဲမှာ အစ္စ လာမ် ဟန်ဆောင်နေတဲ့ မိုနာဖစ်က်သာသနာ့ အရေခြုံတွေ တိတ်တဆိတ်ဝင်ရောက်နေ ပါတယ်။ ဒီ လူတွေဟာ မဒီနာမှာ နေထိုင်တဲ့ မိုနာဖစ်က်တွေနဲ့ပေါင်းပြီး မယုံကြည်သူမုရှ် ရစ်က်များ ကို သုံးပြီးကောက်ကျစ်တဲ့ အကြံနဲ့လူအများယုံကြည် ကိုးကွယ်မှူများလာတဲ့ မွတ်စလင်မ်တွေကို အ မျိုး ဖြုတ်ဖို့စီမံနေတဲ့ အချိန်ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ အား လုံးနား လည်ဖိုလိုပါတယ်။

စူရာတောဝ်ဘာ အာယတ်တော်(တစ်)သည် မုရှ်ရစ်က်နှင့်မိုနာဖစ်က်များကတဖက်သတ် ချုပ်ဆိုထား သောပဋိညာဉ်စာချုပ်ကို ရန်သူတို့ကဖောက်ဖျက်လို့ အလ္လာဟ်အရှင်မြတ် ထံတော်မှ မွတ်စလင်မ်များ သည် စာချုပ်မှ လုံးဝတာဝန်ကင်းကြောင်း လူအများသိရှိ ရန်ကြေငြာ ခိုင်းခြင်းဖြစ်ပါတယ်။

၉း၁ (ဤသည် အလ္လာဟ်အရှင်မြတ်အထံတော်မှလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ် အထံတော်မှ လည်းကောင်း၊ အသင်တို့ (ကာလအပိုင်း အခြားမရှိ) ပဋိညာဉ်စာချုပ် ချုပ်ဆိုခဲ့ကြသောမုရှ် ရစ်က်တို့အား (၎င်းတို့၏ ပဋိညာဉ် စာချုပ်နှင့်စပ်လျဉ်း၍) လုံးဝတာဝန်ကင်းကြောင်း (ကြေငြာခြင်းပင်) ဖြစ်ပေသတည်း။)

အခုခေတ်မှာစစ်မက်ဖြစ်ပွါးရင် လိုက်နာရမဲ့ လိုက်နာရန်ဥပဒေတွေစစ်တပ်တိုင်း မှာရှိပါ တယ်။ အမေရိကန်တွေက (Rules of engagement) လို့တွင်တွင်သုံးလေ့ရှိပါတယ်။ အခုစူရာဟာ မိမိ(မွတ်စလင်မ်) တို့ကို အပြုတ်တိုက်မဲ့ရန်သူနဲ့ရင်ဆိုင်ရာမှာ လိုက်နာရမဲ့ အလ္လာဟ်အရှင်မြတ်ရဲ့စည်းမျဉ်းစည်းကမ်း (Rules of engagement) လို့နား လည်ပါတယ်။ ဒါပေမယ့် မွတ် စလင်များကို ဆန့်ကျင်မှူမပြု မတရားမ ပြုသောသူများအား လုံး( မုရှ်ရစ်က်အပါအဝင်)တို့နှင့်ပြုခဲ့သော ပဋိညာဉ်သည် ပျက်ပြားခြင်းမရှိတာကို အောက် ပါ အာယတ်တော်မှာ တွေ့နိုင်ပါတယ်။

၉း၎ (အကြင်မုရှ်ရစ်က်တို့မှတစ်ပါး အသင်တို့သည်ထိုသူတို့နှင့် ပဋိညာဉ်ဖွဲ့ခဲ့ကြလေသည်။ ထို့နောက် ၎င်းတို့သည် အသင်တို့နှင့်ပတ်သက်၍ တစ်စုံတစ်ရာကိုမျှ ၀တ္တရားပျက်ကွက်ခဲ့ကြ သည်လည်းမရှိပေ။ ယုတ်လျော့စေခဲ့ကြသည်လည်းမရှိပေ။ ၎င်းပြင် ထိုသူတို့သည်အသင်တိုနှင့် ဆန့်ကျင်၍မည်သူတစ်ဦးတ ယောက်ကိုမျှ ကူညီခဲ့ကြသည်လည်းမရှိချေ။ သို့ဖြစ်လျှင် အ သင်တို့သည် ထိုသူတို့နှင့်ထားရှိသောကတိ ကိုထိုသူတို့(သတ်မှတ်ခဲ့သော) အချိန်ကာလအပိုင်းအခြားအထိ ပြီးမြောက်အောင်ဆောင်ရွက်ကြ လေ ကုန်။မုချဧကန် အလ္လာဟ် အရှင်မြတ် သည် ပြစ်မှုဒုစရိုက်တို့မှ ကြည်ရှောင်ကြကုန်သော သူတော်စင်တို့ အား ချစ်ကြည်မြတ်နိုး တော်မူချေသတည်း။

မုရှရစ်က်များကို တိုက်ခိုက်တဲ့အခါ ပြင်းပြင်းထန်ထန်ပြတ်ပြတ်သားသားချေမှုန်းရန် အောက်ပါအာယတ် တော် ကဆိုထားသလို၊

၉း၅ (“သို့ဖြစ်ပေရာ ထူးမြတ်သောလများ ကုန်လွန်သွားသောအခါ အသင်တို့သည် (ပဋိညာဉ်ကိုချိုး ဖောက်ခဲ့ကြသော) ‘မွရှ်ရစ်က်တို့အား အသင်တို့တွေ့လေရာနေရာများတွင် (သတ်ဖြတ် ကြလေကုန်၊ထို့ ပြင် အသင်တို့သည် ၎င်းတို့အားဖမ်းဆီးကြလေကုန်။ ထိုမှတစ်ပါးအသင်တို့သည် ၎င်းတို့အားချုပ်နှောင် (အကျဉ်းချထား)ကြလေကုန်။ ၎င်းပြင်အသင်တို့သည် ထိုသူတို့အား (ဖမ်းဆီးရန်)ပုန်းအောင်းရာနေရာ တိုင်း တွင် (ပုန်းအောင်း၍) ချောင်းမြောင်း ကြလေကုန်။)”……

