အစ္စလာမ့်ရေစီးကြောင်းမှ တာတမံ ခုလုတ်ကသင်းများ(၆)


ဖန်ဆင်းရှင်၏သက်သေလက္ခဏာများ

the_sun_the_earth_the_moon

The Sun, The Earth, and The Moon

سَنُرِيهِمْ آيَاتِنَا فِي الْآفَاقِ وَفِي أَنفُسِهِمْ حَتَّىٰ يَتَبَيَّنَ لَهُمْ أَنَّهُ الْحَقُّ ۗ أَوَلَمْ يَكْفِ بِرَبِّكَ أَنَّهُ عَلَىٰ كُلِّ شَيْءٍ شَهِيدٌ

We will show them Our signs in the horizons and within themselves until it becomes clear to them that it is the truth. But is it not sufficient concerning your Lord that He is, over all things, a Witness?

(မကြာမြင့်မီငါအရှင်သည်၎င်းတို့အားမိုးကုပ်စက်ဝိုင်းများအတွင်းတွင်လည်ကောင်း ၄င်းတို့၏ခန္ဓာများအတွင်းတွင် လည်ကောင်း ငါအရှင်၏  လက္ခဏာများ ကို ပြသတော်မူမည်။ နောက်ဆုံးတွင် ၄င်းတို့၌ ယင်း ကျမ်းသည် မှန်ကန်ကြောင်း သိသာထင်ရှား လာမည်ဖြစ် သည်။ (၄၁း၅၃)

ဤသည် ကျမ်းမြတ်ကုရ်အာန်တွင် နှစ်ပေါင်း(၁၅၀၀) အလျှင်ကထဲက ဗျာဒိတ် ဖြစ်သည်။ ဖန်ဆင်းခံအရာများအားလုံးတွင် ဖန်ဆင်းရှင်၏လက္ခ ဏာများတည်ရှိနေကြာင်း ဖေါ်ပြ ထားသော ဗျာဒိတ်ဖြစ်သည်။ လူသား တို့သည် ခေတ်မှီ တိုး တက်သော ခေတ် ကာလသို့ ရောက်ရှိ လာလေလေ ဖန်ဆင်း ခံအရာများ အတွင်း မှ ဖန်ဆင်းရှင် ရှိကြောင်း အထောက်အထား များသည်လည်း ပိုမိုထင်ရှား လာ သည်ကို တွေ့ မြင်ကြ ရပေသည်။ မရေတွက် နှိုင်သော အရှင်မြတ်၏ ဖန်ဆင်းခံ အရာများ အတွင်းမှ လူသားတို့ နေ့ စဉ် မြင်တွေ့ အကျိုးခံစား လျှက်ရှိကြသော နေ  လ ကမ္ဘာနှင့် ဂြိုဟ်နက္ခတ် တို့၏ လည်ပတ် သွားလာ ဆက်နွယ်နေပုံများကို ကုရ် အာန်မှ အနည်းငယ် ကောက်နှုတ်တင်ပြ ပါမည်။

وَالشَّمْسُ تَجْرِي لِمُسْتَقَرٍّ لَّهَا ۚ ذَٰلِكَ تَقْدِيرُ الْعَزِيزِ الْعَلِيمِ

And the sun runs [on course] toward its stopping point. That is the determination of the Exalted in Might, the Knowing.

(နေသည် ၄င်း၏ ပါတ်လမ်းတွင် သတ်မှတ် ပြဌာန်း ထားသည့် အတိုင်း လည်ပတ် ကူးခတ် သွားလာ နေခြင်းသည် အသင်တို့အဖို့ သက်သေ လက္ခ ဏာ တစ်ရပ် ဖြစ် သည်။) ၃၆း၃၈

وَالْقَمَرَ قَدَّرْنَاهُ مَنَازِلَ حَتَّىٰ عَادَ كَالْعُرْجُونِ الْقَدِيمِ

And the moon – We have determined for it phases, until it returns [appearing] like the old date stalk.

