အစ္စလာမ်သာသနာတော်နှင့် Slavery (၂)
(၁) ကျမ်းတော်မြတ် အာယသ်တော် (၉၀:၁၀-၁၈) ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းအား(အကောင်းအဆိုး) လမ်းနှစ်သွယ်ကိုညွှန်ပြတော်မူခဲ့ပေသတည်း။ (၉၀:၁၀)
သို့ပါလျက် ထိုလူသားသည် တောင်ကြားလမ်းကို ဖြတ်ကူးခဲ့သည် မဟုတ်ပေ။ (၉၀:၁၁)
စင်စစ် တောင်ကြားလမ်းသည် အဘယ်နည်း၊ အသင်သိပါသလော။ (၉၀:၁၂)
ကျွန်တစ်ဦး တစ်ယောက်အား (ကျွန်ဘ၀မှ) လွတ်မြောက်စေခြင်းပင်။ (၉၀:၁၃)
သို့တည်းမဟုတ် ငတ်မွတ်သောနေ့တွင် ကျွေးမွေးခြင်းပင်။ (၉၀:၁၄)
ဆွေမျိုးနီးစပ်ဖြစ်သော ဖမဲ့ကလေးသူငယ် တစ်ဦးတစ်ယောက်ကို သော်လည်းကောင်း။ (၉၀:၁၅)
မြေကြီးပေါ် လူးလိမ့်နေသော ဒုက္ခိတသူဆင်းရဲ တစ်ဦးတစ်ယောက်ကို သော်လည်းကောင်း။ (၉၀:၁၆)
ထို့နောက် အကြင်သူတို့တွင် ပါဝင်ခြင်းပင်၊ ထိုသူတို့သည် အီမာန်သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ၎င်းပြင်ထိုသူတို့သည် အချင်းချင်း တစ်ဦးကိုတစ်ဦး သည်းခံကြရန် လေးနက်စွာ ဆုံးမခဲ့ကြ ကုန်၏။ ထိုနည်းတူစွာ အချင်းချင်းတစ်ဦးကိုတစ်ဦး ကရုဏာတရား ထားရှိကြရန်လည်း လေးနက်စွာဆုံးမခဲ့ ကြကုန်၏။(၉၀:၁၇) ထိုသူတို့ကား လက်ယာဘက်သားများပင် ဖြစ်ကြကုန်၏။ (၉၀:၁၈)
ဒီ အာယသ်တော်တွေ အရသိရတာက “ကျွန်တစ်ယောက်ကို ကျွန်ဘဝကနေ လွတ်မြောက်စေခြင်း”ကို အလ္လာဟ်အရှင်မြတ်က အီမာန်တည်ယုံကြည်ပြီး ၊ သေဆုံးပြီး ဘဝမှာ အပြစ်ငရဲတွေ ကနေ လွတ်မြောက် ရမယ့်လူတွေရဲ့ မြင့်မြတ်တဲ့ အပြုအမူ တစ်ရပ် အဖြစ် ပြဋ္ဌာန်းထားပါတယ်။
(၂) ကျမ်းတော်မြတ် အာယသ်တော် (၂၄:၃၂)
ထို့ပြင် အသင်တို့သည် မိမိတို့အနက် ကြင်ဖော် ကြင်ဖက်မရှိသော ယောက်ျား မိန်းမတို့အား လည်းကောင်း၊ မိမိတို့၏ ကျွန်-ကျွန်မများအနက် (ထိမ်း မြားရန်) အရည်အချင်းနှင့် ပြည့်စုံကြသော ကျွန်-ကျွန်မ များအားလည်းကောင်း၊ ထိမ်းမြား၍ ပေးကြလေကုန်။ အကယ်၍ ၎င်းတို့သည် သူဆင်းရဲများ ဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ် သည် ၎င်းတို့အားမိမိ ကျေးဇူးတော်နှင့် ကြွယ်ဝ ချမ်းသာစေတော်မူမည်။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ် သည်ကျယ်ဝန်းစွာ ချီးမြှင့် ပေးသနားတော် မူသောအရှင်၊ အရာ ခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အရှင်၊ ဖြစ် တော်မူ၏။ (၂၄:၃၂)
