ကုရ်အာန့် သုတ
အစ္စလာမ့်ရေစီးကြောင်းမှ တာတမံ ခုလုတ်ကသင်းများ(၁၁)
ကယ်တင်ရှင်မလိုအပ်သော အစ္စလာမ်သာသနာ
တမန်တော်သည် ကုရ်အာန်နှင့် ဆန့်ကျင်သော စကားကိုပြော ဆိုခဲ့ခြင်း မရှိ ကြောင်း ကုရ်အာန်ကို ၆၉း၄၃-၄၄-၄၅ တို့တွင်၊ အာမခံချက်အပြည့်အ၀ ပေးထားပြီးဖြစ်သည်။ တ မန်တော်သည် ကုရ်အာန်ပါ အခြေခံ ဥပဒေနှင့် စိုးစင်းမျှ လိုတိုးပိုလျှော့  ပြုပိုင်ခွင့် ပြောပိုင်ခွင့် မရှိကြောင်းကို ကျမ်း မြတ်ကုရ်အာန် ၁၀း၁၅ တစ်ခုတည်းကို လေ့လာခြင်း ဖြင့် သိရှိနှိုင်ပေသည်။
(၄င်းတို့အပေါ်ဝယ် ငါအရှင်၏ထင်ရှားသော ဗျာဒိတ်များကို ဖတ်ကြားခြင်းခံရသောအခါ ငါအရှင်နှင့် တွေ့ဆုံရမည်ကို မျှော်လင့်မထားသူများက ကုရ်အာန်ကလွဲ၍ အခြား ကျမ်းတစ်ဆောင် (သို့မဟုတ်) ကုရ်အာန်ပါ ဥပဒေများမှ အချို့ကိုပြုပြင်ပြောင်းလဲ ပေးရန်တောင်းဆိုခဲ့ကြ၏။(တမန်တော်) အသင် ဤ သို့ပြောကြားပါလေ ငါသည်ငါ့ ဆန္ဒ အလျှောက် ကုရ်အာန်ပါဥပဒေများကို ပြုပြင်ပြောင်းလဲ ပိုင်ခွင့်မရှိ ပေ။ ငါကိုယ်တိုင်သည်ပင်လျှင် ကုရ်အာန်၏အမိန့်အတိုင်း အမိန့်နာခံရသူဖြစ်သည်။ ဧကန်ငါသည် ငါ့ အရှင့်အမိန့်ကို မနာခံပါက ကြီးကျယ်သော တရားစီရင်မည့်နေ့၏ ပြစ်ဒဏ်ကို ငါကြောက်ရွံ့တော် မူ၏ဟူ၍ ပြောကြားပါလေ။)
ထိုဗျာဒိတ်သည် သာမန်မွတ်စလင်မ် တစ်ဦးသည်ပင်လျှင် မိမိတတ်သိသော စာပေဖြင့်တစ်ခါဖတ်ရုံ နှင့်ပင် တမန်တော်သည် ကုရ်အာန်၏မူဝါဒ လမ်းစဉ်နှင့် မြူမှုံမျှ တိမ်း စောင်းသော ပြောဆိုကျင့်ကြံခဲ့ ခြင်း အလျှင်းမရှိကြောင်းကို အချိန်အနည်းငယ် အတွင်းသိရှိ သွားမည်ဖြစ်သည်။
သို့ပါလျှက် ကုရ်အာန်နှင့် ဆန့်ကျင်သော မူဝါဒများသည် အစ္စလာမ်သာသနာ အတွင်းသို့ တမန်တော် က ပြုလုပ်ပြောဆိုခဲ့သည့် အသွင်ဖြင့် အစ္စလာမ့်ဥပဒေများအဖြစ် ၀င် ရောက် နေရာယူ ထားပြီးဖြစ်သည်။  ထိုကဲ့သို့ ဖြစ်ရသော အကြောင်းရင်းများစွာအနက်  အဓိကအချက်နှစ်ချက်ကြောင့် ဖြစ်သည်ကို တွေ့ရ ပေသည်။
(၁) မွတ်စလင်မ်များကို ဦးဆောင်သော ဆရာတော်ကြီးများသည် မိမိတို့၏ကျောင်း  မိမိတို့၏ဂိုဏ်း မိ မိတို့၏ဆရာများ၏  လူရေးကျမ်းမူဝါဒ လမ်းစဉ်များကို လက်ခံရာ၌ ကုရ် အာန် ၏ စံချိန်စံညွှန်းများဖြင့် စမ်းစစ်မှုမရှိဘဲ လုံးဝဥဿုံ ပြီးပြည့်စုံသော ဘဝလမ်းညွှန် ဥပဒေများအဖြစ် လှေနံဒါးထစ် စွဲကိုင်ထား ကြသောကြောင့်ဖြစ်သည်။
(၂) ထိုရှေ့ဆောင်ဆရာတော် ကြီးများသည် (ကုရ်အာန်၂၅း၁) ပါ ကုရ်အာန်သည် အရာခပ်သိမ်းကို စမ်းစစ်ရသော (ဖုရ်ကာန်) မှတ်ကျေက် ဖြစ်သည်ကိုပင် မသိရှိတော့ဘဲ ကုရ်အာန်ပါ ဥပဒေများကိုပင် ၄င်းတို့၏ ကျောင်းတော်ဝါဒ လူရေးကျမ်းများဖြင့် စမ်းစစ်လက်ခံလာကြသော အလေ့အထများ ကြောင့် ဖြစ်သည်။
ကုရ်အာန်သည် လူသားတစ်ရပ်လုံးအတွက် ဘဝလမ်းညွှန်ဖြစ်ရုံမက စကြဝဠာတစ်ခုလုံးဆိုင်ရာ ဖွင့် ဆိုချက် ကျမ်းကြီးလည်းဖြစ်သည်(၁၆း၈၉)။ ထိုကျမ်းပါ တည်ရှိနေသော နိယာမများသည် ခေတ်ကာ လနှင့် လူသားတို့၏ ဖွံ့ဖြိုးတိုးတက်လာသည့် အချိန်အခါနှင့် အခြေအနေပေါ်တွင် မူတည်၍သိရှိ နှိုင် သော စကြဝဠာဆိုင်ရာ စွယ်စုံကျမ်း ကြီးဖြစ် သည်။ ထိုကဲ့သို့ကမ္ဘာကြီး၏ နောက်ဆုံးနေ့တိုင် လူသား တစ်ရပ်လုံးကို ပြီးပြည့်စုံစွာ အဖက်ဖက်မှ အလုံးစုံလမ်းညွှန် ကျမ်းကြီးကို တုနှိုင်းမဲ့ကိုးကွယ်ရာအရှင် ကိုယ်တိုင်က ‘၏ သည်’မရွေ့ တည်ရှိနေရန် ထိန်းသိမ်းထားမည် ဖြစ်သည်၁၅း၉။
ထိုကဲ့သို့ ကမ္ဘာကြီးတည်ရှိနေသရွေ့ လူသားတစ်ရပ်လုံး အတွက် အဖက်ဖက်မှ ပြီးပြည့်စုံစွာလမ်း ညွှန် လျက်ရှိသော စွယ်စုံကျမ်းကြီး ရှိနေသောကြောင့် မည်သည့်နဗီ တမန် တော်များနှင့် မည်သည့်လူသား ကယ်တင်ရှင်မျှ မလိုအပ်တော့ကြောင်း။ တမန်တော်သည်နောက်ဆုံးးတမန်တော်ဖြစ်သည်။ ကုရ်အာန် ၃၃း၎ဝ တွင် အတိအလင်း ပြဋ္ဌာန်းထားသည်။
(တမန်တော် မုဟမ္မဒ်သည် တမန်တော်များ ပွင့်ခြင်းကို အဆုံးသတ်စေသော နောက်ဆုံးတ မန်တော် ဖြစ်သည်။)
တမန်တော် မုဟမ္မဒ် အပါအဝင် ပွင့်ပေါ်ခဲ့ပြီးသော တမန်တော်အပေါင်းနှင့်စပ်လျှင်း၍ ကုရ်အာန် ၃း၁၄၄တွင်-
(မုဟမ္မဒ်သည် လူသားတမန်တော် တစ်ပါးသာဖြစ်သည်။ ၄င်း၏အလျင်ပွင့်ခဲ့သော တမန်တော်အ ပေါင်းသည် ကွယ်လွန်ခဲ့ကြပြီးဖြစ်သည်။ မုဟမ္မဒ်သည် သေဆုံးသည်ဖြစ် စေ၊ သို့မဟုတ် အသတ်ခံရ သည်ဖြစ်စေ အသင်တို့သည်နောက်ကြောင်းသို့ ပြန်လှည့်ကြမည့်သူများ ဖြစ်ြကမည်လောဟူသည့်)
နောက်ဆုံးတမန်တော် ဖြစ်သော တမန်တော်မုဟမ္မဒ်သည်လည်း သေဆုံးမည်ဖြစ်သည်။ တမန်တော် အလျှင်ပွင့်ပြီးခဲ့သောလူသား တမန်တော်များသည်လည်း သေဆုံးပြီး ဖြစ် သည်ဟု ထိုဗျာဒိတ်က အတိ အတိအလင်း ကျေညာခြင်းဖြစ်သည်။ဆက်လက်၍ ကုရ်အာန် ၂၁း၈ တွင်-
(ငါအရှင်သည် မည်သည့်နဗီ တမန်တော်များကိုမျှ အဟာရစားသုံးမှီဝဲမှု မရှိဘဲရှင်သန်နှိုင်သော ခန္ဓာ များအဖြစ် ဖန်ဆင်းခဲ့ခြင်း မရှိသကဲ့သို့ပင်၊ ၄င်းတို့အား ထာဝရရှင် သန် နှိုင် သူများအဖြစ်နှင့်လည်း ဖန် ဆင်းခဲ့ခြင်း မရှိခဲ့ပေ။)
ထိုဗျာဒိတ်နှစ်ခုသည် မွတ်စလင်မ်များ အပါအ၀င် လူသားတစ်ရပ် လုံးအတွက် အဓိကကျသော အ ချက်ကို ထောက်ပြထားခြင်း်ဖြစ်သည်။
အေဒီ ၆၁ဝ တွင် ကုရ်အာန် စတင် ကျရောက် ရောက်ခဲ့သည်။ ထိုခေတ်မတိုင်ခင် အလျှင်ရှိခဲ့ကြသော သာသနာများအနက် များစွာသော သာသနာဝင်များသည် ၄င်းတို့၏ တ မန် တော်များကို ဘုရားသခင် ၏သားအဖြစ် လည်ကောင်း၊ ဘုရားသခင် ကိုယ်တိုင်က ဝင်စား၍ လူသားအဖြစ် ရောက်ရှိလာသော ဘုရားသခင်၏ ဝိညဉ်တော် များဟူ၍ ကိုး ကွယ်ခဲ့ကြသည်။ ထိုအယူဝါဒများသည် အစ္ပ္စလာမ်သာသနာ နှင့် မည်သို့မျှ ပါတ်သက်မှု မရှိကြောင်း ဖေါ်ပြထားသော အာယသ်များဖြစ်သည်။
နဗီတမန်တော် တစ်ပါးပါးဖြစ်စေ၊ လူသားကယ်တင်ရှင် တစ်ဦးဦးဖြစ်စေ ရောက်ရှိလာဦးမည်ဟု တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သော နည်းနှင့်ဖြစ်စေ စေ့စေ့တွေးမှရေးရးပေါ် လာ နှိုင်သည့်ဖော် ပြထား ခြင်းမျိုး ကုရ်အာန်တွင် အလျှင်းပါဝင်ခြင်း မရှိပေ။
ကုရ်အာန်သည် နောက်ဆုံးကျမ်း ဖြစ်သည့်အားလျှော်စွာ ရှေးယခင်ကျမ်းဂန် ရများနည်းတူ လူသားတမန်တော်များကို ကိုးကွယ်သည့် ဝါဒများထပ်မံ မပေါ်ပေါက် ရန်အ တွက် အထက်ပါ ဗျာဒိတ်ကို ချပေးခဲ့ ခြင်းဖြစ်သည်။
ကုရ်အာန် ၂၁း၃၄-၃၅ တွင်ဆက်လက်၍-
(ငါအရှင်သည် အသင့်အလျှင်ရှိခဲ့ကြသော မည်သည့်လူသား တစ်ဦးတစ်ယောက်ကိုမျှ ထာဝရရှင်သန်နှိုင်သော သူများအဖြစ် ဖန်ဆင်းခဲ့ခြင်း အလျှင်းမရှိခဲ့ပေ၊ အသင် သည် ပင် လျှင် သေဆုံးရမည်ဖြစ် ပါလျှက် ၄င်းတို့က ထာဝရရှင်သန် သူများဖြစ်ကြ ဦးမည်လော။) ဟူ၍ဖေါ်ပြထားသည်။
တမန်တော် မုဟမ္မဒ်အလျှင်ပွင့်ပေါ်ခဲ့သော တမန်တော် အားလုံးသည် သက်ဆိုင်ရာ လူမျိုးးစုများနှင့် နယ်ပယ်ဒေသများ အတွက်သာပွင့် ခဲ့ခြင်းဖြစ်သည်။
တမန်တော် မုဟမ္မဒ်သည် စကြဝဠာ အနန္တ အ တွက် နောက်ဆုံးပွင့်သော တမန်တော်ဖြစ်သည်။
၎င်း၏ နောက်ပိုင်းမည်သည့် တမန်တော်မျှ ပွင့်ရန် မရှိတော့ပေ။ ထိုကဲ့သို့ပင် ၄င်းထံသို့ဗျာဒိတ် အဖြစ်ချပေးခဲ့သော ကျမ်းမြတ်ကုရ်အာန် မှာလည်း (ဇစ် ကရွန်လိလ်အာ လ မီးန်) စကြဝဠာဆိုင်ရာ လူသားတိုင်းအတွက် နောက်ဆုံးဗျာဒိတ် လမ်းညွှန်ကြီး ဖြစ်သည်။ ထိုကျမ်းကြီး၏ နောက်ပိုင်း ကမ္ဘာ ကြီး တည်ရှိနေသ၍ မည်သည့်လမ်းညွှန်ကျမ်းမျှ ချပေး တော့ မည်မဟုတ် ကြောင်း ကုရ်အာန် တွင် ပြဌာန်း ထားပြီးဖြစ်သည်။
