အစ္စလာမ့်ရေစီးကြောင်းမှ တာတမံ ခုလုတ်ကသင်းများ(၁၂)

ကုရ်အာန်ပါ(တွလားက်) နှင့်လူရေးကျမ်းပါ (တွလားက်)

ကျမ်းမြတ်ကုရ်အာန်တွင် လင်နှင့်မယား ပြတ်စဲမှုှုှု ဥပဒေကို (စူရာတွလာက်)ဟူ၍ ကုရ်အာန် ပါ ကဏ္ဍ ၁၁၄-ခု အနက် သီးခြားကဏ္ဍတစ်ရပ် ပြဌာန်း ထားပြီးဖြစ်သည်။ ထိုဥပဒေ၌၊ လင်ခန်း မယား ခန်း ပြတ်စဲ ရာ၌ အဓိကလိုက်နာ ကျင့်သုံးရမည့် ဥပဒေ(၁၀) ခုကို အခြေခံ ၍ ပြဌာန်းပေသည်။


(၁) လင်နှင့်မယားကွာရှင်းလိုပါကခုံသမာဓိထားရမည်။ ၄း၃၅

(၂)ကွာရှင်းရာ၌ စောင့်ဆိုင်း ကာလ ကိုရေတွက်နိုင်ရန် ရာသီပန်းပွင့်ပြီး သန့်ရှင်းချိန် တွင်ကွာရှင်း ရ မည်။ ၆၅း၁

(၃) တွလာသ်တစ်ကြိမ် ပေးပြီးစောင့်ဆိုင်း ကာလသည် ရာသီပန်းပွင့်သော အမျိုးသမီးများအတွက် ရာသီသုံးခါ ပွင့်သည်အထိ ၂း၂၂၈

(၄) တွလာသ် တစ်ကြိမ် ပေးပြီးစောင့်ဆိုင်း ကာလသည် ရာသီပန်း မပွင့်သော အမျိုးသမီးများ အ တွက်သုံးလထိ ၆၅း၎

(၅) တွလာသ်တစ်ကြိမ် ပေးပြီးစောင့်ဆိုင်းကာလသည် ကိုယ်ဝန်ဆောင် အမျိုးသမီးများအ တွက် ကလေးမွေးပြီးအထိ ၆၅း၎

(၆) ကွာရှင်းပြီး ဇနီးက အိမ်မှဆင်းမသွားရ လင်ယောက်ျားက ဇနီးအားအိမ်မှနှင်မချရ ၆၅း၁


(၇) ထိုကွာရှင်းပြီး စောင့်ဆိုင်းကာလ အတွင်း လင်နှင့်မယား အတူနေရမည်။ အတူေ
န စဉ်ပြန်လည် ပေါင်းနိုင်ရေးကို နှစ်ဦးစလုံးဖန်တီးရမည်။ ထိုကဲ့သို့ဖန်တီးရာ၌ လင်ယောက်ျား တွင်သာပို ၍ အခွင့်အ ရေးရှိသည်။၂း၂၂၈
(၈) ထိုသုံးလ အတူနေစဉ်အတွင်း ပြန်ပေါင်းလိုစိတ် နှစ်ဦးစလုံးတွင် မရှိတော့ပါက ဒုတိယ တွလာသ် ကိုပေးရမည်။ ဒုတိယစောင့်ဆိုင်းကာလ(၃)လ ထပ်မံစောင့်ဆိုင်းရမည်။ စုစုပေါင်း (၆)လအတွင်း ပြန် ပေါင်းလိုပါက ပြန်ပေါ င်းနိုင် သည်။ မပေါင်းလိုတော့ပါက စွန့်လွတ်ရမည် ဖြစ်သည်။ ၂း၂၂၉
(၉) အပြီးစွန့်လွတ်ရန် အတွက်နောက်ဆုံး တွလာသ်ပေး၍ စွန့်လွတ်ရမည်။ ထိုနောက်ဆုံးတွလာသ် ပေးပြီး လင်နှင့်မ ယားစပ်ကြား လုံးဝပြန်ပေါင်း ၍မရနိုင်တော့ပေ။ အကယ်၍ ထိုအမျိုး သမီးအနေ ဖြင့် နောက်အိမ်ထောင်ပြု၍ နောက် အိမ်ထောင်နှင့်ကွဲသွားပါက သို့မဟုတ် ခင်ပွန်းသေဆုံးသွား ပါက နှစ် ဦးသဘော တူပါကပြန်လည်၍ ထိမ်းမြားခွင့် ပြု ရန်ခွင့် ပြုထားသည်။ ၂း၂၃၀
(၁၀) တွလာသ် နှင့်စပ်လျင်း၍ ယောက်ျားနှင့်မိန်းမတို့ နှစ်ဦးစလုံးတို့သည် တူညီသော အခွင့်အရေး များရှိသည်။ ၂း၂၂၉