ဒီ အာယသ်တော်မှာတော့ မုစ်လင်မ်တွေဟာ မိမိတို့ကိုယ်တိုင်သာမကမိမိတို့ရဲ့ ကျေး ကျွန်တွေကိုပါ လက်ထပ်ထိမ်းမြားခြင်း အမှုကိုပြုဖို့ ဆောင်ရွက်ပေးရမယ်လို့ မိန့်တော်မူ ထားပါတယ်။
(၃) ကျမ်းတော်မြတ် အာယသ်တော် (၄:၉၂)
၎င်းပြင် မှားယွင်းချွတ်ချော်၍ သတ်မိခြင်းမှအပ အကြင်မုစ်လင်မ် တစ်ဦးတစ်ယောက် ကို သတ်ဖြတ်ခြင်းသည် မည်သည့်မုစ်လင်မ် တစ်ဦးတစ်ယောက်၏ ဂုဏ်အင်္ဂါနှင့်မျှ မညီညွတ်ချေ။ (တစ်နည်း) မည်သည့် မုစ်လင်မ်တစ်ဦး တစ်ယောက်အဖို့မျှ မထိုက်ပေ။ (သို့ရာတွင် အကြင်သူ တစ်ယောက်သည် မွတ်စလင်မ် တစ်ဦးတစ်ယောက်ကို မှားယွင်းချွတ်ချော်၍ သတ်ဖြတ်မိခဲ့ပါမူ (ထိုသူ၌) မုစ်လင်မ် ကျွန်တစ်ယောက်ကို လွတ်မြောက် စေရမည့် ပြင်ထို (အသတ်ခံ ရသော) သူ၏ဆွေမျိုး အမွေစားအမွေခံတို့အား လျော်ကြေးပေးရန်လည်း တာဝန်ရှိပေသည်။ သို့ရာတွင် ထိုအမွေစားအမွေခံတို့က ခွင့်လွှတ်ကြသည်ရှိသော် (လျော်ကြေးပေး ရန်မလိုပေ)။
တဖန်အကယ်၍ ထို(မှားယွင်း၍ အသတ်ခံရသော) သူသည် အသင်တို့၏ ရန်သူများ အသင်းမှဖြစ်အံ့၊ ၎င်းပြင် ထိုသူသည်မုစ်လင်မ်လည်းဖြစ်အံ့၊ သို့ဖြစ်လျှင် (သတ်မိသောသူ၌) မုစ်လင်မ် ကျွန်တစ်ယောက်ကို လွတ်မြောက်စေရန်(သာ) တာဝန်ရှိ၏။ ၎င်းပြင် အကယ်၍ ထို(မှားယွင်း၍ အသတ်ခံရသော) သူသည်အသင်တို့၏ မဟာမိတ်တို့ အသင်းမှဖြစ်ခဲ့လျှင် ၎င်း၏အမွေစား အမွေခံတို့အား လျော်ကြေးပေးရမည့်အပြင်၊ မုစ်လင်မ်ကျွန် တစ်ယောက်ကိုလည်း လွတ် မြောက်စေရန် တာဝန် ရှိပေသေး၏။ တဖန်အကြင်သူသည် (ကျွန်ကိုလွတ်မြောက်စေရန် စရိတ်စက) မတတ်နိုင်ခဲ့လျှင် ထိုသူ သည် နှစ်လတိတိအဆက်မပြတ် တဆက်တည်း ဥပုသ်သီလ ဆောက်တည်ရပေမည်။ (ဤသည်)အလ္လာဟ်အရှင်မြတ် အထံတော်မှ သတ်မှတ်ပြဋ္ဌာန်း တော်မူသော ၀န်ချတောင်းပန်ရန် နည်းပင်ဖြစ်ပေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်၊ အကြွင်းမဲ့သိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံ တရားနှင့် ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူ သည်။ (၄:၉၂)
