ဇနီးကိုရိုက်ဆုံးမခြင်းဆောင်းပါး အပေါ်ဆွေးနွေးချက်များ။(၂)

ကုရ်အာန်ကိုဖွင့်ဆိုပုံအဆင့်ဆင့်။
ကုရ်အာန်ကိုဖွင့်ဆိုသော ကျမ်းများသည် နှစ်ပေါင်း(၇၀၀) လောက်မှစတင်၍ ယနေ့တိုင် ပင် ထွက်နေဆဲပင်။ ပဌမပိုင်း ပေါ်ထွက်သော ဖွင့်ဆိုချက် များသည် အစ္စလာမ့်သမိုင်းကျမ်း များကို အခြေခံဖွင့်ဆိုကြသည်။ ၄င်းတို့၏ နောက်ပိုင်းတွင် သမာကျမ်းကို အခြေခံ၍ ဖွင့်ဆိုကြသည်။နှစ်ဆယ်ရာစှု လောက်မှစတင်၍ ကုရ်အာန်ကို အဘိဓါန်ဖြင့် ဖွင့်ဆိုသော စနစ်ကို ဖွင့်ဆိုလာကြ သည်။ နောက်ပိုင်းတွင် ကုရ်အာန်ကို ဖွင့်ဆိုရာတွင် ကုရ်အာန်ပါ အ ခြား ဆက်စပ်အာယသ်များ ဖြင့်ဖွင့်ဆိုလာကြသည်။

ကုရ်အာန်ကိုဖွင့်ရာတွင်။
(အသင်ထံသို့ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောကျမ်းဂန်ကို ငါအရှင်ချပေးခဲ့ခြင်းမှာ ထိုကျမ်းပါ အယာသ်များကို ဂဂနန နှိုက်နှိုက်ချွတ်ချွတ် စေ့ငုံစွာ အသေးစိပ် လေ့လာဆည်ပူး စဉ်းစား ဆင်ခြင်ရန် အတွက်ဖြစ်သည်။ သို့မှသာ အသိဥာဏ်ရှင်များအဖို့ တရားရယူနှိုင်မည် ဖြစ်သည်။ ကုရ်အာန် ၃၈း၂၉)
ကုရ်အာန်၏ အစိတ်အပိုင်း တစ်နေရာတွင် ရှိသောဝေါဟာရ အသုံးအနှုံး အကြောင်းအရာကို ကုရ်အာန်၏ အခြားအစိတ်အပိုင်း တစ်နေရာတွင် တစ်ကြိမ်မက ထပ်မံထပ်မံ တစ်ကျော့ပြီး တစ်ကျော့ ဆင့်ကာဆင့်ကာ ရှင်းထားပြီးဖြစ်သည်။
ထိုနည်းအတိုင်းပင် ကျမ်းမြတ်ကုရ်အာန်ကို ဖွင့်ဆိုရာတွင်လည်း အထက်မှအာယသ်၏ လမ်းညွှန်မှုအတိုင်း ကုရ်အာန်ပါ ဆက်စပ်အာယသ် များကိုအနု စိပ် လေ့လာပြီးမှ ဖွင့်ဆိုရမည် ဖြစ် သည်။

ကျာကျာကြီး၏ comments အပေါ် ပြန်လည်ဆွေးနွေးချက်။
ကျာကျာကြီး၏ comments များကို ဇနီးကိုရိုက်ဆုံးမခြင်း။ ဟူသောဆောင်းပါး အောက် တွင် ဖေါ်ပြထား ပြီးဖြစ်သည်။ မဖေါ်ပြရသေးသော comment ကို ယခုတင်ပြမည်ဖြစ် သည်။
စလာမ်အစ်ကိုကြီးရေ……
ကျမ်းတော်မြတ် ကုရ်အာန် (၁၃း၁၇) ရဲ့ မြန်မာဘာသာပြန် ကို အရင်ဆုံးတင်ပြပေးပါ့မယ်။

