လူ့ကိုယ်ရည်ကိုယ်သွေး(၃)


သက်ဝင်ယုံကြည်မှုဟူသည် မွတ်စလင်မ်တစ်ဦး၏ နှလုံးသည်းပွတ်ထဲတွင် အသက်ရှင် သန်မှုနှင့်ထပ်တူ ထပ်မျှ ဒွန်တွဲတည်ရှိနေရမည့် တည်ကြည်ခိုင်မြဲသော ဘ၀ခံယူချက်ဖြစ် သည်။ ထိုခံ ယူချက်သည်ခေတ္တမျှ ပင် မိမိ၏အသိစိတ်အတွင်းမှ ထုတ်ပယ်ထား၍မရသော ယုံကြည်ချက်ဖြစ်သည်။

ဖေါ်ပြပါယုံကြည်မှုဆိုင်ရာ အချက်(၅)ချက်ကိုလက်မခံဘဲ (အသင်တို့သည် အရှေ့အရပ်ဖက်သို့သော် လည်းကောင်း အနောက်အရပ်ဖက်သို့သော်လည်းကောင်း မျက်နှာများမူ၍ ၀တ်ပြုခြင်း တစ်ခုတည်းသာ လျှင် ဖန်ဆင်းရှင်ကလက်ခံမည် မဟုတ်ကြောင်း) အတိအလင်းဆိုထားသည်။ (၂း၁၇၇)

ယုံကြည်မှုနှင့်ထပ်တူ လူမှုရေးကဏ္ဍ

အထက်မှကုရ်အာနှ်(၂း၁၇၇)တွင်ယုံကြည်မှုဆိုင်ရာ အချက်(၅)ချက်နှင့် တစ်ဆက်တည်း လက်တွေ့ ဆောင်ရွက်ရမည့် လူမှုရေးတာဝန်ကိုလည်း ပြဌာန်းထားသည်။ ထိုတာဝန် သည်လည်း ယုံကြည်မှု ကဲ့သို့ပင် ကာလံ၊ ဒေသံ၊ ဧဂ္ဂံမရွေး အချိန်တိုင်း ဆောင်ရွက်ရ မည်ဖြစ်သည်။

(ထိုနည်းတူစွာ ဆွေမျိုးရင်းခြာများကိုလည်းကောင်း၊ ဖသက်ဆိုးကလေးများကိုလည်းကောင်း၊ သူဆင်းရဲ များကိုလည်းကောင်း၊ ခရီးသည်များကိုလည်းကောင်း၊ ဖွင့်ဟတောင်းခံလာ သူ များ နှင့်အခက်အခဲအကျပ် အတည်းများနှင့် ရင်ဆိုင်သူများကို မိမိတို့၏ စုံမက်နှစ်သက်သော ပစ္စည်းဥစ္စာများကို နှစ်သက်ပါလျှက် နှင့်(နှောင်ကြိုးမဲ့) ပေးကမ်းလှုဒါန်းကြ။) (၂း၁၇၇)

လူ့အသိုက်အမြုံကြီးအတွင်းရှိလူသားများသည် မိမိတို့အချင်းချင်းအတွင်းတွင်ငွေကြေး အကူအညီလိုအပ် သူများကို တတ်စွမ်းနှိုင်သူများက ငွေကြေးဖြင့်ဖြည့်ဆည်းပေးခြင်း၊ အ သိပညာ လို အပ်သူများကိုအသိ ပညာဖြည့်ဆည်းပေးခြင်း၊ နည်းပညာလိုအပ်သူများကို နည်းပညာဖြည့်ဆည်းပေးရမည်-သို့မှသာတစ်ဦး ကောင်းတစ်ယောက်ကောင်း(၀ါ)လူ တစ်စုတိုးတက် ကောင်း စားရေးမှ လူ့အသိုက်အမြုံကြီးတစ်ခုလုံးတိုး တက်ကောင်းစား မည်ဖြစ်သည်။

