သမိုင်းစာမျက်နှာပေါ်မှ သင်ခန်းစာများ
အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်သော မွတ်စလင်မ်တို့သည် မြေပြင်အရပ်ရပ် တွင် နေထိုင်ကြပြီးလူမျိုးအသီးသီး ဖြစ်လျှက်လည်းကောင်း၊ ယဉ်ကျေးမှုအသီးသီးဖြစ် လျှက် လည်းကောင်း၊ စကား အပြောအဆိုကွဲပြား လျှက်လည်းကောင်း၊ ရှိလင့်ကစား တစ်ပါးတည်းသော ကိုးကွယ်ရာအရှင် အဖြစ် အလ္လာဟ်အရှင်မြတ်ကို သက်ဝင်ယုံ ကြည့် ကြလေသည်။ နောက် ဆုံးပေါ်ထွန်းခဲ့သော တမန်တော်မုဟမ္မဒ်(SAW)၏နောက်လိုက် အဖြစ်လည်းကောင်း၊ မျက်နှာမူရာအရပ်တစ်ခုတည်းကို မျက်နှာမူရာတွင်လည်းကောင်း၊ တစ်စောင်တည်းသောကျမ်းကို ပြည့် ၀ကုံလုံပြည့်စုံသော ဘ၀လမ်းညွှန်အဖြစ် လိုက်နာရာ တွင်လည်းကောင်း၊ ထပ်တူထပ်မျှဖြစ်ကြကုန်သည်။
ကိုကျင့်တရားတွင် အမြတ်ဆုံး၊ ကျင့်စဉ်ကျင့်ရပ်တွင် အစင်ကြယ်ဆုံး၊ လူမှုရေးတာဝန်တွင် အပီပြင်ဆုံး လူ့အကျိုးပြုရာတွင် အထက်မြက်ဆုံးအုပ်စုအဖြစ် အတိတ်သမိုင်းက သက်သေခံ လျှက်ရှိသည်။ ကမ္ဘာ့ သမိုင်းမှတ်တိုင်များအနက် အတိအကျ မှတ်တိုင်တစ်ခု ကိုထောက်ပြရသော် ၁၈၈၂ခုနှစ် အီဂျစ်နိုင်ခံ၏ ”သောက်ဖိးက်သစ္စာဖေါက်မှု အရေး” ကြောင့်ဗြိတိသျှတို့သည် အစ္စလာမ်သာသနာဝင်တို့၏ နယ်မြေများအနက် အမာ ခံဒေသ တစ်ခုဖြစ်သော အီဂျစ်နိုင်ငံကို စတင်တိုက်ခိုက် သိမ်းပိုက်နှိုင်ခဲ့သည်။ မွတ်စ လင်မ်တို့ဖက်မှ အူရာဘီခေါင်းဆောင် မှုဖြင့် ပြန် လှန် တိုက်ခိုက်ခဲ့သော်လည်း ခေတ်မှီ လက်နက်အင် အား မမျှတမှုကြောင့် မွတ်စလင်မ်တို့စစ်ရှုးပြီး ဗြိတိသျှတို့သည် မွတ်စ လင်မ်တို့၏နယ်မြေတစ်ခုကို ခြေကုတ်ရခဲ့သည်။
လက်နက်အင်အားကြေင့် တစ်ကြိမ်ထိုးဖေါက် ၀င်ရောက်နှိုင်လင့်ကစား မွတ်စလင်မ်တို့ သည် နိုးကြား ထက်မျက်တက်ကြွသူများ ဖြစ်ကြသည်။ သူတို့အားလုံးထံတွင်လူ့ဘ ၀ဖွံ့ဖြိုး တိုးတက်မှု အမျိုးမျိုးကိုပို့ ချသော ဘ၀လမ်းညွှန်ကျမ်းရှိသည်။ ထိုလမ်းညွှန်ကျမ်းမှာ မည် သည့်အရပ်တွင်ရှိသည့် မွတ်စလင်မ် မည်သည့်အမိဘာသာ စကားကိုပင်ပြောပြောမူရင်း