လူ့ကိုယ်ရည်ကိုယ်သွေး(၇)
(နေကာဟ်) ထိမ်းမြားခြင်း။ အပိုင်း၂
ခင်ပွန်းမှဇနီးကိုဖန်ဆင်း။
يَا أَيُّهَا النَّاسُ اتَّقُوا رَبَّكُمُ الَّذِي خَلَقَكُم مِّن نَّفْسٍ وَاحِدَةٍ وَخَلَقَ مِنْهَا زَوْجَهَا وَبَثَّ مِنْهُمَا رِجَالًا كَثِيرًا وَنِسَاءً ۚ وَاتَّقُوا اللَّهَ الَّذِي تَسَاءَلُونَ بِهِ وَالْأَرْحَامَ ۚ إِنَّ اللَّهَ كَانَ عَلَيْكُمْ رَقِيبًا
O mankind, fear your Lord, who created you from one soul and created from it its mate and dispersed from both of them many men and women. And fear Allah , through whom you ask one another, and the wombs. Indeed Allah is ever, over you, an Observer.
(အို လူသားအပေါင်းတို့ အသင်တို့သည် အသင်တို့၏ မွေးမြူဖန်ဆင်းရှင်နှင့် စပ်လျှင်းသောတာဝန်များကို ကျေပြွန်ကြ၊ ထိုအရှင်သည် အသင်တို့အား (နဖ်စ်-၀ါဟေဒဟ်) အရာတစ်ခုတည်း၏ အစိပ်အပိုင်းမှ ဖန်ဆင်းခဲ့၏။ ထိုတစ်ခုတည်းသော အစိပ်အပိုင်းမှပင် ၄င်းတို့ ၏ ကြင်ရာကြင်ဖက်ကိုလည်း ဖန်ဆင်းခဲ့သည်။ ၄င်းနောက် ထိုနှစ်ဦးတို့မှ များပြားလှစွာသော ယောက်ျား မိန်းမတို့ကို ပြန့်ပွားစေ၏။ သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်ကို ချစ်ကြောက်ရိုသေခန့်ကြလေကုန်။ ထိုအရှင်၏ ပြဌာန်းချက်အ တိုင်း မိမိတို့အချင်းချင်း၏ (အခွင့်အရေးများကို) တောင်းဆိုကြ။ ၄င်းပြင် ဆွေမျိုးများ၏ (အခွင့်အရေးများကို ဆုံးရှုံး စေခြင်းမှ) ရှေင်ကြဉ်ကြလော့။ အလ္လာဟ်အရှင်သည် အသင်တို့အပေါ်ဝယ် ကြီးကြပ်ထိန်းသိမ်း စောင့်ရှောက်သော အရှင်ဖြစ်သည် ၄း၁။)
ထိုအာယသ်ကဲ့သို့ပင် ကုရ်အာန်၁၆း၇၂တွင်လည်း—-
وَاللهُ جَعَلَ لَكُم مِّنْ أَنفُسِكُمْ أَزْوَاجًا وَجَعَلَ لَكُم مِّنْ أَزْوَاجِكُم بَنِينَ وَحَفَدَةً وَرَزَقَكُم مِّنَ الطَّيِّبَاتِ ۚ أَفَبِالْبَاطِلِ يُؤْمِنُونَ وَبِنِعْمَتِ اللَّهِ هُمْ يَكْفُرُونَ
And Allah has made for you from yourselves mates and has made for you from your mates sons and grandchildren and has provided for you from the good things. Then in falsehood do they believe and in the favor of Allah they disbelieve?
(အလ္လာဟ်အရှင်သည် အသင်တို့အဖို့ အသင်တို့မှပင် ဇနီးကြင်ရာများကို ဖန်ဆင်းခဲ့လေသည်။ ထိုနည်းတူစွာ ထိုအရှင်သည် အသင်တို့ နှင့်အသင်တို့၏ ဇနီးကြင်ရာများမှ သားမြေးတို့ကို ထွန်း ကားစေခဲ့သည်။ ထို့ပြင်ထိုအရှင်သည် အသင်တို့စားသုံးရန် ကောင်းမွန်သော အရာများကို ချီးမြှင့်ခဲ့သည်။ သို့ပါလျှက် အသင်တို့သည် အချည်းအနှီးသော အရာကိုသက်ဝင်ယုံကြည်၍ အလ္လာဟ် အရှင်၏ ကျေးဇူးတော်ကို ငြင်းပယ်လျှက် ရှိနေ ကြမည်လော။)
ထိုအာယသ်များတွင်ပါသော (နဖ်စ်)ဟူသည့် အရဗီဝေါဟာရသည် ၀ိညဉ်ဟူသော အဓိပ္ပါယ်ဖြစ်သကဲ့သို့ အရာတစ်ခုလုံး၏ အစိပ်အပိုင်း ဟူ၍လည်း အဓိပ္ပါယ်ဖြစ်သည်။ ထို့ အတွက်ကြောင့် ကုရ်အာန် ကိုဘာသာပြန်ဆိုသူ အများစုက ထိုအာယသ်များပါ(နဖ်စ်)ကို ခင်ပွန်းများနှင့် ဇနီးကြင်ယာများကို အရာတစ်ခုတည်းမှ ဖန်းဆင်း ခဲ့သည်ဟု ပြန်ဆို ကြခြင်းဖြစ်သည်။