ဒီ အာယသ်တော်မှာက အကယ်၍မုစ်လင်မ် တစ်ဦးတစ်ယောက်က အခြားမုစ်လင်မ် တစ်ဦး ကို အကြောင်းတစ်စုံ တစ်ရာကြောင့် မှားယွင်းချွတ်ချော်ပြီး သတ်မိခဲ့ရင် ၊ ကျန်ရစ် သူမိသားစု ကိုလျော်ကြေးပေးရမယ့်အပြင်၊ မုစ်လင်မ်ကျွန်တစ်ဦးကိုလည်း လွှတ်ရမယ်လို့ အ မိန့်တော်ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။
(၄) ကျမ်းတော်မြတ် အာယသ်တော် (၅:၈၉)
အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ အချည်းနှီးသော ကျိန်ဆိုချက်များနှင့် စပ်လျဉ်း ၍ အသင်တို့အား ပြစ်ဒဏ် ပေးတော်မူမည်မဟုတ်၊ သို့ရာတွင် အသင်တို့ အခိုင်အမာကျိန်ဆို ကြသော ကျိန်ဆိုချက်များနှင့် စပ်လျဉ်း၍ကား အသင်တို့ကို အပြစ်ဒဏ်ပေးတော်မူမည် ဖြစ်သည်။ သို့ဖြစ်ပေရာ(ယင်းကဲ့သို့သော ကျိန်ဆိုချက်များကို ချိုးဖောက် ခဲ့သည်ရှိသော်) ထိုကျိန်ဆိုချက်ကို (ချိုးဖောက်ခြင်း)၏အပြစ် အာပတ်ဖြေမှုကား အသင်တို့သည် မိမိတို့၏ အိမ်သူအိမ်သား တို့ကို ကျွေးမွေးလေ့ရှိကြသော ခဲဘွယ်ဘောဇဉ်မျိုးထဲမှ အလတ်စားဖြစ်သော ခဲဘွယ်ဘောဇဉ်ကို သူဆင်းရဲ ဆယ်ယောက်အား ကျွေး မွေးခြင်းသော်လည်းကောင်း၊ ထိုသူဆင်းရဲသား (ဆယ်ယောက်)တို့အား အ၀တ်အစား (တစ်စုံကျစီ) ပေးခြင်းသော်လည်းကောင်း၊ ကျွန်တစ်ယောက်ကို ကျွန်အဖြစ်မှ လွတ်မြောက်စေခြင်းသော်လည်း ကောင်း၊ ဖြစ်ချေသည်။ သို့ရာတွင် အကြင်သူသည် (ဤအ ချက်များကိုလိုက်နာရန်) မတတ်စွမ်းနိုင်ခဲ့ပါမူ (ထိုသူသည်) သုံးရက်(ဆက်၍ ) ဆွိ ယာမ် ဥပုသ်ဆောက်တည် ရမည်။ ဤသည်တို့ ကားအသင်တို့ ကျိန်ဆိုပြီး (မိမိတို့၏ ကျိန်ဆိုချက် များကိုချိုးဖောက်)ခဲ့သည်ရှိသော် အသင်တို့ကျိန်ဆိုချက် များ၏ အပြစ်အာ ပတ် ဖြေခြင်း ပင်ဖြစ်သည်။ ၎င်းပြင် အသင်တို့သည် မိမိတို့၏ ကျိန်ဆိုချက်များကို စောင့်ထိန်းကြလေကုန်။ ဤသို့အားဖြင့် အလ္လာဟ် အရှင်မြတ်သည် မိမိ၏အမိန့် တော်များကို အသင်တို့အဖို့ ရှင်းလင်းစွာ ထုတ်ဖော် မိန့်ကြားတော်မူလေသည်။သို့မှသာလျှင် အသင် တို့ ကျေးဇူးသိတတ် ကြပေမည်။ (၅:၈၉)
