အစ္စလာမ့်ရေစီးကြောင်းမှ တာတမံ ခုလုတ်ကသင်းများ(၁)

ဟာဒစ်သမိုင်းကျမ်းရှင်များ၏ရည်ရွယ်ချက်


အေမန်ရှာဖီသည် မိမိ၏တပည့်များကို ဟာဒစ်သမိုင်းဆိုင်ရာအချက် အလက်များကို စုဆောင်းရန် တိုက်တွန်းခဲ့ခြင်းမှာ အစ္စလာမ်သာသနာသည် ကျမ်းမြတ်ကုရ်အာန်တစ် အုပ်တည်း နှင့် မွတ်စလင်မ်များ အဖို့လုံလောက်မှု မရှိ၍ ကုရ်အာန်၏အားနည်း နေသောဥ ပဒေများကို အ ထောက်အကူ ပြုရန်အတွက်ဟာဒစ်များကို စုဆောင်း စေခဲ့ခြင်း မ ဟုတ်ပေ။

ဤသည့်အချက်ကို သတိထားရမည်မှာ မွတ်စလင်မ်များအတွက် အသက်သွေးကြောတ မျှ အရေးကြီး သောအချက်ဖြစ်သည်။ မွတ်စလင်မ်တစ်ဦးသည် ထိုကဲ့သို့အတွေး အခေါ် ဝင်ရောက် လာပါက မည်မျှပင် ကြီးမားသော လူသား ပညာရှိကြီး ဖြစ်နေ စေကာမူ ထိုသူ သည် ကုရ်အာန်၏ အခြေခံ မူဝါဒ ဖြစ် သောကျမ်းမြတ် ကုရ်အာန်၅း၃ အခြေခံ ဥပဒေ ဖြစ်သည့် အစ္စလာမ် သာ သနာ ပြီးပြည့်စုံပြီ ဟူသော ဗျာဒိတ် အား ငြင်း ဆန်ခြင်းတစ် ရပ်ဖြစ်သည်။ အကယ်၍ ကုရ်အာန်သည် လူသားများ ရေးသားစီရင် အပ်သော လူရေးကျမ်းများ အားဖြင့်သာ ပြည့်စုံသည် ဟု ယူ ဆ ခြင်းဖြင့် ထို လူရေးကျမ်း များမရှိခဲ့ သေးသော ကာလရှိ မဟာသာဝကများ အဂ္ဂ မဟာသာဝက များနှင့် ၎င်းတို့၏ အရိုက်အရာ များကို ဆက် ခံခဲ့သော မွတ်စလင်မ်များ သည် ပြီးပြည့် စုံသော လမ်း ညွှန်မှုကို အ ပြည့်အဝ မရရှိခဲ့ကြပါ ဟုတိုက်ရိုက် စွပ်စွဲခြင်း တစ်ရပ် လည်းဖြစ်သည်။

အေမန် ရှာဖီသည် ၎င်း၏ တပည့်များကို ဟာဒစ်သမိုင်း ကျမ်းများကို စုဆောင်း စေ ခဲ့ခြင်းမှာ အေမန်အဘူဟနီဖာ၏ အသိဥာဏ်ကို အခြေခံ၍ ဆုံးဖြတ်ခြင်းမျိုးထက်ရှေးသမိုင်း များမှ မဟာ သာဝကများ၊  အဂ္ဂမဟာ သာဝကများ၏ပြုမူဆောင်ရွက် ချက်များကိုပြန် လည်ရှာဖွေ ခြင်းဖြစ်သည်။  ဖော်ပြပါ အေ မန်အဘူဟနီဖာ ၏ဆုံးဖြတ် ချက်များသည် လည်း၊  အစ္စလာမ်သာသနာ အတွက် မရှိ မဖြစ် လိုအပ်ချက် ဥပဒေ များ မဟုတ်ပေ။ ကုရ်အာန်တွင် ပါဝင်သော ဥပဒေများ နှင့်စပ်လျှင်းပြီး အဓိက သိထားရ မည့် အချက်မှာ ကုရ်အာန်သည် ခေတ်တိုင်း နေရာတိုင်း နှင့် လူတိုင်း အတွက် ဟူသော အချက်ဖြစ်သည်။

