လူ့ကိုယ်ရည်ကိုယ်သွေး(၄)
”ဇကားသ်”ခေါ် ဆင်းရဲသားဘ၀ မြှင့်တင်ရေးခွန်
မွတ်စလင်မ်ဟူသည် မိမိ၏ရုပ်ပိုင်းနှင့်စိတ်ပိုင်းကို ထာဝရအရှင်ပြစနစ်ဇယားအတိုင်း နေ ထိုင်ရသကဲ့သို့ မိမိတို့ပိုင်ဆိုင်သော ပစ္စည်းများအနက် နှစ်စဉ်အချိုးအစားအလိုက် ဆင်း ရဲသား များ နှင့်အရေးပေါ်လိုအပ် သူများအတွက် ဘ၀မြှင့်တင်ရေးရန်ပုံငွေခွန် ပေးဆောင် ရသည်မှာလည်း တာဝန်တစ်ရပ်ဖြစ်သည်။ ဇကားသ်(ခေါ်)ဆင်းရဲသားများနှင့်အရေးပေါ် လိုအပ်သူများအ တွက် ဘ၀မြှင့်တင်ရေးရန်ပုံငွေခွန် ပေးဆောင်ရသောအကြောင်းရင်း သည် လူ့အဖွဲ့အစည်းကြီးအတွင်း ဆင်းရဲလွန်းခြင်း၊ ချမ်းသာလွန်းခြင်းဟူ သော ဆင်းရဲချမ်း သာကွာဟချက်ကို ညှိပေးသော စနစ်ဖြစ်သည်။
ဇကားသ်ဟူသော ဆင်းရဲသားများအတွက်ရန်ပုံငွေခွန်သည် စားရမဲ့သောက်ရမဲ့ဆင်းရဲ သားများကို တစ် လုပ်တစ်ဖဲ့ကျွေးမွေးရန်သက်သက်မဟုတ်ပေ။ ထိုဆင်းရဲသားများကို ဆင်းရဲသည့် ဘ၀မှလွတ်မြောက်ရန် အတွက် အရင်းအနှီးမတည်၍ ချမ်းသာကြယ်ဝနိုင် သည့် စီပွားရေးလမ်းကြောင်းပေါ်သို့ တွန်းပို့ပေးခြင်းဖြစ်သည်။ ဆင်းရဲသားများနှင့်လို အပ်ချက်ရှိသူများ ကိုပေး ကမ်းလှူဒါန်းရမည့် တာဝန်မှာ(အီမာန်)သက်ဝင်ယုံကြည်မှုနှင့် ထပ်တူထပ်မျှ ဖြစ်သည်။ အချိန်နေရာဒေသ သတ်မှတ်ချက် မရှိပေ။(ကုရ်အာန်၂း၁၇၇)
ဇကားသ်သည် မိမိဆွေမျိုးသားချင်းများအတွက် ပထမဦးစားပေး ဆောင်ရွက်ရမည်ဖြစ် သည်။ လူ့အဖွဲ့အစည်းကြီးအတွင်းရှိ လူသားများသည် မိမိတို့၏ဆွေမျိုးသားချင်းများ၏ လိုအပ်ချက် များကို ဦးစားပေး ဆောင်ရွက်နိုင်ခြင်းဖြင့် ဆင်းရဲသားအများစုအတွက် ဆင်းရဲ မှုဘ၀မှ လွတ်မြောက်နိုင်မည်ဖြစ်သည်။
လူ့အဖွဲ့အစည်းကြီးအတွင်းရှိ လူသားတိုင်းသည်တစ်နည်းအားဖြင့် ဆက်နွယ်လျက် ရှိသောဆွေမျိုးသား ချင်းများဖြစ်သည်။ လူတစ်ဦးချင်းသည်လည်းကောင်း မိသားစုတစ် စုချင်းသည် လည်းကောင်းလူ့အ ဖွဲ့အစည်းကြီးအတွင်းရှိ လူတိုင်းလူတိုင်းမိသားစုတိုင်း မိသားစုတိုင်း စားဝတ်နေရေးနှင့်လိုအပ်ချက်အား လုံး ချောမွေ့ရမည့်တာဝန်မှာ မွတ်စ လင်မ်တိုင်းအပေါ်တွင် တာဝန်တစ်ရပ် ဖြစ်သည်။
ဇကားသ်ဟူသည် အရဗီဝေါဟာရဖြစ်၍ အဓိပ္ပာယ်မှာ တိုးပွားခြင်းသည်။ မိမိပိုင်ပစ္စည်းဥစ္စာ တိုးပွားခြင်းမှ အခြားဆင်းရဲသားမိသားစုများ၏ ဥစ္စာပစ္စည်းများကိုပါတိုးပွားစေခြင်း ဖြစ် သည်။
