Quran Knowledge - QuranInBurmese

အစ္စလာမ့်ရေစီးကြောင်းမှ တာတမံ ခုလုတ်ကသင်းများ(၂)

“ဟာဒစ်များကိုပြန်လည်ဖော်ပြရာ၌”

ဟာဒစ်သမိုင်းများ ကိုစုဆောင်းသူများ အားလုံးသည် ၎င်းတို့ရရှိခဲ့သော ဟာဒစ်များကိုပြန် လည်စီစစ်၍ အနည်း ငယ်မျှကိုသာ ပြန်လည်ဖော်ပြခဲ့ ကြခြင်းဖြစ်သည်။ အေမန် ဘိုခါရီ သည် ဟာဒစ်ပေါင်း (၆)သိန်းကို စုဆောင်းရရှိခဲ့ သည်။ ထို(၆)သိန်း အနက်မှ ၎င်း၏ ဘိုခါရီကျမ်းတွင် ဟာဒစ်ပေါင်း (၇၀၅၂)  ပုဒ်ကိုသာ ပြန်လည်ဖော်ပြခဲ့သည်။

မွတ် စနတ်ကျမ်း ဟစ်ဂျရီ၂၄၁ အားပြုစုသူ အဟ်မဒ်အေ့ဗနုဟမ်ဘလ်သည်၊ ၎င်းစုဆောင်း ရရှိခဲ့သော ဟာဒစ်ပေါင်း တစ် သန်းအနက်မိမိ၏ ကျမ်းတွင်(၂၉၀၀၀) ကို သာပြန်လည် ဖော် ပြခဲ့သည်။ ထိုကျမ်းရှင် အားလုံးသည် ၎င်းတို့၏ ခေတ်တွင် ဟာဒစ်များကို အလွတ်ကျက်မှတ် ထားသူများထံမှ စာရွက်များပေါ်တွင် ပြန်လည်၍ရေးသား မှတ်တမ်း တင်ခဲ့ခြင်း ဖြစ် သည်။ ထိုဟာဒစ်များကို အလွတ်ကျက်မှတ် ထားသူများသည် ၎င်းတို့၏ ဆရာများ၊ ၎င်းတို့၏ ဘိုးဘွားများမှ ဆင့်ကဲ ဆင့်ကဲ တစ်ဆင့်ပြီး တစ်ဆင့် အလွတ်ကျက်မှတ် ထားသော ဟာ ဒစ်များဖြစ်သည်။ ဖော်ပြ ပါ ဟာဒစ် ကျမ်းပေါင်း (၄၁) ကျမ်းပါဟာဒစ်များသည် တမန်တော်ခေတ်မှ တမန်တော်၏ ပြောကြား ချက်များ၊ လုပ်ဆောင်ချက် များကို မဟာသာ ဝက များ က ကုရ်အာန်ကို မှတ်တမ်းတင် သကဲ့သို့ မှတ်တမ်း တင်ခဲ့ခြင်း မျိုးမဟုတ်ပေ။