ဥပမာ အားဖြင့် လင်နှင့်မယား စပ်ကြား ကွာရှင်းပါက “အစ်ဒသ်” စောင့် ဆိုင်းကာလအတိ အကျ ဖော်ပြ ထားပြီး ဖြစ်သည်။ အလားတူ လင်ယောက်ျား သေဆုံး သွားသော အမျိုးသမီးများ ၏ စောင့်ဆိုင်းကာလ ကိုလည်း အတိအကျ ပြဌာန်း ထားပြီးဖြစ်သည်။ သို့ရာတွင် အိမ်မှ ထွက်သွား ၍  ပြန်လည် ရောက်ရှိ လာခြင်းမရှိသော လင်ယောက်ျား ၏ဇနီး အတွက် နောက် အိမ်ထောင် ထူထောင်ရန် ကိစ္စကို ကုရ်အာန်တွင် မည်မျှ အတိုင်း အတာ အထိ စောင့်ဆိုင်းရမည် ဟူ၍ အတိအကျ ဖော်ပြ ထားခြင်း မရှိသည်မှာ အလွန် သဘာဝ ကျသော ကိစ္စဖြစ်သည်။

လူတစ်ယောက် ပျောက်သွားခြင်း ကိစ္စကို အဖြေရှာရာ၌ ခေတ်ကာလ နှင့် သက်ဆိုင်သော ကိစ္စ ဖြစ်သည်။ ခေတ်မှီ တိုးတက်သော အခြေ အနေနှင့် အချိန်အခါ ပေါ်တွင် မူတည်၍သာ အချိန် သတ်မှတ် နိုင်မည်ဖြစ်သည်။ ဥပမာ အားဖြင့် လူတစ်ယောက် သည် အသက်ရှင် လျှက်ရှိနေသည် သို့မဟုတ် သေဆုံး သွားပြီ ဟူသော ကိစ္စမှာ ခေတ်မှီ တိုးတက်သော နိုင်ငံ ကြီး များတွင် ၎င်းတို့၏  Biometric ခေါ် လက်ဗွေ၊ ID. CellPhone. Credit Card များ အားဖြင့် အချိန်တိုတို အတွင်း စုံစမ်းနိုင်သည်။ ထိုကဲ့သို့ စုံစမ်းရာ၌ ခေတ်မှီ တိုး တက်မှု မ ရှိသေး သော နိုင်ငံများနှင့် နေရာများတွင် အထက်မှ တိုးတက်သော နိုင်ငံများ ကဲ့သို့မြန်နိုင်မည် မဟုတ် ပေ။ ဤသည်ကို အကြွင်း မဲ့သိသော တုနှိုင်းမဲ့ ကိုးကွယ်ရာ အရှင်က ၎င်း၏ ခေတ်မှီ လမ်းညွှန်မှု ကျမ်းတွင် လူသား များရေး သားသော ဥပဒေများ ကဲ့သို့ လှေနှံဒါးထစ် ဘောင်ခတ် ၍ပြဌာန်း ထားခြင်း မရှိပေ။ လူသား၏ မြင် တွေ့မှု သည် ၎င်း၏ မျက်စေ့ တစ်ဆုံး ကို သာ မြင်နိုင်သောကြောင့် ၎င်း၏ ဥပဒေ သည်လည်း ၎င်း၏ ခေတ်ကာလ ပတ်ဝန်း ကျင်လောက် ကိုသာ လွှမ်းမိုးနိုင်မည်။ ကုရ်အာန်သည် ထိုကဲ့သို့ လူသားတို့၏ စီရင်အပ်သော လူရေး ကျမ်း မျိုး မဟုတ် ကြောင်းကို ကုရ်အာန် ၄း၈၂ တွင် ဖော်ပြထားသည်။

أَفَلَا يَتَدَبَّرُونَ الْقُرْآنَ ۚ وَلَوْ كَانَ مِنْ عِندِ غَيْرِ اللَّهِ لَوَجَدُوا فِيهِ اخْتِلَافًا كَثِيرًا

Then do they not reflect upon the Qur’an? If it had been from [any] other than Allah , they would have found within it much contradiction.