လူ့အဖွဲ့အစည်းကြီးအတွင်းတွင် များသောအားဖြင့် ခိုးဆိုးလုယက်၊ တိုက်ခိုက်သတ်ဖြတ်ခြင်းများမှာ ဆာ လောင်ငတ်မွတ်၊ လိုလားတောင့်တရာမှတစ်ဆင့်၊ ဆင်းရဲလွန်းခြင်း၏ဒဏ်၊ လူရာမ ဝင်လွန်းဟုခံစားရ ခြင်း၏ဒဏ်၊ အနှိမ်ခံရသည်ဟု ထင်မြင်စွဲမှတ်လာသည့်ဒဏ်စသည့် စိတ်ပိုင်းဆိုင်ရာဒဏ်ရာဒဏ်ချက် ပေါင်းများစွာမှ အခြေခံဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။ ဆာလောင် ငတ်မွတ်ခြင်းဒဏ်၊ လိုလားတောင့်တ ခြင်းဒဏ်များကို ကျင့်သားရစေရန်၊ ဆာလောင်ငတ်မွတ်လာလျှင်လည်း စိတ်ပိုင်းဆိုင်ရာစွမ်းရည်ကို မ ယိမ်းမယိုင်ကြံ့ကြံ့ခိုင်တည်မြဲနိုင်စေရန် ဥပုသ် သီလကို ပြဌာန်းထားသကဲ့သို့ ဥပုသ်သီလစောင့်ထိန်းခြင်း ဖြင့် ဆင်းရဲသားများ၏စားရမဲ့သောက်ရမဲ့ဘဝကို လက်တွေ့ခံစားလာကြသော မွတ်စလင်မ်များသည်(ဇ ကားသ်)ခေါ် ဆင်းရဲသား များ၏ ဘ၀လုံခြုံရေးခွန်ကိုလည်း လိုလိုလားလား ပေးဆောင်နှိုင်ရန်ဖြစ်သည်။
ထိုကဲ့သို့သော ဇကားသ် ဆင်းရဲသားများအတွက် ရန်ပုံငွေခွန်သည် မပေးမနေရပြဌာန်း ချက် ဥပဒေဖြစ် သည်။ ကုရ်အာန်၉း၆၀ တွင်-
(ဧကန်ဆွသ်ကဟ် (ဇကားသ်)သည် ဆင်းရဲနွမ်းပါးသူတို့ အဖို့လည်းကောင်း၊ လိုအပ်ချက်ရှိနေသူတို့အ ဖို့လည်းကောင်း၊ ဇကားသ်နှင့်စပ်လျှင်း၍ အမှုထမ်းသူတို့အဖို့လည်းကောင်း၊ အမှန် တရားဘက်သို့ စိတ် ညွှတ်လာစေနှိုင်သူများအတွက်လည်းကောင်း၊ အချုပ်အနှောင်တွင် ရှိနေသူတို့အဖို့လည်ကောင်း၊ ကြွေး မြီပိနေသူများအဖို့လည်းကောင်း၊ အရှင့်လမ်းတွင်ရှိနေသူများ အဖို့လည်းကောင်း ခရီးသည်များအဖို့ လည်းကောင်းဖြစ်သည်။ ဤသည်ကား အရှင်မြတ်ထံမှပြဌာန်းထားသော ပညတ်ချက်ဖြစ်သည်။ အရှင် မြတ်သည် အကြွင်းမဲ့သိသော ဆင်ခြင်တုံတ ရားနှင့်် ပြည့်စုံသော အရှင်ဖြစ်သည်။)
ဇကားသ်စားထိုက်သူ(၈)မျိုးအနက် (၀လ်အားမေလီးန်)ဇကားသ်နှင့်စပ်လျှင်း၍အမှုထမ်း များကိုလည်း ဇကာသ်ငွေပေးဆောင်ရမည်ဟုပြဌာန်းထားသည်။ ဆိုလိုရင်းအဓိပ္ပါယ် မှာဇ ကာသ်ကောက် ခံခြင်း ဇကာသ်ပြန်လည်ခွဲဝေပေးခြင်းတို့မှာ အစိုးရကဖြစ်စေအဖွဲ့အ စည်းကဖြစ်စေ ကမကထပြု၍ တိတိကျကျဆောင်ရွက် ရမည့်တာဝန်ရှိသည်။