ထို့အတွက်ကြောင့် ဟာဒစ်များအား ဆင့်ပြန်သူကို  “ရာဝီ”  ဆင့်ပြန်သူဟုခေါ်သည်၊ ဟာဒစ် များကို ”ရေ ဝါယသ်” ဟု ခေါ်သည်။ အာရဗီဝေါဟာရ ရေဝါယသ် ဟူသည်အဖြစ် အပျက်တစ်ခုကို ဆင့်ပြန်သူသည် အခြားတစ်ဦးထံမှ ကြား ခြင်းဖြစ်သည်။ ထိုအခြားတစ်ဦး မှာလည်း ထိုဖြစ်ရပ် နှင့်ကြုံခဲ့ သည်မဟုတ်၊ နောက် အခြားတစ်ဦးထံမှ ဆင့်ကဲကြား သိချက်ဖြစ်သည်။ဥပမာအားဖြင့် ဘိုခါရီကျမ်းသည် ဟစ်ဂျရီ၂၅၆ ဖြစ်သည်။ တမန်တော်ခေတ်နှင့် နှစ်ပေါင်းနှစ်ရာ ကျော် အတွင်း လူသားမျိုးဆက်(၇)ဆက် မှတမန်တော်၏ ပြောကြား ချက်များကို ဆင့်ကဲဆင့်ကဲ အလွတ်ကျက် မှတ်ထားချက်များကို အေမန်ဘိုခါရီက ၎င်း၏ ခေတ်ပြိုင် နောက်ဆုံး အဆင့်အလွတ် ကျက်မှတ်ထား သူထံမှ စာရွက် ဖြင့် မှတ်တမ်း တင်ချက်ဖြစ်သည်။ ရေဝါယသ်ဟူသော အာရဗီ ဝေါဟာရ ကို Hear say (သို့မဟုတိ) Narration ဟူသော အင်္ဂလိပ် ဝေါဟာရ နှင့်ထပ်တူထပ် မျှဖြစ်သည်။ ထို့အတွက်ကြောင့် ဘိုခါရီကျမ်း ပါ ဟာဒစ် တစ်ပုဒ်ကို ဆင့်ပြန်သော မျိုးဆက်မှာ (၇)ဆက်ခန့်ဖြစ်သည်။ ဘိုခါရီကျမ်းပါ အချို့ဟာဒစ်များသည် ဆင့်ပြန်သူ၏ အာဘော် အ တိုင်း အာရဗီဝေါဟာရ (အောက်(ရ်)ကမာ၊ကားလ) အဓိပ္ပွါယ်မှာ (သို့မဟုတ်- ထိုကဲ့သို့ ပြောခြင်းလည်းဖြစ် နိုင်သည်) ဟူသော မတိကျသော ဆင့်ပြန်ချက် ကို အေမန်ဘိုခါရီက ဆင့် ပြန် သူ၏အာဘော် အတိုင်းပြန်လည်ဖော်ပြထားသည်။

အလားတူ အကြောင်း အရာတစ်ခု နှင့် တစ်ခု လုံးဝဆန့်ကျင် ကွဲပြားလျှက်ရှိသော ဟာဒစ်များကိုလည်း ယှဉ်တွဲဖော်ပြ ထားလေသည်။ ဘိုခါရီကျမ်းတွင် ဖော်ပြ ချက် များအနက် အချို့ ကိစ္စများမှာ ဘာသာရေးနှင့် လုံးဝပတ်သက် ဆက်နွယ်မှု မရှိသော ဟာဒစ်များလည်း ပါဝင်သည်။ ဥပမာ ရှေးအာရဗ် များ၏ရိုးရာ ဗိန္ဓောဆေးဝါး ကုသမှုဆိုင်ရာကဏ္ဍများ လည်း ပါဝင် သည်။ ထိုကဲ့သို့ပင် ရှေးအာရဗ်များ ၏ နက္ခတ္တ ဗေဒဆိုင်ရာ အယူဝါဒများ အကြောင်းပါဝင်သည်။ ထိုနက္ခတ္တ ဗေဒ ဆိုင် ရာအ ယူဝါဒများ သည်လည်း ကုရ်အာန်ပါ နက္ခတ္တဗေဒ ဆိုင်ရာ ပါ ရှိ ချက်များ နှင့်ကွဲလွဲ လျှက်ရှိနေ ပေသည်။ ကျမ်းမြတ်ကုရ်အာန် မတိုင်ခင် အလျှင်က အာရဗ်များ အပါ အဝင် ကမ္ဘာ့လူသားများ၏  အယူအဆများအတိုင်း နေ သည် အရှေ့ အရပ်မှ စ တင်ထွက်၍ အနောက် အရပ်သို့ ငုံ့လျှိုး ဝင်ရောက်ပြီး အရှင်မြတ်၏  အရ်ရှ်ပလ္လင် တော် အောက် တွင် တစ်ညအိပ်သည်၊ နောက်တစ်နေ့နံနက်တွင်နေသည် အရှင့်အမိန့်နှင့် အရှေ့ အ ရပ်မှပြန်လည် ထွက်သည်ဟူ သော ဟာဒစ်များဖြစ်သည်။ (နေသည် ကမ္ဘာတွင် တစ်ညပျောက်ကွယ် သွားသည်ဟူသော အယူအစဖြစ်သည်။)

