Quran Knowledge - QuranInBurmese

အစ္စလာမ့်ရေစီးကြောင်းမှ တာတမံ ခုလုတ်ကသင်းများ(၅)

ကုရ်အာန်ကိုမြင်တွေ့ရာဝယ်

ကျမ်းမြတ် ကုရ်အာန်၏ ဥပဒေများကို လွယ်ကူမှုအတိုင်း မြင်နှိုင်ရန်အတွက် ကုရ်အာန်က ညွှန်ကြားသော နည်းလမ်းအတိုင်း ကုရ်အာန် ကိုချဉ်းကပ် နှိုင်ရမည်ဖြစ် သည်။

(၁) ထိုကျမ်းသည် အဖြူထည် သက်သက် ဖြစ်သူတို့ မှအပ အခြားသူများကို အကျိုး သက်ရောက် စေမည်မဟုတ်ပေ။) ၅၆း ၇၉

(၂) ကုရ်အာန်သည် စကြ၀ဠာဆိုင်ရာ လူမျိုးတိုင်း ခေတ်တိုင်း နှင့်နေရာ တိုင်း အ တွက် လမ်းညွှန်ကျမ်း ဖြစ်သည်။ ၈၁း၂၇

(၃) ကုရ်အာန်သည် အရာခပ်သိမ်းတို့၏ အကြောင်းကို ရှင်းလင်းထားသော ဘ၀ လမ်းညွှန်ကျမ်း ဖြစ်သည်။ ၁၆း၈၇

(၄) ကုရ်အာန်ပါ ဗျာဒိတ်များကို ကုရ်အာန်ကပင် အသေးစိပ် ပြန်လည် ရှင်းထား ပြီးဖြစ်သည်။ ၁၁း၁- ၁၀း၃၇

(၅) (ယင်းကုရ်အာန်ကို ရှင်းလင်းဖွင့်ဆိုရန် ကိစ္စသည်ငါအရှင်၏ တာဝန်ပင် အ မှန်ဖြစ်၏။) ၇၅း၁၉

(၆)ကုရ်အာန်ပါ ဗျာဒိတ် အမျိုးအစား နှစ်မျိုးရှိသည် တစ်မျိုးမှာ တွေ့ရုံ မြင်ရုံ ဖြင့် ချက်ချင်း လက်ငင်း ကွက်ကွက် ကွင်းကွင်း သိမြင်နှိုင်သော ပင်မ အုပ်စု နိယာမ (မုဟာကေ မသ်) နှင့် ထိုပင်မ နိယာမကို ဆင့်ကဲဆင့်ကဲ သိမြင်လာစေသော တွေး လေနက်လေ ခေတ်ရှေ့သို့ပြေးနေသော (မုသရှာဗီဟသ်) ဗျာဒိတ် တို့ဖြစ်သည်။ (မုသရှာဗီဟသ်) ဗျာ ဒိတ် အမျိုးအစားသည် လူတို့၏ တိုးတက်လာသော အခြေ အနေနှင့် အချိန်အခါ ရောက်ရှိမှသာ ဖွင့်ဆိုနှိုင်သော ဗျာဒိတ် အမျိုး အစား ဖြစ် သည်။ ၃း၇

အထက်ပါ ဗျာဒိတ် အချို့သည် ကုရ်အာန်ကို လေ့လာဆည်းပူး ရာ၌ အဓိက ထည့် သွင်းစဉ်းစားရမည့် အချက်များဖြစ်သည်။

