အစ္စလာမ့်ရေစီးကြောင်းမှ တာတမံ ခုလုတ်ကသင်းများ(၁၁)
ကယ်တင်ရှင်မလိုအပ်သော အစ္စလာမ်သာသနာ
တမန်တော်သည် ကုရ်အာန်နှင့်ဆန့်ကျင်သော စကားကိုပြောဆိုခဲ့ခြင်းမရှိကြောင်း ကုရ် အာန်က၆၉း၄၃-၄၄-၄၅တို့တွင်၊အာမခံချက်အပြည့်အ၀ပေးထားပြီးဖြစ်သည်။တမန်တော် သည် ကုရ် အာန်ပါ အခြေခံ ဥပဒေနှင့် စိုးစင်းမျှ လိုတိုးပိုလျှော့ ပြုပိုင်ခွင့် ပြောပိုင်ခွင့် မရှိကြောင်းကို ကျမ်း မြတ်ကုရ်အာန် ၁၀း၁၅ တစ်ခုတည်းကို လေ့လာခြင်း ဖြင့် သိ ရှိနှိုင်ပေသည်။
وَإِذَا تُتْلَىٰ عَلَيْهِمْ آيَاتُنَا بَيِّنَاتٍ ۙ قَالَ الَّذِينَ لَا يَرْجُونَ لِقَاءَنَا ائْتِ بِقُرْآنٍ غَيْرِ هَٰذَا أَوْ بَدِّلْهُ ۚ قُلْ مَا يَكُونُ لِي أَنْ أُبَدِّلَهُ مِن تِلْقَاءِ نَفْسِي ۖ إِنْ أَتَّبِعُ إِلَّا مَا يُوحَىٰ إِلَيَّ ۖ إِنِّي أَخَافُ إِنْ عَصَيْتُ رَبِّي عَذَابَ يَوْمٍ عَظِيمٍ
And when Our verses are recited to them as clear evidences, those who do not expect the meeting with Us say, “Bring us a Qur’an other than this or change it.” Say, [O Muhammad], “It is not for me to change it on my own accord. I only follow what is revealed to me. Indeed I fear, if I should disobey my Lord, the punishment of a tremendous Day.”
(၄င်းတို့အပေါ်ဝယ် ငါအရှင်၏ထင်ရှားသော ဗျာဒိတ်များကို ဖတ်ကြားခြင်းခံရသောအခါ ငါအရှင်နှင့် တွေ့ဆုံရမည်ကို မျှော်လင့်မထားသူများက ကုရ်အာန်ကလွဲ၍ အခြား ကျမ်းတစ်ဆောင် (သို့မဟုတ်) ကုရ်အာန်ပါ ဥပဒေများမှ အချို့ကိုပြုပြင်ပြောင်းလဲ ပေးရန်တောင်းဆိုခဲ့ကြ၏။(တမန်တော်) အသင် ဤ သို့ပြောကြားပါလေ ငါသည်ငါ့ ဆန္ဒ အလျှောက် ကုရ်အာန်ပါဥပဒေ များ ကို ပြုပြင်ပြောင်းလဲ ပိုင်ခွင့်မရှိ ပေ။ ငါကိုယ်တိုင်သည်ပင်လျှင် ကုရ်အာန်၏အမိန့်အတိုင်း အမိန့်နာခံရသူဖြစ်သည်။ ဧကန်ငါသည် ငါ့ အရှင့်အမိန့်ကို မနာခံပါက ကြီးကျယ်သော တရားစီ ရင် မည့်နေ့၏ ပြစ်ဒဏ်ကို ငါကြောက်ရွံ့တော် မူ၏ဟူ၍ ပြောကြားပါလေ။)
ထိုဗျာဒိတ်သည် သာမန်မွတ်စလင်မ် တစ်ဦးသည်ပင်လျှင် မိမိတတ်သိသော စာပေဖြင့်တစ် ခါဖတ်ရုံ နှင့်ပင်တမန်တော်သည်ကုရ်အာန်၏မူဝါဒလမ်းစဉ်နှင့် မြူမှုံမျှတိမ်းစောင်းသော ပြော ဆို ကျင့်ကြံခဲ့ခြင်း အလျှင်းမရှိကြောင်းကို အချိန်အနည်းငယ်အတွင်းသိရှိ သွားမည်ဖြစ် သည်။ သို့ပါလျှက် ကျမ်းမြတ်ကုရ်အာန်၏ အခြေခံဥပဒေများနှင့်ဆန့်ကျင်သော မူဝါဒများ သည် အစ္စလာမ် သာသနာအတွင်းသို့ တမန်တော်က ပြုလုပ်ပြောဆိုခဲ့သည့် အသွင်ဖြင့် အစ္စလာမ့်ဥပဒေများအဖြစ် ၀င်ရောက်နေရာယူ ထားပြီးဖြစ်သည်။ ထိုကဲ့သို့ ဖြစ်ရသော အကြောင်းရင်းများစွာအနက် အဓိကအချက်နှစ်ချက်မှာ- =- –