တမန်တော်မြတ် (အရှင်၏အေးငြိမ်းမှုအပေါင်းခညောင်းပါစေ) ခေတ်နှင့်ခလီဖါဟ်ကြီးလေး ပါးခေတ်တို့ တွင် ဇကာသ်ကိုကောက်ခံရာတွင် စာရင်းဇယားကျွမ်းကျင်သော သူများဖြင့် ဖွဲ့စည်း ထားသောအဖွဲ့ကဦး ဆောင်ကောက်ခံသည်။ ကောက်ခံရာတွင်လည်း ချမ်းသာသူ များ၏ပိုလျှံငွေကြေးနှင့် ဆင်းရဲသူများ၏လို အပ်ချက်ကိုတွက်ချက်၍ အချိုး အစားအ လိုက်ကောက် ခံပေးဝေ သောစနစ်ကိုကျင့်သုံးသည်။ထိုက်သင့် သော ဇကာသ်အရေ အတွက်ထက် ပိုပေးလိုသူမဟာသာဝကများက မေတ္တာရပ်ခံခဲ့သည်ကို တမန်တော်မြတ် (အရှင်၏အေးငြိမ်းမှုအပေါင်း ခညောင်းပါစေ)ကလက်ခံ၍ကောင်းခြီးမင်္ဂလာပေးခဲ့ကြောင်း (အဟ်မဒ်၏ မွတ်စနသ်ကျမ်း ဇကာသ်ကဏ္ဍ) တွင်ဖေါ်ပြထားသည်။
ဇကာသ်စနစ်နည်းလမ်းတိကျမှုအရေးကြီးပုံ
ယနေ့မွတ်စလင်မ်နိုင်ငံများနှင့် မွတ်စလင်မ်အများစုသည် ဇကာသ်ကောက်ခံပေးဝေရေး စနစ် အားနည်း မှုကြောင့် ဆင်းရဲချမ်းသာကွာဟနှုန်း သည် နှစ်စဉ်နှင့်အ မျှပိုမိုများပြား လာသည် ကို တွေ့ရပေသည်။ ကျွန် တော်တို့ဝန်းကျင်တွင် ခေတ်အဆက်ဆက်မှယနေ့တိုင် မွတ်စလင်မ်များအတွင်း ဇကာသ်တောင်းခံသူ လူတန်းစားတစ်ရပ်ဟူ၍ သီးခြားပေါ်ပေါက် လျှက်ရှိလာသည်။ ဥပမာ ဒီနှစ်လင်နှင့်မယား နှစ်ယောက်မှ နောင်နှစ်ကလေးများပါ ဇကာသ်တောင်းရန်ပါဝင်လာလေသည်။ ကုရ်အာန်ကပြဌာန်းသော ဇကာသ်စ နစ်သည် ဒီနှစ်မိသားစုတစ်စုအား ရင်းနှီးမ တည်ပေးလိုက်ခြင်းဖြင့် ထိုမိသားစုသည် နောင်နှစ်ဇကာသ် ယူရန်မလိုဘဲ ဇကာသ်ပြန်ထုတ်နှိုင်သူဖြစ်ရမည်။ ဇကာသ်ကိုစနစ်တစ်ကျအသုံးပြုနှိုင်ခြင်းဖြင့် နှစ်စဉ် ဇ ကာသ်တောင်းသူလျှော့ နည်းလာပြီး ဇကာသ်ထုတ်နှိုင်သူ ပိုမိုများလ မည်ဖြစ်သည်။
ကုရ်အာန်ကပြဌာန်းသောဇကာသ်စနစ်ကို မွတ်စလင်မ်များကဆောင်ရွက်နှိုင်စွမ်းမရှိသည့် အတွက် ကမ္ဘာနှင့်အ၀ှမ်း မွတ်စလင်မ်နိုင်ငံများနှင့် မွတ်စလင်မ်အများစုအတွင်း ဆင်းရဲ ချမ်းသာ ကွာဟမှု နှစ်စဉ် တိုးပွားလာသည်ကို တွေ့ရပေသည်။
သို့ရာတွင် ကမ္ဘာချမ်းသာသော နှိုင်ငံကြီးများ၏ အခွန်ကောက်ခံခြင်းနှင့် ထိုအခွန်များကို ၄င်းတို့နှိုင်ငံအတွင်းရှိ လစာနည်းဝန်ထမ်းများနှင့် ပင်စင်စားများ၏ဘ၀လုံခြုံရေးကိုတာဝန် ယူထား ပုံ နည်းစနစ်မှာ ကုရ်အာန်ကပြဌာန်းသောစနစ်နှင့် တူနေသည်ကိုတွေ့ရပေသည်။ ထိုနိုင်ငံများအတွင်းရှိလူအများစုသည် လူလတ်တန်းစားများဖြစ်သည်။ ရုတ်တရက်ကျမ်း မာရေးကြောင့်သော် လည်ကောင်း အလုပ်ရပ်စဲခြင်း ခံရသည် သော်လည်းကောင်း အစိုးရ ကကောက် ခံထားသောအခွန်များမှ အလုံအလောက်ထောက်ပံ့သည်။ ထိုနိုင်ငံများ တွင် တောင်းရမ်းစားသောက်သော လူတန်းစားဟူ၍ သီးခြားမရှိပေ။