(ထိုသူတို့သည် ကုရ်အာန်ကို ဂဃ နဏ နှိုက်နှိုက် ချွတ်ချွတ် စေ့ငုံစွာ လေ့လာသမှု မပြုကြ လေသလော၊ အကယ်၍ သာထိုကျမ်းသည် တုနှိုင်း မဲ့ကိုး ကွယ်ရာ အရှင်ထံမှ မဟုတ်ဘဲ အခြားတစ်ဦးဦး ထံမှဖြစ်ခဲ့သော် ဧကန် အသင်တို့သည်  များစွာသော ကွဲလွဲ မှုများကို ဧကန် တွေ့ကြ ရမည်ဖြစ် သည်)

ဖော်ပြပါ ကုရ်အာန်တွင် ထည့်သွင်း ဖော်ပြထားခြင်းမရှိသော ကိစ္စကိုလူသားပညာ ရှိဖြစ်သော အေမန်အဘူဟနီဖာက ၎င်း၏ခေတ် ၎င်း၏ကာလ၌ ၎င်း၏ အမြင်အရ လင်ယောက်ျားပျောက် ဆုံးသွားသောဇနီးသည်နောက် အိမ်ထောင်ပြုလိုပါကနှစ်ပေါင်း ရှစ်ဆယ်စောင့်ဆိုင်းရမည်ဖြစ်သည် ဟုတရားဆုံးဖြတ်ခြင်းဖြစ်သည်။ အဓိပ္ပါယ်မှာထိုအမျိုး သမီးအနေဖြင့် ဒီတစ်သက်နောက် အိမ်ထောင် မထူတော့ နှင့် ဟုဆိုခြင်း ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် အိမ်ထောင် ပြုပြီးသော အမျိုးသမီး တစ်ယောက်၏ အသက်မှာ အနည်းဆုံး ၁၈နှစ် ဆိုပါ လျှင် နှစ်ေ ပါင်း ၈၀ ထပ်ပေါင်းပါက ဒီတစ်သက်နောက် အိမ်ထောင်ပြုခွင့် မရှိဟူသော ဆုံးဖြတ်ချက်ဖြစ်သည်။ ထိုကိစ္စရပ် အပေါ် အေမန်ရှာဖီ၏ ဆုံးဖြတ်ချက်မှာ ဇနီးသည် အ တွက် လေးနှစ် စောင့် ဆိုင်းရ မည်ဖြစ်သည် ဟုဆုံးဖြတ်သည်။ အေမန် ရှာဖီ၏ တပည့်  အေမန်ဘိုခါရီသည် ၎င်းရှာ ဖွေ ရရှိခဲ့သော ဟာဒစ် သမိုင်း များ အရဘိုခါရီကျမ်းတွင် (၂)နှစ်စောင့် ဆိုင်း ရမည် ဟုဖော် ပြထား သည်။

ဖော်ပြပါ မွတ်စလင်မ်ပညာရှိ သုခမိန်ကြီးများ အတွင်း၌ပင်လျှင် အယူဝါဒဆိုင်ရာ ဓမ္မသတ်များသည် ၎င်းတို့၏ခေတ် ၎င်းတို့၏ဘောင်များ အတွင်း ပြောင်းလဲလာသော အခြေအနေ ပေါ်တွင် မူတည်၍ တစ်ဦး၏ ဓမ္မသတ်နှင့် အခြား တစ်ဦးတို့မှာ တူညီမှုမရှိပေ။ ဤအချက်လေး တစ်ခုတည်း ကိုကြည့်ခြင်းဖြင့် နှစ်ပေါင်း ၁၅၀၀ ကတည်းက လူသား တစ်ရပ်လုံးကို လမ်းညွှန်ရန် အတွက် ချပေးခဲ့သော ကုရ်အာန် ၄း၈၂၏ ဟော ကိန်းပါ (လူသားတို့၏ ရေးသော လူရေးကျမ်း၊ လူသားတို့၏ ပြောသောစကား၊ လူသားတို့၏ ဆုံးဖြတ်ချက်၊ လူသားတို့ ၏ ထင်မှတ် ယူဆ ချက်များသည် ကွဲ ပြားခြားနားမည်မှာ မြေကြီး လက်ခတ် မလွဲပင် ဖြစ်ပေသည်။