(၁) မွတ်စလင်မ်များကို ဦးဆောင်သော ဆရာတော်ကြီးများသည် မိမိတို့၏ကျောင်း မိမိ တို့၏ဂိုဏ်း မိမိတို့၏ဆရာများ၏ လူရေးကျမ်းမူဝါဒလမ်းစဉ်များကို လက်ခံရာ၌ကုရ်အာန် ၏ စံချိန်စံ ညွှန်းများဖြင့် စမ်းစစ်မှုမရှိဘဲ လုံးဝဥဿုံ ပြီးပြည့်စုံသော ဘဝလမ်းညွှန် ဥပဒေ များအဖြစ် လှေနံဒါးထစ် စွဲကိုင်ထား ကြသောကြောင့်ဖြစ်သည်။
(၂) ထိုရှေ့ဆောင်ဆရာတော် ကြီးများသည် (ကုရ်အာန်၂၅း၁)ပါ ကုရ်အာန်သည် အရာခပ် သိမ်းကို စမ်းစစ်ရသော (ဖုရ်ကာန်) မှတ်ကျေက် ဖြစ်သည်ကိုပင် မသိရှိတော့ဘဲကုရ်အာန် ပါ ဥပဒေ များကိုပင် ၄င်းတို့၏ ကျောင်းတော်ဝါဒ လူရေးကျမ်းများဖြင့် စမ်းစစ်လက်ခံလာ ကြသော အလေ့အထများ ကြောင့် ဖြစ်သည်။
ကုရ်အာန်သည် လူသားတစ်ရပ်လုံးအတွက် ဘဝလမ်းညွှန်ဖြစ်ရုံမက စကြဝဠာတစ်ခု လုံးဆိုင်ရာ ဖွင့်ဆိုချက်ကျမ်းကြီးလည်းဖြစ်သည်(၁၆း၈၉)။ ထိုကျမ်းပါ တည်ရှိနေသော နိယာမများ သည် ခေတ်ကာလနှင့် လူသားတို့၏ ဖွံ့ဖြိုးတိုးတက်လာသည့် အချိန်အခါနှင့် အခြေအနေပေါ်တွင် မူတည်၍သာ သိရှိနှိုင်သော စကြဝဠာဆိုင်ရာ စွယ်စုံကျမ်း ကြီးဖြစ် သည်။ထိုကဲ့သို့ကမ္ဘာကြီး ၏ နောက်ဆုံးနေ့တိုင် လူသား တစ်ရပ်လုံးကို ပြီးပြည့်စုံစွာ အ ဖက်ဖက်မှ အလုံးစုံလမ်းညွှန် ကျမ်းကြီးကို တုနှိုင်းမဲ့ကိုးကွယ်ရာအရှင် ကိုယ်တိုင်က ‘၏ သည်’မရွေ့ တည်ရှိနေရန် ထိန်းသိမ်း ထားမည် ဖြစ်သည်၁၅း၉။
ထိုကဲ့သို့ ကမ္ဘာကြီးတည်ရှိနေသရွေ့ လူသားတစ်ရပ်လုံး အတွက် အဖက်ဖက်မှ ပြီးပြည့်စုံ စွာလမ်းညွှန်လျက်ရှိသော စွယ်စုံကျမ်းကြီး ရှိနေသောကြောင့် မည်သည့်နဗီတမန်တော် များနှင့် မည် သည့်လူသား ကယ်တင်ရှင်မျှ မလိုအပ်တော့ကြောင်း။ တမန်တော်မုဟမ္မဒ် (ဆွလလ္လာဟုအလိုက်ဟိ ၀ဆလ္လာမ်))သည်နောက် ဆုံးးတမန်တော်ဖြစ်သည်။ကုရ်အာန် ၃၃း၎ဝ တွင် အတိအ လင်း ပြဋ္ဌာန်းထားသည်။
مَّا كَانَ مُحَمَّدٌ أَبَا أَحَدٍ مِّن رِّجَالِكُمْ وَلَٰكِن رَّسُولَ اللَّهِ وَخَاتَمَ النَّبِيِّينَ ۗ وَكَانَ اللَّهُ بِكُلِّ شَيْءٍ عَلِيمًا
Muhammad is not the father of [any] one of your men, but [he is] the Messenger of Allah and last of the prophets. And ever is Allah , of all things, Knowing.
