အစ္စလာမ့်ရေစီးကြောင်းမှ တာတမံ ခုလုတ်ကသင်းများ(၄)
လွယ်ကူသောကုရ်အာန်၏ စားသောက်မှုဆိုင်ရာ ဥပဒေ
ကုရ်အာန်ပါ ဥပဒေများ အနက်၊ အစားအသောက် ဆိုင်ရာ ဥပဒေအချို့ ကိုတစ်စေ့ တစောင်း ကြည့်မည် ဆိုပါက -(ဟလားလံ တွိုက်ယေဘာ) ၅း၎။၁၇း၇၀။တို့တွင် (ကောင်း မြတ် သန့်ရှင်း သော အစားအစာများကို အမည်နာမ ဖေါ် ပြမှု မရှိဘဲစား ခွင့်ပြုထားပြီး ဖြစ်သည်။ အလားတူပင် လူသားတို့ အတွက် ဘေးဥပါဒ် အန္တရာယ် ဖြစ်စေ နှိုင်မည့် အ စား အစာများ အားလုံး ကို လည်း တားမြစ်ရာ၌ ချွင်းချက် မရှိ စေရန်အတွက် အမည်နာမများကို သီးသန့် ဖေါ်ပြထားမှု မရှိဘဲ တားမြစ် ပိတ်ပင် ထား သည် ။
ကုရ်အာန်၏ တိကျ ပြည့်စုံ သော နည်းဖြင့် ဖေါ် ပြမှု ပုံစံမှာ မည်သို့မျှ စောဒက ၀င်၍မရ သောနည်း ဖြစ်သည်။ အကယ်၍ စားသုံးပိုင်ခွင့် ရှိလေသမျှသော အစား အသောက် များ၏ အမည်များ ကို တစ်ခုချင်း ဖေါ်ပြနေပါက- အစားအသောက် ဥပဒေ တစ်မျိုးတည်း နှင့်ပင် စာမျက်နှာပေါင်းများစွာ ဖြစ်နေမည်။ အခြားသော ဥပဒေ ပေါင်းများ စွာ ကို လည်း အလားတူ တင်ပြနေပါက လူ တစ်ဦး အတွက် တစ်ဘဝလုံး တွင် စာဖတ်ရင်းသာ အချိန်ကုန်သွားမည်ဖြစ်သည်။ လက်တွေ့ကဏ္ဍ ကျင့်ကြံ နေထိုင်နိုင်ရန် အချိန်ရ လိုက် တော့မည် မဟုတ်ချေ၊ စကြဝဠာ အပေါင်းအား ပြဌာန်းသော အရှင်သည် စကြာဝဠာအတွင်း ဖြစ်တည် လာသော မျိုးစိတ်များ၏ မူလဇစ်မြစ်ကို သိရှိပြီးသား ဖြစ်နေ သည့် အလျှောက် လူသားတို့အား ဥပဒေ ပြဋ္ဌာန်းရာ၌လည်း အလွယ်တကူ လျှပ်တပြက်ဖြင့် နားလည်နိုင်စေရန် ပြဋ္ဌာန်းထားသည် များကိုတွေ့ရပေသည်။ (၆း ၁၄၂) တွင် စား ခွင့်ပြု ထားသော (အလ် အန်အာမ်) ခွာကွဲ စားမြုံ့ပြန်- မြက်စား (အသားမစား သည့်) တိရစ္ဆာန် မျိုးနွယ်ဖြစ်သည့်၊ ဆဲလ်သဘာဝတူ မျိုးစိတ်တစ်ခု အမည်အုပ် စုဖြင့် ဖေါ် ပြပေးထားပေသည်။ (အလ်အန်အာမ်) ဟူသည် လူသားတို့ ပတ်ဝန်း ကျင်ရှိ အလွယ်တကူ မြင်တွေ့ သိကျွမ်း ပြီးသား တိရစ္ဆာန် မျိုးနွယ်များ ဖြစ် သည့် ကျွဲ နွား ဆိတ်၊သိုး စ သည့် တိရစ္ဆာန် မျိုးနွယ်များ ဖြစ်သည်။ ထိုပြဋ္ဌာန်း ချက် ဥပဒေကို သိရှိသူ မွတ်စလင်မ် တစ်ဦးသည် (အလ်အန်အာမ်) (ဆဲလ်) သဘာဝတူ (ခွာကွဲ စားမြုံ့ပြန်- မြက်စား (အ သားမစားသည့်) တိရစ္ဆာန် မျိုးနွယ်များ) ဖြစ်သည့် သမင်၊ ဒရယ်၊ ချေငယ်၊ စိုင်၊ ဆတ် တို့ကဲ့သို့ သော အခြား မျိုးစိတ်တူ တိရစ္ဆာန်များကို စားခွင့်ရှိကြောင်းကို အလွယ် တ ကူ သိရှိနှိုင်ပေသည်။
အလားတူပင် ကြွက်၊ ကြောင်၊ ကျား၊ ခွေး၊ ဝံ၊ သစ်၊ ခြင်္သေ့ စသည့် ခွာမပါ ခွာမကွဲ စားမြုံ့ မပြန်သော အသားစား တိရစ္တာန်၊ အစုံစား တိရစ္ဆာန်များကို စားသုံးခြင်း မှ ရှောင်ကျဉ် နှိုင်ရန် တား မြစ်ရာ၌့လည်း လူသားတို့ အလွယ်တကူ မြင်တွေ့ သိရှိ နိုင်သည့် (ဆဲလ်) သဘာဝ မျိုးစိတ်တူ ဝက်တိရစ္ဆာန်အား တား မြစ်ခြင်းဖြင့် အ လွယ် တကူ သိရှိနှိုင် ပေ သည်။(၂း၁၇၃)၊
ထိုသို့ တား မြစ်ခြင်း ခွင့်ပြုခြင်းတို့ နှင့်အတူ အခြား ဥပဒေ တစ်ခုမှာ သွေး ကို လည်း တားမြစ် ထားပေသည် (၅း၃)။ သွေးကို ကျမ်းတော်က “မိဟာဒန်” စီးဆင်းသော သွေး။ သွေးပြန်ကြော မှ ပန်းထွက်သော သွေးဟု ဖြစ်သည်။ တဆက် တည်းတွင် စားသုံးပိုင်ခွင့် ရှိသော တိရစ္ဆာန်များကို တုနှိုင်းမဲ့အရှင်၏ နာမတော်ကို တိုင်တည်လျှက် ထိုသွေး ကြောအား လှီးဖြတ်ရမည်ဟု ဆိုထား ပေသည်။ ထိုအသုံးအနှုန်းကို “ဇဗီဟာဟ်” ဟုဆို သည်။ “ဇဗီဟာဟ်” ဟူသည် သတ္တ၀ါတို့ လျှပ်တပြက်အတွင်း ခံစားမှု အာရုံမဲ့ သွား မည့်နေရာ (လည်ပင်း) သွေး ကြောအား လှီးဖြတ် ရမည် ဖြစ်သည်။
သွေးပြန်ကြောမှ သွေးများထွက်ရန် တခေါက်ကြောအား ဖြတ်ခြင်းဖြင့် လည်းကောင်း၊ နံရိုးကြားသို့ ဓါး၊ ဒုတ်၊ အချွန်နှင့် ထိုးခြင်းဖြင့် လည်းကောင်း မပြုလုပ်ရန် “ဇဗီဟာဟ်” ဆိုသည့် ဝေါ ဟာရကို သုံးထားခြင်း ဖြစ်ပေသည်။ လူသား သဘာဝ ဤလောက အတွင်း မှီတင်း နေရသည်ဖြစ်၍ အသက်သတ်ရခြင်းနှင့် မကင်းသည့် အတွက် မိမိတို့ လူ သားများ အသက်ရှင်သန် ရပ် တည်ရေးအတွက် တိရစ္ဆာန် များကို လှီးသတ် နိုင်ခွင့် ပြုထားသော်လည်း