အစ္စလာမ်နှင့် ဂိုဏ်းဂဏ၀ါဒ လမ်းစဉ်များ(၇)

ဂိုဏ်းဂဏ၀ါဒများဖြစ်ပေါ်လာရန် အစပျိုးသောခေတ် (ဆ)

ဇွာဟီရီ(မဇ်ဟဗ်ဂိုဏ်း)

အေမာမ်ဒါဝတ်အေ့ဗနေအလီ(အေဒီ၈၁၅-၈၈၃)ကတည်ထောင်ခဲ့သည်။သူသည်အေ မာမ်ရှာဖီ၏တပည့်များ ထံတွင်ပညာ ဆည်းပူးရင်းမှ ဟဒီးစ်(ဆင့်ဆိုသမိုင်း) ပညာရပ် များကို လေ့ လာသော အေမာမ်အဟ်မဒ် အေ့ဗနု ဟမ်ဗလ်၏ အသိုင်းအ၀ိုင်း သို့ ရောက်ရှိသွားသည်။ ဟဒီးစ်(ဆင့်ဆိုသမိုင်း) ၀ါဒီများဖြစ်ကြသော အေမာမ်မာ လစ် အေ မာမ်ရှာဖီ အေမာမ်အဟ် မဒ် အေ့ ဗနုဟမ်ဗလ် တို့၏အယူဖြစ်သော ကျမ်းမြတ်ကုရ်အာန် သည် ဖန်ဆင်းခံမဟုတ် ဖန်ဆင်းရှင်၏ အစိတ်အပိုင်း ဖြစ်သည်ဟူသော ၀ါဒ လမ်းစဉ်ကို ဆန့်ကျင်ခဲ့သည့်အတွက် အေမာမ်အဟ် မဒ် အေ့ဗနုဟမ်ဗလ်၏ အသိုင်းအ ၀ိုင်းမှ နှင် ထုတ်ခြင်း ခံခဲ့ရသူ ဖြစ်သည်။

သူ၏အယူမှာ ကုရ်အာန်သည် (မုဟ်ဒသ်) (အသစ်ဖြစ်တည်လာသောအရာ) ဖြစ်သည့်အ တွက် ဖန်ဆင်းခံသာဖြစ် သည်ဟူသော အယူကြောင့် နှင်ထုတ်ခံရခြင်း ဖြစ်သည်။ ထိုအ ချိန်မှစတင်၍ ကျမ်းမြတ်ကုရ်အာန်၏ အဘိဓါန်ဖွင့် ဆိုချက်အတိုင်း (ဇွာဟိရ်) ထင်ရှားစွာ ရှိနေသော အဓိပ္ပါယ်များအပေါ် လွတ်လပ်စွာ ဆင်ခြင်တွေးခေါ်သော လမ်း ကြောင်းကို စတင်ရွေးချယ် ခဲ့သူပ ညာ ရှင် တစ်ဦးဖြစ်သည်။ ဤအယူကြေင့်ပင် သူ၏(မဇ်ဟဗ်) ဂိုဏ်းကို ဇွာဟီရီ (မဇ်ဟဗ်)ဂိုဏ်း ဟူ၍လည်းကောင်း သူ့အား (ဒါဝတ်အဇ်ဇွာဟီရီ) ဟူ ၍ လည်းကောင်း သမိုင်းတွင် ကျော်ကြားခဲ့ သည်။

ထိုအချိန် ထိုအခါကအစပြုခဲ့သောသူ၏အယူဝါဒလမ်းစဉ်သည်လုံးဝကွယ်ပျောက်သွားခြင်း မရှိဘဲ ခေတ်သစ် ပညာရပ်များကို တစ်စိုက်မတ်မတ် ဆည်းပူးလာကြသော မွတ်စ လင်မ် ခေတ် ပ ညာတတ် များအတွင်းတွင် သူ၏ အယူဝါဒသည် ကျယ်ပြန့်စွာ ထိုးဖေါက် ၀င်ရောက်လျှက် ရှိနေပေပြီ။ အဘယ်ကြောင့်ဆိုသော် ခေတ်အဆက် ဆက် ပေါ်ပေါက် လာခဲ့သော အေမာမ်ကြီးများ၊ သာသနာ့ပညာရှင်ကြီးများ အားလုံးလိုလို၏ အ ယူမှာ ကျမ်းမြတ်ကုရ်အာန်ကို လက်ရွေးစဉ်လူတစ်စုမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်ကမျှမဖွင့် ဆိုနှိုင်ဟူသော အချက်ဖြစ်သည်။ ထိုအ ချက် ကို အေမာမ်ဒါဝတ် ဇွာဟိရီက စတင် ပယ်ဖျက်ခဲ့ ခြင်းဖြစ်သည်။

