အစ္စလာမ်နှင့် ဂိုဏ်းဂဏ၀ါဒ လမ်းစဉ်များ(၄)

ဂိုဏ်းဂဏ၀ါဒများဖြစ်ပေါ်လာရန် အစပျိုးသောခေတ် (ဃ)

ဂိုဏ်းဂဏ၀ါဒများစီသို့ ဦးတည်သောခေတ်အစ

ဟစန်အလ်ဘာစရီ (အေဒီ၇၂၀)သည် တမန်တော်၏ မိသားစုနှင့်နီးစပ်ပြီး မွတ်စလင်မ် များအဖို့ စံထားထိုက် သူ ပညာရှင်တစ်ပါးဖြစ်သည်။ သူသည် အီရတ်နိုင်ငံဘာစရာမြို့ တွင် မွေးဖွား၍ ငယ်စဉ်ကပင် မဒီနာမြို့တွင်အ ခြေချ နေထိုင်ခဲ့သူဖြစ်သည်။ သူသည် အို မိုက်ယာ အုပ်ချုပ်ချိန်တွင် မွတ်စလင်မ်များကို တရာရေအေးတိုက် ကြွေးရန်အတွက် ၄င်း ၏မွေးရပ် အီရတ်နိုင်ငံရန် ဘာစရာမြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ဟစန်ဘာစရီသည် ၄င်း၏တပည့်များကို ကျမ်းမြတ်ကုရ်အာန်ပါ လမ်းညွှန်ချက်များ အပေါ် လေးလေးနက်နက်ဆင်ခြင်၍ မိမိတို့၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းများကို ကုရ်အာန်ပြ စနစ်ဇ ယားအတိုင်း ထင်ဟပ်လာ နှိုင်စေရန်အ တွက် ကျင့်စဉ်များကို လက်တွေ့ပို့ ချ ခဲ့သည်။ ၄င်း၏ကျင့်စဉ်မှာ လူသား၏ ပြန့်လွင့်နေသော စိတ်၏ စွမ်းအင် ကို နှလုံးသားသို့ ဗဟိုပြု၍ စုစည်းသောနည်းဖြစ်သည်။ သို့မှသာ လူသား၏ လောဘ၊ဒေါသ၊ မောဟ၊ မာန၊ အတ၊္တ တဏှာ ဟူသော စိတ်ပိုင်းဆိုင်ရာ စိတ်ရိုင်းများကို ဖွံ့ဖြိုးတိုးတက်စေသော ကျင့်စဉ် များဖြစ် သည်။

ထိုကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်အောင် ကျင့်ကြံနှိုင်ခြင်းဖြင့် ကျမ်းမြတ်ကုရ် အာန်၏ လမ်းညွှန်ချက်များအတိုင်း ကိုယ်စိတ်နှလုံး သုံးပါးစလုံးက တစ်သဝေမတိမ်း လိုက်နာကျင့် သုံး နှိုင်ရုံတွင်မကလိုက်နာကျင့်သုံးရသည်ကိုပင် စိတ်နှလုံးတွင် ပိတိသောမနဿ ခံစားနေရမည်ဖြစ်သည်။ မွတ်စလင်မ်တိုင်းသည် ထိုကျင့် စဉ်အတိုင်းကျင့် ကြံရမည်မှာ တာဝန်တစ်ရပ်ဖြစ် သည်ဟု သူကဖွင့်ဆိုခဲ့သည်။ ထိုကျင့်စဉ်ကို (ကာဒရီ)ကျင့်စဉ်ဖြစ် သည်ဟု ဖွင့်ဆိုခဲ့သည်။ (ကာဒရီ)ဟူသည် (ကဒရ်)ဟူသည့် ဖန်ဆင်းရှင်၏ တိုင်း တာချင့် ချိန်မှု ဖြစ် သည်။