လင်နှင့်မယား ကွာရှင်းပြတ်စဲမှု နှင့်စပ်လျှင်း၍ ကျမ်းမြတ်ကုရ်အာန်တွင် ဖေါ်ပြပါအချက် (၁၀)ချက် အား အခြေခံဥပဒေ အဖြစ် ပြဌာန်း ထားသည်။ ထိုဥပဒေသည် ကမ္ဘာကြီးတည် ရှိနေ သ ၍ ကေယာမသ် နေ့တိုင် ထာဝရဥပဒေဖြစ်သည်။ ထိုဥ ပဒေသည် တော်ရုံတန်ရုံ ကိစ္စသေးငယ်များ အားဖြင့် လင်နှင့်မယားစပ်ကြားလွယ်ကူစွာ မပြတ်စဲနှိုင်ရန် အထူးစီမံ ထားသော တုနှိုင်မဲ့ ကိုးကွယ်ရာအရှင်၏ မဟာ စီမံကိန်းကြီး ဖြစ်သည်။
ထိုစီမံကိန်းတွင် (ဖတွသ်လေကူးဟွန်းန္န လေအစ်သသ်သေဟင်းန္န) ဟူသော စောင့်ဆိုင်း ကာလကို ရေတွက် နှိုင် သော အချိန်တွင် (တွလားက်) ပေး၍ စောင့်ဆိုင်းကာလကို အတိ အကျ ရေ တွက်ရမည် ဖြစ်သည်။
ကုရ်အာန်ကပြဌာန်းသော (တွလားက်)သည် တွလားက်၏ အရေအတွက်ပေါ်တွင် မူမ တည်ဘဲ စောင့်ဆိုင်းကာလပေါ်တွင် လုံးဝအခြေခံ ပြဌာန်းထားသည်။
ပဌမ(တွလားက်)တစ်ကြိမ်၏စောင့်ဆိုင်းကာလသည် သုံးလဖြစ်သည်။ဒုတိယ(တွလာက်) တစ်ကြိမ်၏ စောင့်ဆိုင်းကာလသည် သုံးလ စုစုပေါင်း(၆) လ ဖြစ်သည်။
လင်နှင့်မယားနှစ်ဦးသဘောတူ ပြတ်စဲလိုပါကလည်း(၆)ဟူသောစောင့်ဆိုင်းကာလကျော် မှသာလျှင် အပြီးအပိုင်ပြတ်စဲ နှိုင်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်၂း၂၂၈တွင် (အသ်တွလား ကွလ်မရ်ရာသိုင်း) စောင့်ဆိုင်းရက်ရှိသော တွလားက် သည် နှစ်ကြိမ်သာဖြစ် သည်။
သို့ရာတွင် လင်နှင့်မယားစပ်ကြား စောင့်ဆိုင်းရက် မရှိသော ကွာရှင်းမှုမှာ နှစ်မျိုးရှိသည်။

(၁) နေကာပြုပြီး ကိုယ်လက် မနှီးနှောခင်အလျှင် ကွာရှင်းပါက စောင့်ဆိုင်းရန်မလို(၃၃း၄၉)။