( လသည်လည်း ၄င်း၏ စခန်း အသီးသီး တို့တွင် ကူးခတ် သွားလာရင်း နောက် ဆုံးတွင် သွေ့ခြောက်လျှက် ရှိသော စွံပလွန် ကိုင်းကဲ့သို့ ပြန်၍ ဖြစ်သွား ခြင်း သည်လည်း အ သင်တို့အဖို့ သက်သေလက္ခဏာ တစ်ရပ် ဖြစ်သည်။) ၃၆း၃၉

لَا الشَّمْسُ يَنبَغِي لَهَا أَن تُدْرِكَ الْقَمَرَ وَلَا اللَّيْلُ سَابِقُ النَّهَارِ ۚ وَكُلٌّ فِي فَلَكٍ يَسْبَحُونَ

It is not allowable for the sun to reach the moon, nor does the night overtake the day, but each, in an orbit, is swimming.

(နေ၏ လည်ပတ်ကူးခတ် သွားလာ မှုသည် လ၏ လည်ပတ် ကူးခတ် သွားလာမှု ကိုမမှီနှိုင်ပေ၊ ထိုနည်းတူစွာ ညဉ့်သည်လည်း နေ့ကိုကျော်လွန် နှိုင် သည်မဟုတ် ပေ၊ စင်စစ်သော် ကား ဂြိုဟ်နက္ခတ် အသီးသီးတို့သည် ၄င်းတို့၏ လမ်းကြောင်း များတွင် ကူးခတ် သွားလာ လျှက်ရှိ ကြ ကုန်၏) ၃၆း၄၀

ဤသည် ကုရ်အာန်တွင်ပါဝင်သော နေလကမ္ဘာနှင့် ဂြိုဟ်နက္ခတ်တို့နှင့် စပ်လျှင်းသောမြောက် များစွာဗျာဒိတ်များ အနက်မှ ဗျာဒိတ် (၃)ခုဖြစ်သည်။

လူသားတို့က နေသည်အရှေ့အရပ်မှထွက်၍ အနောက်အရပ်သို့ ငုံ့လျှိးဝင်ရောက်ပြီး စင်္ကြ ၀ဠာတွင် နေသည်တစ်ည ပျေက်ကွယ်လျှက်ရှိသည်ဟု ယူဆထားကြသော ခေတ်ကာ လကပင် အ ထက်မှဗျာဒိတ်များသည် ကုရ်အာန်တွင်တည်ရှိနေပြီးဖြစ်သည်။ သို့ရာတွင် ကုရ်အာန်ပါထိုဗျာဒိတ်များ နှင့်စပ်လျှင်း၍ ဖွင့်ဆိုခဲ့ကြသော ပညာရှင်တို့သည် မိမိတို့ ၏ခေတ်ကာလနှင့် အခြေ ကနေများ အပေါ်မူတည်၍ ဖွင့်ဆိုခဲ့ကြ သည်။ ယနေ့ခေတ် သစ် ဖွင့်ဆိုချက်ထက်ပို၍ နောက်ပိုင်းခေတ်များတွင် ထိုဗျာဒိတ်များကို ပို၍ပင်ပီပြင်စွာဖွင့် ဆိုနှိုင်ကြမည်ဖြစ်သည်။ လူသား၏ အသိဥာဏ်သည် မိမိတို့၏ ပါတ်ဝင်းကျင် လောက် ကိုသာ လွမ်းခြုံသိရှိနှိုင် သူများဖြစ် သည်။ ကမ္ဘာ့နောက်ဆုံးနေ့တိုင် အမြဲလန်း ဆန်း သစ်လွင်နေမည့် စင်္ကြ၀ဠာဆိုင်ရာ လမ်းညွန်ကျမ်းကို တစ်ခေတ်တည်း တစ်ချိန် တည်းတွင် ထင်ရှားရန် ဖွင့်ဆိုနှိုင်ကြမည်မဟုတ်ပေ။

