အစ္စလာမ်နှင့် ဂိုဏ်းဂဏ၀ါဒ လမ်းစဉ်များ(၁)
ဂိုဏ်းဂဏ၀ါဒများဖြစ်ပေါ်လာရန် အစပျိုးသောခေတ် (က)
ခက်ခဲသောဥဒေများ ဖြစ်တည်လာခြင်း။
يَا أَيُّهَا الَّذِينَ آمَنُوا لَا تَسْأَلُوا عَنْ أَشْيَاءَ إِن تُبْدَ لَكُمْ تَسُؤْكُمْ وَإِن تَسْأَلُوا عَنْهَا حِينَ يُنَزَّلُ الْقُرْآنُ تُبْدَ لَكُمْ عَفَا اللَّهُ عَنْهَا ۗ وَاللَّهُ غَفُورٌ حَلِيمٌ
O you who have believed, do not ask about things which, if they are shown to you, will distress you. But if you ask about them while the Qur’an is being revealed, they will be shown to you. Allah has pardoned that which is past; and Allah is Forgiving and Forbearing.
အို-သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အကြင်(အကြောင်း)အရာများနှင့် စပ်လျဉ်း၍ လျှောက်ထားမေးမြန်းခြင်းကိုမပြုကြကုန်လင့်။ အကယ်၍သာ ထို(အကြောင်း)အရာများကို အသင်တို့ရှေ့ဝယ် ထုတ်ဖေါ် (ပြောဆို) ခဲ့သည်ရှိသော်အသင်တို့အဖို့ [မကောင်းဖြစ်ပေအံ့]။ (တနည်း) [မနှစ်သက်ဖွယ်ဖြစ်ပေအံ့]။ သို့ရာတွင် အကယ်၍သာ အသင်တို့သည်ထို(အကြောင်း)အရာများနှင့် စပ်လျဉ်း၍ ကုရ်အာန်ကျမ်းတော်မြတ်ကျရောက်နေစဉ် အခါကာလ၌ လျှောက်ထားမေးမြန်းကြပါမူ ထို (အကြောင်း)အရာများသည် အသင်တို့ရှေ့ဝယ် ထုတ်ဖေါ်ပြီးဖြစ်အံ့။ ယင်းသို့သော အရာများနှင့်စပ်လျဉ်း၍(အတိတ်တွင်မေးခဲ့ကြသည်များကိုမူကား) အလ္လာဟ်အရှင်မြတ်သည် ခွင့်လွှတ်တော်မူ၏။ အမှန်စင်စစ်သော်ကားအလ္လာဟ်အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသော အရှင်၊ အလွန်တရာ ခန္တီတရားနှင့် ပြည့်စုံတော်(မူ၍သည်းခံတော်)မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ကုရ်အာန်၅း၁၀၁။
ရှင်းလင်းထားပြီးဖြစ်သော အရာများနှင့်စပ်လျှင်း၍ မေး မြန်းခြင်းသည် အခက်အခဲကို ဖြစ်စေမည်သာ။
ဖေါ်ပြပါကျမ်းမြတ် ကုရ်အာန်၏ တိုတောင်းလှသော စာပိုက်လေးတစ်ခု၏ လေးနက်မှု သည် လူသားမျိုးနွယ် တစ်ခုလုံးနှင့် သက်ဆိုင်သော ပြဌာန်းချက်ဖြစ်သည်။ လူသား၏သဘာဝသည် မိမိပြုလုပ်လိုသော ကိစ္စရပ်တစ် ခုကို မည်မျှပင် ခက်ခဲနေစေကာ မူ ပြီးမြောက်အောင် ပြုလုပ်လေ့ရှိသည်။ သို့ရာတွင် မိမိမပြုလုပ်လိုသော ကိစ္စရပ်သည် မည်မျှပင် လွယ်ကူစေကာမူ ပြုလုပ်လိုသည့် ဆန္ဒမရှိသောကြောင့် အကြောင်းအမျိုးမျိုးပြ ၍ ထို ကိစ္စမှရှောင်ကျဉ် ကြသည်သာ ဖြစ်သည်။