တစ်ဦး၏လိုအပ်ချက်ကို တစ်ဦးကဖြည့်ဆည်း ပေးရာတွင်လည်း မိမိနှစ်သက်သော ပစ္စည်း ဥစ္စာ(သို့မဟုတ်)နည်းပညာများကို နှစ်သက်ပါလျှက်နှင့် ထိုသူ့ထံမှမည်သည့် မျှော်လင့် ချက်မျှမ ထားဘဲ နှောင်ကြိုးမဲ့ကူညီရ မည် ဖြစ်သည်။

ထိုကဲ့သို့ လှူဒါန်းရာတွင်လည်း ဂုဏ်ဖေါ်ရန်အတွက်သော်လည်းကောင်း တစ်ဖက်လူကို စိတ်ဒုက္ခရောက် စေသော အလှူမျိုးမဖြစ်စေရ။ (၂း၂၆၂)

ကုရ်အာန်ပြ စနစ်ဇယားတွင် သက်ဝင်ယုံကြည်မှုနှင့် ထပ်တူထပ်မျှ လူမှုရေးကဏ္ဍကို ပြ ဌာန်းထားသည်။

အစ္စလာမ်သာသနာသည် လူမှုရေးကို အခြေခံထားသော ၀ါဒလမ်းစဉ်တစ်ခုဖြစ်သည်။ ထို ၀ါဒလမ်းစဉ်ကို လက်ခံယုံကြည်သူကို (မွတ်စလင်မ်) ဟုခေါ်သည်။

မွတ်စလင်မ်ဟူသည်

အစ္စလာမ်ဟူသည်အာရဗီဝေါဟာရဖြစ်၍အဓိပ္ပါယ်မှာ ငြိမ်းချမ်းရေးမူဝါဒလမ်းစဉ်ဖြစ်သည်။ ထိုအစ္စလာမ် ဟူသည့် ငြိမ်းချမ်းရေးမူဝါဒလမ်းစဉ်ကို လက်ခံယုံကြည်သူကိုမွတ်စလင်မ် ဟုခေါ် သည်။ထိုသို့ငြိမ်းချမ်း ရေးဝါဒီမွတ်စလင်မ်များ ဖြစ်လာရန်အတွက် မိမိ၏ဘဝသက် တမ်းကို တုနှိုင်းမဲ့ကိုးကွယ်ရာဖန်ဆင်းရှင်၏ ပြဌာန်းချက်နိယာမ ကုရ်အာန်၏ညွှန်ကြား ချက်နှင့်အညီစည်း ဝါးကိုက်ညီစွာ အံဝင်ဂွင်ကျလိုက်နာကျင့်သုံး သူဖြစ်၏။

မွတ်စလင်မ်ဟူသောဝေါဟာရ၏ အခြားအဓိပ္ပာယ်တစ်မျိုးမှာ မိမိ၏အတ္တစိတ်ရိုင်းကိုချိုး နှိမ်၍ တုနှိုင်းမဲ့ကိုး ကွယ်ရာဖန်ဆင်းရှင်ထံ၌ မိမိ၏ကိုယ်စိတ်နှလုံးသုံးပါးစလုံးကို ပုံအပ် နာခံသူဖြစ် သည်။

မွတ်စလင်မ်ဟူသည် မိမိပတ်ဝန်းကျင်ရှိ လူသားအားလုံးနှင့် သက်ရှိများအားလုံးအပေါ် တွင်မေတ္တာထားရမည်၊ စာနာရမည်၊သနားရမည်၊ ညှာတာရမည် တရားမျှတခြင်းများကို မိမိကိုယ်တိုင် ကျင့်ကြံလျှက် သူတစ်ပါးအားလည်း ဆင့်ဆိုရမည်ဖြစ်၏။ ထို့ကြောင့်မွတ် စလင်မ်ဟူသည် မိမိ၏နှုတ်လျှာအမူအရာ ကျင့်ကြံမှုများအားလုံးဖြင့် လူသားအပါအ၀င် သက်ရှိအားလုံးအပေါ် ၌ ငြိမ်းအေးစေသူလည်း ဖြစ်သည်။

