၅လူ့ကိုယ်ရည်ကိုယ်သွေး(၅)


ဂတိသစ္စာတည်ကြည်မှု

(ယင်းသူတို့သည် ကတိပြုသောအခါ၌ မိမိတို့၏ပဋိညာဉ်ဝံခံချက်များကို အတည်ပြုကြ၏။ ဆင်းရဲဒုက္ခကျ ရောက် လာသောအခါ၌လည်းကောင်း ရောဂါဘယဖိစီးသည့်အခါ၌လည်း ကောင်း စစ်မက်ပြိုင်ဆိုင်တိုက် ခိုက်သည့်အခါ၌လည်းကောင်း ကြံ့ကြံ့ခံ၍မယိုင်းမယိုင်ခိုင်မြဲစွာရပ်တည်ကြ၏။ ထိုသူများသည်သာလျှင် သစ္စာဝါဒီများဖြစ်ကြပြီး ဖန်ဆင်းရှင်၏အသိစိတ်ဖြင့် ဘ၀ရှင် သန်သူများ ဖြစ်ကြသည်။) ၂း၁၇၇

ကတိက၀တ်တည်ကြည်မှုသည် မိသားစုတစ်စုအတွင်းမှ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးအ ထိ မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး၏ သာယာဝပြောမှု သည် ထိုလူ့အ ဖွဲ့အစည်းဝင်အားလုံး၏ ကတိက၀တ်ဆိုင်ရာ တည်ကြည်မှုပေါ်တွင် အခြေခံပေ သည်။ ကတိက၀တ်မတည်ကြည်သူ အများစုရှိသော လူ့အဖွဲ့အစည်းကြီးတွင် သာယာ ၀ပြောမှု၊ စီးပွားဥစ္စာ တိုးတက်မှုများမရှိနှိုင်သည့်အပြင် လူအ များစုသည်ခိုက်ရန်ဖြစ်ခြင်း၊ ရဲစခန်းများနှင့်တရားရုံးများတွင် တရားရင်ဆိုင်နေကြရခြင်းဖြင့် တန်ဘိုးရှိသောအချိန်များ ကုန်လွန်မည်သာဖြစ်သည်။ ထို့ ကြောင့် ကျမ်းမြတ်ကုရ်အာန်က ကတိက၀တ်ဆိုင်ရာ ဥပဒေကို လူသားတစ်ရပ်လုံးအတွက် ပြဌာန်းထားခြင်းဖြစ်သည်။

အရောင်းအ၀ယ်စာချုပ်

ကျမ်းမြတ်ကုရ်အာန်က အကြွေးရောင်းဝယ်ရာ၌ စာချုပ်ချုပ်ဆိုရမည်။ သက်သေနှစ်ဦးထားရမည်။ စာ ချုပ်ရေးသူက တရားမျှတရမည်။ ကြွေးမြီကိစ္စကို သေးငယ်သည်ဖြစ်စေ ကြီးကျယ် သည်ဖြစ်စေ ငွေပေး ချေမည့်အချိန်ကို သတ်မှတ်ရမည်။ (ကုရ်အာန်၂း၂၈၂)

အရောင်းအ၀ယ်ပြုရာတွင် အကြွေးပေးသူ(မြီရှင်)ကတောင်းခံလာပါက အကြွေးယူသူ(မြီစား)ကအပေါင် ပစ္စည်းကို အာမခံအဖြစ် အကြွေးပေးသူကို ပေးထားရမည်။ အကယ်၍ကြွေးပေး သူ ကကျေနပ်ပါကအ ကြွေး အရောင်းအ၀ယ်တွင်အပေါင်ပစ္စည်းပေးထားရန်မလိုပေ။ အရောင်းပစ္စည်းနှင့်စပ်လျှင်းပြီးပြစ် ချက် အနာအဆာကိုမထိန်ချန်ရ။ သတ်မှတ်ရက်ကို ကြွေးပြန် ဆပ် ရမည်။ (ကုရ်အာန်၂း၂၈၃)