(တမန်တော် မုဟမ္မဒ်သည် တမန်တော်များ ပွင့်ခြင်းကို အဆုံးသတ်စေသော နောက်ဆုံးတ မန်တော် ဖြစ်သည်။)
တမန်တော်မုဟမ္မဒ်(ဆွ) အပါအဝင် ပွင့်ပေါ်ခဲ့ပြီးသော တမန်တော်အပေါင်းနှင့်စပ်လျှင်း၍ ကုရ် အာန် ၃း၁၄၄တွင်-
وَمَا مُحَمَّدٌ إِلَّا رَسُولٌ قَدْ خَلَتْ مِن قَبْلِهِ الرُّسُلُ ۚ أَفَإِن مَّاتَ أَوْ قُتِلَ انقَلَبْتُمْ عَلَىٰ أَعْقَابِكُمْ ۚ وَمَن يَنقَلِبْ عَلَىٰ عَقِبَيْهِ
Muhammad is not but a messenger. messengers have passed on before him. So if he was to die or be killed, would you turn back on your heels [to unbelief]?
(မုဟမ္မဒ်သည် လူသားတမန်တော် တစ်ပါးသာဖြစ်သည်။ ၄င်း၏အလျင်ပွင့်ခဲ့သော တမန်တော်အပေါင်းသည် ကွယ်လွန်ခဲ့ကြပြီးဖြစ်သည်။ မုဟမ္မဒ်သည် သေဆုံးသည်ဖြစ်စေ၊ သို့မဟုတ် အသတ်ခံရ သည်ဖြစ်စေ အသင်တို့သည်နောက်ကြောင်းသို့ ပြန်လှည့်ကြမည့်သူများ ဖြစ်ြကမည်လောဟူသည့်)
နောက်ဆုံးတမန်တော် ဖြစ်သော တမန်တော်မုဟမ္မဒ်သည်လည်း သေဆုံးမည်ဖြစ်သည်။ တမန်တော် အလျှင်ပွင့်ပြီးခဲ့သောလူသား တမန်တော်များသည်လည်း သေဆုံးပြီး ဖြစ် သည်ဟု ထို ဗျာဒိတ်က အတိအတိအလင်း ကျေညာခြင်းဖြစ်သည်။ဆက်လက်၍ ကုရ် အာန် ၂၁း၈ တွင်-
وَمَا جَعَلْنَاهُمْ جَسَدًا لَّا يَأْكُلُونَ الطَّعَامَ وَمَا كَانُوا خَالِدِينَ
And We did not make the prophets forms not eating food, nor were they immortal [on earth].