အောက်ပါ အာယတ်မှာတော့ မွတ်ရှ်ရစ်က်တယောက် မိမိတို့ထံအညံ့ခံရင် အကာအကွယ်ပေးပြီး ဘေး ကင်းရာပို့ဆောင်ပေးရမယ်လို့ အတိအလင်းဆိုထားပါတယ်။

“( ၉း၆ တစ်ဖန်အကယ်၍ (ပဋိညာဉ်ကိုချိုးဖောက်သော) မွတ်ရှ်ရစ်က်တို့အနက်မှ တစ်ဦးတစ်ယောက် သောသူသည် အသင့်ထံတွင်အကာအကွယ်ရလိုခဲ့ပါလျှင် အသင်သည်ထိုသူအား ၎င်း သည် အလ္လာဟ် အရှင်မြတ်၏ အာယတ်တော်ကို ကြားနာနိုင်အံ့သောငှာ ကာကွယ်ပါလေ၊) ထို့နောက်အသင်သည် ထိုသူ့ အား၎င်း၏ ဘေးရန်ကင်းငြိမ်းရာဌာနသို့ ပို့ဆောင်၍ပေးပါလေ။ ဤ (အမိန့်တော်ကိုထုတ်ပြန်တော်မူခြင်း) ကား ၎င်းတို့သည်မသိနားမလည်သောသူများ ဖြစ်ကြသောကြောင့်ပင်တည်း။”

စူရာသောက်ဘာကို ဆက်ဖတ်ကြည့်မယ်ဆိုရင် မွတ်စလင်မ်များကို အမျိုးဖြုတ်ပြီး တ မန်တော်(စွ)ကိုပါလုပ်ကြံမဲ့သာသနာ့ရန်သူတွေအားလုံးကိုပြင်းပြင်းထန်ထန်တုန့်ပြန်ရန် (စူရာ၉း၁၃)နှင့် လက်နက်ချအ ညံ့ခံသည်အထိ (သို့မဟုတ်) စစ်ပြေငြိမ်းသည်အထိ တိုက် ခိုက်ရန် (စူရာ၉း၂၉) ညွန်ကြားထားတာကို တွေ့ရပါတယ်။

မုနာဖစ်က်မုစ်လင်မ်အယောင်ဆောင်သူတို့အတွက်လည်း ပြင်းထန်သောအပြစ်ကျရောက် မည့်အကြောင်း ကိုအောက်ပါစူရာမှာတွေ့ရပါတယ်

၉း၇၃ ( အို-နဗီတမန်တော်၊ အသင်သည် ကာဖိရ်သွေဖည်ငြင်းပယ်သူတို့အား လည်းကောင်း၊ ‘မုနာ ဖစ်က် မွတ်စလင်မ်အယောင်ဆောင် သူတို့အားလည်းကောင်း၊ ဂျိဟာဒ်ပြုပါလေ။ထို့ပြင် ၎င်းတို့အပေါ်၌ အ သင် သည် ပြင်းထန်ကျပ်တည်းမှုကိုပြုပါလေ။ ထိုမှတစ်ပါး ၎င်းတို့၏ခိုကိုးရာဌာနသည် ဂျဟန္နမ်ငရဲဘုံသည်ပင် ဖြစ်သည်။ အမှန်သော်ကား၊ ထိုစခန်းသည်အလွန်ဆိုးရွား လှပေသည်တကား။)

တမန်တော်သည် အကြင်နာတရားအပြည့်နှင့် ထို မိုနာဖစ်က်နှင့်မုရှရစ်က်များအတွက် ဆုပန်ခြင်းမပြူရန် အောက်ပါ စူရာနှင့် တားမြစ်ထားတာ ကိုတွေ့ရပါတယ်။

၉း၈၀ (အို-နဗီတမန်တော်) အသင်သည်၎င်းတို့အဖို့ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားသည်ဖြစ်စေ၊ သို့ တည်းမဟုတ်အသင်သည်၎င်းတို့အဖို့ လွတ်ငြိမ်းချမ်းသာခွင့်ကို မပန်ကြား သည်ဖြစ်စေ၊(အကြောင်းမထူး ပေ။ အသို့ဆိုသော်) အကယ်၍အသင်သည် ၎င်းတို့အဖို့ အကြိမ်ခုနှစ်ဆယ်တိုင်တိုင် လွတ်ငြိမ်းချမ်းသာ ခွင့်ကို ပန်ကြားသော်လည်း အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ အားအလျှင်း လွတ်ငြိမ်းချမ်းသာခွင့် ပေးသ နားတော်မူမည် မဟုတ်ပေ။ အကြောင်းသော်ကား၊ ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အားလည်း ကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တ မန်တော် အားလည်းကောင်း၊ သွေဖည်ငြင်းပယ်ခဲ့ကြသောကြောင့်ပင်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အမိန့်တော်ဖီဆန်သောသူတို့အား တရားလမ်းမှန်သို့ပို့ဆောင် တော်မူသည် မဟုတ် ပေတကား။

ဆက်လက်ပြီးပထမဆုံးတင်ပြတဲ့စူရာ(၉း၈၄)အတိုင်းအမိန့်တော်ကိုဖီဆန်သူများအဖြစ်နှင့် ပင် သေဆုံးခဲ့ကြသောသူများအတွက် တမန်တော်(စွ)ကို ဆွလာသွလ်ဂျနာဇဟ်ဝတ်ပြု မှုကို မည် သည့်အခါမျှမပြု ရန်နှင့် ထိုသူ၏သင်္ချိုင်းပေါ်၌လည်း မည်သည့်အခါမျှ မရပ်ရန် တားမြစ်ခဲ့တာတွေ့ရပါတယ်။

ကျွန်တော်တို့ အထက်ပါ အာယတ်တော်ကို နောက်တခေါက်ပြန် ဖတ်ကြည့်ရအောင်. . .