မည်သို့ပင်ဖြစ်စေ ဟာဒစ်များကို စုဆောင်း၍ စာအုပ်အဖြစ်ရေး သားခဲ့ကြသော ကျမ်းရှင်များက “ရေဝါယသ်” Hear Say (သို့မဟုတ်) Narration ဟူသော ဆင့်ကဲ ဆင့်ကဲ တဆင့်ကြား စကားများမှ ပြန် လည် မှတ်တမ်းတင်ခြင်း  ဖြစ်သည် ဟုဆို ထားပြီးဖြစ် သည်။ ၎င်းတို့ ကိုယ်တိုင်က ဥပဒေရှုဒေါင့်မှ ဟာဒစ်များကို ဖော်ပြခဲ့ သည်ဆိုပါက ကဏ္ဍတစ်ခု ထဲတွင်ပင်လျှင် ကွဲပြား ခြားနား သော ဟာဒစ်နှစ်မျိုး ကိုတစ်နေရာထဲ တွင်ယှဉ်တွဲ၍ ဖော်ပြကြမည် မဟုတ်ပေ။ ဥပမာအားဖြင့် တမန် တော်သည် မီးနှင့်ချက်ပြုတ် ကြော်လှော်ထား သည့် အစားအစာ များကိုစားသုံး ၍ဝိုဇူ ပြန်လည်ပြုသော ဟာဒစ်များနှင့် မီးနှင့် ချက်ပြုတ်ကြော်လှော် ထားသည့် အစား အစာကို စားသုံး၍ ဝိုဇူပြန်လည် ၍မလုပ်သောကွဲပြားခြားနားသည့်ဟာ ဒစ်များကို လည်းယှဉ် တွဲဖော်ပြထားသည်များကိုတွေ့ရလေသည်။

အစ္စလာမ့်သမိုင်းတွင် အဟ်လေဟာဒစ် (ဝါ) ဟာဒစ်ဝါဒီ များဟူသော ဟာဒစ်သမိုင်းများ ကိုရှာဖွေ၍ ဥပဒေစ တင်ပြုသောစနစ်ကို အေမန်မာလစ်(က်) လက်ထက်မှ စတင်ခဲ့ သည်။ ထိုဝါဒ လမ်းစဉ်ကို ပိုမို၍ တိုးပွားခဲ့သူမှာ အေ မန်ရှာဖီဖြစ်သည်။ ထိုပညာရှိ သုခမိန်ကြီး နှစ်ဦး၏ နောက်ပိုင်း  အဟ်လေဟာဒစ် ဝါဒလမ်းစဉ်ကို ပိုမိုတိုး ပွားစေသူမှာ အဟ် မဒ် အေ့ဗနု ဟမ်ဗလ်ဖြစ်သည်။ အေမန်မာလစ်က် သည်ကိုယ်တိုင် ဟာဒစ်သမိုင်းကျမ်း ကိုပြုစု သူဖြစ်သည်။ အေမန်ရှာဖီသည် ကိုယ်တိုင်ဟာဒစ် သမိုင်းကျမ်း ကိုမပြုခဲ့သော်လည်း ဟာ ဒစ် များကို စုဆောင်း သောစနစ်ကို အားပေးခဲ့သူဖြစ် သည်။ အဟ်မဒ်အေ့ဗနုဟမ်ဗလ်မှာ ကိုယ်တိုင်လည်း မွတ်စနတ်ဟူသော ဟာဒစ်သမိုင်း ကျမ်းကြီးကိုပြုစုခဲ့သူဖြစ် သည်။ သို့ရာ တွင်များမြောင်သော ဟာဒစ်များနှင့် ကွဲပြား ခြားနားသော ဟာဒစ်များ လည်း များမြောင်စွာပါဝင်ခဲ့လေ သည်။

