ကျမ်းမြတ်ကုရ်အာန်၏ခေတ်ရှေ့ပြေးဟောကိန်းများ(၁၀)

ရှေးကျမ်းရများနည်းတူအစ္စလာမ်သာသနာ

တမန်တော်မုဟမ္မဒ် (အရှင့်၏ငြိမ်းအေးမှုနှင့် မင်္ဂလာအဖြာဖြာကျရောက်ပါစေ။) ထံသို့ ကျမ်းမြတ်ကုရ် အာန်၏ ပထမဆုံးသောဗျာဒိတ်ကို အေဒီ၆၂၀မှစတင်ကျရောက်၍နောက် ဆုံးဗျာဒိတ် အထိ အေဒီ၆၃၂ တွင် ပြီးဆုံးခဲ့သည်။
ကျမ်းမြတ်ကုရ်အာန်ပါ ဗျာဒိတ်ခြောက်ထောင်ကျော်သည် တမန်တော်ထံသို့ တစ်ဖြေးဖြေး ချင်း နေပြက္ခ ဒိန်အရ ၂၂ နှစ် ၊ လပြက္ခဒိန်အရ ၂၃နှစ် ကျရောက်ခဲ့ခြင်းဖြစ်သည်။နေ့စဉ်နှင့် အမျှတ မန်တော်ထံကျ ရောက်ခဲ့သော ဗျာဒိတ်များကို တမန်တော်က စာရွက်ပေရွက်ပေါ် တွင် ၎င်း၏တပည့်သာဝကများကို ရေး မှတ်၍ မှတ်တမ်းတင်စေခြင်း၊ အာဂုံဆောင်၍ မှတ် တမ်းတင်ခြင်း၊ လက်တွေ့ဘဝတည်ဆောက်ခြင်းအားဖြင့် အကောင်အထည်ဖော်ခဲ့သည်။ ၂၂နှစ်ဟူသောကာလသည် တမန်တော်အဖို့ အခြားမည်သည့်လုပ်ရပ် မည်သည့်ကိစ္စကို မျှ ကုရ်အာန်ထက်ပို၍ လုပ် ခွင့်မရရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော်တမန်တော် ပရိတ်နိဗ္ဗာန် စံမြန်းရန်၈၁ရက်အလိုတွင် ကုရ်အာန်၏နောက်ဆုံးဗျာဒိတ်ဖြစ်သော ၅း၃ကျရောက် ခဲ့ခြင်းဖြင့် အစ္စလာမ်သာသနာပြီးပြည့်စုံ ခဲ့ခြင်းဖြစ်သည်။

တမန်တော်၏ ဗျာဒိတ်သက်တမ်း နှစ်ဆယ့်နှစ်နှစ်ဟူသည် ကုရ်အာန်၏ပြဌာန်းချက် အ မိန့်ပညတ်များကို မိမိ၏မဟာသာ ဝကများနှင့်အတူ တမန်တော်ကိုယ်တိုင်လက်တွေ့ ဘဝက တည်ဆောက်ခဲ့ခြင်းအားဖြင့် ပြီးပြည့်စုံခဲ့လေသည်။ တမန်တော်၏တမန်တော် သက်တမ်းနှစ်ဆယ့်နှစ်နှစ်အတွင်းကျမ်းမြတ်ကုရ် အာန်တစ်အုပ်၏ထဲမှလွှဲ၍ ကျမ်းမြတ်ပါ အခြေခံဥပဒေနှင့် အပ်ချည်မျှင်တစ်မျှင် စာမျှ လွှဲချော်သော အဆိုအမိန့်အပြုအမူများကို လုံးဝဥဿုံပြုလုပ်ခဲ့ခြင်း မရှိသကဲ့သို့ ပြုလုပ်ပိုင်ခွင့်လည်းမရှိပေ။ တမန်တော်၏ ဗျာဒိတ် သက်တမ်းအတွင်း တမန်တော် သည် လူသားသ ဘာဝ ကုရ်အာန်၏အမိန့်ပညတ်ချက် များနှင့် အနည်းငယ်ဆန့်ကျင်၍ မေ့မှားပြောဆိုခဲ့သည်ကိုပင် ချက်ခြင်းလက်ငင်းသတိသော ဗျာဒိတ်များချပေးခဲ့ သည်။

