လူ့ကိုယ်ရည်ကိုယ်သွေး(၁)
يَا أَيُّهَا الَّذِينَ آمَنُوا كُتِبَ عَلَيْكُمُ الصِّيَامُ كَمَا كُتِبَ عَلَى الَّذِينَ مِن قَبْلِكُمْ لَعَلَّكُمْ تَتَّقُونَ
O you who have believed, decreed upon you is fasting as it was decreed upon those before you that you may become righteous -
(အိုသက်ဝင်ယုံကြည်သူအပေါင်းတို့ ငါအရှင်သည် အသင်တို့အလျှင်က ရှိခဲ့ကြကုန်သော သူများအပေါ်သို့ (စွီယမ်) ဥပုဒ်သီလ စောင့်ထိမ်းခြင်းကို သတ်မှတ်ပြဌာန်းထား သကဲ့သို့ အသင်တို့ အပေါ်သို့လည်း(စွီ ယမ်) ဥပုဒ်သီလစောင့်ထိမ်းခြင်းကို ပြဌာန်းခဲ့သည်။ သို့မှသာအသင်တို့သည် အရှင့်သိစိတ်ဖြင့်ရှင်သန်သူများ(၀ါ)မကောင်းမှုဒုစရိုက်များမှ ရှောင်ကြဉ်၍ကောင်းမြတ်သော အကျင့်သီလများတွင် အင်တိုက် အားတိုက် ပါဝင်ဆောင်ရွက်နှိုင်ရန် အလှို့ငှာဖြစ်သည်) ကုရ် အာန်၂း၁၈၄
တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်သည် မိမိ၏ဖန်ဆင်းခံကျေးကျွန် များဖြစ်သော လူသား၏ သဘောသဘာဝကို အသိဆုံးသောအရှင်ဖြစ်၏။ဥပုသ်သီလစောင့်ထိန်းခြင်း၏ရည်ရွယ် ချက်မှာဥပုသ်သီ လစောင့်ထိန်းခြင်းသည် လူသား၏ စိတ်စွမ်းအင်ကို ဖွံ့ဖြိုးတိုး တက်စေသော ကျင့်စဉ် တစ်ရပ်ဖြစ်သည်။
လူသားသည်အခြားဖန်ဆင်းခံ သတ္တဝါများနှင့်မတူသောအချက်မှာကောင်းခြင်းနှင့်ဆိုးခြင်း ကို ခွဲခြားသိမြင်နိုင်သော အချက်ဖြစ်သည်။ ဤသည်ကိုဆင်ခြင်တုံတရားဟုယေဘူယျခေါ် ဆို ကြ သည်။
လူသား၏တန်ဘိုးသည် ထိုဆင်ခြင်တုံတရားအားဖြင့် အကောင်းနှင့်အဆိုးကို ခွဲခြားသိရှိပြီး မကောင်းမှုများမှရှောင်ကျဉ်၍ ကောင်းမှုများအားဖြင့် ဘ၀တည်ဆောက်နှိုင်ခြင်းအပေါ် သတ် မှတ် ခြင်းဖြစ်သည်။
ဤသည့် အချက်ကို ကုရ်အာန် ၉၁း ၇မှ၁၀တွင်–
وَنَفْسٍ وَمَا سَوَّاهَا
And [by] the soul and He who proportioned it
(ဖန်ဆင်းရှင်သည် (နဖ်စ်)ဟုခေါ်သော စိတ်ညဉ်ကို ပြီးပြည့်စုံအောင် ဖန်ဆင်းခဲ့သည်။
فَأَلْهَمَهَا فُجُورَهَا وَتَقْوَاهَا
And inspired it [with discernment of] its wickedness and its righteousness,
တဖန်ထိုစိတ်ညဉ် ၏အတွင်းဝယ် မကောင်းမှု ဒုစရိုက်၏အသိကို လည်းကောင်း၊ ကောင်းမှုသုစရိုက်၏ အသိကိုလည်း ကောင်း ထည့်သွင်းပေးခဲ့၏။
