Quran Knowledge - QuranInBurmese

အစ္စလာမ့်ရေစီးကြောင်းမှ တာတမံ ခုလုတ်ကသင်းများ(၁၀)

ကုရ်အာန်ပါ တမန်တော်

ယခုဖေါ်ပြမည့် အကြောင်း အရာသည် တုနှိုင်းမဲ့ကိုးကွယ်ရာ အရှင်က ကျမ်း မြတ်ကုရ်အာန်တွင် “ကိယာမသ်” နှင့် စပ်လျင်း၍ စကြဝဠာ တစ်ခုလုံးသို့ တမန်တော်မုဟမ္မဒ်၏ နှုပ်ဖြင့် ကျေညာခိုင်း သော တုနှိုင်းမဲ့ ကိုးကွယ်ရာ အရှင်၏ဗျာဒိတ် နှုပ်ထွက်စကား ဖြစ်သည်။ (သို့မဟုတ်) အလ္လာဟ်က ပြောသော ကေ ယာမသ် အကြောင်းဖြစ်သည်။

ကုရ်အာန်တွင် ကိယာမသ်နှင့် စပ်လျဉ်းပြီး (အသ်ဆားအ) အချိန်ဟူ၍ ၄၇ ကြိမ်ဖော်ပြ ထားသကဲ့သို့ (အလ်ကိယာမသ်) ပြန်လည်ရှင်ထခြင်းဟူ၍ (၇၁)ကြိမ် ဖော်ပြ ထားသည်။ အလားတူ (အလ်ယောင်းမ်) (ယောင်းမဟ်) (ယောင်းမုကွမ်) (ယောင်းမဟွမ်) (အိုက်ယမ်) (ယောင်းမအေ့ဇင်) ပြန်လည်ရှင် သန်ရမည့်နေ့ ဟူ၍ (၄၇၃)ကြိမ် ပါဝင်သည်။ ဤသည် ကိယာမသ်နှင့် စပ်လျဉ်းပြီး အသုံးများသော  လူတိုင်းသိထား သည့်ဝေါဟာရ အကြိမ်ပေါင်း (၅၉၁)ကိုသာ ဖေါ်ပြခြင်း ဖြစ်သည်။ ကုရ်အာန်တွင် ကိယာ မသ်နှင့်ဆိုင်သော အခြား ဝေါဟာရများ နှင့်လည်း  များစွာသုံးထားသေးသည်။

ကုရ်အာန်တွင် ကိယာမသ်နေ့သည် မည်သည့် အတိတ်နိမိတ်မျှ မရှိဘဲ ရုတ် တရက် လူသားများ မမျှော်လင့်ထားသော အချိန်တွင် ဆိုက်ရောက်လာ မည်ဖြစ်သည်။ ကိယာ မသ်နေ့ ဆိုက်ရောက် လာချိန်တွင် ကမ္ဘာကြီးရှိ အချို့သော အစိတ်အပိုင်းတွင် လူ သားများ အိပ်မောကျလျက် ရှိကြပြီး အချို့သော အစိတ် အပိုင်းတွင် လူသားများ သွားလာ လှုပ်ရှား ဆော့ကစားနေစဉ် မမျှော်လင့်ဘဲ ရုတ်တရက် ကေယာမသ် ဖြစ်မည်။ ဤသည် သိပ္ပံခေတ်ရောက်ရှိမှ လူသားများထင်ထင်ရှားရှား သိရှိကြသော ကမ္ဘာ ကြီးတွင် အ ချို့အစိတ်အပိုင်းတွင် နေ့ ဖြစ်၍ အချို့အစိတ်အပိုင်းတွင် ညဉ့်ဖြစ်သည် ဟူသော အကြောင်းကို ဗျာဒိတ်ထား ခြင်းဖြစ်သည်။ ကုရ်အာန် ၇း၎၊ ၉၇၊ ၉၈။

ကုရ်အာန်တွင် ကေယာမသ်သည် လူသားများ လုံးဝမျှော် လင့်မထားသော ရုတ်တရက် (ဘဂ်ဒသန်) ဟူသောအရဗီဝေါဟာရဖြင့် (၁၃) ကြိမ်သုံးထားပေသည်။ ကုရ်အာန်၆း ၃၁၊ ၄၄၊၄၇။ ၇း၉၅၊၁၈၇။ ၁၂း၁ဝ၇။၂၁း၎ဝ။ ၂၂း၅၅။ ၄၃း၆၆။ ၄၇း၁၈။၂၆း၂ဝ၂။ ၂၉း၅၃။ ၃၉း၅၅။