အထက်ပါလမ်းညွှန်ချက်သည် လူသားတစ်ရပ်လုံးအတွင်း ရောင်းဝယ်ဖေါက်ကားမှုရှိနေ သမျှကာလပတ်လုံး အကြွေးအရောင်းအ၀ယ် စနစ်သည်လည်းရှိနေမည်ပင်ဖြစ်သည်။ ထိုသို့ အ ကြွေးရောင်းဝယ်ရာ တွင် လူသားများအတွင်း မလိုလားအပ်သော ပြဿနာရပ် များမှကြိုတင် ကာကွယ် ပေးထားခြင်းဖြစ် သည်။ မည်မျှပင်ခင်မင်ရင်းနှီးသောသူငယ် ချင်း၊ ဆွေမျိုး သား ချင်း၊ ညီရင်းအကိုမောင်ရင်းအမများဖြစ် နေစေကာမူ အကြွေးအရောင်း အ၀ယ်ပြုလုပ်ပြီးမှ မခေါ်မပြောကြတော့ပဲ ရန်သူများဖြစ်သွားကြသောဖြစ်ရပ် များစွာရှိပေ သည်။

ထိုကဲ့သို့မဖြစ်စေရန် ကုရ်အာန်ကအကြွေး အရောင်းအ၀ယ်ပြုလုပ်ရာ၌နှစ်ဦး သဘောတူ စည်းကမ်းချက်များကို သက်သေနှစ်ဦးထား၍ စာချုပ်ချုပ်ဆိုရန်ပြဌာန်း ထားခြင်းဖြစ် သည်။ အကြွေးရောင်းဝယ်စနစ်ဖြင့် ပိုမိုတွင်ကျယ်စွာ စီးပွားဖြစ်ထွန်းလာနှိုင်သောလမ်းကြောင်း ကို ကျမ်းမြတ်ကုရ်အာန်က ညွှန်ကြားပြသ ခြင်း ဖြစ်သည်။

အလေးတင်းတောင်း၊ ကိုက်တံတိကျမှု

ရောင်းဝယ်ဖေါက်ကားမှုပြုရာတွင်လည်း လူသားတစ်ရပ်လုံးအတွင်း တရားမျှတမှုမရှိခြင်း၊ တစ်ဖက် သားကိုထိခိုက်နစ်နာစေခြင်း၊ မတော်လောဘဖြင့် စီးပွားရှာဖွေခြင်းတို့နှင့်စပ် လျှင်း၍ တားမြစ်ထားရုံမက ထိုသူများသည် လောကီလောကုတ္တရာ နှစ်ဌာနစလုံးတွင် ပျက် စီးဆုံးရှုးံကြရမည့် သူများဖြစ်သည်ဟူ၍ ကျမ်းမြတ်ကုရ်အာန် (၈၂း၁မှ၎) တွင်အတိအ လင်း ပြဌာန်းထား သည်။

(အလေးတင်းတောင်း၊ ကိုက်တံစသည့် ချိန်တွယ်တိုင်းတာရသော အရာများတွင်စဉ်းလဲသူများအဖို့ပျက် စီးခြင်းသည်ရှိ၏။) (ထိုသူတို့သည် အများပြည်သူထံမှ အပြည့်အ၀ချိန်တွယ်၍ ယူ ခဲ့ကြ၏။)(ထို့နောက်၎င်း တို့ကပြန်လည်၍ တိုင်းတာချိန်တွယ် ရောင်းချရာတွင် လျှော့လျှက်ပေးကြ၏။) (၄င်းတို့သည်ပြန်လည်ရှင် သန်ကြရမည်ကို မစဉ်းစားကြလေသလော။)

