အစ္စလာမ်နှင့် ဂိုဏ်းဂဏ၀ါဒ လမ်းစဉ်များ(၈)
ဂိုဏ်းဂန၀ါဒများဖြစ်ပေါ်လာရန် အစပျိုးသောခေတ် (ဇ)
ခေတ်သစ်သိပ္ပံ ပညာရှင်များ အတွင်းမှ ကျမ်းမြတ်ကုရ်အာန်ကို လေ့လာဆည်းပူးရင်းဖြင့် အစ္စလာမ်သာသနာသို့ ၀င်ရောက်လာကြသူများ အားလုံးသည် အေမာမ်ဒါဝတ် ဇွာဟိရီ၏ အခြေခံ မူဝါဒဖြစ်သော ကျမ်းမြတ်ကုရ်အာန်ကို အဘိဓါန်ဖွင့် ဆိုချက်အတိုင်း (ဇွာဟိရ်) ထင်ရှားစွာ ရှိနေသော အဓိပ္ပါယ်များအပေါ် လွတ်လပ်စွာ ဆင်ခြင်တွေးခေါ်သောမူဝါဒ လမ်းကြောင်းအ တိုင်း ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။
အစ္စလာမ် သာသနာဝင် မွတ်လင်မ်များ ဖြစ်လာသူများအနက် ပြင်သစ်နိုင်ငံ ခွဲစိတ်သ မားတော် ဒေါက်တာမော ရစ်ဗျူကိုင်းလ် အကြောင်းကို အနည်းငယ် တင်ပြလိုပါသည်။ သူသည်ပြင်သစ်လူမျိုး ဖြစ်သည့်အားလျော်စွာ ကုရ် အာန်ကို ပြင်သစ်ဘာသာဖြင့် ပြန်ဆို ထားသော ဒေါက်တာ ဟာမီဒွလ္လာဟ်၏ ကုရ်အာန်ပြင်သစ် သဖ်စီရ်ကို စတင်လေ့လာ ခဲ့ သူဖြစ်သည်။ ဘာသာပြန်ဖတ်ရုံဖြင့်ကုရ်အာန်တွင်တည်ရှိနေသောခေတ်ရှေ့ပြေးဟော ကိန်းများကို လျှပ်တစ်ပြက် မြင်တွေ့ခဲ့ရသူဖြစ်သည်။ သူ၏အမြင်တွင် မူရင်းအရဗီ စာပေဖြစ်သော ကုရ်အာန် ကို လေ့လာရာ၌ အရဗီစာပေကို တတ်သိမှသာလျှင် ကျမ်းဂန် ၏ အနှစ်သာရများကို ပိုမို၍မြင်တွေ့ ခံစားနိုင်မည်ဟူ၍ သဘော၍ အသက်ငါးဆယ်ကျော် အရွယ်တွင် အရဗီစာပေကို ဆည်း ပူး လေ့လာခဲ့သူ တစ်ဦးဖြစ်သည်။
သူ၏အရဗီ ဆည်းပူးလေ့လာမှု သက်တမ်း နှစ်နှစ်အတွင်း စအုဒီအရေးဗီးယား၊ ကိုင်ရိုမြို့ရှိ (အဇ်ဟရ်)တက္ကသိုလ် တွင် သွားရောက်၍ ကျမ်းမြတ်ကုရ်အာန် နှင့်စပ်လျှင်း၍ ပါမောက္ခ များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဒေါက်တာ မောရစ်သည် အစ္စလာမ် သာသနာဝင် မဖြစ်သေးခင်ကပင်လျှင် ကျမ်းမြတ်ကုရ် အာန်၏ အသိတရား များကို ရရှိခဲ့သူဖြစ်သည်။ ကမ္ဘာတွင် မည်သူတစ်ဦးတစ်ယောက် ကမျှ ပြု လုပ် နိုင်မှုမရှိသေးသော ကြီးမားသည့် ဆောင်ရွက်ချက်ကြီး