ကုရ်အာန်၆၆း၁ တွင် ( အိုတမန်တော်အသင်သည် အသင်၏ဇနီးများ၏အလိုကျ ငါအရှင်၏ခွင့်ပြုထားသော အစားအာဟာရကို အသင့်အတွက် အဘယ်ကြောင့်ဟရမ်ဟူ၍ တားမြစ်ခဲ့ရသနည်း)

ကုရ်အာန်၁၈း၂၃တွင် (အသင်သည်ဘယ်သောအခါမျှ (အင်ရှာအလ္လာဟ်)ဟု မပြောဆိုဘဲနက်ဖြန်ကာပြုလုပ်မည်ဟူု၍ မပြောဆို လေနှင့်)

တမန်တော်၏ တမန်တော်သက်တန်းတွင် ကုရ်အာန်သာလျှင် တမန်တော့်အတွက် အ သက်သွေးကြောတစ်မျှ အရေးကြီးသောအရေးကိစ္စတစ်ရပ်ဖြစ်သည်။ တမန်တော်သည် ကုရ်အာန်ကို သာလျှင်လူသားတစ်ရပ်လုံးအတွက် ပို့ချရန်တာဝန်ရှိသကဲ့သို့ လူသားတစ် ရပ်လုံးအတွက် ကုရ်အာန်မှလွှဲ၍ အခြားအယူ ဝါဒများဝင်ရောက်လာမှုမှ တားမြစ်ရမည့် တာဝန်မှာလည်း တမန်တော့်အတွက်အရေးပါသော ကိစ္စရပ် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်သည်၊ တမန်တော်ထံ ကျမ်းဂန်ကုရ်အာန်ကို ချပေးခဲ့ ရသောအဓိက အကြောင်းရင်း မှာ ရှေးလူသားများနည်းတူ ဗျာဒိတ်ကျမ်းဂန်၏အလွန် လူသား တို့၏အတွေးအခေါ် အယူဝါဒလမ်းစဉ်များမှတားဆီး၍ ဗျာဒိတ်ကျမ်းဂန်ဝါဒ အတိုင်းပြန်လည် ဖော်ဆောင်ပေးရန် အတွက်ဖြစ် သည်။ တမန်တော်ထံသို့ ကုရ်အာန်ကို ချပေးခဲ့သည်ကားမှန်၏။ သို့ရာတွင် တမန် တော်ကိုယ်တော်တိုင် ကုရ်အာန်ပါဥပဒေပြ ဌာန်းချက်များနှင့် မြူမှုံမျှအတိမ်းအစောင်းပြုပိုင်ခွင့်မရှိ ပေ၊ ထို ကဲ့သို့ပင် တမန်တော် သည် ထိုဥပဒေနှင့်ဆန့်ကျင်သော ပြောဆိုမှုများ၊လုံးဝဥဿုံမရှိခဲ့ ကြောင်းကို အောက် ဖော်ပြပါဗျာ ဒိတ်များကိုဆင်ခြင်ခြင်းဖြင့် အသိဥာဏ်ရှိသူများအတွက် ကွက်ကွက် ကွင်းကွင်းထင်ထင် ရှားရှား သိမြင်နိုင်မည်ဖြစ်သည်။

တမန်တော်သည် ကုရ်အာန်အတိုင်းသာကျင့်ကြံသည်။

ကုရ်အာန်၇း၂၀၃ (အိုတမန်တော်(အသင်ပြောလော့) အချင်းတို့ငါသည်ငါ၏အရှင်ထံမှ ဝဟီအဖြစ်ချပေး ခဲ့သော ကုရ်အာန်အတိုင်းသာဖဝါးထပ်တူ လိုက်နာကျင့်သုံးလေသည် ဤကုရ်အာန် သာလျှင်အသင်တို့၏ အရှင်ထံမှ ထင်ရှားသော အထောက်အထားဖြစ်၍ သက်ဝင်ယုံကြည်သူများအတွက် ဘ၀လမ်းညွှန်မှုနှင့် ဂ ရုဏာဖြစ်သည်။ )

တမန်တော်သည် ကုရ်အာန်အတိုင်းသာ လိုက်နာရန် မိန့်ကြားခဲ့သည်။

ကုရ်အာန်၃း၃၁ (အိုတမန်တော်(အသင်ပြောကြားလော့) အချင်းတို့အသင်တို့သည် အလ္လာဟ်အရှင်အား ချစ်ကြောက်ရိုသေကြပါမူ ငါကိုတော်ကဲ့သို့ကုရ်အာန်အတိုင်း ဖ၀ါးတပ်တူလိုက်နာ ကျင့်သုံးကြ။ သို့မှသာ အလ္လာဟ်အရှင်သည် အသင်တို့အား ချစ်ခင်မြတ်နိုးမည်ဖြစ်သည်။