قَدْ أَفْلَحَ مَن زَكَّاهَا
He has succeeded who purifies it,
စင်စစ်မည်သူမဆို ထို(နဖ်စ်) စိတ်ညဉ်ကို ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ် နှိုင်သူသည် အောင်မြင်လေပြီ။
وَقَدْ خَابَ مَن دَسَّاهَا
သို့ရာတွင် ထို(နဖ်စ်) စိတ်ညဉ်၏ အလို ဆန္ဒအတိုင်း မကောင်းမှု ဒုစ ရိုက် တွင် နစ်မွန်း နေသူသည် ဆုံးရှုံးလေပြီ) ဟုဗျာဒိတ်ထားသည်။
လူသား၏သဘောသည် အတ္တစိတ်၏လွှမ်းမိုးမှုကိုခံရသော သဘာဝရှိသူများဖြစ်သည့်အ တွက်လူသား၏ (နဖ်စ်) စိတ်ညဉ်သည်လည်းကာလံဒေသံအဂ္ဂံအရ ပြောင်းလဲတတ်သော သဘာဝ ရှိပေသည်။
ကုရ်အာန်တွင် (နဖ်စ်) စိတ်ညဉ်နှင့် စပ်လျှင်း၍ (၃)မျိုးရှိကြောင်း ဖေါ်ပြထားသည်။
(၁) (နဖ်စ်အမ္မာရဟ်) မကောင်းမှုကို လှုံ့သော (၀ါ) မကောင်းမှုတွင် ပျော်မွေ့သော စိတ်ညဉ်။ ကုရ်အာန် ၁၂း၅၃
وَمَا أُبَرِّئُ نَفْسِي ۚ إِنَّ النَّفْسَ لأَمَّارَةٌ بِالسُّوءِ إِلَّا مَا رَحِمَ رَبِّي ۚ إِنَّ رَبِّي غَفُورٌ رَّحِيمٌ
And I do not acquit myself. Indeed, the soul is a persistent enjoiner of evil, except those upon which my Lord has mercy. Indeed, my Lord is Forgiving and Merciful.”(12;5
စင်စစ်သော်ကား ကျွန်ုပ်သည် မိမိကိုယ်ကိုအပြစ်မှကင်းလွတ်သည်ဟု မဆိုလိုပေ။ အကြောင်းသော်ကား ဧကန်မလွဲ (နဖ်စ်အမ္မာရာဟ်)စိတ်နှလုံးများသည် မကောင်းမှုကို အလွန်အမိန့်ပေး တိုက်တွန်းလေ့ရှိကြသောကြောင့်ပင်။ သို့ရာတွင် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က သနားကရုဏာပြုတော်မူသည့် (စိတ်နှလုံးမှာမူ အပြစ်မှလွတ်ကင်းနိုင်ပေသည်။) မလွဲဧကန် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကရုဏာပြုတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
=============
(၂) (နဖ်စ်လောက်ဝါမာဟ်) မကောင်းမှု ပြုမိခြင်းကို နောင်တရသော စိတ်ညဉ်။ ကုရ်အာန်၇၅း၂
وَلا أُقْسِمُ بِالنَّفْسِ اللَّوَّامَةِ
And I swear by the reproaching soul
ထိုမှတစ်ပါး ငါအရှင်မြတ်သည် (မိမိကိုယ်ကို)လွန်စွာ ပြစ်တင်ဆုံးမတတ်သော(လောင်ဝါမာဟ်)စိတ်ကို သက်သေထူ ကျိန်ဆိုတော်မူ၏။