တစ်ခုကိုအကောင် အထည်ဖော်နိုင်ခဲ့သည်။ သူ၏ ကြိုးပမ်းချက်မှာ ၁၉၇၈ခုနှစ်တ္ဗင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ တွင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ မှကြီးမှူးကျင်းပသည့် ညီလာခံတွင် စာတမ်းသုံးဆောင် တင်ပြနိုင်ခဲ့သည်။ သူ၏ စာတမ်း အမည်မှာ- -
(သန္ဓေအစ မွေးဖွားမှု ပညာရပ်များ၊ နက္ခတ္တဗေဒများနှင့် ခန္ဓာဗေဒဆိုင်ရာပညာရပ်များ) ကုရ်အာန်တွင် တည်ရှိ နေသည်ဟူသော စာတမ်းများဖြစ်၏။ ထိုကဲ့သို့ပင် (ဘိုင်ဘယ်လ် ကုရ် အာန် နှင့် သိပ္ပံ) ဟူသောစာအုပ်ကိုလည်း ရေးခဲ့သည်။ ထိုစာအုပ်ကို အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ (အဇ်ဟရ်) တက္ကသိုလ်မှ အရဗီဘာသာ စာပေဖြင့် ၁၉၉၈ ခုနှစ် တွင် ဘာသာပြန်၍ အဇ်ဟရ် တက္က သိုလ် ကြီးရှိ ပါမောက္ခများ၏ လက်စွဲစာအုပ် တစ်အုပ်ဖြစ် ခဲ့သည်။
ကိုင်ရိုမြို့ အဇ်ဟရ် တက္ကသိုလ်သည် မွတ်စလင်မ် လောကတစ်ခုလုံးကို ရှေ့ဆောင်ပြု လျက်ရှိနေသော တက္ကသိုလ်ကြီး တစ်ခုဖြစ်သကဲ့သို့ ထိုတက္ကသိုလ်ကြီးမှ ပါမောက္ခများ သည်လည်း အစ္စ လာမ့်ပညာရေး လောကတစ်ခုလုံးကို ခေတ်စနစ်နှင့်လျော်ညီ စွာ ပြုပြင်ပြောင်းလဲပေးနေသော ပညာရှင်ကြီးများ ဖြစ်ကြသည်။ ထိုကဲ့သို့သောပါမောက္ခ မွတ်စလင်မ်ပညာရှင်ကြီးများ က (အစ္စလာမ် သာသနာဝင် မဖြစ်ခင်အလျှင်ကရေးသား ခဲ့သော ဒေါက်တာမောရစ်၏) (ဘိုင်ဘယ်လ်ကုရ်အာန်နှင့်သိပ္ပံ)စာအုပ်ကို အာရဗီ စာပေဖြင့်ပြန် ဆို ၍ (အဇ်ဟရ်)တက္ကသိုလ်၏ ပါမောက္ခ များ၏ လက် စွဲစာအုပ်အဖြစ် ပြ ဌာန်းရခြင်းသည် အလွန်သဘာဝကျသော အချက်တစ်ချက် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် အစ္စ လာမ့်သမိုင်း တစ်လျှောက် သဖ်စီရ်ကျမ်းပေါင်း မြောက် များ စွာ ပေါ်ထွက် ခဲ့ပြီးဖြစ် သည်။ ထိုကျမ်းများ အားလုံးသည် နှစ်ပေါင်းခုနှစ်ရာလောက်မှ စတင်ပေါ်ပေါက် ခဲ့ပြီးယနေ့အထိ ဖော်ပြနိုင်စွမ်း မရှိသေးသော ဖွင့်ဆိုချက်များကို အစ္စလာမ် သာသ နာဝင် ပင် မဖြစ်သေးသော ဒေါက်တာမောရစ်က ၎င်း၏စာအုပ်တွင် ဓမ္မဓိဌာန်ကျကျ ကုရ်အာန် ကို ဖွင့်ဆို ပြနိုင်ခဲ့ခြင်း ကြောင့်ပင်။