ခေတ်သစ်သိပ္ပံ တိုးတက်ဖွံ့ဖြိုးလာ သည် နှင့်အညီ ကုရ်အာန်ပါ နေ၊လ ဂြိုဟ် နက္ခတ်တို့ ၏ သွားလာမှုနှင့်အခြားအခြားသော စင်္ကြ၀ဠာ ဆိုင်ရာများနှင့် စပ်လျှင်း ပြီး လူသားတို့ကပို မို၍ မျက်ဝါး ထင်ထင် မြင်တွေ့လာ ကြခြင်းဖြစ်သည်။ ယနေ့ခေတ်တွင် ဂြိုဟ်နက္ခတ်တို့၏ အရွယ်အစား လည်ပတ်သွားလာသော နှုံးထားများနှင့် အကွာအဝေးတို့ကိုပင် အတိအ ကျ တိုင်းတာ ၍ ဖေါ်ပြနှိုင် ခဲ့ ကြသည်။ လူတို့၏ ၀န်းကျင်တွင် ပိုမို၍ ခေတ်သစ် သိပ္ပံဆိုင် ရာ အသိ ပညာရပ် များ တိုးပွား လာလေလေ ကျမ်းမြတ်ကုရ်အာန်ပါ ဗျာဒိတ်လမ်းညွှန် မှု များသည် ခေတ် သစ်သိပ္ပံ ထက် အမြဲ တန်း ခေတ်ရှေ့သို့  ဦးဆောင်နေသည် ကိုတွေ့ရပေ သည်။

ဤသည့်အချက် နှင့်ပင် ကျမ်းမြတ် ကုရ်အာန်သည် စင်္ကြ၀ဠာ ကြီး၏ နောက်ဆုံးနေ့ တိုင် ခေတ်တိုင်း နေရာတိုင်းနှင့် လူတိုင်းအတွက် လမ်းညွှန်ကျမ်းဖြစ်သည် ဟူသော (၈၁း၂၇) ပါ ဗျာဒိတ် ကို ပိုမိုထင်ရှားစွာ မြင်တွေ့ရပေသည်။

ယနေ့ ခေတ်သစ်သိပ္ပံ၏ ရှာဖွေတွေ့ ရှိချက်များ အနက်မှ နေ လ နှင့် ကမ္ဘာ တို့၏ အရွယ်အ စား အကွာအဝေးနှင့် သွားလာလည်ပတ် ဆက်နွယ်ပှုံ အချို့ ကိုတင်ပြ ပါမည်။ သို့မှသာ ကုရ်အာန် က ဆိုသော နေ လ ကမ္ဘာ အပါအ၀င် ဂြိုဟ်နက္ခတ် အားလုံးတို့သည် မိမိတို့၏ ပတ်လမ်းများတွင် လည်ပတ်သွားလာ နေ ခြင်းသည် ထာဝရအရှင်၏ သက်သေ လက္ခဏာ တစ်ရပ် ဖြစ်သည် ဟူသော အထက်မှ ၄၁း၅၃ ပါဗျာဒိတ်၏ လေးနက်မှုကို အံ့သြဘွယ် အဖြစ်တွေ့ရှိ နှိုင်မည်ဖြစ်သည်။

{Expansion of Universe (သို့မဟုတ်) စင်္ကြ၀ဠာကျယ်ပြန့်ခြင်း။}

စကြ၀ဠာကြီး၏ တည်နေပုံကို သိပ္ပံပညာရှင်များက အမြင်ရှုဒေါင့် အမျိုး မျိုးဖြင့် တင်ပြခဲ့ ကြသည်။ ထိုတင်ပြချက်များမှ အလွယ်ကူဆုံးနည်းမှာ -