“ထိုအရှင်မြတ်သည် မိုးကောင်းကင်မှာ(မိုး)ရေကိုရွာသွန်းစေတော်မူခဲ့၏။သို့ဖြစ်ပေရာ ချောင်း၊လျိုး၊ရိုးများသည် မိမိတို့၏အ၀င်အဆံ့နှင့်လျှော်ညီစွာစီးတွေ၍လာခဲ့ကြလေသည်။ တစ်ဖန်ပြင်း စွာစီးသော ထိုရေစီးသည် တက်၍နေသောရေမြှုပ်ကို အထက်သို့ ချီဆောင်၍လာ ခဲ့လေသည်။ ထိုနည်း တူစွာလူတို့သည် လက်ဝတ်လက်စားသော်လည်းကောင်း၊(အခြား)အသုံး အဆောင် ကိရိယာပစ္စည်းသော်လည်းကောင်း၊ပြုလုပ်အံ့သောငှာ(ဖိုထဲ၌)မီး ချကြကုန်သော ဓာတ်သတ္တုများတွင်လည်း ယင်းကဲ့သို့ပင် အမြှုပ်အချေးသည် ရှိပေသည်။အလ္လာဟ်အရှင် မြတ်သည် ဤ နည်းအတိုင်းပင်အမှန်နှင့် အမှားကို ပုံခိုင်းတော်မူလေသည်။ သို့ဖြစ်ပေရာ အညစ်အကြေးသည်အသုံး မကျသောအရာအဖြစ် အချည်းနှီးဖြစ်သွားလေတော့သည်။ သို့ရာတွင်လူ တို့ အဖို့ အသုံး ၀င်သောအရာမှာမူကားကမ္ဘာမြေ၀ယ်ကျန်ရှိ၍နေလေသည်။ အလ္လာဟ်အရှင်မြတ်သည်ဤနည်းအတိုင်းပင်ဥပမာ ပုံဆောင် ချက်များကို ခိုင်းနှိုင်းတော် မူချေသတည်း။”

အထက်ပါအာယသ်တော်ရဲ့ မျဉ်းသားထားတဲ့ စာပိုဒ်တွေက “ယဿွ်ရိဗု” ပါတဲ့ စာကြောင်း တွေပါ။ ပထမအာယသ်တော် (ကဇာလိကယဿွ်ရိဗုလ်လာ ဟုလ်ဟတ်က် ကဝလ်ဘာသွိလ်) မှာ ထု ၊ ရိုက် ၊ နှက်လို့ အနက်ထွက် တယ်ဆိုရင်လည်းမမှားပါဘူး။ “အလ္လာဟ်အရှင်မြတ်သည် ဤနည်းအတိုင်းပင် အ မှန်နှင့်အမှားကိုရိုက်ခတ်တော်မူလေ သည်” လို့ဘာသာပြန်လည်းအ ဆင်ပြေ ပါတယ်။ ဒါပေမဲ့ဒီအာယသ်တော်ဟာ အမှန်နဲ့ အမှားကိုနှိုင်း ယှဉ်ပမာပေးတဲ့ အာယသ်တော်ဖြစ်တယ် လို့ဘာသာပြန်သူအ တော်များ များကဆိုပါတယ်။ ဒါကြောင့် ဃာဇီဆားဗ် တို့ဘာသာပြန်မှာ “အလ္လာဟ်အရှင်မြတ် သည်ဤနည်း အတိုင်းပင် အမှန်နှင့်အမှားကို ပုံခိုင်းတော် မူလေသည်။” လို့ပြန်ဆိုထား
တာဖြစ်ပါတယ်။ (“ဿွရဗ” နဲ့သူ့ဆင့်ပွါး တွေကို “ဗိ” “အလာ” စတဲ့ စကားဆက် တွေနဲ့ မသုံးဘဲ သီးသီးသန့်သန့်သုံးရင်တော့ “ထု” “ရိုက်” “နှက်”စတဲ့ အဓိပ္ပာယ်တွေဘဲ အ များဆုံး ထွက်တာ)လို့ကျွန်တော် ရေးထားတာပါ။ အဲဒီ အဓိပ္ပာယ်သုံးမျိုးဘဲ ပုံသေ ထွက် တယ်လို့ကျွန်တော် ဘယ် တုန်းကမှ မရေးခဲ့ပါဘူး အစ်ကိုကြီးရေ။တစ်ကယ် တော့ အဲဒီ အာယသ် တော်မှာ “မစလ်/အမ်စာလ်” ဆိုတဲ့ဝေါဟာရကို ဖျောက်ပြီး silent လုပ်ထား တာ ဖြစ်ပါတယ်။အဲလို အလွန်လှပတဲ့ အဖွဲ့တွေကိုက ကျမ်းတော် မြတ်ရဲ့ eloquence ပါ။
“ဿွရဗ” နဲ့သူ့ဆင့်ပွါးရဲ့ မူရင်းအဓိပ္ပာယ်ဟာ “ဥပမာပေးတယ်” လို့လုံးဝမထွက်ပါဘူး။ (၄း၃၄) မှာပါတဲ့ “ဝဿွ်ရိဗူဟွန်းန” ကို အစ်ကိုကြီး အယူအ ဆနဲ့ဖွင့်ရင် “သူမတို့ကို ဥပမာပေးကြ” လို့ အနက်ထွက်မှာပါ။ အဲလို အနက်ဖွင့်ရင် မှန်ပါ့မလား အစ်ကိုကြီးခင်ဗျား?