ကုရ်အာန်ကို ဖွင့်ဆိုကြရာဝယ်

သူ၏ခေတ်မတိုင်ခင်ကရှိခဲ့ကြသော(မဇ်ဟဗ်)ဂိုဏ်းအသီးသီးကို၏လက်ခံကျင့်သုံးကြသော ပညာရှင်များသည်ကျမ်းမြတ်ကုရ်အာန်ကိုဖွင့်ဆိုကြရာတွင် မိမိတို့၏ဂိုဏ်းခေါင်းဆောင် များ၏ ချမှတ်ထားပေးသော လမ်းကြောင်း အတွင်းမှ ဖွင့်ဆိုသော စနစ်ကို ကျင့်သုံးကြ သည်။

ဥပမာအားဖြင့် ကျမ်းမြတ်ကုရ်အာန်တွင် သေဆုံးသူများနှင့် စပ်လျှင်း၍ ကေယာမသ် ကမ္ဘာ့တရားခွင်နေ့ ၌သာ ပြန်လည်ရှင်ထကြ ရမည်ဟူ၍ အခိုင်အမာပြဌာန်းထားပြီး ဖြစ် သည်။ ထိုပြဌာန်း ထားချက်များ အနက်မှ ကုရ်အာန် ၂း၂၈တွင်-

كَيْفَ تَكْفُرُونَ بِاللَّهِ وَكُنتُمْ أَمْوَاتًا فَأَحْيَاكُمْ ۖ ثُمَّ يُمِيتُكُمْ ثُمَّ يُحْيِيكُمْ ثُمَّ إِلَيْهِ تُرْجَعُونَ

How can you disbelieve in Allah when you were lifeless and He brought you to life; then He will cause you to die, then He will bring you [back] to life, and then to Him you will be returned.

(အသင်တို့သည် အဘယ်နည်းဖြင့် အလ္လာဟ်အရှင်ကို ငြင်းဆိုနှိုင်ကြအံ့နည်း၊ အမှန်သော်ကား အသင်တို့သည် (ရှေးဦးမဆွ ပဌမက) (အ၀ိညာဏက) သက်မဲ့အရာများသာ ဖြစ်ကြရာ ထိုအ ရှင်သည် အသင်တို့အား (သ၀ိညာ ဏက) သက်ရှိဘ၀သို့ ပို့ဆောင်တော်မူ၏။ ထိုနောက်တဖန် ထိုအရှင်သည် အသင်တို့အား သေစေတော်မူဦးမည် ဖြစ်၏။ သို့သေစေတော် မူပြီးနောက် ထိုအရှင်သည် အသင်တို့အား တစ်ဖန်ရှင်ပြန် ထစေဦးမည်။ ထို့နောက် အ သင်တို့သည် (မိမိတို့ ပြုကျင့်ခဲ့ကြသော ကောင်းမှုမကောင်မှု များနှင့်လျှော်ညီစွာ ထိုက်တန်စွာ အကျိုးများကို ခံ စားရန်အလှို့ငှာ) ထိုအရှင့် ထံတော်သို့ပင်လျှင် ပြန်လည်ရောက်ကြ ရမည်တည်း။) ဟူ၍လည်းကောင်း ကျမ်း မြတ်ကုရ်အာန် ၄၀း၁၁တွင်-ဆက်လက်၍-

قَالُوا رَبَّنَا أَمَتَّنَا اثْنَتَيْنِ وَأَحْيَيْتَنَا اثْنَتَيْنِ فَاعْتَرَفْنَا بِذُنُوبِنَا فَهَلْ إِلَىٰ خُرُوجٍ مِّن سَبِيلٍ

They will say, “Our Lord, You made us lifeless twice and gave us life twice, and we have confessed our sins. So is there to an exit any way?”