ထိုသို့သော အကြောင်းများကြောင့် ကုရ်အာန် ၂၁း၃၄ တွင် စကြဝဠာ အနန္တအတွက် နောက်ဆုံး ပွင့် သော တမန်တော်မုဟမ္မဒ်သည်ပင်လျှင် သေဆုံးမည် ဖြစ်ပါလျှက်။ ၄င်း၏ အလျှင်လူမျိုးစုများ နယ် ပယ်များ အတွက် ပွင့်ပေါ်ခဲ့သောတမန်တော် များသည် မည်ကဲ့သို့ထာဝရ အသက်ရှင်သန် နေနှိုင်သူ များ ဖြစ်မည်နည်း ဟုမေး ခွန်းထုတ်ထား ခြင်း ဖြစ် သည်။
ထိုဗျာဒိတ်၏ အနှစ်သာရမှာ ရှေးကျမ်းများတွင် နောက်ဆုံးတမန် တော်မုဟမ္မဒ် (အရှင်၏အေးငြိမ်း မှု အပေါင်း ခညောင်းပါစေ) ပွင့်မည့် အကြောင်း ပုံစံအမျိုးမျိုးဖြင့် နေရာ ဒေ သများကိုပါ ဖေါ်ပြထားသည်။
မေတ္တာအရာတွင် သူမတူအောင် စွမ်းဆောင်နှိုင်သော တမန်တော်၊ အရှေ့အလယ်ပိုင်းတွင်ပွင့်မည့် မေတ္တာရှင်၊ မြင့်မြတ်သောနယ်မြေကို (ဂုရု)ပေါင်း တစ်သောင်းနှင့် အတူ ကုလားအုတ်စီး၍သိမ်းပိုက် မည့်သူ၊ ၄င်း၏အမည်သည် (အဟ်မဒ်)(၀ါ) ဖန်ဆင်းရှင်ကို အချီးကျူးဆုံးသောသူ၊ ဟူ၍ရှေးကျမ်းများ တွင်ကြိုတွင်ဖေါ်ပြထားပြီးဖြစ်သည်။
မည်သို့ပင်ဆိုစေ အစ္စလာမ်သာသနာဝင် မွတ်စလင်မ်များအဖို့ အခြေခံဥပဒေဖြစ်သော ကျမ်းမြတ်ကုရ် အာန်အရ တမန်တော်မုဟမ္မဒ် (အရှင်၏ အေးငြိမ်းမှုအပေါင်း ခ ညောင်း ပါစေ) ၏နောက်ပိုင်းမည်သည့် တမန်တော် မည်သည့်ကယ်တင်ရှင်မျှ ရောက်ရှိလာဦးမည်ဟု ဆိုထားခြင်းအလျှင်းမရှိပေ။ လာရောက် ရန်လည်းအကြောင်း မရှိ တော့ ပေ။ နောက်ဆုံးတမန်တော် သက်တော်ထင်ရှား ရှိ စဉ်ကပင် ကုရ်အာန် ၅း၃ အရ အစ္စလာမ် သာသနာသည် ပြီးပြည့်စုံပြီး ဖြစ်သည်။ ထိုအခြေခံဥပဒေ ကုရ်အာန်က တ မန် တော်သည် နောက်ဆုံး တမန်တော်ဖြစ်သည်။ တမန်တော်၏ နောက်ပိုင်းမည်သည့် တမန်တော်မျှ ရောက်ရှိလာတော့မည် မဟုတ်ဟူ၍ ဆိုထားပြီးဖြစ်သည်။ ကုရ်အာန် ပါ ဤအချက်ကို မည်သည့်အဆို မည်သည့် အယူဝါဒများ နှင့်မျှ အထောက်အထား အကိုးအကားပြု၍ ပယ်ဖျက်၍မရနှိုင်ပေ။ အဘယ် ကြောင့်ဆိုသော် ကုရ်အာန်သည် အရာခတ်သိမ်း၏ မှတ်ကျောက်ဖြစ်သည်။
သေဆုံးပြီးသူများ ဤလောကသို့ ပြန်မလာနှိုင်။
သမိုင်းကျမ်းများ အဆိုအရ မဲဟ်ဒီ(သို့မဟုတ်) တမန်တော် မုဟမ္မဒ်က မဲဟ်ဒီအဖြစ် ပြန်လည်ရောက်ရ လာခြင်း၊ တမန်တော်အလျှင်က ပွင့်ပေါ်ပြီးခဲ့သော တမန်တော်များပြန် လည်ရောက်လာခြင်း၊အချို့ တ မန်တော်များသည် (အဗ်ဗေဟယားသ်) ခေါ် ထာဝရရှင်သန် နေနှိုင်သောရေကို သောက်သုံး ခြင်းဖြင့် ရှင်သန်လျှက်ရှိနေခြင်း၊ သေဆုံးသူများ ကို အသုပပို့၍ ပြန်လာရာ၌ ချေလှမ်းလေးဆယ် ပြည့်လျှင်သေ ဆုံးသူသည် စစ်ဆေးမေးမြန်းခံရန် အတွက်ပြန်လည်ရှင်ခြင်း၊ ဟူသော အဆိုများစွာပါဝင်သည်။
ကုရ်အာန်၏ အခြေခံဥပဒေတွင် သေဆုံးပြီးဖြစ်သော မည်သည့်တမန်တော်ဖြစ်စေ မည်သည့်  လူသား ဖြစ်စေ ဤလောကသို့ ပြန်လည်မရောက်ရှိနိုင်ပေ။ကုရ်အာန် ၂၁း၉၅ တွင်-
(ငါအရှင်ဖျက်ဆီးခဲ့သည့် မြို့ရွာသားတို့သည် ဤလောကသို့ ပြန်လာခြင်းကို ဟရမ်ဟူ၍ တားမြစ်ပိတ် ပင် ထားပြီးဖြစ် သည်။) ဟူ၍ လည်းကောင်း၊ ကုရ်အာန်  ၂း၂၈။ ၂၂း၆၆ ။ ၄ဝး၁၁။ တို့တွင်-
(အသင်တို့သည် မည်သို့သော အကြောင်းများကြောင့် တုနှိုင်းမဲ့ ကိုးကွယ်ရာအရှင်၏ အမိန့်များကို ငြင်းပယ်ခဲ့ကြ သူများ ဖြစ်ကြရသနည်း။ အမှန်အားဖြင့် အသင်တို့သည် (ရှေးဦးမဆွက)အဝိညာဏက သက်မဲ့ဘဝ၌သာ ရှိခဲ့ကြသည်။ အသင်တို့အား သဝိညာဏက သက်ရှိဘဝသို့ ငါအရှင် ပို့ဆောင်ခဲ့၏။ တစ်ဖန် ထိုအရှင်သည် သင်တို့အား သေစေတော်မူဦး မည်ဖြစ်သည်။ သေစေတော်မူပြီးနောက် ထိုအ ရှင်သည် အသင်တို့အား တစ်ဖန် ရှင်ပြန်ထစေဦးမည် ထို့နောက် အသင်တို့သည် ပြုကျင့်ခဲ့ကြသည့် ကောင်း မှု မကောင်းမှုတို့နှင့် လျော်ညီစွာ ထိုက်တန်သောအကျိုးများးကို  ခံစား ကြရန် အတွက် ငါအ ရှင့်ထံတော်သို့ ပြန်လည်ရောက်ရှိ ကြဦးမည်ဖြစ်သည်။)
ကုရ်အာန်၏ အခြေခံဥပဒေတွင် တုနှိုင်းမဲ့ ကိုးကွယ်ရာအရှင်သည် လူသားကို နတ္တိဘာဝ မရှိခြင်းတည်း ဟူသော ဘဝမှ အတ္တိဘာဝ ရှိခြင်းတည်းသော ဘဝသို့ပို့ဆောင် ခဲ့ သည်ဟု ဆိုသည်။ လူသားသည် မ ဖန်ဆင်းခင်အလျင် သက်မဲ့ဘဝတွင် ရှိ၍ ဖန်ဆင်းရှင်က သက်ရှိဘဝသို့ ပို့ပေးခဲ့သည်။ ထို့နောက် သေ ဆုံးကြမည်။ ထို့နောက် ကိယာ မသ် နေ့တွင် ပြန်လည် ရှင်သန်ကြရမည်။ ဤသည် ရှင်ခြင်းနှစ်ရပ် နှင့် သေခြင်းနှစ်ရပ်ဖြစ်သည်။
ကုရ်အာန်၏ ဥပဒေသများသည် လွယ်ကူသည် ရှင်းလင်းသည် တိကျခိုင်မာ ပြတ်သားသည်။ လူတိုင်း နားလည်နှိုင်သော ဝေါဟာရများ ဖြင့်ဖွဲ့စည်း တည်ဆောက်ထားသည်။ ရှေ့နောက်မညီမှု ရှတ်ထွေးမှု ပဟေဠိဆန်မှု မတိမကျ မရေမရာသော ဖေါ်ပြမှု များ ကင်းသော ဥပဒေ သများဖြစ်သည်။
ဒဿနပညာရှင်ကြီး တစ်ဦးမှ သာမန်နွားကျောင်းသားလေး တစ်ဦးအထိ တူညီသော အသိတရားကို ပေးဝေသည်။ သို့သော်ငြားလည်း ကုရ်အာန်ကို ချဉ်းကပ်ရာ၌ ကုရ်အာန် ၏ လမ်းညွှန်ချက်နှင့် ကိုက်ညီ မှသာ ကုရ်အာန်ကပေးသော အသိတရားကို ရရှိနှိုင်မည်ဖြစ်သည်။ ကုရ်အာန်ကို ချဉ်းကပ် ရာ၌ မည် ကဲ့သို့ ချဉ်းကပ်ရမည်ကို ကုရ်အာန်၅၆း၇၉ တွင် လမ်းညွှန်ထားသည်။
(ကုရ်အာန်သည် အဖြူထည်သက်သက် ဖြစ်သူတို့မှအပ အခြားသူများ အတွက်အာနိသင် ရှိမည်မ ဟုတ်ပေ။)
အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။
ဦးစိုးလွင် (ငြိမ်းချမ်းလျှပ်စစ်)
အစ္စလာမ့်ရေစီးကြောင်းမှ တာတမံ ခုလုတ်ကသင်းများ(၁၀)
ကုရ်အာန်ပါ တမန်တော်
ယခုဖေါ်ပြမည့် အကြောင်း အရာသည် တုနှိုင်းမဲ့ကိုးကွယ်ရာ အရှင်က ကျမ်း မြတ်ကုရ်အာန်တွင် “ကိယာမသ်” နှင့် စပ်လျင်း၍ စကြဝဠာ တစ်ခုလုံးသို့ တမန်တော်မုဟမ္မဒ်၏ နှုပ်ဖြင့် ကျေညာခိုင်း သော တုနှိုင်းမဲ့ ကိုးကွယ်ရာ အရှင်၏ဗျာဒိတ် နှုပ်ထွက်စကား ဖြစ်သည်။ (သို့မဟုတ်) အလ္လာဟ်က ပြောသော ကေ ယာမသ် အကြောင်းဖြစ်သည်။
ကုရ်အာန်တွင် ကိယာမသ်နှင့် စပ်လျဉ်းပြီး (အသ်ဆားအ) အချိန်ဟူ၍ ၄၇ ကြိမ်ဖော်ပြ ထားသကဲ့သို့ (အလ်ကိယာမသ်) ပြန်လည်ရှင်ထခြင်းဟူ၍ (၇၁)ကြိမ် ဖော်ပြ ထားသည်။ အလားတူ (အလ်ယောင်းမ်) (ယောင်းမဟ်) (ယောင်းမုကွမ်) (ယောင်းမဟွမ်) (အိုက်ယမ်) (ယောင်းမအေ့ဇင်) ပြန်လည်ရှင် သန်ရမည့်နေ့ ဟူ၍ (၄၇၃)ကြိမ် ပါဝင်သည်။ ဤသည် ကိယာမသ်နှင့် စပ်လျဉ်းပြီး အသုံးများသော  လူတိုင်းသိထား သည့်ဝေါဟာရ အကြိမ်ပေါင်း (၅၉၁)ကိုသာ ဖေါ်ပြခြင်း ဖြစ်သည်။ ကုရ်အာန်တွင် ကိယာ မသ်နှင့်ဆိုင်သော အခြား ဝေါဟာရများ နှင့်လည်း  များစွာသုံးထားသေးသည်။
ကုရ်အာန်တွင် ကိယာမသ်နေ့သည် မည်သည့် အတိတ်နိမိတ်မျှ မရှိဘဲ ရုတ် တရက် လူသားများ မမျှော်လင့်ထားသော အချိန်တွင် ဆိုက်ရောက်လာ မည်ဖြစ်သည်။ ကိယာ မသ်နေ့ ဆိုက်ရောက် လာချိန်တွင် ကမ္ဘာကြီးရှိ အချို့သော အစိတ်အပိုင်းတွင် လူ သားများ အိပ်မောကျလျက် ရှိကြပြီး အချို့သော အစိတ် အပိုင်းတွင် လူသားများ သွားလာ လှုပ်ရှား ဆော့ကစားနေစဉ် မမျှော်လင့်ဘဲ ရုတ်တရက် ကေယာမသ် ဖြစ်မည်။ ဤသည် သိပ္ပံခေတ်ရောက်ရှိမှ လူသားများထင်ထင်ရှားရှား သိရှိကြသော ကမ္ဘာ ကြီးတွင် အ ချို့အစိတ်အပိုင်းတွင် နေ့ ဖြစ်၍ အချို့အစိတ်အပိုင်းတွင် ညဉ့်ဖြစ်သည် ဟူသော အကြောင်းကို ဗျာဒိတ်ထား ခြင်းဖြစ်သည်။ ကုရ်အာန် ၇း၎၊ ၉၇၊ ၉၈။
