အမျိုးသားအမျိုးသ္မီးများ၏ ပညာရေးကိုဦးစားပေးသော သာသနာတော်
အိုနဗီတမန်တော် အသင်ပြောကြားပါလေ အချင်းတို့ အသိအလိမ္မာ ညာဏ်ပညာရှိသော သူတို့နှင့်အသိအလိမ္မာ ညာဏ်ပညာ ကင်းမဲ့သောသူတို့သည် တူကြပါသလော။ စင်စစ်မှာကား ညာဏ်ရှင်များသာလျှင် တရားရယူကြ ပေသတည်း။ (ကုရ်အာန် ၃၉:၉) အလ္လာဟ်အရှင်မြတ်အား ထိုအရှင်မြတ်၏ ကျွန်တို့အနက် ‘အာလင်မ်’ပညာရှင် များသာလျှင် ကြောက်ရွံ့ကြကုန်၏။ ဧကန်မလွဲအလ္လာဟ် အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာ ပေးသနားတော် မူသောအရှင် ဖြစ်တော်မူပေသတည်း။ (၃၅:၂၈) အဗူမူစာအယ်လ်ရှာရီမှ တစ်ဆင့်တမန် တော်မြတ်က မိန့်ဆိုခဲ့သည်မှာ အကြင်သူသည် ကျွန်မိန်းမအား ကောင်းသောအကျင့်နှင့် ပညာရပ်များသင်ကြားပေး၍ ၎င်းအားထိမ်းမြား ပါက ထိုသူ ၏ကောင်းမှုအား အလ္လာဟ် အရှင်မြတ်မှ နှစ်ဆချီးမြင့်မည်။ ထို့နောက်၎င်း ကျွန်မသည် အလ္လာဟ်အ ရှင်မြတ်နှင့် ၎င်း၏သခင်အမိန့်ကို နာခံလျှင်၎င်း၏ ကောင်း မှုအားအလ္လာဟ် အ ရှင်မြတ်မှ နှစ်ဆချီးမြင့် မည်။ (Translation of Sahih Bukhari, Manumission of Slaves, Volume 3, Book 46, Number 723)” အကယ်၍မွတ်စလင်မ် အမျိုးသ္မီးများအား ပညာသင်ရန် အစ္စလာမ်သာသနာတွင် တားမြစ် ထားလျှင် အ ထက်မှတမန်တော်မြတ် မိန့်ဆိုခဲ့သည်မှာ အဘယ်သို့လျှင်ကိုက်ညီပါ့ မည်နည်း။ (Translation of Sunan Abu-Dawud, Knowledge (Kitab Al-Ilm), Book 25, Number 3634)” အထက်ပါ အချက်များကို ကြည့်ခြင်းအားဖြင့် မွတ်စလင်မ်အမျိုးသား အမျိုးသ္မီးများသည် ပညာကိုသင်ယူ ကြရမည် ဖြစ်ကြောင်း ထင်ရှားလှသည်။ |
|
အသိပညာ ကြွယ်ဝသောသူသည် အသိပညာနည်းပါး သူများထက် အလ္လာဟ်အရှင် မြတ် အားပို၍ ချစ်ကြောက်ရိုသေ၏။ ပညာတတ်သောသူသည် ပညာမတတ်သော သူထက်ပို၍ သာလွန် ၏။ ဤသို့ဆိုလျှင် တစ်ချို့တစ်ယူသန်သော မွတ်စလင်မ် ခေါင်းဆောင်များသည် အမျိုးသ္မီးများ ၏ ပညာသင်ယူမှုကို အဘယ် ကြောင့်တားမြစ်ရပါသနည်း။ အချို့သော မွတ်စလင်မ်နိုင်ငံများတွင် အမျိုးသ္မီးများ၏ ပညာရေးကို တားမြစ်ပိတ်ပင် ထား သည်များကို တွေ့ရှိရပေသည်။ ကမ္ဘာ့ ဥပဒေများတွင် လည်းကောင်း အစ္စလာမ့် ဥပဒေ များတွင် လည်းကောင်း အမျိုးသ္မီးများ အားပညာဆည်းပူး ခွင့်များကို တားဆီးပိတ်ပင် ထားသော ဥပဒေဟူ၍မရှိပေ။ တမန်တော်မြတ်၏ ကြင်ယာတော် ခဒီဂျာသခင်မသည် (Business woman) စီးပွါးရေး လုပ်ငန်းရှင် တစ်ဦးဖြစ်ပြီး အမျိုးသားများနှင့်တန်းတူ ကုန်ကူးသန်းရောင်း ဝယ်ခဲ့သော သာဓကများရှိနေခဲ့ပေသည်။ တဖန် တ မန်တော်မြတ်၏ ကြင်ယာတော် အာအေရှာသ ခင်မ သည်လည်း တမန်တော်မြတ်၏ ဩဝါဒတော်များနှင့် ဥပဒေများကို ပြန် လည်ဟော ကြားခဲ့သည့် သာဓကများလည်း ရှိနေပေသည်။အာအေရှာသခင်မသည် မဟာသာ ဝက ကြီးများဖြစ် ကြသော ဇိုဗေးရ်သခင်နှင့် သွာလဟာသခင် တို့နှင့်အတူ မွတ်စ်လင်မ်အမျိုး သားစစ်သည် များကိုဦးစီး၍ ကုလားအုပ်တိုက်ပွဲတွင် ပါဝင် တိုက်ခိုက်ခဲ့ကြောင်း သမိုင်း တွင်အထင်အရှားရှိနေပေဖြစ် သည်။ (အိုသက်ဝင်ယုံကြည်သူ အပေါင်းတို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာကြလေကုန်၊ ထိုနည်းတူစွာ အသင်တို့သည် ရစူလ်တမန် တော်၏အမိန့်တော် များကိုလည်းကောင်း၊ မိမိတို့အနက်မှ အာဏာပိုင်များ၏ အမိန့်ကိုလည်းကောင်း လိုက်နာကြလေကုန်။ တဖန်အကယ်၍ အသင်တို့သည် တစုံတရာကိစ္စ နှင့်စပ်လျဉ်း၍ အငြင်းပွါးခဲ့ကြသော်၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို လည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း သက်ဝင်ယုံကြည်ကြပါလျှင် ထိုကိစ္စကို အလ္လာဟ်အရှင်မြတ် အထံတော်သို့ လည်းကောင်း၊ ရစူလ်တမန်တော်၏ထံသို့ လည်းကောင်း ပြန်လည်ပို့သကြလေကုန်။ ဤသို့ပြု လုပ်ခြင်းသည်ကား အသင်တို့ အဘို့ ဤမျက်မှောက် လောကီဘဝ၌ အမွန်မြတ်ဆုံး ဖြစ်သည့်အပြင်၊ နောင်တမလွန်ဘဝ၌လည်း အကျိုးအာနိသင် အားဖြင့် အကောင်းဆုံးပင် ဖြစ်ချေသတည်း။ (၄:၅၉) အစ္စလာမ်သာသနာဝင် ခေါင်းဆောင်များသည် ၎င်းတို့၏ဆုံးဖြတ်ချက် ချမှတ်သည့် အပေါ် လေးနက်စွာတာဝန်ယူရမည်။ အကယ်၍ ၎င်းတို့၏ဆုံးဖြတ်ချက် မှားယွင်းသွားပါကအများ မွတ်စလင်မ်များ၏ မွေးရာပါ ရသင့်ရ ထိုက်သော အခွင့်အရေးများသည် ဆုံးရှုံးကြရ မည်ဖြစ် သည်။ |
| မမီးမီး အစ္စလာ့မ်ရောင်ခြည် |
http://islam-yaungche.blogspot.com















No Comments Yet
There are no comments yet. You could be the first!
Write comment