တမန်တော်သည် ကုရ်အာန်ပါ ဥပဒေနှင့်ဆန့်ကျင်ပြောခဲ့ခြင်းအလျင်းမရှိခဲ့။

ကုရ်အာန်၁၀း၁၅ တွင် (ငါအရှင်၏ဗျာဒိတ်များကို သွေဖည်သူများအား ဖတ်ကြားပြသောအခါ ၎င်းတို့ကအသင်သည် ကုရ်အာန် အပြင် အခြားဗျာဒိတ်များ သို့မဟုတ် အခြားအဆိုများ ယူလာပါဟုတောင်းဆိုကြ၏။ အိုတမန်တော် အ သင်ပြောကြားလော့။ အချင်းတို့ငါသည် ကုရ်အာန်ပါဥပဒေကို ပြောင်းလဲခွင့်မရှိပေ။ ငါကိုယ်တိုင်ပင်လျှင် ကုရ်အာန်အတိုင်းကျင့်ကြံသူဖြစ်၏။ ငါသည်ကုရ်အာန်အတိုင်း မကျင့်ကြံပါက အရှင်၏နောက်ဆုံးကမ္ဘာ့တ ရားခွင်နေ့ကို ကြောက်ရွံ့တော်မူ၏။)


ကုရ်အာန်၁၀း၁၀၉တွင် (အိုတမန်တော်အသင်သည်အသင့်ထံသို့ငါအရှင် ဝဟီအဖြစ်ချပေးခဲ့သောကုရ်အာန်အတိုင်းတစ်သွေမ တိမ်းလိုက်နာကျင့်သုံးပါလေ။ ပေါ်ပေါက်လာသောဒုက္ခဟူသ၍ကိုကြံ့ကြံ့ခံ၍အလ္လာဟ် ၏အဆုံးအဖြတ်အ ထိ စောင့်ဆိုင်းပါလေ။ ထိုအရှင်သည် တရားဆုံးဖြတ်သော တရားသူကြီးများအနက် အမှန်ကန်ဆုံး တရား ဆုံးဖြတ်သော တရားသူကြီးဖြစ်သည်။)


ကျမ်းမြတ်ကုရ်အာန်အရဝဟီဟူသည် ကုရ်အာန်ပင်ဖြစ်သည်။

ကုရ်အာန်၆း၁၉တွင် (အိုတမန်တော် အကြီးဆုံးသောသက်သေခံခြင်းသည် မည်သည့်အရာနည်းဟူ၍ ၎င်းတို့အားမေးစမ်း လိုက်ပါ။ ထို့နောက်အသင် ဤသို့ဖြေကြားပါလေ။ အချင်းတို့ငါနှင့်သင်တို့စပ်ကြားတွင် အလ္လာဟ်အရှင် သည်သက်သေဖြစ်၏။ ဤကုရ်အာန်သည်သာလျှင်ငါ့ထံသို့ ဝဟီဗျာဒိတ်အဖြစ် ချပေးခဲ့သောကျမ်းဖြစ်၏။ ထိုကျမ်းအားဖြင့်အသင်တို့သည်လည်းကောင်း၊ ထိုကျမ်းရောက်ရှိ ရာ လူသားအားလုံးတို့သည် လည်း ကောင်း သတိပေးနှိုးဆော်ရန်ဖြစ်သည်။ )

ကုရ်အာန်၃၃း၂တွင် (အသင်သည်အသင့်ထံသို့ အသင့်အရှင်ထံမှဝဟီအဖြစ်ချပေးခဲ့သော ကုရ်အာန်အတိုင်းသာ တစ်သွေမ တိမ်းလိုက်နာပါလေ၊ ဧကန်အလ္လာဟ်သည် အသင်၏ပြုမူချက်များကို အကြွင်းမဲ့ သိ သော အရှင်ဖြစ်၏။ )