ဖန်ဆင်းရှင်၏ တိုင်းတာချင့်ချိန်မှု ဟူသည် လူသား၏ ကံကြမ္မာကို ကြိုတင်ဆုံးဖြတ် သတ် မှတ်ခြင်းမျိုး မဟုတ်ဘဲ လူသားသည် မိမိစိတ်ကြိုက်ရွေးချယ် ပိုင်ခွင့်အပြည့်ရှိသည်။ လူ သား၏ ပြု မူဆောင်ရွက်ချက် အားလုံး သည် မိမိတို့၏ပြုမူ ဆောင်ရွက်ချက် များနှင့်အညီ ခံစားစံစားကြရမည် ဖြစ်သည်။ ထိုကဲ့သို့ စံစားခံစားကြ ရခြင်းအတွက် တာဝန်ရှိသူများ မှာလည်း လူသားပင်ဖြစ် သည် ဟူသောအတွေး အခေါ်များအားဖြင့် ဟစန် အလ်ဘာစရီ၏ ဂုဏ်သတင်းသည် အစ္စလာမ့်ပြည် ထောင်စုကြီးအတွင်း ကျော်ကြားလာခဲ့သည်။

ဝါစန်အေ့ဗနုအတာ (အေဒီ၇၄၈)သည် ဟစန်အလ်ဘာစရီ၏ တပည့်တစ်ဦးဖြစ်သည်။ သူသည်မိမိဆရာ၏ လမ်းစဉ်မှ ပြန်လည်စွန့်ခွာ၍ (အီသာဇာဟု) အဖွဲ့ကို တည်ထောင်ခဲ့ သည်။ ထိုအ ချိန်က အစ္စလာမ့် ပြည်ထောင် စုကြီးအတွင်း အင်အားကြီးမားသော ဘာ သာရေးအဖွဲ့ကြီးနှစ်ဖွဲ့ ရှိနေသည်။ တစ်ဖွဲ့မှာ (မုသာဇလိုက်)ခေါ် မိုးကျကျမ်း(၀ါ) ကျမ်းမြတ် ကုရ်အာန်တစ်မျိုးတည်းကို အခြေခံ၍ ကျိုးကြောင်းဆင်ခြင် သူများဖြစ်သည်။ အခြားတစ်ဖွဲ့ မှာ ဟစန်အလ်ဘာစရီ၏ (ကာဒရီ) အဖွဲ့ဖြစ်သည်။

ထိုခေတ်ထိုအချိန်က အစ္စလာမ့် ပြည်ထောင်စုကြီးအတွင်း တည်ရှိနေသော (မုသာဇ လိုက်)များသည် ကျမ်း မြတ်ကုရ်အာန်ကိုသာ အခြေခံ၍တွေးတော ချင့်ချိန်သူများဖြစ် သည်။ ကျမ်းမြတ် ကုရ်အာန်တွင် ပါဝင်ခြင်းမရှိ သောကိစ္စ ရပ်များအပေါ် တရားဆုံးဖြတ်ရာ တွင် မိမိတို့၏ အသိဥာဏ်ကို အခြေခံ၍ဆုံးဖြတ်သည်။ ၄င်းတို့၏ခံ ယူချက်မှာ မွတ်စလင်မ် များသည် ကုရ်အာန်တွင်ပါ ၀င်ခြင်း မရှိသော ကိစ္စရပ်များကို အခြေခံ၍ အငြင်းပွားခြင်း သာ လျှင် ကုရ်အာန်က တားဆီးပိတ် ထားခြင်း ဖြစ်သည်ဟု ခံယူသူများ ဖြစ်သည်။

ဟစန်အလ်ဘာစရီ၏ (ကာဒရီ) လမ်းစဉ်သည် ကုရ်အာန်ပါ လမ်းညွှန်ချက်များကို လွယ် ကူစွာ လိုက်နာကျင့် သုံးနှိုင်ရေး အတွက် ဖန်ဆင်းရှင်၏ ဂုဏ်တော်များကို မှတ်ရှုခြင်း၊ မိမိ ၏စိတ်ညဉ် ကို ဖွံ့ဖြိုးတိုးတက်ရန် အတွက်  နေ့အခါတွင် ဥပုဒ်သီလ တည်ဆောက်ခြင်း၊ ည အခါတွင် တရားထိုင်ခြင်း များကို ပြုလုပ်ရပေသည်။