ဒီ အာယသ်တော်မှာတော့…..တစ်ကယ်လို့ မုစ်လင်မ် တစ်ဦးတစ်ယောက် တစ်စုံတစ် ရာ အကြောင်းကိစ္စနဲ့ ဆက်စပ်ပြီး ကျိန်ဆိုသစ္စာပြုမိလို့ အဲဒီကျိန်ဆိုချက်ကို ချိုးဖောက် မိရင်၊ ကျွန် တစ်ယောက်ကို လွတ်မြောက် စေရမယ်လို့ အမိန့်တော် ပြဋ္ဌာန်းထားပြန်ပါ တယ်။
(၅) ကျမ်းတော်မြတ် အာယသ်တော် (၅၈:၃)
စင်စစ်မှာကား အကြင်သူတို့သည် မိမိတို့၏ဇနီးမိန်းမများနှင့် ဇိဟာရ် ပြုလုပ်ကြကုန်၏။ ထို့နောက်၎င်းတို့သည် မိမိတို့ ပြောဆိုခဲ့သည်မှ ပြန်လည် ရုပ်သိမ်းလိုက်ကြ၏။ သို့ဖြစ်လျှင် ၎င်းတို့ဇနီး (မောင်နှံ)နှစ်ဦး ကိုယ် လက်နှီးနှောထိတွေ့ခြင်း မပြုကြမီ ကျွန်တစ်ယောက်ကို လွတ်မြောက်စေရမည်။ ထိုသည်ဖြင့် အသင်တို့သည် ဆုံးမခြင်းကို ခံကြရပေသည်။ စင်စစ်သော်ကား အလ္လာဟ် အရှင်မြတ်သည် အသင်တို့ကျင့်မူလျက် ရှိကြသည်တို့ကို အကြွင်းမဲ့ ကြားသိတော် မူသော အရှင် ဖြစ်တော်မူ၏။ (၅၈:၃)
ဒီ အာယသ်တော်မှာလည်း…..အကယ်၍ တစ်ဦးတစ်ယောက်က မိမိရဲ့ဇနီးနဲ့ပတ်သတ်ပြီး ဇိဟာရ် ပြုမိရင် အဲဒီဇနီး မောင်နှံဟာ တစ်ယောက်ယောက်နဲ့ တစ်ဦးပြန် ပေါင်းသင်းခြင်း မပြုမီ ကျွန်တစ်ယောက်ကို လွတ်မြောက်စေရမယ် ဆိုတဲ့အမိန့်တော်ပြ ဋ္ဌာန်းထား ပါတယ်။
(၆) ကျမ်းတော်မြတ် အာယသ်တော် (၂:၁၇၇)
အရှေ့အရပ်ဘက်သို့ သော်လည်းကောင်း၊ အနောက် အရပ်ဘက်သို့ သော်လည်းကောင်း မျက်နှာမူခြင်း သည် (သာလျှင်) အသင်တို့အဘို့ ကောင်းမြတ်သော အကျင့် သီလ မဟုတ်သေးပေ။ ကောင်းမြတ်သောသီလရှိသူ သီလ၀န် ဂုဏ၀န်တို့ ဟူသည်ကား အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက် ဆုံးနေ့ကိုလည်းကောင်း၊ ကောင်းကင်တမန်များကို လည်းကောင်း၊ (အလ္လာဟ်အရှင်မြတ်ထံမှကျရောက်သော) ကျမ်းဂန်များကိုလည်းကောင်း၊ နဗီတမန်တော် များကိုလည်း ကောင်း၊ ယုံကြည်မြတ်နိုးကြသော သူများတည်း။ ၎င်းပြင် ယင်းသူတို့သည် မိမိတို့၏ ဥစ္စာ ပစ္စည်းများကို စုံမက်နှစ်သက် ပါလျက်နှင့်ပင် (တနည်း အလ္လာဟ်အရှင်မြတ်ကို ကြည်ညို မြတ်နိုး ကြ၍) ဆွေမျိုးညာတကာများအား၎င်း၊ မိသက်ဆိုး ဖသက်ဆိုးများအားလည်းကောင်း၊ အထီးကျန်သူဆင်းရဲများ အား၎င်း၊ ခရီးသည်များအား၎င်း၊ ဖုန်းတောင်း ယာစကာများ အား၎င်း၊ ကြေးကျွန်များကို ကျွန်ဘ၀မှ လွတ်မြောက်စေရာ၌ ၎င်း၊ ပေးကမ်းလှူဒါန်း စွန့်ကြဲကြ၏။ ထို့ပြင် ယင်းသူတို့သည် ဆွလာတ် ၀တ်ပြုကြ၏။ ဇကာတ် တရားဝင်ဒါနကြေးကိုလည်း ပေးလှူကြ၏။ ယင်းသူတို့သည် ကတိပြုသောအခါ၌ မိမိတို့၏ ပဋိညာဉ် ၀န်ခံချက်များကို အတည်ပြုကြ၏။ ဆင်းရဲ ဒုက္ခကျ ရောက်သည့်အခါ၌လည်းကောင်း၊ ရောဂါဘယ ဖိစီးသည့် အခါ၌လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သည့် အခါ၌ လည်းကောင်း၊ ခန္တီပါရမီကို ခိုင်မြဲ စွာစောင့်စည်းကြ၏။ ဤ တရားများကို လိုက်နာကျင့်သုံးသော သူမွန် သူမြတ်များ သည်သာလျှင် သစ္စာဝါဒီများ ဖြစ်ကြကုန်၏။ ဤသူမွန် သူမြတ် တို့သည်သာလျှင် (အလ္လာဟ်အရှင်မြတ်ကို) ကြောက်ရွံ့ရိုသေ မြတ်နိုး သော သီလ၀န် ဂုဏ၀န်များ ဖြစ်ကြ ကုန်၏။
ဒီ အာယသ်တော်မှာ….ကျေးကျွန်ကိုလွတ်မြောက်စေခြင်းဟာ ဆွလားသ်ဝတ်ပြုခြင်းဇ ကားသ်ပေးလှုခြင်းစတဲ့ အစ္စလာမ်သာ သနာက ပြဋ္ဌာန်းထားတဲ့ မပြုမနေရ တာဝန်တွေလို ဘဲ “ဗိရ် (ရ) (ကောင်းမြတ်ခြင်းအမှု) ဖြစ်တယ်လို့ အလေးပေးမိန့်တော်မူထားပြန်ပါသေး တယ်။
(၇) ကျမ်းတော်မြတ် အာယသ်တော် (၂:၂၂၁)
(အို-အီမာန် ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိကြသော မုအ်မင်န် အပေါင်းတို့) အလ္လာဟ်အရှင် မြတ်နှင့်ယှဉ်တွဲ၍အခြားအရာ ကိုကိုးကွယ်သော မိန်းမများသည် အီမာန်ယုံကြည်ခြင်း သဒ္ဓါ တရား မထားရှိကြသမျှ ကာလပတ်လုံး ထိုမိန်းမများနှင့် အသင်တို့သည် ထိမ်းမြားမင်္ဂလာ မပြုကြကုန်လင့်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်နှင့် ယှဉ်တွဲ၍ အခြားအရာကိုကိုးကွယ်သော မိန်းမတစ်ဦးသည် အသင်တို့အဖို့ အကယ်၍ နှစ်သက် စရာဖြစ်ငြားသော်လည်း အီမာန်ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသော ကျွန်မိန်းမတစ်ဦးသည် (အလ္လာဟ်အရှင်မြတ်နှင့် ယှဉ်တွဲ၍ အခြားအရာကို ကိုးကွယ်သော) ထိုမိန်းမထက် မုချသာ၍ကောင်း၏။