အလားတူ ကျမ်းမြတ် ကုရ်အာန်တွင် အသေးစိပ် ဖော်ပြထားမှု မရှိသော ရေ တွင်း ရေကန် ထဲသို့ ခွေး၊ ကြောင်၊ တိရိစ္ဆာန် တစ်ကောင်ကောင် ကျသွားပါက ရေကို မည်ကဲ့သို့ သုံးရန် လမ်း ညွှန် မှု ပါဝင်ခြင်း မရှိပေ။ ဤသည်လည်း အလွန် သဘာဝ ကျသော ကိစ္စရပ် ဖြစ်သည်။ တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်၏ ဗျာ ဒိတ်ကျမ်းသည် ခေတ်တိုင်း နေရာ တိုင်း လူတိုင်း အ တွက်ဖြစ်သည်။ ညစ် ညမ်းသွားသော ရေကို သန့်စင်ရန် ကိစ္စရပ် သည် ခေတ်ကာလ တိုင်းတွင် တူညီမှု မရှိနိုင်ပေ။ ယနေ့ခေတ် မှီတိုးတက်သော နိုင်ငံများ အနက် ရုရှားသည်လည်း တစ်နိုင် ငံ အပါအဝင် ဖြစ်သည်။ ရုရှားနိုင်ငံ မြို့ကြီးများ ၏ ရေပေး ဝေရေး စနစ်သည် အလွန် စိတ်ဝင်စား ဖွယ်ရာ ကောင်းပေသည်။ တစ်မြို့ လုံးမှစွန့်ပစ် လိုက်သော ရေများသည် ရေမြောင်းများမှ မြို့ပြင်သို့ ရောက်ရှိ သွား သည်။ ထို မြို့ပြင်မှ ထိုရေများကို အထပ်ထပ် ဇကာခံစစ်ရာ မှ လုံးဝ အညစ်အကြေး များစင် ၍ ရေကြည် စစ်စစ်အဖြစ်သို့ရောက် ရှိသွား သည်။ ထိုရေကြည် ၌ ပိုး မွှားများ ကင်းစေရန် ပိုး သတ်ဆေးရည် များရော၍ ထိုမြို့ပြင် ရေသန့်စက်ရုံမှ မြို့ထဲ သို့ပြန် လည်၍ သောက်ရေ အဖြစ် ပြန်လည် ဖြန့်ဖြူး သော စနစ်ကို အသုံးပြုခဲ့ သည် မှာ နှစ်ပေါင်း များ စွာအလျှင် က ပင် ဖြစ်သည်။ ယနေ့ ခေတ်တွင် ထိုစနစ်ကို များစွာသော ခေတ်မှီ နိုင်ငံများတွင်လည်း သုံးစွဲလျှက် ရှိနေသည်။ ဤကဲ့သို့ ကိစ္စရပ် များအား ကုရ်အာန် တွင်  ဖော်ပြမှု မပြုခဲ့ခြင်းမှာ တုနှိုင်းမဲ့ ကိုးကွယ်ရာ အရှင်၏ အရာရာကို လွှမ်း ခြုံသော အနှိုင်းမဲ့ ဥာဏ်တော်ကြောင့်ဖြစ် သည်။

