ဆာ-ဆိုယက်(သ်)၏ ကြီးမားသော စွန့်လွှတ်စွန့်စားချက်များ။
လူသားတို့၏ သမိုင်း ကြောင်းသည် ၄င်းတို့၏ လမ်းကြောင်းကို ဦးဆောင်ဦးရွက်ပြု ခဲ့သော ကယ်တင်ရှင်တို့ကို အခြေပြုခဲ့ သည်သာရှိသည်။ သို့ရာတွင် ယင်းကယ် တင်ရှင် တို့ တွင်လည်း ၄င်းတို့၏ နောက်လိုက် တို့၏ဘဝကို ဆန်းသစ်သော အခြေသို့ ရောက် ရှိစေကာ ပြုပြင်ပြောင်း လဲမှုကို ဖြစ်စေနိုင် သော စွမ်းအင်ရှင်က လက်ချိုးရေ တွက်စ ရာပင် မရှိသေးပါ။ ကယ်တင် ရှင်တိုင်းသည် သူတို့၏ လူ့အဖွဲ့ အစည်း၏ အခြေအနေကိုပြောင်း လဲ နိုင်စွမ်းမရှိ နှိုင်ခဲ့ကြပေ။
ယနေ့ဆာဆိုက်ယသ်ကို သုံးသပ်ရာတွင် ပညာရေးဆိုင်ရာ ဆောင်ရွက်ချက် လောက်နှင့် သာသုံးသပ်သည်ကို တွေ့မြင်ရသည်။ ဆာဆိုက်ယသ်၏ ဘဝသည်ကား ကျွန်ုပ်တို့ အဖို့သ မိုင်းအကွေ့ အကောက် အလှည့်အပြောင်း တစ်ရပ်ပင်ဖြစ်သည်ကိုမူ သတိမပြုမိကြပေ။ ဆာဆိုက် ယသ်သည် ၁၈၅၇-ခုနှစ် ဗြိတိသျှကို အိန္ဒိယမှ တိုက်ထုတ်ရေးတွင် မွတ်စလင်မ် တို့အဖို့ ကြီးမားလှသော စွမ်းစွမ်းတမံပါဝင် အနစ်နာခံမှုကို မျက်မြင်တွေ့ခဲ့ရသည်ဖြစ်၏။ သို့ရာ တွင် ဆာဆိုက်ယသ်ကမူ လူများစုက တွေးခေါ်မြင်တွေ့ ရသကဲ့ သို့ရှုမြင်ခြင်းမရှိပါ။ သူ ၏ခံယူချက်မှာ (မိမိတို့တွင် စွမ်းဆောင်နှိုင်မှု အရည်အချင်း အပြည့်အဝမရှိပဲ မိမိ၏စွမ်း အင်ကို အသုံးပြုခြင်းသည် မိမိတို့တွင် ရှိနေသော စွမ်းရည်ကို ဖြုန်းတီး သကဲ့သို့ပင်ဖြစ် သည်) ဟု ခံယူသူတို့တွင် ပါဝင်ခဲ့သည်။
ထိုမျှမက ၁၈၅၇ခုနှစ် ဂဒါရ် အရေးတော်ပုံ ကာလက မျက်နှာဖြူ အင်္ဂလိပ်ရာကျော်ကို လူသားခြင်း စာနာစိတ်ဖြင့် ခိုလှုံကယ်တင် ပေးခဲ့သည်။ သို့ဖြစ်၍လည်း အင်္ဂလိပ်တို့ အာ ဏာပြန်လည်ရရှိ လာသောအခါ ဆာဆိုက်ယသ်ကို ကြီးမားလှသော ဂုဏ်ပြုခြင်းနှင့်အတူ လယ်မြေပိုင်ဆိုင်မှုကို ပေးခဲ့သည်။ ထိုအခါ ဆာဆယသ်က လက်ခံခြင်းမရှိပဲ ၊ငြင်းဆိုခဲ့ သည်။ သူသည်တစ်ချိန်က အင်္ဂလိပ်တို့အား ကယ်တင်ခြင်းသည် အစ္စလာမ်၏ သွန်သင် ချက်ဖြစ်သည့် အားနည်းသူ အားကိုးရာမဲ့သူကို ကူညီပါဟူသော သြဝါဒသွန်သင် ချက်ကြောင့် ဟုဆို ခဲ့သည်။
၁၈၅၇ခုနှစ် “ဂဒရ်” အရေးတော်ပုံ နောက်ပိုင်းတွင် အင်္ဂလိပ်နယ်ချဲ့သည် အရှေ့ အိန္ဒိယ ကုမ္ပဏီ အနေအထား မဟုတ်တော့ပဲ ဗြိတိသျှ ကိုလိုနီအနေအထားဖြင့် အိန္ဒိယနိုင်ငံ ပိုင် နက်ကို အုပ် ချုပ်လာခဲ့သည်။ “ဂဒရ်” အရေးတော်ပုံတွင် တက်ကြွစွာ ပါဝင်ခဲ့သော မွတ် စလင်မ်တို့အားလည်း အဖက်ဖက်မှ ချေမှုန်းဖျက်ဆီးခဲ့သည်။ ၄င်ူးတို့ပိုင် လည် ယာမြေ၊ အိုးအိမ်စည်းစိမ် များကို သိမ်းယူခဲ့သည်။ စီးပွားရေး လုပ်ငန်းများကိုလည်း ဖျက်စီးခဲ့သည်။ အခြေအနေမဲ့ အောင်ပြုခဲ့ကြသည်။ အဆိုးဆုံးနှိပ်စက်မှုက ယခင်က တည်ရှိခဲ့သော ”ဖာရ စီ”စာပေကို ရုံးသုံး အဖြစ် ပြ ဌာန်းခဲ့ခြင်းပင် ဖြစ်သည်။ ထိုအခါ မူလကတည်းက အင်္ဂလိပ် ကို ရန်သူအဖြစ် အဆိုးမြင်သော မွတ်စလင်မ်တို့က ယင်းလုပ် ရပ်သည် မွတ်စလင်မ်တို့ အားယုံကြည်ချက်မဲ့အောင် ပြုသော လုပ်ဆောင်ချက် အဖြစ်လက်ခံခဲ့ကြသည်။ထို့ကြောင့် လည်း မွတ်စလင်မ်တို့သည် အင်္ဂလိပ်စာကို သင်ယူခြင်း မရှိပဲ အင်္ဂလိပ်ပညာ ရေးစနစ်ကို ဆန့်ကျင်ခဲ့ကြသည်။ ယုတ်စွအဆုံးအင်္ဂလိပ်စာ သင်ကြားခြင်းသည် ကာဖရ်သက်ဝင်ယုံ ကြည်မှုမရှိသူတို့၏ကျင့်စဉ်ဟု စွဲမှတ်ယုံကြည် သတ်မှတ်ခဲ့ကြသည်။ အင်္ဂလိပ်စာပေ သင်ယူခြင်းသည် ဘာသာမဲ့ခြင်းသို့ ရောက်ရှိသည်ဟုခံယူ လာခဲ့ကြ သည်။ ဤသို့ဖြင့် အင်္ဂလိပ်စာ သင်ကြားမှု ဆန့်ကျင်ရေးဒဏ်ကို မွတ်စ လင်မ် တို့ပင်ပြန်လည် ခံခဲ့ကြရသည်။
ထိုခေတ် အစိုးရ ဌာနဆိုင်ရာများတွင် လည်းကောင်း၊ပညာရေးနှင့် တက္ကသိုလ်များတွင် လည်းကောင်း၊ မွတ်စလင်မ်တို့အဖို့် အင်္ဂလိပ်သာပေ မတတ်သောကြောင့် မင်းစေ အဆင့် မျှသော အလုပ်များကိုသာ လုပ်ကိုင်ကြရသည်။