ကုရ်အာန်တွင် ကေယာမသ်သည် လူသားများ လုံးဝမျှော် လင့်မထားသော ရုတ်တရက် (ဘဂ်ဒသန်) ဟူသောအရဗီဝေါဟာရဖြင့် (၁၃) ကြိမ်သုံးထားပေသည်။ ကုရ်အာန်၆း ၃၁၊ ၄၄၊၄၇။ ၇း၉၅၊၁၈၇။ ၁၂း၁ဝ၇။၂၁း၎ဝ။ ၂၂း၅၅။ ၄၃း၆၆။ ၄၇း၁၈။၂၆း၂ဝ၂။ ၂၉း၅၃။ ၃၉း၅၅။
ကုရ်အာန်တွင် ကိယာမသ်နှင့် စပ်လျဉ်းပြီး ကိုးကွယ်ရာအရှင်မှလွဲ၍ မည်သူ မျှ မသိနိုင် ဟူ၍ ၇း၁၈၆၊၁၈၇။ ၃၁း၃၄။ ၃၃း၆၃။ ၃၄း၂၉ ၃ဝ။  ၄၂း၁၇။ ၄၃း၆၁၊ ၈၅။ ၇၉း၄၂-၄၃။ ၁၆း၇၇ တို့တွင် ပြဌာန်းထားပြီးဖြစ်သည်။ ထိုဖော်ပြပါ ဗျာဒိတ်များအနက် ၇း၁၈၆-၁၈၇။ ၁ဝး၄၈-၄၉ တို့ကို တင်ပြရုံဖြင့် ကိယာမသ် နှင့် စပ်လျင်း၍  တမန်တော်က ကြို တင် ပြောဆို ပိုင်ခွင့်ရှိမရှိကို ကွက်ကွက်ကွင်းကွင်း သိရှိနှိုင်မည်။
၇း၁၈၇။ (အို-တမန်တော်၊ ကိယာ မသ်နှင့် စပ်လျဉ်းပြီး အသင့်အား မေးမြန်းစုံစမ်းလာပါက အသင်ဤသို့ ပြောကြားပါလေ။ ကိယာမသ်နှင့် စပ်လျဉ်း သော အသိတရားသည် ငါ့အားမွေးမြူ ဖန်ဆင်းသော အရှင်တစ်ဦးတည်း ထံ၌သာရှိသည်။ ကိယာမသ်နှင့် စပ်လျဉ်း သော ကိစ္စရပ်ကို ထိုအရှင်မှလွဲ၍ မိုးကောင်းကင်များနှင့် ကမ္ဘာမြေတွင် မည် သူ တစ်ဦး တစ်ယောက်ကမျှ ထင်ရှားစေ နှိုင်မည်မဟုတ်။ ကိယာမသ်သည် အသင်တို့ထံသို့ မည်သည့် (အတိတ်နိမိတ်မျှမရှိဘဲ) ရုတ်တရက်ဆိုက်ရောက် လာ မည်ဖြစ် သည်။ အသင်သည် ကိယာမသ်နှင့် စပ်လျဉ်းပြီး ကောင်းစွာလေ့လာ သိရှိထားမည်ဟု ထင်မှတ်၍ အသင့် အား မေးမြန်းလာပါ က ကိယာမသ်နှင့် စပ်လျဉ်းသော အသိတရားသည် တုနှိုင်းမဲ့ကိုး ကွယ်ရာအရှင် တစ်ဦးတည်း ထံ၌သာ ရှိသည်ဟု အသင်ပြော ကြားပါလေ။ သို့သော်ငြားလည်း များစွာသော သူတို့သည် ထိုအချက်ကို သိနား လည်မှု မရှိကြပေ။
၇း၁၈၈။ (ကိယာမသ်နှင့်စပ်လျဉ်းပြီး အသင့်အားမေးလာပါက ။ ငါ၏အကျိုး ဖြစ်ထွန်းမှုနှင့် ငါ၏ဆုံးရှုံးမှု ဟူသရွေ့တို့ကိုပင် ငါမ ပိုင်။ တုနှိုင်းမဲ့ကိုးကွယ်ရာ အရှင်၏ အလို ကျ သာ ဖြစ်တော်မူ၏။ အကယ်၍သာ ငါသည်အကွယ်ကိုသာ ကြိုတင်သိရှိ ခဲ့ပါလျှင် ငါ့ဘဝတွင် ဆင်းရဲဒုက္ခဟူ၍ ရောက်ရှိလာမည် မဟုတ်ဘဲ ကောင်းကျိုး ချမ်း သာ မှု သာလျှင် ရောက်ရှိ လာပေ မည်။ ငါသည် သက်ဝင်ယုံကြည်သူ များအတွက် သတိပေးနှိုးဆော်သူ တစ်ဦးအဖြစ်နှင့် လည်းကောင်း၊ သတင်း ကောင်း ပေးသူအဖြစ် လည်း ကောင်း ရောက်ရှိလာသူ တစ်ဦးသာဖြစ်သည်ဟု အသင်ဖြေ ကြားလိုက်ပါ။)
မယုံကြည်သူများက ကေယာမသ်နှင့် စပ်လျှင်း၍ မွတ်စလင်မ်ကို မေးမြန်း ခြင်းနှင့် စပ်လျှင်းပြီး ၁ဝး၄၈- ၁ဝး၄၉ တွင်-
(အသင်တို့သည် မှန်ကန်သူများ ဖြစ်ကြပါမူ ကိယာမသ်ဟူသော ချိန်းချက် ထားသည့်နေ့သည် ဘယ်တော့ရောက်ရှိ လာမည်နည်းဟု မေးမြန်းကြ သည်။)
(အသင်ပြောကြားလိုက်။ ငါသည် ပင်လျှင် ငါ၏ဆိုးယုတ်မှုနှင့် အကျိုးဖြစ်ထွန်းမှု ကိုမပိုင် တုနှိုင်းမဲ့ကိုးကွယ် ရာအရှင်၏ အလိုကျဖြစ်သည်။)
ဤသည် ကိယာမသ်နှင့် စပ်လျဉ်းပြီး ဗျာဒိတ်ပေါင်း ၅၉ဝ ကျော်အနက် ဗျာ ဒိတ်လေးပိုဒ်ကို ဖေါ်ပြခြင်းဖြင့် တမန်တော်မုဟမ္မဒ်သည် ကိယာမသ်နှင့် စပ်လျဉ်းပြီး ပြောပိုင်ခွင့် ဟောပိုင်ခွင့် သိရှိ ပိုင်ခွင့် ခန့်မှန်းပိုင်ခွင့်ရှိသည် မရှိသည်ကို ထင်ရှားစွာ မြင်တွေ့ နိုင်မည် ဖြစ်သည်။
ကုရ်အာန်ပါ ကိယာမသ်၏ သဘောသဘာဝ သည်ပင်လျှင် မည်သည့် အတိတ်နိမိတ်မျှ မရှိဘဲ ရုတ်တရက် ဆိုက်ရောက် မည်ဖြစ်သည်။ ထိုကိယာမသ်နှင့် စပ်လျဉ်း၍ တုနှိုင်း မဲ့ ကိုးကွယ်ရာ အရှင်မှလွဲ၍ မိုးကောင်းကင်များနှင့် ကမ္ဘာမြေတွင် မည်သူမျှ မသိ နိုင်ဟူသော အရှင်၏နိယာမ ကိစ္စရပ်နှင့် စပ်လျဉ်းပြီး တမန်တော် မုဟမ္မဒ်သည် မည်ကဲ့သို့ ကြိုတင်နိမိတ် ဖတ်မည်နည်း။ ကိယာမသ်နှင့် စပ်လျဉ်း၍  တုနှိုင်းမဲ့ကိုးကွယ် ရာအရှင်မှလွဲ၍ မည်သူတစ်ဦးတစ် ယောက်ကိုမျှ ပြောပိုင်ခွင့်၊ သိပိုင်ခွင့်၊ ခန့်မှန်းပိုင်ခွင့် ဟူ၍ ပေး ထားခြင်း အလျှင်း မရှိကြောင်းကို အထက်ပါ ဗျာဒိတ်ကို ဖတ်ဖူးသူတိုင်း သိနှိုင်ပေသည်။
တမန်တော်က ကိယာမသ်နှင့် စပ်လျဉ်း၍ ကြိုတင်နိမိတ် ဖတ်ခဲ့သည်ဟု ပြောဆိုခြင်းပင်လျှင် တမန်တော်အား ကုရ်အာန်ပါဥပဒေနှင့် ဆန့်ကျင်သည်ဟု စွပ်စွဲပြောဆိုသကဲ့သို့ ဖြစ်နေပေသည်။ ကုရ်အာန် ၆၉း၄၃-၄၄-၄၅ တို့တွင်၊
(ကုရ်အာန်သည် တုနှိုင်းမဲ့ ကိုး ကွယ်ရာအရှင် ထံမှဖြစ်သည်။ တမန်တော်က ကုရ်အာန်နှင့် ဆန့်ကျင်၍အနည်းငယ် ပြောဆိုခဲ့ပါမူ ငါအရှင်သည် တမန်တော်၏ နှလုံးသွေး ကြောအား ဖြတ်တောက်ပြစ် မည်ဟုမိန့်ဆိုထား ခြင်းဖြင့် တမန်တော်က ကုရ်အာန်နှင့် ဆန့်ကျင်သော မည်သည့်စကားကိုမျှ ပြောဆိုခဲ့ခြင်းအလျှင်းမရှိ ခဲ့ကြောင်းကို တု နှိုင်း မဲ့ကိုးကွယ်ရာအရှင်က အာမခံ ထားပြီးဖြစ်သည်။
ထိုကဲ့သို့ ကျမ်းမြတ်ကုရ်အာန်နှင့် ဖီလာဆန့်ကျင်နေသော အယူဝါဒများသည် အစ္စလာမ့် ဥပဒေများအဖြစ် ခေတ်အဆက်ဆက် ပူးကပ်စိမ့်ဝင်လာခဲ့သည်။ ထိုကျမ်းမြတ် ကုရ် အာန်နှင့် ဆန့်ကျင် သော အယူဝါဒများသည် သာမန်မွတ်စလင်မ်များ အတွင်း တွင်မက မွတ်စလင်မ်များ၏ ရှေ့ဆောင် ဆရာတော်ကြီးများ ၏ နှစ်လုံးသည်းပွတ်များ အ တွင်း သို့ပင် အစ္စလာမ့်ယုံကြည်မှု ဥပဒေများအဖြစ် ခေတ်အဆက်ဆက် အခြေခိုင်စွာ နေ ရာယူထား ပြီးဖြစ်သည်။ ထိုသို့သော အကြောင်းများကြောင့် ယနေ့ ခေတ် တွင် ကျမ်း မြတ်ကုရ်အာန်ကို လေ့လာလိုက် စားသော ဆရာတော်ကြီးများ ပင်လျှင်မရှိတော့ပါဟု ဆိုရတော့မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သာမန်မွတ် စလင်မ် တစ်ဦး သည်ပင်လျှင် ကျမ်းမြတ်ကုရ်အာန်ကို မိမိနားလည်သော ဘာသာစာပေဖြင့် တစ်ခါဘူးလောက် ဖတ် ကြည့်မည် ဆိုပါက တမန်တော်မြတ်သည် ကေယာမသ်နှင့် စပ်လျှင်း၍ ကြိုတင်ပြောပိုင်ခွင့် ကြိုတင်ခန့်မှန်းပိုင်ခွင့် ဟူ၍ လုံးဝမရှိကြောင်းကို ထင်ရှားစွာတွေ့ရှိ နှိုင်မည်ဖြစ်သည်။
ကုရ်အာန်တွင် ဖေါ်ပြထားသော တမန်တော်သည် သာမန်လူသား များကဲ့သို့ မည်သည့် ကိစ္စကိုမျှ မိမိ၏ ထင်မြင်ယူဆချက် အရပြောဆိုခြင်း ပြုလုပ်ကျင့်ကြံ ခဲ့ခြင်းဟူ၍ အ လျှင်းမရှိခဲ့ပေ။ ထိုကဲ့သို့ ပြောဆိုခွင့် ပြုပိုင်ခွင့်လည်း မရှိပေ။ တမန်တော်သည် သာ မန် စားသုံးဖွယ်ရာကိုပင် နောင်မစားတော့ ပါဟုပြော ပိုင်ခွင့် မရှိကြောင်းကို -ကုရ် အာန်  ၆၆း၁ တွင်-
(အိုတမန်တော် အသင်သည် မည် သည့်အကြောင်းကြောင့် ငါအရှင်က အသင့်အတွက် စားခွင့်ပြုထားသော အရာကိုအသင့် ဇနီးများ၏ အလိုကျတား မြစ်ပိတ်ပင်မှု ပြုရသ နည်း) ဟူ၍ ချက်ချင်း ဗျာဒိတ်ချ၍ သတိပေးခဲ့သည်။ အလားတူ ကုရ်အာန် ၁၈း၂၃-၂၄ တွင်-
(အသင်သည် (အင်ရှာအလ္လာဟ်) အရှင်အလိုတူလျှင်ဟု မဆိုဘဲနှင့် နက်ဖြန်ပြုလုပ်မည် ဟူ၍ ဘယ်သောအခါမျှ မပြောဆိုလေနှင့်) ဟုတားမြစ်ထားသည်။ ထိုဗျာဒိတ် နှစ်ခု နှင့်ပင် တမန်တော်သည် လူသားသဘာဝ အနည်းငယ်မေ့မှား ပြောဆိုမိ သည် ကို ပင် ချက် ချင်းသတိပေး ဗျာဒိတ်ချပေးခဲ့သည်။
ကုရ်အာန်တွင် ကေယာမသ်နှင့် စပ်လျှင်း၍ တုနှိုင်းမဲ့ကိုးကွယ်ရာ အရှင်မှလွဲ ၍ မည်သူမျှ မသိနှိုင်ကြောင်းကို တမန်တော်၏ နှုပ်ဖြင့်ကျေညာခိုင်း ခြင်းဖြစ်သည်။ ထိုကဲ့သို့ ကျေညာခိုင်းရာ၌ လည်း  တစ်ကြိမ်တစ်ခါတည်း မဟုတ်ပေ အကြိမ်ပေါင်း ငါးရာ ကျော်ဖြစ်သည်။ သို့ပါလျှက် ကုရ်အာန်၏ အခြေခံဥပ ဒေနှင့် တက်တက်စင် လွဲမှားနေသော အယူဝါဒများကို တမန်တော်က ပြောဆိုခဲ့ပါသည်ဟု ဆိုခြင်းသည် မွတ်စလင်မ် များ အတွင်းကုရ်အာန်ကို အဓိပ္ပါယ်ဖြင့် နားလည်သဘောပေါက်စွာ ဖတ်သူများပင် မရှိတော့ ပါဟု ရိုးသားစွာဆိုရ တော့မည်ဖြစ်သည်။ ကုရ်အာန် ၂၅း၁ တွင်-