(၂) ဖေါက်ပြန်သောဇနီးကို သက်သေ(၄)ရောက်နှင့်ဖြစ်စေ၊ ခင်ပွန်းသည် ကိုယ်တိုင်ဖြစ်စေ မြင်တွေ့ပါ က စောင့် ဆိုင်းကာလ မလိုဘဲ(ပြဌာန်းထားသောစီးကမ်းချက် များအားဖြင့်) ပြတ်စဲနှိုင် သည်(၂၄း၆)

ကုရ်အာန်ပါဓမ္မဒိဌာန်ကျသော လင်ခန်းမယားခန်းပြတ်စဲမှုဥပဒေကို အမေရိကန်နိုင်ငံ၏ အခြခံဥပဒေတွင်အတိအကျပြဌာန်း၍လိုက်နာကျင့်သုံးလျှက်ရှိနေသည်ကိုတွေ့ရပေသည်။ လင်နှင့်မ ယား နှစ်ဦးသဘောတူ ကွာရှင်းလိုက ကွာရှင်းပြတ်စဲမှု လျှောက်လွှာကိုတင် ရပေသည်။ ထိုလျှောက်လွှာ တင်ထားစဉ်အတွင်း လင်နှင့်မယားအိမ်တွင်အတူနေ ရသည်။ (၆)လနေပြီး တစ် ရက်ကျော်မှ အပြီးအပိုင် ကွာရှင်းပေးသည်။
သို့ရာတွင် မွတ်စလင်မ်များ အတွက်ပြဌာန်းထားသော ရှေ့ဆောင်ဆရာတော်ကြီးများ၏ ဥပဒေတွင် လင်နှင့်မယား ကွာ ရှင်းရာတွင် -
(၁) လင်ယောက်ျား၏ နှုတ်ထွက်စကား သာလျှင်အဓိက ဖြစ်သည်။
(၂) ခုံသမာဓိမလို၊ သက်သေမလို။
(၃) ရာသီပန်းပွင့်ပြီး သန့်ရှင်းသောအချိန်ကို စောင့်၍(တွလားက်) ပေးရန်မလို။ စိတ် ကြိုက်ပေးချင်သောအချိန်တွင် လင်ယောက်ျားက ပေးပိုင်ခွင့်ရှိသည်။
(၄) လင်ယောက်ျားက ဒေါသဖြစ်၍ ဖြစ်စေ၊ အရက်မူး၍ဖြစ်စေ၊ ကြည်ဆယ်၍ဖြစ်စေ၊ (သုံး တွလားက်) ဟူ၍ဆိုရုံဖြင့် (တွလားက်) အထမြောက်သည်။ စောင့်ဆိုင်းကာလ မလိုပေ။
(၅) ထို(သုံးတွလားက်) ဟုပြောဆို၍ အပြီးပြတ်စဲသွားသော ဇနီးအားပြန်ပေါင်းလိုက အခြားအမျိုးသား တစ်ဦးနှင့် ခေတ္တနေကာပြုစေ၍ ပြန်ပေါင်းခွင့်ရှိသည်။
ဖေါ်ပြပါ မွတ်စလင်မ်များအတွက် ပြဌာန်းထားသောဆရာတော်များ၏ဥပဒေကြောင့်  ခေတ်အဆက်ဆက် များစွာ သော မွတ်စလင်မ် ဇနီးမောင်နှံများ။ ရေတိမ်နစ်ကြ ရသောအကြောင်းရင်းမှာ –
(၁) ပဌမတွလားက်အပြီး စောင့်ဆိုင်းကာလ (၃)လအတွင်း (၃)တွလားက်ဟုဆိုသော်ငြား လည်း တွလားက်တစ်ကြိမ်သာ အထမြောက်သေး၍ မိမိ၏ဇနီးအဖြစ်တရားဝင် ရှိနေသေး  သည်။
(၂) ထိုတရားဝင် ရှိနေသေးသော ဇနီးအားအခြားယောက်ျားတစ်ဦးနှင့်ခေတ္တအငှား နေ ကာပြုပေးတော့မှ အပြီးအပိုင်လင်ခန်း မယားခန်းပြတ်စဲရလေသည်။ အဘယ်ကြောင့် ဆို သော် ကုရ် အာန် ၄း၂၄ တွင် ကာမပိုင်လင်ယောက်ျား ရှိသောအမျိုးသမီးအား နေ ကာပြုခွင့် မရှိပေ။
(၃) နေကာဟူသည် သေတစ်ဖန် သက်တစ်ဆုံး ရိုးမြေကျ ပေါင်းသင်းမည်ဟု အရှင့်ထံ တိုင်တည်၍ ခုံသမာဓိများနှင့် သက်သေများရှေ့တွင် သစ္စာဆိုခြင်းဖြစ်သည် ၄း၂၁။