အားဖြင့် အရဗီ စာပေနှင့် ရေးသားထားသော ကျမ်း ကို ဖတ်ရွတ်ရာတွင်၊ နားလည် သဘောပေါက်ရာတွင်၊ လက်တွေ့လိုက်နာကျင့်သုံးရာတွင် အားလုံးသော မွတ်စလင်မ်တို့ တွင် တူညီချက်တစ်ရပ်ရှိသည် ကို ဗြိတိသျှတို့က တစ်ဖြေးဖြေးလေ့လာ တွေ့ရှိရလေသည်။ ထို့ကြောင့် ဗြိတိသျှတို့သည် မွတ်စလင်မ်တို့၏ နယ်မြေတစ်ကွက် ကို အချိန်အတော်ကြာ အုပ်စိုး နှိုင်ဖို့ရာ အခက်အခဲရှိကြကြောင်း တစ်ဖြေးဖြေး သိမြင်လာလေသည်။ ရရှိပြီးဖြစ်သော နယ်မြေကို ကောင်းစွာ အုပ်ချုပ်နှိုင်ရေး၊ နောက်ထပ် မွတ်စလင်မ်များ၏ နယ်မြေများကို ဆက်ခါဆက်ခါသိမ်းပိုက် နှိုင်ရေး အတွက် ဗြိတိ သျှတို့ ဆက်လက်လေ့လာ ကြ လေတော့သည်။
စစ်ပွဲများအပွဲပွဲနွဲပြီး အသက်ပေါင်းများစွာ သေဆုံးပြီးမှ အောင်မြင်ခြင်းထက် ရန်သူဖြစ်သူ များကပင် အညံ့ခံလက်မြှောက်အရှုံးပေးပြီး ကျွန်တော်တို့ မွတ်စလင်မ်များအတွက် အ သင်တို့ဗြိတိ သျှများသာ အုပ်ချုပ်စိုးမိုးသူ အရှင်သခင်များဖြစ်သည်ဟု မွတ်စလင်မ်တို့၏ လက်တွေ့ဘ၀ကပင် သက်သေခံရ လောက်အောင် ကြိုးပမ်းဆောင်ရွက်ချက် တစ်ရပ် ကိုပြုလုပ်ခဲ့သည်။ သာမန် အားဖြင့်ပြောရလျှင်လိမ်မာ ပါးနပ်သည်ဟု ဆိုနှိုင်သော်လည်း အကြံပက်စက်သော ဗြိတိသျှတို့မှာ အသိဥာဏ်ဖြင့် ပရိယာယ်ကိုသုံး စွဲရာတွင် အလွန် ထက်မျက်လေသည်။ တစ်ဖက်သား အပေါ် လိမ်လည်လှည့်ဖြားရာတွင် တစ်ထက်ရန် သူ က အလိမ်ခံရသည်ဟု မထင်သည့်အပြင် ကျေးဇူးရှင်ဟုပင် ထင်မှတ် လာရန် ပြုနှိုင်စွမ်း ရှိ၏။ ရန်သူ သည် မိမိနှင့် နောင်လာနောက်သား အဆက်အနွယ်များကိုပင် ယင်းအမွေ ဆိုးကို မက်မက်မောမော လို လိုချင်ချင်ဆက်ခံယူစေကြသည်။ နယ် ချဲ့တို့သည် ထိတ် တိုက်တွေ့နေရသော မွတ်စလင်မ်အင်အားစု အ ရေးနှင့်ပတ်သက် ၍ ကောင်းစွာလေ့လာ ဆည်းပူးပြီး ထိုအချိန်ထိုအခါက ဗြိတိသျှအစိုးရ၏ နန်းရင်းဝန် ဝီလီယံအက်(ဒ) ဝါဒ်ဂ လက်စတုံး (၁၈ဝ၉-၁၈၉၈)သည် မိမိ၏ပါလီမန်တွင် မွတ်စလင်မ်တို့အပေါ် ထာဝ ရအောင်နှိုင်ရန် သုတေသန စာတန်းတစ်ဆောင် တင်သွင်းခဲ့ သည်။