စင်္ကြ၀ဠာကြီးသည် လေဘူဘောင်း တစ်လုံးနှင့် တူသည်။ ထိုလေဘူဘောင်း အပေါ် တွင် ဘောလ်ပင်ဖြင့် အစက်များ အပြည့်ရေးမည်။ ထိုလေဘူဘောင်းအား လေ နည်း နည်း ချင်း မှုတ် သွင်း ပါက ထိုလေ ဘူဘောင်း ပေါ်ရှိ အစက်ကလေး များသည် အချိုး အစား ညီစွာဖြင့် တစ်ဖြေးဖြေးချင်း ဝေးကွာလျှက် ရှိနေပေမည်။ ထိုနည်း အတိုင်း စင်္ကြ၀ဠာကြီး အတွင်း ရှိ နေ၊ လ၊ကမ္ဘာ အပါအ၀င် ဂြိုဟ်နက္ခတ်အားလုံး တို့သည် အ ချိုးအစား ညီစွာဖြင့် တစ်ဖြေးဖြေးချင်း ဝေးကွာလျှက်ရှိ နေကြောင်းကို ခေတ်သစ်သိပ္ပံက ရှာဖွေ တွေ့ ရှိ ကြ သည်။ ဤသည်ကို Expansion of Universe (သို့မဟုတ်) စင်္ကြ၀ဠာ ကျယ်ပြန့်ခြင်း ဟုခေါ်သည်။ ထိုသီအိုရီကို ခေတ်သစ်သိပ္ပံက 1929 ခုနှစ်က စတင်တွေ့ရှိ ခဲ့ခြင်းဖြစ် သည်။ သို့ရာတွင် ကျမ်းမြတ် ကုရ် အာန် (၅၁း၄၇) တွင်နှစ်ပေါင်း(၁၅၀၀) ကထဲက -

وَالسَّمَاءَ بَنَيْنَاهَا بِأَيْدٍ وَإِنَّا لَمُوسِعُونَ

And the heaven We constructed with strength, and indeed, We are [its] expander.

(ငါအရှင်သည် မိုးကောင်းကင်များကို ခိုင်ခံ့စွာ တည်ဆောက်ထားသည် ထိုမိုး ကောင်း ကင်များအား ကျယ်ပြန့်လျှက် ရှိနေသော အရာအဖြစ် အမှန်ပင်ပြုလုပ် ခဲ့၏)(၅၁း၄၇)

ထိုဗျာဒိတ်သည် များစွာသော ခေတ်သစ်သိပ္ပံပညာရှင်များအား ကုရ်အာန်ကိုပိုမိုလေ့လာ ရန် အကြောင်းရင်း တစ်ရပ်ဖြစ်ခဲ့ရသည်။

The Sun’s diameter is 864,938 miles (1,391,980 km). This is almost 10 times larger than the planet Jupiter and about 109 times as big as the Earth. The volume of the Sun is 1,299,400 times bigger than the volume of the Earth; about 1,300,000 Earths could fit inside the Sun

Earth Moon
Mean diameter 12,742 km 3,476 km
Volume 1.08321 x 1012 km3 2.199 x 1010 km3
Mass 5.9736 x 1024 kg 7.349 x 1022 kg
Mean density 5.515 3.342
Surface gravity 9.78 m/s2 1.62 m/s2
Escape velocity 11.2 km/s 2.38 km/s
Visual albedo 0.367 0.12
Visual magnitude -3.86 +0.21

နေ လ ကမ္ဘာ နှင့် ဂြိုဟ်နက္ခတ်များ သွားလာနေပုံ

နေ၏ အကျယ်အ၀န်းသည်  (၁၃၉၁၉၈၀) ကီလိုမီတာ ရှိပြီး လ၏ အကျယ် အ၀န်း သည် (၃၄၇၄) ကီလိုမီတာ ရှိသည်။ နေသည် လထက်အဆပေါင်း (၄၀၀) ပိုကြီး သည်။ ကမ္ဘာမှ နေသို့ အကွာအ ဝေးသည် (ကီလိုမီတာ ၁၄၉သန်း) ကွာဝေးပြီး ကမ္ဘာမှ လသို့ အကွာ အဝေးမှာ ကီလိုမီတာ ၃၈၄,၄၀၃ သာကွာဝေးသည်  နေ နှင့် လ တို့၏ အကွာအဝေး အချိုးအစား မှာလည်း အဆပေါင်း (၄၀၀) ကွာဝေးသည်။ ထို့ အတွက်ကြောင့် ကမ္ဘာမှကြည့်လျှင် နေ နှင့် လတို့သည် တစ် ရွယ်တစ်စားတည်း အဖြစ်မြင် တွေ့ ရခြင်းဖြစ် သည်။