အထက်မှဖော်ပြခဲ့သောကုရ်အာန်၇း၂၀၃။၁၀း၁၅။ ၁၀း၁၀၉နှင့် ၆း၁၉တို့သည်ကျမ်းမြတ် ကုရ်အာန်တွင်တည်ရှိနေသော တမန်တော်သည် ကုရ်အာန်အတိုင်းသာ လိုက်နာကျင့် သုံးသည်။ ကုရ်အာန်အတိုင်း သာ လူသားတစ်ရပ်လုံးကို လိုက်နာကျင့်သုံးရန်အတွက် အ မိန့်ပေးခဲ့၏။ ကုရ်အာန်၏အတွေး အခေါ်အ ယူဝါဒနှင့်မြူမှုံမျှ ဆန့်ကျင်လျှက်ရှိသော အ ယူဝါဒများ ကို ပြု လုပ် ခဲ့ ခြင်း အလျှင်းမရှိသကဲ့သို့ ပြောခဲ့ခြင်း လည်း အလျှင်းမရှိပေ။ တ မန်တော်ထံသို့ လူသားတစ်ရပ်လုံးအတွက် လမ်းညွှန်အဖြစ်ချပေးခဲ့သော ဝဟီဆိုသည် မှာ ကုရ်အာန်သာလျှင်ဖြစ် သည် ဟူ သောအချက်ကို အထက်မှဗျာဒိတ်အချို့က တိတိကျ ကျ ပီပီပြင်ပြင်ထဲထဲဝင်ဝင် မိန့်ဆိုထားချက်များဖြစ်သည်။ သို့ဖြစ်လျှင် တမန်တော်သည် မည်ကဲ့ သို့ တရားဆုံးဖြတ်မည်နည်း။

တမန်တော် ကုရ်အာန်အတိုင်းတရားဆုံးဖြတ်

ကုရ်အာန်၅း၄၈ တွင် (ငါအရှင်သည်အသင့်ထံသို့ ကျမ်းမြတ်ကုရ်အာန်ကို အမှန်တရားနှင့်တကွ ချပေးခဲ့၏။ ထိုကျမ်းသည် ရှေးကျမ်းများကို စီစစ်ရန်အတွက်လည်း မှတ်ကျောက်ဖြစ်၍ ထိုကျမ်းများကိုလည်း ထိမ်းသိမ်းပေးသော ကျမ်းဖြစ်၏။ အသင်သည်၎င်းတို့၏စပ်ကြားတွင် ငါအရှင်အသင့်အပေါ်သို့ချပေးခဲ့သည့် ကုရ်အာန်အ တိုင်းသာ တရားဆုံးဖြတ်ပါလေ။ မှန်ကန်သောကျမ်းရောက်ရှိ ခဲ့ပြီး နောက်မှအသင်သည်၎င်းတို့၏အလို ဆန္ဒအတိုင်း အခြားနည်းလမ်းများကို လုံးဝမလိုက်လေနှင့်။)

ဖော်ပြပါဗျာဒိတ်(၆)ခုနှင့်ပင် တမန်တော်သည် ဗျာဒိတ်သက်တန်း(၂၃)နှစ်အတွင်း ကုရ် အာန်အတိုင်းတရားဆုံးဖြတ်၏။ ကုရ်အာန်အတိုင်းဘဝတည်ဆောက်၏။ ကုရ်အာန်အ တိုင်း လမ်းညွှန် ၏။ ကုရ်အာန်၏ အတွေးအခေါ်နှင့် နှမ်းစေ့မျှပင် ကွဲပြားသောအပြောအဆို အတွေးအခေါ်အယူဝါဒများကို ပြောပိုင်ခွင့်လုပ်ပိုင်ခွင့် ညွှန်ကြားပိုင်ခွင့် မရှိကြောင်းကို အသိဥာဏ်အနည်းငယ်ရှိ သူများပင်လျှင် သိရှိနိုင်သောဗျာဒိတ်များ ဖြစ်သည်။

တမန်တော်သည်ကုရ်အာန်နှင့်မကိုက်ညီသောစကားပြောခဲ့သော်

ကုရ်အာန်၆၉း၄၃ မှ ၄၇ထိ(ထိုကုရ်အာန်သည် စင်္ကြာဝဠာအနန္ဒကိုစိုးပိုင်သော အရှင်ထံမှဖြစ်၏။) (တမန်တော်သည် ဗျာဒိတ်အ တိုင်းမဟုတ်ဘဲ အချိုကိစ္စများကို ကုရ်အာန်နှင့်ဆန့် ကျင်ပြော ဆိုခဲ့ပါမူ)(ငါအရှင်သည် သူ၏ညာလက်ကိုဆွဲ ယူအံ့ ထို့နောက်သူ၏ နှလုံးသွေးကြောကိုဖြတ်တောက်အံ့) (အသင်တို့အနက် မည်သူတစ်ဦးတစ်ယောက် ကမျှ တားထားနိုင်မည်မဟုတ်)