ထိုအချိန်က အစ္စလာမ့် ပြည်ထောင်စုကြီး အတွင်းရှိ မွတ်စလင်မ်များအဖို့ (မုသာဇလိုက်) လမ်းစဉ်သည် လွယ်ကူလွန်းပြီး၊(ကာဒရီ) လမ်းစဉ်သည် မွတ်စလင်မ်များအတွက် ခက်ခဲ့ လွန်းသော လမ်းစဉ်ဖြစ်နေသည်။ ထို့အ တွက်ကြောင့်  ၀ါစန်အေ့ဗနုအတာက (အီသာဇာ ဟု) အလယ်အလတ် လမ်းစဉ်ဟူသော အဖွဲ့ကိုတည်ထောင် ခဲ့သည်။

ဟစန်အလ်ဘစရီ၏ တပည့် ၀ါစန်အေ့ဗနုအတာ အေဒီ(၇၄၈)သည် သူ၏ ဆရာ ဟစန် အလ်ဘစရီ၏ လမ်း စဉ်မှပြန်လည် စွန့်ခွာခဲ့သူ ဖြစ်သည်။ ထိုအချိန်က ဘာသာရေးဆိုင် ရာ အင်အား ကြီးနှစ်ဖွဲ့မှာ ကာဒရီဂိုဏ်းနှင့် မိုသာဇလိုက်(ခေါ်) မိုးကျဗျာဒိတ်ပါ အဆို အမိန့် တစ်ခုတည်းကို ယုံကြည်သူများအဖွဲ့ ဖြစ်သည်။ ထို အင်အား ကြီးမားသော အဖွဲ့ နှစ်ဖွဲ့မှ အလယ်အလတ်စား နည်းစနစ်များဖြင့် ဟစန်အလ်ဘစရီ၏ တပည့်ဝါစန်က ““အီသာ ဇာဟု”” ခေါ် ပြန်လည် စွန့်ခွာရေးအဖွဲ့ကို တည်ထောင်ခဲ့သည်။ မိုသာဇလိုက်များမှာ ကုရ် အာန်ပါဥပဒေများကိုသာ အခြေခံ၍ လက်ခံကျင့်သုံးသူများ ဖြစ်ကြသည်။ ကုရ်အာန်တွင် ပါဝင်မှုမရှိသော ကိစ္စများ အားလုံးသည် အဓိက မကျသော ကိစ္စရပ်များ ဖြစ်သည်။ ကုရ် အာန်တွင် မပါဝင်သော ကိစ္စရပ်များသည် အခြေ အနေနှင့် အချိန်အခါပေါ်တွင် မူတည်၍ မိမိတို့၏ အသိညာဏ်ဖြင့် ချင့်ချိန်၍ပြုရမည့် ကိစ္စရပ်များ ဖြစ်သည်ဟု ၎င်းတို့က ခံယူ ကြသည်။