ကုရ်အာန်ပြဇကာသ်စနစ်သည် ဆင်းရဲသားလူတန်း စားပပျောက်ပြီး လူတိုင်းတူညီစွာဘ၀ ရပ်တည်နှိုင် ရေးဖြစ်သည့်အတွက် ဇကာသ်တာဝန်မကျေ သူများနှင့်စပ်လျှင်၍ ကျမ်းမြတ် ကုရ် အာန်၄၁း၇တွင်-
(အကြင်သူတို့သည်ဇကာသ်တာဝန်ကိုမကျေပြွန်ပါက တမလွန်တွင်အလ္လာဟ်ရှင်ကို မယုံကြည်သော(ကာ ဖေရူးန်)ဘ၀နှင့် ရှင်ထကြရသူများဖြစ်မည်။)
ဖေါ်ပြပါဗျာဒိတ်အားဖြင့် အစ္စလာမ်သာသနာတွင် ဇကာသ်တာဝန်သည် အလွန်အရေး ပါကြောင်းသိနှိုင် ပေသည်။
ဆွသ်ကဟ် (ဇကာသ်)ပေးဆောင်ခြင်း၏သဘောသည် စပါးတစ်စေ့ကိုစိုက်လျှင် စပါးတစ်နှံတစ်နှံတွင် စပါးစေ့တစ်ရာစီပါသော အနှံခုနှစ်နှံပါသည့်စပါးတစ်ပင်ပေါက်သကဲ့သို့ ဇကာသ် ပေး ဆောင်သူဇကာသ် လက်ခံရရှိသူနှစ်ဦးစလုံးအဖို့ ၄င်းတို့၏ စီးးပွားဥစ္စာတွင် အဆပေါင်းများစွာပိုမိုတိုးပွားမည်ဖြစ်သည်။ (၂း ၂၆၁)
ဇကာသ်၏ မူလရည်ရွယ်ချက်သည် တစ်ဦးကောင်းတစ်ယောက်ကောင်းတိုးပွားမှုမှ မွတ် စလင်မ်အသိုက် အမြုံတစ်ခုလုံး ကြီးပွားတိုးတက်ရေးဖြစ်သည်။ ထိုဇကာသ်သည် မိမိပိုင် ပစ္စည်းဥစ္စာ အနက်အချိုးအစားအ လိုက် ဆင်းရဲသားများနှင့်အရေးပေါ် လိုအပ်သူများ၏ ရသင့်ရထိုက်သော ငွေဖြစ်သည်။ မိမိပိုင်မဟုတ်ပေ။ ဇကာသ်ထုတ်ရန်တာဝန်ရှိသူတစ်ဦး က ဇကာသ်မထုတ်ခြင်း သည် ဆင်းရဲသားများနှင့်အရေးပေါ်လိုအပ်သူများ၏ပိုင်ဆိုင်သော ဥစ္စာပစ္စည်းကို မတရားစားခြင်းဖြစ်သည်။ သူတစ်ပါး၏ ရသင့်ရထိုက်သောပစ္စည်းကို မတ ရားသဖြင့်စားသုံးခြင်းသည် မီး ကျည်ခဲကို စားခြင်းဖြစ်သည်။
ဥစ္စာပစ္စည်းလှူဒါန်းသုံစွဲခြင်းဟူသည် လိုအပ်ချက်ရှိသူများ၏ လိုအပ်ချက်များကို ဖြည့် ဆည်းပေးရသော လူမှုရေးကဏ္ဍတစ်ရပ်ပင်ဖြစ်၏။ အစ္စလာမ်သာသနာဝင် မွတ်စလင်မ်ဖြစ် ပါလျှက် လူ မှုရေးကဏ္ဍတွင် တာဝန်မကြေပါက သာသနာကို ငြင်းပယ်သော သူများဟု ကျမ်းမြတ်ကုရ်အာန် ၁၀၇း၁မှ၇တွင်=
(အစားပေးသောနေ့ကို ငြင်းပယ်သူအား အသင်မမြင်လေသလော)
(ထိုသူသည် ဖသက်ဆိုး ကလေးများကို အဖက်မတန် ဆက်ဆံသူဖြစ်၏။)