( ၄င်းတို့က ပြောဆိုကြ၏ ကျွန်တော်မျိုးတို့အား မွေးမြူဖန်ဆင်းသော အရှင်သည် ကျွန်တော်မျိုးတို့အား သေခြင်း နှစ်ရပ်နှင့် ရှင်ခြင်းနှစ်ရပ်ကို ခြီးမြှင့်ခဲ့ပြီး ဖြစ်၏၊ ကျွန်ပ်တို့၏ ကျူးလွန်ခဲ့သော အပြစ်များကို ၀န်ခံပါ၏။ (ကျွန်ပ်တို့ အဖို့) ပြစ်ဒဏ်များမှ လွတ်မြောက်ရန် နည်းလမ်းတစ်စုံများ ရှိပါ၏လော။) ဟူ၍လည်းကောင်း၊ ကျမ်း မြတ်ကုရ် အာန် ၂၁း၉၅တွင်-လည်း

وَحَرَامٌ عَلَىٰ قَرْيَةٍ أَهْلَكْنَاهَا أَنَّهُمْ لَا يَرْجِعُونَ

And there is prohibition upon [the people of] a city which We have destroyed that they will [ever] return

(ငါအရှင် ဖျက်ဆီးခဲ့သော မြို့ရွာသားတို့သည် (ဤလောကသို့) ပြန်လာခြင်းသည် (ဟရမ်)ဟူ၍ တားမြစ်ထားပြီး ဖြစ်သည်။) ဟူသော ဗျာဒိတ်များအရ လူသားအဖြစ် ဤလောကသို့ မရောက်ရှိ ခင် အလျှင်က သက်မဲ့ဘ၀တွင်ရှိ နေခဲ့သည်။ သက်ရှိဘ၀ကို ရရှိပြီးနောက် သက်တမ်း ပြည့်သောအခါ သေဆုံးကြရမည်သာ ဖြစ်သည်။ ထိုနည်းတူ စွာ (ကေယာမသ်) ပြန်လည် ရှင်သန် သောနေ့တွင် သေဆုံးသူအားလုံး ပြန်လည်ရှင်သန် ကြရသည်။ ထို့အတွက် ကြောင့်ဖေါ်ပါ ဗျာဒိတ်က သေခြင်းနှစ်ရပ်နှင့် ရှင်ခြင်းနှစ်ရပ် ဟူ၍မိန့်ထားခြင်း ဖြစ်သည်။

သာမန်မွတ်စလင်မ် တစ်ဦးသော်လည်းကောင်း၊ မွတ်စလင်မ်မဟုတ်သူ တစ်ဦးသော် လည်းကောင်း ထိုဗျာဒိတ်ကို မိမိတတ်သိသော ဘာသာစာပေနှင့် တစ်ခါဖတ်ကြည့် ရုံဖြင့် ဤလောက မှ သေဆုံးသွားသူ လူသားသည် ကေယာမသ်နေ့၌သာ ပြန်လည်ရှင်နှိုင်တော့ မည်ဟု လွယ်ကူစွာ တစ်ထိုင်တည်း နားလည်သဘော ပေါက်သွား မည်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုဗျာဒိတ်သည် လူတိုင်းနားလည် စေနှိုင်သော (ဇွာဟီရီ) ပေါ် လွင်ထင်ရှား စွာ ဖေါ်ပြထားသော ဗျာဒိတ်များဖြစ်သည်။