(ထိုအရှင်သည် (ဖုရ်ကာန်) အမှားနှင့်အမှန်ကို ခွဲခြားနှူိင်ရန် မှတ်ကျောက်အဖြစ် ကျမ်းမြတ်ကုရ်အာန်ကို မိမိ၏ကျေးကျွန်အပေါ်သို့ ချပေးခဲ့ခြင်းမှာ စကြ၀ဋ္ဌာတစ်ခု လုံးအ တွက် သတင်းကောင်းဖြစ်ပေသည်)
အစ္စလာမ်သာသနာ အတွင်းသို့ ၀င်ရာက်ပူးကပ်လာသော အယူဝါဒ ဟူသ၍ တို့ကို ကုရ်အာန်၏ စံချိန်စံညွှန်းဖြင့် စမ်းစစ်ရမည်မှာ မွတ်စလင်မ်များ အတွက်တာဝန် တစ်ရပ် ဖြစ်သည်။ သာပို၍ တာ ၀န်ရှိသူများမှာ မွတ်စလင်မ်အများစုကို ဦးဆောင်သော ဆရာတော်ကြီးများဖြစ်သည်။ အစ္စလာမ်သာသနာ အတွင်းသို့ ကုရ်အာန်နှင့် ဆန့်ကျင် သော အခြားအယူဝါဒ များကိုလည်း ဆက်လက်ဖေါ်ပြ၍ ကျမ်းမြတ်ကုရ်အာန်၏ စံချိန်စံညွှန်း မှတ်ကျောက်ဖြင့် ယှဉ်တွဲ ဖေါ်ပြပါဦးမည်။
အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။
ဦးစိုးလွင် (ငြိမ်းချမ်းလျှပ်စစ်)
အစ္စလာမ့်ရေစီးကြောင်းမှ တာတမံ ခုလုတ်ကသင်းများ(၉)
ဟာဒစ်သမိုင်းကျမ်းပါ တမန်တော်
ကုရ်အာန်က ဖေါ်ပြသော တမန်တော်သည် ကုရ်အာန်၏ လမ်းညွှန်ချက်များ နှင့် ထပ်တူထပ်မျှ ဖြစ်နေသော ကုရ်အာန်ပုံတူ လူသား တစ်ဦးဖြစ်သည်။ တမန်တော်နှင့် ကုရ်အာန်သည် တစ်သွေး တည်း တစ်သားတည်း ဖြစ်တည် နေမှုကြောင့် တမန်တော်သည် ကိုယ်ကျင့်တရားအရာတွင် အကောင်းဆုံးဖြစ် သည်။ မေတ္တာအရာတွင် သူမတူအောင် စွမ်းနှိုင်သူဖြစ်သည်။ တမန်တော်သည် မွတ်စလင်မ်များ၏ စံပြရှေ့ဆောင် ဖြစ်သည်။ မွတ်စလင်မ်များသည် တမန်တော်ကို စံထား၍ တမန်တော့်နည်းတူ ကုရ်အာန်က ညွှန်ကြား ပြသသော ပုံစံခွက်ထဲသို့ မိမိတို့၏ ကိုယ်စိတ်နှလုံး သုံးပါးစလုံးကို ထည့်သွင်း သွန်းလောင်း ပုံဖေါ်ရန် (ကုရ် အာန်၇း၂၀၃ နှင့် ၃း၃၁ ) တို့က လမ်းညွှန်ပြဌာန်းထားသည်။
(အို-တမန်တော်) ၄င်းတို့အား အသင်ဤသို့ ပြောကြားပါလေ၊ (အချင်းတို့) ငါသည်ငါ၏ အရှင်ထံမှ ဗျာဒိတ်အဖြစ် ချပေးခဲ့သော ကုရ်အာန်အတိုင်း သာ ဖဝါးထပ်တူ လိုက်နာကျင့်သုံး ဘဝတည်ဆောက် သူဖြစ်သည်။ ထိုကုရ်အာန် သာလျင် အသင်တို့၏ အရှင်ထံမှ သက်သေ လက္ခဏာဖြစ်သည်။ ထို့ပြင် သက်ဝင်ယုံကြည် သူများအတွက် ဘဝလမ်းညွှန်မှုနှင့် ကရုဏာလည်း ဖြစ် သည်။)
(အို-တမန်တော်) ၄င်းတို့အား အသင် ဤသို့ပြောကြား လိုက်ပါလေ။ (အချင်းတို့) အသင်တို့သည် တုနှိုင်းမဲ့ကိုးကွယ်ရာ အရှင်အား ချစ်ကြောက် ရိုသေခန့်ညား ကြသူများ ဖြစ်ကြပါလျှင် ငါ၏နည်းတူ ကုရ်အာန်အတိုင်း ဖဝါးထပ်တူ ဘဝတည်ဆောက်ကြ။ သို့မှသာ တုနှိုင်းမဲ့ ကိုးကွယ်ရာ အရှင်က အသင်တို့အား ချစ်ခင်မြတ်နိုး တော်မူမည်ဖြစ်သည်။)
ကုရ်အာန်၇း၂၀၃နှင့် ၃း၃၁တို့က တမန်တော်သည် ထာဝရ အရှင်အပေါ် (သ၀က္ကလ်) ပုံအပ်မှု၊ တမန်တော်နှင့် ထိုအရှင်၏စပ်ကြား စိတ်ကွယ်ရာမရှိမှု၊ တမန်တော်၏ ထိုအရှင့်အပေါ် အား ကိုးစိတ်၊ တမန်တော်၏ ထိုအရှင်တစ်ပါး တည်းထံမှအကူအညီ တောင်းခံစိတ်၊ တမန်တော်၏ ထိုအရှင်တစ်ပါး တည်း ထံမှသာ လွတ်ငြိမ်းချမ်းသာ မှုကိုမျှော်လင့်စိတ်၊ တမန်တော်၏ ထိုအရှင်သာလျှင် အရာရာကို စွမ်းဆောင် နှိုင်သည်ဟူသော ယုံကြည်စိတ်၊ တမန်တော်၏ လူသားတစ်ရပ်လုံး အပါအ၀င် သတ္တ၀ါများအပေါ် မေတ္တာထားနှိုင်မှု၊ ဟူသော တမန်တော်၏ ကိုယ်စိတ်နှလုံး သုံးပါးစလုံးကို အတုယူ၍ ဘ၀တည်ဆောက်ရမည်ဟု ပြဌာန်းထားသော ဗျာ ဒိတ်များဖြစ်သည်။
သို့ရာတွင် များစွာသော မွတ်စလင်မ် ဆရာတော်ကြီးများ၏ မွတ်စလင်မ်များ အတွက် ဘဝလမ်းညွှန် ကျမ်းများတွင် တမန်တော်ကို စံထားရာ၌ တမန်တော်၏ သွားလာပြောဆို စားသောက် နေထိုင် ဝတ်စားဆင်ယင်ပုံ ဟူသော ဟဒီးဆ် သမိုင်းကျမ်းများပါ တမန်တော်၏ ပြင်ပ ရုပ်ပိုင်းဆိုင်ရာ ဓလေ့ထုံး တမ်းများသည် မွတ်စလင်မ်များ အတွက် အရေးပါသော ဥပဒေများဖြစ်လာသည်။
ဖော်ပြပါ ထိုပညာရှိများ၏ အရိုက်အရာကို ဆက်ခံလာကြသော မျိုးဆက် သစ်ပညာရှင်များ လက်ထက်တွင် ကုရ်အာန်သည် နှုပ်တိုက် အသံထုတ်ရုံ သက်သက် ဖတ်ရွတ်ရသော တုနှိုင်းမဲ့ကိုး ကွယ်ရာ အရှင်၏ ဗျာဒိတ်ကျမ်းဖြစ်သည်။ ဟဒီးဆ် သမိုင်းကျမ်းများသည် “ စွန္နဟ်” တမန်တော်၏ လက်တွေ့ဘဝ တည်ဆောက်မှု လမ်စဉ်ဖြစ်သည် ဟူသောအချက်ကို မွတ်စလင်မ်များ အတွက် “အီမာန်” သက်ဝင်ယုံ ကြည်မှု အဖြစ် တိုးမြှင့် ပြဌာန်းခဲ့ကြသည်။
ထိုသို့အားဖြင့် ဟဒီးဆ်သမိုင်း ကျမ်းများကို အဓိက ဘာသာရပ် အဖြစ်ဘာ သာရေး ကျောင်းများတွင် သင်ကြားပေးသော ပညာရေး စနစ်ကြီး လွှမ်းမိုးလာခဲ့သည်။ ထိုဟဒီးဆ် သမိုင်းကျမ်းတတ် ပညာရှင်များသည် ဘာသာရေးဆိုင်ရာ ကိစ္စဟူသ၍ကို မြင်တွေ့ ကြည့်ရှု ကြရာ၌ ဟဒီးဆ်သမိုင်း ကျမ်းများ၏ အမြင် ရှုဒေါင့် တစ်ခုတည်းမှ မြင်တတ် ကြည့်တတ်သော အလေ့အထ များသည် အစ္စလာမ့်အခြေခံ ဥပဒေတစ်ရပ် အဖြစ် လွှမ်းမိုးလာခဲ့သည်။ ထိုအချိန်မှ စတင်၍ ကုရ်အာန်ပါ တမန်တော်နှင့် ဟဒီးဆ် သမိုင်းကျမ်းများပါ တမန်တော်သည် လုံးဝဥဿုံ ကွဲပြားခြားနားခဲ့ လေတော့သည်။ ထိုကွဲပြား ခြားနားချက် များကို ယှဉ်တွဲဖော်ပြရပါမည် ဆိုပါ က—-
သမိုင်း ဆရာများ၏ ဖော်ပြချက်အရ တမန်တော် မုဟမ္မဒ်၏ မိန့်ဆိုချက်များ တွင် ၄င်းယူဆောင် လာခဲ့သော အစ္စလာမ် သာသနာကို ထိန်းသိမ်း စောင့်ရှောက် ရန်အတွက် နှစ်တစ်ရာ ပြည့်တိုင်း သာသနာကို ပြန်လည် ထိန်းသိမ်းမည့် (မူဂျဒ္ဒစ်ဒ်) အလင်းရပုဂ္ဂိုလ် တစ်ပါး၊ တစ်ပါးပွင့်မည်။ ထိုအလင်းရ ပုဂ္ဂိုလ် များက သာသနာကို ပြန်လည် ထိန်းသိမ်း၍ မွတ်စလင်မ်များကို လမ်းမှန် ပြမည်။
ကမ္ဘာကြီး ပျက်သုဉ်းရန် နီးကပ်လာလျှင် ယာဂျွဒ်နှင့် မာဂျွဒ်ဟူသော အန္တရာယ် သတ္တ၀ါများကို နှိမ်နင်းရန်အတွက် အေမာမ်မဲဟ်ဒီ ရောက်ရှိလာမည်။ သမိုင်းကျမ်းများ၏ ဖော်ပြချက်တွင် အေမာမ် မဲဟ်ဒီသည် အခြားသူမဟုတ်။ တမန်တော်မုဟမ္မဒ် ကိုယ်တော်တိုင်ပင်ဖြစ်နိုင်သည်။ အဘယ်ကြောင့် ဆို သော် သမိုင်းကျမ်းပါ တမန်တော် မုဟမ္မဒ်ပြောသော မဲဟ်ဒီသည် တမန်တော် မုဟမ္မဒ်တွင် ရှိနေသော အရည်အချင်း များတွင်မက ၄င်း၏ မိဘအမည် များသည်ပင် တမန်တော် မုဟမ္မဒ်၏ မိဘအမည်များနှင့် ထပ်တူထပ်မျှ ဖြစ်နေ သည်။ တမန်တော် မုဟမ္မဒ်က ထိုအကြာင်းကို ပြောကြားစဉ် မဟာသာဝက တစ်ဦးက တမန်တော်မုဟမ္မဒ်အား အေမာမ်မဲဟ်ဒီတွင် ရှိနေသော အရည်အချင်း အားလုံးသည် တမန်တော်မုဟမ္မဒ် နှင့်ခွဲခြား မရအောင် တူနေသည့့် အတွက် ကေယာမသ်နီးလျှင် တမန်တော်မုဟမ္မဒ် ကိုယ်တော်တိုင် အေမာမ်မဲဟ်ဒီအဖြစ်နှင့့် ပြန်လည်ရောက် ရှိလာ မည် မဟုတ်သလော ဟူ၍ မေးခွန်းမေးခဲ့သည်။ ထိုအခါ တမန်တော်က အဖြေမပေးဘဲ ထိုထိုင်ဝိုင်းမှ ထွက်ခွါသွား သည်။ ဤသည့် အချက်ကို ထောက်ရှု၍ များစွာသော ရှေးပညာရှိများက ကေယာမသ်နီးလျှင် အေမာမ်မဲဟ်ဒီအဖြစ် ရောက်ရှိလာမည့် သူသည် တမန်တော် ကိုယ်တိုင် ဖြစ်နှိုင်သည်ဟု ယုံကြည် ကြသည်။
မဲဟ်ဒီသည် ယာဂျွှဒ်နှင့် မာဂျွှဒ်များကို နှိမ်နင်းအပြီးတွင် (ဒဂ်ျဂျလ်)ဟူသော မိစ္ဆာကောင်ကြီး ပေါ်ပေါက်လာဦးမည်။ ထို(ဒဂ်ျဂျလ်) မိစ္ဆာကောင်ကို နှိမ်နင်းရန်အတွက် မိုးလေးထပ်ပေါ်တွင် အ သက်ရှင်သန် လျက်ရှိသော တမန်တော်အီဆာသည် ဒမတ်စကတ်မြို့ ဂျာမေဝတ်ကျောင်းပေါ်ရှိ “မီနာရသ်” သို့ ကောင်းကင်တမန် နှစ်ဦးနှင့်အတူ ဆင်းသက်လာမည်။ ထို“မီနာရသ်”မှ လှေခါး တောင်း၍ ဆင်းလာမည်။