============
(၃) (နဖ်စ်မွတ္တမာအင်းန္န်) မကောင်းမှုကို ရွံမုန်း၍ ကောင်းမှုတွင် ပျော်ပိုက်သောစိတ်ညဉ်။ ကုရ်အာန် ၈၉း၂၇
يَا أَيَّتُهَا النَّفْسُ الْمُطْمَئِنَّةُ
[To the righteous it will be said], “O reassured soul,
အို-တည်ငြိမ်အေးငြိမ်းသော စိတ်ညဉ်။
=============
(နဖ်စ်အမ္မာရဟ်)ဟူသည် လူသားဖြစ်လင့်ကစား တိရစ္ဆာန်တို့တွင်ရှိသော အဆင့်အတန်း နိမ့်ကျသည့် စိတ်ဓါတ်ရှိသူဖြစ်သည်။ မကောင်းမှုဟူသ၍တို့တွင် ပျော်မွေ့လျှက် ပီတိသော မနဿ ခံ စားနေသည်။ ထိုမကောင်းမှုပြုခဲ့သည့်အပေါ် ဘယ်သောအခါမျှ နောင်တမ ရသော စိတ်ဓါတ်မျိုး ဖြစ်သည်။
(နဖ်စ်လောင်ဝါမာဟ်)ဟူသည်လူသား၏မူလစိတ်ညဉ်ဖြစ်သည်။ လူသားသဘာဝမကောင်း မှုပြုမိတိုင်းနောင်တရသကဲ့သို့ ကောင်းမှုမပြုလိုက်ရသည်ကိုလည်းနောင်တရသောစိတ် ဓါတ်ဖြစ် သည်။ကောင်းသောအပေါင်းအဖေါ်များနှင့် ကောင်းမှုပြုဖြစ်သကဲ့သို့ မကောင်းသောအပေါင်းအဖေါ်များနှင့် မကောင်းမှုလည်းပြုဖြစ်သည်။ သို့ရာတွင်မကောင်း မှုပြုပြီးတိုင်းနောင်တရသည်၊ ထိုမကောင်းမှုမှ ရုံးထွက်နှိုင်ရန် အတွက် အမြဲဆန္ဒရှိနေသော စိတ်ညဉ်ဖြစ်သည်။
(နဖ်စ်မွတ္တမာအင်းန္န)ဟူသည် လုပ်ရပ်ဟူသ၍ဖန်ဆင်းရှင်၏အလိုကျ ပြုမူဆောင်ရွက်သည်။ ထိုကဲ့သို့ ပြု မူဆောင်ရွက်ရခြင်းကိုပင် ပီတိသောမနဿဖြစ်နေသော စိတ်ညဉ်ဖြစ်သည်။ ထိုစိတ် ညဉ်ပိုင်ရှင်များနှင့် စပ် လျှင်း၍ ကုရ်အာန် ၈၉း၂၇ မှ၃၀ တွင်-
(အို(နဖ်စ်မွတ္တမာအင်းန္န) အေးချမ်းတည်ငြိမ်မှုအတိရှိသော စိတ်ညဉ်အပေါင်းတို့ အသင်တို့၏အရှင်ထံသို့ ကျေနပ်နှစ်သက်လျှက်နှင့် ကျေနပ်နှစ်သက်မှုကိုခံလျှက် ပြန်လာကြ။ သို့ဖြစ်ပေရာ အသင်တို့သည် ငါ၏ ကျွန်များတွင် ၀င်ရောက်ကြ။ ထို့နောက်ငါ၏ နိဗ္ဗာန်ဘုံနန်းများသို့ ၀င်ရောက်ကြလော့) ဟူ၍ ဗျဒိတ်ထား လေသည်။
ပြီးပြည့်စုံသော လူသားဖြစ်ရန်အတွက် ထို(နဖ်စ်မွတ္တမာအင်းန္န)ဟူသော စိတ်ပိုင်းဆိုင်ရာ အဆင့်အတန်း တွင် ရှိရမည်ဖြစ်သည်။ သို့မှသာလူ့တာဝန်များကို ထမ်းဆောင်ရ၌ ငါ့အတွက် ငါ့မိ သားစုအတွက် ငါ့ဆွေ မျိုးသားချင်းအတွက် ဟူသောအတ္တစိတ်ကင်းစွာဖြင့် တရားမျှတစွာ ဆောင်ရွက်နှိုင်မည်ဖြစ်သည်။