 

Eclipses

Eclipses

နေကြတ်ခြင်းမှာ လသည်နေနှင့် ကမ္ဘာတို့၏ စပ်ကြားသို့ရောက် ရှိနေသော အချိန်ဖြစ် သည်။ ထိုနေကြတ် ချိန်တွင်ကမ္ဘာ၏ အချို့သော အစိတ်အပိုင်းမှ နေကိုလုံးဝမမြင် ရတော့ပေ။ နေနှင့်လတို့၏အရွယ်အစားသည် အဆပေါင်း(၄၀၀) ကွာခြားသကဲ့သို့ အကွာ အဝေးမှာ လည်း အဆပေါင်း(၄၀၀)ဝေးကွာ ထားသည့်အတွက် လသည်နေနှင့်ကမ္ဘာ တို့၏အလည် တဲ့တဲ့သို့ရောက်ရှိ လာသောနေ ကြတ်ချိန် တွင် ကမ္ဘာမှ နေနှင့်လကို အရွယ်တူအရာနှစ်ခု တစ်ထပ်တည်း ဖြစ်နေသည် ဟု မြင်တွေ့ရခြင်းဖြစ်သည်။ ဤ သည့်အချက် ကို ယခင် သိပ္ပံပညာရှင်များက တိုက်ဆိုင်မှု တစ်ရပ်ဟု ယူဆခဲ့ကြသည်။ ယနေ့ များစွာသော ခေတ်သစ် သိပ္ပံ ပညာ ရှင် ဘများက တိုက်ဆိုင်မှု မ ဟုတ်ကြောင်း ယုံကြည်လာကြသည်။

နေသည်၎င်း၏၀င်ရိုးပေါ်တွင် (Rotate)ဂျင်ကဲ့သို့ လည်လျှက်ရှိနေသည်။ ထိုသို့လည်ရာ ၌ တစ်ပတ်ပြည့်ရန်အတွက် (၃၅) ရက်ကြာ သည်။ ထို နည်းအတိုင်းပင် Rotate ဂျင်ကဲ့သို့ မိမိ၏၀င်ရိုးပေါ်တွင် လည်လျှက်နှင့်ပင် Milky Way Galaxy (ခေါ်) နဂါးငွေ့တန်း ကဲ့သို့ ရှိသော ကြယ်အစုအဝေးကြီးအား ဗဟိုပြု၍ ၄င်း၏(Orbit) ပတ်လမ်းကြောင်းတွင် လည် ပတ်ကူးခတ် လျှက်ရှိနေသည်။ ထို(Milky Way Galaxy) ကို ပတ်ရာ၌ တစ်ပတ်ပြည့် ရန်အ တွက် နှစ်သန်းပေါင်း (၂၂၆) သန်း ကြာသည်။ နေလည်ပတ်ခြင်းအကြောင်း ကို ခေတ်သစ် သိပ္ပံ တွေ့ရှိချက်ထက် ကျမ်းမြတ်ကုရ်အာန် (၃၆း၃၈)က နှစ်ရာစုပေါင်းများ စွာ စော၍ဗျာ ဒိတ် ထားပြီးဖြစ်သည်။

ထို (Milky Way Galaxy) (ခေါ်) နဂါးငွေ့တန်း ကဲ့သို့ရှိသော ကြယ်အစု အဝေးကြီးများ သည်လည်း ၄င်းတို့၏ (Orbit) ပတ်လမ်း ကြောင်းများတွင် ကူးခတ်သွားနေပေ သည်။ ခေတ်သစ် သိပ္ပံ တွေ့ရှိချက် ကြယ်နက္ခတ်များ လည်ပတ်ခြင်း အ ကြောင်းကို ကျမ်းမြတ်ကုရ် အာန် (၃၆း၄၀) တွင်ဗျာဒိတ်ထားပြီးဖြစ်သည်။