ကျမ်းမြတ်ကုရ်အာန်တွင် လွယ်ကူသော ဥပဒေများကို လိုက်နာကျင့်သုံးလိုစိတ် မ ရှိသောကြောင့် အကြောင်း အမျိုးမျိုးပြ၍ ရှောင်ကွင်း လိုကြသော ရှေးကျမ်းရများ အကြောင်း ကို အများ ဆုံး ဖော်ပြထားသည်။ ထိုကဲ့သို့ ဖေါ်ပြရာတွင် နွားမတစ်ကောင် ကဏ္ဍဟူ၍ သီးခြားဖော်ပြ ထားပေသည်။ ထိုကဏ္ဍတွင် တမန်တော်မူဆာ၏နောက် လိုက်များသည် တမန်တော်မူဆာ ရက်ပေါင်း(၄၀) ကမ္မဌာန်းဝင်ချိန်တွင် နွားကိုး ကွယ်သော ဝါဒလမ်း စဉ်ကို လက်ခံ ယုံကြည်ခဲ့ကြသည်။ နောက်ပိုင်း တမန်တော်မူဆာ၏ ဆုံးမသြဝါဒကြောင့် ၎င်းတို့ ၏မှားယွင်းမှု ကို အလ္လာ့ဟ် ထံတွင် ဝန်ချတောင်းပန်ခဲ့ကြ၏။ ထိုအခါ အလ္လာဟ်အရှင်က ၎င်း တို့အား ခွင့်လွှတ်၍ အလ္လာ့ဟ် အတွက် နွားမတစ်ကောင်ကို ဇဗီဟာပြုလုပ်ရန် အမိန့်ပေး ခဲ့၏။ ၎င်းတို့သည် ထိုအမိန့်ကို ချက် ချင်းနာခံခဲ့ပါက မည်သည့် အခက်အ ခဲမျှမရှိဘဲ လွယ် ကူစွာ တာဝန်တစ်ရပ် ကြေပြွန်သွားမည်သာ။
သို့ရာတွင် ၎င်းတို့သည် တမန်တော် မူဆာမှတဆင့် မည်သည့်အရောင်အဆင်း မည်သည့် အရွယ်အစား၊ ထွန် ယက်ရာတွင် အသုံးပြုထားသော နွားမတစ်ကောင်လော၊ သို့တည်းမ ဟုတ် ရေ ငင်ရာတွင် အသုံးပြုထားသော နွားမတစ်ကောင်လော ဟူသည့်များ စွာသော စော ရက မေးခွန်းများကြောင့် ၎င်းတို့အဖို့ လွယ်ကူသော ဥပဒေ အဖြစ်မှ ခက်ခဲသော ဥပဒေ အဖြစ်သို့ ရောက်ရှိ ခဲ့ကြရသည်။ (ထိုအကြောင်းကိုကျမ်းမြတ် ကုရ်အာန် ၂း၆၇မှ ၇၁ထိ) အသေးစိပ် ဖေါ်ပြထားသည်။ ထိုအကြောင်းအရာ ပါ ၀င်သောနွားမ တစ်ကောင်ကဏ္ဍကို ကျမ်းမြတ် ကုရ်အာန်၏ မျက်နှာ စာတွင်ဖော်ပြ ထားခြင်း မှာ- အစ္စလာမ်သာသနာဝင် မွတ်စ လင်မ်များအဖို့် ထိုကဲ့သို့သော အဖြစ်မျိုးနှင့် မကြုံရစေ ရန် ဖြစ်သည်။
အေမာမ်ကြီးများ၏ ကွဲပြားသောဓမ္မထုံးဖွဲ့မှုများ
တမန်တော်ခေတ်နှင့် အနီးဆုံး အေမာမ်အဘူ ဟနီဖာ၏ တရားဆုံးဖြတ်မှု စနစ်သည် ကျမ်းမြတ်ကုရ်အာန်နှင့် မဟာသာဝကများ အဂ္ဂမဟာ သာဝကများ၏ စုံညီခုံရုံးဆုံးဖြတ် ချက်တို့ကို အခြေ ခံ၍ တရားဆုံးဖြတ်သည်။ ကျမ်းမြတ်ကုရ်အာန်နှင့် မဟာသာဝကများ အဂ္ဂမဟာ သာဝကများ၏ စုံညီခုံရုံး ဆုံးဖြတ်ချက်တို့တွင် ပါဝင်ခြင်း မရှိသော ကိစ္စရပ်များ ကို (အတ်က လီးဒလီလ်)ခေါ် မိမိ၏အသိဥာဏ်ကို အခြေခံသော နည်းဖြင့်တရားဆုံးဖြတ် သည်။