လူသတ်မှုတစ်ခုကို ကျူးလွန်မိသူတစ်ဦးသည် ထိုလူသတ်မှုသည် မကောင်းသောအမှုဟူ ၍ မသိသောကြောင့် ကျူးလွန်ခဲ့ခြင်းမဟုတ်ပေ။ မိမိဒေါသစိတ်ရိုင်းကို အချိန်မှီထိန်းချုပ် နိုင်ခြင်း မ ရှိသောကြောင့် လူ သတ်မိခြင်းဖြစ်သည်။
ထိုကဲ့သို့ပင် ကာမေသုမိစ္ဆာစာရကံ ကျူးလွန်မိသူသည် မကောင်းသောအမှုဟူ၍ မသိသောကြောင့်ကျူး လွန်ခဲ့သည်မဟုတ် မိမိ၏ရာဂစိတ်ရိုင်းကို အချိန်မှီထိန်းချုပ်နိုင်ခြင်း မရှိသောကြောင့် ထိုအမှုကို ကျူးလွန် ခြင်းဖြစ်သည်။
ပြစ်မှုဒုစရိုက်ကျူးးလွန်မိသူတိုင်းသည်ထိုပြစ်မှုဒုစရိုက်၏နောက်ဆက်တွဲဆိုးကျိုးများကိုမ သိနားမလည်၍ ကျူးလွန်ကြခြင်းမဟုတ်။ ထိုပြစ်မှုဒုစရိုက်ကို ကျူးလွန်ရန်အတွက် အတ္တ စိတ်ရိုင်း ၏ လှုံ့ဆော်မှုကို ဆင် ခြင်တုံတရားက အချိန်မှီတားဆီးနိုင်မှု မရှိခြင်းကြောင့်ဖြစ် သည်။
ထိုနည်းတူစွာ ကောင်းမြတ်သော အကျင့်သီလများကို တည်ဆောက်ခြင်း လှူတန်းပေး ကမ်းခြင်း၊သူတစ်ပါးကိုကူညီယိုင်းပင်းခြင်းဟူသော ကိစ္စရပ်များသည်လူတိုင်းလုပ်ဆောင် ရမည့် မွန်မြတ်သော အမှုများဖြစ်သည်ကို လူတိုင်းသိပြီးဖြစ်သည်။ သို့ရာတွင် ထိုကောင်းမြတ်သော ကိစ္စရပ်များတွင် တက်တက် ကြွကြွ ပါဝင်နှိုင်မှုသည် (နဖ်စ်)စိတ်ညဉ် ၏ ဖွံ့ဖြိုးတိုးတက်မှု အပေါ်တွင်မူတည်၍သာ ပါဝင်နှိုင်မည်ဖြစ် သည်။
လူတိုင်းသည်ထို(နဖ်စ်)စိတ်ညဉ်ကို ဖွံ့ဖြိုးတိုးတက်ရန်ပြုစုပျိုးထောင်ခြင်းမရှိဘဲအတ္တစိတ် ရိုင်း၏အလိုကျဘဝတည်ဆောက်ကြမည်ဆိုပါက လူ့လောကတစ်ခုလုံးသည်ကြီးနိုင်ငယ် ညှင်းတ ရားမျှတမှုကင်း သော တောရိုင်းသတ္တဝါများ၏ တောကြီးမျက်မဲကမ္ဘာနှင့် ကွာခြား နိုင်တော့မည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် လူသားနှင့် တိရစ္ဆာတို့၏ကွာခြားချက်မှာ ဆင်ခြင်တုံတရားဖြစ် သည်။ အကယ်၍လူသား၏ သဘာဝမှ ဆင်ခြင်တုံတရားကို ထုတ်ပယ်လိုက်မည်ဆိုပါက ထိုလူသား သည်စားခြင်း၊ သောက်ခြင်း၊အိပ်ခြင်း၊မေထုံမှီဝဲခြင်းဟူသောတိရစ္ဆာန်တို့တွင် ရှိနေသော သဘာ ၀ နှင့်မခြားနှိုင်တော့ ပေ။