ကုရ်အာန်တွင်နေ၏ အလင်းကို “ဒွေဟာ”ဟု ခေါ်ဆို၍ လ၏အလင်းကို “ နူးရ်” ဟုခေါ်ဆို ထား၏။
မွတ်စလင်မ်သဖ်စီရ်ရှင်များအားလုံးက နေ၏အလင်း၊လ၏အလင်းဟူ၍သာပြန်ဆို ခဲ့ကြ သည်။ ဒေါက်တာမောရစ်က ကုရ်အာန်ပါ ဒွေဟာနှင့် နူရ်းဟူသော ဝေါဟာရများကို အာ ရဗီပြင်သစ် အဘိဓါန်ကို ကြည့်ရာမှ နေ၏အလင်း(ဒွေယာ)ဟူသည် ကိုယ်ပိုင်အလင်း၊ အခြားအရာများကိုလည်း အလင်းပေးနိုင်သော လောင်ကျွမ်းနိုင်သော သတ္တိရှိသည့်အ လင်းဟူ၍ တွေ့ရသည်။ ထို ကဲ့သို့ပင် လ၏အလင်း (နူရ်း)ဟူသည် အခြား၏အလင်း မှ ရောင်ပြန်ဟပ်သော အလင်းပြန်ခြင်းဟူသည့် အဓိပ္ပါယ်ကို တွေ့ရှိရပေသည်။
ဤအချက် နှစ်ချက်သည် သိပ္ပံပညာရှင်များ၏ တွေ့ရှိချက် (နေသည်ကိုယ်ပိုင် အလင်း ထုတ်လုပ် ပေးသည်ဟူ သောအချက်နှင့် လသည်ရောင်ပြန်အလင်း)ဖြစ်သည် ဟူသော ဖွင့်ဆိုချက် ထက် ကုရ်အာန်က နှစ်ပေါင်းထောင်ချီ၍စောစွာဖော်ပြခဲ့ခြင်းကို ဒေါက်တာမော ရစ်က ကမ္ဘာသို့ပဌမဦးဆုံး တင်ပြနိုင်ခဲ့သူ တစ်ဦးဖြစ်သည်။ ဤသည် ဒေါက်တာမောရစ်၏ ရာချီ၍ကုရ်အာန် ကို သိပ္ပံနည်းကျ ဖွင့်ဆိုချက်များမှ၊ အချက်ကလေး တစ်ချက်ကို တင်ပြခြင်း ဖြစ်သည်။
ကုရ်အာန်ကို ချဉ်းကပ်ရာတွင်
ထိုကဲ့သို့ တင်ပြရသော အကြောင်းရင်းမှာ ကုရ်အာန်သည် မွတ်စလင်မ်ဖြစ်စေ မွတ်စလင်မ် မဟုတ်သူဖြစ်စေ၊ ၎င်းတို့ချဉ်းကပ်ရာ၌ မှန်ကန်သော ကုရ်အာန်၏ နည်းလမ်းဖြင့် ချဉ်း ကပ်သူကို သာ လမ်းမှန်ပေးသည် ဟူသော အ ချက်ပင်ဖြစ်သည်။ မွတ်စလင်မ်များ သည် ကုရ်အာန်ကိုချဉ်းကပ်ရာ၌ များသောအားဖြင့် မိမိတို့ ၏ကျောင်း မိမိတို့ ၏ဂိုဏ်း၊ မိမိတို့၏ဆရာ ဟူသော အစွဲ များအားဖြင့် ချဉ်းကပ်ခဲ့ ခြင်းကြောင့် ကုရ်အာန်ကပေးသော ကုရ်အာန်တွင် တည်ရှိနေသော၊ အမှန်တရား လမ်းညွှန်မှုများကို ရသင့်သလောက် မရရှိကြပေ။ အထက်မှဖော်ပြခဲ့သော