ထိုအာယသ်ပါ လူသားဟူသ၍ကို (နဖ်စ်-၀ါဟေဒဟ်) အမျိုးအစားတစ်ခုတည်းမှ ဖန်ဆင်း သကဲ့သို့ ထိုလူသားများ ၏ဇနီးကြင် ရာများ ကိုလည်း ၄င်းတို့၏အစိပ်အပိုင်းမှဖန်ဆင်း ခဲ့သည် ဟူသော ကျေညာချက်ကိုထုတ်ပြန်ခြင်းဖြင့် – အစ္စလာမ် သာသနာသည် ခေတ် အဆက်ဆက်ရှိခဲ့သော လူလူချင်း လူမျိုးမတူသူများနှင့် လိင်မတူသူများကို ခွဲခြားဆက် ဆံသော စနစ်ကြီး ကို ဖျက်သိမ်း လိုက်ခြင်းဖြစ်သည်။
ထိုနည်းတူစွာ အမျိုးသားနှင့်အမျိုးသမီးကို ဖန်ဆင်းရသော အကြောင်းရင်းသည်ပင် (နေ ကာဟ်)ဟူသော ထိမ်းမြားခြင်းကိုအကြောင်းပြု၍ လူသားမျိုးနွယ်ဆက်ကို ထာဝရဆက် လက်ရှင် သန်စေရေးဖြစ်သည်။ လူသားအတွက်လိုအပ်ချက်ဖြစ်သော အိမ်ထောင်ရေးတွင် လင်ယောက်ျားသည် ဇနီးမယားထက်ပိုမို မြင့်မြတ်သည်ဟူသည့် အယူဝါဒကိုပယ် ဖျက်နှိုင်မှသာလျှင် တရား မျှတ၍ သာယာဝပြောသော အိမ်ထောင်ရေးကို ထူထောင်နှိုင် မည်ဖြစ်သည်။ ထိုကဲ့သို့ပင် အိမ်ထောင်ဖက် ရွေးချယ်ရာတွင်လည်းလူမျိုး မတူသော် လည်း ဘာသာအယူဝါဒတူသူများ အချင်း ချင်း ကို အိမ်ထောင်ဖက် ရွေးချယ်နှိုင် သော အခွင့် အလန်းများရှိနေပေသည်။
(နေကာဟ်) ထိမ်းမြားခြင်းသည် ခင်ပွန်းသည် အမျိုးသားနှင့် ဇနီးသည်အမျိုးသ္မီး နှစ်ဦးစ လုံးအဖို့ စိတ်တည်ငြိမ်ချမ်းမြေ့စွာ ဘ၀ရပ်တည်နှိုင်ရန်ဖြစ်သည်။(၇း၁၈၉) ခင်ပွန်းသည် ဇနီးမယား အ တွက်အရှက်အိနြေ္ဒကို လုံခြုံစွာအကာအကွယ်ပေးသော အ၀တ်တန်ဆာ များကဲ့သို့ဖြစ်သည်။ ထိုနည်းတူစွာ ဇနီးမယားသည်လည်း ခင်ပွန်းအတွက်အရှက်အိနြေ္ဒ ကိုလုံခြုံစွာ အကာအ ကွယ်ပေး သည့် အ၀တ် တန်ဆာများ ကဲ့သို့ပင်ဖြစ်သည်။(၂း၁၈၇)
ဖေါ်ပြပါအာယသ်နှစ်ခုတည်းကို ဆင်ခြင်ခြင်းဖြင့်ပင် လူသားအတွက်(နေကာဟ်) ထိမ်းမြားခြင်းသည် အဓိကအခန်းကဏ္ဍတစ်ရပ်ဖြစ်သည်ကို သိရှိနှိုင်ပေသည်။ထို့အ တွက်ကြောင့်အစ္စလာမ် သာသနာတွင် လူသား၏သဘာဝနှင့် ဆန့်ကျင်လျှက် မည်သည့် လူသား တစ်ဦးတစ်ယောက်ကိုမျှ အိမ်ထောင်ပြုခွင့်မရှိသော လူတန်းစားတစ်ရပ် အဖြစ် သတ်မှတ်ပြဌာန်းထားခြင်း အလျှင်းမ ရှိခဲ့ပေ။ အစ္စလာမ့်မတိုင်ခင်အလျှင်က ရှိခဲ့ကြသည့် များစွာသော သာသနာများတွင် အိမ်ထောင်ပြုခွင့်မရှိသော လူတန်းစားတစ် ရပ်အဖြစ် သီးသန့် ရှိခဲ့ကြသည်။ ထိုလူတန်းစား အတွင်းမှများ စွာသော သူတို့သည် သဘာဝ တ ရားကို မလွန် ဆန်နှိုင်သောကြောင့် နောက်ဆက်တွဲ ပြဿနာရပ်များစွာနှင့် ရင် ဆိုင်နေရ သည်မှာ နေ့ စဉ်နှင့်အမျှ ကမ္ဘာနှင့်အ၀ှမ်း ပင်။
(မဟရ်)မင်္ဂလာလက်ဆောင်
(နေကာဟ်)ထိမ်းမြားရာတွင် နှစ်ဦးသဘောတူညီမှု ရှိရမည်။ အမျိုးသမီး၏သဘောတူညီ မှုမရရှိဘဲ အမွေသိမ်း ပိုက်သကဲ့သို့ အမျိုး သားက သိမ်းပိုက်ခွင့်မရှိပေ(၄း၁၉။) မုဆိုးမ များနှင့်တစ်ခု လတ်လင်ကွာ အမျိုးသမီးများသည် လည်း အိမ်ထောင် ပြုခွင့်ကို ကုရ် အာန်ကခွင့်ပြုထားသည်၂း၂၃၂၊၂၃၄၊၂၃၅။
အမျိုးသမီးအား (မဟဲရ်) မင်္ဂလာလက်ဆောင် ပေးဆောင်ရမည်။ (မဟဲရ်)မင်္ဂလာ လက်ဆောင်ကို အမျိုးသမီးကသာပိုင်ဆိုင် သည်။ အကယ်၍အမျိုးသမီးက ကျေနပ်မှုရှိ ပါကထို(မဟဲရ်)ကိုအ မျိုးသားက သုံစွဲပိုင်ခွင့်ရှိသည်။ (မဟဲရ်)မင်္ဂလာလက်ဆောင်ကို အမျိုး သမီးကကျေနပ်မှုရှိပါက အကြွေးသတ်မှတ်ခွင့်ရှိသည်။အမျိုးသမီးကပြန်လည် ၊တောင်း လာပါက ပြန်လည်ဆပ်ရ မည့် ကြွေးဖြစ်သည်။ (၄း၎၊၂၄။)