စူရာ ၉း၈၄ (၄င်းပြင် (နဗီတမန်တော်)အသင်သည် ၄င်းတို့အနက် မည်သူတစ်ဦးတစ်ယောက်မဆို သေ ဆုံးခဲ့ပါလျှင် ထိုသူ၏အပေါ်၌ ဆွလာသွလ်ဂျနာဇဟ် ၀တ်ပြုမှုကို မည်သည့်အခါမျှ မ ပြုပါလေနှင့်။၎င်းပြင် ထိုသူ၏ သင်္ချိုင်းပေါ်၌လည်း မည်သည့်အခါမျှ မရပ်ပါလေနှင့်။ အကြောင်းသော်ကား၊ ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ် တမန်တော်မြတ်အားလည်းကောင်း၊ သွေ ဖည်ငြင်းပယ်ခဲ့ကြသည့်ပြင် ယင်းသူတို့သည် အမိန့်တော်ကို ဖီဆန်သူများအဖြစ်နှင့်ပင် သေဆုံးခဲ့ကြ သောကြောင့်ပင် တည်း။ သေဆုံး ခဲ့ ကြသော ကြောင့်ပင်တည်း။)

အထက်ပါအာယတ်တော်မှ

“ယင်းသူတို့သည် အမိန့်တော်ကို ဖီဆန်သူများအဖြစ်နှင့်ပင် သေဆုံးခဲ့ကြသောကြောင့်ပင် တည်း။” ကို သတိပြုမှတ်ထားစေချင်ပါတယ်။ ဆက်ပြီးတော့စူရာ ၉း၁၁၃ ကိုနောက် တခေါက်ပြန် ဖတ်ကြည့်ရ အောင်…

စူရာ ၉း၁၁၃..(နဗီတမန်တော်မြတ်၌ ထို့အတူ မုအ်မင်န်သက်ဝင်ယုံကြည်သူတို့၌၊ မုရှ်ရစ်က်တို့အဖို့ ၎င်း တို့သည်၎င်းတို့၏ ဆွေမျိုးနီးစပ်သူများ ဖြစ်ကြသော်လည်း၊ ၎င်းတို့သည်ငရဲသား များ ဖြစ်ကြောင်း မိမိတို့၌ ထင်ရှားခဲ့ပြီးနောက် (အလ္လာဟ်အရှင်မြတ်အထံတော်၌) လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားပေးပိုင်ခွင့်မရှိ ချေ။)

ဆိုလိုရင်းကို စူရာဟ်သောံဘာဟ်ကို အစမှစပြီးနားလည်အောင် ဖတ်လာသူအဖို့အလွယ် တကူနားလည် ပါလိမ့်မယ်။ ဘယ်လူမျိုးဘာသာဖြစ်ဖြစ် မိမိတို့ကိုမျိုးဖြုတ်မယ့်ရန်သူကို တကူးတ က ဆုတောင်းဖို့ဝေးစွ ကျိန်ဆဲနေမှာသေချာပါတယ်။ဆွေမျိုးပင်ဖြစ်ပါစေရန်သူ နဲ့ပူးပေါင်းတိုက်ခိုက်လာရင် ရန်သူလိုပဲမြင်ရပါမယ်လို့ဖန်ဆင်းရှင်က ဆိုထားတာပါ။ ကျွန်တော်တို့ရဲ့တမန်တော် (စွ)မှာ အလွန်နူးညံ့ပြီး မေတ္တာ အပြည့်နှ လုံးသားရှိတာကို အလ္လာဟ်ကသိတော်မူတဲ့အတွက် တားမြစ်ထားခြင်းဖြစ်တဲ့အပြင် အချို့ ပညာရှင်များက ဒီအာယတ်တော် သည်တ မန်တော်မြတ်ရဲ့ ဦးရီးတော်ကို ဆိုလိုတယ်လို့ ဖွင့်ဆိုပါတယ်။ တမန်တော်မြတ်ရဲ့ဦးရီးတော်ဟာ တမန်တော်မြတ်အကြိမ်ကြိမ် အစ္စလမ်သာသနာသို့ ဖိတ်ခေါ်သော်လည်း သေဆုံးတဲ့အချိန်အထိ ငြင်းဆန် သွားသူဖြစ်ပါတယ်။

ဒါကြောင့် အထက်ပါအာယတ်တော်သည် အစ္စလမ်သာသနာကို ဖျက်စီးရန်ကြံစည်သူ မုရှ်ရစ်က်များကို ဆိုလိုသလို တမန်တော်မြတ်ကိုယ်တော်တိုင် ဖိတ်ခေါ်ပေမယ့်ငြင်းဆန်တဲ့ ဦးရီးတော် လိုဆွေမျိုးရင်းခြာ မုရှ် ရစ်က်များကိုလည်းဆိုလိုတယ်လို့နားလည် ရပါတယ်။

ကျမ်းမြတ်ကုရ်အာန်မှာ အလ္လာဟ်အရှင်မြတ်က အစ္စလာမ်ဘာသာကို ဖြိုခွဲရန်တိုက်ခိုက် သည့် မယုံကြည် သူများကိုခွင့်မလွှတ်သလို အလ္လာဟ်အရှင်မြတ်ရှိကြောင်းသိသိနှင့် သေ သည်အထိ တစုံတရာနှင့်ယှဉ်တွဲ ကိုးကွယ်သူများ (ရှရစ်က်)ကို ခွင့်မလွှတ်လို့ အကြိမ်များ စွာ သတိ ပေးထားပါတယ်။