ကလကတ္တား၊ဘုံဘေနှင့် မဒရပ်မြို့များတွင် ၁၈၅၅ခုနှစ်မှစ၍ တက္ကသိုလ်များဖွင့်လှစ် ခဲ့ပြီး ဖြစ်သော်လည်း အလီဂရ်တက္ကသိုလ် အုတ်မြစ်ချသည့် ၁၈၇၈ခုနှစ်အထိ အိန္ဒိယ တစ်ပြည်လုံးတွင် မွတ်စလင်ဘွဲ့ရ ဦးရေစုစုပေါင်း ၂၀မျှသာရှိပေသည်။ ဤသည် တစ်ချိန်က အုပ် ချုပ်မင်းလုပ်ခဲ့သော မွတ်စလင်မ်တို့၏ အခြေအနေပင် ဖြစ်ပါသည်။ ထိုအ ချိန်တွင် ဟိန္ဒူ လူမျိုးစုတွင် ဘွဲ့ ရပြီးသူ ပေါင်းမှာ ၇၁၅ ဦးရှိပြီး ယင်းတို့တွင် မဟာဝိဇ္ဇာဘွဲ့ ရရှိသူမှာ ၁၃၁ ဦးရှိနေပြီး ဖြစ်သည်။
ခေတ်ပညာ မတတ်ခြင်းကြောင့် ထိုခေတ်ကာလက ကမ္ဘာပေါ်တွင် ပေါ်ထွန်းလျှက် ရှိနေသော လောကဓာတ် ပညာရပ်(သိပ္ပံ)ပညာရပ်၊ ဒဿနိက ဘာသာရပ်၊ စီးပွားရေးဆိုင် ရာ အတွေး အမြင်များ ကို ဆည်းပူးနိုင်စွမ်းသည် မွတ်စလင်မ်တို့တွင်မရှိခဲ့ပေ။
ဘာသာရေး ဆိုင်ရာကျောင်းတော် ကြီးများရှိနေသော်လည်း ယင်းကျောင်းများတွင် ဟ ဒီးဆ်သြဝါဒတော်ကျမ်းများ၊ ဟန္နဖီ ဓမ္မသတ်များကိုသာ အလေးအနက်ထားသင် ကြား ပေးခြင်းဖြစ် သည်။ သင်္ချာဘာသာရပ်၊ သဘာဝသိပ္ပံနှင့် မျက်မှောက်အခြေရေးရာ အနေနှင့်ပတ်သက်သော အသိအမြင်များကို သင်ကြားပေးခြင်းမရှိကြပေ။ သို့ဖြစ်၍လည်း ဤဘာသာရေး ကျောင်းတော် ကြီး တို့မှထွက်ပေါ်လာကြသော ဘာသာရေးပညာရှင်ကြီး များသည် ဗလီဝတ်ကျောင်းတော်ကြီးများ၏ ရှေ့ဆောင်အီမာမ်နှင့် ထပ်ဆင့်ဖွင့် လှစ်သော ဘာသာရေးကျောင်းများ၏ ဆရာများ သာ ဖြစ်နိုင်သော်လည်း၊ ခေတ်ရေစီးကြောင်းတွင် နစ်မွန်းနေသော မွတ်စလင်မ်တို့၏ ပြဿနာရပ်များကိုမူ ထိုဘာသာရေး ပညာရှင်ကြီးများ က ဖြေရှင်းပေးနိုင်ခြင်း မရှိခဲ့ကြပေ။ ယုတ်စွအ ဆုံး မွတ်စလင်မ်တို့၏ ကိုယ်ကျင့်တရားနှင့် ပတ်သက်၍ပင် ဦးဆောင်ဦးရွက် မပြုနိုင်ပေ။ မွတ်စလင်မ် တို့သည် ပညာရေးနိမ့်ကျမှုဒဏ် ရာ ဒဏ်ချက်များကြောင့် သာလျှင် အခြားမွတ်စလင်မ် မဟုတ်သူများ၏ နောက် တွင်ခေတ်နောက် ကျလျှက် ကျန်ရစ်ခဲ့ရသည်။
ဆာဆိုက်ယသ်သည်၁၈၆၃ခုနှစ်တွင် သိပ္ပံအသင်းကြီးကိုတည်ထောင်၍အင်္ဂလိပ် စာနှင့် နိုင်ငံခြားဘာသာရပ်များဖြင့် တည်ရှိနေသော သိပ္ပံနှင့်ဒဿနဆိုင်ရာ စာပေများကို အူရ ဒူဘာသာ စာပေသို့ ပြန်ဆိုခဲ့သည်။ ထိုအသင်းကြီးကို တည်ထောင်ရာတွင်လည်းဗြိ တိသျှအာဏာပိုင်တို့၏ ကူညီမှုကို ရယူနိုင်ခဲ့သည်။ ထိုအချိန်သည် အိန္ဒိယတဝှမ်းရှိဘာ သာရေး အယူသီးသူများသည် ဆာဆိုက်ယသ်ကို မျက်စောင်းတစ်ထိုးထိုး ဖြစ်နေချိန် လည်းဖြစ်သည်။ သူ့အားလည်းစတင်၍ ဝေဖန်မှုများရှိနေပြီးဖြစ်သည်။ ၄င်းအားဝေဖန် ချက်နှင့်ပတ်သက်၍ ဆာဆယသ် သည်အောက် ပါအတိုင်း ပြန်လည်ချေပသည့် ဆောင်း ပါးတစ်ဆောင်ကို ရေးသားနိုင်ခဲ့သည်။
“ကျွန်ုပ်တို့အဖို့ရာ အကောင်းဆုံးနည်းလမ်းသည်ကား ဥရောပဘာသာရပ်များမှ သိပ္ပံနှင့် ပတ်သက်သော အကြောင်းအရာများ၊သိမှတ်စရာများ၊ အသိပညာများကို ရယူနိုင်အောင် ကြိုးစားခြင်း ပင်ဖြစ်သည်။ ဤအလုပ်သည် အလွန်ခက်ခဲသော အလုပ်ဖြစ်သည်။ အကြောင်းမူတစ်ဖက်တွင်ကျွန်ုပ်တို့သည် ခေတ်နောက်ကျနေသောသူများ၊ပညာမဲ့သော သူတို့၏ ဝေဖန်မှုကိုရင်ဆိုင်ရ သကဲ့သို့ တိုးတက်လှပါသည်ဟု ဆိုသော အနောက်တိုင်း သားတို့၏ ကျဉ်းမြောင်းလှသော လူမျိုးရေးအမြင်ဖြင့် ကျွန်ုပ်တို့၏ လူမှုရေးနှင့် နိုင်ငံရေး တိုးတက် လာမှုကို သူတို့ အတွက် အနာဂတ် တွင် အဟန့်အတားဟု ယူဆထား ကြ၍ဖြစ် သည်။ သူတို့ သည် ကျွန်ုပ်တို့၏ အနောက်တိုင်း ပုံစံကို အတုယူခြင်းကိုလည်း စက်ဆုပ် ရွံရှာသယောင် မြင်နေခြင်း ဖြစ် သည်။
ကျွန်ုပ်တို့အဖို့ ကျွန်ုပ်တို့လူ့အဖွဲ့အစည်းဝင်တို့၏ တိုးတက်ကြီးပွားရေးကိုသာ ရှုမြင်သုံး သပ်ရပါမည်။ ဤသို့တိုးတက်ရေးကို ကြိုးပမ်းရာတွင် ကြုံတွေ့ရတတ်သော အတားအ ဆီး၊ အခက်အခဲ များကို ကြံ့ကြံ့ခံနိုင်စွမ်း ရှိရပေမည်။ ကျွန်ုပ်တို့မစွမ်းဆောင်နှိုင်သော အခြေ အနေကို အနာဂတ်တွင် ကျွန်ုပ်တို့ကြုံတွေ့ရမည်။ ခေတ်ကာလက အတင်းအကြပ် စေခိုင်း ပညာပေးကာ ဤသို့ပြု လုပ်သွားဖို့ရာကို သွေးဆောင် သွား မည်သာဖြစ်သည်။”
