ကျမ်းမြတ်ကုရ်အာန်၏ခေတ်ရှေ့ပြေးဟောကိန်းများ(၁၁)
ကုရ်အာန်တွင်ပါဝင်သော လမ်းညွှန်ချက်များအနက်အချို့သည်တမန်တော်ကိုယ်တိုင်က သရုပ်ဖော်ပြမှုမရှိဘဲ လိုက်နာကျင့်သုံး၍မရနိုင်သော လမ်းညွှန်များလည်းပါဝင်သည်။ဥပ မာအားဖြင့် ကုရ်အာန်တွင် “ဆွလာသ်” ဟူသောဝေါဟာရ အကြိမ်(၉၉) ပါဝင်သည်။ ထိုကဲ့ သို့ပင် ဆွလာသ်တည်ဆောက်ရာ၌ ဝိုဇူရေသန့်စင်ရန် အမိန့်များပါဝင်သည်။ အလားတူ မျက်နှာမူရာအရပ်ပါဝင်သည်၊ ဆွလာသ်နှင့်စပ်လျင်း သည့် ဆွလာသ်အချိန်များပါဝင်သည်။ ထိုနည်းတူစွာ ဆွလာသ်၏ပင်မအင်္ဂါရပ်များဖြစ်သော“ကေယမ်” မတ်တပ်ရပ်ခြင်း၊ “ရကူ”ကိုင်းညွှတ်ခြင်း၊ “စဂ်ျဒဟ်” ဦးချခြင်း၊ “ကအေဒဟ်”ထိုင်ခြင်းတို့ပါဝင်သည်။ သို့ရာ တွင် ဆွလာသ်ဝတ်ပြုရန် အသေးစိပ် နှင့်စပ်လျှင်းပြီး ကုရ်အာန်တွင်ပါဝင်ခြင်းမရှိပေ။ တမန်တော် ထံသို့ဗျာဒိတ်အဖြစ်ချပေးခဲ့သောကုရ်အာန် ပါဥပဒေများကိုတမန်တော် က လက်တွေ့ ကျကျ၂၃နှစ်တိုင် သင်ကြားပြသခြင်းအားဖြင့် အစ္စလာမ်ဟူ သောသာသနာ တွင် မည်သည့်လူသား ကယ်တင်ရှင်ကမျှ မည်သည့်လူရေးကျမ်း၊ မည်သည့်လူဝါဒလမ်း စဉ်ကမျှ အထောက်အကူအဖြစ် မလိုအပ်ပဲ ကေယာမသ်နေ့တိုင် ပြီးပြည့်စုံခဲ့ခြင်းဖြစ် သည်။ အစ္စလာမ်သာသနာ၏ပြီးပြည့် စုံခြင်းဟူသည် တမန်တော်သက်ရှိ ထင်ရှားရှိစဉ် ကပင် ကုရ်အာန်၅း၃ဗျာဒိတ်အရ ပြီးပြည့်စုံခဲ့ခြင်းဖြစ်သည်။ တမန်တော်၏ဘ၀တည် ဆောက်မှု သည်မဟာသာဝကတစ်သိန်းကျော်နှင့် အတူ လက်တွေ့အသေးစိပ် ပုံဖေါ်ခြင်းအားဖြင့် အမွေပေးခဲ့ခြင်းဖြစ်သည်။ ထို့အတွက်ကြောင့်ကုရ်အာန်တွင် ကုရ်အာန်သည် နောက်ဆုံး ကျမ်းဖြစ်သကဲ့ သို့ တမန်တော်သည်လည်း နောက်ဆုံးတ မန်တော်ဟူ၍ ကျေ ညာချက် ထုတ်ပြန်ထားခြင်းဖြစ်သည်။ ကုရ် အာန် ၃၃း၄၀ တွင်
(မုဟမ္မဒ်သည်မည်သည့်ယောက်ျား တစ်ဦးတစ်ယောက်၏ ဖခင်မဖြစ်ခဲ့ပေ။ သို့ရာတွင်အလ္လာဟ်အရှင်၏ တမန်တော်တစ်ပါးဖြစ်သည်။ ထို့ပြင်“ခါးသမနဗီယီးနား” တမန်တော်များပွင့်ခြင်းကို အဆုံးသတ်စေခဲ့ သော တမန်တော်လည်းဖြစ်သည်။ အလ္လာဟ်အရှင်သည် အရာအားလုံးကို လွှမ်းခြုံ၍သိတော်မူသာအရှင် ဖြစ်သည်။ )
ထိုအာယာသ်ပါ “ခါးသမ”ဟူသည် ချိတ်ပိတ်ခြင်း၊သို့မဟုတ် အဆုံးသတ်ခြင်း တမန်တော် များပွင့်ခြင်း ကိုအဆုံးသတ်စေသော တမန်တော်ဖြစ်သည်။ အစ္စလာမ့်သမိုင်း ကိုပြန်လည် ကြည့်ခြင်းဖြင့်လည်း တမန်တော်မြတ်၏ နောက်ပိုင်းမည်သည့်တမန်တော်မျှ ပွင့်ခဲ့ သည်ဟူ၍မရှိခဲ့ပေ။ ပွင့်ရန်လည်းအကြောင်းမရှိ တော့ပေ။ ပြီးပြည့်စုံပြီးသော