ကမ္ဘာ၏ အကျယ်အ၀န်းသည် (၁၂၇၄၂) ကီလိုမီတာ ရှိသည်။ကမ္ဘာမြေသည်လည်း ၄င်း ၏ ၀င်ရိုးတွင် (Rotate) ဂျင်ကဲ့သို့ လည် လျှက်ရှိနေသည်။ ထိုကဲ့သို့ ၀င်ရိုးပေါ်တွင် (Rotate) ဂျင် ကဲ့သို့ လည်ရာ၌ တစ်နာ ရီလျှင် မိုင် (၁၀၄၀) နှုံးဖြင့် (၂၄) နာရီ (သို့မ ဟုတ်) တစ်ရက်တွင် တစ်ပတ်ပြည့် သည်။ ထိုနည်း တူစွာ ၄င်း၏ ၀င်ရိုးတွင် (Rotate) ဂျင်ကဲ့သို့ လည် လျှက်နှင့် ပင်  နေကို ဗဟိုပြု၍ ၄င်း၏ Orbit လမ်းကြောင်းတွင် ပတ် လျှက် ရှိနေသည်။ နေကို ပတ်ရာ ၌လည်း တစ်ပတ် ပြည့် ရန် ရက်ပေါင်း (၃၆၅) ရက်နှင့် (၆) နာရီကြာသည်။

ထိုကဲ့သို့ပင် လသည်လည်း ၄င်း၏ ၀င်ရိုးတွင် (Rotate) ဂျင်ကဲ့သို့ လည် လျှက် ရှိနေသည်။ ထို (Rotate) ဂျင်ကဲ့သို့ မိမိ၏ ၀င်ရိုးတွင် လည် လျှက် နှင့်ပင် ကမ္ဘာ ကို ဗဟိုပြု၍ ၄င်း၏ (Orbit) ပတ်လမ်းကြောင်းတွင် ပတ်လျှက်ရှိ နေသည်။ လ သည် မိမိ၏ ၀န်ရိုးတွင် လည်ရာ၌ တစ်ပတ် ပြည့်ရန် အတွက် (၂၇.၃) ရက်ကြာ သည်။ ထိုနည်းအတိုင်းပင် ကမ္ဘာကို ဗဟိုပြု၍ (Orbit) ၄င်း၏ပတ် လမ်းကြောင်း တွင် ပတ်ခြင်းသည် လည်း (၂၇.၃) ရက်ကြာလေသည်။ လ၏ ထူးခြား ချက်မှာ ကမ္ဘာကိုဗဟို ပြု၍ ပတ်လျှက်နှင့်ပင် ကမ္ဘာနှင့်အတူ နေကိုလည်းပတ် လျှက်ရှိ နေသည်။ ထိုကဲ့သို့ နေကို ကမ္ဘာနှင့်အတူ ပတ်ရာ၌လည်း တစ်ပတ် ပြည့်ရန် ကမ္ဘာ့နည်းတူ ၃၆၅ ရက်နှင့် ၆နာရီကြာသည်။ (တနှစ်)

လသည်၎င်း၏ ၀င်ရိုးတွင်လည်နှုံးနှင့် ကမ္ဘာသည်၎င်း၏ ၀င်ရိုးတွင် လည် နှုံးတို့ မှာကွာခြားသည့် အတွက် ကမ္ဘာမှ လ၏မျက်နှာပြင် တစ်ခြမ်းကိုသာ အမြဲမြင် တွေ့ရသည်။