စာရေးသူ၏စတင်ဆွေးနွေးချက်။
အထက်မှကျာကျာကြီး၏ comment ဖြစ်ပါတယ်။ ကျာကျာကြီးနဲ့ ကျွန်တော့်စပ်ကြားမှာ အယူ အဆမတူညီတာ တစ်ခုဘဲဖြစ်တယ်။ ကု၇်အာန်၎း၃၄ပါ- -
(“ဝဿွ်ရိဗူဟွန်းန”)ကို ကျာကျာကြီးက ဇနီးများကိုရိုက်ဆုံးမရမည်ဟု ယူဆသည်။ကျနော် က နည်းလမ်းရှာသည်ဟုယူဆသည်။ ထိုအတွက်ကြောင့် ကျာကျာကြီးက (ဒွ၊ရ၊ဗ)သည် ရိုက်နှက် ခြင်း ဖြစ်ကြောင်း ကုရ်အာန်ပါ အခြားအာယသ်များကို ကိုးကား၍ ထင်ပြ ထားသော comments များဖြစ် သည်။ ကျာကျာကြီးရဲ့အောက်ပါ အဆို- =
(“ဿွရဗ” နဲ့သူ့ဆင့်ပွါး တွေကို “ဗိ” “အလာ” စတဲ့ စကားဆက် တွေနဲ့ မသုံးဘဲ သီးသီး သန့်သန့်သုံးရင်တော့ သုံးရင်တော့ “ထု” “ရိုက်” “နှက်”စတဲ့ အဓိပ္ပာယ်တွေ ဘဲ အများ ဆုံးထွက် တာ) ဆိုတဲ့ ကျာကျာကြီးရဲ့ အထက်ပါ အယူအဆအပေါ် ကျွန်တော်ကကုရ်အာန် ၏ ရှုဒေါင့်မှ စတင်သုံးသတ်ပြ မည် ဖြစ်တယ်။
ကျမ်းမြတ်ကုရ်အာန် တစ်အုပ်လုံးတွင် ထိုမူရင်းဝေါဟာရ(ဒွ-ရ-ဗ) နဲ့ ဆင့်ပွားဝေါဟာရ (၅၈) ကြိမ်ပါဝင်တယ်။ ရိုက်နှက်ရန်ဟူ၍ ၈း၅၀။ ၄၇း၂၇။ ၂း၆၀။ ၇း၇၇။ တို့တွင်သုံးထားသည်။
(မယုံကြည်သူတို့အား ကောင်းကင်တမန်များက အသက်ထုတ်ယူသောအခါတွင် ၄င်းတို့၏ မျက်နှာများကို လည်းကောင်း ကျောများကိုလည်းကောင်း ရိုက်နှက်ကြသည်။) ၈း၅၀နှင့် ၄၇း၂၇တွင်သုံးထားသည်။
(တမန်တော်မူဆာအား ပင်လယ်၏ ခြောက်သွေ့သော အပိုင်းကိုရိုက်ရန် အမိန့်ပေးထား သည်။) ၇း၇၇တွင် သုံးထာားသည်။
(တမန်တော်မူဆာအား ၄င်း၏လက်ကိုင်ဒုတ်ဖြင့် ကျောက်ဆောင်တစ်ခု အပေါ်သို့ရိုက်ရန် အမိန့်ပေးခဲ့သည် တွင်လည်းထိုဝေါဟာရ (ဒွ-ရ-ဗ) ကိုသုံးထားသည်။) ကို၂း၆၀ တွေ့ရ သည်။
ဖေါ်ပြပါကုရ်အာန်တွင် ပါဝင်သော (ဒွ-ရ-ဗ) (၅၈)ကြိမ်အနက် ရိုက်နှက်သည့် အဓိပ္ပါယ်ဖြင့် သုံးစွဲထားသည်မှာ ဆယ်ကြိမ်ပင် မပြည့်ပေ။ သို့ရာတွင် အကြိမ်ပေါင်း ငါးဆယ်ကျော်သည် ကွဲ ပြားခြားနားသော အခြားအဓိပ္ပါယ်များဖြင့် သုံးစွဲထားသည်ကို ကျနော်ရော ကျာကျာကြီး ပါ လက္ခံထားပြီးသည်။