မေတ္တာမဲ့ ရက်စက်စွာ ညှင်းပန်း နှိပ်စက်ခြင်း မပြုရသော အဓိပါယ်ကို “ဇဗီဟာဟ်” ဆိုသည့် စကားက အနက် ပေး ခြင်းဖြစ်သည်။ “ဇဗီဟာဟ်” လည်ပင်း သွေးကြောကို လှီဖြတ်ခြင်းဖြင့် တိရစ္ဆာန် တစ်ကောင်သည် လျှပ်တပြက် (အများဆုံး သုံးစကန့် အတွင်းတွင်) အာ ရုံခံစားမှု ပြတ်တောက် သွားပေ သည်။
ထိုလည်ပင်း သွေးပြန်ကြောမှ ပန်းထွက်သွားသော သွေးကြောင့် ကိုယ်ထဲရှိ သွေး ကြောများနှင့် အတူပြန့်နှံ့နေသော ရောဂါပိုးမွှားများ မှာလည်း သွေးနှင့်အတူ ပါသွားသည့် အတွက် ထိုသားကောင်၏ အစိပ်အပိုင်း တစ်ခုလုံးသည် လည်းသန့် ရှင်းစင်ကြယ်သော စားသုံးဖွယ်ရာ ဖြစ်သွားပေသည်။ သွေးပြန်ကြောမှ သွေးအညစ်များကို စွန့်ထုတ်ရာ ၌့လည်း တုနှိုင်းမဲ့ အရှင်၏ နာမ တော်ကို တိုင်တည် လျက် လှီးဖြတ်ကြလော့ ဆိုသည်မှာ- တုနှိုင်းမဲ့ အရှင်အား ယဇ်ပူဇော်ပသ ခြင်း မဟုတ်ပေ။ လူသားတို့ စားသုံးခြင်း များကို သာမာအာဇီဝ ကျသော နည်းဖြင့် ရှာ ဖွေ ထားသော စားသုံးကုန်များ ဖြစ်ရမည်ဟု သွန်သင်ခြင်း ဖြစ်ပေသည်။ ခိုးရာပါ ပစ္စည်း၊ တိုက်ရာပါ ပစ္စည်းများကို မည်သည့် နည်းနှင့်မျှ ဘုရားတရားအား တိုင် တည်၍ မဖြစ်နိုင်ချေ။ ထို့ကြောင့် အစားအသောက်နှင့် ဆိုင်သော ဥပဒေတိုင်း တွင် “သန့်ရှင်း စင်ကြယ်သော” နာမဝိသေသန ကိုတွဲ၍ ဖေါ်ပြထားသည်ကို တွေ့ ရပေသည်။ “သန့်ရှင်း စင်ကြယ်သော” ဟု ပြောဆိုသည့် (တွိုက်ယေဘာ) ရုပ် ပိုင်း နှင့် နာမ်ပိုင်း နှစ်မျိုးစလုံးကို စင်ကြယ်စေရာ၌့ သုံးစွဲကြောင်းကို အာရ်ဗီစာကို ဖတ်ဘူးသူတိုင်း၊ ကျမ်းတော်ကို တစုံတရာ ဖတ်ဘူးသူ တိုင်း သိပေသည်။ ထို့ကြောင့် တုနှိုင်းမဲ့ အရှင်၏ နာမတော်ကို တိုင်တည်လျှက် ဆိုသော စကား၏ လေးနက်မှုကို (လည်ပင်း သွေးကြော) အား ဖြတ်တောက်ရန် သက်သက် ရွတ်ဆိုရသည့် ဂါတာ အဖြစ် မမှတ် ယူအပ်ပေ။ သူတစ်ပါးပိုင် နွားတစ်ကောင်အား ခိုးယူ လုယက် တိုက်ခိုက်၍ ထို ဂါတာကို ရွတ်ဖတ်လျှက် လှီးဖြတ် လိုက်လျှင် စားသုံး ပိုင်သည်ဟု အစ္စလာမ် သာသနာတော်က