ကမ္ဘာမှ နေ့အခါ နေသည် ၄င်း၏ လမ်းကြောင်းတွင် သွားနေသည်ကို မြင်ရ သကဲ့ သို့ ညအခါတွင် လသည် ၄င်း၏လမ်းကြောင်းတွင် သွားနေသည်ကို မြင်ရပေ သည်။ နေ လ နှင့် ကမ္ဘာ တို့ သည် မိမိတို့၏ ၀င်ရိုးများပေါ်တွင် လည်ပတ်ရာ တွင် လည်းကောင်း မိမိတို့၏ Orbit လမ်းကြောင်းများတွင် သွား လာရာ၌ လည်ကောင်း မိမိတို့၏ အရွယ် အစား များ နှင့်အကွာ အဝေးများသည် လည်းကောင်း မတူ ညီကြ ပေ။ သို့ရာတွင် ထိုမတူညီသော လည်ပတ်မှု အလျင်များမှ ပေါ်ထွက်လာ သော အဖြေ သည် ကား နေ့ ည ဟူ၍ လည် ကောင်း၊ လဆန်း လဆုတ်၊ လပြည့် လကွယ်ဟူ၍ လည်းကောင်း ဖြစ်ပေါ်လျှက် ရှိနေသည်။ ထိုအချင်း အရာများကို ခေတ်သစ်သိပ္ပံ တွေ့ရှိ ချက်ထက် စော၍ ကုရ်အာန်တွင် ၃၆း၃၉

وَالْقَمَرَ قَدَّرْنَاهُ مَنَازِلَ حَتَّىٰ عَادَ كَالْعُرْجُونِ الْقَدِيمِ

And the moon – We have determined for it phases, until it returns [appearing] like the old date stalk.

(လသည်လည်း၎င်း၏ စခန်းအသီးသီးတို့တွင် ကူးခတ်သွားလာရင်းနောက် ဆုံး တွင် သွေ့ခြောက်လျှက်ရှိသော စွံပလွန်ကိုင်းကဲ့သို့ ပြန်၍ဖြစ် သွား ခြင်းသည်လည်း အသင်တို့ အဖို့ သက်သေ လက္ခဏာ တစ်ရပ် ဖြစ်သည်။)

Moon Phase

Moon Phase

ကမ္ဘာသည် ၄င်း၏၀န်ရိုးတွင်ဂျင်ကဲ့သို့လည်လျှက် နေကိုပတ်ရာတွင် နေနှင့်မျက်နှာချင်း ဆိုင်ဆုံတွေ့သော ကမ္ဘာ၏တစ်ခြမ်းသည်နေ့ဖြစ်၍နေနှင့်ကွယ်နေသော ကမ္ဘာ၏ အခြား တစ်ခြမ်းသည် ညဉ့်ဖြစ်သည်။ နေ ကမ္ဘာ လ နှင့် ဂြုဟ် နက္ခတ် အားလုံးတို့သည် မိမိတို့၏ အတိုင်းအတာ အကွာအဝေး လည်ပတ်နှုံးတို့မှာ အချိုး အစား ညီ ညာစွာ ရှိနေကြ သည်။ ထိုတိ ကျသေချာ သည့်  နေ ကမ္ဘာ၊လနှင့် ဂြုဟ်နက္ခတ်တို့၏ ပုံမှန်ရွေ့လျှားမှုကြောင့် နေ ၀င်နေထွက် လ၀င်လထွက် အချိန်များသည်လည်း စက္ကန့်မလွဲမှန် ကန်နေခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် ကုရ်အာန် (၃၆း၄၀) ညဉ့်သည်လည်းနေ့ ကို မကျော်နှိုင်ဟုဆို ထားခြင်းဖြစ် သည်။