မွတ်စလင်မ်တိုင်းသည်ကျမ်းမြတ်ကုရ်အာန်ပါလမ်းညွှန်မှုများကိုအစွဲကင်းစွာဖြင့်နားလည် သဘောပေါက်ကြမည်ဆိုပါက အထက်မှအေမမ်ကြီးများ၏ ကွဲလွဲသောဆုံးဖြတ်ချက်များ ကို သဘောပေါက် နားလည် နှိုင်မည် ဖြစ်သည်။ ၎င်းတို့သည် ကုရ်အာန်ကမလိုအပ်၍ အသေးစိတ်ဖေါ်ပြထားမှုမရှိသော ကိစ္စရပ်များကို ဆုံးဖြတ်ကြရာ၌ ၎င်းတို့ခေတ် ၎င်းတို့ဝန် ကျင်ရှိ အခြေ အနေနှင့် အချိန် အခါများအပေါ်မူတည်၍ ဆုံးဖြတ်ခဲ့ ကြခြင်းဖြစ်သည်။ ဥ ပမာအားဖြင့် ထိုအချိန်က သာမန်အမဲလိုက် ထွက်သွားသူတစ်ဦးနှင့် ယနေ့ခေတ်သာမန် အမဲလိုက်ထွက်သွားသူ တစ်ဦးတို့၏ အခြေ အနေမှာမတူ နှိုင်ပေ။ တိုကဲ့ပင်ထိုခေတ်ထို အခါက ရေကြောင်း ခရီးထွက်သွားသူတစ်ဦးနှင့် ယနေ့ခေတ် ရေကြောင်းခရီး ထွက်သွား သူ တစ်ဦးတို့၏အခြေအနေမှာလည်း တူနှိုင် မည် မဟုတ်ပေ။ ထို သို့သော အကြောင်း များကြောင့် ခေတ် တိုင်း စနစ် တိုင်း အတွက်ဖြစ်သော ကျမ်းမြတ် ကုရ်က အထက်မှ ဖေါ်ပြ ခဲ့သော ဥပဒေများကို လှေနံဒါးထစ် ပြဌာန်း ခဲ့ခြင်း မ ရှိပေ။

အင်ရှာအလ္လာဟ် ဆက်လက် တင်ပြပါဦးမည်

ဦးစီုးလွင်(ငြိမ်းချမ်းလျပ်စစ်)

7 Comments

ဖိုင်ဇဲလ် LA (711) says:

ပြောချင်တာကတော့ ခင်ဗျားတို့ မဇ်ဟားဘ်လေးပါးရဲ့ ဆရာသခင်ကြီးတွေကို စော်ကားတယ်။ လူလိမ်တွေလို့ စွတ်စွဲတယ်။ မသိတဲ့လူတွေအပေါ် brain-wash လုပ်တယ်။ ဒီဆိုက်လာတယ်ဆိုတာကလည်း ဆရာဂါဇီဟာရှင်နဲ့ ကုရ်အာန် ဘာသာပြန်လာဒေါင်းရင်း ဒါလေးကို ဖတ်မိတာ။ အကယ်လို့ အီမန် အဘူဟန်နီဖာက မလိုအပ်တာတွေ လျောက်ထည့်တယ်ဆိုရင် အဲခေတ်ကတည်းက ရှိခဲ့တယ် ဆွာဗဟာကြီးတွေ၊ သာဗေအီတွေ နဲ့ သဗ်ဘသာဗေအီတွေက ဒီအတိုင်းထိုင်ကြည့်နေမလား။ ခင်ဗျားတို့ခုမှ ၂၁ ရာစုမှ ပေါ်လာတဲ့ ဂိုဏ်းအသစ်က သူတို့ကို မှားတယ်လို့ ပြောရအောင် ဘယ်လို ဥာဏ်ပညာတွေ ရှိနေလို့လည်း။
တကယ့်အိုလမာတွေနဲ့ ထိပ်တိုက် debate လုပ်ရဲတဲ့ သတ္တိလည်းမရှိကြဘူး။
(ကော်မန့် မဖော်ပြပေးမှန်းလည်း သိပါတယ်။ မမှန်တဲ့အရာတခုကို ဖတ်ဖစ်သွားတဲ့အတွက် တာဝန်ကျေ မမှန်တဲ့အကြောင်းပြောတာပါ။)

Thumb up 0 Thumb down 1

20 Aug 10 @ 7pm

U Soe Lwin says:

ကိုဖိုက်ဇလ်(711) ခင်ဗျာ
ခင်ဗျားစွပ်စွဲပြောဆိုတဲ့
(ပြောချင်တာကတော့ ခင်ဗျားတို့ မဇ်ဟားဘ်လေးပါးရဲ့ ဆရာသခင်ကြီးတွေကို စော်ကားတယ်။
လူလိမ်တွေလို့ စွတ်စွဲတယ်။ မသိတဲ့လူတွေအပေါ် brain-wash လုပ်တယ်။)