တိရစ္ဆာန်များသည် အသိဥာဏ်ကို ကန့်သတ်ဘောင်ခတ်၍ ဖန်ဆင်းခံရသော ဖန်ဆင်းခံ များဖြစ်သည်။ မျက်စားသတ္တ၀ါက မွေးသောအကောင်ပေါက် ကလေးအား အသား စား သတ္တ၀ါ၏နို့ကို တိုက်ကြွေး၍ရှင် သန်စေနှိုင်သော်လည်း ထိုသားကောင်ကလေးသည် အ သားစားသောသတ္တ၀ါ မဖြစ်နှိုင်ပေ။ အလားတူ အသားစားသတ္တ၀ါ ကလေးသည်လည်း မျက်စားသတ္တ၀ါ၏ နှို့ဖြင့် ရှင်သန်နှိုင်သော်လည်းမျက်စားသတ္တ၀ါ ဖြစ်မလာနှိုင်ပေ။
လူသား၏သဘာဝသည် အခြားမည်သည့်ဖန်ဆင်းခံများနှင့်မျှ မတူုသောအချက်မှာ လူသား၏ခန္ဓာအတွင်း သို့ ဖန်ဆင်းရှင်၏(ရူဟ်) ၀ိညဉ်ကို ထည့်သွင်းဖန်ဆင်း ခံရသူများဖြစ်သည့် အ တွက် ကောင်းကင်တမန် များ ကပင် ဦးချဂါရ၀ပြုရသော အဆင့်အတန်းရှိသူများဖြစ်သည်။(၁၅း၂၉)
ထို(ရူဟ်)ဆိုသည့် အဆင့်မြင့်လှသော နာမ်ပိုင်းဆိုင်ရာ ၀ိညဉ်အားဖြင့် လူသားသည် မွေး ရာပါ ပြီးပြည့်စုံ၍ မြင့်မြတ်မှု အပြည့်ဖြင့် ဖန်ဆင်းခံရသော ဖန်ဆင်းခံများဖြစ်သည်။ ထို အကြောင်း ကိုကျမ်းမြတ်ကုရ် အာန်-၁၇း၇၀ တွင်- -
လူသားကိုဖန်ဆင်းသောရည်ရွယ်ချက်
လူသားတိုင်းသည် မိမိလူဖြစ်ရခြင်း၏ ရည်ရွယ်ချက်ကို သိရန်မှာအလွန် အရေးကြီးသော အချက်ဖြစ် သည်။ လူသားဖြစ်ပါလျှက် မိမိလူဖြစ်ရသော အကြောင်းရင်းကို မသိလိုက်ပါမူ အလွန် တန်ဘိုးရှိသည့် တိုတောင်းလှသော လူ့ဘ၀သက်တန်းကို အကျိုးမဲ့သော အရာများတွင် အချိန်ဖြုန်းတီး မိမည်မှာ အမှန် ပင် ဖြစ်သည်။
တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်သည် စကြ၀ဠာများအပါအ၀င် ရှိသမျှသောဖန်ဆင်းခံအားလုံးကို မရှိရာမှရှိရာ သို့ ဖန်ဆင်းပြုစုပျိုးထောင်သော မိမိ၏ဖန်ဆင်းခံများအနက် လူသားကို အမြတ်ဆုံး သူများ အဖြစ်ဖန် ဆင်း ခဲ့သည်။ ကုရ်အာန်၁၇း၇၀
ထိုလူသားကို ဖန်ဆင်းရာတွင် အကောင်းဆုံးသော ပုံစံထုပ်လုပ်၍ အလှပဆုံးဖန်ဆင်းခဲ့သည်။ သို့ရာတွင် လူသားသည် မိမိ၏လုပ်ဆောင်ချက်ကြောင့်ပင် အနိမ့်တစ်ကာ့အနိမ့်ဆုံး အဆင့် သို့ ရောက်ရှိမည်ဖြစ် သည်။ (၉၅း၎)
လူသားကိုဖန်ဆင်းရာတွင် အရှင်၏ (ခလာက်) နာမ်ပိုင်းဆိုင်ရာ ဖန်ဆင်းချက်။ အရှင်၏ (သတ်ဆ်ဝီယာ) ပြီးပြည့်စုံ စေခြင်း။ အရှင်၏ (သတ်က်ဒီရ်) တိုင်းတာချင့်ချိန်ချက်။ အရှင်၏ (ဟိဒါ ယာ)လမ်းညွန်ချက်တို့ ဖြင့် ဖန်ဆင်းခဲ့သည်။(၈၇း၂-၃)
စကြ၀ဠာတစ်ခုလုံးရှိ ဖန်ဆင်းခံအားလုံးသည် အထက်ပါ ဖန်ဆင်းရှင်၏ နိယာမ ဥပဒေ (၄)ချက်၏ လက်အောက်ခံအဖြစ် အတိအကျနာခံလျှက် တည်ရှိနေခြင်းကြောင့်–