ဤသည်ကုရ်အာန်က စီပွားရှာဖွေရာတွင် မှန်ကန်မှုမရှိသူများကို  ပျက်စီးမည့်သူများဟူ၍ အခိုင်အမာဆို ထားခြင်းဖြစ်သည်။အမှန်တစ်ကယ်လည်း ရှေးလူသားများဖြစ်ကြသော တမန်တော် ရှိုအိုက်၏ အမျိုးသားများသည် အကြိမ်ကြိမ်တားမြစ်ပါလျှက် ရောင်း ၀ယ်ဖေါက် ကားရာတွင်အလေးတင်းတောင်းချိန်ခွင်စသည့် ချိန်တွယ်ရသောပမာဏများကို စဉ်းလဲခဲ့ခြင်းကြောင့် ပစ္စုပ္ပန် လောကတွင်ပင် မြေငလျှင်ဖြင့်ဖျက်စီး ခဲ့ကြောင်းကုရ်အာန် (၇း၈၅မှ၉၁)တွင်ဖေါ်ပြထားသည်။

ကျမ်းမြတ်ကုရ်အာန်၏ လမ်းညွှန်ချက်များသည် လူသားတစ်ရပ်လုံးအတွက်ဖြစ်သည်။ ထိုလမ်းညွှန်ချက် များမှ မွတ်စလင်မ်ဖြစ်စေ မွတ်စလင်မ်မဟုတ်သူဖြစ်စေ ကုရ်အာန်ပြစ နစ်အတိုင်း လိုက်နာဆောင်ရွက် ခြင်း၊(သို့မဟုတ်)၄င်းတို့၏ လုပ်ဆောင်ချက်သည်ကုရ် အာန်၏ လမ်းညွှန်ချက်နှင့် တိုက်ဆိုင်နေမည်ဆိုပါ ကလည်း ထိုသူ့အဖို့အကျိုးရှိမည် သာဖြစ်သည်။

ကိုယ်ရည်ကိုယ်သွေး မြင့်မားခြင်း၏တန်ဘိုး

ယနေ့တိုးတက်သော ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးစနစ်သည် ကတိက၀တ်ဆိုင်ရာတည် ကြည်မှုကိုအခြေ ခံ၍ အကြွေးရောင်းဝယ်ရေး စနစ်ကိုကျင့်သုံးလျှက်ရှိသည်။ လေယာဉ် ပျံ၊ သင်္ဘော၊ ကား၊အိမ်ယာမြေမှ အိမ်အသုံးအဆောင်ပစ္စည်းများအထိ ၀ယ်ယူသူများကို အကြွေးစနစ်ဖြင့် ရောင်းဝယ်ဖေါက်ကား ပေး လျှက်ရှိသည်။ ထိုနှိုင်ငံကြီးများတွင် ရောင်း ချသောပစ္စည်းများနှင့် တိုင်းတာချိန်တွယ်သော ပမာဏများကို မှန်ကန်တိကျရန်အတွက် အ စိုးရကဖွဲ့စည်းထားသော အဖွဲ့အစည်းများက ကြီးကြပ်စစ်ဆေးသည်။ ၄င်းတို့ ၏ ရောင်း ၀ယ်ဖေါက်ကားမှု စနစ်ကြီးတွင် (Return, Refund,Exchange) (ခေါ်) ၀ယ်ပြီးပစ္စည်း ပြန် လည်လက္ခံခြင်း၊ ငွေပြန်အမ်းခြင်း၊ ပစ္စည်းပြန်လဲပေး ခြင်းဟူသော စနစ်ကိုကျင့်သုံးသည်။