ဝီလီယံအက်(ဒ)ဝါဒ်ဂလက် စတုံးသည် ၁၈၈၂ ခုနှစ်တွင် ဗြိတိသျှပါလီမန်တွင် ကျမ်းမြတ်ကုရ်အာန်ကို လက်တွင်ကိုင်၍ အောက်ပါမိန့်ခွန်းကိုပြော ကြားခဲ့သည်။
ရဲဘော်တို့- အဲ့ဒီကျမ်းစာအုပ်ဟာ မွတ်စလင်မ်တို့ အတွက် ဘဝတည်ဆောက်မှု ဥပဒေဖြစ်တယ်။ မွတ်စလင်မ်တွေဟာ အဲ့ဒီကျမ်းကို သဘောပေါက်ပြီး လက်တွေ့လိုက်နာ ကျင့်သုံးနေသမျှ ကာလပတ် လုံး ဒို့ဗြိတိသျှများ အပါအဝင်မည်သည့် လူမျိုးများကမျှ မွတ်စလင်မ်တို့ကို ဖိနှိပ်ချုပ်ချယ်နှိုင်မှာ မဟုတ် ဘူး။ ၄င်းတို့၏နယ်ပယ်များကို အေး ချမ်းစွာကြီးစိုးနှိုင်မှာ မဟုတ်ဘူး။ ဘာကြာင့်လည်း ဆိုတော့ မွတ်စ လင်မ်တို့ရဲ့ အတွေးအခေါ် အမျှော်အမြင် လုပ်ရည်ကိုင်ရည်ကို ထက်မြက်မြင့်မားအောင် သွန်သင်ရာမှာ ဘယ်လုပ်ငန်း တာဝန်တွေ ဆောင်ရွက်ရင်းနဲ့ ဘယ် လို ဘဝတည် ဆောက်ရတယ်လို့ မွတ်စလင်မ်များ ကို ဒီကျမ်းက အသေးစိပ် ညွန်ကြားပြဌာာန်းထားတယ်။
ဒီတော့ တို့ဗြိတိသျှ အာဏာပိုင်တွေဟာ ရောက်လေရာ အရပ်တိုင်းမှာရှိတဲ့ မွတ်စလင်မ်တွေအတွက် အလိမ္မာတရားသုံးပြီး အောက်ပါပညာရေးမူဝါဒ တစ်ခုကို မဖြစ်ဖြစ် အောင်ကြိုးစား အကောင် အထည် ဖော်ကြရမယ်။ ဗြိတိသျှ နန်း ရင်းဝန်၈လက်စတုံးမှ မွတ်စလင်မ်တို့ အတွက်ပညာရေးမူဝါဒ ပြဌာန်း ချက် မှာ-
(၁) အစ္စလာမ်သာသနာသည် မွတ်စလင်မ် အားလုံးကို နေ့စဉ်နှင့် တစ်သက်တာပတ်လုံး အလ္လာဟ်အရှင်မြတ်အား တသသတိရလျက် ဝတ်ပြုလျက်ရှိနေရမည်ဖြစ်သည်။ တစ် ကိုယ်ရေ တစ်ကာယ တရား ဘာဝနာစီးဖြန်းပြီး၊ ဤလောကအလှကို ရွံရှာမုန်းတီးမှုကို သာ ပြဌာန်းကြောင်းကောင်းစွာ သဘောပေါက် စေရမည်။ ဤလူ့ဘောင်လောကသည် အကုသိုလ်အတိပြီးလျက် ရှိပြီး ကောင်းမှုနှင့်မကောင်းမှုကို နားလည်သည့်ကယ်တင်ရှင် လမ်းပြများကို ရှာဖွေပြီးတပည့်ခံ လိုက်နာကြရမည်ဟု သင်ကြား ပေး ရမည်။