သာသနာအ တွက်မည်သည့် လူသားကယ်တင်ရှင်မျှ လာရောက်ရန်လည်းမလိုအပ်တော့ပေ။လူသား ကယ်တင်ရှင်များ လာဦးမည်ဟူ၍လည်း ကုရ်အာန်တွင်တိုက်ရိုက်ဖြစ်စေ၊သွယ် ၀ိုက်သော နည်းနှင့်ဖြစ်စေစေ့စေ့တွေး မှရေးရေးပေါ်လာနိုင် သည့်သဘောမျိုးနှင့် လည်းဖော်ပြ ထားခြင်း မရှိပေ။ လူသားကယ်တင် ရှင်များကိုစောင့်မျှော်သောဝါဒလမ်းစဉ်များသည် အခြားအယူဝါဒ များမှ ပူးကပ်လာသော ပယော ဂများသာ ဖြစ် သည်။
ဤသည် အလွန်သဘာဝကျသော အချက်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပြီးပြည့် စုံသောသာသနာ အတွက် အခြေခံဥပဒေဖြစ်သော ကုရ်အာန်ကိုလည်း မူရင်းမပျက် ထိမ်း သိမ်းမည့် တာဝန်သည်တုနှိုင်းမဲ့ ကိုးကွယ်ရာ အရှင်ဖြစ်ကြောင်းနှင့် ထိုကျမ်းပါဥပဒေများကို အသေးစိပ်လိုက်နာကျင့်သုံးရမည့်နည်းစနစ် များကိုလည်း တမန်တော်က(၂၃)နှစ်လုံးလုံး တစ်ဖြေးဖြေး ချင်း၊တစ်ခုချင်း၊တစ်မျိုးချင်း၊ကိုယ်တိုင်ကိုယ်ကျ၊ မဟာသာဝကပေါင်း တစ်သိန်းကျော်ကို လက်ဆင့်ကမ်းပေးခဲ့ခြင်းဖြစ်သည်။ တမန်တော်ထံမှလက် ဆင့်ကမ်း ရရှိခဲ့သောသာသနာကို မ ဟာသာဝကများတစ်သိန်းကျော်က၊ အဂ္ဂမဟာသာဝကများ သန်းကျော်ကိုလက်ဆင့်ကမ်းရင်းမှ ကမ္ဘာတစ်ဝှမ်းသို့ နေမင်း၏အလင်းပမာ နွေးထွေး မှုပေးနိုင်ခဲ့ခြင်းဖြစ်သည်။ တမန်တော် သည် တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်ထံမှ ကုရ်အာန် ကိုဗျာဒိတ်အဖြစ် ချီးမြှင့်ခံသူဖြစ် သည်နှင့်အညီ ကုရ်အာန်ပါဗျာဒိတ်အားလုံး၏ သဘောတ ရားကို နားလည်ဆုံးဖြစ်သည့်တစ်ဦးတည်း သော ပုဂ္ဂိုလ်ဖြစ်သည်ကို မည်သူမျှငြင်း၍ မရသောအချက်ဖြစ်သည်။
ကုရ်အာန်တွင် လူ့ဘဝတည်ဆောက်မှုအတွက် လမ်းညွှန်မှုများပါဝင်သကဲ့သို့ စကြဝဠာဆိုင် ရာ ရှင်းလင်းချက်များလည်းပါဝင်သည်။ ကုရ်အာန်ပါအချို့ကိစ္စရပ်များ သည် လူတို့၏ တိုးတက် ဖွင့်ဖြိုးလာသောအခြေအနေများမှ တစ်ဖြေးဖြေးချင်းသိရှိနိုင်မည့် ကိစ္စရပ်များ လည်း ပါဝင်သည်။ တစ်ချို့ကိစ္စရပ်သည် လက် တလောသိနိုင်သောအချက်များဖြစ်သည်။ ဤ သည့်သဘောကို အသိဆုံးဖြစ်သောတမန်တော်ကကုရ် အာန်ကိုဗျာဒိတ်၏ မူရင်းအတိုင်း လူသားတစ်ရပ်လုံးအတွက် ထားခဲ့ခြင်းဖြစ်သည်။ ဤသည့်သဘောတရား များကို တမန်တော်ထံမှရရှိခဲ့ကြသော မဟာ သာဝကများ၊ အဂ္ဂမဟာသာဝကများ နှင့် ၎င်း တို့၏ အရိုက်အရာကို လက်ခံရရှိသော မွတ်စလင်မ်များကလည်း ကုရ်အာန်ကိုမူရင်းဗျာ ဒိတ် အတိုင်းထားခဲ့ သောစနစ်ကိုကျင့်သုံးခဲ့ကြ၏။