လူလူချင်းရိုက်နှက်ဆုံးမခြင်းဆိုင်ရာ
ကုရ်အာန်တွင်ပါဝင်သော အထက်ပါ (ဒွ၊ရ၊ဗ) ရိုက်နှက်ခြင်းမျိုးသည် အင်္ဂလိပ်စာပေ smite ပြင်းထန်စွာ ရိုက်နှက်ခြင်း များတွင် ကုရ်အာန်၌ သုံးထား သည်။
ကျမ်းမြတ်ကုရ်အာန် တစ်အုပ်လုံးတွင် လူအချင်းချင်းကို ရိုက်နှက်ဆုံးမခြင်းတွင် (ဒွ၊ရ၊ဗ)နှင့် လုံဝဥဿုံ သုံနှုံးထားခြင်း မရှိပေ— တမလွန်တွင် ကောင်းကင်တမန်များကလူသား ကို ပြစ် ဒဏ်ပေးရာ တွင် သုံးစွဲထားသည်။ တမန်တော်မူဆာက တောင်မွှေးဖြင့် (အဆွရ်) ကျောက်ဆောင်ကို ရိုက်ခြင်း၊ ပင်လယ်ရေပြင် ပေါ်ကိုရိုက်ခြင်း၊ တို့တွင်သာသုံး ထားသည်။
တစ်နည်းအားဖြင့် ဆိုရသော် တမန်တော်မူဆာ၏ အဆွာဒုတ်ဟူသည် ယနေ့ခေတ်စ ကားနှင့် ဆိုရသော်- -၀ါးရင်းဒုတ်ဖြစ်သည်။ ထိုကဲ့သို့ပင် (ဒွ၊ရ၊ဗ) ရိုက်နှက်ခြင်းမျိုး သည် သက်မဲ့အရာ များကို ၀ါးရင်းဒုတ်ဖြင့်ရိုက်ခြင်း သို့မဟုတ် သက်ရှိကို အပြင်းအထန် ရိုက် သတ်ခြင်းတွင် သုံးကြောင်း အထက်မှ ကုရ်အာန်အာယသ်များက ဖေါ်ပြနေသည်။
အလားတူ ကုရ်အာန်၃၈း၄၄တွင် တမန်တော်အယွဘ်က မိမိ၏ဇနီးကို အပြစ်ရှိသည်ဟု ယူဆ ပြီးကြိမ်ဒဏ်(၁၀၀) ရိုက်၍ အပြစ်ပေးရန် ကျိန်ဆိုခဲ့သည်။ အမှန်တစ်ကယ် ဇနီးတွင်အပြစ်မရှိ သည့်အတွက် အလ္လာဟ်အရှင်က တမန်တော်အယွဘ်၏ ကျိန်ဆိုမှုကို အာဘတ်ဖြေရန် မြက်တစ်ဆုပ်ကို ယူ၍ ဇနီးအပေါ် ထိုမြက်တစ်ဆုပ်ဖြင့် တစ်ချက်(စတိ) ရိုက်စေရာတွင် (ဒွ၊ရ၊ဗ) ကိုသုံးသည်ဟု– ဘာသာပြန်သူများက ရှေးသမိုင်းကျမ်းများကို အခြေခံ၍ ထိုအာယသ်ကို ထိုကဲ့သို့ဖွင့်ဆိုခြင်းဖြစ်သည်။ (မှတ်ချက်) ထိုအာယသ်တွင် မျက်တစ်ဆုပ်ဖြင့် ဇနီးကို ရိုက်ဟူ၍ တိုက်ရိုက်ပြဌာန်းမှု မပါပေ။
ကုရ်အာန်၃၈း၄၄ ကို တိုက်ရိုက်ဘာသာပြန်ပါက–(အသင်၏လက်ဖြင့် မြက်တစ်ဆုပ်ကို ယူ၍ ထိုမြက်ဖြင့်ရိုက်ပါ၊ အသင်၏ကျိန်ဆိုမှု ကိုမချိုးဖေါက် လေနှင့်။) ဟူ၍သာဖြစ်သည်။ အကယ်၍ ထိုအာယသ်ကို ဘာသာပြန်ဆိုသူများ၏ အာဘော်အတိုင်း လက်ခံမည်ဆိုသော် လည်း ထိုစာပိုဒ်ပါ (ဒွ၊ရ၊ဗ) သည် ဇနီးကိုရိုက်၍ ဆုံးမခိုင်းခြင်းမဟုတ်ပေ။ တမန်တော် အယွဘ်၏ ကျိန်ဆိုမှု ကိုအာဘတ်ဖြေခိုင်းခြင်းသာ ဖြစ်သည်။
(ထိုအချက် တစ်ချက်ချက်တည်းနှင့်ပင် ၄း၃၄ပါ (ဒွ၊ရ၊ဗ)သည် ဇနီးများကို အမှန်တစ်ကယ် ရိုက် ၍ဆုံးမခိုင်းခြင်း မဟုတ်ကြောင်း ထင်ရှားနေပေသည်။
ဖေါ်ပြပါ ကုရ်အာန်တွင် ပါဝင်သော(ဒွ၊ရ၊ဗ) ၅၈ကြိမ်အနက် ရိုက်နှက်ခြင်းဆိုင်ရာ အသုံ အနှုံ့မှာ နှစ်မျိုးသာရှိသည်။ တစ်မျိုးမှာ အပြင်းအထန် အသေ ရိုက်ခြင်း။ အခြားတစ်မျိုး မှာ အမှန်တစ် ကယ် ရိုက်ခြင်းမဟုတ်ဘဲ (စတိ)ရိုက်ခြင်းတို့တွင်သာ အသုံးပြုထား သည်။
ရိုက်ဆုံးမရာတွင်သုံးသောစကားလုံး။
ကျမ်းမြတ်ကုရ်အာန်တွင် မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ ရိုက်နှက်ဆုံးမရန် လိုအပ်လာ ပါက မည်ကဲ့သို့ရိုက်နှက် ဆုံးမရမည်ကို အသေးစိပ်ပြဌာန်းထား ပြီးဖြစ်သည်။ ရိုက်နှက် ဆုံးမရန် အ တွက် အမျိုးသမီးများကိုသာ သီးသန့်ရိုက်ဆုံးမရမည်ဟု အထူးပြဌာန်း ထားချက် မရှိပေ။
ကျမ်းမြတ်ကုရ်အာန်တွင် လူ့အသိုင်းအ၀ိုင်း အတွင်း အလွန်စက်ဆုတ်ဖွယ်ရာ ဖြစ်သော ကာမေသုမိစ္ဆာစရကံ ကျူးလွန်သည့်ယောက်ျားနှင့် မိန်းမတို့ အားမည်သို့ အပြစ်ပေးရမည် ကို ကဏ္ဍ ၂၄း၂ တွင်ပြဌာန်းထားပြီးဖြစ်သည်။