ဤသည်ကုရ်အာန်တွင်တည်ရှိနေသော တမန်တော်၏ရပ်တည်ချက်ခံယူချက်လုပ်ဆောင် တိုက်တွန်း နှိုးဆော်ချက်တို့ဖြစ်သည်။ တမန်တော်၏လုပ်ဆောင်ချက် အားလုံးသည် ကုရ်အာန်၏ လမ်းညွှန်ချက်အ တိုင်းဖြစ်ပြီး တမန်တော်နှင့်ကုရ်အာန်သည် ဒင်္ဂါးပြားတစ်စေ့ ၏ခေါင်းနှင့်ပန်းပမာ ခွဲခြား၍မရသော အရာ တစ်ခုတည်းကဲ့သို့ဖြစ်သည်။ တနည်းအားဖြင့် ဆိုရသော် ကုရ်အာန် သည် တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်ထံမှမြင့်မြတ်သောလမ်းညွှန်ဥပဒေ ကျမ်းဖြစ်၍တမန်တော်သည် ကုရ်အာန်ပါညွှန်ကြားချက်အတိုင်း ပုံတူဘဝတည်ဆောက် ခဲ့သည့် ကုရ်အာန်၏ ဥပဒေ များနှင့်တစ်သွေးတည်း တစ်သားတည်းဖြစ်နေသော ကုရ်အာန်ပုံတူ လူသားတစ်ဦးဖြစ်ကြောင်း အထက်ပါဗျာဒိတ်အချို့က ရှင်းလင်းစွာတင်ပြ ထားခြင်းဖြစ်သည်။


တမန်တော်သည်ကုရ်အာန်ကိုသာပို့ချရန်တာဝန်

ကုရ်အာန်၅း၆၇ (အိုတမန်တော် အသင့်ထံသို့အသင့်အရှင်ထံမှ ချပေးသောဗျာဒိတ်ကုရ်အာန်ကို (လူ သားတို့ထံ)ပို့ဆောင်ပါလေ၊ အကယ်၍အသင်သည် ဗျာဒိတ်ကုရ်အာန်ကို လူသားတို့ထံ ပို့ဆောင်ခြင်းမရှိ ပါက အသင်သည်တမန်တော်ဖြစ်ခြင်း၏ တာဝန်သည်ကျေပြွန်မည်မဟုတ်။)

ကျမ်းမြတ်ကုရ်အာန်အရ တမန်တော်ပွင့်လာခြင်းသည်ပင်လျှင် ကုရ်အာန်ဗျာဒိတ်အား လူ သားတစ်ရပ်လုံးအတွက် ပို့ချရန်ဖြစ်သည်။ တမန်တော်၏တာဝန်သည်စာပို့လုလင်တစ်ဦး ကဲ့သို့၊ ၎င်း ထံရောက်ရှိလာ သော ဗျာဒိတ်ကုရ်အာန်ကို လူသားတို့အားပို့ရုံသက်သက်မ ဟုတ်ပေ။ ၎င်းကိုယ်တိုင်ကုရ်အာန်ပါ ဥပဒေများကိုလက်တွေ့အကောင်အထည်ဖော်ခြင်း အားဖြင့် မိမိ၏ မဟာ သာဝကများကို လက်တွေ့ကျကျ အ သေးစိပ်ဘဝတည်ဆောက်ခဲ့ အားဖြင့် လက်ထပ်သင်ကြားပေးခဲ့ခြင်းဖြစ်သည်။

ကုရ်အာန်သည်တမန်တော်၏ လက်တွေ့ဘ၀တည်ဆောက်မှူစနစ်ဖြစ်သည်။ ထိုနည်းတူစွာ အစ္စလာမ်သာသနာနှင့်စပ်လျင်း၍ ပေါ်ပေါက်ခဲ့ပြီးသော၊ ပေါ်ပေါက်စဲရှိနေသည့်  လူသား အတွေး အခေါ်များအားလုံးကိုကျမ်းမြတ်ကုရ်အာန်၏ အခြေခံဥပဒေမှတ်ကျောက် အားဖြင့် စမ်းစစ်ကြရမည်မှာမွတ်စလင်မ်များအတွက် တာဝန်တစ်ရပ်ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ကျမ်းမြတ် ကုရ်အာန်၏အမည်မှာ (ဖုရ်ကာန်)အမှားနှင့်အမှန်ကို ခွဲခြားရန်အတွက် မှတ်ကျောက်ဖြစ်သည်။