ထို နည်းတူစွာ အလ္လာဟ်အရှင်မြတ်နှင့်ယှဉ်တွဲ၍ အခြားအရာကို ကိုးကွယ်သော ယောက်ျားများသည် အီမာန် ယုံကြည်ခြင်း သဒ္ဓါတရား မထားရှိကြသမျှ ကာလပတ်လုံး ထိုသူများနှင့်(မွတ်စ်လင်မ် အမျိုးသမီးများကို) ထိမ်းမြား၍ မပေးကြကုန်လင့်။ အမှန် သော်ကား အလ္လာဟ် အရှင်မြတ်နှင့်ယှဉ်တွဲ၍ အခြားအရာကို ကိုးကွယ်သူတစ်ဦးသည် အသင်တို့အဘို့ အကယ်၍ နှစ်သက် စရာဖြစ်ငြားသော်လည်း အီမာန်ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသော ကျွန်ယောက်ျား တစ်ဦးသည် (အလ္လာဟ်အရှင်မြတ်နှင့် ယှဉ်တွဲ၍ အခြားအရာကို ကိုးကွယ်သော) ထိုယောက်ျားထက် မုချသာ၍ကောင်း၏။ (အလ္လာဟ်အရှင် မြတ်နှင့် ယှဉ်တွဲ၍အခြား အရာကို ကိုးကွယ်သောသူ တို့သည် အသင်တို့အား) ငရဲမီးသို့ ခေါ်ဆောင်ကြ ကုန်၏။ အလ္လာဟ် အရှင်မြတ်မှာမူ မိမိ၏ ဆန္ဒတော် ဖြင့် (အသင်တို့အား) ဂျန္နတ်အမတ သုခဘုံသို့လည်းကောင်း၊ အပြစ်များမှလွတ်ငြိမ်း ချမ်းသာခွင့်ပေးသနား တော်မူခြင်းသို့လည်း ကောင်း၊ ခေါ်ဆောင်လျက် ရှိတော်မူ၏။ ထို့ပြင် တ၀ ထိုအရှင်မြတ်သည် လူသားတို့ သတိတရားရ စိမ့်သောငှာ မိမိ၏တရား ဒေသနာတော်များကို ထင်ရှားစေတော်မူ၏။ (၂:၂၂၁)
ဒီအာယသ်တော်မှာတော့ မုစ်လင်မ်တွေအနေနဲ့ ကာဖရ်ငြင်းပယ်သူတွေကို လက်ထပ် ထိမ်းမြားခြင်းမပြုဖို့နဲ့ ၊ ကာဖရ်တွေကို လက်ထပ်ခြင်းထက် မုစ်လင်မ်ကျွန်၊ကျွန်မတွေ ကို လက်ထပ် ထိမ်းမြားခြင်းဟာ ပိုပြီး ကောင်းမြတ်တယ်လို့ မိန့်တော်မူထားပြီး၊ကျွန်၊ကျွန် မ တွေကို လက်ထပ်ထိမ်းမြားဖို့ အားပေးအားမြှောက်ပြု တိုက်တွန်း ထားတာဖြစ်ပါတယ်။
ဆိုတော့ကာ…အထက်မှာတင်ပြထားတဲ့ ကျမ်းတော်မြတ် ကုရ်အာန်အာယသ်တော် တွေ ကို ကြည့်ခြင်းအားဖြင့် အစ္စလာမ်သာသနာ ဟာ ကျွန်စနစ် အပေါ်ဘယ်လိုသဘော ထား၊ကျွန်တွေ အပေါ်ဘယ်လိုပြုမူ ရမလဲ ဆိုတာကို ရှင်းလင်းစွာ သိရမှာဖြစ်ပါတယ်။ ကိုယ်တော်မြတ်(ဆွ)ရဲ့ ခေတ်သမယက တစ်ဖက်နဲ့တစ်ဖက်စစ်မက်တိုက်ခိုက်ခြင်းကြောင့် ဖမ်းမိတဲ့စစ်သုံ့ပန်းတွေဟာ ဖမ်းဆီးတဲ့ဘက်ရဲ့ ကျွန် ဘဝကို အလိုလိုရောက်သွားပါတယ်။
မုစ်လင်မ်တွေနဲ့ မုစ်လင်မ်မဟုတ်သူတွေ စစ်တိုက်ကြပြီး၊ တစ်ဖက်နဲ့တစ်ဖက်သုံ့ပန်း အပြန်အလှန် လက်ရတာတွေရှိပါတယ်။ မုစ်လင်မ်သုံ့ပန်းတွေဟာ မုစ်လင်မ်မဟုတ် သူတွေ ရဲ့ကျွန်တွေ အဖြစ်ကို ရောက်သွားကြ တာမျိုးရှိသလို မုစ်လင်မ်မဟုတ်သူတွေဟာ လည်းဘဲ မုစ်လင်မ်တွေရဲ့ ကျွန်အဖြစ်ရောက်သွားတာ မျိုးတွေရှိတတ်ပါတယ်။ အဲဒီအခါ မျိုးမှာ မုစ်လင်မ်မဟုတ်သူတွေ ရဲ့ကျေးကျွန်အဖြစ်ကို ရောက်ရှိသွားတဲ့ မုစ်လင်မ်တွေကို ဘယ်လိုပြု မူဆက်ဆံရမယ် ဆိုတဲ့ ဥပဒေမျိုး မုစ်လင်မ်မဟုတ်သူတွေ ထံမှာမရှိတဲ့အ တွက် ကျွန်တွေဟာ တိရိစ္ဆာန်ပမာပြုမူ ဆက် ဆံခံရတာ သမိုင်းအထင်အရှားပါဘဲ။ လူ တစ်ယောက် အသက်ရှင်ဖို့လိုအပ်တဲ့ရေ အခြေခံအစားအစာပမာဏကိုတောင် ကျွန်တွေ ဟာလောက်ငှအောင် ပေးခြင်းမခံရတဲ့အဖြစ် တွေရေ တွက်၍ မရလောက်အောင်ရှိပါတယ်။
ဒါပေမဲ့ အစ္စလာမ်သာသနာဝင် မုစ်လင်မ်တွေကတော့ မိမိရဲ့ကျေးကျွန်တွေကို ဘယ်လို ဆက်ဆံရမလဲဆိုတာကိုသာမက မိမိရဲ့ကျေးကျွန်ကိုအစားမည်ကဲ့ သို့ကျွေး ဖို့တောင် ကျမ်းတော်မြတ် ကုရ်အာန်အာယသ်တော်(၇၆:၈)မှာပြ ဋ္ဌာန်းထားတော်မူပါ တယ်။
(ထိုမှတစ်ပါးထိုသူတို့သည် အစားအစာကိုခုံမင်စုံမက်ကြလျက်နှင့်ပင် ထိုအရှင်မြတ်အားချစ် ကြည် မြတ်နိုးသောကြောင့် သူဆင်းရဲ တို့အားလည်းကောင်း၊ ဖမဲ့ကလေး သူငယ်တို့အားလည်းကောင်း၊ သုံ့ပန်းတို့ အားလည်းကောင်း၊ ကျွေးမွေးကြကုန်၏။) (၇၆:၈)
ဒါတင်မကသေး ကိုယ်တော်မြတ်(ဆွ)ရဲ့ ဆွဟီးဟ်ဟဒီးစ်တော်တွေမှာလည်းဘဲ ကျေး ကျွန်တွေကို ဘယ်လိုကောင်းမွန်စွာ ကျွေးမွေးထောက်ပံ့ ပြုမူဆက်ဆံရမလဲဆိုတဲ့ အ မိန့်တော်တွေ ဟာ ထောင့်စုံအောင်ကိုပါရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင်ကျေးကျွန် တွေကို လွတ်မြောက်စေဖို့ကျေးကျွန်ကို လွတ်မြောက်စေခြင်းဟာ ကောင်းမြတ်တဲ့တရားဖြစ် တဲ့အကြောင်းစတဲ့အမိန့်တွေ လည်းအလွန်ကိုများပြားလှပါတယ်။ ကျမ်းတော်မြတ်ဆွ ဟီးဟ်ဟဒီးစ် တော်တွေကိုသေသေချာချာ လေ့လာဆန်းစစ်ရင် အစ္စလာမ်သာသနာ ဟာ ကျေးကျွန်တွေသုံ့ပန်းတွေကို လွတ်မြောက် တဲ့နည်းလမ်းတွေ အများအပြား ပြ ဋ္ဌာန်းပေးထားတာကို သိရမှာပါ။ ဥပမာအနေနဲ့အာယသ်တော် (၄:၉၂) (၅:၈၉)(၅၈:၃) စတာတွေအရဆို ကိုယ့်ဟာကို ပြုမိတဲ့ အပြစ်တစ်စုံ တစ်ရာ ဟာ ကျေးကျွန်နဲ့ဘယ်လို မှမပတ် သတ်သော်လည်း ကျေးကျွန်ကို လွတ်မြောက်စေခြင်းကို အဲဒီအပြစ်အတွက် ပြစ် ဒဏ်အဖြစ် သတ်မှတ်ထားခြင်းကိုဘဲ ကြည့်ကြပါ။















No Comments Yet
There are no comments yet. You could be the first!
Write comment