ဆာဆိုက်ယသ်၏ ဘာသာပြန်စာပေ အစီအစဉ်ကို အင်္ဂလိပ်အာဏာပိုင်တို့က မချီးကျူးပဲ မနေနိုင်တော့ပါ။ သို့ဖြစ်၍ ၁၈၆၇ခုနှစ်တွင် အိန္ဒိယနိုင်ငံ အစိုးရမင်းထံမှ ချီးကျူးမှတ်တမ်း ကိုဆာ ဆိုက်ယသ်လက်ခံရရှိခဲ့သည်။ ထိုသိပ္ပံအသင်းကြီး၏ အောင်မြင်မှုကိုအကြောင်းပြု ၍ဆာဆယသ်သည် ဂါဇီပုရ်မြို့တွင် မွတ်စလင်မ်တို့အတွက်ခေတ်မီကျောင်းတစ်ကျောင်း ကိုအစပျိုးဖွင့်လှစ် လိုက်သည်။ ထိုမှဆက်၍ ၁၈၆၈ ခုနှစ်တွင် “Alighar Institute Gazatte” သတင်းစာ တစ်ဆောင်ကို ရှေ့ပြေးအဖြစ် ထုတ်ဝေခဲ့သည်။
ယင်းသတင်းစာ၏ ခေါင်းကြီးပိုင်းကို ဆာဆိုက်ယသ်ကိုယ်တိုင်ရေးလေ့ရှိသည်။ ဤသ တင်းစာသည် ပညာတတ်မွတ်စလင်မ်များအဖို့ တွန်းအားဖြစ်စေရုံသာမက ဗြိတိသျှအစိုး ရအနေဖြင့် လည်း ဤသတင်းစာကို မွတ်စလင်မ်တို့၏ အာဘော်အဖြစ် လက်ခံခဲ့ပေ သည်။ နှစ်ပေါင်း(၃၀)ကျော် တည်ရှိခဲ့သော ယင်းသတင်းစာနှင့် ပက်သက်၍ “အိန္ဒိယ အင်ပါယာ၏ရှိ ပြည်သူများ” ကျမ်းကို ပြုစုခဲ့သူက ဤသို့ရေးသား ထားသည်ကို တွေ့ရ သည်။
“အလီဂါအင်စတီကျူ ဂဇက်သည် မွတ်စလင်မ်တို့၏ အာဘော်အဖြစ် သတ်မှတ်ခံရသည်။ ဤစာစောင်၏ အယ်ဒီတာသည် ဆာဆိုက်ယသ် အဟ်မဒ်ခန်ဖြစ်ပြီး ယင်းစာစောင် သည် အန္ဒိ ယပြည် မြောက်ပိုင်းတွင် အကောင်းဆုံး သတင်းစာဖြစ်ပါ သည်။”
၁၈၆၉ခုနှစ်တွင် ဆာဆိုက်ယသ်သည် အင်္ဂလန်သို့ ခရီးထွက်ခဲ့သည်။ ဤသို့သော ခရီး ထွက်ရန်အကြောင်း ပေါ်လာပုံက အများအပြားရှိသည်။ အကြောင်းတစ်ခုက ဒေါက် တာ ဟန်တာ၏ “အိန္ဒိယမူဆလ်မာန်” ဟူသော စာအုပ်နှင့် ပက်သက်၍ ချေပနိုင်ရန် အချက် အလက်ရှာဖွေရန် ဖြစ်သည်။ ဒေါက်တာဟန်တာသည် ဆာဆိုက်ယသ်၏ မိတ် ဆွေ တစ် ဦးဖြစ်ပြီး ဗြိတိသျှ အစိုးရ ၏ အရေးပါ အရာရောက်သော ပုဂ္ဂိုလ်ဖြစ်သည်။ သူ၏ကျမ်း တွင် ဒေါက်တာဟန်တာက မွတ်စလင်မ်တို့၏ ကိုယ်ကျင့်တရားကို ချီးကျူး ထား သော်လည်း မွတ်စလင်မ်တို့၏ ပြင်းထန်လှသော ဘာသာရေးဆိုင်ရာ ခံယူချက်ကို အပြင်းအထန် ဝေ ဖန်ထားသည်ကို တွေ့ရသည်။ ဆာဆိုက်ယသ်သည် ဟန်တာ၏ အဆိုကို ခိုင်လုံသော အ ချက်အလက်များဖြင့် “သစ္စာရှိသော မွတ်စလင်မ် များ” ဟူသောကျမ်းကို ရေးသား ချေ ပထားသည်ကို တွေ့ရသည်။ ယင်းချေပချက်ကြောင့် ဗြိတိ သျှလူမျိုး စာရေးဆရာ များ သည်ပင် ဆာဆိုက်ယသ်၏ အာဘော်ကို ထောက်ခံ ခဲ့ကြသည်။ ဤသို့အားဖြင့် ဗြိတိ သျှ အစိုးရသည် ပင်လျှင် မွတ်စလင်မ်တို့၏ အရေးနှင့် ပက် သက်၍ သဘော ထား ပျော့ ပြောင်း လာခဲ့ရသည်။
ဒေါက်တာဟန်တာ့ ပြဿနာများကို ရှင်းလင်းပြီးနောက် ဆာဝီလျံမြူ၏ ရေးသားချက် သည်ပြဿနာ တစ်ရပ်ပေါ်ပေါက် လာစေခဲ့သည်။ ဆာဝီလျံမြူသည် အိန္ဒိယက ကိုလိုနီ ၏ ဘုရင်ခံ တစ်ဦးဖြစ်ပြီး တမန်တော်မြတ်၏ အထုပ္ပတ္တိ Life of Muhamed မည်သော အတွဲ (၄)တွဲပါသော ကျမ်းကို ပြုစုခဲ့သည်။ ဤသို့ပြုစုသော ကျမ်းတွင် တမန်တော် မြတ် နှင့်ပက် သက်၍ မွတ်စလင်မ်တို့ အမျက်ဒေါသ ထွက်လာစေသော အရေးအသားများကို ရေးသား ထားသည်ကို တွေ့ရသည်။ ဤ ရေးသားချက်ကြောင့် ဆာဆိုက်ယသ် သည်လည်း အိပ်မ ရ လောက်အောင် စိတ်ဒုက္ခ ရောက်ရှိခဲ့ရသည်။ ဆာဝီလျမ်မြူ၏ ရေးသားချက်များသည် မွတ်စလင်မ်တို့အဖို့ သို့လောသို့လော ဖြစ်စေခဲ့ရသည်။ သို့ရာတွင် ယင်းကျမ်းကို ချေပရန် လုံလောက်သော ကျမ်းကိုးများ အိန္ဒိယနိုင်ငံတွင် မရှိပါ။ အိန္ဒိယနိုင်ငံတွင်အ များအားဖြင့် ရှိနေသော ကျမ်းများက ဖိကဟ်ဓမ္မသတ်ကျမ်း များသာလျှင် ဖြစ်သည် ကိုတွေ့ရသည်။ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုများသည် ဆာဝီလျံနှင့် ပက်သက်၍ မသိသကဲ့သို့ ရှောင်နေလိုက် ကြသည်။