ဂြိုဟ်နက္ခတ်အားလုံးသည်လည်း(Orbit)ပတ်လမ်းကြောင်းတွင်ပတ်လျှက်ရှိနေကြောင်း ကို ယနေ့ခေတ်သစ်သိပ္ပံ၏ ရှာဖွေတွေ့ရှိချက်များမှ အနည်းငယ်ကောက်နှုပ်တင်ပြ ချက်ဖြစ် သည်။ ထိုသိပ္ပံတွေ့ရှိချက်နှင့် နှစ်ပေါင်း (၁၅၀၀)ကျော်ကတဲက ကျမ်းမြတ်ကုရ်အာန် တွင် တည်ရှိနေသော နေ၊ လ၊ ကမ္ဘာ နှင့် ဂြိုဟ် နက္ခတ် တို့အာလုံး သည် မိမိတို့၏ (Orbit) ပတ်လမ်းကြောင်း များတွင် သတ်မှတ်ပြဌာန်းထားသည့်အတိုင်း ကူးခတ်သွားလာ နေကြ သည်ဟူသောအချက်ကို ကမ္ဘာ့လူသားတစ်ရပ်လုံးက တုနှိုင်းမဲ့ ကိုးကွယ်ရာအရှင်၏ သက်သေလက္ခဏာ တစ်ရပ်အဖြစ် မျက်ဝါးထင်ထင် မြင်တွေ့ရပေသည်။

ကုရ်အာန်၃၆း၄၀က နေ၏လည်ပတ်ခြင်းသည်လ၏လည်ပတ်ခြင်းကိုမမှီဟုဆိုထားသော ဗျာဒိတ်အတိုင်းလ၏ Rotateလည်ခြင်းသည်လည်းကောင်းနေကို Orbitပတ်ခြင်းသည် လည်း ကောင်း နေထက်ပို ၍ မြန်ကြောင်းကို အတိအကျ မြင်တွေ့ရပေသည်။

ကုရ်အာန်သည် တုနှိုင်းမဲ့ ကိုးကွယ် ရာအရှင်၏ အရာခပ်သိမ်းတို့ကို ရှင်းလင်းဖေါ်  ပြထားသော စင်္ကြ၀ဠာဆိုင်ရာ စွယ်စုံကျမ်းကြီး ဖြစ်သည်။ (၁၆း၈၉)

ကုရ်အာန်ပါ အချို့သော ဗျာဒိတ် အမျိုးအစား များသည် လူတို့၏ ဖွံ့ဖြိုးတိုးတက် လာ သော အခြေအနေနှင့် အချိန်အခါများ ပေါ်တွင်မူတည်၍ သာ ထင်ရှားစွာ သိရှိနှိုင်မည်။ (၃းရ )

ကုရ်အာန်သည် စင်္ကြ၀ဠာဆိုင်ရာ ခေတ်တိုင်း နေရာတိုင်း နှင့်လူမျိုးတိုင်း အတွက် ဖြစ်သည်။ (၈၁း၂၇)

ကုရ်အာန်ပါ ဗျာဒိတ်များကို ကုရ်အာန်ကသာ အသေးစိပ် ပြန်လည်ရှင်းလင်းထား သည်။ (၁၁း၁/ ၁၀း၃၇)

ကုရ်အာန်သည် အဖြူထည် သက် သက် ရှိသူတို့မှအပ အခြားသူများကို အကျိုး ပေးမည်မဟုတ်။ (၅၆း၇၉)

ဟူသော အထက်ဖေါ်ပြပါ ဗျာဒိတ်များကို ဆင်ခြင်၍ ကုရ်အာန်ကို လေ့လာဆည်ပူးကြ မည်ဆိုပါကကုရ်အာန်က ပြောလိုသော အကြောင်းအရာကို အရှိအတိုင်း မြင်တွေ့နှိုင် မည် ဖြစ် ကြောင်း သတင်းကောင်းပါး ရင်း-

(အင်ရှာအလ္လာဟ်) ဆက်လက်တင်ပြပါဦးမည်။

ဦးစိုးလွင် (ငြိမ်းချမ်းလျှပ်စစ်)

No Comments Yet


There are no comments yet. You could be the first!

Write comment

Please read this note before your write comment.

 

Quranic Study Group
Los Angeles, California, USA
© 2005 - 2012 QuranInBurmese.com All Rights Reserved
Click here to download Zawgyi Font
Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976
Quran 38:29
Quran 26:24
Quran 3:138
Quran 6:153