အဲ့ဒီအချက်တွေဟာ ကျွန်တော့်ရဲ့ဆောင်းပါး ထဲမှာလုံးဝ မပါကြောင်းပြောလိုပါတယ်။
ခင်ဗျားအနေနဲ့ ကျွန်တော်ဆောင်းပါးကို သဘောပေါက်အောင် ဖတ်ပါ (သို့မဟုတ်) သဘော ပေါက်နားလည်တဲ့ သူတစ်ဦးဦးနဲ့ ဖတ်ခိုင်းကြည့်ရင် ခင်ဗျားရှင်းသွားမှာပါ။
ဒုတိယတစ်ချက်က
(အကယ်လို့ အီမန် အဘူဟန်နီဖာက မလိုအပ်တာတွေ လျောက်ထည့်တယ်ဆိုရင် အဲဒီခေတ် ကတည်းက ရှိခဲ့တယ် ဆွာဗဟာကြီးတွေ၊ သာဗေအီတွေ နဲ့ သဗ်ဘသာဗေအီတွေက ဒီအ တိုင်းထိုင်ကြည့်နေမလား။)
ခင်ဗျားကို အကြံပြုလိုတာက (ဆွာဟဗာဟ်) ဆိုတာက တမန်တော်ခေတ်ရှိ မဟာသာဝကများ ဖြစ်တယ်။ (သာဗေအီန်) ဆိုတာက (ဆွာဟဗာဟ်) ခေတ်ကိုမှီတဲ့ အဂ္ဂမဟာသာဝကများ ဖြစ် တယ်။ အီမန် အဘူဟန်နီဖာက (ဆွာဟဗာဟ်)များ ခေတ်ကိုမမှီဘူး သူက (သာဗေအီန်)ခေတ် ကိုသာမှီတဲ့ (သဗသာဗေအီန်) ဖြစ်တယ်။
ကျွန်တော့်ဆောင်းပါးမှာ -
(ကုရ်အာန်တွင် ထည့်သွင်း ဖော်ပြ ထားခြင်း မရှိသော ကိစ္စကို လူ သားပညာ ရှိဖြစ်သော အေမန် အဘူဟနီဖာ က ၎င်း၏ခေတ် ၎င်း၏ကာလ၌ ၎င်း၏ အမြင်အရ လင်ယောက်ျား ပျောက် ဆုံးသွားသော ဇနီးသည် နောက် အိမ်ထောင် ပြု လိုပါက နှစ်ပေါင်းရှစ်ဆယ်စောင့် ဆိုင်းရ မည်ဖြစ်သည် ဟုတရား ဆုံးဖြတ် ခြင်းဖြစ်သည်။
ထိုကိစ္စရပ် အပေါ် အေမန်ရှာဖီ၏ ဆုံးဖြတ်ချက်မှာ ဇနီးသည် အတွက် လေးနှစ် စောင့် ဆိုင်းရ မည်ဖြစ်သည် ဟုဆုံးဖြတ်သည်။ အေမန် ရှာဖီ၏ တပည့် အေမန်ဘိုခါရီသည် ၎င်းရှာ ဖွေ ရရှိခဲ့သော ဟာဒစ် သမိုင်း များ အရဘိုခါရီကျမ်းတွင် (၂)နှစ်စောင့် ဆိုင်းရမည် ဟုဖော် ပြထား သည်။)
လို့သာဆိုထားတယ်။ ခင်ဗျားပြောသလို
(အီမန် အဘူဟန်နီဖာက မလိုအပ်တာတွေ လျောက်ထည့်တယ်)
လို့ ကျွန်တော်ဆောင်းပါးမှာ မပါဘူး။
ခင်ဗျားပြောတဲ့
(တကယ့်အိုလမာတွေနဲ့ ထိပ်တိုက် debate လုပ်ရဲတဲ့ သတ္တိလည်းမရှိကြဘူး။) ဆိုတာမမှန် ပါဘူး။
ကိုဖိုက်ဇလ် ကိုအကြံပြုလိုတာက အကယ်၍ ကျွန်တော့ဆောင်းပါးနဲ့ စပ်လျှင်းပြီး ဆွေးနွေး လိုပါက LA နေသူအချင်းချင်း ဖြစ် တဲ့အတွက် ဆွေးနွေးရန်လည်း ဖိတ်ခေါ်ပါတယ်။
http://www.quraninburmese.com မှတင်ပြချက်များသည် ကျမ်းမြတ်ကုရ်အာန်၏ အခြေခံမူဝါဒ နှင့် ကွဲလွဲသော အယူဝါဒများကို ကုရ်အာန်၏မှတ် ကျောက်ဖြင့် စမ်းစစ်၍ ယှဉ်တွဲဖေါ်ပြထား သည်။
comment ပေးခြင်းကို ကြိုဆိုလျှက် ဦးစိုးလွင်( ငြိမ်းချမ်းလျှပ်စစ်)