လုံးဝ သွန်သင်ခြင်း မရှိပေ၊ ကုရ်အန်ကျမ်း တော်ပါ ဤမျှ အသေးစိတ် နားလည် နိုင်သော ဥပဒေများ၊ စကား လုံးဝေါဟာရ များကို မပြည့်စုံ ပါဟု မည်သို့မျှ စောဒက တက်နှိုင်အံ့ မည်နည်း။ ဤသည် ကမ္ဘာ့ကုန်းမြေ ပေါ်ရှိ သက်ရှိသတ္တ၀ါများနှင့် စပ်လျှင်း၍ စားသုံးမှုဆိုင် ရာ ကုရ်အာန်ပြ ဥပဒေဖြစ်သည်။
ပင်လယ်သမုဒ္ဒရာ၊ မြစ်ချောင်း အင်းအိုင်အတွင်းရှိ ရေသတ္တ၀ါ များနှင့် စပ်လျှင်း၍ လည်း ကုရ်အာန် ၁၆း ၁၄၊ ၃၅း၁၂ တွင် ရေသတ္တဝါတို့အား လူသားတို့ အဖို့ လတ် ဆတ် သော စားသုံးဖွယ် ရာအဖြစ် ဖန်တည်းပေးထားသည်။ မိမိတို့အဖို့ အဆိပ် အတောက် ဖြစ်စေနိုင်သော အရာများမှ လွှဲ၍ စားသုံး ပိုင်ခွင့်ရှိ ကြောင်း ဖေါ် ပြထားပေသည်။ ငါး သတ္တဝါများ- ရေသတ္တဝါများတွင် “မိဟာဒန် ” ဟု ခေါ်သည့်။ စီးဆင်းသော သွေးအား နည်းပေသည်၊ ထို့ပြင် ငါး သို့မဟုတ် ရေ သတ္တဝါများ၏ သွေးများသည်၊ ရေထဲတွင် အသက်ရှင် နိုင်ရန်အတွက် တုနှိုင်းမဲ့ အရှင်၏ ဖြစ် တည် စေမှု နိယာမ အရ ပါးဟက် သည် တည်ရှိနေပေသည်။ ထို သတ္တဝါ များသည် ရေမရှိသော ကုန်းမြေပေါ်သို့ ရောက် လာသော အခါ၊ တစ်ကိုယ်လုံးမှ သွေးများသည် ပါးဟက်တွင် စုစည်း သွား၍ တစ်ကိုယ် လုံးတွင် မကျန်ရှိ တော့ပေ။ ထို့အတွက်ကြောင့် ထိုရေသတ္တဝါတို့အား “ဇဗီဟာဟ်” လည်ပင်းမှ သွေးပြန် ကြောအား လှီးဖြတ်လျှက် တစ်ကိုယ်လုံးမှ သွေးများကို ထုတ်ပစ် ရန် မလိုတော့ ပေ။ ထိုသို့သော အကြောင်းများကြောင့် ရေသတ္တဝါများကို (ဇဗီဟာဟ်) ပြုလုပ်ရန် လိုသည်ဟုကျမ်းတော်၌ ဖေါ်ပြထားခြင်း မရှိပေ။ အသေကောင် ပုပ်သိုး လာလျှင် ရောဂါပိုး များ ကပ်ငြိလာမည် ဖြစ်၍ လတ်ဆတ်သော အသားများကို စားသုံး ကြ ဟု ဖေါ်ပြထားခြင်း ဖြစ်ပေသည်၊
ထို့ကြောင့် စားသုံးခွင့်ပြုထားသည့် တိရစ္ဆာန်မျိုးစိတ်များ၊ စားသုံးခွင့် မရှိသော တိရစ္ဆာန် မျိုးစိတ်များ၊ သမာအာဇီဝ နည်းဖြင့် ရှာဖွေထားခြင်း မရှိသော အစား အစာ ဝတ္ထုများ၊ လတ်လတ် ဆတ်ဆတ်ကိုသာ စားသုံးရမည်ဟူသည့် သွန်သင်ချက် များ စသည့် —