အထက်မှ ဖော်ပြခဲ့သော ဟာဒစ်များကို အခြေခံ၍ အစ္စလာမ့် ဓမ္မထုံးဖွဲ့မှုများ ကိုစတင်ခဲ့သော အေမန်မာလစ်က်၊ အေ မန်ရှာဖီ၊  အေမန်အဟ်မဒ်အေ့ဗနုဟမ်ဗလ် တို့သည် အဟ်လေ ဟာဒစ် ၀ါဒီများဖြစ်ပါလျှက် ဥပဒေပြုရန် ဟာဒစ်များကို ရွေးချယ်ရာ၌ တစ်ဦးနှင့်တစ်ဦး အကြိုက်ခြင်း မတူသော ဟာဒစ်များ ကြောင့် ဂိုဏ်းကွဲ သုံး ခုဖြစ် ခဲ့ကြရသည်။ အေမန် မာလစ်က် နှင့် အေမန်အဟ်မဒ်အေ့ဗနုဟမ်ဗလ်တို့၏ “မဇဟဗ်” ဂိုဏ်းများတွင် မီးနှင့်ချက်ပြုတ်ပြီးသော အစားအ စာစားခြင်းဖြင့် ဝိုဇူပြန် လည်ပြုရန် မလိုအပ်။ အလား တူဝိုဇူနှင့် ဇနီး မယားကို ထိမိရုံဖြင့် ဝိုဇူပြုရန် မလိုအပ်ပေ။ သို့ရာ တွင်အေမန်ရှာဖီ ၏ဂိုဏ်းဝင်များ အဖို့ မီးနှင့် ချက်ပြုတ်သော အစားအစာ စားအပြီး ဝိုဇူပြန်လည်ပြုရသည်။ ဇနီးကိုထိမိ ရုံဖြင့် ဝိုဇူပြန်လည် ပြုရသည်။ ထိုကဲ့သို့ပင် အေမန် မာလစ်က်၏ ဂိုဏ်းဝင်များက ဆွလာသ် တည်ဆောက် ရာ၌ လက် နှစ်ဖက် ကိုအောက်ချ၍ တည်ဆောက်သည်။ ရှာဖီဂိုဏ်း ဝင်များနှင့် ဟမ်ဗလီဂိုဏ်းဝင် များက လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တင်၍ တည်ဆောက်သည်။ အစားအသောက် စားသုံးရာ၌ ရေသတ္တဝါများနှင့် စပ်လျှင်း၍ ရှာဖီ၏ ဂိုဏ်းဝင်များက ရေနေ ကုန်း နေ လိပ်သတ္တဝါ များကိုပါ စားသုံးခွင့်ရှိသည်။ အခြားဂိုဏ်း နှစ်ခုဖြစ် သော မာလီကီဂိုဏ်းဝင်များနှင့် ဟမ် ဗလီဂိုဏ်းဝင်တို့က ရှာဖီဂိုဏ်း ဝင်များ ကဲ့သို့စားပိုင် ခွင့်မရှိပေ။ ဤဂိုဏ်း သုံး ဂိုဏ်းမှာ အဟ်လေဟာဒစ်ကို စတင်ခဲ့သူ များဖြစ်ပါ လျှက် များစွာသော ဟာဒစ်သမိုင်းကျမ်းများအတွင်းမှ ကွဲပြားခြားနား လျှက်ရှိနေသော ဟာဒစ်များကို ရွေးချယ်၍  ဥပဒေပြုရင်းမှ ကွဲပြားခြား နားသောဂိုဏ်းကွဲ သုံးခု ဖြစ်သွားခဲ့သည်။