ကုရ်အာန်တွင် ကိယာမသ်နှင့် စပ်လျဉ်းပြီး ကိုးကွယ်ရာအရှင်မှလွဲ၍ မည်သူ မျှ မသိနိုင် ဟူ၍ ၇း၁၈၆၊၁၈၇။ ၃၁း၃၄။ ၃၃း၆၃။ ၃၄း၂၉ ၃ဝ။  ၄၂း၁၇။ ၄၃း၆၁၊ ၈၅။ ၇၉း၄၂-၄၃။ ၁၆း၇၇ တို့တွင် ပြဌာန်းထားပြီးဖြစ်သည်။ ထိုဖော်ပြပါ ဗျာဒိတ်များအနက် ၇း၁၈၆-၁၈၇။ ၁ဝး၄၈-၄၉ တို့ကို တင်ပြရုံဖြင့် ကိယာမသ် နှင့် စပ်လျင်း၍  တမန်တော်က ကြို တင် ပြောဆို ပိုင်ခွင့်ရှိမရှိကို ကွက်ကွက်ကွင်းကွင်း သိရှိနှိုင်မည်။

၇း၁၈၇။ (အို-တမန်တော်၊ ကိယာ မသ်နှင့် စပ်လျဉ်းပြီး အသင့်အား မေးမြန်းစုံစမ်းလာပါက အသင်ဤသို့ ပြောကြားပါလေ။ ကိယာမသ်နှင့် စပ်လျဉ်း သော အသိတရားသည် ငါ့အားမွေးမြူ ဖန်ဆင်းသော အရှင်တစ်ဦးတည်း ထံ၌သာရှိသည်။ ကိယာမသ်နှင့် စပ်လျဉ်း သော ကိစ္စရပ်ကို ထိုအရှင်မှလွဲ၍ မိုးကောင်းကင်များနှင့် ကမ္ဘာမြေတွင် မည် သူ တစ်ဦး တစ်ယောက်ကမျှ ထင်ရှားစေ နှိုင်မည်မဟုတ်။ ကိယာမသ်သည် အသင်တို့ထံသို့ မည်သည့် (အတိတ်နိမိတ်မျှမရှိဘဲ) ရုတ်တရက်ဆိုက်ရောက် လာ မည်ဖြစ် သည်။ အသင်သည် ကိယာမသ်နှင့် စပ်လျဉ်းပြီး ကောင်းစွာလေ့လာ သိရှိထားမည်ဟု ထင်မှတ်၍ အသင့် အား မေးမြန်းလာပါ က ကိယာမသ်နှင့် စပ်လျဉ်းသော အသိတရားသည် တုနှိုင်းမဲ့ကိုး ကွယ်ရာအရှင် တစ်ဦးတည်း ထံ၌သာ ရှိသည်ဟု အသင်ပြော ကြားပါလေ။ သို့သော်ငြားလည်း များစွာသော သူတို့သည် ထိုအချက်ကို သိနား လည်မှု မရှိကြပေ။

၇း၁၈၈။ (ကိယာမသ်နှင့်စပ်လျဉ်းပြီး အသင့်အားမေးလာပါက ။ ငါ၏အကျိုး ဖြစ်ထွန်းမှုနှင့် ငါ၏ဆုံးရှုံးမှု ဟူသရွေ့တို့ကိုပင် ငါမ ပိုင်။ တုနှိုင်းမဲ့ကိုးကွယ်ရာ အရှင်၏ အလို ကျ သာ ဖြစ်တော်မူ၏။ အကယ်၍သာ ငါသည်အကွယ်ကိုသာ ကြိုတင်သိရှိ ခဲ့ပါလျှင် ငါ့ဘဝတွင် ဆင်းရဲဒုက္ခဟူ၍ ရောက်ရှိလာမည် မဟုတ်ဘဲ ကောင်းကျိုး ချမ်း သာ မှု သာလျှင် ရောက်ရှိ လာပေ မည်။ ငါသည် သက်ဝင်ယုံကြည်သူ များအတွက် သတိပေးနှိုးဆော်သူ တစ်ဦးအဖြစ်နှင့် လည်းကောင်း၊ သတင်း ကောင်း ပေးသူအဖြစ် လည်း ကောင်း ရောက်ရှိလာသူ တစ်ဦးသာဖြစ်သည်ဟု အသင်ဖြေ ကြားလိုက်ပါ။)