ဤပြဿနာများ အပြင်နောင်တွင် ဖွင့်လှစ်တော့မည့် ပညာရေးဆိုင်ရာ လုပ်ငန်း များနှင့် ပက်သက်၍ အင်္ဂလန်နိုင်ငံရှိ ကျောင်းများ ကို လေ့လာလိုသည်။ ပညာရေးဆိုင်ရာ အ ခြေ အနေ ကိုလည်း သိမြင်လိုသည်။ ဤသို့ အခြေအနေများ ကြောင့်ဆာဆယသ်အဖို့ အင်္ဂလန်နိုင်ငံသို့ ခရီးထွက်ရန်အကြောင်း ပေါ်လာခြင်းဖြစ်သည်။ ဤခရီးစဉ်နှင့် ပတ်သက်၍ ဆာဆိုက် ယသ် အထုပ္ပတ္တိကို ရေးသားခဲ့သူ မောင်လာနာဟာလီက သူ၏ “ဟယာသေ့ဂျာ ဝိ(သ်)”ကျမ်းတွင် ရေးသားထားပုံကို ဖော်ပြလိုပါသည်။
“ဆာဆိုက်ယသ်သည် အင်္ဂလန်နိုင်ငံသို့ သွားရောက်ရန် ဆုံးဖြတ်ချိန်တွင် အခြားသူ တစ် ဦးဦးသာ သူ့နေရာတွင် ရှိမည်ဆိုလျှင် သွားမည်မဟုတ်ပါ။ ငွေကြေးမလုံ လာက်၍ ဖြစ် သည်။ ဆာ ဆိုက်ယသ်သည် သူ၏စာကြည့်တိုက်ကို ရောင်းချလိုက်သည်။ သူ၏ဝန်းခြံကြီး ကိုပေါင်လိုက်သည်။ ထိုမှရရှိသော ငွေများဖြင့် အင်္ဂလန် နိုင်ငံခရီးစဉ်ကို စတင် ခြင်းဖြစ် သည်။ သူကအကယ်၍ ကိုယ်တိုင်ကိုယ်ကျ မလေ့လာလျှင် ပညာရေးနှင့် ပက်သက်ပြီး မည်သို့ စီမံမည်နည်းဟု မေးခွန်းထုတ်ခဲ့သည်” အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ တော်တွင် တစ်နှစ်ခွဲ နီးပါးနေထိုင်ခဲ့သည်။ တက္ကသိုလ် များကို ကိုယ်တိုင်ကိုယ်ကျ လေ့လာရုံမက အင်္ဂလန် ပညာရေးစနစ်၊ သင်ရိုးညွှန်းတမ်း များကိုလေ့လာခဲ့သည်။ ဆာဝီလျမ်မြူ၏ လိုက်ဖ်အော့ဖ် မုဟမ္မဒ်ကျမ်းကို ပြန်လည်ချေ ပနိုင်ရန် လန် ဒန်မြို့ရှိ စာကြည့်တိုက်များကို လေ့လာခဲ့သည်။ အရေးကြီးသော စာရွက်စာတန်း များကိုယူခဲ့သည်။ ထိုမျှမက မွတ်စလင်မ် ကမ္ဘာတွင် ကျော်ကြားလှသော စာကြည့် တိုက် များဖြစ်သည့် အိစ် တန်ဘူလ်၊ ကိုင်ရိုနှင့် အခြားမြို့များ မှ စာရွက်စာတမ်း များကိုပါ စုဆောင်းနိုင်ခဲ့သည်။ ဤသို့အားဖြင့် လိုက်ဖ်အော့ဖ်မိုဟမ္မဒ်ကို ပြန်လည်ဖြေ ရှင်းထားသော ‘ခွသ်ဗါအေ့ အဟ်မဒ်ရာ’ ကျမ်းထွက်ပေါ်လာစေခဲ့သည်။ ယင်း ကျမ်းတွင် အစ္စလာမ့်စွယ်စုံ ကျမ်းတမျှ ကျယ် ပြန့်သော အကြောင်းများ ပါဝင်ခြင်းဖြစ် သည်။
အင်္ဂလန်နိုင်ငံတွင် ရှိစဉ်ကာလ ဗြိတိသျှဂုဏ်သရေရှိ မဟာဘွဲ့ရှင်များ၊ ဘုရင် နှင့်ပုဂ္ဂိုလ် အားလုံးက အိန္ဒိယနိုင်ငံမှ ပုဂ္ဂိုလ်ထူးကြီးကို ဂုဏ်ပြုခဲ့ကြသည်။ ကြီးမားလှသော ဂုဏ် ထူး ဘွဲ့ ထူး များ ကို ပေးခြင်းခံရ သော်လည်း ဆာဆယသ်အဖို့မူ အင်္ဂလန်ခရီးစဉ်၏အကျိုး အမြတ်အဖြစ်အပြန်ခရီးတွင် အလီဂရ်တက္ကသိုလ်၏ ပုံသဏ္ဍာန်နှင့်စည်းမျဉ်းစည်းကမ်း များကိုရရှိ ခဲ့ခြင်းဖြစ် သည်။ ဆာဆယသ်သည် ၁၈၇၀ခုနှစ် အောက်တို ဘာလတွင် မိခင်နိုင်ငံ အိန္ဒိယသို့ ပြန်လည်ရောက် ရှိလာသည်။ ရောက်လျှင် ရောက်ခြင်း “မွတ်စလင်မ် ကလေး ငယ်များအတွက် ပညာ တိုး တက်ရေး အသင်း”ကို ဖွဲ့စည်းခဲ့သည်။ အသင်း၏ ရည်ရွယ် ချက်က မွတ်စလင်မ်တို့ ခေတ်နောက်ကျ ရခြင်း၏အဓိက အကြောင်းတရားကို ရှာဖွေခြင်း ပင်ဖြစ်သည်။
ဤအသင်းကြီး၏ ဗဟိုအစည်း အဝေးကို တက်ရောက်ရန် ဆာဆိုက်ယသ်၏ရောင်း ရင်းဖြစ်သူ နဝါဗ်မိုဟဆန် မလစ်ခ်က တစ်ရက်စောပြီး ဆာဆိုက်ယသ်ထံ ရောက်ရှိခဲ့ သည်။ ဤအကြောင်း ကို ပုဂ္ဂိုလ်ကြီးက မှတ်တမ်းတင်ထားပုံက “ညဖက်တွင် ကျွန်တော့် ကုတင် ကို ဆာဆိုက်ယသ်က မိုးချုပ်အထိ ဆွေးနွေးနိုင်ရန် သူ့အခန်းသို့ ရွှေ့လိုက် သည်။ ညမိုး ချုပ်သည် အထိ ကျွန်တော် တို့မအိပ်ပဲ ဆွေးနွေးခဲ့သည်။ ယင်းနောက် ဆွေးနွေးရင်းက ကျွန်တော်တို့ အိပ်ပျော်သွားသည်။ ညသန်းခေါင်ကျော်တွင်ကျွန်တော်တရေးနိုးသော အခါဆာဆိုက်ယသ်ကို မတွေ့ရပေ၊ သို့ဖြစ်၍ ဧည့်ခန်းသို့ထွက်ကြည့်ရာခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်းငိုနေသည်ကို တွေ့လိုက်ရသည်။ ကျွန်တော်ကသတင်းတစ်ခုခု ရောက် လာလို့ ငိုတာလားဟု မေးမြန်းရာ သူက“မွတ်စ လင်မ်တို့ အခြေအနေ တစ်နေ့ ထက်တစ်နေ့ ဆိုးဝါးသည်ထက် ဆိုးဝါးနေပါလျက် ဘယ်သူကမျှ ဤအရေးကို မစဉ်းစား၊ နက်ဖြန်အစည်း အဝေးမှာလည်း ဘယ်လိုပြောကြမလဲ” ဟူ၏။