(ငါအရှင်သည် မည်သည့်နဗီ တမန်တော်များကိုမျှ အဟာရစားသုံးမှီဝဲမှု မရှိဘဲရှင်သန်နှိုင်သော ခန္ဓာ များအဖြစ် ဖန်ဆင်းခဲ့ခြင်း မရှိသကဲ့သို့ပင်၊ ၄င်းတို့အား ထာဝရရှင် သန် နှိုင် သူများအဖြစ် နှင့်လည်း ဖန် ဆင်းခဲ့ခြင်း မရှိခဲ့ပေ။)
ထိုဗျာဒိတ်နှစ်ခုသည် မွတ်စလင်မ်များ အပါအ၀င် လူသားတစ်ရပ် လုံးအတွက် အဓိကကျသော အ ချက်ကို ထောက်ပြထားခြင်း်ဖြစ်သည်။
အေဒီ၆၁ဝတွင် ကုရ်အာန်စတင် ကျရောက်ရောက်ခဲ့သည်။ ထိုခေတ်မတိုင်ခင်အလျှင်ရှိ ခဲ့ကြသောသာသနာများအနက်များစွာသော သာသနာဝင်များသည်၎င်းတို့၏ တမန်တော် များကို ဘု ရားသခင်၏သားအဖြစ် လည်ကောင်း၊ ဘုရားသခင်ကိုယ်တိုင်က ဝင်စား၍လူ သားအဖြစ် ရောက်ရှိလာသော ဘုရားသခင်၏ ဝိညဉ်တော်များဟူ၍ ကိုးကွယ်ခဲ့ကြသည်။ ထိုအယူဝါဒ များ သည် အစ္ပ္စလာမ်သာသနာနှင့် မည်သို့မျှ ပါတ်သက်မှု မရှိကြောင်း ဖေါ်ပြ ထားသော အာယသ်များဖြစ်သည်။
နဗီတမန်တော် တစ်ပါးပါးဖြစ်စေ၊ လူသားကယ်တင်ရှင်တစ်ဦးဦးဖြစ်စေ ရောက်ရှိလာဦး မည်ဟု တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းနှင့်ဖြစ်စေ စ့စေ့တွေးမှရေးရးပေါ်လာနှိုင် သည့်ဖော်ပြ ထား ခြင်းမျိုး ကုရ်အာန်တွင် အလျှင်းပါဝင်ခြင်း မရှိပေ။
ကုရ်အာန်သည် နောက်ဆုံးကျမ်း ဖြစ်သည့်အားလျှော်စွာ ရှေးယခင်ကျမ်းဂန် ရများနည်း တူ လူသားတမန်တော်များကို ကိုးကွယ်သည့် ဝါဒများထပ်မံ မပေါ်ပေါက်ရန်အတွက် အ ထက်ပါ ဗျာ ဒိတ်ကို ချပေးခဲ့ ခြင်းဖြစ်သည်။
ကုရ်အာန် ၂၁း၃၄-၃၅ တွင်ဆက်လက်၍-
وَمَا جَعَلْنَا لِبَشَرٍ مِّن قَبْلِكَ الْخُلْدَ ۖ أَفَإِن مِّتَّ فَهُمُ الْخَالِدُونَ
And We did not grant to any man before you eternity [on earth]; so if you die – would they be eternal?
(ငါအရှင်သည် အသင့်အလျှင်ရှိခဲ့ကြသော မည်သည့်လူသား တစ်ဦးတစ်ယောက်ကိုမျှ ထာဝရရှင်သန်နှိုင်သော သူများအဖြစ် ဖန်ဆင်းခဲ့ခြင်း အလျှင်းမရှိခဲ့ပေ၊ အသင်သည်ပင်လျှင် သေ ဆုံးရမည်ဖြစ် ပါလျှက် ၄င်းတို့က ထာဝရရှင်သန် သူများဖြစ်ကြ ဦးမည်လော။) ဟူ၍ဖေါ်ပြထားသည်။
တမန်တော် မုဟမ္မဒ်အလျှင်ပွင့်ပေါ်ခဲ့သော တမန်တော် အားလုံးသည် သက်ဆိုင်ရာ လူမျိုးးစုများနှင့် နယ်ပယ်ဒေသများ အတွက်သာပွင့် ခဲ့ခြင်းဖြစ်သည်။
တမန်တော် မုဟမ္မဒ်သည် စကြဝဠာ အနန္တ အတွက် နောက်ဆုံးပွင့်သော တမန်တော်ဖြစ်သည်။