စူရာ ၉း၁၁၄ မှာ(နဗီတမန်တော်) အစ်ဗ်ရာဟီမ်ရဲ့ ဖခင်နဲပတ်သက်ပြီးလဲ

(“စင်စစ်သော်ကား (နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည် မိမိဖခင်အဖို့ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြား ခဲ့သည်မှာ ထို(နဗီတမန်တော်) အစ်ဗ်ရာဟီမ်သည် ဖခင်အားပေးခဲ့သော ကတိဝန်ခံ ချက် ကြောင့်သာဖြစ် ပေ၏။ တစ်ဖန်ထို(နဗီတမန်တော်)အစ်ဗ်ရာဟီမ်၌(ဖခင်)သည် အလ္လာဟ်အရှင်မြတ်၏ရန်သူဖြစ်ကြောင်း ထင်ရှားခဲ့သောအခါ ထို(နဗီတမန်တော်) အစ်ဗ်ရာဟီမ်သည် ဖ ခင်နှင့်(မည်သို့မျှ) မသက်ဆိုင်၊မပတ် သက်ဟူ၍ ငြင်းဆိုခဲ့လေ၏။ ဧကန်စင်စစ် (နဗီ တမန် တော်) အစ်ဗ်ရာဟီမ်သည် စိတ်နှလုံးအလွန်နူးညံ့ သူ၊သည်းခံခြင်း တရားအ လွန်ထားရှိ သူ ဖြစ် ခဲ့ ပေသတည်း။ည် စိတ်နှလုံ အလွန်နူးညံ့သူ၊ သည်းခံခြင်း တရား အလွန်ထားရှိသူ ဖြစ်ခဲ့ပေသ တည်း။”

အထက်က တင်ပြခဲ့တဲ့စူရာနဲ့အာယတ်တော်များ ကိုသုံးသပ်ရရင်

၁။ဖော်ပြပါအာယတ်တော်များသည် လူအုပ်စုနှစ်ခုအကြောင်းကို ပြောပြထားတာတွေ့ရ ပါတယ်။

အုပ်စု(က) အစ္စလာမ်ဘာသာကို စစ်မက်ပြုပြီး ဖျက်ဆီးမည့် မိုနာဖစ်က်သာသနာ့အရေခြုံ နဲ့မုရှရစ်က်ငြင်း ပယ်သူ(သို့မဟုတ်) ဘုရားအများယုံကြည်သူများ (မက္ကာဟ်မှကိုရိုက်ရှ်အ မျိုးနွယ်မှ တမန်တော်ကိုစစ်ခင်း သူများ)

အုပ်စု(ခ) တမန်တော်များကိုယ်တိုင်လမ်းမှန်ကို ဖိတ်ခေါ်သော်လဲ သိသိနဲ့သေသည်အ ထိ ငြင်းဆန်သော (ဥပမာတမန်တော်၏ဦးရီးတော် အဘူတာလစ်နဲ့ (နဗီတမန်တော်) အစ်ဗ် ရာဟီမ်ရဲ့ ဖ ခင်လိုလူမျိုး)ကို ဖန်ဆင်းရှင်က အကြီးဆုံးအပြစ်လို့ သတ်မှတ်ပြီး ခွင့်မလွှတ်လို့ ဆိုထားပါတယ်။

၂။ ဒုတိယအုပ်စုနဲ့ပတ်သက်ပြီး ပြောရရင်တမန်တော်များဟာ အလ္လာဟ်အရှင်မြတ် က ရွေးချယ်စေလွှတ်တဲ့မဟာလူသားတွေဖြစ်ပါတယ်။ အရပ်ဘာသာစကားနဲ့ Hujjatu Al Islam (Proof of Islam) အစ္စလမ်ဘာသာဝင်တွေအတွက် အလ္လာဟ့်ထံတော်ပါးမှ ပို့ပေးတဲ့အမြင့်ဆုံး သက်သေလက္ခဏာလို့အ ဓိပ္ပယ်ရပါတယ်။ ဒီတမန်တော်တွေနဲ့တွေ့ ဆုံခွင့် ရတဲ့သူတွေဟာ အရှင်မြတ်ရဲ့ အထူးအခွင့်ရေးပေးခံရသူ တွေပါ။ တ မန်တော်များရဲ့ ဖိတ်ခေါ်ခြင်းဟာ ကျွန်တော်တို့လူသားအချင်းချင်း ဖိတ်ခေါ်တာနဲ့လုံးဝ ကွဲပြားတယ်ဆို တာနားလည်ဖို့လိုပါတယ်။့ ဒီလိုအ ခွင့်ရေးထူးရပေမဲ့ငြင်းဆန်တဲ့လူတွေအတွက် ပြင်း ထန်သော အပြစ်ပေးခြင်း၊ ဒီလူတွေနဲ့ထိုက်တန်သောအပြစ်ဖြစ်ပါတယ်။

၃။ ကျမ်းမြတ်ကုရ်အန်နဲ့ဟာဒီဆ်များက အကြိမ်ကြိမ်အခါခါ လမ်းမှန်သို့ဖိတ်ခေါ်သော် လည်း ငြင်းဆန်သူ များနဲ့သာသနာကို ဖျက်ဆီးမဲ့သူများကိုသာခွင့်လွှတ်ခြင်း လမ်းမှလွဲမယ် လို့ဆိုထား ပါတယ်။

စူရာ၆၀း၈

အလ္လာဟ်အရှင်မြတ်သည် အသင်တို့အားအကြင်သူတို့ကို ကျေးဇူးပြုခြင်းမှလည်းကောင်း၊ တရားမျှတစွာ ဆက်ဆံခြင်းမှလည်းကောင်း၊ တားမြစ်တော်မူသည် မဟုတ်ပေ။ ထိုသူတို့သည် အ သင်တို့အား ဒီန်သာ သနာနှင့်စပ်လျဉ်း၍ တိုက်ခိုက်ခဲ့ကြသည်လည်း မဟုတ်ပေ။ အသင်တို့အားအသင်တို့၏ နေအိမ်များမှ နှင်ထုတ်ခဲ့ကြသည်လည်းမဟုတ်ပေ။ ဧကန်စင်စစ် အလ္လာဟ် အရှင်မြတ်သည်တရားမျှတသောသူတို့အား နှစ်သက် ချစ်တော်မူ၏။