ကျမ်းမြတ်ကုရ်အာန်၏ လမ်းညွှန်ချက်တွင် အပြစ်မဲ့သူတစ်ဦးကိုသတ်ခြင်းသည် လူသားတစ်ရပ်လုံးကို သတ်ခြင်းဖြစ်သည်။ လူတစ်ဦးကိုကယ်တင်ခြင်းသည် လူသားတစ်ရပ်လုံးကို ကယ် တင်ခြင်း ဖြစ်သည်။ ( ၅း၃၂ )

(ညှင်းပမ်း နှိပ်စက်ခြင်းသည် သတ်ခြင်းထက် ပိုဆိုးသည်။)(၂း၂၁၇) ဟုပြဌာန်းထားသည်။

အစ္စလာမ်သာသနာသည် လူမှုရေးကို လုံးဝအခြေခံထားသော သာသနာဖြစ်သည်။ မွတ် စလင်မ်ဟူသည် အလွန်စည်းလုံးညီညွှတ်သော လူ့အဖွဲ့အစည်းကြီး တစ်ရပ်ဖြစ်သည်။

ညီညွတ်ခြင်းသည်အင်အား

အစ္စလာမ်သာသနာသည် လူမှုရေးနယ်ပယ်၌ တရားမျှတမှုကို လုံးဝအခြေခံ၍ တည်ဆောက်ထားသော လူ့အဖွဲ့အစည်းကြီးတစ်ခုဖြစ်သည်။ ထိုလူ့အဖွဲ့အစည်းကြီးကို ”အွမ္မဟ်”သို့မ ဟုတ် ငြိမ်းချမ်းရေးဆောင် မွတ်စလင်မ်အသိုက်အမြုံကြီးဟုခေါ်သည်။ ထို အသိုက်အမြုံကြီးသည်  ကုရ်အာန်ပြစနစ်ဇယားအတိုင်းခဲ ရည်ဖြင့်သွန်းလောင်းထားသော အဆောက်အဦးကြီး သ ဖွယ် အလွန်ကျစ်လစ်ခိုင်မာတောင့်တင်းသော လူ့ အဖွဲ့အစည်း ကြီး တစ်ခုဖြစ်သည်။

ထိုလူ့အဖွဲ့အစည်းကြီး၏ ညီညွတ်မှုသည် တစ်ဦးတစ်ယောက် အပေါ်သို့ကျရောက်သော အခက်အခဲများကို စုပေါင်းရင်ပေါင်တန်း၍ ညီညာစွာဝိုင်းဝန်းဖယ်ရှားပေးသူများဖြစ် ကြသည်။ ‘အွမ္မဟ်’ခေါ်မွတ်စ လင်မ်အသိုက်အမြုံကြီးဟူသည် တစ်ပါးတည်းသောအရှင် ဝါဒ ကို လက်ခံယုံကြည်၍ တစ်ဆူတည်းသော ကျမ်းဂန်ကုရ်အာန်၏လမ်းညွှန်ချက်အတိုင်း ဘဝတည်ဆောက်ပြ ခဲ့သော တမန်တော်မုဟမ္မဒ် (အရှင်၏ ငြိမ်းအေးမှု အပေါင်းခညောင်း ပါစေ) နည်းတူခံယူချက် တူညီသူများ ဖြစ်ကြသည်။ (ကုရ် အာန် ၆၁း၎)

‘အွမ္မဟ်’ မွတ်စလင်မ် အသိုက်အမြုံကြီးအတွင်း စည်းလုံး ညီညွတ်၍ ခိုင်မာတောင့် တင်းသော ခဲရည်ဖြင့် သွန်းလောင်း ထားသည့် အဆောက်အဦးကြီး သဖွယ်ရှိ နေခြင်း သည် မွတ်စလင်မ် တို့သည် ကုရ်အာန်ပြ စနစ်ဇယားအတိုင်း အပြည့်အဝ လိုက်နာကျင့် သုံးသည့် လက္ခဏာ တစ်ရပ်ဖြစ်သည်။

အကယ်၍ ‘အွမ္မဟ်’ဟူသော မွတ်စလင်မ်အသိုက်အမြုံကြီးအတွင်း စည်းလုံးညီညွတ်မှုပြို ကွဲ၍ ဂိုဏ်းဂဏ များစွာပေါ်ပေါက်လာခြင်းသည် ကုရ်အာန်ပြစနစ်ဇယားအတိုင်း လိုက်နာ ကျင့်သုံးမှု မရှိတော့သည့် လက္ခ ဏာရပ် ဖြစ်သည်။