ဤအစည်း အဝေးကြီးက ပညာရေးနှင့် ပက်သက်ပြီး ကြီးမားလှသော ဆုံးဖြတ်ချက်များ ကို ချမှတ်နိုင်ခဲ့သည်။ ပညာရှင်များထံမှ အကြံဥာဏ်များကို တောင်းခံခဲ့သည်။ အစီ ရင်ခံ စာများ ကို ပြုစုခဲ့သည်။ ယင်းနောက် အလီဂရ်မြို့ကို ဗဟိုပြု၍ အိန္ဒိယနိုင်ငံရှိ မွတ်စလင်မ် တို့၏ ပညာရေး နိုးကြားရန်အတွက် ခေတ်မီသော ကျောင်းကြီးတစ်ခု တည် ထောင်ရမည် ဟု အဖြေရရှိခဲ့ သည်။ ဤကျောင်းကြီးသည် သေးငယ်သောကျောင်း ဖြစ်နိုင်သော်လည်း ဤကျောင်း၏ အနေအထားသည် မွတ်စလင်မ်တို့အတွက် စံနမူ နာဖြစ်ရမည်ဟု သတ်မှတ် ခဲ့သည်။
ဤအရေးနှင့် ပက်သက်ပြီး ဆာဆိုက်ယသ်သည် “သဟ်ဇိဗုလ်အခ်လာက်” မည်သော ကိုယ်ကျင့် တရားဆိုင်ရာ ယဉ်ကျေးမှုစာစောင်ကို ထုတ်ဝေခဲ့သည်။ ယင်းစာစောင်များတွင် ပါဝင်သော အကြောင်းအရာများကြောင့် လူငယ်ထုတွင် ပြုပြင်ပြောင်းလဲမှုများဖြစ်လာ ၍ နိုးကြားလာသကဲ့သို့ ဘာသာရေးခေတ်နောက်ပြန်ဆွဲသမားတို့က သူတို့၏လက်နက် ကြီးဖြစ်သော “ကာဖရ်ဖသ် ဝါ” ကိုပြင်ဆင်နေပြီဖြစ်သည်။ ဤသို့အားဖြင့် ၁၈၇၃ခုနှစ် မေ လ၂၄ရက်နေ့တွင် ဆာဆိုက်ယသ်အဖို့ အနှစ်နှစ် အလလက အိမ်မက်ကြီးသည် အကောင် အထည်ပေါ်လာရတော့သည်။
မဒရ်ဆာအလီဂရ်၏ ပထမအဆင့် အုတ်မြစ်ချပွဲကို ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။ ၁၈၇၆ ခုနှစ်တွင် ဆာဆိုက်ယသ်သည် အရှေ့အိန္ဒိယ ကုမ္ပဏီ ၏ ရာထူးတာဝန်ကို စွန့်လွှတ် ကာ မွတ်စလင်မ် တို့၏ ပညာရေးနှင့်ပက်သက်ပြီး ဇောက်ချ ဝင်ရောက်ခဲ့တော့သည်။ ၁၈၇၃ ခုနှစ် ရောက်သောအခါ သူမျှော်မှန်းထားသော အလီဂရ် မွတ်စလင်မ် တက္ကသိုလ်၏ အုတ် မြစ်ကိုချနိုင်ခဲ့သည်။ ယင်းကျောင်းတော်ကြီး၏ အုတ်မြစ်ကို အိန္ဒိယနိုင်ငံ ဘုရင်ခံချုပ် ကိုယ်တိုင်က လာရောက် ချပေးခဲ့သည်။ ဗြိတိသျှ အစိုးရအဖို့ သောင်ဟီဒ်ကို လက်ခံသော မွတ်စလင်မ်များသည် အခြားသူတို့ ထက် သစ္စာတရားမြင့်မား သည်ဟုမြင်သည်။ အလီဂရ် တက္ကသိုလ်ကြီးသည် မွတ်စလင်မ်တို့ အတွက် ပညာဆည်း ပူးရာနေရာ သက်သက် သာ လျှင်မဟုတ်၊ မွတ်စလင်မ်တို့၏ တွေးခေါ်မှု၊ မွတ်စလင်မ်တို့၏ လူမှုဘဝဆိုင်ရာနှင့် ပက် သက်ပြီး ကျမ်းတော် မြတ်ကုရ်အာန်ကို ဆည်းပူးရာနှင့် အတိတ်ကာလက မွတ်စလင်မ်တို့ တွင်ရှိခဲ့သော ဂုဏ်ရည်များကို ပြန်လည် ရယူစေဖို့ ရာ နေရာဌာ နလည်းဖြစ်လာ တော့ သည်။
ဤတက္ကသိုလ်ကြီးသည် အစီအစဉ်အတိုင်း ချောမွေ့စွာ ဖြစ်ပေါ်လာခဲ့ရသည် မဟုတ်။ ယင်းတက္ကသိုလ်ကြီးသည် ခေတ်နောက်ပြန်ဆွဲ မွတ်စလင်မ်တို့၏ အမြင့်ဆုံးစိုးရိမ် မှုကို ဖြစ်စေခဲ့သည်။ သူတို့၏ သောကသည် မည်သည့်အရာကို ရည်ညွှန်းသည်ကို သူတို့ကိုယ် တိုင်မသိကြ။ အလ္လာဟ်အရှင်မြတ်၏ လမ်းညွှန်ချက်ဖြစ်သော ကျမ်း တော်မြတ် ကုရ်အာန် ကို စွဲကိုင်သောသူသည် မည်သည့်နည်းနှင့်မျှ လမ်းမှားကိုမရောက်နိုင်။ သို့ ရာတွင် သူတို့သည် ကျမ်းတော်မြတ်ကုရ်အာန်ကို အတိတ်ကာလ ယဟူဒီတို့ကဲ့သို့ပင် ဖတ်လိုကြသည်။ တမန်တော်မြတ် မုဟမ္မဒ်နှင့် ခလီဖာ ကြီး လေးပါးခေတ်ကဲ့သို့သော ဖတ်ရှုလေ့လာ နည်း ကိုမူနှစ်ချိုက် နှစ်လိုဖွယ်ရာအဖြစ် အယူသည်းသမား တို့မခံယူ ကြပေ။
ခလီဖာလေးပါး ခေတ် ကုန်ဆုံးချိန်တွင် ကျမ်းတော်မြတ်ကုရ်အာန် လမ်းညွှန်ချက် အဆီအ နှစ်များကို မွတ်စလင်မ်တို့ ရရှိနေပြီဖြစ်သည်။ ကမ္ဘာပေါ်တွင် ဝင့်ကြွားစွာ သွားလာ ရုံမကနိမ့် ကျနေသော ဥရောပလူ့အဖွဲ့ အစည်းကိုပင်လျှင် ယနေ့ကာလတွင် မြင်တွေ့ရ သကဲ့သို့ ကမ္ဘာကြီး၏ အဖွံ့ဖြိုးဆုံး ဒေသဟုခေါ်တွင် လောက်အောင် မွမ်းမံပေးခဲ့သည်။ ယနေ့ ဥရော ပတိုက်ရှိ သမိုင်းပညာရှင်တို့က မွတ်စလင်မ်တို့သည် ပြင်သစ်နိုင်ငံ တူးရ်ဒေသတွင် တား ဆီးခြင်း မခံရလျှင် ဥရောပတိုက်ကြီးသည် ယခုထက်ပင် ကြီးမား လှသော အောင်မြင်မှုများ သိပ္ပံဆိုင် ရာ တွေ့ရှိချက်များကို ရရှိနိုင်မည်ဟု နှမြောတသ တမ်းတနေကြသည်။