(ထို့ပြင်ထိုသူသည် စားရမဲ့သောက်ရမဲ့များကို ကြွေးမွေးရန်တိုက်တွန်းခဲ့ခြင်းလည်းမရှိပေ။)
(ထိုသူတို့၏ ဆွလာသ်တည်ဆောက် မှူသည် ပျက်ဆီးဆုံးရှူံးကြကုန်၏။)
(ထိုသူတို့သည် ဆွလာသ်တည်ဆောက်ခြင်း ကိုမေ့လျော့ ထားကြကုန်၏။)
(ထိုသူတို့သည် လူများကို ပြသရန် ဆွလာသ် တည်ဆောက်သူများ ဖြစ်ကြ၏။)
(ထို့နောက် ထိုသူတို့သည် လိုအပ်သူများ၏ တောင်းခံလာသော အသေးအမွှားပစ္စည်းများကိုပင် ပိတ်ပင် တားဆီးသူများ ဖြစ်ကြ၏။)
များသောအားဖြင့် မွတ်စလင်မ်အများစုသည် လူမှုရေးကဏ္ဍများတွင် အားနည်းချက် များရှိနေသည်ကို တွေ့ရပေသည်။ ကျွန်တော်တို့၏ ပတ်ဝန်းကျင်တွင် အိမ်နီးချင်းမိသား စုများ စားရ မဲ့ သောက်ရမဲ့ ဖြစ်နေ သည်ကိုလည်းသိသည်။ ဗလီဝတ်ကျောင်းများတွင် ကုရ် အာန်ကျမ်းများလည်း အပြည့်ရှိနေပါလျှက် လှု ဒါန်းသုံစွဲရာ၌ ဗလီဝတ်ကျောင်းများတွင် ကုရ်အာန်ကျမ်းများကို လှူဒါန်းသူဦးရေကများပြီး စားရမဲ့အိမ်နီး ချင်းများကို လှူဒါန်းသူ ဦးရေကနည်းနေပေသည်။
ထိုနည်းတူစွာ မွတ်စလင်မ်မိသားစုများအတွင်း များသောအားဖြင့်တစ်အူတုံဆင်း ညီအ ကိုမောင်နှမအ ရင်းများအတွင်း၌ပင်လျှင် ဆင်းရဲချမ်းသာကွာဟမှုများက ရှိနေသည့် အ တွက် သွေး ရင်းသားရင်းမဟုတ်သောမွတ်စလင်မ်များအဖို့ ဆင်းရဲတွင်းမှလွတ်နှိုင်ရန် မလွယ်ကူပေ။ ထို့ကြောင့်ကုရ်အာန်က မွတ်စလင်မ်များသည် တစ်အူတုံဆင်းညီအကိုအ ရင်းဟူသော (အစ်ခ၀သွန် မွတ်စလင်မ်)ဟုသုံးထားသည်။ မွတ်စလင်မ်များသည် ညီအကို အရင်းများ ကဲ့သို့ဖြစ်သည်ဟူသော (အစ်ခ၀ါးနွန် မွတ်စလင်မ်) ဟုသုံးမ ထားပေ။
ထိုသို့သောအကြောင်းများကြောင့် ကျမ်းမြတ်ကုရ်အာန်တွင် လူမှုရေးကဏ္ဍကို သက်ဝင် ယုံကြည်မှုနှင့် ထပ်တူထပ်မျှ ပြဌာန်းထားသကဲ့သို့ လူမှုရေးနှင့်ဆက်နွယ်နေသော ဇ ကာသ်ပျက် ကွက်သူသည် ကေ ယာမသ်နေ့တွင် အလ္လာဟ်ရှင်ကို မယုံကြည်သော (ကာဖေရူးန်)ဘ၀နှင့် ရှင်ထကြရသူများဖြစ်မည် ဟု ကုရ်အာန်၄၁း၇ ပြဌာန်းထား ခြင်းဖြစ် သည်။
အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။
ဦးစိုးလွင် (ငြိမ်းချမ်းလျှပ်စစ်)















1 Comment
nur firdausi bte abdullah says:
Thanks for the explain about that.
28 Nov 11 @ 10am
Write comment