သို့ရာတွင် ခေတ်အဆက်ဆက် လွမ်းမိုးလာခဲ့သော ဂိုဏ်ဂနအသီးသီးတို့၏ လောင်း ရိပ်အောက်မှ ရှင်သန်ခဲ့ကြရ သော မွတ်စလင်မ်တို့အဖို့ အခြားဥပဒေများသည်လည်း ကုရ် အာန်၏ ဥပဒေ များနှင့် အတူယှဉ်တွဲ တည်ရှိနေခဲ့ သည်။ ဥပမာအားဖြင့်တစ်ခုမှာ သေဆုံး သွားသူသည် သင်းချိုင်းအတွင်း၌ အစစ်ဆေးခံရန် အတွက်ပြန်လည် ရှင်သန်ရ ဦးမည် ဖြစ်သည့်အတွက် မွတ်စ လင်မ်များအဖို့ သေဆုံသူ၏ သင်းချိုင်းတွင်လူတစ်ထိုင် စာ လွတ်အောင် စီစဉ်ကြရပေသည်။ ထိုအယူအဆမှာ အထက်မှကုရ်အာန်၏ ဗျာဒိတ် များနှင့်ယှဉ်တွဲကြည့် မည်ဆိုပါက ထိုဥပဒေ နှစ်ခု သည် တစ်ခုနှင့်တစ်ခု တိုက်ရိုက်ဆန့် ကျင်လျှက်ရှိနေပေသည်။ထိုသို့သော အကြောင်းများကြောင့် အထက် မှ ဖေါ်ပြခဲ့သော (သေသူများသည် ကေယာမသ် နေ့မှသာ ပြန်လည်ရှင်သန် ရမည် ဆိုသော) အထက်ပါ ဥပဒေ သည် (ဇွာဟီရီ)ခေါ် ပေါ်လွင်ထင်ရှားစွာ တည်ရှိနေသော အဓိပ္ပါယ်ဖြစ်သည်။ ထိုကုရ်အာန် ဗျာဒိတ်ကို ဖွင့်ဆိုရာ တွင် ရှေးယ္ခင်ကထဲက တည်ရှိနေပြီးဖြစ်သော သင်းချိုင်း အတွင်းတွင် ပြန်လည်ရှင်သန်ရမည် ဟူသော ဥပဒေ များကို အခြေခံ၍ဖွင့်ဆိုရမည် ဟူသော ရှေးဂိုဏ်း အသီးသီးတို့၏ ခေါင်းဆောင်များ၏ အယူမှ အေမာမ်ဒါ ၀တ် အေ့ ဗနေအလီ ဇွာဟီရီက ခွဲထွက်၍ ကုရ်အာန်ပါ (ဇွာဟီရီ) ပေါ်လွင်ထင်ရှားစွာ တည်ရှိနေသော အထက်မှဗျာ ဒိတ်များနှင့် ထိုကဲ့သို့ ဗျာဒိတ်များကို ကုရ်အာန်တွင် တည်ရှိနေသည့် အတိုင်း ဖွင့်ဆိုသော စနစ် ကို စတင်သူဖြစ် သည်။

သူသည် ကုရ်အာန်နှင့် စွန္နဟ် အသုံးချမှုကို တိုက်ရိုက်အဓိပ္ပါယ် အတွက်သာ ကန့်သတ် ထားခဲ့ရာ ကိယာ့စ် အပါ အ၀င် အခြားသူတစ်ဦးဦး၏ တွေးခေါ်မှု တစ်ရပ်ရပ်အပေါ်မှ အခြေခံရရှိ လာသော ဓမ္မသတ်အားလုံး၏ တရားဝင် မှုကို ငြင်းပယ်ခဲ့သူ  ဖြစ် သည်။ နောက်ပိုင်းတွင် ကေယာ့စ်ကို လက်ခံသော ပညာရှင်များက ကေယာ့စ်ကို ငြင်း ပယ်သော ပညာရှင်များကို  (ဇွာဟီရီ များ)ဟု ကင်းပွန်းတတ် ခေါ်ဆိုကြသည်။ ၄င်းတို့ သည် အေမာမ်ဒါဝတ်ထံ တွင်လည်းကောင်း (သို့မဟုတ်)၄င်း၏ တပည့်များထံတွင် လည်းကောင်း ပညာဆည်ပူး ခဲ့ကြခြင်းမရှိ သကဲ့သို့ ၄င်း တို့၏ မည်သည့်စာပေ ကျမ်းဂန်များကိုမျှလည်း ဖတ်ဖူးခဲ့သူများ မဟုတ်သော်လည်း (ဇွာဟီရီမဇ်ဟဗ်) ၀င်များ ဟုခေါ်ဆိုသည်။