အလီဂရ် တက္ကသိုလ် တည်ထောင်စဉ် ကာလ ဆာဆိုက်ယသ် ကြုံတွေ့ခဲ့ရသော အခက် အခဲအတားအဆီး များကို အခြားသူများအဖို့ ခံနိုင်စွမ်းရှိကောင်းမှ ရှိနိုင်ပေလိမ့်မည်။ ဆာ ဆိုက်ယသ်ကမူ ကြံ့ကြံ့ခိုင် ရပ်တည်သူဖြစ်၍ အခက်အခဲ အမျိုးမျိုးကို တွန်းလှန်နိုင်ခဲ့ သည်။
ဤအချက်နှင့် ပက်သက်၍ “ဟယာသေဂျာဝိ(ဒ်)” ကျမ်း တွင် မောင်လာနာ ဟာလီ ရေး သားပုံကို မဖော်ပြမီ အလီဂရ် တက္ကသိုလ် တည်ထောင်စဉ် ကာလက ကျဉ်းမြောင်း သော အမြင်ရှိသူ ပုဂ္ဂိုလ်တို့က အလီဂရ်နှင့် ပက်သက်သော ဖသ်ဝါကို လက်နှက်အဖြစ် စွဲကိုင်၍ လှုပ်ရှားမှုကို ဖော်ပြလို ပါသည်။
ထိုစဉ်က အိန္ဒိယနိုင်ငံရှိ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ် ကြီးများအပြင် မက္ကာမြို့နှင့်မဒီနာမြို့ရှိ ဗ လီကျောင်းများရှိ အီမာန်ကြီးများ၏ ဖသ်ဝါဓမ္မသတ် အဆုံးအဖြတ်များကိုပင်လျှင်ရယူနိုင် ခဲ့ကြသည်။
ဤသို့သော အလေ့အကျင့်သည် ယနေ့အထိပင် မပျောက်နိုင်ပေ။ လူတစ်ဦးသည် မည်၍ မည်မျှ ကြီးမားလှသော ကောင်းမြတ်သည့် အလုပ်ကိုဆောင် ရွက်နေစေကာမူ၊ ၄င်းတို့၏ မျက်စောင်း ထိုးခံရသူဖြစ်ပါက ၄င်းတို့၏ဖသ်ဝါ လက်နက်သည် လောကတွင်ပင် အရှင် လတ်လတ် တစ်ချက်တည်း နှင့်ပင် ဂျဟန္နမ်ငရဲဘုံသို့ ပို့စွမ်းနိုင်သည်။ ဤ အမိန့်အာဏာ ကို မည်သူက ထို သူတို့ အား ပေးထားသနည်း ဆိုသည်ကို မသိရသော်လည်း၊ ၄င်းတို့၏ ဖသ်ဝါ ဆုံးဖြတ်ချက် ချမှတ်ရာတွင် ၄င်းတို့သည် ဆင်ခြင်တုံတရားကို အခြေခံ၍ ချမှတ် ခြင်း မရှိသည်ကတော့ အမှန် ပင်ဖြစ် ၏။
တမန်တော်မြတ်၏ သြဝါဒတော်ဖြစ်သည့် “ကမ္ဘာ့အရှေ့ဖျားရှိ လူတစ်ဦး မတရား အသတ် ခံရရာ၌ အနောက်ဖျားရှိ လူတစ်ဦးက ယင်းကိစ္စတွင် ပါဝင်ထောက်ခံလျှင် ယင်းသူ သည် လည်း လူ သတ်မှုတွင် ပါဝင်ပတ်သက်သည်။” ဟူသောသြဝါ၏ ကို၎င်းတို့သိထားဟန် မတူချေ။ ၄င်းတို့သည် ကာဖရ်တို့နှင့် ထိတ်တိုက်ရင်ဆိုင် တွေ့ကြရသောအခါတွင်မူ မသိသကဲ့သို့ဘေး တွင် ရှောင် ဖယ်၍ နေကြသည်။ ကာဖရ်တို့၏ ထိုးနက်မှုကိုလည်း နားပင်းသူ များပမာ မကြားမသိရ သယောင်နေကြသည်မှာ ယနေ့ထိပင်ဖြစ်သည်။
အလီဂရ် တက္ကသိုလ်နှင့် ပက်သက်၍ ဒေလီမြို့ရှိ မော်လဝီ ကရီမွလ္လဟ်၏ ဖသ်ဝါဓမ္မသတ် တွင် ရေးသားပုံကို ကောက်နှုတ်ဖော်ပြလိုပါသည်။
”ဤကျောင်းကြီးကို တည်ထောင်ခြင်း၊တည်ဆောက်မှုတွင်ပါဝင်ခြင်း၊ မြေနေရာ နှင့်တိုက် တာအဆောက်အဦး ပေးခြင်းနှင့် ဤညစ်ညမ်းသော နေရာ၏ အမည်ကို မဒရ် ဆာဟု သတ်မှတ်ခြင်း သည် လူသား ဖြစ်ခြင်းမှ နှုတ်သိမ်းခံရသကဲ့သို့ဖြစ်သည်။ ထိုမှတဆင့် ထို သူသည် တိရစ္ဆာန် အဆင့်သို့ ရောက်ရတော့သည်။ ဤသို့ တည်ဆောက် မှုသည် ဂျဟန္နမ် ငရဲကို ကိုယ်တိုင် တည်ဆောက် ခြင်းနှင့်တူပေသည်။”
ဤကဲ့သို့သော ဖသ်ဝါဓမ္မသတ်များကို ထိုစဉ်က အိန္ဒိယနိုင်ငံ၊မက္ကာနှင့် မဒီနာမြို့ရှိ ထိတ် သီးပုဂ္ဂိုလ်တို့က ပါလက်မှတ်ထိုး ခဲ့ကြပါသည်။ ဖသ်ဝါတစ်ခုနှင့် တစ်ခု၏ ခြားနား ချက်က သူ့ထက်ကဲ ပင်ဖြစ်သည်။ အချို့ကဆိုလျှင် ဆာဆိုက်ယသ်ကို သတ်မိန့်ပေးလိုက်သည်။ စင်စစ်သတ်မိန့် သေဒဏ်ကို အစ္စလာမ်တရားဥပဒေ နယ်ပယ်တွင် ကာဿွီ ဟုခေါ်သည့် အာဏာပိုင် အဖွဲ့အစည်း က ခန့်အပ်ထားသော တရားသူကြီးက သာလျှင်တရားရေး ဆိုင် ရာမှီငြမ်းချက်၊ ကြားနာချက် ပေါ်တွင်မူတည်၍သာ ဆုံးဖြတ်ချက် ချမှတ်လေ့ရှိသည်ကို သ တိပြုသင့်ပါသည်။