ထိုသို့မဖြစ်စေရန် ကျမ်းမြတ်ကုရ်အာန် ၃ဝး၃၂) တွင်-

(၄င်းတို့ အနက်မှ ထိုသူတို့သည် မိမိတို့၏သာသနာကို အစိပ်စိပ်အမွှာအမွှာ ပြုလုပ်ခဲ့ကြပြီး ဂိုဏ်းဂဏ အမျိုးမျိုးဖြစ်သွားခဲ့ကြကုန်၏။ ထိုဂိုဏ်းဂဏအသီးသီးတို့သည် မိမိတို့၌ရှိသော ဝါဒ လမ်းစဉ်များနှင့်ပင် ကျေနပ်ဝမ်းမြောက်လျက် ရှိကြသည်။) ဟုလည်းကောင်း။

ကုရ်အာန် ၆း၁၅၉ တွင်

(စင်စစ်ဧကန်ထိုသူတို့သည် သာသနာကို အစိပ်စိပ်အမွှာမွှာခွဲပစ်ခဲ့ကြ၏။ ထို့နောက်၎င်းတို့သည် ဂိုဏ်းဂန အသီးသီးကွဲကြကုန်၏။ (မုဟမ္မဒ်)အသင်သည် ထိုသူများနှင့်မည်သို့မျှ မပတ် သက် ပေ။”ဟုလည်းကောင်း ပြဌာန်း ထားပေသည်။

မည်သည့်ဘာသာသာသနာတွင်မဆို မိမိတို့၏ အခြေခံမူဝါဒဖြစ်သော တုနှိုင်းမဲ့ကိုး ကွယ်ရာအရှင်၏ ဗျာဒိတ်ကျမ်းဂန်ကပင်လျှင် စည်းလုံးညီညွှတ်သော လူ့အဖွဲ့အစည်း ကြီးတစ်ခုကို တည်ဆောက်ပေးသော ဝါဒလမ်းစဉ်ဖြစ်သည်။ ဗျာဒိတ်ကျမ်း၏အခြေခံ နိယာမသည် ကွဲပြားခြားနား၍ အယူဝါဒမတူသူများကို တူ ညီသောလမ်းညွှန်မှုအရတူ ညီသောအခွင့်အရေးများကို တပြေး ညီ ခံစားခွင့်ပေးထားသည်။

ထိုမှန်ကန်သောဗျာဒိတ်ကျမ်းဂန်ဝါဒမှ လူသားတို့၏အယူဝါဒများ စွက်ဖက်လာသည်နှင့် စည်းလုံးညီ ညွှတ်သည့် လူ့အဖွဲ့အစည်းကြီးအဖြစ်မှ ကွဲပြားခြားနားသော ဂိုဏ်းကွဲ များဖြစ်လာကြ သည်ပင်။ မိမိတို့၏ အယူဝါဒဂိုဏ်းများသည်သာလျှင် ပိုမိုမှန်ကန်သည်ဟု ယုံကြည်လာကြသည်နှင့်အတူအခြားမတူညီသော ဂိုဏ်ကွဲများနှင့်တိုက်ခိုက် စွပ်စွဲငြင်းခုံ ရင်းဖြင့်အလွန်တိုတောင်း လှသောလူ့ဘ၀ သက်တန်းကို ကုန်လွန် စေ ခဲ့ခြင်းပင်။

ဆွလားသ်တည်ဆောက်ခြင်း

ဆက်လက်၍ (၂း၁၇၇)တွင်- -

(ဆွလားသ်တည်ဆောက်ခြင်း၊ ဇကာသ်(ခေါ်)ဆင်းရဲသားများအတွက် ဘ၀မြှင့်တင်ရေးခွန်ပေးဆောင် ခြင်း၊ ပေးထားသောကတိက၀တ်များကျေပြွန်ခြင်း၊ အခက်အခဲအကျပ်အတည်းဘေး ဒုက္ခများနှင့်ရင်ဆိုင် ရသောအချိန်များတွင်လည်း ကြ့ကြံ့ခံ၍ရင်ဆိုင်နှိုင်သူများဖြစ်ရမည်။ ထိုသူများသာလျှင် သစ္စာဝါဒီများ ဖြစ်ကြပြီး၊(မွတ္တကီ)တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်၏ သိစိတ်ဖြင့် ဘ ၀ရှင်သန်သူများ ဖြစ်ကြသည်။) (၂း၁၇၇)