ဒေါက် တာမောရစ်သည် မွတ်စလင်မ်တစ်ဦး မဟုတ်သေးသောကြောင့် ကုရ်အာန် ကိုလေ့လာရာ၌ အထက်မှ မွတ်စလင်မ်များတွင် ရှိနေသောအစွဲများမှ ကင်းစင်ခဲ့သူ့ဖြစ်သည်။ ထို့အတွက်ကြောင့် ကုရ်အာန် ကပေးသော လမ်းညွှန်မှု အမှန်တရားကို ရရှိခဲ့ခြင်းဖြစ်သည်။ ထိုသို့သော အကြောင်းများကြောင့် အစ္စလာမ့်ရှေ့ဆောင် (အဇ်ဟရ်) တက္ကသိုလ်ကြီး၏ ပါမောက္ခများက သူ၏စာ အုပ် ကို လက် စွဲအဖြစ် ကိုင်ထားကြ ရခြင်းဖြစ်သည်။
ဒေါက်တာမောရစ်၏ ကျမ်းမြတ်ကုရ်အာန်ကို ဖွင့်ဆိုမှုပုံစံသည် ဇွာဟီရီ(မဇ်ဟဗ်ဂိုဏ်း) အေ မာမ်ဒါဝတ်အေ့ဗနေအလီ(အေဒီ၈၁၅-၈၈၃)၏ နည်းစနစ်ဖြစ်သော ကျမ်းမြတ်ကုရ်အာန် ကို အဘိ ဓါန်ဖွင့် ဆိုချက်အတိုင်း (ဇွာဟိရ်) ထင်ရှားစွာ ရှိနေသော အဓိပ္ပါယ်များအပေါ် လွတ်လပ်စွာ ဆင်ခြင်တွေးခေါ်သော လမ်းကြောင်းအတိုင်း ဖွင့်ဆိုခဲ့ ခြင်းဖြစ်သည်။ ထိုနည်း စနစ်ကို ၂၁ရာစုမွတ် စလင်မ် ခေတ်ပညာတတ်များကလည်း ဆက်လက်အသုံးပြု လျှက်ရှိ နေသည်ကို မြင်တွေ့ရပေသည်။ ကျမ်းမြတ်ကုရ်အာန်ကို ချဉ်းကပ်ရာတွင် ကျမ်းမြတ်ကုရ်အာန်က ညွှန် ကြားပြ သသော အောက်ဖေါ်ပြပါ အချက်များကို စံထားထည့်သွင်း၍ ချဉ်းကပ်ရမည် ဖြစ်သည်။
ကျမ်းမြတ်ကုရ်အာန်ကို လေ့လာဆည်းပူးရာ၌၊ အဓိကအရေးကြီးသော အချက်များအနက် အဓိကအချက် တစ်ချက်မှာ ကုရ်အာန်တွင် အာယာသ်တော် အမျိုးအစား နှစ်မျိုးရှိသည်ကို သိ ထားရမည်။ ကျမ်းမြတ်ကုရ်အာန်တွင် ကျမ်း၏နိယာမ ဥပဒေများကို အမည်နာမနှစ် မျိုးဖြင့် ဖော်ပြထား ပေသည်။ မြင်ရုံတွေ့ရုံဖြင့် ချက်ချင်း လက်ငင်း ကွင်းကွင်း ကွက်ကွက် သိနိုင်သော ပင်မအုတ်မြစ်နိယာမ “မုဟာကေမသ်”နှင့် ထိုပင်မနိယာမကို ဆင့်ကဲဆင့်ကဲ သိမြင်လာစေသော၊ တွေးတောလေ လေ ခေတ်ရှေ့သို့ ဦးဆောင်နေသော “မုတရှာ ဗီဟတ်” တို့ဖြစ်ပေ သည်။ “မုတရှာဗီဟတ်” ခေတ်ရှေ့ဆောင်ဖေါ်ညွှန်းချက် ဥပဒေဆို သည်မှာမူလပြဌာန်းထားသည့် ပင်မအုတ်မြစ် မိခင်ဥပဒေနိယာမများ အပေါ် လေ့လာ ဆည်းပူးခြင်းဖြင့် တွေးလေမြင်လေဖြစ် သည့် အတွက်တွေးတော စဉ်းစား ဗဟုသုတ ကျယ်လာလေ လေ မြင်လေလေ သဘောကို ဆောင်ပေ သည်။