ဒါ့ကြောင့်အလ္လာဟ် အရှင်မြတ်ထံဆုဒိုအာပန်ကြားခွင့်မရှိသူများမှာ အထက်ပါအုပ်စု(၁)(၂) ဝင်များသာဖြစ်ပြီး ထိုအုပ်စုဝင်မဟုတ်တဲ့ ဘာသာခြားမိတ်ဆွေများကိုသနားကြင်နာခြင်း သည် ကုရ်အာန်ရဲ့ သင်ကြားချက်အတိုင်းဖြစ်တာကိုတွေ့ရပါတယ်။ နောက်အရေးကြီးတဲ့ အချက်က အခြားဘာသာဝင်၊ ဘာသာမဲ့များဟာ အရှင်မြတ်အလို တူရင် အစ္စလာမ်ဘာ သာဝင်များဖြစ် လာနိုင်တာမမေ့ဖို့ပါ။ ဟေတီက ငလျှင်ဒဏ်ခံရသူတွေ မြန်မာပြည်က နာဂစ် မုန်တိုင်းမိတဲ့လူတွေဟာ အထက်ကအုပ်စုဝင် တွေဖြစ်စရာ အကြောင်း အလွန်နည်းပါ တယ်။

ဒါကြောင့်ဒီလိုသဘာဝဘေး ကျရောက်တဲ့အချိန်မှာ လူသားအားလုံးအတွက် ချပေးတဲ့ ကျမ်းမြတ်ကုရ်အာန်ရဲ့ အဆုံးအမအတိုင်း အကောင်းဆုံးလူသားတွေအဖြစ် ကျွန်တော်တို့ တတွေ စံနမူ နာမပြနိုင်ပဲ အ ယူသည်းအစွဲကြီးပြီး အိမ်မှာထိုင်ပြီး တီဗီသတင်းကြည့်နေယုံ နဲ့တော့ မွတ်စလင်မ်ကောင်းတွေလို့ဆိုနိုင် မယ်မထင်ပါ။နောက်တချက်ကဘာသာမဲ့ ကွန်မြူနစ်တရုပ်နိုင်ငံ၊ ဂျပန်၊ ကိုရီးယား နိုင်ငံတွေတောင် နိုင်ငံ တကာဘေးဒုက္ခအရေးကြုံ ရင် အားတက်သရောပါဝင်နေတဲ့အချိန်မှာ ကျွန်တော်တို့မွတ်စလင်မ် ချမ်းသာတဲ့ နိုင် ငံတွေက ဘာသာမတူရင်မကူ (ဘာသာတူ ရင်လဲမကူပါဖူး) ဆိုပြီးနားလည်မှူတွေလွဲနေ ရင်တော့ ကျွန်တော်တို့သာသနာရဲ့ ရွှေခေတ်(မဟာသာဝကများခေတ်)ကိုပြန်ရောက်ဖို့အ လှမ်းဝေးနေအုန်းမှာပါ။ ဆုဒိုအာပြုတဲ့ အကြောင်းနဲ့ ပတ်သက်လို့ အထက်မှာ ဆွေးနွေးခဲ့ တဲ့ လူအမျိုးစားတဲမှာမပါတဲ့ သာမန် လူသားတယောတ်ကိုခွင့်လွှတ်ဖို့ ကယ်တင်ဖို့ ဆုတောင်းမိလို့ မဟာကရူဏာ တော်ရှင်က အပြစ်ပေး မယ်ဆိုတဲ့ အယူသည်းမှုဟာ ကျမ်းမြတ်ကုရ်အာန် နဲ့ဆန့်ကျင်ပါတယ်။

အစ္စလာမ်သာသနာသည် လူမှူရေးကိုအခြေခံတဲ့ သာသနာဖြစ်တယ်။ လူမှူရေးနှင့်စပ်လျင်း တဲ့ကိစ္စရပ်များ ကို လှစ်လျူရှူခြင်းဟာ (ကေယာမသ်)အစား ပေးတဲ့နေ့ကိုငြင်းဆိုခြင်းဖြစ် တယ်လို့ ကုရ်အာန် (၁၀၇း၁မှ၇) တွင် အတိအလင်း မိန့်ဆိုထား ပေသည်။

(အသင်သည် (ကေယာမသ်) အစားပေးသောနေ့အား ငြင်းဆိုသူကို မမြင်လေသလော။ ထိုသူသည် ဖသက်ဆိုး ကလေးများကို အဖက်မတန် ဆက်ဆံ သူဖြစ်၏။)

(ထို့ပြင် ထိုသူသည် အကူအညီ လိုအပ်သူများကို ကြွေးမွေးကူညီရန် တိုက်တွန်းခဲ့ခြင်း လည်းမရှိ ပေ။)

(ထိုသူတို့၏ ဆွလာသ်တည်ဆောက် မှူသည် ပျက်ဆီးဆုံးရှူံးကြကုန်၏။)

(ထိုသူတို့သည် ဆွလာသ် တည်ဆောက် မှူကို မေ့လျော့ထားကြကုန်၏။)

(ထိုသူတို့သည် လူများကိုပြသ ရန်ဆွလာသ် တည်ဆောက်သူများ ဖြစ်ကြ၏။)

(ထို့ပြင်တ၀ ထိုသူတို့သည် လိုအပ်သူများ၏ တောင်းခံ လာသော အသေးအမွှား ပစ္စည်းများကိုပင်ပိတ်ပင် တားဆီးသူများဖြစ်ကြသည်း။)

ချစ်ခင်စွာ

ကျော်ကျော်ဦး

Ref: Praying for Non- Muslims, An Islamic Perspective, Dr Omar Farooq, Islamic City, http://www.islamicity.com/articles/articles.asp?ref=IC0506-2721&p=1

Ref: Holy Quran Translation to Burmese, by Mufassirul Quran Allahmah Ghazi Muhammed  Hashim and  Maulana Masquad Ahmad Khan.