သဘာဝတရားဟုခေါ်ဆိုသောရာသီဥတုများ ဖြစ်ပေါ်လာခြင်း။ ထိုရာသီဥတုနှုင့်ဆက်နွယ် လျှက်ရှိသော သစ်တောများ၊ ပေါက်ပင်စားပင်များ စိမ်းလန်းဆိုပြေလာခြင်း၊ ထိုပေါက် ပင်စား ပင်များကို မှီခိုလျှက် သက်ရှိသတ္တ၀ါများ ရှင်သန်နေခြင်းဟူ၍ စကြ၀ဠာကြီးတစ်ခု လုံးအတွင်းရှိ အရာအားလုံးသည် တစ်ခုနှင့် တစ်ခု ကျိုးကြောင်းဆက်နွယ်လျှက်ရှိနေပေ သည်။
(သို့ရာတွင် ဖန်ဆင်းရှင်သည် လူသားကို ဖန်ဆင်းရသောအကြောင်းရင်းမှာ စကြ၀ဠာတစ်ခုလုံးကို အသိ ပညာအားဖြင့် စိုးမိုးအုပ်ချုပ်သော ဖန်ဆင်းရှင်၏ ကိုယ်စားလည် နာယကများအဖြစ် ဖန်ဆင်းခဲ့သည့်အ တွက် ကောင်းကင်တမန်များကပင် လူသား၏မူလဗီဇကို ဦးချဂါရ၀ပြုရသည်။ လူသား၏မူလဗီဇကို ဖန် ဆင်းစဉ်ကပင် ထိုမျိုးဗီဇထဲသို့ စကြ၀ဠာဆိုင်ရာ အသိပညာရပ် များကိုလွှမ်းငုံသိရှိနှိုင်သောအရည် အ ချင်းကို ထည့်သွင်း ဖန်ဆင်းခဲ့သည်။) (၂း၃၀-၃၁)
လူသားသည်နေနှင့်လကိုလည်းကောင်း နေ့နှင့်ညဉ့်ကိုလည်းကောင်း ကုန်းမြေနှင့်သမုဒ္ဒရာပင်လယ် များတွင် အစီးအနှင်းယာဉ်များဖြင့် စီးနှင်းသွားလာနှိုင်ခြင်းများကို လည်းကောင်း၊ ထိုအစီးအနှင်းယာဉ် များ ကဲ့သို့သော အခြားအစီးအနှင်းယာဉ်များကိုလည်းကောင်း ကြယ်တာရာများအပါအ၀င် အားလုံးသော ဖန်ဆင်းခံသဘာဝတရားများ အပေါ်သို့ အသိဥာဏ်အားဖြင့် လွှမ်းမိုးအုပ်ချုပ်မည့် သူများအဖြစ် ဖန်ဆင်း ခဲ့သည်။ (၁၄း၃၂-၃၄။ ၁၆း၁၂။၄၅း၁၂-၁၃)
ထိုနည်းတူစွာ လူသားကို ဖန်ဆင်းရသော အခြားရည်ရွယ် ချက်များမှာ-
(ငါအရှင်သည်အသင်တို့အား အချည်းနှီးအကျိုးမဲ့ ဖန်ဆင်းခဲ့သည်ဟူ၍လည်းကောင်း၊ ငါအရှင့်ထံတော် သို့အသင်တို့ ပြန်လည်ရောက်ရှိတော့မည်မဟုတ်ဟူ၍ လည်းကောင်း ထင်မှတ်နေ ကြသလော။)၂၃း၁၁၅
ထိုဗျာဒိတ်သည် လူသား၏လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများနှင့် စပ်လျှင်းပြီး စစ်ဆေးမေးမြန်းခံရ မည်ကို အခိုင်အမာတည်ဆောက် ပြဌာန်းတားသောဗျဒိတ်ဖြစ် သည်။ လူသားကို ရုပ် ခန္ဓာနှင့်နမ်ပိုင်းဆိုင်ရာတို့ကို ပူးတွဲဖွဲ့စည်းတည်ဆောက်ထားသည်။ ရုပ်ခန္ဓာ သည် အခြားဖန်ဆင်းခံများနည်းတူ အချိန်တန်လျှင်သေဆုံးပျက်ဆီးသွား မည်ဖြစ်သည်။ သို့ရာတွင်လူသား၏ ခန္ဓာအတွင်းရှိ ဖန်ဆင်းရှင်၏ (ရူဟ်)၀ိညဉ်သည် ထိုလူသားသေဆုံး သွားသော်လည်း (ဗရ်ဇခ်)ခေါ် ဤလောကနှင့်(ကေယာမသ်) နောက်ဆုံး တရားခွင်နေ့ တို့၏ စပ်ကြားရှိကြားစခန်းတွင် တည်ရှိနေမည်။ (၂၃း၁၀၀။)
အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။
ဦးစိုးလွင် (ငြိမ်းချမ်းလျှပ်စစ်)















8 Comments
AHNAF A M TUN says:
Very Nice Article …Thks
13 Aug 10 @ 8am
looqmaan says:
Insha Allah,
စစ်မှန်တဲ့ “လူ့ကိုယ်ရည်ကိုယ်သွေး” အကြာင်း ကို ကျမ်းမြတ် ကုရ်အာန် မှာပါရှိ သည့်အတိုင်း ဒီနှစ် Ramadan အတွင်း မှာ သိရှိသွား ရအောင် လေ့လာကြပါစို့။
-JazakAllah Khayr
13 Aug 10 @ 11pm
Kyaw Kyaw Soe says:
အလ္လာဟ်ဖန်ဆင်းတဲ့ ရည်ရွယ်ချက်အတိုင်းလျှောက်လှမ်းကြပါစို့ ….
20 Aug 10 @ 3am
ထင်ကျော် says:
အန်ကယ် ဦးစိုးလွင်နှင့်တကွ ကုရ်အာန် လေ့လာရေး အဖွဲ့သားများအား အထူးကျေးဇူးဥပကာရ တင်ရှိကြောင်းပြောပါရစေ။ ကျွန်တော်တို့ကဲ့သို့ ပြည်ပသို့ ရောက်ရှိနေကြသူများအတွက် အန်ကယ်၏ ၀က်ဘ်ဆိုက်မှာ အထူးပင် အားထား ဘွယ်ရာ ရတနာရွှေအိုး ကြီးပမာ ဖြစ်ပါတော့သည်။ ထိုကဲသို့ စေတနာရှေ့ထားပြီး အများအတွက် တရားရေအေး တိုက်ကျွေးပေးနေသည့် ယခုဝက်ဘ်ဆိုက် ဆထက် တန်ပိုး အဓွန့် ရှည်ပါစေကြောင်း နှင့် ထိုအကျိုးကျေးဇူး အတွက် အန်ကယ်တို့ အား အရှင်မြတ်က နှစ်ဘ၀ နှစ်ဌာနလုံးတွင် အောင်မြင်မှု့များ ချီးမြှင့်ပါစေကြောင်း ဒိုအာဆုမွန် တောင်းလိုက်ရပါသည်။
ဂျဇာကတ်လာဟ်
25 Aug 10 @ 7pm
ko ko gyi says:
ကျေးဇူးတင်ပါသည်။ဆရာတို့ Quran Burmese.com မီသားစု အားလုံးကို စလမ် ဆိုပါဧ။်
27 Aug 10 @ 7pm
စောအဲဗညား says:
ဆရာဦးစိုးလွင်နှင့်တကွ http://www.quraninburmese အဖွဲ့သားအားလုံးကို ကျေးဇူးအရမ်းတင်ရှိပါကြောင်း………
28 Aug 10 @ 2am
chit ko ko says:
very good
30 Aug 10 @ 6am
KHIN AUNG says:
Dear Saya U Soe lwin,
Very informative to read the Ramadan present 1 & 2. I’m always in touch with Saya U Myat Thu. We are Quranist.
Please carry on with our true islamic da’war.
Sincerely yours,
KHIN AUNG
28 Dec 10 @ 3am
Write comment