၎င်း၏ နောက်ပိုင်းမည်သည့် တမန်တော်မျှ ပွင့်ရန်မရှိတော့ပေ။ ထိုကဲ့သို့ပင် ၄င်းထံသို့ ဗျာဒိတ် အဖြစ်ချပေးခဲ့သော ကျမ်းမြတ်ကုရ်အာန်မှာလည်း (ဇစ်ကရွန်လိလ်အာလမီးန်) စကြဝဠာ ဆိုင် ရာလူသားတိုင်းအတွက် နောက်ဆုံးဗျာဒိတ် လမ်းညွှန်ကြီးဖြစ်သည်။ ထို ကျမ်းကြီး၏နောက်ပိုင်း ကမ္ဘာကြီးတည်ရှိနေသ၍ မည်သည့်လမ်းညွှန်ကျမ်းမျှ ချပေးတော့ မည် မဟုတ်ကြောင်း ကုရ် အာန်တွင် ပြဌာန်း ထားပြီးဖြစ်သည်။
ထိုသို့သော အကြောင်းများကြောင့် ကုရ်အာန် ၂၁း၃၄တွင် စကြဝဠာအနန္တအတွက်နောက် ဆုံးပွင့်သော တမန်တော်မုဟမ္မဒ်သည်ပင်လျှင် သေဆုံးမည် ဖြစ်ပါလျှက်။၎င်း၏အလျှင် လူမျိုးစုများ နယ်ပယ်များအတွက် ပွင့်ပေါ်ခဲ့သောတမန်တော်များသည် မည်ကဲ့သို့ထာဝရ အသက်ရှင်သန် နေနှိုင်သူများ ဖြစ်မည်နည်းဟုမေးခွန်းထုတ်ထားခြင်း ဖြစ်သည်။
ထိုဗျာဒိတ်၏ အနှစ်သာရမှာ ရှေးကျမ်းများတွင် နောက်ဆုံးတမန်တော်မုဟမ္မဒ် (အရှင် ၏အေးငြိမ်းမှုအပေါင်းခညောင်းပါစေ) ပွင့်မည့်အကြောင်း ပုံစံအမျိုးမျိုးဖြင့် နေရာဒေသ များကိုပါ ဖေါ်ပြ ထားသည်။
မေတ္တာအရာတွင် သူမတူအောင် စွမ်းဆောင်နှိုင်သော တမန်တော်၊ အရှေ့အလယ်ပိုင်း တွင်ပွင့်မည့် မေတ္တာရှင်၊ မြင့်မြတ်သောနယ်မြေကို (ဂုရု)ပေါင်း တစ်သောင်းနှင့်အတူ ကု လားအုတ်စီး၍ သိမ်းပိုက် မည့်သူ၊ ၄င်း၏အမည်သည် (အဟ်မဒ်)(၀ါ) ဖန်ဆင်း ရှင်ကို အ ချီးကျူးဆုံးသောသူ၊ ဟူ၍ရှေးကျမ်းများ တွင်ကြိုတွင်ဖေါ်ပြထားပြီးဖြစ်သည်။
မည်သို့ပင်ဆိုစေ အစ္စလာမ်သာသနာဝင် မွတ်စလင်မ်များအဖို့ အခြေခံဥပဒေဖြစ်သော ကျမ်းမြတ်ကုရ် အာန်အရ တမန်တော်မုဟမ္မဒ် (အရှင်၏ အေးငြိမ်းမှုအပေါင်းခညောင်း ပါစေ) ၏နောက် ပိုင်းမည်သည့် တမန်တော် မည်သည့်ကယ်တင်ရှင်မျှ ရောက်ရှိလာ ဦးမည် ဟု ဆိုထားခြင်းအလျှင်းမရှိပေ။ လာရောက် ရန်လည်းအကြောင်း မရှိတော့ပေ။
နောက် ဆုံးတမန်တော် သက်တော်ထင်ရှား ရှိစဉ်ကပင် ကုရ်အာန် ၅း၃အရ အစ္စလာမ် သာ သနာသည် ပြီးပြည့်စုံပြီး ဖြစ်သည်။ ထိုအခြေခံဥပဒေ ကုရ်အာန်က တမန်တော်သည် နောက် ဆုံး တမန်တော်ဖြစ်သည်။ တမန်တော် ၏ နောက်ပိုင်းမည်သည့် တမန်တော် မျှ ရောက်ရှိလာတော့မည် မဟုတ်ဟူ၍ ဆိုထားပြီးဖြစ်သည်။ ကုရ်အာန်ပါ ဤအချက်ကို မည်သည့် အဆိုမည်သည့် အယူဝါဒများနှင့်မျှ အထောက်အထား အကိုးအကားပြု၍ ပယ် ဖျက်၍မရနှိုင်ပေ။ အဘယ် ကြောင့်ဆိုသော် ကုရ်အာန်သည် အရာခတ်သိမ်း၏ မှတ်ကျောက်ဖြစ်သည်။
သေဆုံးပြီးသူများ ဤလောကသို့ ပြန်မလာနှိုင်။