(မဟရ်)မင်္ဂလာ လက်ဆောင်ဟူသည် မည်သည့်အမျိုးသမီးနှင့်ဖြစ်စေ ထိမ်းမြားရာတွင် အမျိုးသားကပေးရမည်ဖြစ်သည်။ ထို(မဟရ်) သည် မိန်းကလေးတစ်ဦး၏် အိမ်ထောင် သည်ဘ၀စ တင်သည်နှင့် ပစ္စည်းဥစ္စာအတိုင်းအတာ တစ်ခု၏ပိုင်ရှင် ဖြစ်လာသော လက္ခ ဏာတစ်ရပ် ဖြစ်သည်။ (နေကာဟ်)၏ရည်ရွယ်ချက်သည်ပင်လျှင် အမျိုးသမီး တစ်ဦး၏ ဘ၀ကို မိမိ၏ခင်ပွန်းနှင့် တန်းတူရည်တူ ဂုဏ်ရည်အဆင့်အတန်း မြှင့်တင်ပေးခြင်းတစ် ရပ်လည်းဖြစ်သည်။ (မဟရ်)သည် အမျိုးသမီးတစ်ဦး တည်းကပိုင်ဆိုင်ပြီး၎င်းနှစ်သက်သူ ကို ပေးပိုင်ခွင့်ရှိသည်။ ထိုနည်းတူစွာ မိမိ၏ ခင်းပွန်းကိုလည်း ပေးပိုင်ခွင့်ရှိသည်။
လွတ်လပ်သောအမျိုးမျိုးသမီးတို့ကို ထိမ်းမြားခွင့်ရှိသကဲ့သို့ အချုပ်အနှောင်တွင်ရှိနေသော အမျိုးသမီးများကိုလည်းထိမ်းမြားခွင့်ရှိသည်။ အချုပ်အနှောင်ဟူသည်ကုရ်အာန်စတင် ကျရောက် ချိန်တွင်အမ္ဘာတစ်ဝှမ်းတွင်ကျွန်စနစ်ရှိနေသကဲ့သို့ စစ်သုံ့ပန်းများလည်းရှိနေပေ သည်။ ကုရ်အာန်ကထိုကဲ့သို့သော အချုပ်အနှောင်တွင် ရှိနေသေးသောအမျိုးသမီးများ ကိုလည်း (နေကာဟ်) ထိမ်းမြားခွင့်ပြုသည်။ ထိမ်းမြားရာတွင်လည်း ၄င်းတို့အားလွတ် လပ်သောအမျိုးသမီးများကဲ့သို့ (မဟရ်)ပေးဆောင်၍ ၄င်းတို့၏ဘ၀ကို မြှင့်တင်ရမည်။ (ရှင်ဘုရင်နှင့်ညားမိဖုရားသူသော စကားကဲ့သို့ပင်)
ထိမ်မြားခွင့်မရှိသူများ
မိဘညီအကို မောင်နှမအရင်းများ၊ ဦးလေးအဒေါ် တူ၊တူမအရင်းများ၊နို့တိုက်မိခင်များ၊ နို့စို့ဘက်မောင်နှမများ၊ ယေက္ခမများ၊ ဇနီး ဖက်မှပါသော (ရင်ခွင်ကြီး) မယားပါသမီးများသည် လည်းကောင်း ထိမ်းမြားရန်တားမြစ်ထားပြီးဖြစ်သည်။ သို့ရာတွင်ထိုဇနီးများနှင့် ပေါင်းသင်းဆက်ဆံခြင်း မပြုကြသောအခါတွင် ထိုမယားပါသမီးများနှင့် ပေါင်းသင်းခြင်းသည် အပြစ်တစ် စုံ တစ်ရာ မရှိပေ။ ထိုကဲ့သို့ပင် ချွေးမများသည်လည်းကောင်း၊ ညီအမနှစ်ယောက်ကို တစ်ကြိမ်တည်း ပေါင်းသင်းခြင်းသည် လည်းကောင်း၊ တားမြစ်ထား လေသည် ၄း၂၃။
ထိုကဲ့သို့ပင် ဖခင်များထိမ်းမြား ခဲ့ဘူးသောမိန်းမများကို ထိမ်းမြားခွင့်မရှိပေ။ ယင်းအမှုကိစ္စသည် အလွန်စက်ဆုပ်ဖွယ်ရာနည်းလမ်း ဖြစ်သည်၎း၂၂။
လင်ရှိအမျိုးသမီးအား ထိမ်းမြားခွင့်မရှိပေ၂း၂၄။
ကာမေသုမိစ္ဆာစရကံ ကျူးလွန်သူများကိုလည်း ထိမ်းမြားခွင့်မရှိပေ၂၄း၃။
သက်ဝင်ယုံကြည်မှုမရှိသော ယောက်ျားများနှင့် မိန်းမတို့အားလည်း အိမ်ထောင်ပြုခွင့်မ ရှိပေ။ ထိုသက်ဝင်ယုံ ကြည်မှုမရှိသူများ ကို အိမ်ထောင်ပြုခြင်းထက် သက်ဝင်ယုံကြည်သူ ကျွန်၊ကျွန်မ များကို အိမ်ထောင်ပြုခြင်းကို ကုရ်အာန်ကလမ်း ညွှန်ထားသည် ၂း၂၂၁