အေမမ်အဘူဟနီဖာသည်ကူဖာမြို့ဂျာမေ ဗလီဝတ်ကျောင်းကြီးတွင်တပည့်ပေါင်း ထောင့် ငါးရာကျော်နှင့် အတူ(ဖေကာဟ်) ဓမ္မထုံးဖွဲ့မှုများကို အခြေအတင် ဆွေးနွေး၍ တ ရားဆုံးဖြတ်သော စနစ်ကိုကျင့်သုံးသည်။ ဥ ပမာအားဖြင့် ၄င်း၏ခေတ်တွင် ဟဒီးစ်(ဆင့်ဆို သမိုင်း) များသည် တစ်စုတစ်ဝေးတည်း ကျမ်းစာအုပ်အဖြစ် ပေါက်ခဲ့ခြင်း မရှိသေးပေ။သို့ ရာတွင် နှုပ်တိုက်ကျက်မှတ် ထားသော ဟဒီးစ်(ဆင့်ဆိုသမိုင်း) များစွာသည် ရှိ နေပြီးဖြစ် သည်။ ထိုနှုပ်တိုက် ကျက်မှတ်ထားသော ဟဒီးစ်တစ်ပုဒ်တွင် တမန်တော်မြတ်သည် ဆွ လာသ်တည် ဆောက်ရာတွင် (ကအေ ဒဟ်) ထိုင်ရာမှ (ကေယမ်) ပြန်လည်ထရာတွင် လက်နှစ်ဖက်ကို မြေပြင်သို့ထောက် ၍ထသည် ဟူသောဆင့်ပြန်ချက် ပါဝင်သည်။ ထိုဟ ဒီးစ်အပေါ် အေမမ်အဘူဟနီဖာက မိမိ၏အသိဥာဏ် ကို အခြေခံ၍ ပြန်လည်သုံးသပ် ရာတွင်- (ကအေဒဟ်) ထိုင်ချိန်တွင် လက်နှစ်ဖက်သည် ဒူးနှစ်ဖက်ပေါ်တွင် ရှိနေ သည့်အတွက် တမန်တော်သည် ငယ်ရွယ်စဉ်က ဆွလာသ် တည်ဆောက်ရာ တွင် ဒူးနှစ်ဖက်ကို အားယူ၍ ပြန် လည်မတ်တတ်ရပ် မည်သာဖြစ်သည်။ အသက်အရွယ် ကြီးလာသောအခါတွင် ထိုင်ရာမှ (ကေယမ်)ပြန်လည် ရပ်ရာတွင် လက်နှစ်ဖက်ကို ကျမ်းပြင်သို့ အားပြု၍ ပြန်ထခြင်းသာ ဖြစ်မည်ဟု ယူဆသုံးသပ်ခဲ့သည်။ ထို့အ တွက်ကြောင့်၎င်း၏ ဓမ္မထုံးဖွဲ့မှုတွင် (ကေယမ်)ပြန်လည် ရပ်ရာတွင် လက်နှစ်ဖက်ကို ဒူးပေါ်တွင်အားပြု၍ ပြန် လည်ထ ရ မည်ဟု ဆုံးဖြတ်သည်။ ကျမ်းမြတ်ကုရ်အာန်ကို ဖွင့်ဆိုရာတွင်လည်း (အတ်ကလီးဒလီလ်)ခေါ် မိမိ၏အသိဥာဏ်ကို အခြေခံသော နည်းဖြင့် ဖွင့်ဆိုသည်။ (အဗ်ဒွလ်ရဟ်မာန်း အလ်ဂျဇီရီ(လ်)၏ (ကေသာ ဘွလ်ဖစ်(က်) အလာ-မဇ်ဟဗ် အလ်-အရဗအ) အရဗီမူရင်း။
၎င်း၏နောက်ပိုင်းခေတ် အေမာမ်မာလစ်က် အေမာမ်ရှာဖီနှင့် အဟ်မဒ်အေ့ဗနု ဟမ်ဗလ်တို့၏ ဓမ္မထုံးဖွဲ့မှု စနစ် သည် ကျမ်းမြတ်ကုရ်အာန်နှင့် ဟဒီးစ်(ဆင့်ဆိုသမိုင်း) ကျမ်းများကို အခြေခံ၍ တရားဆုံးဖြတ်သည်။ ကျမ်း မြတ်ကုရ်အာန်ကို ဖွင့်ဆိုရာတွင်လည်း ဟဒီးစ် (ဆင့်ဆိုသမိုင်း) ကျမ်းများကို အခြေခံ၍ ဖွင့်ဆိုကြသည်။ ဟာ ဒစ်(ဆင့်ဆိုသမိုင်း) များကိုအခြေခံ၍ အစ္စလာမ့် ဓမ္မ ထုံးဖွဲ့မှုများကို စတင်ခဲ့သော အေမမ်မာလစ်က်၊ အေမမ် ရှာဖီ၊ အေမမ်အဟ်မဒ် အေ့ဗနုဟမ်ဗလ်တို့သည် ၀ါဒတူဟာဒစ် (ဆင့်ဆိုသမိုင်း) ၀ါဒီများဖြစ်ကြသည်။ သို့ရာ တွင် ကွဲပြားဆန့် ကျင်သော ဟာဒစ်(ဆင့်ဆိုသမိုင်း) များစွာအနက်ဥပဒေပြုရန် ဟာဒစ်များကို ရွေးချယ်ရာ၌တစ်ဦးနှင့်တစ်ဦး အကြိုက်ခြင်းမ တူသော ဟာဒစ်(ဆင့်ဆိုသမိုင်း) များကြောင့် ကွဲပြားဆန့် ကျင် သော ဘာ သာရေးဆိုင်ရာ ဂိုဏ်းကွဲသုံးဂိုဏ်း ဖြစ်ထွန်းလာခဲ့သည်။
အေမမ်မာလစ်က်နှင့် အေမမ်အဟ်မဒ် အေ့ဗနုဟမ်ဗလ်တို့၏ “မဇဟဗ်” ဂိုဏ်းများတွင် မီးနှင့်ချက်ပြုတ်ပြီး သော အစားအစာ စားခြင်းဖြင့် ဝိုဇူပြန် လည်ပြုရန် မလိုအပ်ပေ။ သို့ရာ တွင် အေမမ် ရှာဖီ၏ ဂိုဏ်းဝင်များအဖို့ မီးနှင့်ချက်ပြုတ်၊ ကြော်လှော်ထားသော အစား အစာများကို စားအပြီး ဝိုဇူပြန်လည်ပြုရသည်။ ထိုကဲ့သို့ ဓမ္မထုံး ဖွဲ့မှုများ ကွဲပြားခြားနား ရသော အကြောင်းရင်းမှာ ဟ ဒီးစ်(ဆင့်ဆိုသမိုင်း) များတွင် တမန်တော်မြတ်သည် (၀ိုဇူ)ဖြင့် မီးနှင့် ချက်ပြုတ်၊ ကြော်လှော် ထားသောအစားကို စားသုံးပြီး (၀ိုဇူ)ပြန် လည် ပြုလုပ်သည် ဟူသော (ဟဒီးစ်)များ ပါဝင်သကဲ့သို့ (၀ိုဇူ)ဖြင့် မီးနှင့် ချက်ပြုတ်၊ ကြော်လှော် ထားသောအစား ကို စားသုံးပြီး (၀ိုဇူ)ပြန် လည် ပြုလုပ်ခြင်း မရှိဘဲ ဆွလာသ်တည်ဆောက်သည် ဟူသော အဆိုများ လည်းတည်ရှိနေသည်။ ထို ကွဲပြား သောအဆိုများကို ရွေးချယ်ရာ၌ အေ မမ်မာလစ်က်နှင့် အေမမ်အဟ်မဒ် အေ့ ဗနုဟမ်ဗလ်တို့က (၀ိုဇူ)ပြန်လည် မပြုသော အဆို ကိုရွေးချယ်သည်။ အေမမ်ရှာဖီက (၀ိုဇူ)ပြန် လည်ပြုရ သည့် အဆိုကို ရွေးချယ်ခြင်းကြောင့် ဖြစ် သည်။
ထိုကဲ့သို့ပင် အေမမ်မာလစ်က်၏ ဂိုဏ်းဝင်များက ဆွလာသ် တည်ဆောက်ရာ၌ လက်နှစ် ဖက်ကို အောက်ချ၍ တည်ဆောက်သည်။ ရှာဖီဂိုဏ်းဝင်များနှင့် ဟမ်ဗလီဂိုဏ်းဝင်များက လက်နှစ် ဖက်ကို ရင်ဘတ်ပေါ်တင်၍ဆွ လာသ် တည်ဆောက်ကြသည်။
ထိုကဲ့သို့ ၀ါဒတူဟာဒစ် (ဆင့်ဆိုသမိုင်း) ၀ါဒီများဖြစ်သော ဂိုဏ်းသုံးဂိုဏ်းတွင် ဆွလာသ် တည်ဆောက်ရာ၌ ပုံစံ နှစ်မျိုးဖြစ်ရသော အကြောင်းရင်းမှာလည်း ဟာဒစ်(ဆင့်ပြန်သမိုင်း) ကျမ်းများ ပါ အဆိုအရ တမန်တော် မြတ်ကမိန့်ဆိုခဲ့သည်မှာ (ငါကိုယ်တော်၏ ဆွလာသ် တည်ဆောက်သည့် ပုံစံကိုအသင်တို့ မြင်တွေ့ရသည့်အ တိုင်း