ထိုဟာဒစ်များကို နောက်ပိုင်း ပညာရှင်များက ပြန်လည်၍ အဆင့်အတန်းခွဲခြား သတ်မှတ်ခဲ့ကြသည်။ ထိုအဆင့်အတန်း သတ်မှတ်ချက်များ အနက်အချို့မှာ- (ဆွ ဟီးဟ်) မှန်ကန်သောဟာဒီးစ်များ။ (ဟစန်) သင့်တင့်လျောက်ပတ်သော အဆင့်တွင်ရှိသော ဟာဒီးစ်များ။ (ဒွအီးဗ်) အားနည်းမှုရှိသော ဟာဒီးစ်များ။ (ခဗ်ရေအ ဟသ်) တစ်ဦးတစ်ယောက်(၀ါ) လူနည်းစုသာ ဆင့်ပြန်သော ဟာဒီးများ။ (မုသ၀သ်သာရ်) လူများစုဆင့်ပြန်သော ဟာဒီးစ်များ။ ( ခဗ်ရေအဟသ် မရှ်ဟူးရ်) တစ်ဦး တစ်ယောက်က ဆင့်ပြန်သော ဟာဒီးစ် ဖြစ်သော်လည်း ကျော်ကြားသော ဟာဒီးစ်ဖြစ်သည်။

ဥပမာအားဖြင့် သောက်သုံးအရေခွက် ထဲသို့ယင်ကောင် ကျသွား ပါက ထိုယင်ကောင်ကို ထိုအရေထဲသို့ နှစ်မြှုတ်၍ သောက်သုံးနှိုင်သည်။ယင်ကောင်၏အတောင် တစ်ဖက်တွင် အဆိပ်ရှိသည် အခြားအတောင်တစ်ဖက်တွင် ဖြေဆေးရှိသည်။ ထိုဟာဒီးစ်ကို ဆင့်ပြန်သူမှာ အဘူဟူရိုက်ရာဟ် တစ်ဦးတည်းဖြစ်သည့်အတွက် (ခဗ်ရေ အဟသ်)ဟာဒီးစ် အမျိုးအစားဖြစ်သည်။ ထိုဥပဒေကို ကျင့်သုံးချင်လည်း ကျင့်သုံးနှိုင်သည်။ မကျင့်သုံးလိုက မကျင့်သုံးဘဲနေနှိုင်သည် ဟု ဟာဒီးစ် ပညာ ရှင် များက သတ်မှတ်ထားသည်။

အလားတူ မုတ်ဆိတ် ထားခြင်းနှင့်စပ်လျင်းသော ဟာဒီးစ်များသည် ဘိုခါရီကျမ်း၊ အဘူဒါဝုဒ် နှင့် မွတ်စနတ်ကျမ်းများတွင် ပါဝင်သည်။ ထို ဟာဒီးစ် အားလုံးကို  အ ဗ္ဖဒွလ္လာဟ် အေ့ဗနု အွမ္မရ် တည်းဦတည်းက ဆင့်ပြန်သည့် အတွက် (ခဗ်ရေအဟသ်)် ဟာဒီးစ် အမျိုးအစားဖြစ်သည် ဟု ပညာရှင်များက သတ်မှတ်ကြသည်။ ထိုနည်း အတိုင်းပင် (အင်နမလ်-အအ်မားလို-ဘင်န်နိယဟ်) လုပ်ဆောင်မှု၏ ရလဘ်သည် ရည်ရွယ်ချက် ပေါ်တွင်မူတည်သည် ဟူသောဟာဒီးစ် ကို အွမ္မရ်အေ့ဗနု ခသဗ် တစ် ဦး တည်းက ဆင့်ပြန်သော (ခဗ်ရေအဟသ်) ဟာဒီးစ် အမျိုးအစားဖြစ်သည်။ သို့ရာတွင် ထိုဟာဒီးစ်သည် ဟာဒီးစ်ကျမ်းပေါင်း (၄၁)ကျမ်းလုံးတွင် အကြိမ်ပေါင်း ခြောက် ရာကျော် ပါဝင်ခဲ့သည့်အတွက် ( ခဗ်ရေအဟသ်မရှ်ဟူးရ်)တစ်ဦးတစ်ယောက်က ဆင့်ပြန်သော ဟာဒီးစ် ဖြစ်သော်လည်း ကျော်ကြားသော ဟာဒီးစ်ဖြစ် သည်။