ဖန်ဆင်းရှင်သည် လူသား၏ကိုယ်ရည်ကိုယ်သွေးကို မြင့်မားစေရန်အတွက် ဆွလာသ် တည်ဆောက်မှု ကို ပြဌာန်းထားသည်။ ဆွလားသ်နှင့်စပ်လျှင်း၍ ကုရ်အာန်တွင်အ ကြိမ်ပေါင်း(၉၉) ကြိမ်ပြဌာန်းချက်များ အ နက် ကုရ်အာန်၂၉း၄၅ပါ ဗျာဒိတ်တစ်ခုတည်းနှင့် ပင် လူသား၏ ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်ပေး ကြောင်း တွေ့နှိုင်ပေသည်။

(ဧကန်ဆွလာသ် တည်ဆောက် ခြင်းသည် မကောင်းမှုအမှုများနှင့် အလွန်စက်ဆုပ်ဖွယ်ရာများမှ တားဆီး ခဲ့လေသည်။)

ကုရ်အာန်ကပြောသောဆွလာသ်တည်ဆောက်ခြင်းဟူသည် ဆွလာသ်အတွင်း၌မိမိ၏နှုတ် လျှာအမူအရာများနှင့် စိတ်ပိုင်းဆိုင်ရာအားလုံးက ဖန်ဆင်းရှင်၏ရှေ့မှောက်တွင်အခစား ဝင်ရောက် ၍ မိမိတို့၏ ကာယကံ ၊ဝစီကံ ၊မနောကံတို့ဖြင့် ကျူးလွန်ခဲ့သော အပြစ်များကို ဝန်ချတောင်းပန်၍ နောင်ထိုသို့သော မကောင်းမှုတို့မှ ရှောင်ကျဉ်ပါတော့မည်ဟူ၍ အာမ ဗန္တေခံခြင်း ဖြစ်သည်။ ထိုသို့သော အကြောင်းများကြောင့် ‘အကေမစ် ဆွလာသ်’(ခေါ်) ဆွလာသ် တည်ဆောက်ပါဟူ၍ ကုရ်အာန်ကပြဌာန်းထားခြင်းဖြစ် သည်။ ဆွလာသ်အ တွင်း၌ မိမိတို့ ၏ နှုတ်လျှာ အမူအ ရာများနှင့် စိတ်ပိုင်းဆိုင်ရာအားလုံးက အရှင့်အမိန့် ကိုနာခံသကဲ့သို့ ဆွလာသ်၏ပြင်ပဖြစ်သော နေ့စဉ်ဘဝတည်ဆောက်ရာ၌လည်း မိမိတို့ ၏နှုတ်လျှာအမူ အရာများနှင့် စိတ်ပိုင်း ဆိုင် ရာ အား လုံးက အရှင့်အမိန့်အတိုင်း တစ်သွေး တည်း တစ်သားတည်း ဖြစ်နေ ခြင်းကို ဆိုခြင်းဖြစ် သည်။

ဆွလာသ်တည်ဆောက်ခြင်းဖြင့်  မြင့်မားသော ကိုယ်ရည်ကိုယ်သွေးများရရှိမည့်အကြောင်း ကုရ်အာန် ၂၃း၁ မှ ၁၁ အထိ ဖော်ပြထားသည်။

၁။ ( အကြင်သက်ဝင်ယုံကြည်သူများသည် အောင်မြင်မှုလည်းရရှိပြီးဖြစ်သည်။)

၂။ ( ထိုသူများသည် ဆွလာသ်အတွင်း တစ်စိတ်တစ်လက် ကျိုးနွံသူများဖြစ်ကြ၏။)