ခေတ္တပေါင်းပြီး ပြန် လည်ကွာရှင်း ပေးရမည့် ကိစ္စကို နေကာဟုမခေါ်ပေ။
ထိုဖေါ်ပြပါ မွတ်စလင်မ် ဆရာတော်ကြီးများ၏ ဥပဒေများသည် ကုရ်အာန်က ဖျက်သိမ်း ထားပြီးဖြစ်သော အာရဗ်ရိုးရာယဉ်ကျေးမှုများနှင့် ထပ်တူထပ်မျှတူနေကြောင်း ကုရ်အာန် ၅၈း၁ မှ ၄ ကိုလေ့လာ ခြင်း ဖြင့် သိရှိနှိုင်ပေသည်။
ကုရ်အာန်တွင် ထိုကဏ္ဍကို အမျိုးသမီးတစ်ဦး၏ စောရက ကဏ္ဍဟုခေါ်ဆိုသည်။
မဟာသာဝက တစ်ဦးသည် ရှေးအာရဗ်ရိုးရာ ယဉ်ကျေးမှုအရ ဇနီးသည်အား ၄င်း၏ မိခင် ကဲ့သို့ဖြစ်သည်ဟုပြောဆို၍ ကွာရှင်းပြတ်စဲခဲ့သည်။ထိုအမျိုးသမီးကတ မန်တော်မြတ်ထံ ၄င်း၏ ခင် ပွန်းကို မကျေနပ်ကြောင်းတိုင်တန်းရာမှ ကျရောက်သောဗျာ ဒိတ်ဖြစ်သည်။ အာရဗ်ရိုးရာယဉ်ကျေးမှုတွင် လင်ယောက်ျား၏ နှုပ်မှထွက်ဆိုသောစကားတစ်လုံးသာ လျှင် ကွာရှင်းပြတ်စဲ နှိုင် သည်။ သက်သေမလို ခုံသမာဓိမလို စောင့်ဆိုင်းကာလ မလို လျှော်ကြေးပေးရန်မလိုပေ။ ထိုကဲ့သို့ တစ်ဖက်သတ် အနိုင်ကျင့်သောဥပဒေများကို ပယ် ဖျက်၍ ကျမ်းမြတ်ကုရ်အာန်က တရားမျှ တသော ကွာရှင်းပြတ်စဲသည့် ဥပဒေကိုပြ ဌာန်းပေးခဲ့လေသည်။ ထိုအကြောင်းအရာ၏ အသေးစိပ်ကို လေ့လာလိုပါ က ကုရ်အာန် ၅၈း၁မှ၎ တွင် ဖေါ်ပြ ထားသည်။

အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။
ဦးစိုးလွင် (ငြိမ်းချမ်းလျှပ်စစ်)

No Comments Yet


There are no comments yet. You could be the first!

Write comment

Please read this note before your write comment.

 

Quranic Study Group
Los Angeles, California, USA
© 2005 - 2012 QuranInBurmese.com All Rights Reserved
Click here to download Zawgyi Font
Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976
Quran 38:29
Quran 26:24
Quran 3:138
Quran 6:153