Thumb up 2 Thumb down 0

21 Aug 10 @ 6pm

looqmaan says:

ညီနောင် ဖိုင်ဇဲလ်၊ အတ်စ္စလားမုအာလိုင်ကွမ်း။
အလ္လာဟ်အရှင်က နှစ်ပေါင်း ၁၄၀၀ ကျော်ကတည်းက၊ လူသားခပ်သိမ်း အတွက် ချမှတ်ပေးထားသော ကျမ်းမြတ် ကုရ်အာန် အား လေ့လာလိုက်စား သူများကို ညီနောင်က “၂၁ ရာစုမှ ပေါ်လာတဲ့ ဂိုဏ်းအသစ်” ဟု စွပ်စွဲ ပြောဆိုခြင်း ကို အင်မတန် မှ ၀မ်းနည်းဖွယ် တွေ့ရရှိတယ်။

လွတ်(က်)ကမာန်း

Thumb up 1 Thumb down 0

21 Aug 10 @ 7pm

Aung Htoon says:

ဖိုင်ဇဲလ်ရဲ့ ရဲ့ ကောက်ချက် ကိုဖတ်တော့ ကျွန်တော်လည်းကိုယ့်ကို ပြန်မေးကြည့်တယ်. ငါကရော ဘယ်ဘက်ကလဲ .ကောင်စီလား အိုလမာလား .. ဘာလို့လဲဆိုတော့ အိုလာ မာကဘာလဲ ကောင်စီက ဘာလဲ. ဘာတွေကွဲပြားနေကြတာလည်း.. ကျွန်တော်လုံးလုံးကို မသိဘူး. သာသနာအတွက်ဆို မင်းလဲမင်းလမ်းမင်းလျှောက် ငါလဲ ငါလမ်း ငါ လျှောက် ရတော့မဲ့ပုံဘဲ.. ကျွန်တော်အတွက်တော့ အမှန်တရားကိုရှာဖို့ထက် ကိုလုပ်နေတဲ့အလုပ်ဟာ ကျိုးကြောင်းစီလျှော်မှုရှိရဲ့လား လို့သိဖို့ဘဲ. အထောက်အထား ကိုးကားမှု ကွဲပြားခြားနားမှု ကြောင့်ဖြစ်နေတယ်လို့ထင်ပါတယ်. အစ္စလာမ်ဟာ ကမ္ဘာသာသနာဖြစ်တော့ ပုံစံတခုတည်း သွတ်သွင်းလို့ရမှာ မဟုတ်ဘူး .. ဒီနေ့လဲ သာသနာက ယဉ်ကျေး မှုတို့၊ ရိုးရာတို့. နောက် တန်ဖိုးထားမှူတို့ ဒါတွေကို မလွှမ်းမိုးနိုင်ဘူးဖြစ်နေတယ်. အသိပညာလိုလို့ ဆွေးနွေးတာနဲ့ အတိုက်အခံလုပ်ဖို့ ဆွေးနွေးတာ နဲ့ တခြားစီဖြစ်နေတယ်. လူကတော့ အညွန်းမှားနိုင်တာဘဲ.. ဒါပေမဲ့ ကုရ်အာန်ကတော့ မှားမှာမဟုတ်ဘူး. အတိုက် အခံ အတွက် လုပ်မယ်ဆိုလဲ အညွန်းတော့လိုတာဘဲ. ကော်ပီသူချင်းတွေဆိုပြီး မူရင်းမပြဘဲ လုပ်စားနေတဲ့ သူတွေလည်း အများကြီး..ဘာဘဲဖြစ်ဖြစ်ပါ ကျွန်တော်အဖေ ပြောတယ်..လို့တော့ ဒီခေတ်မှာ မရတော့ဘူး.. အကိုးအကား အညွှန်းတွေ ယူတင်ပြ ပြီး ပြောကြစေချင်ပါတယ်.. အခိုင်လုံဆုံး အညွန်းကတော့ ကုရ်အာန်ဘဲတွေ့တယ် .