အိမ်ထောင်ပြုခြင်းသည် တစ်သက်တာအတွက် ထာဝရဘ၀ကြင်ဖေါ် ရွေးချယ်ခြင်းဖြစ် သည်။ ထို့အတွက်ကြောင့် ဘာသာအယူဝါဒခံယူချက် တူသူအချင်းချင်းရွေးချယ်ရန် လမ်းညွှန် ထားခြင်း ၊ဖြစ်သည်။ အိမ်ထောင်ပြုခြင်းသည် အသိုင်းအ၀ိုင်းနှစ်ခုကို တစ်ခု တည်း အဖြစ် တည်ဆောက်ခြင်းဖြစ်သည်။ ထိုနည်းတူစွာမိမိတို့၏ မျိုးဆက်များကို ကမ္ဘာ ကြီး တည်ရှိနေသ၍ ဆက် လက်ရှင် သန်နေရန် စတင်ပျိုးထောင်ခြင်းလည်းဖြစ်သည်။ ထို့ကဲ့သို့ အရေးပါသော မဟာစီမံကိန်းကြီးကို တည်ဆောက်ရာတွင် နှစ်ဦးစလုံး၏ ဘာသာ အယူဝါဒ တူရမည်မှာ အဓိကအရေး ပါသော ကဏ္ဍ တစ်ရပ်ဖြစ်သည်။ သို့မဟုတ် ပါက မိမိတို့ကမွေး ဖွားလာသော ရင်သွေးများသည် မတူညီသောမိဘနှစ်ဦး၏ အယူ ၀ါဒများစပ်ကြားတွင်တိ ကျသေချာသော ခံယူချက်အခုခုအပေါ် တွင်ရပ် တည်နှိုင်ရန် အလွန်ခက်ခဲမည်ဖြစ်သည်။
ပေါင်းသင်းခွင့်မရှိသောအချိန်နှင့်နေရာများ
ဇနီများရာသီပန်း ပွင့်သောအချိန်များတွင် ခင်ပွန်းများက ပေါင်းသင်းဆက်ဆံခွင့်မရှိပေ။ ထိုအချိန်ပေါင်း သင်းခြင်းသည်ဘေး ဥပဒ်ဖြစ်စေနှိုင်သည့်အတွက်တားမြစ်ထားသည် ၂း၂၂၂။ ထို နည်းတူစွာ (စွီယမ်)ဥပုဒ်သီလဆောင့်ထိမ်း ချိန်များတွင်လည်းပေါင်း သင်းခွင့် မရှိပေ။ ရမ်သွာန်လ၏ ညများတွင်ပေါင်းသင်းခွင့်ရှိသည်။ အလားတူဗလီဝတ်ကျောင်းများ တွင်ပေါင်းသင်းခွင့် မရှိ ပေ၂း၁၈၇။ ထိုသို့သော အချိန်များနှင့်နေရာတို့တွင် ဇနီးနှင့်ပေါင်း သင်း ဆက်ဆံရေးကိုကန့်သတ်ပိတ်ပင် ထားသော်လည်း ကျန်အချိန်များတွင် လွတ်လပ် မှုအပြည့်အ၀ ပေး ထားပေ သည်။
လွတ်လပ်သောဇနီးမောင်နှံဆက်ဆံရေး။
ကျမ်းမြတ်ကုရ်အာန်က ဇနီးမောင်နှံတို့ကို လယ်ယာနှင့်လယ်ထွန်ယက်သူဟုဆိုထား သည်။ မိမိတို့လယ်ယာများ ကိုမိမိတို့ စိတ်ကြိုက် ထွန်ယက်ကြဟူသော ကျမ်းမြတ်ကုရ် အာန်၏ထိုအသုံး အနှုံးသည် ခေတ်တိုင်းအတွက် အမြဲသစ်လွင်လန်းဆန်း နေမည့်ဝေါဟာ ရ အသုံး အနှုံးဖြစ်သည်။(၂း၂၂၃)
လယ်ယာမြေမှ ပေါ်ထွန်းလာသော ထွက်ကုန်ပစ္စည်းများ၏ အရည်အသွေးကောင်းမွန်မှု သည် လယ်ယာမြေ၏ မြေသြဇာကောင်း မွန်မှုနှင့်ထွန်ယက်သူ၏ကျိုးပမ်း အားထုတ်မှုတို့ တွင်မူတည် သည်။ လင်နှင့်မယားတို့မှ တိုးပွား လာသောသားသမီးတို့၏ ရုပ်ပိုင်း ဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုသည် မိဘနှစ်ပါးတို့၏ ပြုစုစောင့် ရှောက်ထိန်း သိမ်းမှုတွင် မူတည်ကြောင်းမိန့် ထား ခြင်းဖြစ်သည်။ ထိုအာယသ်၏ အခြားသေအဓိပ္ပါယ် တစ်မျိုးမှာ လင်နှင့်မယားစပ်ကြား ဆက်ဆံရေးကိုလွတ်လပ်မှု အပြည့်အ၀ပေးထားခြင်း သဘောကိုဆောင်နေခြင်းလည်း ဖြစ်သည်။
လူသား၏ ရုပ်ပိုင်းဆိုင်ရာကိုယ်ကျင့်တရား ကောင်းမွန်မှုနှင့် စိတ်ပိုင်းဆိုင်ရာ သာယာ ၀ပြောမှုတို့သည် လင်နှင့်မယားစပ်ကြား ဆက်ဆံ ရေးသဟဇာတ ဖြစ်မှုအပေါ်တွင်မူ တည်နေပေသည်။ ထို့ကြောင့် လင်နှင့်မယားဆက်ဆံ ရေးကို ကုရ်အာန်ကလယ်ယာနှင့် လယ်ယာ ထွန်ယက်သူဟူ၍ ပမာခိုင်းနှိုင်းထားခြင်းဖြစ်သည်။ ဖေါ်ပြပါတိုတောင်း လှသော အာယသ်၏လေးနက်မှုသည် များစွာသောအ ဓိပ္ပါယ်များကို ဖေါ်ညွှန်းလျှက်ရှိနေပေသည်။
လင်နှင့်မယားတို့၏အချစ်မှ
(နေကာဟ်)ဟူသော အချစ်နှင့်သံယောစဉ်မျိုးစေ့ကို လင်နှင့်မယားတို့၏ နှလုံးသည်းပွတ် အတွင်းသို့ထည့်သွင်း စိုက်ပျိုးပေးလိုက်ရုံဖြင့် လင်နှင့်မယားနှစ်ဦးတို့၏အချစ်မှ အလွန် အင်အားကြီး မားသော အချစ်စွမ်းအင်တစ်ခု မွေးဖွား ပေါ်ထွန်းလာသည်။ ထိုလင်နှင့် မယား အချစ်ကို အလ္လာဟ်အရှင်၏ သက်သေလက္ခဏာ တစ်ရပ်ဟူ၍ပင်ဆိုထားသည်။ (၃၀း၂၁)
ထို လင်နှင့်မယားနှစ်ဦးတို့မှ ရှင်သန်မွေးဖွားလာသော အချစ်စွမ်းအင်နှင့်ပင်လူသားမျိုးနွယ် တစ်ခုလုံးကို တည်တန့်ခိုင်မြဲစေခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအချစ်စွမ်း အင်သည် သန္ဓေသားအဖြစ်ပင် မတည်ရသေးသော ရင်သွေးများ၏ သာယာဝ ပြောသော ဘ၀အတွက် မိမိတို့၏ဘ၀ကို စွန့်လွှတ်စွန့်စားရန်ပင် အသင့်ဖြစ်နေပေတော့သည်။ ထို လင်နှင့်မယားနှစ်ဦးတို့မှ ရှင်သန်မွေးဖွားလာသော အချစ်စွမ်းအင်သည် မိမိတို့၏သား သ မီးများအတွက် ကြီးမားလှသော မိဘမေတ္တာဟူ၍ ဖြစ်လာပေသည်။
ထို့ကြောင့်မိဘတိုင်းသည် မိမိတို့၏ဘ၀ထက် သားသမီးတို့၏ဘ၀ကို ပိုမိုလှပတင့် တည်စေလိုသော ဆန္ဒထားရှိသူများ ဖြစ်ကြသည်။ ထိုသို့သော အကြောင်းများကြောင့် ကျမ်းမြတ် ကုရ်အာန် က မိဘများနှင့်စပ်လျှင်း၍သားသမီးများအပေါ်တွင် မည်ကဲ့သို့သော တာဝန်များပေးထားသည်ကို- -
အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။
ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်)
လူ့ကိုယ်ရည်ကိုယ်သွေး(၁) လူ့ကိုယ်ရည်ကိုယ်သွေး(၂) လူ့ကိုယ်ရည်ကိုယ်သွေး(၃) လူ့ကိုယ်ရည်ကိုယ်သွေး(၄) ၅လူ့ကိုယ်ရည်ကိုယ်သွေး(၅) လူ့ကိုယ်ရည်ကိုယ်သွေး(၆) လူ့ကိုယ်ရည်ကိုယ်သွေး(၇) လူ့ကိုယ်ရည်ကိုယ်သွေး(၈) လူ့ကိုယ်ရည်ကိုယ်သွေး(၉) လူ့ကိုယ်ရည်ကိုယ်သွေး(၁၀) လူ့ကိုယ်ရည်ကိုယ်သွေး(၁၁) လူ့ကိုယ်ရည်ကိုယ်သွေး(၁၂) လူ့ကိုယ်ရည်ကိုယ်သွေး(၁၃) လူ့ကိုယ်ရည်ကိုယ်သွေး(၁၄) လူ့ကိုယ်ရည်ကိုယ်သွေး(၁၅)















12 Comments
Mulan says:
အမျိုးသမီးတယောက်ကအိမ်ထောင်မပြုပဲ sperm donationနဲ့ကလေးယူမယ်ဆိုရင် Islamကခွင့်ပြုပါသလား
23 Oct 10 @ 9pm
မမီးမီး says:
” လူသားအတွက် လိုအပ်ချက်ဖြစ်သော အိမ်ထောင် ရေးတွင် လင်ယောက်ျားသည် ဇနီးမယားထက်ပိုမို မြင့်မြတ်သည်ဟူသည့် အယူဝါဒကို ပယ်ဖျက်နှိုင်မှသာလျှင် တရားမျှတ၍ သာယာဝပြောသော အိမ်ထောင်ရေးကို ထူထောင်နှိုင်မည်ဖြစ်သည်။ ”
မှန်လိုက်တာ။
” အစ္စ လာမ့်မတိုင်ခင်အလျှင်က ရှိခဲ့ကြသည့် များစွာသော သာသနာများတွင် အိမ်ထောင်ပြုခွင့် မရှိသော လူတန်းစား တစ်ရပ်အဖြစ် သီးသန့်ရှိခဲ့ကြသည်။ ထိုလူတန်းစားအတွင်းမှ များစွာသော သူတို့သည် သဘာဝတရားကို မလွန်ဆန်နှိုင်သောကြောင့် နောက်ဆက်တွဲ ပြဿနာရပ်များစွာနှင့် ရင်ဆိုင်နေရသည်မှာ နေ့စဉ်နှင့်အမျှ ကမ္ဘာနှင့်အ၀ှမ်း ပင်။ ”
ဒီနေ့ထိ အဲဒီပြဿနာတွေတက်ကြတုန်းဘဲ။
” သက်ဝင်ယုံကြည်မှုမရှိသော ယောက်ျားများနှင့် မိန်းမတို့အားလည်း အိမ်ထောင်ပြုခွင့်မရှိပေ။ ထိုသက်ဝင်ယုံ ကြည်မှုမရှိသူများ ကို အိမ်ထောင်ပြုခြင်းထက် သက်ဝင်ယုံကြည်သူ ကျွန်၊ကျွန်မများကို အိမ်ထောင်ပြုခြင်းကို ကုရ်အာန်ကလမ်း ညွှန်ထားသည် ”
ဥပမာ : မာစီဒီးကားစီးနေသော သက်ဝင်ယုံကြည်မှုမရှိသောသူနှင့်ထိမ်းမြားတာထက် ရိုတီရောင်းနေတဲ့ သက်ဝင်ယုံကြည်မှုရှိသူနှင့် ထိမ်းမြားတာကမှ နှစ်ဘဝစိတ်အေးရမည်။ ရိုတီရောင်းနေတဲ့လူက ဆင်းရဲသော်လည်း သူ့ရင်
ဘတ်ထဲမှာ အီမာန်သက်ဝင်ယုံကြည်မှုရှိပြီး ဖန်ဆင်းရှင်၏ ကျေးဇူးတော်ကိုသိတတ်သည်။
….