အသင်တို့လည်း ထိုပုံစံ အတိုင်းသာ ဆွလာသ် တည်ဆောက်ကြ) ဟူသောဟဒီးစ်များ ပါဝင်သည်။ ဟာဒစ်(ဆင့်ဆို သမိုင်း) ကျမ်းများတွင် တမန်တော်မြတ်၏ ဆွလာသ်တည်ဆောက်မှု ပုံစံသည် ရင်ဘတ် အ ပေါ်သို့ လက်ပိုက်သည် ဟူ ၍လည်းကောင်း၊ လက်နှစ်ဖက်ကို အောက်သို့ ချ၍ ဆွလာသ် တည်ဆောက်သည် ဟူ၍လည်း ကောင်း ဆင့်ပြန်ချက်များ ပါဝင်သည်။
ထိုကွဲပြား ဆန့်ကျင်သော ဆင့်ပြန်ချက် နှစ်ချက်အနက် အေမမ်မာလစ်က်က ဓမ္မထုံး ဖွဲ့မှု ပြုရာတွင် လက်နှစ် ဖက်ကို အောက်ချသော အဆိုကို ရွေးချယ်ခဲ့ သည်။ အေ မမ်ရှာဖီနှင့်အေ မမ်အဟ် မဒ် အေ့ဗနုဟမ်ဗလ်တို့က ဓမ္မထုံးဖွဲ့မှု ပြုရာတွင် လက်နှစ်ဖက်ကို ရင် ဘတ်ပေါ်တွင် တင်သောအဆိုကို ရွေးချယ်ကြသည်။ ထိုသို့သော အကြောင်း များကြောင့် (အဟ်လေဟဒီး) ၀ါဒတူအချင်း ချင်း ဖြစ်သော်ငြားလည်း ကွဲပြားဆန့် ကျင် သောဟဒီးစ် များ အတွင်းမှ မိမိတို့စိတ် ထက်သန်ရာ ဟဒီးစ်များကို ရွေးချယ်ရင်းဖြင့် ဂိုဏ်ကွဲသုံးခု ဖြစ်ခဲ့ ရခြင်း ဖြစ်သည်။
အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။
ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်)















2 Comments
Kenneth says:
Very very good.How about travel Swalat also.
14 Mar 11 @ 9am
U Soe Lwin says:
ခရီးသွား(ဆွလားသ်)နှင့်စပ်လျှင်း၍ ကုရ်အာန်၎း၁၀၁တွင်- (အသင်တို့ခရီးသွားကြသောအခါ ဆွလာသ်ကိုလျှော့၍ တည်ဆောက်ခြင်း အားဖြင့် အပြစ်တစ်စုံတစ်ရာ မရှိဟူ၍) ပြဌာန်းထား သည်။
ထိုဗျာဒိတ်အပေါ် မေမာမ်အဘူဟနီဖာက ခရီးသွားဆွလာသ်နှင့် စပ်လျှင်းပြီး ကုရ်အာန်က လျှော့၍ တည်ဆောက်ရန် ပြဌာန်းထားသည့်အတွက် ခရီးတွင်(၄)ရကအသ် ဆွလာသ်ကို နှစ်ရကအသ်သာ တည်ဆောက်ရမည်။ ခရီးတွင်အပြည့် တည်ဆောက်ခြင်းသည် ဆွလာသ် မပိုင်ဟုတရားဆုံးဖြတ်သည်။
မေမာမ်မာလစ်က် မေမာမ်ရှာဖီနှင့် အေမာမ်အဟ်မဒ် အေ့ဗနုဟမ်ဗလ်တို့က ၄င်းတို့ရှာဖွေ တွေ့ရှိသော ဟဒီးစ်များအရ ခရီးသွား(ဆွလာသ်) နှင့်စပ်လျှင်း၍ ခရီးသွားသူများပေါ် မူတည်ပြီး (၄)ရကအသ်အစား (၂)ရကအသ်လည်း တည်ဆောက်ခွင့်ရှိသည်။ (၄)ရကအသ် အပြည့် လည်း တည်ဆောက်နှိုင်သည်ဟု ဆုံးဖြတ်ကြသည်။
ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်)
18 Mar 11 @ 9pm
Write comment