(မိုးလေးထပ် မှ “မီနာရသ်”ထိ ခရီးသည် ကောင်းကင်ဘုံနှင့် ဆိုင်သော ခရီး စဉ်ဖြစ်၍ ကောင်းကင် တမန်များ၏ အကူအညီဖြင့် ဆင်းသက် လာခြင်းဖြစ်သည်။ “မီနာရသ်”မှ ဝတ်ကျောင်းအတွင်း သို့ ဆင်းသက်ရာတွင် လောကီနှင့် ဆိုင်သောခရီး ဖြစ်၍ လူသားသဘာဝ လှေခါးနှင့်ဆင်းသက်ခြင်း ဖြစ်ကြောင်း နောက်ပိုင်း ဟဒီးဆ်သမိုင်း ပညာရှင်များက ထပ်ဆင့် ရှင်းလင်း ဖေါ်ပြထားသည်။)
ထိုအချိန်တွင် အေမာမ်မဲဟ်ဒီက အဆွရ်ဆွလာသ် ဝတ်ပြုရန် အဆင်သင့် ဖြစ်နေသည်။ တမန်တော် အီဆာကို မြင်တွေ့သော အေမာမ်မဲဟ်ဒီက အဆွရ်ဆွလာသ်ကို ဦးဆောင်ရန် မေတ္တာရပ်ခံ မည်။ ထိုအခါ တမန်တော်အီဆာက ကျွန်ုပ်လာခြင်းသည် ဆွလာသ်ကို ဦးဆောင်ရန်မဟုတ်၊ (ဒဂ်ျဂျလ်) မိစ္ဆာကောင် ကို နှိမ်နင်းရန်ဖြစ်သည်။ တမန်တော်အီဆာသည် (ဒဂ်ျဂျလ်) ကိုသတ်၍ နှစ်ပေါင်းများစွာ လောကတွင် ရှင်သန်နေ ထိုင်ဦးမည်။
တမန်တော်အီဆာ အိမ်ထောင်ကျမည် နောက်ပိုင်းသေဆုံးသွားမည်။ ထိုကဲ့ သို့ နဗီတစ်ပါးဖြစ်သော တမန်တော်အီဆာ သေဆုံးပါက မြေမြှုပ်ရန်အတွက် ဟဒီးဆ်သမိုင်းကျမ်းများ အဆိုအရ၊ တမန်တော် မုဟမ္မဒ်၏ မှာကြားမှုဖြင့် မဒီနာရှိ တမန်တော်မုဟမ္မဒ်၏ (ရောက်ဿွာ) သင်းချိုင်းဘေးတွင် တမန်တော် အီဆာကို မြှုတ်နှံရန်အတွက် တမန်တော် အီဆာဟူသော အမည်ကို ရွှေအတိဖြင့် ကဗျည်းအက္ခရာတင်၍ သင်းချိုင်း နေရာ ကြိုတင်ယူထားသည်ကို မဒီနာသို့ ရောက်ဖူး သူတိုင်း မြင်တွေ့ ကြရသည်။
ဖေါ်ပြပါ သမိုင်း ကျမ်းများတွင် ပါဝင်သော အကြောင်းအရာများသည် တမန် တော်မုဟမ္မဒ်၏ ကြိုတင် ပြောကြားချက် များစွာအနက်မှ အချို့သာဖြစ်သည်။ ထိုအကြောင်း အရာများကို ယုံကြည် မှသာ စစ်မှန်သော အစ္စလာမ် သာသနာကို လက်ခံ ယုံကြည်သော မွတ်စလင်မ်ဖြစ်မည်။ ထိုအကြောင်းအရာကို မယုံကြည်ပါက စစ်မှန်သော မွတ်စလင်မ် မဖြစ်နှိုင်ဟူ၍ မွတ်စလင်မ်အများစုကို ရှေ့ဆောင်သော မွတ်စလင်မ်ဆရာ တော်ကြီးများ၏ ဥပဒေများ တွင်ပြဌာန်းထားသည်။
(ကိယာမသ်၏ အတိတ်နမိတ်များ ဆိုင်ရာကျမ်းကို၊ (ကွယ်လွန်သူ) ဆရာ တော်ကြီး အလ်အဇ်ဟရ် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မုဟမ္မဒ် ဿန်သာဝီ၏ (အကီဒါ-ဝါ- အတ်ခလာက်) အရဗီ မူရင်းကျမ်းမှ အနည်းငယ်ကို ကောက်နှုပ်ဖေါ် ပြသည်။
ဆက်လက်၍ (အစ္စလာမ့်ရေစီးကြောင်းမှ တာတမံခုလုတ်ကသင်းများ(၁၀) တွင်ကုရ်အာန်ပါ တမန် တော်အကြောင်းကို  -
အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။
ဦးစိုးလွင် (ငြိမ်းချမ်းလျှပ်စစ်)
အစ္စလာမ့်ရေစီးကြောင်းမှ တာတမံ ခုလုတ်ကသင်းများ(၈)
တမန်တော်မုဟမ္မဒ်ကို မြင်တွေ့ကြရာ၌
အဟ်လေဟဒီးဆ် အခြေခံ မူဝါဒများကို ကုရ်အာန်ထက်ပို၍ လေ့လာလိုက်စား  လက်ခံယုံကြည် လာကြသော ယနေ့ခေတ်သစ် မွတ်စလင်မ် အများစုသည် တမန်တော်မု ဟမ္မဒ်ကို မြင်တွေ့ရာ ၌လည်းကောင်း၊ ကုရ်အာန် ကျမ်းမြတ်ကို မြင်တွေ့ကြရာ၌ လည်းကောင်း၊ အစ္စလာမ့် အတိတ်သမိုင်းများကို မြင်တွေ့ကြရာ၌ လည်းကောင်း၊ ဟဒီးဆ် ကျမ်းများပါ သမိုင်းရေး ဆရာများ၏ အဆိုအမိန့်  ရှုဒေါင့် အထွေထွေကို အခြေခံ၍ ဆန်းစစ်လက်ခံ ယုံကြည် လာကြသည်။
ထိုခေတ် အဆက်ဆက် ပေါ်ပေါက် လာခဲ့သော သ မိုင်းကျမ်းများပါ အဆိုအမိန့် များသည် ကျမ်းအချင်းချင်း အတွင်း၌ သော်လည်း ကောင်း  ကျမ်းတစ်ခုတည်း အတွင်းရှိ အဆိုအမိန့် အချင်းချင်း အတွင်း၌ သော်လည်း ကောင်း၊ ကွဲပြားဆန့့် ကျင်သော အဆိုပေါင်းများစွာ ပါဝင် လေသည်။ ထိုကွဲပြားဆန့်ကျင်သော မူဝါဒလမ်းစဉ်များကို ကျမ်းမြတ်ကုရ်အာန်ပါ  အခြေခံဥပဒေများထက် ပိုမိုလက်ခံ ယုံကြည်ကြသော ရှေ့ဆောင်မွတ်စလင်မ် ဆရာတော်ကြီးများသည်၊ ၄င်းတို့အချင်းချင်း အတွင်း၌ ငြင်းခုံလျှက် ဂိုဏ်းဂနပေါင်းများစွာ ပေါ်ပေါက်လာခဲ့ရသည်။ ထိုခေါင်းဆောင်များ၏ နောက်လိုက်အများ မွတ်စလင်မ်တို့သည်လည်း မတူညီသော ခေါင်းဆောင်များ၏ ဝါဒလမ်းစဉ်များ ကြောင့် အချင်းချင်း စိတ်ဝမ်းကွဲလျှက် စည်းလုံးညီညွတ်မှု ပြိုကွဲပျက်ဆီး ကြရသည်။
များစွာသော ရှေ့ဆောင် မွတ်စလင်မ် ဆရာတော်ကြီးများသည် ထိုကဲ့သို့ မတူညီသော ဂိုဏ်းဂနပေါင်း များစွာဖြစ်တည် လာရခြင်းကိုပင် တုနှိုင်းမဲ့ကိုးကွယ်ရာ အရှင်၏ မူလ ကတည်းက ချမှတ်ပြဠာန်း ပေးခဲ့ သော ဘဝတည်ဆောက်မှု ဥပဒေကြီးအဖြစ် စွဲကိုင်လာသူများ ဖြစ်လာကြသည်။ ထိုအစဉ် အလာကြီးသည် ခေတ်ကာလ ကြာ ညောင်း လာ သည်နှင့်အမျှ မွတ်စလင်မ်တို့၏ နှလုံးသည်းပွတ်တွင် ကုရ်အာန်၏ အဆင့်အတန်းသည်လည်း၊ စကြဝဠာဆိုင်ရာ စွယ်စုံဥပဒေကျမ်းကြီး အဖြစ်မှ လဘ်လာဘတိုးပွားရုံ သက်သက်သာ အသံထုတ် နှုပ်တိုက်ရွတ်ဆိုရသော “ဂါထာမန္တန်” ကျမ်းစာအုပ် အဆင့်သို့ ချမှတ်ယုံကြည်ခဲ့ကြလေသည်။
ယနေ့ မျက်မှောက် ခေတ်တွင် များစွာသော မွတ်စလင်မ် ဆရာတော် ကြီး များအတွင်း တွင် ကုရ်အာန်သည် လူ့ဘဝ တည်ဆောက်မှု လမ်းစဉ်ကြီး ဖြစ်သည်ဟူသော အချက် ကိုပင် သိရှိသူများ ရှားပါးသွားသည်ဟု ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် ထိုမွတ်စလင်မ် ဆရာတော်ကြီးများက မွတ်စလင်မ်များအတွက် ဟောကြားသော တရားများ ပြောကြားသော စကားများ ရေးသားသောစာအုပ်များ အားလုံးသည် ၄င်းတို့၏ ကျောင်းများမှ သင်ကြားပေးလိုက်သော ကျောင်းတော်ဝါဒများနှင့်  ဂိုဏ်းဂန၀ါဒများ သာဖြစ် သည်။ ၄င်းတို့သိရှိထားသော တမန်တော်မုဟမ္မဒ်နှင့် တုနှိင်းမဲ့ ကိုးကွယ်ရာအရှင်က ကုရ်အာန်တွင် ဖေါ်ပြထားသော တမန်တော်မုဟမ္မဒ်သည် လုံဝဥဿုံ ကွဲပြားခြားနား ချက်များရှိနေသည် ကိုတွေ့ရပေသည်။ တမန်တော်မုဟမ္မဒ်သည် ကုရ်အာန်အရ မည်သည့်လူသား တစ်ဦးတစ်ယောက်ကိုမျှ ၄င်း၏မျိုးးရိုးဗီဇ ဖြစ်သော အာရဗ် ရိုးရာယဉ် ကျေးမှု ဓလေ့ထုံးတမ်းများကို သင်ကြားပေးခဲ့ခြင်း အလျှင်းမရှိခဲ့ပေ။ ကုရ်အာန်၏ လမ်း ညွှန်ချက် ရောက်ရှိပြီး နောက်ပိုင်းတွင် ရှိရင်းစွဲ အာရဗ်ရိုး ရာယဉ်ကျေး မှု ဓလေ့ ထုံးတမ်း မြောက်များစွာကိုပင် ပယ်ဖျက်ခဲ့ကြောင်း ကုရ်အာန်၏ မှတ်တမ်းတွင် တွေ့ ရှိ ရ ပေသည်။
ကုရ်အာန်တွင် တမန်တော် မုဟမ္မဒ်သည် လူသားတစ်ရပ်လုံး အတွက် စံပြဖြစ်သည်။ ထိုစံအတိုင်း လူသားတစ်ရပ်လုံးက ဘဝတည်ဆောက် နှိုင် ကြရန်အတွက် တမန် တော် မုဟမ္မဒ်၏ အရည်အချင်း များကို မီးမောင်းထိုး ပြထားသည်။ ကုရ်အာန် ၆၈း၎တွင် –
(ဧကန်အမှန် အသင်သည် ကိုယ်ကျင့်တရား အရာ၌ အမွန်မြတ်ဆုံးဖြစ်သည်။) ကုရ်အာန်တွင် ထိုကဲ့သို့ တမန်တော် မုဟမ္မဒ်အား ဒုတိယ နာမ်စားသုံး၍ တုနှိုင်းမဲ့ကိုးကွယ် ရာ အရှင်က ”အသင်သည် ကိုယ်ကျင့်တရား အရာ၌ အမြင့်ဆုံးဖြစ်သည်။” ဟူသောအချက်သည် တမန်တော်မုဟမ္မဒ်ကဲ့သို့ (သို့မဟုတ်) တမန်တော် မုဟမ္မဒ်ထက် သာပို၍ ကိုယ် ကျင့်တရား ကောင်းသူဟူ၍ မရှိနိုင်ပေ။ ထိုကဲ့သို့ပင် ကုရ်အာန် ၂၁း၁ဝ၇ တွင် ”ငါအရှင်သည် အသင့်အား စကြဝဠာ အနန္တအဖို့ ဂရုဏာရှင် အဖြစ်နှင့်သာ စေလွှတ်ခဲ့ ခြင်း ဖြစ် သည်။”
ကုရ်အာန်တွင် တုနှိုင်းမဲ့ကိုးကွယ်ရာ အရှင်က မိမိကိုယ်မိမိ ”ရဗ်ဗွလ်အာလမီးန်” စကြ ဝဠာအနန္တ ကို ဖန်ဆင်းပြုစု ပျိုးထောင် တော်မူသော အရှင်ဟု သုံးစွဲ၍ တမန်တော်မု ဟမ္မဒ်အား ‘ရဟ်မသွလ်လိလ်အာလမီးန်’ စကြဝဠာအနန္တ အတွက် ကရုဏာရှင် ဟုသုံး စွဲဖေါ်ပြထားသည်။ တမန်တော် မုဟမ္မဒ်တွင် ထိုကဲ့သို့သော အရည်အချင်းများ တည်ရှိ နေသည့် အတွက် ဆက်လက်၍၊ ကုရ်အာန် ၃၃း၂၁ တွင်