Thumb up 1 Thumb down 0

05 Sep 10 @ 12pm

ကိုကိုကြီး says:

ဆရာဦးစိုးလွင်တို့နဲ့ကျနော်ဆွေးနွေးချင်တယ်ဗျာ ဘယ်လိုနည်းနဲ့ဆွေးနွေးလို့ရမလဲခင်ဗျာ
email နဲ့ဆွေးနွေးလို့ရမလား?

Thumb up 0 Thumb down 0

22 Sep 10 @ 1pm

U Soe Lwin says:

ဦးကိုကိုကြီးခင်ဗျာ
ကျွန်တော်နဲ့ ဆွေးနွေးချင်တယ်ဆိုတာကို လက်ခံကြိုဆိုပါတယ်။ ကျွန်တော်တို့ရဲ့ ၀က်ဘ်ဆိုက်က ကျမ်းမြတ်ကုရ်အာန်ကို အခြေခံပြီးတင်ပြချက်များ ဖြစ်တဲ့အ တွက် ဆွေးနွေးတဲ့အခါမှာလည်း ကျမ်းမြတ်ကုရ်အာန်ကို မှတ်ကျောက်အဖြစ် စံထားပြီး ဆွေးနွေးမှာဖြစ်ပါတယ်။ ဦးကိုကိုကြီးအနေနဲ့ ဆွေးနွေးလိုပါက ကျွန် တော့ရဲ့ဆောင်းပါး များကိုဖတ်ပါ။ ဆွေးနွေးလိုတဲ့အချက် အလက်များကို အဲ့ဒီ ဆောင်းပါးအောက်က comment မှာဆွေးနွေးပါ။ ကျွန်တော်ကပြန်လည် ဖြေ ကြားမှာဖြစ်ပါတယ်။ ကျွန်တော်တို့နှစ်ဦးစလုံးရဲ့ ဆွေးနွေးချက်များကို လူအများ လေ့လာနှိုင်ရန်အတွက် ၀က်ဘ်ဆိုက်မှာ ဖေါ်ပြပေးမှာဖြစ်ကြောင်း သတင်း ကောင်းပါးလိုက် ပါတယ်။
ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်)

Thumb up 0 Thumb down 0

22 Sep 10 @ 4pm

nay myo says:

အက်(စ္စ)လာမ်မိုအာလိုင်ကွမ်း

ကျနော်ကဒီဆိုဒ်ကအသိပညာတွေကိုပြန်လည်မျှဝေပေးနေသူများထဲမှ
တယောက်ဖြစ်သလို..ကျနော်လည်းလေ့လာနေပါတယ်…
အားလပ်ခဲ့မယ်ဆိုရင်အပတ်စဉ်..အသိပညာလေးတွေမျှဝေပေးဖို
မေတ္တာရပ်ခံပါတယ်ခင်ဗျ…

Thumb up 1 Thumb down 0

10 Dec 10 @ 5am

Write comment

Please read this note before your write comment.

 

Quranic Study Group
Los Angeles, California, USA
© 2005 - 2012 QuranInBurmese.com All Rights Reserved
Click here to download Zawgyi Font
Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976
Quran 38:29
Quran 26:24
Quran 3:138
Quran 6:153