ကုရ်အာန်၏ ဥပဒေများသည် ရှင်းလင်း တိကျ ပြတ်သားသော ဥပဒေများဖြစ် သော ကြောင့် နွားကျောင်းသားလေး တစ်ဦးမှ ဒသနပညာရှင်ကြီး တစ်ဦးအထိ လွယ် ကူရှင်းလင်း စွာဖေါ်ပြ တားပေသည်။ အယူအဆမကွဲ တူညီစွာ သိမြင်နိုင် သော စနစ်ဖြင့် ဖေါ်ပြ ထားသည်ကို တွေ့ရပေသည်။ ကုရ်အာန်က ညွှန်ကြားပြသ ထားသော ဥပ ဒေများ သည် ခေတ်တိုင်း နေရာတိုင်း လူတိုင်းအတွက် မည်သူ တစ်ဦးတစ်ယောက် ကိုမျှ မေးမြန်းစုံစမ်းရန် မလိုဘဲ လွယ်ကူစွာ လိုက်နာကျင့်သုံး နှိုင်ပေသည်။ ထိုလွယ် ကူ သော ဥပဒေများကို လွယ်ကူမှု အတိုင်း မြင်နှိုင် ရန် အတွက် ကုရ်အာန်ကမည်ကဲ့သို့ လမ်းညွှန်ထားသနည်။
ဆက်လက်တင်ပြပါဦးမည်။
ဦးစိုးလွင် (ငြိမ်းချမ်းလျှပ်စစ်)

















2 Comments
သက်နိုင် says:
Assalamu alikum wa rahmatullah,
Jazakumullahu Khairan…”ငါး သတ္တဝါများ- ရေသတ္တဝါများတွင် “မိဟာဒန် ” ဟု ခေါ်သည့်။ စီးဆင်းသော သွေးအား နည်းပေသည်၊ ထို့ပြင် ငါး သို့မဟုတ် ရေ သတ္တဝါများ၏ သွေးများသည်၊ ရေထဲတွင် အသက်ရှင် နိုင်ရန်အတွက် တုနှိုင်းမဲ့ အရှင်၏ ဖြစ် တည် စေမှု နိယာမ အရ ပါးဟက် သည် တည်ရှိနေပေသည်။ ထို သတ္တဝါ များသည် ရေမရှိသော ကုန်းမြေပေါ်သို့ ရောက် လာသော အခါ၊ တစ်ကိုယ်လုံးမှ သွေးများသည် ပါးဟက်တွင် စုစည်း သွား၍ တစ်ကိုယ် လုံးတွင် မကျန်ရှိ တော့ပေ။ ထို့အတွက်ကြောင့် ထိုရေသတ္တဝါတို့အား “ဇဗီဟာဟ်” လည်ပင်းမှ သွေးပြန် ကြောအား လှီးဖြတ်လျှက် တစ်ကိုယ်လုံးမှ သွေးများကို ထုတ်ပစ် ရန် မလိုတော့ ပေ။ ထိုသို့သော အကြောင်းများကြောင့် ရေသတ္တဝါများကို (ဇဗီဟာဟ်) ပြုလုပ်ရန် လိုသည်ဟုကျမ်းတော်၌ ဖေါ်ပြထားခြင်း မရှိပေ။ ”
ကျွန်တော် သိချင်သော အရာတခုကို သိရှိလိုက်ရတဲ့အတွက် အရမ်းကျေးဇူးတင်မိပါတယ်…..သိပံ္ပနည်းလည်းကျ သာမာန် လူနားလည်စေပါတယ်။
15 Jun 10 @ 9pm
Kyaw Kyaw Soe says:
Very good I’ve got a new knowledge from the Quran.
18 Jun 10 @ 12am
Write comment