”ဧကန် အသင်တို့အဖို့ တုနှိုင်းမဲ့ကိုးကွယ်ရာ အရှင်၏ တမန်တော်၌ ကောင်းမြတ် လှ သော စံနမူနာများ ရှိနေသည်။” ဟူ၍ ထပ်ဆင့် ပြဌာန်းထားသည်။
ကုရ်အာန်တွင် ဖေါ်ပြထားသော လူသားတစ်ရပ်လုံး စံထားရမည့် တမန်တော် ၏မွန် မြတ်လှသော အရည်အချင်းများစွာမှ  အနည်းငယ်ကိုသာ တင်ပြခြင်းဖြစ်သည်။ တမန် တော်၏ခံယူချက် ရပ်တည်ချက်နှင့် ဘဝတည်ဆောက်မှု များကို ကုရ်အာန်၏ ဖေါ်ပြချက်များမှ ကုရ်အာန်၇း၂ဝ၃-ပါဖေါ် ပြချက် တစ်ခုတည်း နှင့်ပင် တမန်တော်၏ ဘဝ တည် ဆောက်မှု လမ်းစဉ်ကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့နှိုင်ပေသည်။
(အို-တမန်တော်) ၄င်းတို့အား အသင်ဤသို့ ပြောကြားပါလေ၊ (အချင်းတို့) ငါသည်ငါ၏ အရှင်ထံမှ ဗျာဒိတ်အဖြစ် ချပေးခဲ့သော ကုရ်အာန်အတိုင်းသာ ဖဝါးထပ် တူလိုက် နာ ကျင့် သုံး ဘဝတည်ဆောက်သူဖြစ်သည်။ ထိုကုရ်အာန်သာလျင် အသင်တို့၏ အရှင်ထံမှ သက်သေလက္ခဏာ ဖြစ်သည်။ ထို့ပြင် သက်ဝင်ယုံကြည် သူများအတွက် ဘဝ လမ်း ညွှန်မှုနှင့် ကရုဏာလည်း ဖြစ်သည်။)
ကုရ်အာန် ကျမ်းမြတ်၏ ထိုဗျာဒိတ် တစ်ခုတည်းကို စဉ်းစားဆင်ခြင် ခြင်းဖြင့်ပင်၊ တမန် တော်၏ ဘဝတည်ဆောက်မှု လမ်းစဉ်သည် ကုရ်အာန်ပြ စနစ်ဇယား နှင့်ထပ်တူထပ် မျှ တစ်သွေးတည်း တစ်သားတည်း ဖြစ်နေသည်။ တမန်တော် နှင့်် ကုရ်အာန်သည် ခွဲခြား ရှု မြင်၍ မရသော ဒင်္ဂါးပြား တစ်စေ့၏ ခေါင်းနှင့်ပန်း ပမာကဲ့သို့ ဒွန်တွဲ တည်ရှိ နေ သည်။
သို့ရာတွင် များစွာသော မွတ်စလင်မ် ဆရာတော်ကြီး များ၏ မွတ်စလင်မ် များအတွက် ဘဝလမ်းညွှန် ကျမ်းကြီးများတွင် ပါဝင်သည့် တမန်တော်၏ ရပ်တည်ချက်၊ ခံယူချက် နှင့် ဘဝတည်ဆောက်မှု ပုံစံများသည်၊ ကုရ်အာန်တွင် တည်ရှိနေသော တမန် တော်၏ ရပ်တည်ချက် ခံယူချက်နှင့် ဘဝတည်ဆောက်မှု ပုံစံများမှာ လုံးဝဥဿုံ ကွဲပြား ဆန့် ကျင် နေသည် ကိုတွေ့ရပေသည်။ ကုရ်အာန်ပါ တမန်တော်နှင့် လူသားပညာရှိ မွတ် စလင်မ် ဆရာတော်ကြီးများ ၏လူရေးကျမ်းကြီးများ တွင်ပါဝင်သော တမန် တော်၏ ကွဲ ပြားခြားနား ချက်တို့ကို ယှဉ်တွဲဖေါ်ပြပါမည်။
အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။
ဦးစိုးလွင် (ငြိမ်းချမ်းလျှပ်စစ်)
အစ္စလာမ့်ရေစီးကြောင်းမှ တာတမံ ခုလုတ်ကသင်းများ(၇)
Solar System (ခေါ်) နေရောင်ခြည် ပေးဝေရေးးစနစ်။
အထက်ပါ ဗျာဒိတ်သည် ခေတ်တိုင်းရှိ လူတိုင်းနားလည်နှိုင် သည့် ဖန်ဆင်းရှင်၏ နေရောင်ခြည် ပေးဝေရေး စနစ်ဖြစ်သည်။ သာမန်မီးအိမ် တစ်ခုအား လှိုင်ခေါင်း တစ်ခုထဲသို့ ထည့်မည်ဆိုပါက လင်းအားပိုကောင်း မည်ဖြစ်သည်။ ထိုမီးအိမ်ပေါ် သို့ဖန်ပြောင်း ကာရံပေးခြင်းဖြင့် မီးအိမ်၏ မူလ အလင်းထက် အဆပေါင်းများစွာ ပိုလင်းမည်ဖြစ်သည်။ ဆီမီးအိမ် သုံးသူတိုင်းသည် ဆီမီးအိမ်ပေါ်တွင် ဖန်ပြောင်း ရံ ၍သုံစွဲကြသည်။ လျှပ်စစ်သုံးသော ခေတ်တွင်လည်း မီးချာင်းများ မီးလုံးများ ပေါ် တွင်လည်း ဖန်ပြောင်းရံ၍ သုံးစွဲ ကြသည်။ ထိုကဲ့သို့ ဖန်ပြောင်းရံ၍ သုံးစွဲ ခြင်းဖြင့် မူလအလင်းထက် အဆပေါင်းများစွာ ပို၍လင်းပေသည်။
ယနေ့ Solar System ဟုခေါ်သော နေရောင်ခြည် ပေးဝေရးစနစ် သည် လည်း အထက်ပါ ဗျာဒိတ်အတိုင်း နေသည် မီးတောင်ကြီးသဖွယ် အဆက်မပြတ် ပေါက် ကွဲပေး၍ အလင်းပေါ် ထပ် ဆင့် အလင်းဆင့်လျှက် အလင်းထုတ်လုပ် ပေး လျှက် ရှိ သည်။ ထိုအလင်းကို Solar System တွင်ပါဝင်သော ဂြိုဟ် နက္ခတ်များ လများ ဂြိုဟ်ငယ်များ ကြယ်တံခွန်များက နေ၏ပတ်လည်တွင် ၀ိုင်းယံလျှက် နေ၏ အ လင်းကို ဖန် ပြောင်းများ အသွင်ဖြင့် စင်္ကြ၀ဠာကြီးကို ထပ်ဆင့်အလင်း ပေးဝေ လျှက် ရှိကြောင်းကို ခေတ်သစ်သိပ္ပံ၏ အမြင် ရှု ဒေါင့်မှ အနည်းငယ် တင်ပြပါမည်။  သို့မှသာ နှစ်ပေါင်း (၁၅၀၀) ကထဲက ကျမ်းမြတ်ကုရ်အာန် တွင်တည်ရှိ နေ သော Solar System (ခေါ်) စင်္ကြ၀ဠာကြီး၏ နေရောင်ခြည် ပေးဝေရေး စနစ်ကို ဖန် ဆင်းခဲ့သော ဖန်ဆင်းရှင်၏ သက်သေ လက္ခဏာများကို ပီပီပြင်ပြင် မြင်တွေ့ ရမည်ဖြစ်သည်။
Solar System တွင်ပါဝင်သော  ဂြိုဟ်နက္ခတ်များ လများ ဂြိုဟ်ငယ်များ ကြယ် တံခွန်များက နေ၏ပတ်လည်တွင် ၀ိုင်းယံလျှက် နေ၏ဆွဲငင်အား အတွင်းမှ လွတ် မြောက်ရန် ကြိုးစားရင်းမှ Solar System ဖြစ်ပေါ်လာသည်ဟု ဆိုလျှင်ပို၍ မှန် မည် ဖြစ်သည်။ နေ၏ပတ်လည် တွင်ရှိသောSolar System တွင်ပါဝင် သည့်  ဂြိုဟ်နက္ခတ်များ လများ ဂြိုဟ်ငယ်များ ကြယ် တံခွန်များ အားလုံးတို့သည် Solid State ကျစ် လစ်သော အစိုင်အခဲအဖြစ် တည်ရှိနေကြသည်။ သို့ရာတွင် နေသည် အစိုင်အခဲမဟုတ်ပေ၊ အဆက်မပြတ် ဆက် တိုက် တောက်လောင် ပေါက်ကွဲပေး လျှက်ရှိသော မီးတောက်မီးလျှံနှင့် အခိုးအ ငွေ့များဖြင့် ဖွဲ့စည်းထားသော လုံဝန်း နေသည့် မီးတောင်ကြီး တစ်ခုဖြစ်သည်။
Solar System
နေသည်မိမိ၏ ၀င်ရိုးတွင် လည်ပတ်ရာ၌ ပုံစံသုံးမျိုးဖြင့် လည်ပတ်လျှက် ရှိ နေ သည်။ နေ၏ အီကွေတာ ပိုင်းသည် မိမိ၏၀င်ရိုးတွင် လည်ရာ၌ တစ်ပတ်ပြည့် ရန် အတွက် ၂၆.၆ရက်ကြာသည်။ နေ၏ (လတ်တီကျွတ်) ၆၀ ဒီဂရီ ရှိသောနေ ရာ၏ လည်ပတ်နှုံးသည် တစ်ပတ်ပြည့် ရန်အတွက် ၃၀.၉ ရက်ကြာ သည်။ ၀င်ရိုး စွန်းနှင့် နီးသော အပူပြန့်သည့် လမ်းကြောင်းတွင် လည်ပတ်နှုံသည် တစ် ပတ် ပြည့်ရန် အ တွက် ၃၆ ရက်ကြာသည်။
နေ၏ပြင်ပအချို့သော အစိတ်အပိုင်းသည် လေဟာနယ် ကဲ့သို့ ဗလာဖြစ် နေ သော အပိုင်းသည် ဆွဲငင်အားနည်းသည်။ နေ၏အတွင်းပိုင်းနှင့် အချို့သော အစိတ်အ ပိုင်းသည် ဆွဲငင်အားပို ကောင်းသည်။ ထိုဆွဲငင်အား မတူသော နေ၏ဆွဲအား ကြောင့်နေ၏ပတ်လည်တွင် လည်ပတ်နေသော ဂြိုဟ် နက္ခတ် တို့မှာ နေ၏ဆွဲအား နည်းသောအပိုင်းသို့ ရောက်သောအခါ နေမှရုံးထွက်၍ အဝေးသို့ရောက်ရှိ သွား ကြသည်။ ထိုနည်းတူစွာ နေ၏ဆွဲအားကောင်းသော အပိုင်းသို့ပြန်ရောက်ရှိ သော အခါ နေ၏အနီးသို့ ပြန်လည်၍ ရောက်ရှိ လာ ကြသည်။ ထိုကဲ့သို့ မတူညီသော နေ၏ ဆွဲငင်အားကြောင့် နေ၏ပတ်လည်တွင် လည်ပတ်လျှက် ရှိကြသော ဂြိုဟ် နက္ခတ်တို့မှာ အချိုးအစား ညီစွာဖြင့် ဟန်ချက်ညီညီ နေနှင့်နီးသွားလိုက် နေနှင့် ဝေးသွားလိုက် အဆုံးအစမရှိ ပတ် လျှက်ရှိနေကြသည်။
နေသည် အရှိန်ပြင်းစွာ ဆက်တိုက် မီးတောက် မီးလျှံကို တောက်လောင်ပေး လျှက်နှင့်အတူ ပြင်းထန်သည့် လေမုန်တိုင်းသည် အနုမြူမှုံများကို ထုတ်လုတ် ပေးလျှက်ဖြင့် ထိုမီးတောက်ကို အ ဝေးသို့မှုတ်ထုတ် ပေးလျှက်ဖြင့် အလင်းပေး လျှက်ရှိနေသည်။ ထိုနည်းအားဖြင့် Solar System (ခေါ်) နေရောင် ခြည် အ ဆက်မပြတ် ထုတ်လုတ် ပေး သောစနစ်ကြီး ဖြစ်တည်နေခြင်း ဖြစ်သည်။ ထို တောက်လောင်ပြီးသော မီး တောက်မီးလျှံအား လေမုန်တိုင်းက အဝေး သို့ မှုတ် ထုတ် ပြီး သည့်နောက် ပိုင်း ဖုံများနှင့် အခိုးအငွေ့များ အဖြစ်နှင့် နေမှ တစ် ဖြေး ဖြေးချင်း ထွက်ခွာ သွား သည်။
ထိုနေရောင်ခြည် ထုတ်လုပ်ပေးသော စနစ်ကို ကျမ်းမြတ်ကုရ်အာန်၂၄း၃၅ တွင် ဖေါ်ပြထားရာ၌ ခေတ်တိုင်းခေတ်တိုင်းရှိ လူသားတိုင်း နားလည်စေနှိုင်သော ဖန် မီးအိမ်တစ်ခုနှင့် ပမာခိုင်း ထားပေသည်။ တိုးတက်လာသော ခေတ်တွင်လည်း ဖေါ်ပြပါ ဗျာဒိတ်သည် ဝေါဟာရ ပြောင်းလဲခြင်း မရှိဘဲ ခေတ် သစ်သိပ္ပံ တွေ့ရှိ ချက် Solar System (ခေါ်) နေရောင်ခြည် ထုတ်လုပ်ပေးသော စနစ်နှင့် အံဝင် ဂွင်ကျရှိ နေပေ သည်။