(၂) ကုရ်အာန်ကျမ်းသည် အလွန်မြင့်မြတ်သော ကောင်းကင်ကျကျမ်းဖြစ်သည်။ လူတိုင်းနှင့်မဆိုင် လူ တိုင်းနားမလည်နိုင် ဘာသာစကားမျိုးစုံတတ်မှ လေ့လာနိုင်မည်။ လူ တိုင်းမလေ့လာရ။ လမ်းလွဲသွား မည်။ အဓိပ္ပါယ်ဖွင့်ဆိုရန် မည်သူမျှ မစွမ်းဆောင်နိုင်။ ဘာသာရေးပညာရှင် အလင်းရပုဂ္ဂိုလ် အဆောင် အယောင်ရှိသူတို့ အတွက်သာ ချ ပေးသောကျမ်း၊ သူတို့၏ သင်ကြားပြ သ လမ်းညွှန်မှုကိုသာ ခံယူရမည်။ သူတို့ထံမှသာ ဘာသာသာသနာ အစစ်အမှန်ကို ရရှိနိုင်မည်ဟုသာ သင်ကြားပို့ချပေးရမည်။ သာ မန်လူ တို့အတွက် လာဘ်လာဘတိုးပွားဘို့ အသံထုတ်ဖတ် ရွတ်ခြင်း သက်သက် ပြုလုပ်ရုံဖြင့် အလွန်မတန် လုံ လောက်လှပြီဟုသာ သင်ကြားပို့ချပေးရမည်။
ဒီအချက် နှစ်ချက်ကို ပိုင်ပိုင်နိုင်နိုင် မွတ်စလင်မ်များအား ပို့ချပြီးအသားသေနေအောင် ပြု လုပ်နိုင်လျှင် တို့နယ်ချဲ့ ဗြိတိသျှတို့အတွက် မွတ်စလင်မ်များကို လက်နက်စွဲကိုင်တိုက် ခိုက်နေစရာ မလို၊ ယှဉ်ပြိုငိ ကြိုးစားနေရန် မလိုဘဲလျက် သူတို့သည်တို့အဖို့ ထာဝရအလုပ် အကြွေးပြုမည့် တပည့်ကောင်း၊ ကျွန် ကောင်းများအဖြစ် ကမ္ဘာတည်သရွေ့ ရပ်တည်နေ ကြမည်မှာ မြေကြီး လက်ခပ်မလွဲပင်ဖြစ်သည်။
ဤကဲ့သို့သင်ကြား ပေးခြင်းမျိုးမဟုတ်ဘဲ အကယ်၍ ကုရ်အာန်လမ်းညွန်မှုကို မွတ်မလင်မ် များ နားလည် သဘောပေါက်သည် ဆိုသည်နှင့် ဧကန်အမှန်အစ္စလာမ်သည် –
(၃)လူမှုဆက်ဆံရေးနှင့် စီးပွားရေး၊ ကြီးပွားရေးတို့ကို လူ့လောကတစ်ခွင်တွင် တစ်သက်ပတ်လုံးမည်သို့ ရှာဖွေဆည်းပူးခံစား၍၊ သာယာဝပြောသော လောကသစ်ကို တည် ဆောက်ရန် သင်ကြားပေးသည့် လမ်းညွှန်ဖြစ်ကြောင်း သိသွားကြပေမည်။ အဲဒီအခါတို့ဗြိတိသျှများအဖို့ ဒီလောကတွင် တိုးတက်ကြီးပွား ချမ်းသာဖို့အခြေအနေ လုံးဝရှိ တော့မည် မဟုတ်သဖြင့် မွတ်စလင်မ်များအား ကုရ်အာန်ပါ လူမှုဆက်ဆံ ရေး၊ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှု ဆိုင်ရာများကို နားလည်သဘောပေါက်ခြင်း မရှိစေဘဲ၊ အဖတ် သက် သက်(အသံထုတ်ရုံမျှလောက်) ဖြင့် အလွန်မတန် လုံလောက်ပြီဟု သိစေလျက်၊ မြင်သာမြင်စေ မကြင် စေနှင့်၊ ဖတ်သာဖတ်စေ၊ နားလည်ရန်၊ တတ်သိရန်၊ သဘော ပေါက်ရန်၊ လုံးဝမကြိုးစားစေနှင့် စိတ်ကူး ပင်မပေါ်စေနှင့်။