ကုရ်အာန်စတင် ကျရောက်ခဲ့ချိန် နှစ်ပေါင်း၁၅၀၀ က လူသားတို့သည် အစီးအ နှင်းယာဉ်အဖြစ် တိရစ္ဆာန်များနှင့် တိရစ္ဆာန်များ ဆွဲသော ယာဉ်များကို အသုံးပြု ကြသည်။ ထို အချိန်ကပင် ကျမ်းမြတ်ကုရ်အာန် ၈၄း၁၉တွင် လူသားများသည် တစ် ဂြိုဟ် မှအခြားဂြိုဟ် များသို့ အစီးအနှင်း ယဉ်များဖြင့်သွားရောက်ကြ မည့် အကြောင်းကို ဗျာဒိတ် ထား ပေသည်။ ထိုဗျာဒိတ် အရ လူသားသည် ကမ္ဘာဂြိုဟ် တွင်မက အခြားဂြိုဟ်များ သို့ပါသွားရောက် လျှက်ရှိ ကြောင်းကို ၁၉ရာစု နှစ် လောက်မှစတင်၍ ထင်ရှားစွာမြင်တွေ့ ရ ခြင်းဖြစ်သည်။ ရှေးလူသားပညာရှိများ သည် ထိုဗျာဒိတ်ကို ဖွင့်ဆိုရာ၌ ၄င်းတို့ခေတ် ၄င်းတို့ပါတ်ဝန်းကျင်၏ အခြေအ နေအရပ်ရပ် အပေါ်မူတည်၍ ကွဲပြားခြားနားစွာ ယူ ဆ ဖွင့်ဆို ခဲ့ကြသည်။ အချို့ က သေဆုံးသွားသော လူသားအား ဤအမ္ဘာဂြိုဟ် မှ အခြားဂြိုဟ် (ဗရ်ဇခ် )ခေါ် သု ဿန်သို့ ပို့ခြင်းဟူ၍ ယူဆဖွင့်ဆိုကြသည်။ ၄င်းတို့၏ ဖွင့်ဆို ချက် သည် ၄င်းတို့ ခေတ်၎င်းတို့ ၀န်ကျင်နှင့် လိုက်လျှောညီထွေ ရှိသောဖွင့်ဆိုချက်ဖြစ်သည်။ ထိုခေတ်ထိုအခါက လူသားများအဖို့ မှန်ကန်သော ဖွင့်ဆိုချက်ဖြစ် ကြောင်းလက် ခံရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤသည် ကုရ်အာန်၏ ခေတ်တိုင်းနှင့် လူ တိုင်းအတွက် ပြီးပြည့် ဆုံသော လမ်းညွှန်မှု ဖြစ်သော ကြောင့်ပင်။

ထိုအချိန်ကတဲက ကုရ်အာန် ကဆိုသော-( လူသားသည် တစ်ဂြိုဟ်မှ အခြားဂြိုဟ် ကမ္ဘာများသို့ သွားရောက် မည်ဟုဆိုခြင်းကို) ယနေ့မျက်မှောက်ခေတ် လူသားများ သည်မျက် ၀ါးထင်ထင် မြင် တွေ့ကြရပေသည်။ ထိုနည်းတူစွာ မွတ်စလင်မ်များ ဆွ လာသ်တည်ဆောက်ရာ ၌ မက္ကာဟ်မြို့ရှိ ကာဘာကျောင်းတော် ဘက်သို့မျက် နှာ မူ၍ ဆွလာသ် တည် ဆောက် ရန် ကုရ်အာန် ၂း-၁၅၀-တို့တွင်ပြဌာန်း ထား ပြီး ဖြစ် သည်။ ထိုပြဌာန်းချက် နှင့်အတူ အခြားဂြိုဟ်များသို့ ရောက်ရှိနေသော လူ သား များအား မည်သို့ မျက်နှာ မူရ မည် ကိုလည်း ကုရ်အာန်တွင် ပြဌာန်းထားသည်ကို တွေ့ရ ပေသည်။ ကုရ်အာန် ၂း၁၁၅ တွင်

(အရှေ့အရပ် သည်လည်းကောင်း အနောက် အရပ် သည်လည်းကောင်း အလ္လာဟ်အ ရှင့် အဖို့သာဖြစ်၏၊ သို့ဖြစ်၍ မည်သည့် အရပ် ဘက်သို့ဖြစ်စေ မျက်နှာမူခဲ့သည်ရှိသော် အလ္လာဟ်အရှင်၏ မျက်နှာဘက် သို့ လှည့်၍၀တ်ပြုခြင်း ဖြစ်သည်။ အမှန်ပင် အလ္လာဟ်အရှင်သည် အရပ်မျက်နှာ အားလုံးကို ကျယ်ဝန်းစွာ ၀န်းရံထားသော အရှင်ဖြစ်တော် မူ၏။)

ဤသည့် ဗျာဒိတ် အချို့ကို အထက်မှ ဖေါ်ပြခဲ့သော ဗျာဒိတ် (၁)မှ(၆) ၏ ဘောင်အ တွင်းမှ ကြည့်မည် ဆိုပါက ကုရ်အာန် ကပြော လိုသော အကြောင်းအရာ ကို ရှင်း လင်းထင် ရှားစွာ သိမြင်နှိုင်ပေမည်။