မယုံကြည်သူများက ကေယာမသ်နှင့် စပ်လျှင်း၍ မွတ်စလင်မ်ကို မေးမြန်း ခြင်းနှင့် စပ်လျှင်းပြီး ၁ဝး၄၈- ၁ဝး၄၉ တွင်-

(အသင်တို့သည် မှန်ကန်သူများ ဖြစ်ကြပါမူ ကိယာမသ်ဟူသော ချိန်းချက် ထားသည့်နေ့သည် ဘယ်တော့ရောက်ရှိ လာမည်နည်းဟု မေးမြန်းကြ သည်။)

(အသင်ပြောကြားလိုက်။ ငါသည် ပင်လျှင် ငါ၏ဆိုးယုတ်မှုနှင့် အကျိုးဖြစ်ထွန်းမှု ကိုမပိုင် တုနှိုင်းမဲ့ကိုးကွယ် ရာအရှင်၏ အလိုကျဖြစ်သည်။)

ဤသည် ကိယာမသ်နှင့် စပ်လျဉ်းပြီး ဗျာဒိတ်ပေါင်း ၅၉ဝ ကျော်အနက် ဗျာ ဒိတ်လေးပိုဒ်ကို ဖေါ်ပြခြင်းဖြင့် တမန်တော်မုဟမ္မဒ်သည် ကိယာမသ်နှင့် စပ်လျဉ်းပြီး ပြောပိုင်ခွင့် ဟောပိုင်ခွင့် သိရှိ ပိုင်ခွင့် ခန့်မှန်းပိုင်ခွင့်ရှိသည် မရှိသည်ကို ထင်ရှားစွာ မြင်တွေ့ နိုင်မည် ဖြစ်သည်။

ကုရ်အာန်ပါ ကိယာမသ်၏ သဘောသဘာဝ သည်ပင်လျှင် မည်သည့် အတိတ်နိမိတ်မျှ မရှိဘဲ ရုတ်တရက် ဆိုက်ရောက် မည်ဖြစ်သည်။ ထိုကိယာမသ်နှင့် စပ်လျဉ်း၍ တုနှိုင်း မဲ့ ကိုးကွယ်ရာ အရှင်မှလွဲ၍ မိုးကောင်းကင်များနှင့် ကမ္ဘာမြေတွင် မည်သူမျှ မသိ နိုင်ဟူသော အရှင်၏နိယာမ ကိစ္စရပ်နှင့် စပ်လျဉ်းပြီး တမန်တော် မုဟမ္မဒ်သည် မည်ကဲ့သို့ ကြိုတင်နိမိတ် ဖတ်မည်နည်း။ ကိယာမသ်နှင့် စပ်လျဉ်း၍  တုနှိုင်းမဲ့ကိုးကွယ် ရာအရှင်မှလွဲ၍ မည်သူတစ်ဦးတစ် ယောက်ကိုမျှ ပြောပိုင်ခွင့်၊ သိပိုင်ခွင့်၊ ခန့်မှန်းပိုင်ခွင့် ဟူ၍ ပေး ထားခြင်း အလျှင်း မရှိကြောင်းကို အထက်ပါ ဗျာဒိတ်ကို ဖတ်ဖူးသူတိုင်း သိနှိုင်ပေသည်။

တမန်တော်က ကိယာမသ်နှင့် စပ်လျဉ်း၍ ကြိုတင်နိမိတ် ဖတ်ခဲ့သည်ဟု ပြောဆိုခြင်းပင်လျှင် တမန်တော်အား ကုရ်အာန်ပါဥပဒေနှင့် ဆန့်ကျင်သည်ဟု စွပ်စွဲပြောဆိုသကဲ့သို့ ဖြစ်နေပေသည်။ ကုရ်အာန် ၆၉း၄၃-၄၄-၄၅ တို့တွင်၊