ထိုပြစ်ဒဏ်မှာ အမှုကျူးလွန်သော မိန်းမနှင့်ယေက်ျားတို့ကို သက်သေလေးယောက်နှင့် လက် ပူးလက်ကြပ် မြင်တွေ့ပါက (ကြိမ်ဒဏ်တစ်ရာ)စီ မညှာတမ်းရိုက်ရန် အမိန့်ပေး ထားသည်။ထိုအ မိန့်ပါ လူလူချင်းရိုက်ရန် အပြစ်ပေးရန် အမိန့်ကို- – (ဂျ၊လိ၊ဒ)ဟူသော ဝေါ ဟာရကိုသုံးထား သည်။ ထိုနည်းတူစွာ ကုရ်အာန်၂၄း၎တွင်လည်း-
အပြစ်မဲ့သော အမျိုးသမီးတစ်ဦးအား ကာမေသုမိစ္ဆာစရကံ ကျူးလွန်သည်ဟု သက်သေလေးယောက်ဖြင့် လက်တွေ့မပြနှိုင်ဘဲ စွပ်စွဲသော ယောက် ကျားတို့အား ကြိမ်ဒဏ်(ရှစ်ဆယ်) မညှာတမ်း ရိုက်ရန်တွင်လည်း (ဂျ၊လိ၊ဒ)ဟူသော ဝေါဟာရကိုသာ သုံးထားသည်။
ထို၂၄း၂နှင့် ၂၄း၎တို့တွင် ရိုက်ဆုံးမရန် အမိန့် (ဂျ၊လိ၊ဒ)သည်- အင်္ဂလိပ်အခေါ်- whip, flog, lash, ကြိမ်လုံး၊ကြာပွတ် စသည်တို့နှင့် ရိုက်ခြင်းတို့တွင် သုံးစွဲသောကြိယာ ဖြစ်သည်။ ထိုကဲ့သို့ အပြစ်ရှိသူများကို အပြစ်ပေးရာတွင်လည်း အတိုင်းအတာ အရေအတွက် အတိအကျသတ် မှတ် ပြဌာန်းထားပြီး ဖြစ်သည်။
ပြစ်မှုနှစ်ခုကို ယှဉ်တွဲလေ့လာခြင်း
ကုရ်အာန်၎း၃၄ပါ ဇနီးမိန်းမများသည် လင်ယောက်ျားအတွက် စိုးရိမ်ရသော အခြေအနေ တွင်သာ ရှိနေသေးသည်။ အမှန်တစ်ကယ် ဖေါက်ပြန်သော အခြေအနေသို့ပင် မရောက်သေးပေ။ ထိုအမျိုးသမီးတို့အား ဆုံးမရန်နည်းစနစ်ကိုလည်း အဆင့်ဆင့်ညွှန် ကြား ထားပြီးဖြစ် သည်။ ထိုအမျိုးသမီးတို့အား ပြစ်ဒဏ် ပေးရာ၌ ၀ါးရင်းဒုတ်နှင့် အသေ ရိုက်ရမည့် ပြစ် ဒဏ်မျိုးသည် ၄င်း တို့ အဖို့ အတိုင်းထက်အလွန် နစ်နာနေပေသည်။
အလ္လာဟ်အရှင်သည် ကုရ်အာန်တွင် ကြိမ်ဒဏ်ဆိုင်ရာ အပြစ်ကိုပြဌာန်းရာတွင် လည်း ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ လူသားများဖြစ်ပါလျှက် လူ့ကျင့်ဝတ် ဖေါက်ဖျက် ၍တိရစ္ဆာန်များနည်းတူ လိင်ဖေါက်ပြန်သူတို့အား အမြင့်ဆုံးပေးထားသော ပြစ်ဒဏ်ဖြစ် သည်။ ကျမ်းမြတ်ကုရ်အာန်ပါ ဥပဒေ များကို လေ့လာဆည်းပူးရာတွင်“အဟ် ကမွလ် ဟာကေမီးန်း” အလ္လာဟ် အရှင်သည် အမျှတဆုံးသော တရားဆုံးဖြတ်သည့် တရားသူ ကြီးဖြစ် သည်။ ထိုနည်း တူစွာ “အရ်ဟာမွလ်ရာဟေမီးန်” ဂရုဏာထားသူများ အနက် ဂရု ဏာအရာတွင် သူမတူ အောင် ထားနိုင်ဆုံးသူဖြစ် သည် ဆိုသောအချက်ကို ထည့်သွင်း စည်းစားရမည်ဖြစ်သည်။ ထိုအရှင်၏ ဥပဒေများသည် လူသားများ၏ လူရေးဥပဒေများ ကဲ့သို့ အမျိုးသားများအတွက် ဥပဒေတစ်မျိုး အမျိုးသမီးအတွက် ဥပဒေတစ်မျိုးဟူ၍ ခွဲခြားပြဌာန်းထား ခြင်းမျိုးမရှိပေ။
ရိုးရာလွှမ်းမိုးသော ဖွင့်ဆိုမှုများကြောင့်
ကုရ်အာန်၎း၃၄ပါ (အရ်ရေဂျားလု ကောက်ဝါမူးနာ အလာန်နေဆား) ဟူသောစာပိုဒ်ကို ကုရ်အာန်နည်းကျ မဖွင့်ဆိုနှိုင်သောကြောင့် ဇနီးများကိုရိုက် ဆုံးမရမည်ဟူ၍ ဖွင့်ဆို ကြခြင်းဖြစ်သည်။ ထိုစာပိုဒ် (အရ်ရေဂျားလု ကောက်ဝါမူးနာ အလာန်နေဆား)ကိုများ စွာသောဘာသာ ပြန်များတွင် (ယောက်ျားများသည် မိန်းမများအပေါ် ဦးစီးနာယက များ ဖြစ်သည်) ဟူသော အဓိပ္ပါယ် ကိုဆောင်သည့် ဖွင့်ဆိုမှုများကြောင့်ပင်။
ထို (ကောက်ဝါမူးနာ) သူသော ဝေါဟာရသည် (က၊၀၊မ) ဖြောင့်မတ်ခြင်း၊ ဖြောင့်တန်းခြင်း၊ ဟုသည့် အဓိပ္ပါယ်ဖြစ်သည်။ ထိုအဓိပ္ပါယ်ကို ကုရ်အာန် ၁၇း၉တွင်-