ထိုနိုင်ငံကြီးများရှိ ကုမ္ပဏီများက အကြွေးရောင်းချရာတွင် လူတစ်ယောက်၏ ကိုယ်ရည် ကိုယ်သွေး မြင့် မားမှုအပေါ်မူတည်၍ အကြွေးပေးသောစနစ်ကိုကျင့်သုံးသည်။ ထိုနိုင်ငံ များတွင်နေ ထိုင်သူတိုင်းတွင်S.S(ခေါ်) လူမှုဘ၀လုံခြုံရေး ကပ်ပြားတစ်ခုစီရှိကြသည်။ လူ တိုင်း၏အလုပ်အကိုင်ဝင်ငွေ၊ ပိုင်ဆိုင်မှု၊ဘဏ် စုငွေ ရာဇ၀တ်မှုကျူးလွန်သည့် မှတ်တမ်း အပါအ၀င် အကြွေး ယူပြီးပုံမှန် ပြန်ဆပ်ခြင်းနှင့် ပုံမှန်ပြန်မဆပ် သောမှတ်တမ်းသည်ထို ကပ်ပြား၏နံပါတ်တွင် အစိုးရကမှတ်တမ်းတင်ထားသည်။ ထိုသူ၏ကပ်ပြာနံပါတ်ကို ရိုက် ထဲ့ရုံဖြင့်ထိုသူ၏ဘ၀ တွင်ပြု ခဲ့သောအကောင်းအဆိုးအားလုံး၏ မှတ်တမ်းကိုတွေ့ရှိရပေ သည်။

ပစ္စည်းအကြွေးရောင်းမည့်သူက ၀ယ်မည့်သူ၏ S.S နံပါတ်ကိုတောင်း၍ Credit Check (ခေါ်) ၀ယ်ယူသူ၏နံပါတ်ကို ကွန်ပြူတာတွင် ရိုက်ထည့်ရုံဖြင့် ထိုသူ၏ကိုယ်ရည်ကိုယ်သွေး အစစ်အ မှန်ကိုသိရှိနှိုင်သည်။ ဤသည်ကို Credit Record ဟုခေါ်သည်။ ထိုနှိုင်ငံများ တွင် နေထိုင်သူတစ်ဦးသည် Credit Record မကောင်းပါက ၄င်းအဖို့အလုပ်ရှာရာတွင် လည်းကောင်း အိမ် ငှားခြင်း၊ကားငှားခြင်း၊ ပစ္စည်းအကြွေးဝယ်ယူခြင်းများကိုမရနှိုင်ပေ။ ထိုနှိုင်ငံများတွင် Credit Record မကောင်းသူများသည် လူ့အဖွဲ့အစည်းကြီး အတွင်း မ ၀င်ဆန့်နှိုင်တော့ပဲ သီးခြားဖြစ် သွားသည်။

လူတိုင်းသည်မိမိတို့၏ Credit Record ကိုကောင်းသည် ထက်ကောင်းအောင် သူ့ထက် ငါအပြိုင်ကြိုးစား ကြသည်။ Credit Record ကောင်းရန်ကြိုးစားခြင်းဟူသည် မိမိတို့၏ ကိုယ်ရည် ကိုယ်သွေးများကို ကောင်းသည်ထက်ကောင်းအောင်ကြိုးစားခြင်း တစ်ရပ်ဖြစ် သည်။ သို့မှသာအလုပ်ရှာရာတွင် အိမ်ဝယ်ရာ တွင် ကားဝယ်ရာတွင် မည်သည့်ငွေကြေး ပစ္စည်းဥစ္စာမျှ အပေါင် မပေးရပဲ Credit Record (၀ါ)မိမိ၏ ကိုယ်ရည်ကိုယ်သွေး ကတိက ၀တ်တည်ကြည်မှု ဂုဏ်ရည်ဖြင့် ၀ယ်ယူနှိုင်မည်။ သို့ဖြင့် ထိုလူ့အဖွဲ့အ စည်းတွင် အများ နည်းတူ လွယ်ကူချောမွေ့စွာ ဘ၀ ရပ်တည်နှိုင်မည်ဖြစ်သည်။