(ကုရ်အာန်သည် တုနှိုင်းမဲ့ ကိုး ကွယ်ရာအရှင် ထံမှဖြစ်သည်။ တမန်တော်က ကုရ်အာန်နှင့် ဆန့်ကျင်၍အနည်းငယ် ပြောဆိုခဲ့ပါမူ ငါအရှင်သည် တမန်တော်၏ နှလုံးသွေး ကြောအား ဖြတ်တောက်ပြစ် မည်ဟုမိန့်ဆိုထား ခြင်းဖြင့် တမန်တော်က ကုရ်အာန်နှင့် ဆန့်ကျင်သော မည်သည့်စကားကိုမျှ ပြောဆိုခဲ့ခြင်းအလျှင်းမရှိ ခဲ့ကြောင်းကို တု နှိုင်း မဲ့ကိုးကွယ်ရာအရှင်က အာမခံ ထားပြီးဖြစ်သည်။

ထိုကဲ့သို့ ကျမ်းမြတ်ကုရ်အာန်နှင့် ဖီလာဆန့်ကျင်နေသော အယူဝါဒများသည် အစ္စလာမ့် ဥပဒေများအဖြစ် ခေတ်အဆက်ဆက် ပူးကပ်စိမ့်ဝင်လာခဲ့သည်။ ထိုကျမ်းမြတ် ကုရ် အာန်နှင့် ဆန့်ကျင် သော အယူဝါဒများသည် သာမန်မွတ်စလင်မ်များ အတွင်း တွင်မက မွတ်စလင်မ်များ၏ ရှေ့ဆောင် ဆရာတော်ကြီးများ ၏ နှစ်လုံးသည်းပွတ်များ အ တွင်း သို့ပင် အစ္စလာမ့်ယုံကြည်မှု ဥပဒေများအဖြစ် ခေတ်အဆက်ဆက် အခြေခိုင်စွာ နေ ရာယူထား ပြီးဖြစ်သည်။ ထိုသို့သော အကြောင်းများကြောင့် ယနေ့ ခေတ် တွင် ကျမ်း မြတ်ကုရ်အာန်ကို လေ့လာလိုက် စားသော ဆရာတော်ကြီးများ ပင်လျှင်မရှိတော့ပါဟု ဆိုရတော့မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သာမန်မွတ် စလင်မ် တစ်ဦး သည်ပင်လျှင် ကျမ်းမြတ်ကုရ်အာန်ကို မိမိနားလည်သော ဘာသာစာပေဖြင့် တစ်ခါဘူးလောက် ဖတ် ကြည့်မည် ဆိုပါက တမန်တော်မြတ်သည် ကေယာမသ်နှင့် စပ်လျှင်း၍ ကြိုတင်ပြောပိုင်ခွင့် ကြိုတင်ခန့်မှန်းပိုင်ခွင့် ဟူ၍ လုံးဝမရှိကြောင်းကို ထင်ရှားစွာတွေ့ရှိ နှိုင်မည်ဖြစ်သည်။

ကုရ်အာန်တွင် ဖေါ်ပြထားသော တမန်တော်သည် သာမန်လူသား များကဲ့သို့ မည်သည့် ကိစ္စကိုမျှ မိမိ၏ ထင်မြင်ယူဆချက် အရပြောဆိုခြင်း ပြုလုပ်ကျင့်ကြံ ခဲ့ခြင်းဟူ၍ အ လျှင်းမရှိခဲ့ပေ။ ထိုကဲ့သို့ ပြောဆိုခွင့် ပြုပိုင်ခွင့်လည်း မရှိပေ။ တမန်တော်သည် သာ မန် စားသုံးဖွယ်ရာကိုပင် နောင်မစားတော့ ပါဟုပြော ပိုင်ခွင့် မရှိကြောင်းကို -ကုရ် အာန်  ၆၆း၁ တွင်-

(အိုတမန်တော် အသင်သည် မည် သည့်အကြောင်းကြောင့် ငါအရှင်က အသင့်အတွက် စားခွင့်ပြုထားသော အရာကိုအသင့် ဇနီးများ၏ အလိုကျတား မြစ်ပိတ်ပင်မှု ပြုရသ နည်း) ဟူ၍ ချက်ချင်း ဗျာဒိတ်ချ၍ သတိပေးခဲ့သည်။ အလားတူ ကုရ်အာန် ၁၈း၂၃-၂၄ တွင်-

(အသင်သည် (အင်ရှာအလ္လာဟ်) အရှင်အလိုတူလျှင်ဟု မဆိုဘဲနှင့် နက်ဖြန်ပြုလုပ်မည် ဟူ၍ ဘယ်သောအခါမျှ မပြောဆိုလေနှင့်) ဟုတားမြစ်ထားသည်။ ထိုဗျာဒိတ် နှစ်ခု နှင့်ပင် တမန်တော်သည် လူသားသဘာဝ အနည်းငယ်မေ့မှား ပြောဆိုမိ သည် ကို ပင် ချက် ချင်းသတိပေး ဗျာဒိတ်ချပေးခဲ့သည်။

ကုရ်အာန်တွင် ကေယာမသ်နှင့် စပ်လျှင်း၍ တုနှိုင်းမဲ့ကိုးကွယ်ရာ အရှင်မှလွဲ ၍ မည်သူမျှ မသိနှိုင်ကြောင်းကို တမန်တော်၏ နှုပ်ဖြင့်ကျေညာခိုင်း ခြင်းဖြစ်သည်။ ထိုကဲ့သို့ ကျေညာခိုင်းရာ၌ လည်း တစ်ကြိမ်တစ်ခါတည်း မဟုတ်ပေ အကြိမ်ပေါင်း ငါးရာ ကျော်ဖြစ်သည်။ သို့ပါလျှက် ကုရ်အာန်၏ အခြေခံဥပ ဒေနှင့် တက်တက်စင် လွဲမှားနေသော အယူဝါဒများကို တမန်တော်က ပြောဆိုခဲ့ပါသည်ဟု ဆိုခြင်းသည် မွတ်စလင်မ် များ အတွင်းကုရ်အာန်ကို အဓိပ္ပါယ်ဖြင့် နားလည်သဘောပေါက်စွာ ဖတ်သူများပင် မရှိတော့ ပါဟု ရိုးသားစွာဆိုရ တော့မည်ဖြစ်သည်။ ကုရ်အာန် ၂၅း၁ တွင်-

(ထိုအရှင်သည် (ဖုရ်ကာန်) အမှားနှင့်အမှန်ကို ခွဲခြားနှူိင်ရန် မှတ်ကျောက်အဖြစ် ကျမ်းမြတ်ကုရ်အာန်ကို မိမိ၏ကျေးကျွန်အပေါ်သို့ ချပေးခဲ့ခြင်းမှာ စကြ၀ဋ္ဌာတစ်ခု လုံးအ တွက် သတင်းကောင်းဖြစ်ပေသည်)

အစ္စလာမ်သာသနာ အတွင်းသို့ ၀င်ရာက်ပူးကပ်လာသော အယူဝါဒ ဟူသ၍ တို့ကို ကုရ်အာန်၏ စံချိန်စံညွှန်းဖြင့် စမ်းစစ်ရမည်မှာ မွတ်စလင်မ်များ အတွက်တာဝန် တစ်ရပ် ဖြစ်သည်။ သာပို၍ တာ ၀န်ရှိသူများမှာ မွတ်စလင်မ်အများစုကို ဦးဆောင်သော ဆရာတော်ကြီးများဖြစ်သည်။ အစ္စလာမ်သာသနာ အတွင်းသို့ ကုရ်အာန်နှင့် ဆန့်ကျင် သော အခြားအယူဝါဒ များကိုလည်း ဆက်လက်ဖေါ်ပြ၍ ကျမ်းမြတ်ကုရ်အာန်၏ စံချိန်စံညွှန်း မှတ်ကျောက်ဖြင့် ယှဉ်တွဲ ဖေါ်ပြပါဦးမည်။

အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။

ဦးစိုးလွင် (ငြိမ်းချမ်းလျှပ်စစ်)

No Comments Yet


There are no comments yet. You could be the first!

Write comment

Please read this note before your write comment.


Quranic Study Group
Los Angeles, California, USA
© 2005 - 2010 QuranInBurmese.com All Rights Reserved
Security & Design by
COMREZ Computer
Click here to download Zawgyi Font
Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976
Quran 38:29
Quran 26:24
Quran 3:138
Quran 6:153