(ဧကန်ဤကျမ်းမြတ် ကုရ်အာန်သည် အဖြာင့်မတ်ဆုံးသော တရားလမ်းကို ညွှန်ကြားပြသသည်။) ဟု(က၊၀၊မ)၏ အဓိပ္ပါယ်ကို ဖွင့်ဆိုထားသည်။

ကုရ်အာန်၎း၃၄ပါ (ကောက်ဝါမူး)သည် အရဗီစာပေသဒ္ဒါအရ ကြိယာဆင့်ပွား(၂)ဖြစ် သည့်အတွက် (ယောက်ျားများသည်မိန်းမများအပေါ်တရားမျှတစေသူများဖြစ်သည်)ဟု ဆိုထားခြင်း ဖြစ် သည်။
ကုရ်အာန်ကပြောသော (အရ်ရေဂျားလု ကောက်ဝါမူးနာ အလာန်နေဆား) ဟူ သည် ယောက်ျားများသည် ဇနီးမယားများအပေါ် ကုရ်အာန်ပြစနစ်ဇယားအတိုင်းတရား မျှတစွာ ဆောင်ရွက်သူ များဖြစ်သည်။
ကျမ်းမြတ်ကုရ်အာန်သည် ကမ္ဘာ့လူသား တစ်ရပ်လုံးအတွက် ကမ္ဘာကြီး၏ နောက်ဆုံးနေ့ တိုင် တရားမျှတဆုံးသော ဥပဒေအဖြစ် တည်ရှိနေမည့် တစ်ခု တည်းသော အရှင့်ဗျာ ဒိတ် ကျမ်းဖြစ် သည်။ ထိုကျမ်းကို ၏-သည်-မလွဲ- တည်ရှိနေရန် အရှင်ကိုယ်တိုင် ထိန်း သိမ်းမည်ဟု ဂတိပေး ထားပြီးဖြစ်သည်။ ကုရ်အာန်၁၅း၉
ထိုကျမ်းတွင် တည်ရှိနေသော ဥပဒေများသည် အချိန်ကာလ နေရာဒေသမရွေး လူတိုင်း အတွက် တရားမျှတမှု မရှိဟူ၍ မည်သူတစ်ဦး တစ်ယောက် ကမျှ စောရကတက်၍ မရနှိုင် ခဲ့သေး သောကျမ်းဖြစ်သည်။
ကုရ်အာန်တွင် ကဏ္ဍပေါင်း(၁၁၄) ကဏ္ဍအနက် (အမျိုးသမီးကဏ္ဍ) ဟူ၍ သီးသန့်ပါဝင် သည်။ ထိုကဏ္ဍတွင် ခေတ်အဆက်ဆက် တွင်တည်ရှိခဲ့သော မိန်းမနှိမ်ဝါဒ မျိုးစုံကို ပယ် ဖျက်၍ မိန်းမ များ၏ဘ၀ကို ယောက်ျားများနှင့်တန်းတူ အခွင့်အရေးပေးခဲ့သည်။
ထိုကဏ္ဍကို စတင်သည်နှင့် ယောက်ျားနှင့်မိန်းမတို့ကို အရာတစ်ခုတည်းမှ ဖန်ဆင်းခဲ့ သည် ဟူသောစာပိုဒ်နှင့် စတင်ထားသည်။ ထိုကဏ္ဍတစ်ခုလုံးနှင့် ကုရ်အာန်ပါအခြား ကဏ္ဍများတွင် လည်း အမျိုးသမီးများနှင့် စပ်လျှင်းသော အခွင့်အရေးများကို- အသေး စိပ်ပြဌာန်းထား ပြီးဖြစ်သည်။ ထိုဥပဒေများ တွင် ထိမ်းမြားခြင်းမှ ကွာရှင်းခြင်းဆိုင်ရာ အသေးစိပ်ပါဝင်သည်။

သို့ပါလျှက်ကုရ်အာန်ကို ဖွင့်ဆိုရာ၌ ရိုးရာလောင်းရိပ်အောက်မှ ရုန်းထွက်၍ ကုရ်အာန်ကို ကုရ်အာန် ဖြင့် ဖွင့်ဆိုနှိုင်ခြင်း မရှိသောကြောင့် – -
ကမ္ဘာ့လူသားများ အမြင်တွင် အစ္စလာမ်သာသနာသည် မိန်မနှိမ်သော ၀ါဒလမ်းစဉ်ကို ကျင့်သုံးသည်ဟူသော အရိပ်မည်းကြီးသည် လွှမ်းမိုးလျှက် ရှိနေခြင်းဖြစ်သည်။ ကုရ်အာန် တွင် အမျိုး သမီးများကို မည်မျှအတိုင်း အတာအထိ ဦိးစားပေးသည် ကို သိလိုပါက ကုရ်အာန်၎း၂၅တွင် –
အိမ်ထောင်ပြုရာ၌ ကျေးကျွန်မများ(၀ါ) သုံ့ပန်းများကိုလည်း အိမ်ထောင်ပြုခွင့် ပေးထား သည်။ အကယ်၍ ထိုကျေးကျွန်မများက အိမ်ထောင်ရေး ဖေါက်ပြန်မှု ပြုလာပါက ထို သူမတို့အား လွတ်လပ်သောသူများကို ပေးသောပြစ်ဒဏ်ထက် တစ်ဝက်ပေးရန်ပြ ဌာန်းထား သည်။