ထိုနိုင်ငံများတွင် စီးပွားတိုးတက်ခြင်း၊လူတိုင်း၏ဘ၀လုံခြုံမှုအပြည့်ရှိခြင်း ဆင်းရဲမှုဘ၀ လွတ်မြောက် ခြင်း၊ တောင်းရမ်းစားသောက်သူ လူတန်းစားတစ်ရပ် ဟူ၍သီးခြားမရှိပေ။ ၄င်းတို့သည် မွတ်စလင်မ်အုပ် ချုပ်သူများမဟုတ်ကြသကဲ့သို့ ကျမ်းမြတ်ကုရ်အာန်၏ အ ဆုံးအမအတိုင်း အုပ်ချုပ်ခြင်းလည်းမဟုတ်ပေ။ သို့ရာတွင်၎င်းတို့၏ ရောင်းဝယ်ဖေါက်ကား မှု စီးပွားရေးစနစ်သည် ကုရ်အာန်ပြစနစ်ဖြစ်သောကတိက ၀တ်ကိုအခြေခံသည့် စီးပွားရေးစနစ်နှင့် တူညီနေသောကြောင့်ပင်။ ထိုနည်းတူစွာ၎င်းတို့၏အခွန်ကောက် ခံခြင်းနှင့် ပြန်လည်ခွဲဝေပေးရေးစ နစ်သည် ကုရ် အာန်ကပြသော ဇကားသ်စနစ်ဇယား နှင့် ခပ် ဆင်ဆင်တူညီနေခြင်း ကြောင့်ပင်။

သို့ရာတွင် များစွာသော မွတ်စလင်မ်နှိုင်ငံများတွင်ပင်လျှင် ကျမ်းမြတ်ကုရ်အာန်က ပြဌာန်း ထားသော က တိက၀တ်ကိုအခြေခံသည့် စီးပွားရေးစနစ်ကို မထူထောင်နှိုင်ကြသေးပေ။

သို့ရာတွင်ခေတ်မီနှိုင်ငံကြီးများအတွင်း များစွာသောမွတ်စလင်မ်များ၏ စီးပွားရေးလုပ် ငန်းများလည်း တည်ရှိနေပေသည်။ မွတ်စလင်မ်များပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်း ဟူ၍သိ ရှိနှိုင်သောအချက်မှာ ဆိုင်ဝတွင် (No Return, No Refund, No Exchange,) ဟူသော ဆိုင်ဘုတ်များကို ချိတ်ဆွဲထားလေ့ရှိ သောကြောင့်ပင်။

ဒုက္ခကိုကြံ့ကြံ့ခံနှိုင်ခြင်းစွမ်းရည်။

ကျမ်းမြတ်ကုရ်အာန်၏ လူသားအတွက် ပြဌာန်းထားသော ဘ၀လမ်းညွှန်မှုတစ်ခု လုံး သည်လူ့ကိုယ်ရည် ကိုယ်သွေးတိုးတက်မြင့်မားလာရန် ပြုစုပျိုးထောင်ပေးခြင်းဖြစ်သည်။ လူ့ကိုယ်ရည် ကိုယ်သွေးမြင့်မားမှု ဟူသည်၎င်း၏ခံယူချက်ရပ်တည်ချက် လုပ်ဆောင်ချက် များနှင့် တာဝန်ဝတ္တရားများကိုကျရာနေရာမှတာ ၀န်ကျေပြွန်ခြင်းတို့ဖြစ်သည်။ ထိုတာ ၀န်များအနက်တာဝန် တစ် ခုမှာ မိမိအပေါ်သို့ကျရောက်လေ့ရှိတတ် သော ဒုက္ခများနှင့် ရင်ဆိုင်ရာတွင် ဘ၀ကိုအရှုံးမပေးပဲ ကြံ့ကြံ့ခံနှိုင်သည့် စွမ်းရည်ဖြစ်သည်။ (ကုရ်အာန် ၂း၁၇၇)