ထိုဥပဒေများကို မြင်နိုင်ရန် ကျောင်းတော်စွဲ၊ ဂိုဏ်းဂနစွဲ၊ မိရိုးဖလာအယူစွဲ၊ ဂိုဏ်းအစွဲ ရှိသော ဆရာတို့ပြုစု ကိုးကားနေသည့် ဂိုဏ်းကြောထောက် နောက်ခံပြုသည့် ကျမ်းစွဲများ ကို ဖြုတ်ပါယ် လျက် ကျမ်းမြတ်ကုရ်အာန်ကို ကျမ်းမြတ်ကုရ်အာန် အတိုင်းသာ လေ့လာ သုံးသပ်၊ တွေးတော တတ်သူတို့ အဘို့သာ ဖြစ်ပေသည်။
ထိုအကြောင်းကို ကျမ်းတော် ၏ ၅၆း၇၉ တွင်
لَّا يَمَسُّهُ إِلَّا الْمُطَهَّرُونَ
None touch it except the purified.
( An understanding of the Quran is granted only to those who are pure in heart.)
“ဤကျမ်းသည် အဖြူထည်သက်သက် ဖြစ်သူတို့မှအပ အခြားသူများအတွက် အာနိသင်ရှိမည် မဟုတ်။” ဟု အတိ အကျထောက်ပြထားပေသည်။
အစ္စလာမ့်သမိုင်းတစ်လျှောက် ကျမ်းမြတ်ကုရ်အာန်ကို ဖွင့်ဆိုခဲ့ပြီးသောသဖ်စီရ်ကျမ်း များ သည် ၄င်းတို့ခေတ် ၄င်းတို့ပါတ်ဝန်းကျင်တွင် ဖြစ်ပေါ်ပြောင်းလဲ လာသောအခြေ အနေ အရပ်ရပ် တို့ကို အခြေခံ၍ ဖွင့်ဆိုထားခြင်း ဖြစ်သည်။ ထိုဖွင့်ဆိုချက်များကို ကေယာ မသ်နေ့တိုင် တည်ရှိနေမည့် ကျမ်းမြတ်ကုရ်အာန်၏ အရှိတရားများ ဟူ၍ လက်ခံရမည် ဟု မည်သည့်သဖ်စီရ် ပညာ ရှင်များကမျှ ဆိုထားခြင်းမရှိပေ။ သို့ရာတွင် အစ္စလာမ် သာသ နာအတွင်း ဂိုဏ်းဂန၀ါဒလမ်းစဉ်များ၊ ကျောင်းတော်ဝါဒ လမ်းစဉ်များ၊ ဆရာသမားများ ကို ပုံအပ်သောဆည်းကပ် ၀ါဒလမ်းစဉ် များကြောင့် မွတ်စလင်မ်တို့သည် ကျမ်းမြတ်ကုရ်အာန် ကို မိမိတို့လက်ခံ ယုံကြည်ထားသော ရောင်စုံမျက်မှန်များ အားဖြင့်သာ မြင်တွေ့ခဲ့ကြရ သူ များသာ ဖြစ်သည်။
အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်
ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်)















No Comments Yet
There are no comments yet. You could be the first!
Write comment