ဖော်ပြပါ ကုရ်အာန်တွင် ပါဝင်မှုမရှိသော ကိစ္စရပ်များကို အခြေခံ၍ အငြင်းပွားခြင်းသည် မွတ်စလင်(မ်)များ၏ လမ်းစဉ် မဟုတ်၊ ရှေးကျမ်းဂန်ရ များ၏လမ်းစဉ်သာ ဖြစ်သည်ဟု ၎င်းတို့က ခံ ယူထားကြသည်။ ဖော်ပြပါ မိုသာဇလိုက်များ၏ ယုံကြည်မှုမှာ တမန်တော် မုဟမ္မဒ်သည်(ဆွ) ၎င်းထံသို့  ဗျာဒိတ်အဖြစ် တုနှိုင်းမဲ့ကိုးကွယ် ရာအရှင်ထံမှ ကုရ်အာန်ကို ချပေးခြင်း ခံခဲ့ရသည်။ တ မန်တော် မုဟမ္မဒ်(ဆွ)သည် ထိုကုရ်အာန် အတိုင်းသာလျှင် ဘ၀ တည်ဆောက်ခဲ့သူ ဖြစ်သည်။ ထိုကုရ်အာန်ကျမ်း တစ်ဆူတည်းကိုသာလျှင် မဟာသာဝ ကများထံ အမွေအဖြစ် ထားခဲ့သည်။ တမန်တော် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုက်ဟိဝ ဆလ္လာမ်)သည် ကုရ်အာန်ပါ ညွှန်ကြားချက်များမှ လွဲ၍ ထိုကုရ်အာန်၏ ညွှန်ကြား ချက်နှင့် မြူမှုန်မျှဆန့်ကျင်သော အပြောအဆိုအပြုအမူများ ကို လုံးဝဥဿုံ ပြုလုပ်ခဲ့ခြင်း အလျှင်းမရှိ ဟူသော အချက်ကို အခြေခံ ယုံကြည်သူ များ ဖြစ်ကြသည်။

အခြားတစ်ဖက်တွင် ရှိသော ဟစန်အလ်ဘစရီ၏ ကာဒရီဂိုဏ်းဝင်များမှာမူ ကုရ်အာန်ပါ ဥပဒေများကို လိုက်နာ ကျင့်သုံးရာ၌ လွယ်ကူမှုရှိစေရန်အတွက် ကမ္မဋ္ဌာန်းထိုင်ခြင်း၊ ထွက်သက်ဝင် သက်မှတ်ခြင်း၊ စိတ်နှ လုံးအတွင်းမှ မကောင်းသော စိတ်ညာဉ်ဆိုး များကို ပြုပြင်၍ ဖွံ့ဖြိုးတိုးတက် လာစေရန်ကျင့်ကြံ အားထုတ်၍ တုနှိုင်းမဲ့ ကိုးကွယ်ရာ အရှင်၏ ဂုဏ်တော်များ ကို နှလုံး သွင်းနိုင်ခြင်းဖြင့် သက္က၀ါ(ခေါ်)သမာဓိ ရရှိမည်ဟူသော အယူ အဆများဖြစ်သည်။ ထိုအချိန်က မိုသာဇလိုက်များ၏ လမ်းစဉ်များသည် အများမွတ်စ လင်(မ်)တို့ အတွက် အလွန်လွယ်ကူ လွန်းသော လမ်းစဉ်ဖြစ်နေသည်။

ဟစန်အလ်ဘစရီ၏ ကာဒရီလမ်းစဉ်သည် မွတ်စလင်(မ်)များအတွက် ခက်ခဲသော လမ်း စဉ် ဖြစ်နေသည်။ ဖော်ပြပါ လွယ်ကူလွန်းသော မိုသာဇလိုက်များ၏ လမ်းစဉ်နှင့် ခက်ခဲ လွန်းသော ၎င်း ၏ ဆရာ ဟစန်အလ်ဘစရီ၏ ကာဒရီ လမ်းစဉ်များမှ ဆုတ်ခွာ၍ မလွယ် လွန်း မခက်လွန်းသော အလယ်အလတ်လမ်းစဉ် (၀ါ) ““အီသာဇာဟု””လမ်းစဉ်ကို တည်ထောင် ခဲ့ခြင်း ဖြစ်သည်။

 

အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။

ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်)

No Comments Yet


There are no comments yet. You could be the first!

Write comment

Please read this note before your write comment.

 

Quranic Study Group
Los Angeles, California, USA
© 2005 - 2012 QuranInBurmese.com All Rights Reserved
Click here to download Zawgyi Font
Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976
Quran 38:29
Quran 26:24
Quran 3:138
Quran 6:153