နေသည်ကမ္ဘာနှင့် အနီးဆုံးဖြစ်သော Milky Way Galaxy အဖွဲ့ဝင် ကြယ် တစ် လုံးဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန်တွင် နေ၏အလင်းကို (ဒွေယာ) ကိုယ်တိုင် ထုတ်လုပ်သော အလင်း ဟု ဖေါ် ပြထားသည်။ လ၏အလင်းကို (နူးရ်) ရောင်ပြန် အလင်း ဟုဖေါ်ပြထားသည်။ နေသည်ကိုယ်ပိုင် အလင်းထုတ်လုပ်၍ လသည် ကိုယ်ပိုင်အလင်း မရှိဟူသော အချက်ကို ခေတ်သစ်သိပ္ပံ တွေ့ရှိ ချက် ထက် နှစ် ပေါင်းထောင်ချီ စော၍ ကုရ်အာန်က ဖေါ်ပြခဲ့ခြင်းဖြစ်သည်။
ထိုသို့သော အကြောင်းများကြောင့် ကျမ်းမြတ်ကုရ်အာန်ကို ဖွင့်ဆိုရာ၌ ကုရ် အာန် ကညွှန်ကြားပြသသော နည်းလမ်းအတိုင်း ဖွင့်ဆိုရမည်ဖြစ်သည်။ သို့မှသာ ကုရ် အာန်က ပြောလိုသော အ ကြောင်းအရာများကို ရှင်းလင်းထင်ရှားစွာ သိရှိနှိုင်မည် ဖြစ်သည်။ ကုရ်အာန်သည် ဖန်ဆင်းရှင်၏ အဆုံးအစ မရှိ သော ဥာဏ်တော်ဖြင့် လွှမ်းခြုံ၍ ဗျာဒိတ်ထားသော ခေတ်တိုင်းစနစ်တိုင်း အတွက် အမြဲခေတ်မှီနေမည့် စင်္ကြ၀ဠာ ဆိုင်ရာ စွယ်ဆုံကျမ်းကြီး ဖြစ်သည်။ ထိုခေတ်မှီ ကျမ်းကြီးအား မျက်စိ တစ်ဆုံးလောက်ကိုသာ လွှမ်းခြုံနှိုင်သည့် လူ သားတို့၏ လူရေးကျမ်း မူဝါဒများ အားဖြင့် ဖွင့်ဆိုမှုများသည် ကုရ်အာန်ကပြောလိုသော အကြောင်း အရာကို ပေါ် လွင်စွာ ထင်ရှားနှိုင်မည် မဟုတ်ပေ။ ဤသည်ကို ကုရ်အာန် ၁၆း၈၇-တွင် (ငါအရှင်သည် အသင့်အပေါ်သို့ ကျမ်း မြတ်ကုရ်အာန်ကို အရာခပ်သိမ်းတို့၏ ရှင်း လင်းချက်အဖြစ် ချပေးခဲ့သည်။)
စင်္ကြ၀ဠာကြီး အပါအ၀င် ရှိအမျှသော အရာခပ်သိမ်းကို မရှိရာမှ ရှိရာသို့ ဖန်ဆင်း ခဲ့သော ဖန်ဆင်းရှင်သည် ၄င်း၏ဖန်ဆင်းမှု အလုံးစုံနှင့် စပ်လျှင်းပြီး ကုရ်အာန် တွင် ရှင်းလင်းထားပြီး ဖြစ်ကြောင်း အထက်ပါ ဗျာဒိတ်တွင် ပြဌာန်းထား ခြင်းဖြစ် သည်။
သို့ရာတွင် ကုရ်အာန်သည် ခေတ်တိုင်း လူတိုင်းအတွက် လမ်းညွှန်ဖြစ် သည့် အလျှောက် စင်္ကြ၀ဠာဆိုင်ရာ အချို.သော အကြောင်းအရာ များသည် တိုးတက်ဖွံ့ ဖြိုး လာသော ခေတ်ကာလ တို့ တွင်သာ ထင်ရှားစွာ ဖွင့်ဆိုနှိုင်မည်ဖြစ်သည်။၃း၇
နေ့စဉ်နှင့်အမျှ ခေတ်မှီတိုးတက် လျှက်ရှိသော လူသားကမ္ဘာကြီး နှင့်အတူ အမြဲ တန်းခေတ်ရှေ့သို့ ဦးဆောင်လျှက် ရှိနေသည့် စင်္ကြ၀ဠာဆိုင်ရာ စွယ်စုံကျမ်းကြီး ကို ဖွင့်ဆိုရာ၌လည်း ထို ကျမ်း ကြီးအား ပြုစုသူ၏ လမ်းညွှန်ချက် အတိုင်းသာ ဖွင့်ဆိုကြရ မည်ဟု ၇၅း၁၉ နှင့် ၁၁း၁-၁၀း၃၇တို့တွင် ဆက်လက် လမ်းညွှန်ထား သည်။
(ယင်းကုရ်အာန်ကို ရှင်းလင်း ပြရန် မှာလည်း အမှန်ပင် ငါအရှင်၏ တာဝန်ဖြစ် သည်။)
(ဤသည် ကျမ်းတစ်ဆူဖြစ်သည်။ ထိုကျမ်းဂန်၏ ဗျာဒိတ်များသည် မြဲမြံခိုင်ခံ့ အောင်ပြုလုပ် ထားပြီးဖြစ်သည်။ ထိုဗျာဒိတ်များသည် ကျိုးကြောင်း ဆင် ခြင်တုံ တရားနှင့် ပြည့်စုံသော အကြွင်းမဲ့သိတော်မူသော အရှင့်ထံတော်မှ အသေးစိပ် ရှင်းလင်းဖေါ်ပြ ထားပြီး ဖြစ် သည်။)
ထိုဗျာဒိတ်နှစ်ခုအား အစွဲကင်းစွာဖြင့် ဖတ်သူတိုင်းသည် ကုရ်အာန်ကို ဖွင့် ဆိုရာ၌ ကုရ်အာန်တွင် ပါဝင်သော အခြားဗျာဒိတ် များအားဖြင့် ဖွင့်ဆိုရမည် ဟုလမ်းညွှန် ချက်ဖြစ်သည်။
သို့ရာတွင် ခေတ်အဆက်ဆက် ပေါ်ပေါက်ခဲ့ပြီးဖြစ်သော ကုရ်အာန် ဘာသာ ပြန် ကျမ်းအားလုံးသည် ကုရ်အာန် မတိုင်ခင် အလျှင်က ရှိခဲ့သော သမာကျမ်းကို ကျောထောက် နောက်ခံပြု၍ ဘာ သာပြန် ဆိုကြသည်။ ဥပမာအားဖြင့် ကုရ်အာန် ၁၁း၇-၃၂း၎-၅၀း၃၈- တို့တွင်ပါဝင်သော- ဗျာဒိတ်များအား -
စင်္ကြ၀ဠာကြီးကို (၆)ရက်ဖြင့် ဖန်ဆင်းခဲ့သည် ဟူ၍ သမာကျမ်း အတိုင်း ပြန် ဆိုကြ သည်။ ထိုသမာကျမ်းပါ အယူဝါဒ အတိုင်း ခေတ်အဆက်ဆက် ပေါ်ပေါက်ခဲ့ သော မွတ်စလင်မ် များ၏ သမိုင်း ကျမ်း များတွင်လည်း စင်္ကြ၀ဠာကြီးကို (၆) ရက်ဖြင့် ဖန်ဆင်းခဲ့သည် ဟူ၍ဆက်လက် ဖေါ်ပြခဲ့ကြသည်။ ကုရ်အာန် တွင် ပါဝင်သော (ယောင်းမ်) နှင့် (အိုက်ယမ်) ဟူသည် အင်္ဂလိပ် ဝေါ ဟာရ Period  ကာလပိုင်းခြား တစ်ခုဖြစ် သည်။ နေ၀င်နေထွက် တစ်ရက်ကို ဆိုခြင်းမဟုတ်ပေ။ စင်္ကြ၀ဠာကြီးကို မဖန်ဆင်းခင်အလျှင် နေ၀င် နေထွက်လည်း မရှိသေးသည့် အ တွက်တစ်ရက် နှစ်ရက်ဟူ၍ လည်းမရှိသေးပေ။ ထို့အတွက်ကြောင့်-
ကုရ်အာန်၇၀း၎တွင် (ယောင်းမ်) ဟူသော ဝေါဟာရကို နှစ်ပေါင်း(၅၀၀၀၀) ကြာမြင့်သော ကာလတစ်ခု  ဟုဆို ထားသည်။
ကုရ်အာန်တွင် စင်္ကြ၀ဠာကြီးကို ကာလ(၆) ခုဖြင့် အဆင့်ဆင့် ဖန်ဆင်းခဲ့ ကြောင်း
၃၂း၎- ၄၁း၉- ၄၁း၁၂- ၂၅း၅၉- ၂၁း၁၆- ၄၃း၈၅- ၄၆း၃- ဖေါ်ပြထားသည်။
ဥပမာ- အခိုးအငွေ့ အဆင့်တွင်ရှိခဲ့ သည်။၄၀း၁၁
မိုးကောင်းကင်များ နှင့်ကမ္ဘာ မြေ သည် တစ်စုတစ်ဝေးတည်း အဖြစ်တည်ရှိခဲ့ သည်၊ ထို့နောက် ပေါက်ကွဲလွင့်စင်၍ သီးခြားဖြစ်သွား ခဲ့သည်။ ၂၁း၃၀
ဖေါ်ပြပါ ဗျာဒိတ်များသည် ခေတ်သစ်သိပ္ပံ တွေ့ရှိချက်ထက်နှစ်ပေါင်း များစွာ စော ၍ ကုရ်အာန်တွင် ဖေါ်ပြထားပြီး ဖြစ်သည်။
အကယ်၍သာ မွတ်စလင်မ်များသည် ကုရ်အာန်ကို ချဉ်းကပ်ရာ၌ ကုရ်အာန် ၅၆း၇၉ က ပိတ်ပင်တားဆီး ခဲ့သော ရိုးရာစွဲ ကျောင်းတော်ဝါဒစွဲ ဆရာဝါဒစွဲ ဂိုဏ်းဂန ကျောထောက် နောက်ခံစွဲ ဟူ သောအစွဲများကို ဖယ်ရှားနှိုင်ကြ မည်ဆို ပါက မွတ်စလင်မ်ဟူသည် ကမ္ဘာ့လူသား တစ်ရပ်လုံးအတွက် အဖက်ဖက်မှ ထူးချွန်သော စံပြခေါင်းဆောင် များအဖြစ်နှင့် တည်ရှိ နေကြမည် ဖြစ်သည်။
ယနေ့ မွတ်စလင်မ်များ၏ ဖြစ်အင်သည် အလွန်ခေတ်မှီ တိုးတက်သော နည်းဗျူ ဟာစွယ်စုံကျမ်းကြီး ကိုလက်ဝယ် ပိုင်ဆိုင်ထားပါလျှက် အသုံးမပြုတတ် သောသူ များအဖြစ်နှင့် ရပ် တည် လျှက် ရှိကြသည်ကို ၀မ်းနည်းဘွယ်ရာ တွေ့ရပေသည်။
(အင်ရှာအလ္လာဟ်) ဆက်လက်တင်ပြပါဦးမည်။
ဦးစိုးလွင် (ငြိမ်းချမ်းလျှပ်စစ်)
အစ္စလာမ့်ရေစီးကြောင်းမှ တာတမံ ခုလုတ်ကသင်းများ(၆)
ဖန်ဆင်းရှင်၏သက်သေလက္ခဏာများ
The Sun, The Earth, and The Moon
(မကြာမြင့်မီ ငါအရှင်သည် ၄င်းတို့အား မိုးကုပ်စက်ဝိုင်း များအတွင်း တွင်လည် ကောင်း ၄င်းတို့၏ခန္ဓာများ အတွင်းတွင် လည်ကောင်း ငါအရှင်၏ သက်သေ လက္ခဏာ များကို ပြသတော်မူမည်။ နောက်ဆုံးတွင် ၄င်းတို့၌ ယင်းကျမ်းသည် မှန်ကန်ကြောင်း သိသာထင်ရှား လာမည်ဖြစ်သည်။ (၄၁း၅၃)
ဤသည် ကျမ်းမြတ်ကုရ်အာန်တွင် နှစ်ပေါင်း (၁၅၀၀) အလျှင်ကထဲက ဗျာဒိတ် ဖြစ်သည်။ ဖန်ဆင်းခံ အရာများ အားလုံးတွင် ဖန်ဆင်းရှင်၏ လက္ခဏာများ တည်ရှိနေကြာင်း ဖေါ်ပြ ထား သော ဗျာဒိတ်ဖြစ်သည်။ လူသား တို့သည် ခေတ်မှီ တိုး တက်သော ခေတ်ကာလသို့ ရောက်ရှိ လာလေလေ ဖန်ဆင်း ခံအရာများ အတွင်း မှ ဖန်ဆင်းရှင် ရှိကြောင်း အထောက်အထား များသည်လည်း ပိုမိုထင်ရှား လာ သည်ကို တွေ့ မြင်ကြ ရပေသည်။ မရေတွက် နှိုင်သော အရှင်မြတ်၏ ဖန်ဆင်းခံ အရာများ အတွင်းမှ လူသားတို့ နေ့စဉ် မြင်တွေ့ အကျိုးခံစား လျှက်ရှိကြသော နေ  လ ကမ္ဘာနှင့် ဂြိုဟ်နက္ခတ် တို့၏ လည်ပတ်သွားလာ ဆက်နွယ်နေပုံများကို ကုရ် အာန်မှ အနည်းငယ် ကောက်နှုတ်တင်ပြ ပါမည်။
(နေသည် ၄င်း၏ ပါတ်လမ်းတွင် သတ်မှတ် ပြဌာန်း ထားသည့် အတိုင်း လည်ပတ် ကူးခတ် သွားလာ နေခြင်းသည် အသင်တို့အဖို့ သက်သေ လက္ခ ဏာ တစ်ရပ် ဖြစ် သည်။) ၃၆း၃၈
( လသည်လည်း ၄င်း၏ စခန်း အသီးသီး တို့တွင် ကူးခတ် သွားလာရင်း နောက် ဆုံးတွင် သွေ့ခြောက်လျှက် ရှိသော စွံပလွန် ကိုင်းကဲ့သို့ ပြန်၍ ဖြစ်သွား ခြင်း သည်လည်း အ သင်တို့အဖို့ သက်သေလက္ခဏာ တစ်ရပ် ဖြစ်သည်။) ၃၆း၃၉