ထိုကဲ့သို့ပင် (ဆွဟီးဟ်)  ဟာဒီးစ်များ ဖြစ်သော်ငြားလည်း ယခုခေတ်တွင် မည်သူမျှလိုက်နာကျင့်သုံး မှုမရှိတော့သော ဟာဒီးစ်များစွာရှိနေပေသည်။ ဥပမာအမျိုး သား တစ်ဦးသည် မိမိ၏ဇနီးဖြင့် သံဝါသပြု၏  ကာလာလရေ မထွက်ပါက ရေချိုးရန်မလို၊ ၀ိုဇူပြုပြီး ဆွလားသ် တည်ဆောက်ခွင့်ရှိသည်။ ထိုဟာဒီးစ်ကို ဆင့်ပြန်သူ များမှာ အွတ်စမာန်း-ဘင်-အဖါန်း၊ အလီအေ့ဗ်နုတွာလစ်ဗ်၊ ဇိုဗိုရ်ဗင်န် ဖ၀ါမ်၊ သွာလဟာဗင်န်-အိုဗိုက်သွလ္လာဟ်၊ အေ့ဗနေ ကအားဗ် တို့ကဆင့်ပြန်သည်။ ဟာဒီးစ် အမျိုးအစားမှာ ဆွဟီးဟ် ဖြစ်သည်။ ထိုဟာဒီးစ် ပါဝင်သော ကျမ်းများမှာ (ဘိုခါရီအျမ်း) ၀ိုဇူကဏ္ဍ၊ရေချိုးခြင်းကဏ္ဍ၊ ဓမ္မတာ ကဏ္ဍ၊ (မွတ်စလင်မ်ကျမ်း) ဓမ္မတာ ကဏ္ဍ၊ (နေဆာ အီကျမ်း) သန့်စင်မှုကဏ္ဍ၊ (မွတ်စနတ်ကျမ်း) အခန်း၁၊၂၊၃၊တို့တွင်ပါဝင်သည်။

မွတ်စလင်မ်များသည် မိမိတို့တတ်သိသော စာပေဖြင့် ဟာဒီးသမိုင်းကျမ်းများကို လေ့လာမည်ဆိုပါက ဟာဒီးစ်များကို ရေးသားမှတ်တမ်း တင်သူများက သမိုင်း ရှု ဒေါင့် မှသာ ပြန်လည် တင်ပြခြင်းဖြစ်သည်ကို တွေ့ရှိနှိုင်မည်ဖြစ်သည်။ မည်သည့် ကျမ်းရှင်များကမျှ ၄င်းတို့၏ ကျမ်းများပါ အဆိုအမိန့်များသည် လုံးဝဥဿုံ ဥပဒေ များဖြစ်သည်ဟု ဆိုထားခြင်းမရှိကြပေ။ အကယ်၍ ၄င်းတို့က ဥပဒေအဖြစ် ဖေါ်ပြခဲ့ကြမည်ဆိုပါက ကွဲပြားခြားနားသော အဆိုများကို ကဏ္ဍတစ်ခု ထဲတွင်ယှဉ်တွဲဖေါ် ပြကြမည်လည်းမဟုတ်ပေ။

ဆက်လက်တင်ပြပါဦးမည်။။

ဦးစီုးလွင်(ငြိမ်းချမ်းလျင်စစ်)

No Comments Yet


There are no comments yet. You could be the first!

Write comment

Please read this note before your write comment.


Quranic Study Group
Los Angeles, California, USA
© 2005 - 2010 QuranInBurmese.com All Rights Reserved
Security & Design by
COMREZ Computer
Click here to download Zawgyi Font
Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976
Quran 38:29
Quran 26:24
Quran 3:138
Quran 6:153