သမိုင်းကျမ်းများ အဆိုအရ မဲဟ်ဒီ(သို့မဟုတ်) တမန်တော်မုဟမ္မဒ်က မဲဟ်ဒီအဖြစ် ပြန် လည်ရောက်ရလာခြင်း၊ တမန်တော်အလျှင်က ပွင့်ပေါ်ပြီးခဲ့သော တမန်တော်များပြန် လည်ရောက် လာခြင်း၊အချို့ တ မန်တော်များသည် (အဗ်ဗေဟယားသ်) ခေါ် ထာဝရ ရှင် သန် နေနှိုင်သောရေကို သောက်သုံး ခြင်းဖြင့် ရှင်သန်လျှက်ရှိနေခြင်း၊ သေဆုံးသူများ ကို အသုပပို့၍ ပြန် လာရာ ၌ ချေလှမ်းလေးဆယ် ပြည့်လျှင်သေဆုံးသူသည် စစ်ဆေးမေးမြန်းခံရန် အတွက်ပြန်လည်ရှင်ခြင်း၊ ဟူသော အဆိုများစွာပါဝင်သည်။
ကုရ်အာန်၏ အခြေခံဥပဒေတွင် သေဆုံးပြီးဖြစ်သော မည်သည့် တမန်တော်ဖြစ်စေ မည်သည့် လူသားဖြစ်စေ ဤလောကသို့ ပြန်လည်မရောက်ရှိနိုင်ပေ။ကုရ်အာန် ၂၁း၉၅ တွင်-
وَحَرَامٌ عَلَىٰ قَرْيَةٍ أَهْلَكْنَاهَا أَنَّهُمْ لَا يَرْجِعُونَ
And there is prohibition upon [the people of] a city which We have destroyed that they will [ever] return
(ငါအရှင်ဖျက်ဆီးခဲ့သည့် မြို့ရွာသားတို့သည် ဤလောကသို့ ပြန်လာခြင်းကို ဟရမ်ဟူ၍ တားမြစ်ပိတ် ပင် ထားပြီးဖြစ် သည်။) ဟူ၍ လည်းကောင်း၊ ကုရ်အာန် ၂း၂၈။ ၂၂း၆၆ ။ ၄ဝး၁၁။ တို့တွင်-
كَيْفَ تَكْفُرُونَ بِاللَّهِ وَكُنتُمْ أَمْوَاتًا فَأَحْيَاكُمْ ۖ ثُمَّ يُمِيتُكُمْ ثُمَّ يُحْيِيكُمْ ثُمَّ إِلَيْهِ تُرْجَعُونَ
How can you disbelieve in Allah when you were lifeless and He brought you to life; then He will cause you to die, then He will bring you [back] to life, and then to Him you will be returned.
(အသင်တို့သည် မည်သို့သော အကြောင်းများကြောင့် တုနှိုင်းမဲ့ ကိုးကွယ်ရာအရှင်၏ အမိန့်များကို ငြင်းပယ်ခဲ့ကြ သူများ ဖြစ်ကြရသနည်း။ အမှန်အားဖြင့် အသင်တို့သည် (ရှေးဦး မဆွက) အဝိညာဏက သက်မဲ့ဘဝ၌သာ ရှိခဲ့ကြသည်။ အသင်တို့အား သဝိညာဏက သက်ရှိဘဝသို့ ငါအရှင် ပို့ဆောင်ခဲ့၏။ တစ်ဖန် ထိုအရှင်သည် သင်တို့အား သေစေတော်မူဦး မည်ဖြစ် သည်။ သေစေတော်မူပြီးနောက် ထိုအ ရှင်သည် အသင်တို့အား တစ်ဖန် ရှင်ပြန်ထစေဦးမည် ထို့နောက် အသင်တို့သည် ပြုကျင့်ခဲ့ကြသည့် ကောင်း မှု မကောင်းမှုတို့နှင့် လျော်ညီစွာ ထိုက် တန်သောအကျိုးများးကို ခံစား ကြရန် အတွက် ငါအ ရှင့်ထံတော်သို့ ပြန်လည်ရောက်ရှိ ကြဦးမည်ဖြစ်သည်။)
ကုရ်အာန်၏ အခြေခံဥပဒေတွင် တုနှိုင်းမဲ့ ကိုးကွယ်ရာအရှင်သည် လူသားကို နတ္တိဘာဝ မရှိခြင်းတည်း ဟူသော ဘဝမှ အတ္တိဘာဝ ရှိခြင်းတည်းသော ဘဝသို့ပို့ဆောင် ခဲ့ သည်ဟု ဆိုသည်။ လူသားသည် မ ဖန်ဆင်းခင်အလျင် သက်မဲ့ဘဝတွင် ရှိ၍ ဖန်ဆင်းရှင်က သက်ရှိဘဝသို့ ပို့ပေးခဲ့သည်။ ထို့နောက် သေဆုံးကြမည်။ ထို့နောက် ကိယာ မသ်နေ့တွင် ပြန်လည် ရှင်သန်ကြ ရမည်။ ဤသည် ရှင်ခြင်းနှစ်ရပ် နှင့် သေခြင်းနှစ်ရပ်ဖြစ်သည်။