ကုရ်အာန်၂၅း၁တွင် (ထိုအရှင်သည် (ဖုရ်ကာန်)အမှားနှင့်အမှန်ကို ခွဲခြားနှူိင်ရန် မှတ်ကျောက်အဖြစ် ကျမ်းမြတ်ကုရ်အာန်ကို မိမိ၏ကျေးကျွန်အပေါ်သို့ ချပေးခဲ့ခြင်းမှာ စကြ၀ဋ္ဌာတစ်ခုလုံး အတွက်သတင်း ကောင်းဖြစ်ပေသည်)

အစ္စလာမ်သာသနာ၏ သက်တန်းနှစ်ပေါင်း(၁၅၀၀)အတွင်း အိုမိုက်ယာမင်းဆက်( ၄၅)နှစ် ခလီဖါဟ်စ နစ်အမည်ခံ၍ သက်ဦးဆံပိုင်ဘုရင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ ထိုကဲ့သို့ပင် အဘာစီမင်း ဆက်ကိုခလီဖါဟ်စနစ်အမည်ခံ၍ သက်ဦးဆံပိုင် အာဏာရှင်စနစ်ဖြင့်နှစ်ပေါင်း (၁၃၅)နှစ်အုပ်ချုပ်ခဲ့သည်။ ထိုစနစ်များအ တွင်းမိမိတို့၏ အုပ်ချုပ်မှူအာဏာ မြဲမြန်ရေးအ တွက် များစွာသော အုပ်ချုပ်သူများက သာသနာပိုင်ဝါဒ ထူထောင်ခဲ့ကြသည်။ ထိုအချိန် မှစတင်၍ အစ္စလာမ်သာသနာဝင်မွတ်စလင်မ်များသည် ကျမ်းမြတ်ကုရ် အာန်၏၀ါဒလမ်း စဉ်မှ လူရေးကျမ်းမူဝါဒ လမ်းစဉ် သို့ရောက်ရှိခဲ့ကြရသည်။ ထိုလူရေးကျမ်းမူဝါဒများက စ တင်မွေးဖွားပေးခဲ့သော ဂိုဏ်းဂဏ၀ါဒများသည် ယနေ့ခေတ်မွတ်စလင်မ်များအတွင်း အ ညှိုးကြီးစွာဖြင့်  အသက်လုပွဲများကို ပြုလုပ် ရင်း စည်းလုံးညီညွတ်မှူ ပြိုကွဲခဲ့ကြရလေ သည်။

အစ္စလာမ်သာသနာဟူသော ထီးရိပ်တစ်ခုထဲအောက်မှ မွတ်စလင်မ်အချင်းချင်းဖြစ်ပါလျက် လူ့ဘ၀ တည်ဆောက်ရာ၌လည်ကောင်း၊ စားသောက်မှုဆိုင်ရာဥပဒေများ၌ လည်းကောင်း၊ ခ ၀တ်မှုဆိုင်ရာဥပ ဒေများတွင်လည်ကောင်း အမျိုးမျိုးကွဲပြားခြားနားစွာ ကျင့်ကြံကြရသော လူရေးဥပဒေများအချို့မှ၊ ကုရ် အာန်တွင်တည်ရှိနေသော မူဝါဒလမ်းစဉ်များနှင့်  ကွဲလွဲချက်များကို ကျမ်းမြတ်ကုရ်အာန်၏  စံချိန်ခံညွှန်း မှတ်ကျောက်  ဖြင့်  ယှဉ်တွဲ ဖေါ်ပြချက်များကို၊ (ကျမ်မြတ်ကုရ်အာန်၏ ခေတ်ရှေ့ပြေးဟောကိန်းများ (၁၁) တွင်ဖေါ် ပြပါမည်။

ဆက်လက်တင်ပြပါဦးမည်။

ဦးစီုးလွင်(ငြိမ်းချမ်းလျင်စစ်)

2 Comments

faridaa says:

Assalamuarlykum
the best of the best highlight to me
may allah bless you and forgive me

Thumb up 1 Thumb down 0

23 Apr 10 @ 10pm

M.AHNAF says:

thank you..May Allah reward you ;

Thumb up 2 Thumb down 0

29 Apr 10 @ 9am

Write comment

Please read this note before your write comment.

 

Quranic Study Group
Los Angeles, California, USA
© 2005 - 2012 QuranInBurmese.com All Rights Reserved
Click here to download Zawgyi Font
Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976
Quran 38:29
Quran 26:24
Quran 3:138
Quran 6:153