ဥပမာအားဖြင့် ဆွလာသ်တည်ဆောက်မှုသည် နေ့စဉ်ငါးကြိမ်ဗလီဝတ်ကျောင်းတိုင်း၊အိမ် တိုင်း၊ဂျမာအသ်စုပေါင်းဝတ်ပြု လျှက်ရှိကြသည်။ ဆွလာသ်နှင့်စပ်လျှင်း၍ ကုရ်အာန် တွင်အ ကြိမ် နှင့်အသေးစိပ်ကို ဖော်ပြထားခြင်း မရှိသော်လည်း တမန်တော်သည် မဟာ သာဝကတစ်သိန်းကျော်နှင့်အတူ နေ့စဉ်ငါးကြိမ်ဆွလာသ်ဝတ်ပြုမှုကို(၂၃)နှစ်လက်တွေ့ပြု ကျင့်ပြခဲ့သည်။ တမန်တော်မရှိတော့သည့်နောက်ပိုင်း မဟာသာဝကများကိုသာမြင်တွေ့ ဘူးကြသည့် အဂ္ဂမဟာသာဝကများသန်းကျော်က ဆက်လက်၍ မိမိ တို့၏မျိုး ဆက်သစ် များကို ဆက်လက်အမွေ အဖြစ်ပေးခဲ့ခြင်းအားဖြင့် အကောင်အထည်ဖော်ခဲ့ကြသည်။ ယနေ့ကမ္ဘာ္ဘ့မွတ်စလင်မ်ထုအတွင်း ဆွလာသ်ငါးကြိမ်ဟူသည် ကွဲလွဲမှုမရှိဘဲ လက်ခံကျင့် သုံးခဲ့ကြခြင်း ဖြစ်သည်။ ထိုနည်းတူစွာ ဆွလာသ်များအတွင်း ဖဂျရ်-ဆွလာသ်(၂)ရကသ်၊ ဇိုဟိုရ်(၄)ရကသ်၊ အဆွရ်(၄) ရကသ်၊ မဂ္ဂရစ်ဘ(၃)ရကသ်၊အေရှာ(၄)ရကသ်ဟူ၍ဖရ်(ဇ်) မလုပ်မနေရ တာဝန်များနှင့်စပ် လျှင်းပြီးကွဲ လွဲမှု လုံးဝမရှိဘဲ တူညီခဲ့သည်ကိုတွေ့ရပေ သည်။
ထိုသို့သော အကြောင်းများကြောင့် တမန်တော်ခေတ်အေဒီ ၆၁၀ပထမဦးဆုံး ကုရ်အာန် ဗျာဒိတ် စတင်ရရှိချိန်မှ အေဒီ၆၃၂နောက်ဆုံးဗျာဒိတ်ရရှိပြီး တမန်တော်ပရိတ်နိဗ္ဗာန်စံမြန်း ခဲ့သည် အ ထိ ကုရ်အာန်ဗျာ ဒိတ်ကျမ်း မူရင်းတစ်မျိုး ထဲမှလွဲ၍ အခြားမည်သည့် လူသားပ ညာရှိများရေးသားသော လူရေးကျမ်းများ လုံးဝဥဿုံမရှိခဲ့သေးပေ။
ဆက်လက်တင်ပြပါဦးမည်။
ဦးစီုးလွင်(ငြိမ်းချမ်းလျင်စစ်)















2 Comments
Lin Yaung Chi says:
Thanks for presenting weekly newsletter.I am one of your website visitor.
I ask myslef, The Quran alone is enough for me, I did not get any clear answer.
As an islamic follower, Are Quran and Muhammad (SAW)is enough teaching for my life, than I got answer is yes.
Today we need respect and differences between our own muslim communities.
That muslim communities , they are never differnt between Farz ( Obligatory ) in
teaching of islam. Differences came between sunnat, nawafil.
30 Apr 10 @ 8am
Kyaw Kyaw Soe says:
As for me,this is the first time to touch your website.It give me what I thirst.And I want to know all about science which mention in Holy Quran(in Myanmar).
03 Jun 10 @ 8am
Write comment