ဆိုလိုသည်မှာ လွတ်လပ်သူများအတွက် ကြိမ်ဒဏ်(၁၀၀) ဖြစ်သောကြောင့် ထိုသူမများ အတွက်ကြိမ်ဒဏ်(၅၀)သာဖြစ်သည်။ ထိုသို့ အမျိုးသမီးများ အချင်းချင်းအတွင်းမှအချုပ် အနှောင်တွင် ရှိနေသော အမျိုးသမီးများကို လွတ်လပ်သော အမျိုးသမီးများထက် ပိုမိုအခွင့် အရေး များ ပေးထား ပေသည်။
အိမ်ထောင်ရေးဆိုင်ရာ ရာဇ၀တ်မှု
ထိုကျမ်းပါဥပဒေများအနက် များစွာသောဥပဒေများကိုပင် ကမ္ဘာ့နိုင်ငံများတွင် ကူးယူသုံးစွဲ လျှက်ရှိနေပေသည်။ အကယ်၍ ကုရ်အာန်၎း၃၄ပါ စာပိုဒ် ကို မိန်းမတို့အား ရိုက်ဆုံးမ ရ မည်ဟု ဖွင့် ဆိုပါက ကမ္ဘာ့နိုင်ငံကြီးများတွင် အခြေချနေထိုင်သော မွတ်စလင်မ်တို့မှာ ထိုဥ ပဒေကို ၄င်းတို့ ၏သက်တန်းတွင် ဘယ်သောအခါမျှ လက်တွေ့ဆောင်ရွက်၍ အကောင် အထည်ဖေါ်နှိုင်မည်မ ဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ထိုနိုင်ငံကြီးများတွင် ဇနီးကိုရိုက်ဆုံးမခြင်းသည် Domestic Violence အိမ်ထောင်ရေးဆိုင်ရာ ရာဇ၀တ်မှု ကျူးလွန်ခြင်း ဖြစ်သည်။ ထိုသူများအ တွက် ထောင် ဒဏ်ကျ ခံရသည်အထိ အပြစ်ရှိသောကြောင့်ပင်။
ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်)

About

Coming Soon.


No Comments Yet


There are no comments yet. You could be the first!

Write comment

Please read this note before your write comment.

 

Quranic Study Group
Los Angeles, California, USA
© 2005 - 2013 QuranInBurmese.com All Rights Reserved
Cron
Click here to download Zawgyi Font
Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976
Quran 38:29
Quran 26:24
Quran 3:138
Quran 6:153