ဤသည် ကျမ်းမြတ်ကုရ်အာန် ပါဗျာဒိတ်များ ကို ကျမ်းမြတ်ကုရ် အာန်၏ ဗျာဒိတ် များ၏ လောင်းရိပ်အောက် မှဘာသာပြန် ဖွင့်ဆိုသော ကုရ်အာန်ပြစနစ် ဇ ယား ဖြစ် သည်။

ကုရ်အာန်သည် လက်ဦးမဆွကပင် စကြာဝဠာ ရှိလူသား အားလုံး နှင့်ခေတ်တိုင်း အတွက် ကမ္ဘာကြီး၏ နောက်ဆုံးနေ့ တိုင် စကြာဝဠာ ဆိုင်ရာ လမ်းညွှန်ကျမ်း ဟု ဆိုထား ပြီး ဖြစ်သည်။ ထိုကျမ်းပါ ဗျာဒိတ်အမျိုး အစားများတွင် ခေတ်မှီ တိုးတက် လာသော အခြေအနေနှင့် အချိန်အခါများရောက် ရှိလာမှသာ ထင်ရှားစွာ သိရှိ နှိုင် သော ဗျာဒိတ်များ တည်ရှိနေပေသည်။

ထိုအကြောင်းများကို အသေးစိပ် သိရှိ ထားသော နှစ်ဘ၀သခင် ကျေးဇူးရှင် တမန် တော်မြတ်ကြီး မုဟမ္မဒ် (အရှင်၏အေးငြိမ်းမှု အပေါင်းခညောင်းပါစေ) က ကျမ်း မြတ် ကုရ် အာန် ကို မူရင်းအတိုင်း လူသားတစ်ရပ်လုံး အတွက်အမွေထားခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ ပင် တမန်တော်၏ မဟာသာဝကများ၊ အဂ္ဂမဟာသာဝကများ ကလည်း ကုရ်အာန် ကို တမန်တော် နည်းတူ မူရင်းအတိုင်း ထားခဲ့ခြင်းဖြစ်သည်။ ကုရ်အာန်သည် စကြ၀ဠာတစ်ခုလုံးနှင့် ဆိုင်သော ကေယာမသ်နေ့တိုင် လူသား တစ်ရပ်လုံး ကိုခေတ် တိုင်း စ နစ်တိုင်းအတွက် တုနှိုင်းမဲ့ ကိုးကွယ်ရာ အရှင်၏ ဥာဏ် တော်ဖြင့် တိုင်းတာ ချင့်ချိန်၍ ပြဌာန်း ထားသော ဗျာဒိတ် တော်ဖြစ်သည်။ ထိုဗျာဒိတ်များကို မိမိတို့၏ မျက် စေ့ တစ်ဆုံး လောက် ကိုသာလွှမ်းငုံနှိုင်သော ခေတ်အဆက်ဆက် လူသားများရေးသားသော လူရေးကျမ်းစွဲ၊ ကျောင်းတော်စွဲ၊ ဂိုဏ်းဂနစွဲ၊ ဆရာစွဲ၊ ပုဂ္ဂိုရ် စွဲ၊ ရိုးရာစွဲ ဟူသော အစွဲ ပေါင်းစုံ ကင်း မှ သာ ကုရ်အာန်က ပြောလိုသော အကြောင်းအရာ များကို အရှိအတိုင်းမြင်နှိုင် မည်ဖြစ်သည်။ သို့မဟုတ်ပါက သဘာ ၀ အဖြူထည် ကုရ်အာန် ကို ရောင် စုံ မျက် မှန် များဖြင့်ကြည့်သကဲ့သို့ ဖြစ်နေပေမည်။

(အင်ရှာအလ္လာဟ်) ဆက်လက်တင်ပြပါဦးမည်။

ဦးစိုးလွင် (ငြိမ်းချမ်းလျှပ်စစ်)

No Comments Yet


There are no comments yet. You could be the first!

Write comment

Please read this note before your write comment.


Quranic Study Group
Los Angeles, California, USA
© 2005 - 2010 QuranInBurmese.com All Rights Reserved
Security & Design by
COMREZ Computer
Click here to download Zawgyi Font
Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976
Quran 38:29
Quran 26:24
Quran 3:138
Quran 6:153