(၄)အစ္စလာမ်သည် လူတို့နေထိုင် အသက်ရှင်ရာ ရပ်ရွာ၊နယ်ပယ်၊ တိုင်းပြည်၊ လူ့ဘောင်တစ်ရပ်လုံးကို မည်သို့မည်ပုံစီမံ၊ ကွပ်ကဲအုပ်ချုပ်ရမည်ကို သင်ကြားပေးသောစနစ် ကျင့်စဉ်တစ် ခု ဖြစ်သည်ကို လုံးဝအ သိမပေးရ။ ဒီနည်းတွေ ကုရ်အာန်မှာပါလို့ ပါမှန်းမသိစေဘဲ၊ ကုသိုလ်ရရေး၊ ၈ျန္နတ်ရောက်ကြောင်း အ တွက် အပတ်တကုတ် အလွတ် ကျက်မှတ်၊ အာ၈ုံဆောင်စေ၊ ထပ်တလဲလဲ ဖတ်စေရုံအခြေတွင် ရှိစေရ မည်။ ဒါမှသာ ဒီမြေဒီမိုး ရှိရှိသမျှဟာ တို့ရဲ့ပိုင်နက်ဖြစ်ပြီး မွတ်စလင်မ်တွေဟာ ယင်းပိုင်နက်မှ သစ္စာ အရှိ ဆုံး ကျေးကျွန်များအဖြစ် သားစဉ်မြေး ဆက်တို့အတွက် ရပ်တည်နေပေမည်။
(၅)အစ္စလာမ်သည် လူသားတို့ဘဝဖြစ်စဉ်၊ လူသားဘဝ၏ ရည်ရွယ်ချက်၊ လူ့တန်ဖိုး၊ လူ့အရည်အသွေး ဖြင့် အပြည့်အဝ နေထိုင်အသက်ရှင်ရန် လမ်းညွှန်ပြသည်ကို လုံးဝ ပြည်ဖုံးကားချ ထားပြီး၊ သေနေ့မွေး နေ့ နှစ်ရက်အတွင်း ဘဝကိုအရှုံးပေး လက်မြှောက်ပြီး အညံ့ဆုံးသတ္တဝါအဖြစ် မိမိကိုယ်ကို ခံယူထားရန် မျှသာ အသိပေးပါ။
(၆)အထက်ပါ အချက်အလက်များအစား အစ္စလာမ်သာသနာသည် အဆိုအမျိုးမျိုး၊ အတွေးအခေါ်ကင်း မဲ့သော ပုံပြင်ဒဏ္ဍာရီ သိန်းသောင်းဖြင့် သံသယဖြစ်ဖွယ် အသွယ် သွယ်နှင့် အငြင်းပွား စရာ များပြည့်နက် လျက်၊ အသေးအဖွဲ ကွဲလွဲချက်များအပေါ် ငြင်းခုံနေခြင်း၊ ခိုက်ရန်ပွားနေခြင်း၊ မွတ်စလင်မ်အချင်းချင်း တစ်ဖက်နှင့်တစ်ဖက် ပုတ်ခတ် ပြောဆို ဝေဖန်ခြင်း၊ စွတ်စွဲခြင်း အ ဆုံးအဖြတ်ပေးခြင်း၊ အုပ်စုဖွဲ့ တိုက် ခိုက်ခြင်း၊ အသေသတ်နိုင်သည် အထိတိုက်ပွဲ ဝင်ခြင်းသည် သာသနာ့ အာဇာနည်ဘွဲ့ရရှိပြီး သာသနာ ကို ချစ်သူများ ပြုကိုပြုရမည့် တာဝန်ဟုသိနား လည်စေ ရမည်ဟု ဂလက်စတုံးက မိန့်ခွန်းကို အဆုံး သတ်ခဲ့သည်။