လူသားသည်အဖက်ဖက်မှ အရည်အချင်းများဘက်စုံ ပြည့်စုံနေပါသော်လည်း ဒုက္ခကို ကြံ့ကြံ့ခံနှိုင်သည့် စွမ်းရည်မရှိပါကဘ၀ကို အရှုံးပေးလိုက်မည်သာဖြစ်သည်။ ထို့အ တွက်ကြောင့် ကျမ်း မြတ်ကုရ်အာန်ကဒုက္ခ နှင့်ရင်ဆိုင်ကြုံတွေ့ရသည့်အခါ ကြံ့ကြံ့ခံနှိုင် သည့် စွမ်းရည်ရှိရမည်ဟူ၍ လူသားအတွက်ပြဌာန်းထားခြင်း ဖြစ်သည်။

လူ့ဘ၀ဟူသည်ချောမွေ့ပြေပြစ်မှုများနှင့် ဆုံစည်းရသလို အကျပ်အတည်းအခက်အခဲ များနှင့်လည်း ဆုံ စည်းရတတ်စမြဲပင်။ လူသားအပေါ်သို့ ကျရောက်လေ့ရှိသောအကျပ် အတည်းအခက် အခဲဟူသော ဒုက္ခ သည်ယေဘူယျ အားဖြင့်သုံးမျိုးသုံးစား အဖြစ်အထက် ပါ ဗျာဒိတ်က ဖေါ်ပြထားသည်။

(၁) တစ်ဦးချင်း၏ ကိုယ်ရေးကိုယ်တာ အကျပ်အတည်း ဆင်းရဲဒုက္ခရောက်ချိန်။

(၂) ရောဂါခံစားရသော ဒုက္ခရောက်ချိန်။

(၃) စစ်မက်ဖြစ်ပွားသောအခါ အများနှင့်အတူ ဆင်းရဲဒုက္ခရောက်ချိန် တို့ဖြစ်သည်။

အထက်မှဖေါ်ပြခဲ့သော ခေတ်မီနှိုင်ငံကြီး များအတွင်းရှိ ပြည်သူများတွင် ငွေကြေးပစ္စည်း ဥစ္စာအဖက်ဖက် က ပြည့်စုံပါလျှက် တစ်ခါတစ်ရံ ဆုံစည်းရတတ်သော အကျပ်အ တည်း အခက်အခဲ များကြောင့် ဘ၀ကို လက်မြှောက်အရှုံးပေးသွားကြသူ များစွာရှိနေပေသည်။ ထို့အတွက်ကြောင့် ကျမ်းမြတ်ကုရ်အာန်က လူ့ ကိုယ်ရည်ကိုယ်သွေးထက် မြက်မှုတွင် အကျပ်အတည်းဒုက္ခနှင့် ရင်ဆိုင်ရသော အချိန်များတွင် ကြံ့ကြံ့ ခံနှိုင်သည့် အရည် အသွေးကို ထည့်သွင်းပြ ဌာန်းထားခြင်းဖြစ်သည်။

ကျမ်းမြတ်ကုရ်အာန်က ရောင်းဝယ်ဖေါက်ကားမှုကိုခွင့်ပြုထားသည်။ သို့ရာတွင်သူတစ်ပါးပိုင် ပစ္စည်းဥစ္စာ ကို မတရားနည်းဖြင့် ယူခြင်းကိုခွင့်မပြုပေ။ (ကုရ်အာန်၎း၂၉)

အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။

ဦးစိုးလွင် (ငြိမ်းချမ်းလျှပ်စစ်)

No Comments Yet


There are no comments yet. You could be the first!

Write comment

Please read this note before your write comment.

 

Quranic Study Group
Los Angeles, California, USA
© 2005 - 2012 QuranInBurmese.com All Rights Reserved
Click here to download Zawgyi Font
Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976
Quran 38:29
Quran 26:24
Quran 3:138
Quran 6:153