14 Comments

မောင်မောင် says:

အစ္စာလားမုအာလိုင်ကုမ်။
အလ္လာဟ်အသျှင်မြတ် မှ လူကြီးမင်းတို့ ၏ အသိပညာ၊ လေ့လာဆည်းမှု နှင့် စုစည်းတင်ပြမှု တို့  ၌ တိုးပွား နက်ရှိုင်း မှု ပေးပါစေ။

Thumb up 6 Thumb down 0

19 Apr 10 @ 11am

Kyaw Kyaw Oo says:

W Salm WBT,

Ameen..

Thumb up 6 Thumb down 0

21 Apr 10 @ 9pm

M.AHNAF says:

U Kyaw kyaw OO..,Thank you very much for your valuable time for reminding all of us by your tremendous article.We have learned that we could not even pronounce as a Muslim if we neglected others in suffering or in pain regardless of race, nationality or religions .We could not be a truly followers of Prophet Muhammed ‘Pbuh’ and his guidance (Quran and Sunnah).

May Almighty Allah be guide us the right path and give us the strength to accomplish the true desire of Prophet Muhamed (Rahama tuli arli meen ) ”blessing of all mankind”.

Cairo,Egypt.

Hot debate. What do you think? Thumb up 8 Thumb down 0

22 Apr 10 @ 6pm

Kyaw Kyaw Oo says:

Salam Brother M Ahnaf,

Thank you for your comment. I would like to add credit to Saya U Soe Lwin for motivation and encouragement to write a post here. I would like to appreciate his effort for proof reading and editing this post.
Allah SWT knows our intention, and May Allah Bless all of us by guiding and showing the right path.
Sincerely,
Kyaw Kyaw Oo

Thumb up 6 Thumb down 0

23 Apr 10 @ 1am

ဌေးလွင်ဦး says:

ရိုးရာအစွဲ မှိုင်းမိနေမှုများကို ဖယ်ခွာပြီး ကျမ်းမြတ်ကုရ်အံပါ တရားတော်စစ်စစ်ဖြင့် အစ္စလာမ်ကို ထွန်းညှိစေဘို့ စေ့ဆော်ပေးလိုက် သလို ခံစားမိပါတယ်။

ဌေးလွင်ဦး

Thumb up 7 Thumb down 0

30 Apr 10 @ 10am

minthein says:

ချမ်းသာတဲ့ အာ၇ပ်မွတ်စလမ်တွေေ၇ှတန်းကမပါဝင်ဘူးဆိုတာ အတိုင်းအတာ တစ်
ခုထိ လက်ခံလို့၇ပေမယ့် ခြုံပြီးတော့လုံးဝ မပါဝင်တဲ့ သဘောမျိုးကြတော့ တကယ်
အဖြစ်အပျက် တွေနဲ့ဆန့်ကျင် သလိုဖြစ်နေတယ်။ မွတ်စလင်မ်တွေ အလှုအတန်းလုပ်
တဲ့ပုံစံနဲ့တခြား လူတွေလုပ်တဲ့ ပုံစံခြင်းကွဲနေတဲ့ အတွက်မွတ်စလင်မ် တွေလုပ်တာ
ကို လူသိနည်းတာ ဖြစ်နိုင်တယ်။ ကိုကျော်ကျော်ဦး ဥပမာပြောပြထားတဲ့ အဖြစ်အပျက်
တွေအားလုံး မှာအာ၇ဗ် မွတ်စလင်မ်တွေ၇ဲ့ အကူအညီ တွေေ၇ာက်ခဲ့တယ်။ ၇ိုး၇ာအစွဲ
၇ှိနေတဲ့ မွတ်စလင်မ်တွေ လဲကမ္ဘာမှာ အများကြီးဘဲ။ အစ္စလာမ့်ဘောင် ထဲကခေတ်
မှီနေတဲ့ မွတ်စလင်မ် တွေလဲ ကမ္ဘာအနှံ့မှာ ၇ှိနေကြတယ်။ အစ္စလာမ်ဥပဒေ ကိုနားလည်
ကြတဲ့ မွတ်စလင်မ်တွေ အနေနဲ့ မီဒီယာတွေကို ခေါ်သွားပြီး အလှုအတန်း လုပ်တဲ့ယဉ်
်ကျေးမှုတွေ ကိုတော့ လက်ေ၇ှာင် ကြမယ်ထင်တယ်။
မင်းသိန်း

Thumb up 5 Thumb down 0

01 May 10 @ 5am

looqmaan says:

အတ်စ္စလားမုအာလိုင်ကုမ်း

ကုရ်အာန် ၂း၂၇၄
“အကြင်သူတို့သည် မိမိတို့၏ ဥစ္စာ ပစ္စည်း များကို နေ့ည မရွေး(အခါခပ်သိမ်း) လျှို့ဝှက်စွာဖြင့် (တစ်မျိုး) ထင်ရှားစွာဖြင့် (တစ်ဖုံ) လှူဒါန်း သုံးစွဲကြကုန်၏။ သို့ဖြစ်လျှင် ယင်းသူတို့၏ ကုသိုလ်အကျိုးသည် ယင်းသူတို့အား မွေးမြူတော်မူသော အရှင်မြတ်၏ အထံတော်၌ (အသင့်) ရှိပေသည်။ ထို့ပြင်တ၀ ယင်းသူတို့အပေါ်ဝယ် မည်သည့်စိုးရိမ် ကြောင့်ကြ ခြင်းလည်း မရှိ၊ ယင်းသူတို့သည် ၀မ်းနည်း ပူဆွေး ကြရမည်လည်း မဟုတ်ပေ။”