မွတ်စလင်မ်များ အတွက်နယ်ချဲ့ ဗြိတိသျှ ပါလီမန်မှ (၁၈၈၂) တွင် အထက်ပါ ပြဌာန်းချက် အတိုင်း နယ်ချဲ့ ဗြိတိသျှတို့သည် ရောက်လေရာ အရပ်တိုင်း အထူးသဖြင့် အရှေ့အလယ် ပိုင်း၊ အာ ဖရိကတိုက်၊ အိန္ဒိ ယပြည်၊ မြန်မာပြည်၊ အရှေ့ပါကစ္စတန်နှင့် အနောက်ပါကစ္စတန် တွင် တိတိကျကျ ဆောင်ရွက်ကြသဖြင့် ယင်းနယ်မြေများရှိ မွတ်စလင်မ် များသည် အစ္စလာမ်သာသနာကို နားလည်သဘောပေါက်ရာတွင် တူညီနေကြလေသည်။မြန်မာပြည် တိုင်းရင်းသား မွတ်စလင်မ်တို့ထံ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံ များမှတ ဆင့် အစ္စလာမ်သာသ နာတော် ပြန့် ပွားရောက် ရှိလာသည်။ ရှေးယခင်က Indian sub Continentalဟု ခေါ် သော အိန္ဒိယတိုက်ငယ်တွင် အိန္ဒိယပြည်၊ အနောက်ပါကစ္စတန်၊ အရှေ့ပါကစ္စတန် ယခု ဘင်္ဂလားဒေရှ့် နှင့် မြန် မာပြည်တို့ ပါဝင်ပြီး ဗြိတိသျှနယ်ချဲ့သည် အိန္ဒိယပြည်တွင် ရုံးစိုက်၍ ကျန်ပြည်နယ်ငယ်များကို အုပ်စိုးလေသည်။ ထိုကြောင့် ယင်းဒေသရှိ အစ္စလာမ် သာသနာဝင်တို့အပေါ် ဗြိတိသျှ နယ်ချဲ့တို့ ၏ ဖေါ် ပြပါ ပညာရေးမူဝါဒကို ကောင်းစွာပုံသွင်း နိုင်ခဲ့လေသည်။ ပေါ်လွင်လာသော ရုပ်သွင်မှာလည်း အိန္ဒိ ယ သဘာဝ၊ အိန္ဒိယဓလေ့ ထုံးတမ်းများနှင့် အိန္ဒိယယဉ်ကျေးမှု အတိုင်း ဖြစ် ကြ သည်။ ၄င်းတို့ အားလုံး သည် အစ္စလာမ်အမွေအနှစ်ဟု နှစ်နှစ်ကာကာ လက်ခံယုံ ကြည် ထား ကြလေသည်။ ၄င်းတို့သည် ဘာသာယဉ်ကျေးမှု၊ မိရိုးဖလာ ထုံးတမ်းဓလေ့နှင့် လူမျိုး ယဉ်ကျေး မှုတို့ကို ခွဲခြား၍နားမလည်ကြချေ။
သို့ရာတွင် ဗြိတိသျှနယ်ချဲ့၏ လှည့်ဖြားမှုကမည်မျှအထိ ထိရောက်ပိုင်နိုင်ပုံကို လေ့လာလျှင် ယင်းဗြိတိသျှ ပညာရေးစနစ် ပြိုးထောင်မှုအောက်တွင် ကြီးပြင်းလာသူသည် မစ္စတာဂ လက်စတုံး မရှိတော့သည့်နောက် ဗြိတိသျှနယ်ချဲ့တို့၏ နေမဝင်နိုင်ငံနေဝင်ပြီး သည့်နောက် ခေတ်အဆက်ဆက်တိုင် ယင်းဒေသရှိ မွတ်စလင်မ်တို့မှာ ဆက်လက်၍ဗြိ တိသျှတို့၏သွန်သင်မှုအတိုင်း မပြောင်းမလဲတွေ့နေရသေးသည်။ထို့ကြောင့်ဗြိတိသျှနယ် ချဲ့၏ မွတ်စလင်မ်များအတွက် ပညာရေးမူဝါဒ သက်ရောက်ရှင်သန်သည့် ဒေသရှိ မွတ်စ လင်မ်တို့တွင် ကုရ်အာန်ကျမ်းသည် အ ဓိပ္ပါယ်သိနားလည်ရန် မလိုဘဲ၊ အသံထုတ်ဖတ် တတ်ရုံ ဖတ်တတ်သော ဆရာဖြစ်သူက တပည့်ကိုလည်းကောင်း အဖတ်သာ သင်၏။ အဖတ်အရွတ်မျှဖြင့် ကုရ်အာန်ကျမ်းမြတ်ကို ဦးထိတ်ပန် ဆင်အရိုအသေထား၏။ သိနား လည်စရာမလို၊ မသိဘဲ ဖတ်ရုံဖြင့် စာ တစ်လုံးလျှင် အကျိုးပေါင်းများစွာဖြင့် အကျေနပ် ကြီးကျေနပ်နေ၏။ ယင်းဆရာနှင့် တပည့်တို့ ထံတွင် ကုရ်အာန် ဖတ် တတ်ရုံနှင့်သာသနာ့ တည်ဆောက်မှု ဘဝမှာပြီးပြည့်စုံနေလေပြီ။ ကုရ်အာန်ကျမ်းမြတ်ကို ရေးသားပို့ချသော အာရဗီစာပေသည် အခြားအခြားသော စာပေကဲ့သို့စာပေတစ်ခု အနေဖြင့် လေ့ လာ ရကောင်းမှန်း မသိရှိတော့ပေ။
ယနေ့မွတ်စလင်မ်အများစုကို လေ့လာကြည့်ရှုကြပါလျှင် ဗြိတိသျှနယ်ချဲ့၏ မွတ်စလင်မ် များအတွက် ပညာရေးမူဝါဒမှာ ယနေ့ထိတိုင် အပီပြင်ဆုံး အကောင်အထည် ပေါ် လွင်လျှက် ရှိနေသေး၏။ သင်ခန်းစာယူကြဖို့ အချိန်တန်နေလေပြီ။ ဘာသာရေးဆိုတိုင်း မစဉ်းစားမဆင်ခြင်ဘဲ လက်ခံနားထောင်မနေသင့်ဘဲ၊ ကုရ်အာန်လမ်းညွှန်မှုဖြင့် လည်းကောင်း၊ တမန်တော်မြတ် ၏ အဆုံးအမဖြင့်လည်းကောင်း၊ မိမိ၏ဆင်ခြင်တုံတရား အသိပညာဖြင့် အမှန်နှင့်အမှားကို ခွဲခြားနားလည်ဖို့ အချိန်တန်လေပြီ။ မွတ်စ လင်မ်တိုင်း အမျိုးသမီးရော၊ အမျိုးသားပါ၊ လူကြီးရော လူငယ်ပါ၊ မိမိ၏ ဘာသာသာသနာ အဆုံးအမ ကို မိမိကိုယ်တိုင် ကိုယ်ကျ အရင်းအမြစ်ကျကျ လေ့လာဆည်း ပူးသင့်ပါ သည်။ လေ့ လာဆည်းပူး ရန်လည်း တာဝန်ရှိပါသည်။
ဦးမြတ်သူ(MSc)
ကိုးကားချက်။ ။ ကူဝိတ်နိုင်ငံ ၊ ဒါရွလ်ဘယာန်စာပေတိုက်မှ ၁၉၆၄ ခုနှစ်တွင် (၆) ကြိမ်မြောက်ရိုက်နှိပ် ထုတ်ဝေခဲ့ရသော “မုဟမ္မဒ်ကုသုဗ်” ရေးသားသည့် “ရှဗ်ဟါသ်ဟောင် လုလ်အိစ်လာမ်” အရဗီကျမ်းမှထုတ်နှုတ် ဘာသာပြန်ထားသောဆရာဦးမြတ်သူ ၏ ဆောင်းပါးကို အစ္စလာမ့်ဗိမာန်နှစ်(၃၀) ပြည့် မဂ္ဂဇင်းမှ ပြန်လည်ကူးယူ ဖေါ်ပြခြင်းဖြစ် သည်။















1 Comment
စည်းလုံးညီညွတ်ရေးသို့(၅) « ကုရ်အာန့် သုတ - Quranic Knowledge Blog - Weekly Articles says:
[...] လာမ်” အရဗီကျမ်းမှဘာသာပြန်၍ http://www.quraninburmese.com တွင်တင်ပြ ထားသော ဆရာဦးမြတ်သူ၏ [...]
27 Dec 11 @ 2pm
Write comment