သိကောင်းစရာ article တွေအတွက် ကျေးဇူးတင်ပါတယ်။
24 Oct 10 @ 1pm
U Soe Lwin says:
အမျိုးသမီးတယောက်က အိမ်ထောင်မပြုပဲ Sperm donationနဲ့ကလေးယူမယ်ဆိုရင် Islamကခွင့်ပြုပါသလားဆိုတဲ့ Mulan ရဲ့မေးခွန်းနဲ့စပ်လျှင်းပြီး-
အစ္စလမ်သာသနာက လုံးဝဥဿုံခွင့်မပြုပါဘူး။ ခွင့်မပြုတဲ့ အကြောင်းရင်းကတော့- –
(၁) Sperm donationနဲ့ ကလေးယူခြင်းဟာလည်း တစ်နည်းအားဖြင့် နေကဟ် မပြုဘဲ တစ်စိမ်းယောက်ကျားတစ်ဦးနဲ့ ကလေးယူခြင်းပင်ဖြစ်တယ်။
(၂) ထိုကဲ့သို့ အဖေအမည်ကို မသိဘဲမွေးလာသောကလေးသည် နောက်ဆက်တွဲ ပြဿနာများစွာနဲ့ ရင်ဆိုင်ရန်အသင့်ဖြစ်နေသည်။
Sperm လှူသူသည် အလှူခံလာသူတိုင်းကို လှူမည်ဖြစ်သည်။ ထိုကဲ့သို့လှူရာတွင် လည်း ဥပဒေအရ မိမိ၏အမည်ကို လျှို့ဝှက်ထားရသည်။ ၄င်းကလှူလိုက်သော Sperm မှမွေးလာသောကလေးများသည် အဖေတူညီအကို မောင်နှမအရင်းများဖြစ်သည်။ ထိုကလေးများသည် အိမ်ထောင်ဖက်ရွေးချယ်ရာတွင် မိမိတို့၏မောင်နှမ အရင်းအခြာများ ကို မရွေးမိရန် စီစစ်ဖို့အခွင့်အလန်းပျောက်ဆုံးနေသည်။
အစ္စလာမ်သာသနာတွင် ထိုကဲ့သို့ပြဿနာရပ်များမှ ရှောင်ကျဉ်နှိုင်ရန် သူတစ်ပါး၏သား သမီးကိုမွေးစားခြင်းဖြင့် အမှန်တစ်ကယ်သားသမီး အရင်းမဖြစ်ကြောင်းနှင့် မွေးစားက လေးအား ၄င်း၏အဖေအရင်း၏ အမည်ဖြင့်တွဲခေါ်ရန် ပြဌာန်းထားသည်။(၃၃း၎)
ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်)
25 Oct 10 @ 5pm
Brian says:
Sperm donation is as equal to the indirect way of sexual activity. Either she is married to the donor or not she is bind to the donor. Since there is a binding of the bodily fluid, there must be Nekah or it is as equal as marriage. Both donor and receptor must accept as husband and wife.
In the developed countries it becomes a modern to have a child from a spam donor. The receptor needs permission from the owner of that Sperm or the organization that own that spam. .
There was a real story of a problem of a Sperm donor here in United States. Please read this article :
http://www.newsweek.com/2009/12/15/mapping-the-god-of-sperm.html.
He has been donation Sperm for more than 25 years. But he was not being disclosed, to the mothers and also children. He has never known who his children are. But he figured out that he has more than 400 children living in the same neighborhood. He worries about children dating. Therefore, he was very much concern about the issue and reviled to the health authority and retrace them. It was a big mess for the authority. By the genetic nature, the marriage to the sibling is not healthy. In the legal system in the United State also do not permit sibling marriage. Therefore, it is the big problem for local authority also.
It was logical that having a Nekah is the best way as Islam prescribes us to have a family live.
Having a child is taking the responsibility of parenthood and gives every right to the baby as a father and support the child for his/her entire life. The mother has to give unification rights to the father as well as take care of the family matters.
As a human nature, every children has right to have both father and mother. The mother should not only have to choose the right of a child. Therefore, if she can just among the child and the father over the rights and the responsibility, I do not see any problem with that. It may look like a child from a divorced couple. If not, all the right and responsibility of a child and the father will put upon the mother and in the day of judgment, she has to answer. As you know, every one of us has to answer to Allah. I hope she will have a good answer for what she has done over the child and the father.