၃။ ( ထိုဆွလာသ်အတွင်း ကျိုးနွံခဲ့သူများသည် အကျိုးမဲ့သော အရာများမှ ရှောင်ကျဉ်သူများဖြစ် ကြ၏။)

၎။ ( ထိုဆွလာသ်အတွင်းကျိုးနွံသူများသည် ‘ဇကားသ်’ ဆင်းရဲသားများ၏ ဘ၀မြှင့်တင်ရေး ရန်ပုံငွေခွန် များကိုလည်း တာဝန်ကျေစွာပေးဆောင်ကြ၏။)

၅။ ( ထိုဆွလာသ်အတွင်း ကျိုးနွံသူများသည် မိမိတို့၏ အရှက်အင်္ဂါများကို ကာမေသုမိစ္ဆာစရကံ မှ ရှောင် ကျဉ်ခဲ့ကြ၏။)

၆။ ( ထိုဆွလာသ် အတွင်းကျိုးနွံသူများသည် မိမိတို့၏ ဇနီးမယားများ နှင့်သာဆက်ဆံပေါင်း သင်းကြခြင်း ကို အပြစ်ဆိုဖွယ်ရာမရှိပေ။)

၇။ ( မိမိတို့၏ဇနီးမယားမဟုတ်သူများအပေါ်သို့ စိတ်ရောက်ခြင်းသည် ကျူးလွန်သူများဖြစ်ကြ ၏။)

၈။ ( ထိုဆွလာသ်အတွင်း ကျိုးနွံသူများသည် အပ်နှံပစ္စည်းများ၊ ယုံကြည်စိတ်ချ၍ ရင်ဖွင့်ချက် များနှင့် က တိကဝတ် ဆိုင်ရာစည်းကမ်းချက်များ ကိုထိမ်းသိမ်း သူများ ဖြစ်ကြ၏။)

၉။ ( ထိုဆွလာသ်အတွင်း ကျိုးနွံသူများသည် မိမိတို့၏ ဆွလာသ်တည် ဆောက်မှုများကို ထိမ်းသိမ်း သူ များဖြစ်ကြ၏။)

၁၀။ ( ထိုဆွလာသ်အတွင်း ကျိုးနွံသူများသည် အမွေစားအမွေခံများဖြစ်ကြ၏။)

၁၁။ ( ထိုဆွလာသ်အတွင်း ကျိုးနွံသူများ၏ အမွေမှာ ‘ဖေရ်ဒေါက်(စ်)’ (ခေါ်)မြင့်မြတ်သော နိဗ္ဗန်ဘုံနန်း များတွင် ထာဝရ နေထိုင်ကြရမည့် သူများဖြစ်၏။)

ဖန်ဆင်းရှင်က ပြဌာန်းထားသော ဥပဒေများကို လွယ်ကူစွာ လိုက်နာကျင့်သုံး နှိုင်ရန်အ တွက် ဆွလားသ် တည်ဆောက် ခြင်းကိုလည်း လူသားအတွက် ပြဌာန်းပေးခဲ့ သည်။

အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။

ဦးစိုးလွင် (ငြိမ်းချမ်းလျှပ်စစ်)

2 Comments

looqmaan says:

ဆွလာသ် အတွင်း နေ့စဉ် ရွတ်ဖတ်ရသော ကျမ်းမြတ်ကုရ်အာန် ၏ အဓိပ္ပါယ် ကိုနားလည် သဘောပေါက် ၍ ဆွလာသ်၏ ပြင်ပ လက်တွေ့ ဘဝ တည်ဆောက်ရာ တွင်လည်း လိုက်နာ ကျင့်သုံးခြင်းမှာ အင်မတန်မှ သဘာဝကျလှပါတယ်။
-Jazakallh Khair

Thumb up 1 Thumb down 0

28 Aug 10 @ 2am

mynn says:

good

Thumb up 0 Thumb down 0

15 Jul 11 @ 9am

Write comment

Please read this note before your write comment.

 

Quranic Study Group
Los Angeles, California, USA
© 2005 - 2012 QuranInBurmese.com All Rights Reserved
Click here to download Zawgyi Font
Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976
Quran 38:29
Quran 26:24
Quran 3:138
Quran 6:153