အထက်ပါအကြောင်းအရာကိုပင် ကျမ်းမြတ်ကုရ်အာန်၏ (၄၀း၁၁)တွင် ထပ်ပံဖေါ်ပြထား ပုံကို လေ့လာမည်ဆိုပါက လူသားသည်သေခြင်းနှစ်ရပ်နှင့် ရှင်ခြင်းနှစ်ရပ်ဟူသောအ ချက်ကို မည် သည့် နည်းနှင့်မျှငြင်းဆို၍မရနှိုင်ကြောင်းကို ပီပြင်စွာသိနားလည်နှိုင် မည်ဖြစ် သည်။
قَالُوا رَبَّنَا أَمَتَّنَا اثْنَتَيْنِ وَأَحْيَيْتَنَا اثْنَتَيْنِ فَاعْتَرَفْنَا بِذُنُوبِنَا فَهَلْ إِلَىٰ خُرُوجٍ مِّن سَبِيلٍ
They will say, “Our Lord, You made us lifeless twice and gave us life twice, and we have confessed our sins. So is there to an exit any way?”
(ထိုရောအခါဝယ်)၎င်းတို့သည် (ဤသို့)လျှောက်ထားပန်ကြားကြပေမည်။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့ အား နှစ်ကြိမ် တိုင်တိုင် သူသေများအဖြစ်နှင့်ထားရှိ တော်မူခဲ့ပါသည်။ ထိုနည်းတူစွာ အရှင်မြတ်သည် နှစ်ကြိမ်တိုင်တိုင်ကျွန်တော်မျိုးတို့အား အသက်ရှင်စေတော်မူခဲ့ပါသည်။ ယခုသော်ကား ကျွန်တော်မျိုး သည် မိမိတို့၏အပြစ်များကို ၀န်ခံကြပါပြီ။ သို့ဖြစ်ပါ၍ (ဤဒုက္ခမှ)လွတ်မြောက်ရန် နည်းလမ်းတစ်စုံတစ်ရာ ရှိပါ၏လော။
ကုရ်အာန်၏ ဥပဒေသများသည် လွယ်ကူသည်ရှင်းလင်းသည် တိကျခိုင်မာ ပြတ်သား သည်။ လူတိုင်းနားလည်နှိုင်သော ဝေါဟာရများ ဖြင့်ဖွဲ့စည်း တည်ဆောက်ထား သည်။ ရှေ့နောက်မညီမှု ရှတ်ထွေးမှု ပဟေဠိဆန်မှု မတိမကျ မရေမရာသော ဖေါ်ပြမှု များ ကင်းသော ဥပဒေ သများဖြစ်သည်။
ဒဿနပညာရှင်ကြီး တစ်ဦးမှ သာမန်နွားကျောင်းသားလေး တစ်ဦးအထိ တူညီသော အသိတရားကို ပေးဝေသည်။ သို့သော်ငြားလည်း ကုရ်အာန်ကို ချဉ်းကပ်ရာ၌ ကုရ်အာန် ၏ လမ်းညွှန် ချက်နှင့် ကိုက်ညီ မှသာ ကုရ်အာန်ကပေးသော အသိတရားကို ရရှိနှိုင် မည်ဖြစ်သည်။ ကုရ်အာန်ကို ချဉ်းကပ် ရာ၌ မည် ကဲ့သို့ ချဉ်းကပ်ရမည်ကို ကုရ်အာန်၅၆း၇၉ တွင် လမ်းညွှန်ထားသည်။
(ကုရ်အာန်သည် အဖြူထည်သက်သက် ဖြစ်သူတို့မှအပ အခြားသူများ အတွက်အာနိသင် ရှိမည်မ ဟုတ်ပေ။)
အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။
ဦးစိုးလွင် (ငြိမ်းချမ်းလျှပ်စစ်)















No Comments Yet
There are no comments yet. You could be the first!
Write comment