Brian
25 Oct 10 @ 7pm
ဌေးလွင်ဦး says:
ဒီဆောင်းပါးအောက်မှာ မေးသင့်တဲ့မေးခွန်းနဲ့ သင့်လျှော်တဲ့ အဖြေကို တွေ့ရလို့ ၀မ်းသားပါတယ်။
ဌေးလွင်ဦး
29 Oct 10 @ 7am
ကျာကျာကြီး says:
အလွန်ကို မေးသင့်တဲ့ မေးခွန်းမေးတဲ့ မူလန် နဲ့ အလွန်ကိုသင့်မြတ်တဲ့ အဖြေကို
ဖြေပေးတဲ့ ဆရာဦးစိုးလွင် တို့ကို ကျေးဇူးတင်ပါတယ်ခင်ဗျား။
30 Oct 10 @ 10am
mulan says:
ဘယ်မှာခေါင်းစဉ်အောက်မှာမေးရမှန်းမသိလို့ဒီမှာပဲမေးလိုက်ပါတယ်၊
[1]Islamမှာorgan donation ကိုခွင့်ပြုပါသလား၊
[2]ဆေးပညာအတွက်၊လူသားအကျိုးအတွက်ဆိုပြီးလုပ်မယ်.cloning မျိုးကိုရောခွင့်ပြုမှာလား၊
[3]Euthanasia ရောလုပ်ခွင့်ရှိပါသလား၊
31 Oct 10 @ 1pm
U Soe Lwin says:
မူလန်ရဲ့ မေးခွန်း(၃)ခုအနက် မေးခွန်း(၃)မှလွဲ၍ ကျန်မေးခွန်း(၁)နှင့်(၂) တို့ကလူသား အကျိုးအတွက်လှူခွင့်ရှိပါတယ်။ ကုရ်အာန်(၂း၁၇၇)မှာ – မိမိပိုင်ပစ္စည်းကို လိုအပ်သူများအတွက် နှောင် ကြိုးမဲ့ လှူဒါန်းသုံစွဲရန် ပြဌာန်းထား ပြီးဖြစ်သည်။
မေးခွန်း(၃) Euthanasia (ခေါ်) ရောဂါအပြင်း အထန်ခံစားနေရသူကို မခံစားလိုစေ၍ နာကြင်မှုကင်းစွာ သတ်ခြင်းကို ခွင့်မပြုပါဘူး။
ကုရ်အာန် (၂၅း၆၈။၎း၉၂၊၉၃။)
ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်)
31 Oct 10 @ 6pm
NO POLE says:
ဒါဆို မေးစရာတစ်ခုထပ်တိုးလာပြန်ပေါ့…. ကြင်နာမှုကင်းစွာ သတ်ခြင်းကို ခွင့်မပြုဆိုသော်လည်း အစ္စလာမ်များဟာမိမိရှေ့မှာပင် သွေးစိမ်းရှင်ရှင်ထွက်အောင် လည်လှီးပြီးမှ စားကြခြင်းသည်အကြင်နာ ပိုသည်များပင်လော…
14 Dec 10 @ 4am
U Soe Lwin says:
အထက်ပါမေးခွန်းနဲ့ စပ်လျှင်းပြီး – - -
မွတ်စလင်မ်များက သားကောင်ကို လည်လှီးစားခြင်းနဲ့စပ်လျှင်းပြီး အကြင်နာကင်းတယ်ဆိုတဲ့ စကားမျိုးကို တိုးတက်ခေတ်မှီနေတဲ့ ယနေ့ သိပ္ပံခေတ်ကြီးမှာ မေးလာတဲ့အတွက် အလွန်ရှားပါးတဲ့မေးခွန်းအဖြစ် အသိအမှတ်ပြုရမှာ ဖြစ်တယ်။ ဘာကြောင့်လည်းဆိုတော့ အစ္စလာမ်သာသနာ ကို မကောင်းမြင်ဝါဒဖြင့် အပြစ်ရှာဝေဘန်ချင်သူများပင်လျှင် အထက်ကမေးခွန်းမျိုးကို မမေးကြတော့လို့ဘဲ။ ဘာကြောင့်လည်းဆိုတော့ နှစ်ပေါင်း(၁၅၀၀)ကတဲက ကျမ်းမြတ်ကုရ်ပါ ဥပဒေများရဲ့ ဓမ္မဓိဌာန်ကျမှုကို မွတ်စလင်မ်မဟုတ်သော သိပ္ပံပညာရှင်များက သိပ္ပံနည်းကျ ၀င်ရောက်အဖြေ ထုတ်ပေးကြလို့ဘဲ။
သားကောင်ရဲ့ လည်မျိုကိုလှီးဖြတ်ခြင်းကို (ဇဗီဟာ) လို့ခေါ်တယ်။ သွေးကြောများစုဝေးနေတဲ့ လည်မျိုကို လှီးဖြတ်လိုက်တာနဲ့ သုံးစက္ကန့် အတွင်း သားကောင်ရဲ့ အသိအာရုံခံစားမှုမဲ့သွားပါတယ်။ သွေးများနဲ့အတူ ရောဂါပိုးမွှားများလည်း ကင်စင်သွားတဲ့အတွက် စားသုံးသူများ အဖို့ သန့်ရှင်းလပ်ဆပ်တဲ့ အဟာရဖြစ်ပါ တယ်။ အဲ့ဒီအချက်အလက် တွေဟာလည်း ၂၀ရာစု ဆေးသိပ္ပံပညာရှင်များက ဆေးသိပ္ပံရှုဒေါင့်က ဖေါ်ပြ ချက်ဖြစ်တယ်။ မွတ်စလင်မ်များရဲ့ အခြေခံဥပဒေဖြစ်တဲ့ ကျမ်းမြတ်ကုရ်အာန်မှာ နှစ်ပေါင်း(၁၅၀၀)ကတည်းက သားကောင်ကို (ဇဗီဟာ) လည်မျိုးကြောကို လှီးဖြတ်ပြီးမှစားသုံးဖို့ လမ်းညွှန်ထားတာ ဖြစ်တယ်။
လယ်ပင်းလှီးဖြတ်ခံလိုက်ရတဲ့ တိရစ္ဆာန်ဟာ လူပြိန်းများအမြင်အရ ဆန့်ငင်ဆန့်ငင် ဖြစ်နေခြင်းဟာ မချိမဆန့်ခံစားနေရတယ်လို့ ထင်မှတ်ရ ပါတယ်။ အမှန်တစ်ကယ်တော့ ဆေးသိပ္ပံအရ တိရစ္ဆာန်ရဲ့ရှူသွင်းလိုက်တဲ့ အောက်စီဂျင် က ခန္ဓာကိုယ်တစ်ခုလုံးကို မရောက်နှိုင်တဲ့အတွက် တစ်ကိုယ်လုံးက ဆန့်ငင်ဆန့်ငင်ဖြစ်တာ။ ထိုသားကောင်က အသိအာရုံခံစားမှု မရှိတော့တဲ့အတွက် ဘာမျှမသိတော့ဘူး။