ဇွာဟီရီ (မဇ်ဟဗ်)ဂိုဏ်းကို ကျော်ကြားစေခဲ့သူမှာ စပိန်ပညာရှင်ကြီး အလီအေ့ဗ်နု အဟ် မဒ်အေ့ဗ်နု ဟာဇင်မ်(အေ ဒီ၉၉၄-၁၀၆၄)ဖြစ်သည်။ သူသည်မွတ်စလင်မ် ကဗျာဆရာ တစ်ဦးဖြစ်သကဲ့ သို့ ဖေကာဟ် ဓမ္မသတ်ပညာရှင်ကြီး ဖြစ်သည်။ ဖေကာဟ် အစ္စလာမ့် ဓမ္မထုံးဖွဲ့မှု၏ အရင်းအမြစ်ကို လေ့လာဆည်း ပူးခဲ့သော ခေတ်သစ် အနောက် တိုင်း တွေးခေါ်ပညာရှင် တစ်ဦးကြီ လည်း ဖြစ်သည်။

သူသည် ဇွာဟီရီ(မဇ်ဟဗ်) ဂိုဏ်းဝင်တစ်ီးဦးဖြစ်ပြီး ထိုမဇ်ဟဗ်ကို စပိန်တွင် အစ္စလာမ်ထွန်း ကား ခဲ့သောခေတ်က လွှမ်းမိုးကျယ်ပြန့် စေခဲ့ရုံမက မြောက်အာဖရိကနှင့် အခြားသော ဒေ သများ သို့ပင် လွှမ်းမိုးစေခဲ့သည်။ သူ၏ဖေကာဟ် ဓမ္မသတ်ဆိုင်ရာ (အိဟ်ကမ် -လဟ် ကမ်)ကျမ်းနှင့် ဘာသာရေးဆိုင်ရာ သဘောတရားများနှင့် စပ်လျှင်း သော(အလ် ဖိုင်စ်) ကျမ်းတို့သည် အစ္စလာမ့် နယ်ပယ် အသီးသီးတို့တွင် ကျော်ကြားခဲ့သော ကျမ်းများဖြစ် သည်။

ဆက်လက်တင်ပြပါဦးမည်

ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်)

3 Comments

mulan says:

ဘာ fontသုံးတာလဲဆရာ
အစ္စလာမ်နှင့် ဂိုဏ်းဂန၀ါဒ လမ်းစဉ်များ(၆)
အစ္စလာမ်နှင့် ဂိုဏ်းဂန၀ါဒ လမ်းစဉ်များ(၇)
ဝလီဟူသည်
(အိုလမာ)ပညာရှင်များသည် တမန်တော်များ၏ အမွေခံများဖြစ်ကြသည်
ဒီ article၄ခုဖတ်လို့မရဘူး၊?တွေပဲဖြစ်နေတယ်

Thumb up 0 Thumb down 0

06 Jun 11 @ 1pm

looqmaan says:

ဆလာမ်။

ဆောင်းပါးများ database error ကြောင့် ခဏ ပြတ်သွားလို့။ ဇော်ဂျီ font သုံးထားပါတယ်။ ဆောင်းပါးများ ဖတ်လို့ရပါပြီ။

“(အိုလမာ)ပညာရှင်များသည် တမန်တော်များ၏ အမွေခံများဖြစ်ကြသည်” ကို Insha Allah မကြာမီ တင်ပေးပါ့မယ်။

Thumb up 2 Thumb down 0

07 Jun 11 @ 2am

Write comment

Please read this note before your write comment.

 

Quranic Study Group
Los Angeles, California, USA
© 2005 - 2012 QuranInBurmese.com All Rights Reserved
Click here to download Zawgyi Font
Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976
Quran 38:29
Quran 26:24
Quran 3:138
Quran 6:153