အထက်ပါ အာယသ် တော် အရ၊ “အစ္စလာမ့်ဥပဒေ ကိုနားလည်
ကြတဲ့ မွတ်စလင်မ်တွေ အနေနဲ့” ထင်ရှားစွာ အလှူအတန်း ပြုလုပ်ခြင်း အားဖြင့် “ယင်းသူတို့အပေါ်ဝယ် မည်သည့်စိုးရိမ် ကြောင့်ကြ ခြင်းလည်း မရှိ၊ ယင်းသူတို့သည် ၀မ်းနည်း ပူဆွေး ကြမည်လည်း မဟုတ်ပေ။” ထို့ပြင် ထင်ရှားစွာ လှူဒါန်းသုံးစွဲခြင်းဖြင့် အခြားသော သူများကိုပါ လှူဒါန်းရန် အတွက် လှုံ့ဆော်ခြင်း တစ်ရပ်လည်းဖြစ်သည်။

Thumb up 2 Thumb down 1

09 May 10 @ 4pm

Kyaw Kyaw Oo says:

အလ္လာ အရှင်မြတ်ရဲ့မဟာဂရုဏာတော် အားလုံးအပေါ်သို့ကျရောက်ပါစေ

ကျွန်တော့ရဲ့ တင်ပြမှူကိုဆွေးနွေးတဲ့ညီနောင်များအားလုံးကိုကျေးဇူးတင်ပါတယ်။
ကျွန်တော့ရဲ့တင်ပြမှူမှာချမ်းသာကြွယ်ဝတဲ့အာရပ်နိုင်ငံများလို့သုံးထားတာ Islamic State
လို့နာမည်ခံပြီး သာသနာကိုထင်ရောင်ထင်မှားဖြစ်စေတဲ့ အာဏာရှင်၊သက်ဦးဆံပိုင်ဘုရင်၊
Constitutional Monarchyလို့ခေါ်တဲ့ ကပြားစနစ်ကျင့်သုံးနေတဲ့နိုင်ငံမှ ခေါင်းဆောင်များကို
ဆိုလိုပါတယ်။
စစ်ပွဲနဲ့သဘာဝဘေးဒဏ်လို အခြေအနေမျိုးမှာ သာသနာ့အရေခြုံတွေရဲ့ ဇာတိဟာမဖုံးမဖိနိုင်
အောင်ပေါ်လာစမြဲပါ။ အလ္လာအရှင်မြတ်က ဒုက္ခနဲ့ရင်ဆိုင်ရတဲ့သူတွင်မက ကျန်တဲ့လူသားများ
အားလုံးကိုလဲစမ်းသပ်ပါတယ်။
သိပ်မကြာခင်က ဂါဇာစစ်ပွဲလို့ခေါ်ရတဲ့ ပါလက်စတိုင်းညီနောင်များကို ရက်ရက်စက်စက်သတ်ဖြတ်
ပွဲကြီးဖြစ်ခဲ့ပါတယ်။ ဝင်မကူတဲ့အပြင် နယ်စပ်တွေကိုပါကူပြီးပိတ်ပေးထားတဲ့ အစိုးရမင်းအသီးသီးကို
ကျွန်တော်တို့ဘယ်လိုခေါ်ရမလဲ။
လူတဦးခြင်း ဒါမှမဟုတ်အဖွဲ့ အစည်းအနေနဲ့ကူညီနေသူတွေအာရပ်လောကမှာရှိပါလိမ့်မယ်။
သို့သော် အထက်က Looqman ရဲ့ comment ကိုဖတ်ကြည့်ရင် နီယတ်မှန်ရင်ဖန်ဆင်းရှင်က တိတ်တိတ်လှူ
လှူ ဗျောင်လှူလှူ တားမထားပါ။မီဒီယာသုံးပြီးကူညီလို့ ကျွန်တော်တို့ဒါဝါ့ အောင်မြင်ပြီးလူပေါင်းများစွာ
တရားလမ်းမှန်ရမယ်ဆိုရင်ဘယ်လမ်းရွေးကြမလဲ?
ချစ်ခင်စွာ
ကျော်ကျော်ဦး

Hot debate. What do you think? Thumb up 5 Thumb down 3

12 May 10 @ 6am

minthein says:

ညီနောင်အားလုံးအပေါ်သို.ငြိမ်းချမ်းမှုအပေါင်းကြေ၇ာက်ပါစေ။
အကြောင်းအ၇ာတစ်ခုကိုဆွေနွေးကြ၇ာမှာမိမိသိထားတဲ.သတင်းအချက်အလက်အ
ပေါ်မူတည်ပြီးတစ်ဦးနဲ့တစ်ဦးအမြင်ခြင်းကွဲပြားနိုင်တယ်။
အစ္စလာမ်သွန်သင်ချက်တွေနဲ.ပတ်သက်ပြီးတော.ကျွန်တော်တို.အနေနဲ.ကျယ်ပြန်.
စွာလေ.လာထားဖိုတော.လိုတယ်။အလှူအတန်းနဲ.ပတ်သက်ပြီးကု၇်အာန်ကသွန်
သင်ထားတာက……..”အိုယုံကြည်သူအပေါင်းတို. မိမိဧ။်ဥစ္စာပစ္စည်းကိုသူတပါးချီး
ကျူးစေခြင်းငှါလှူးဒန်း၍အလ္လာဟ်အသျှင်မြတ်နဲ.နောက်ဆုံးနေ.တော်ကြီးကိုမယုံ
ကြည်သောသူကဲ့သို.သင်တို.သည်မိမိတို.ဧ၊်၊အလှူဒါနကိုအပြစ်တင်ခြင်းနစ်နာခြင်း
တိုအားဖြင်.အလာဟသအချည်းအနှီးမဖြစ်စေကြကုန်လင်.။…….(၂း၂၆၄)
အကယ်၍သင်တို.သည်လူသိ၇ှင်ကြားလှူဒါန်းကြလျှင်ကောင်း၏။သို.သော်တိတ်တ
ဆိတ်လျှို.၀ှက်စွာလှူ၏၊သူဆင်း၇ဲသားတို.အားလှူ၏ ။ထိုအလှူသည်သင်တို.အဘို.
သာလွန်မွန်မြတ်၍ သင်တို.၏မကောင်းမှုတချို.တ၀က်ကိုဖြေ၏။………….(၂း၂၇၁)
…………အလ္လာဟ်အသျှင်မြတ်၏မျက်နှာတော်ကိုဖူးမြင်လိုသောဆန္ဒမှတပါးအခြား
ဆန္ဒနဲ.မဟုတ်ဘဲ၊သင်တို.သည်မည်သည်.သန်.၇ှင်းမွန်မြတ်သောအ၇ာကိုမဆိုလှူ၏
ထိုအလှူသည်သင်တို.အဖို.အ၇ာအကျိုးဖြစ်၏။မည်သည်.ကောင်းမြတ်သောအ၇ာမ
ဆိုသင်တို.လှူ၏ထိုအ၇ာအစားသင်တို.ကိုပြန်ပေးတော်မူမည်။သင်တို.မတ၇ားပြု
လုပ်ခြင်းခံကြ၇မည်မဟုတ်။(၂း၂၇၂)
ဒီအယာတ်တွေကိုလေ.လာကြည်.မယ်ဆို၇င်၊လှူဒါန်း၇မယ်.ပုံစံ၊လှူဒါန်း၇မယ်.နေ
၇ာနဲ.လှူဒါန်းမှူ.အပေါ်ထား၇ှိ၇မယ်.၇ည်၇ွယ်ချက် ဆိုတဲ.အချက်သုံးချက်ကိုတွေ.၇မယ်။
ပထမနှစ်ချက်ဟာအခြေအနေအ၇ပ်၇ပ်ကြောင်.
တစ်ဦးနဲ.တစ်ဦးကွဲပြားနိုင်ပေ
မယ့်တတိယနဲ.အေ၇းအကြီးဆုံးဖြစ်တဲ.(နိယာတ်)ဟာအသျှင်မြတ်၇ဲ.ဆန္ဒနဲ.တထပ်
တည်းကြနေဖို.လိုတယ်။လူသိ၇ှင်ကြားလှူသော်၎င်း၊လျှို.၀ှက်စွာလှူသော်၎င်း၊အ
သျှင်မြတ်ကတားမထားပါ။သို.သော်လျှို.၀ှက်စွာလှူဒါန်းမှူဟာသာလွန်မွန်မြတ်တယ်
လို.တော.အသိပေးထားတယ်။ပြီးတော.သန်.၇ှင်းမွန်မြတ်တဲ.အ၇ာလဲဖြစ်ဖို.လိုအပ်
တယ်။လူပေါင်းများစွာတ၇ားလမ်းမှန်၇ဖို.အတွက်မီဒီယာခေါ်ပြီးလှူတာဟာလက်ခံ
လို.၇တဲ.အကြံညဏ်ဖြစ်ပေမယ်. အန္တ၇ာယ်မကင်းတဲ.ဆေးညွှန်း(နိယာတ်)ဆိုတာ
ကိုတော.သတိ၇ှိ၇ှိနဲ.ဆင်ခြင်ဖို.လိုအပ်ပါတယ်။

ဆလာမ်
မင်းသိန်း

Thumb up 5 Thumb down 1

15 May 10 @ 7am

Nazir Ahmed says:

Assalamualikum wat wbt..
our brother looqman is forget to mention the related verse ‘Ayah’ from Quran after only mentioned 2;274..

In Surat No.2 verse No.271(2 :271) ;; mentioned the word Inna ”Takfuha” if is hiding “Fahuwa Khiru la kom”
It will be better for you.
Also surah 2; 264 is reminding us for ”for show Muslims”

Thank you,
Nazir Ahmed
Faculty of Islamic law
Al-Azhar University,Cairo.

Thumb up 4 Thumb down 0

15 May 10 @ 8am

saphura says:

အတ်စလာမ်မို့အာလိုင်ကွမ်း
ဒီလိုဆိုဒ်လေးတည်ထောင်ပေးတာကျေးဇူးတင်ပါတယ်…. အလ္လာအလိုတော်နဲ့အောင်မြင်ပါစေလို့ဒိုအာလုပ်ပါတယ်….

Thumb up 3 Thumb down 0

28 Jul 10 @ 3am

kyaw win says:

slamm,

This website is require burmese muslim.

Thumb up 0 Thumb down 0

13 Aug 10 @ 5am

looqmaan says:

အတ်စ္စလားမုအာလိုင်ကုမ်း

ပါဝင် ဆွေးနွေး သူ အားလုံးကို အထူး ကျေးဇူးတင် ပါတယ်။

Thumb up 1 Thumb down 0

07 Jun 11 @ 2am

အမီန်း says:

ကောင်းသောအစီအစဉ်လေးပါ ဆက်လက်အားပေးနေပါတယ်
ကျတော်လည်း သိသလောက်မှတ်သလောက်တင်ပေးချင်တယ်
တယ်လိုဆက်သွယ်ရမလဲ ကျတော်အီမေလ်လိပ်စာက
Lov3chithu@gmail.com

Thumb up 0 Thumb down 0

20 Jul 11 @ 10am

Write comment

Please read this note before your write comment.

 

Quranic Study Group
Los Angeles, California, USA
© 2005 - 2012 QuranInBurmese.com All Rights Reserved
Click here to download Zawgyi Font
Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976
Quran 38:29
Quran 26:24
Quran 3:138
Quran 6:153