သွေးကို ကျမ်းတော်က “မိဟာဒန်” စီးဆင်းသော သွေး။ သွေးပြန်ကြော မှ ပန်းထွက်သော သွေးဟု ဖြစ်တယ်။ တဆက် တည်းမှာဘဲ စားသုံးပိုင်ခွင့် ရှိတဲ့ တိရစ္ဆာန်များကို တုနှိုင်းမဲ့အရှင်ရဲ့ နာမတော်ကို တိုင်တည်လျှက် ထိုသွေး ကြောအား လှီးဖြတ်ရမယ်လို့ ဆိုထား ပါတယ်။အဲ့ဒီအသုံးအနှုန်းကို “ဇဗီဟာဟ်” လို့ဆို တယ်။ “ဇဗီဟာဟ်” ဆိုတာ သတ္တ၀ါတို့ လျှပ်တပြက်အတွင်း ခံစားမှု အာရုံမဲ့ သွား မည့်နေရာ (လည်ပင်း) သွေးကြောအား လှီးဖြတ် ရမှာဖြစ်တယ်။
သွေးပြန်ကြောမှ သွေးများထွက်ရန် တခေါက်ကြောအား ဖြတ်ခြင်းဖြင့် လည်းကောင်း၊ နံရိုးကြားသို့ ဓါး၊ ဒုတ်၊ အချွန်နှင့် ထိုးခြင်းဖြင့် လည်းကောင်း မပြုလုပ်ရန် “ဇဗီဟာဟ်” ဆိုတဲ့ ဝေါဟာရကို သုံးထားခြင်း ဖြစ်တယ်။ လူသား သဘာဝ ဤလောက အတွင်း မှီတင်း နေကြရတ်ာဖြစ်တဲ့အတွက် အသက်သတ်ရခြင်းနဲ့ မကင်းကြတဲ့အတွက် မိမိတို့ လူသားများ အသက်ရှင်သန် ရပ်တည်နှိုင်ရေးအတွက် တိရစ္ဆာန်များကို လှီးသတ်နိုင်ခွင့် ပြုထားသော်လည်း မေတ္တာမဲ့ ရက်စက်စွာ ညှင်းပန်း နှိပ်စက်ခြင်း မပြုရသော အဓိပါယ်ကို “ဇဗီဟာဟ်” ဆိုတဲ့ စကားကို ကုရ်အာန်က အနက်ပေး ခြင်းဖြစ်တယ်။ “ဇဗီဟာဟ်” လည်ပင်း သွေးကြောကို လှီးဖြတ်ခြင်းဖြင့် တိရစ္ဆာန် တစ်ကောင်ဟာ် လျှပ်တပြက် (အများဆုံး သုံးစကန့် အတွင်းမှာ်) အာ ရုံခံစားမှု ပြတ်တောက် သွားတယ်။ အဲ့ဒီလည်ပင်း သွေးပြန်ကြောမှ ပန်းထွက်သွားတဲ့ သွေးကြောင့် ကိုယ်ခန္ဓာထဲမှာရှိနေတဲ့ သွေးကြောများနဲ့အတူ ပြန့်နှံ့နေတဲ့ ရောဂါပိုးမွှားများ မှာလည်း သွေးနဲ့အတူ ပါသွားတဲ့ အတွက် ထိုသားကောင်၏ အစိပ်အပိုင်း တစ်ခုလုံးဟာလည်းသန့် ရှင်းစင်ကြယ်တဲ့ စားသုံးဖွယ်ရာ ဖြစ်သွားတယ်။ သွေးပြန်ကြောမှ သွေးအညစ်များကို စွန့်ထုတ်ရာ မှာလည်း တုနှိုင်းမဲ့ အရှင်ရဲ့ နာမတော်ကို တိုင်တည်လျက် လှီးဖြတ်ကြလော့ ဆိုတာကတော့- တုနှိုင်းမဲ့ အရှင်အား ယဇ်ပူဇော်ပသခြင်း မဟုတ်ဘူး။ လူသားတို့ စားသုံးခြင်း များကို သာမာအာဇီဝ ကျတဲ့နည်းနဲ့ ရှာဖွေထားတဲ့ စားသုံးကုန်များ ဖြစ်ရမယ်လို့ ကုရ်အာန်ကု သွန်သင်ခြင်း ဖြစ်ပါတယ်။ ခိုးရာပါ ပစ္စည်း၊ တိုက်ရာပါ ပစ္စည်းများကို မည်သည့် နည်းနှင့်မျှ ဘုရားတရားအား တိုင်တည်လို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အစားအသောက်နှင့် ဆိုင်တဲ့ ဥပဒေတိုင်းမှာ အထူးသဖြင့် သားကောင်ကို စားခွင့်ပြုထားသည်နဲ့အညီ် စားသုံးသူများအဖို့ “သန့်ရှင်း စင်ကြယ်တဲ့ အဟာရလည်းဖြစ်ရမယ်။ စားသုံးခြင်းခံရတဲ့ သားကောင်အဖို့လည်း ညှင်းပမ်းမှုမခံရတဲ့ နည်းလမ်း ကို ကုရ်အာန်က လမ်းညွှန်ထားခြင်းဖြစ်တယ်။
အဲ့ဒီအကြောင်းအသေးစိပ်ကို လေ့လာဆည်းပူးလိုပါက http://www.quraninburmese.com တွင် ကုရ်အာန့်သုတ အပါတ်စဉ်ကဏ္ဍ ရှိ (ကျမ်းမြတ် ကုရ်အာန်၏ လွယ်ကူသော စားသောက်မှုဆိုင်ရာ ဥပဒေ) ဟူသောဆောင်းပါးကို လေ့လာနှိုင်ပါသည်။
ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်)
24 Dec 10 @ 1pm
mohd ismail says:
မေးခွန်းက တကယ်ကို မေးသင့်တဲ့ မေးခွန်းဖြစ်ပြီး ဆရာ ရဲ့အဖြေက သာသနာတော်ရဲ့ဘောင်အတွင်းကဖြေ တဲ့ တကယ်ကို ပြည့်စုံတဲ့အဖြေ ဖြစ်ပါတယ်
ကျေးဇူးပါ………..
02 Jul 11 @ 3am
saw ae banyar says:
ကုရ်အာန့်ညွှန်ကြားပြသချက်တွေကို ပိုပြီးသဘောပေါက်နားလည်အောင် ရှင်းပြပေးတဲ့အတွက် ကျေးဇူးပါဆရာ။
23 Jul 12 @ 1pm
Write comment