ဤသို့ ဖသ်ဝါများပလူပျံစဉ် ကာလဝယ် ထူးခြားလှသော အာလင်မ်ပညာရှင် တစ်ပါး၏ ဆုံးဖြတ်ချက်လည်း ပေါ်လာသည်။ ယင်းပုဂ္ဂိုလ်၏အမည်ကား မောင်လာနာစေရာဂျူဒ်ဒိန် အာဟမဒ် ဆန်ဗလီဖြစ်သည်။ ၄င်းထံသို့လည်း ဖသ်ဝါလက်မှတ်ထိုးပေးရန်ရောက် လာသောအခါမောင်လာနာဆပ်က သူသည်ဆာဆိုက်ယသ်ကိုသိသူဖြစ်သည်။ဆာဆိုက် ယသ်သည်တမန်တော်မြတ် အကြောင်းပြောလျှင် မျက်ရည်ကျသူဖြစ်သည်။ သို့ဖြစ်၍ တ မန်တော်မြတ်ကို ချစ်မြတ်နိုးသော သူသည် အွမ္မသ်သားတို့ကို ဘယ်သောအခါမျှ ဂျောက် ထဲတွန်းချမည်မဟုတ်ဟု ပြန်လည်ဖြေ ကြား ခဲ့သည်။
ဤခက်ထန်သော အိန္ဒိယပြည်မှ သည်မက္ကာမဒီနာရှိ ပုဂ္ဂိုလ်တို့၏ဆန့်ကျင်မှုကြားမှ ဆာ ဆိုက်ယသ်သည် အလီဂရ် ကျောင်းတော်ကြီး တည်ဆောက်ရေးကို လက်မလျှော့ခဲ့ပေ။ ရန်ပုံငွေအ တွက် အိန္ဒိယတစ်ပြည်လုံးသို့ ခရီးဆန့်ခဲ့သည်။ အချို့ နေရာများတွင်ငွေမရပဲ ဖိနပ်ဖြင့်ပစ်ပေါက် ခံခဲရသည်လည်း ရှိသည်။ အချို့လည်းရန်ပုံငွေအတွက် သီချင်းဆို ခိုင်းသည်။ အချို့လည်း ပျက်လုံးထုတ်ခိုင်းသည်။ အချို့လည်း သူ၏ကိုယ်ပိုင် ပစ္စည်း များကို လေလံဖြင့်ဝယ်သည် လည်းရှိသည်။ ထိုကာလတွင် သူရရှိခဲ့သော ဘွဲ့တံဆိပ် များမှာ ဘာသာမဲ့ ကရစ်ကျီယံ၊ နေကြရီ၊ ဒဲဟ်ရီယာ၊ ဒဂ်ျဂျလ်၊ ကာဖရ်နှင့်မုရ်သဒ် တို့ကဲ့ သို့သော မ ရည်မတွက်နိုင်သော ဘွဲ့များပင်ဖြစ် သည်။
၁၈၇၃ခုနှစ်တွင် ဆာဆိုက်ယသ်သည် မွတ်စလင်မ်တို့ ထူထပ်စွာနေထိုင်သောပန်ဂျပ် ပြည် နယ်သို့ ရန်ပုံငွေခရီးဆန့်ခဲ့သည်။ မောင်လာနာဟာလီလည်း အတူရှိခဲ့သည်။မောင်လာ နာဟာလီက သူ၏ ‘ဟယာသေ့ဂျာဝိ(ဒ်)’ ကျမ်းတွင် ထိုစဉ်က ဆာဆိုက်ယသ်ဟောပြော ခဲ့သော မိန့်ခွန်းကို ဖော်ပြထားသည်ကို အောက်ပါအတိုင်း တွေ့ရသည်။
ဆာဆိုက်ယသ်က ပန်ဂျပ်ပြည်နယ်ရှိလူထုကို-
“ပန်ဂျပ်ပြည်နယ်ရှိ ပုဂ္ဂိုလ်များခင်ဗျား-
ကျွန်တော်ကို ယုံကြည်ချက် မမှန်သူ ကာဖိရ်ဟု ဆိုသည့်စကားကို အမှန်ယူလိုက်ပါ တော့ ဒီအချက်နဲ့ ပက်သက်ပြီး ကျွန်တော်မေးစရာ တစ်ခုရှိပါတယ်။ အကယ်၍ ကာဖိရ် မုရ်သဒ် တစ်ဦးဟာ ခင်ဗျားတို့ရဲ့လူ့အဖွဲ့ အစည်းကြီးအတွက် ကောင်းတာလုပ် နေလျှင်ခင်ဗျား တို့ က သူ့ကို ကျွန်ကောင်း တစ်ယောက်လို မသတ်မှတ်ပေဘူးလား။ ခင်ဗျား တို့ရဲ့ အိမ်၊ခင် ဗျားတို့ရဲ့ ဗလီ ၀တ်ကျောင်း အဲဒီမှာခင်ဗျားတို့ အလ္လာဟ်အရှင်မြတ်ကို သတိရကြတယ်။ အဲဒီအဆောက်အဦး တည်ဆောက်တဲ့ နေရာမှာ ဘုရားမဲ့ တွေ၊ယုံကြည် ချက် မကောင်း သူတွေ ကာဖရ်အ လုပ်သ မားတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် သူတို့ပါရှိ တဲ့အတွက် ခင်ဗျားတို့ အဲဒီအဆောက်အဦးကို ဖျိုဖျက်ဖို့ ဘယ်တော့မှ စဉ်းစားမှာ မဟုတ်ပါဘူး။ အဲဒီ လိုပဲ ကျွန်တော့်ကို ဒီအလီ ဂရ် ကျောင်းတော်ကြီး တည်ဆောက်တဲ့ နေရာမှာ ယုံကြည် ချက် မမှန်ကန်သော ကူလီအလုပ်ကြမ်း သမားတစ်ဦးလို သတ်မှတ် လိုက်ပါ။ ကျွန်တော့်ရဲ့ ကြိုးစားပမ်းစား လုပ်ဆောင်ချက်နှင့် ခင်ဗျားတို့ရဲ့ အဆောက်အဦးကို တည်ဆောက်ခွင့် ပြု ပါ။ မိမိတို့ရဲ့ လူ့အဖွဲ့အစည်းဝင်များ၊ သားစဉ်မြေးဆက်များကို နိမ့်ကျပျက်ဆီးအောင် မပြုကြပါနှင့်။ မိမိတို့၏ လူ့အဖွဲ့အစည်းနှင့် မိမိ တို့၏သားသမီးတို့၏ ကောင်း ရာကောင်း ကြောင်းကို သတိပြုစမ်းပါ။”
ဤဟောပြောချက်ကို စာရှုသူအနေဖြင့် မည်သို့ခံ စားရမည် ကို ကျွန်တော်မသိပါ။ သို့ရာ တွင် လာရောက်နားထောင် ကြသော လူထုကြီးသည် ဆာဆိုက်ယသ်၏ စကား ပေါ် တွင် နစ်မျှော၍ သွားခဲ့ရသည်။ အချို့ လည်း ငိုခဲ့ကြသည်။ သတိပြုသင့်သောအချက်က ဤ ဟောပြောပွဲကျင်းပသည့် နေရာကား ရာဂျာဒေယာန်ဆင်း၏ နန်းတော်ရှိ ဧည့်ခန်း မပင်ဖြစ် သည်။ ရာဂျာဒေယာန် ဆင်းသည် ဆစ်ခ်လူမျိုးတစ်ဦးဖြစ်ပြီး ဆာဆိုက်ယသ်၏ မိတ်ဆွေ တစ်ဦးဖြစ်ပါ သည်။
ဆာဆိုက်ယသ်၏ ဟောပြောချက် အချို့သည် သတင်းစာတွင်လည်း ပါလေ့ရှိတတ်၏။ သူသည် အလီဂရ်ကျောင်းတော်ကြီးကို သူမျှော်မှန်းသကဲ့သို့ ဖြစ်အောင် ဆောက်လုပ်နှိုင် ခဲ့သည်။ အလီ ဂရ်ကျောင်းတော်ကြီးက သူ၏ဘွဲ့ရကျောင်းသား များကို ၁၈၈၀ ပြည့် နှစ် မှစ၍ ဘွဲ့ချီးမြှင့်နိုင်ခဲ့သည်။ အလီဂရ်မှ တဆင့်အခြားဒေသ အားလုံးသို့လည်း ပညာရေး လုပ်ငန်းများ ကျယ်ပြန့် လာ ခဲ့သည်။ မွတ်စလင်မ်များ သည် အစိုးရဌာန ဆိုင်ရာများတွင် အမှုထမ်းခွင့်ရရှိခဲ့သည်။ ပညာအရှိန်အားဖြင့် ကြီးမားသော ရာထူးများကို ယှဉ်ပြိုင်နိုင် ခွင့်ရရှိခဲ့သည်။ တရားရုံးများတွင် မွတ်စ လင်မ်တရားရေး ဝန်ထမ်းများ တွေ့မြင်ခွင့် ရရှိခဲ့ သည်။ မွတ်စလင်မ်တို့သည် အိန္ဒိယပြည်တွင်သာမကနှိုင်ငံရပ်ခြားရှိအောက်စဖို့နှင့်ကင်း ဘရိဂ်ျကဲ့သို့သော ကျောင်းတော်ကြီးများကို ပညာ ဆည်းပူးရန် သွားနေကြ ပြီဖြစ် သည်။ ၁၈၈၆ခုနှစ်တွင် မွတ်စလင်မ်ပညာရေး ကွန်ဖရင့်အဖွဲ့အစည်းကို ဖွဲ့စည်း၍ပညာရေးနှင့် ပတ်သက်၍ စီမံကိန်းချမှတ်နိုင်ခဲ့ သည်။ ကျောင်း များတွင် ကျမ်းမြတ်ကုရ်အာန် သင် ကြားခွင့်ကို တောင်းဆိုလာခဲ့သည်။ ဆာဆိုက်ယသ်၏ ‘သဲဟ် ဇိဗ်အစ်ခ်လာက်’ ဟူ သောယဉ်ကျေးမှု စာစောင်ကြောင့် ဘာသာရေး တယူသန် ခေတ်နောက် ကျနေသော သူ တို့တွင်လည်း အစ္စလာမ့်ရေးရာနှင့် ပက်သက်ပြီး နိုးကြားသော အမြင်များ ပေါ် ထွန်းလာခဲ့ သည်။သူတို့၏ ဘာသာရေးကျောင်းများတွင် ဟောင်းနွမ်းနေသော သင်ရိုး ညွှန်း တမ်းကို သတိပြု ဝေဖန်မှုဖြစ်လာခဲ့သည်။ အထိရောက်ဆုံးသော လှုပ်ရှားမှုကမူ ကန်ပူရ်မြို့မှနဒ်ဝသုလ်အိုလမာ တည်ထောင်မည့်အတွေးအခေါ်ပေါ်ထွန်းလာခြင်းဖြစ် သည်။ အလီ ဂရ်ကျောင်းတော်ကြီးတွင် အသက်မွေး ဝမ်းကြောင်းမှု ပညာနှင့်အတူ ဘာ သာရေး ဆိုင်ရာ အသိပေးမှုနှင့် ကုရ်အာန်ကိုအခြေခံသော အတွေးအမြင်များကို ပို့ချခဲ့ သည်။ အိန္ဒိယနှိုင်ငံရှိ မထင်မ ရှားသော ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များကိုအလီဂရ်ကျောင်း ကြီးက ရှာဖွေဖော်ထုတ် ပေးခဲ့သည်။ ယင်းသူတို့တွင် ရှိဗ်လီနိုမာနီ နှင့်မော်လာနာ ဟာလီ တို့ လည်းပါဝင် သည်။
ရှိဗ်လီနိုမာနီသည် ဤကျောင်းတော်ကြီးသို့ ရောက်ရှိလာပြီးနောက်အနောက်တိုင်း မှ လာ ရောက်ပညာပို့ချသော ပုဂ္ဂိုလ်များနှင့် ပညာဖလှယ်နိုင်ခဲ့သည်။ သုတေန ဘာသာ ရပ်ကို နိုင်နင်း စွာပြနိုင်ခဲ့သည်။ မော်လာနာဟာလီသည် အိန္ဒိယပြည်တွင် ယနေ့အထိ သင်ကြား နေရသော ‘မုရှဒ်ဒေဆေဟာလီ’ ဟူသောကဗျာ ကျမ်းကိုပြု စုနိုင်ခဲ့သည်။ ရှိဗ် လီက ပိုမို၍ ပင်ကျယ်ပြန့် စွာ ဆောင်ရွက်နိုင်ခဲ့သည်။ ဆိုက်ယသ်ဆူလေမာန် နဒဝီကဲ့သို့ ကမ္ဘာကျော် ပုဂ္ဂိုလ်များကို မွေးပေးနိုင်ခဲ့သည်။ ကျမ်းပေါင်း များစွာကို ယနေ့ လက် ကိုင်ပြုရလေအောင် ပြု စုနိုင်ခဲ့သည်။
အလီဂရ်ကျောင်းတော်ကြီးရှိ ကျောင်းသားများ၏ ဘာသာရေး ဆိုင်ရာခံယူချက် နှင့်ပတ် သက်၍ ကျွန်ုပ်တို့ခေတ်တွင် အကျော်အကြားဆုံးသော ပညာရှင်တို့တွင် ပါဝင်သော ‘အဗ်ဒုလ်မာဂျီဒ် ဒရ်ယာဗာဒီ’ ကသူ၏စာစောင်ဖြစ်သော “ဆိဒ်ကေဂျဒိဒ်” တွင် ရေးသား ထားပုံကို ဖော်ပြပါမည်။
“၁၈၉၄ ခုနှစ်ကဖြစ်သည်။ အိန္ဒိယနိုင်ငံ နိုင်နီသာလ်မြို့တွင် ခရစ်ကက်ပြည်လုံး ကျွတ် ဗိုလ်လုပွဲကျင်းပနေချိန်ဖြစ်သည်။ အလီဂရ်တက္ကသိုလ်အသင်းနှင့် နိုင်ငံ့ဝန် ထမ်းအ သင်း တို့ အကြိတ် အနယ် ကစားနေကြသည်။ အလီဂရ်တက္ကသိုလ်အ သင်း၏နာမည်ကျော် အားကစားသမား အရှ်ဖာက်အာမတ် ဘော်လုံးပစ်ရန်အားယူ နေစဉ် ဂျွမ်အာဆွလာသ် အာဇန်ပေးသံကြားလိုက်ရ သည်။ ထိုစဉ်အရှ်ဖာက်အာမက် သည် အားယူထားသောဘော လုံးကို အောက်ချလိုက်ပြီး တစ်သင်းလုံးဆွလာသ်ဝတ်ပြုရန် ထွက်ခွာသွားကြသည်။ အခြားသူတို့က အလီဂရ်ကျောင်းသား တို့၏ စိတ်ဓာတ်ကို တအံ့ တသြကြည့်လိုက်ရ သည်။”
ဟုတ်ပါသည်။ ဤသည် ကာဖရ်၊မုရှ်ရိက်၊နေကျရီ စသည်ဖြင့် စွတ်စွဲခံခဲ့ရသော ဆာဆိုက် ယသ်၏ ကျောင်းသားများ၏ မွတ်စလင်မ့် အားမာန်ဖြစ်ပါသည်။”
ဂျာဝေ့သ်သန်း