(နေ၏ လည်ပတ်ကူးခတ် သွားလာ မှုသည် လ၏ လည်ပတ် ကူးခတ် သွားလာမှု ကိုမမှီနှိုင်ပေ၊ ထိုနည်းတူစွာ ညဉ့်သည်လည်း နေ့ကိုကျော်လွန် နှိုင် သည်မဟုတ် ပေ၊ စင်စစ်သော်ကား ဂြိုဟ်နက္ခတ် အသီးသီးတို့သည် ၄င်းတို့၏ လမ်းကြောင်း များတွင် ကူးခတ် သွားလာ လျှက်ရှိ ကြ ကုန်၏) ၃၆း၄၀
ဤသည် ကုရ်အာန်တွင် ပါဝင်သော နေ လ ကမ္ဘာနှင့် ဂြိုဟ်နက္ခတ်တို့ နှင့် စပ် လျှင်း သော မြောက်များစွာ ဗျာဒိတ်များ အနက်မှ ဗျာဒိတ် (၃) ခုဖြစ်သည်။
လူသားတို့က နေသည် အရှေ့အရပ်မှ ထွက်၍ အနောက်အရပ်သို့ ငုံ့လျှိးဝင် ရောက်ပြီး စင်္ကြ၀ဠာတွင် နေသည်တစ်ည ပျေက်ကွယ် လျှက်ရှိသည်ဟု ယူဆ ထားကြသော ခေတ်ကာလကပင် အ ထက်မှ ဗျာဒိတ်များ သည်ကုရ်အာန်တွင် တည်ရှိနေပြီးဖြစ်သည်။ သို့ရာတွင် ကုရ်အာန်ပါ ထိုဗျာဒိတ်များ နှင့်စပ်လျှင်း ၍ ဖွင့်ဆိုခဲ့ကြသော ပညာရှင်တို့သည် မိမိတို့၏ ခေတ်ကာလနှင့် အခြေကနေများ အပေါ်မူတည်၍ ဖွင့်ဆိုခဲ့ကြ သည်။ ယနေ့ခေတ်သစ် ဖွင့်ဆိုချက် ထက်ပို၍ နောက်ပိုင်း ခေတ်များတွင် ထိုဗျာဒိတ်များကို ပို၍ပင် ပီပြင်စွာ ဖွင့်ဆိုနှိုင်ကြ မည်ဖြစ်သည်။ လူသား၏ အသိဥာဏ်သည် မိမိတို့၏ ပါတ်ဝင်းကျင် လောက်ကိုသာ လွမ်းခြုံသိရှိနှိုင် သူများဖြစ် သည်။ ကမ္ဘာ့နောက်ဆုံးနေ့တိုင် အမြဲလန်းဆန်း သစ်လွင်နေမည့် စင်္ကြ၀ဠာဆိုင်ရာ လမ်းညွန်ကျမ်းကို တစ်ခေတ်တည်း တစ်ချိန်တည်းတွင် ထင်ရှားရန် ဖွင့်ဆိုနှိုင်ကြမည်မဟုတ်ပေ။
ခေတ်သစ်သိပ္ပံ တိုးတက်ဖွံ့ဖြိုးလာ သည် နှင့်အညီ ကုရ်အာန်ပါ နေ၊လ ဂြိုဟ် နက္ခတ်တို့၏ သွားလာမှုနှင့် အခြားအခြားသော စင်္ကြ၀ဠာ ဆိုင်ရာများနှင့် စပ်လျှင်း ပြီး လူသားတို့က ပိုမို၍ မျက်ဝါး ထင်ထင် မြင်တွေ့လာ ကြခြင်းဖြစ်သည်။ ယ နေ့ ခေတ်တွင် ဂြိုဟ်နက္ခတ်တို့၏ အရွယ်အစား လည်ပတ် သွားလာ သော နှုံးထားများနှင့် အကွာအဝေး တို့ကိုပင် အ တိအကျ တိုင်းတာ၍ ဖေါ် ပြနှိုင်ခဲ့ ကြသည်။ လူတို့၏ ၀န်းကျင်တွင် ပိုမို၍ ခေတ်သစ် သိပ္ပံဆိုင်ရာ အသိ ပညာရပ် များ တိုးပွား လာလေလေ ကျမ်းမြတ်ကုရ်အာန်ပါ ဗျာဒိတ်လမ်းညွှန် မှုများသည် ခေတ်သစ်သိပ္ပံထက် အမြဲတန်း ခေတ်ရှေ့သို့  ဦးဆောင်နေသည် ကိုတွေ့ရပေသည်။
ဤသည့်အချက် နှင့်ပင် ကျမ်းမြတ် ကုရ်အာန်သည် စင်္ကြ၀ဠာ ကြီး၏ နောက် ဆုံး နေ့တိုင် ခေတ်တိုင်း နေရာတိုင်းနှင့် လူတိုင်းအတွက် လမ်းညွှန် ကျမ်း ဖြစ်သည် ဟူသော (၈၁း၂၇) ပါ ဗျာဒိတ် ကို ပိုမိုထင်ရှားစွာ မြင်တွေ့ရပေသည်။
ယနေ့ ခေတ်သစ်သိပ္ပံ၏ ရှာဖွေတွေ့ ရှိချက်များ အနက်မှ နေ လ နှင့် ကမ္ဘာ တို့၏ အရွယ်အစား အကွာအဝေးနှင့် သွားလာလည်ပတ် ဆက်နွယ်ပှုံ အချို့ ကိုတင်ပြ ပါမည်။ သို့မှသာ ကုရ်အာန် က ဆိုသော နေ လ ကမ္ဘာ အပါအ၀င် ဂြိုဟ်နက္ခတ် အားလုံးတို့သည် မိမိတို့၏ ပတ်လမ်းများတွင် လည်ပတ်သွားလာ နေ ခြင်းသည် ထာဝရအရှင်၏ သက်သေ လက္ခဏာ တစ်ရပ် ဖြစ်သည် ဟူသော အထက်မှ ၄၁း၅၃ ပါဗျာဒိတ်၏ လေးနက်မှုကို အံ့သြဘွယ် အဖြစ်တွေ့ရှိ နှိုင်မည်ဖြစ်သည်။
{Expansion of Universe (သို့မဟုတ်) စင်္ကြ၀ဠာကျယ်ပြန့်ခြင်း။}
စင်္ကြ၀ဠာကြီး၏ တည်နေပုံကို သိပ္ပံပညာရှင်များက အမြင်ရှုဒေါင့် အမျိုးမျိုးဖြင့် တင်ပြခဲ့ကြသည်။ ထိုတင်ပြချက်များမှ အလွယ်ကူဆုံးနည်းမှာ -
စင်္ကြ၀ဠာကြီးသည် လေဘူဘောင်း တစ်လုံးနှင့် တူသည်။ ထိုလေဘူဘောင်း  အပေါ် တွင် ဘောလ်ပင်ဖြင့် အစက်များ အပြည့်ရေးမည်။ ထိုလေဘူဘောင်းအား လေ နည်း နည်း ချင်း မှုတ်သွင်း ပါက ထိုလေ ဘူဘောင်း ပေါ်ရှိ အစက်ကလေး များသည် အချိုး အစား ညီစွာဖြင့် တစ်ဖြေးဖြေးချင်း ဝေးကွာလျှက် ရှိနေပေမည်။ ထိုနည်း အတိုင်း စင်္ကြ၀ဠာကြီး အတွင်းရှိ နေ၊လ၊ကမ္ဘာ အပါအ၀င် ဂြိုဟ်နက္ခတ်အားလုံး တို့သည် အ ချိုးအစား ညီစွာဖြင့် တစ်ဖြေးဖြေးချင်း ဝေးကွာလျှက်ရှိ နေကြောင်းကို ခေတ်သစ်သိပ္ပံက ရှာဖွေ တွေ့ ရှိ ကြ သည်။ ဤသည်ကို Expansion of Universe (သို့မဟုတ်) စင်္ကြ၀ဠာ ကျယ်ပြန့်ခြင်း ဟုခေါ်သည်။ ထို သီအိုရီ ကို ခေတ် သစ် သိပ္ပံ က 1929 ခုနှစ်က စတင်တွေ့ရှိ ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ကျမ်းမြတ် ကုရ် အာန် (၅၁း၄၇) တွင် နှစ်ပေါင်း(၁၅၀၀) ကထဲက -
(ငါအရှင်သည် မိုးကောင်းကင်များကို ခိုင်ခံ့စွာ တည်ဆောက်ထားသည် ထိုမိုး ကောင်း ကင်များအား ကျယ်ပြန့်လျှက် ရှိနေသော အရာအဖြစ် အမှန်ပင်ပြုလုပ် ခဲ့၏)(၅၁း၄၇)
ထိုဗျာဒိတ်သည် များစွာသော ခေတ်သစ် သိပ္ပံပညာရှင်များအား ကုရ်အာန် ကို ပိုမိုလေ့လာရန် အကြောင်းရင်း တစ်ရပ်ဖြစ်ခဲ့ရသည်။
The Sun’s diameter is 864,938 miles (1,391,980 km). This is almost 10 times larger than the planet Jupiter and about 109 times as big as the Earth. The volume of the Sun is 1,299,400 times bigger than the volume of the Earth; about 1,300,000 Earths could fit inside the Sun
Earth
Moon
Mean diameter
12,742 km
3,476 km
Volume
1.08321 x 1012 km3
2.199 x 1010 km3
Mass
5.9736 x 1024 kg
7.349 x 1022 kg
Mean density
5.515
3.342
Surface gravity
9.78 m/s2
1.62 m/s2
Escape velocity
11.2 km/s
2.38 km/s
Visual albedo
0.367
0.12
Visual magnitude
-3.86
+0.21
နေ လ ကမ္ဘာ နှင့် ဂြိုဟ်နက္ခတ်များ သွားလာနေပုံ
နေ၏ အကျယ်အ၀န်းသည်  (၁၃၉၁၉၈၀) ကီလိုမီတာ ရှိပြီး လ၏ အကျယ် အ၀န်း သည် (၃၄၇၄) ကီလိုမီတာ ရှိသည်။ နေသည် လထက်အဆပေါင်း (၄၀၀) ပိုကြီး သည်။ ကမ္ဘာမှ နေသို့ အကွာအ ဝေးသည် (ကီလိုမီတာ ၁၄၉သန်း) ကွာဝေးပြီး ကမ္ဘာမှ လသို့ အကွာ အဝေးမှာ ကီလိုမီတာ ၃၈၄,၄၀၃ သာကွာဝေးသည်  နေ နှင့် လ တို့၏ အကွာအဝေး အချိုးအစား မှာလည်း အဆပေါင်း (၄၀၀) ကွာဝေးသည်။ ထို့ အတွက်ကြောင့် ကမ္ဘာမှကြည့်လျှင် နေ နှင့် လတို့သည် တစ် ရွယ်တစ်စားတည်း အဖြစ်မြင် တွေ့ ရခြင်းဖြစ် သည်။
Eclipses
နေကြတ်ခြင်းမှာ လသည် နေနှင့် ကမ္ဘာတို့၏ စပ်ကြားသို့ရောက် ရှိနေ သော အချိန် ဖြစ်သည်။ ထိုနေကြတ်ချိန်တွင် ကမ္ဘာ၏ အချို့သော အစိတ်အပိုင်းမှ နေကိုလုံးဝမ မြင်ရ တော့ပေ။ နေ နှင့် လ တို့၏အရွယ် အစားသည် အဆပေါင်း (၄၀၀) ကွာခြား သကဲ့သို့ အကွာအဝေးမှာလည်း အဆပေါင်း (၄၀၀) ဝေးကွာ ထားသည့်အတွက် လသည် နေ နှင့်ကမ္ဘာ တို့၏အလည် တဲ့တဲ့သို့ရောက်ရှိ လာသော   နေကြတ်ချိန် တွင် ကမ္ဘာမှ နေနှင့်လကို အရွယ်တူ အရာနှစ်ခု တစ်ထပ်တည်း ဖြစ်နေသည်ဟု မြင်တွေ့ရခြင်းဖြစ်သည်။ ဤ သည့်အချက်ကို ယခင်သိပ္ပံပညာရှင်များက တိုက်ဆိုင်မှု တစ်ရပ်ဟု ယူဆခဲ့ကြသည်။ ယနေ့ များစွာသော ခေတ်သစ် သိပ္ပံပညာရှင်များက တိုက်ဆိုင်မှု မ ဟုတ်ကြောင်း ယုံကြည်လာကြသည်။
နေသည်၎င်း၏ ၀င်ရိုးပေါ်တွင် (Rotate) ဂျင်ကဲ့သို့ လည်လျှက်ရှိနေသည်။ ထိုသို့ လည်ရာ၌ တစ်ပတ် ပြည့်ရန် အတွက် (၃၅) ရက်ကြာသည်။ ထို နည်း အ တိုင်းပင် Rotate ဂျင်ကဲ့သို့ မိမိ၏ ၀င်ရိုးပေါ်တွင် လည်လျှက် နှင့်ပင် Milky Way Galaxy (ခေါ်) နဂါးငွေ့တန်း ကဲ့သို့ရှိသော ကြယ်အစု အဝေးကြီးအား ဗဟိုပြု၍ ၄င်း ၏ (Orbit) ပတ်လမ်း ကြောင်းတွင် လည် ပတ်ကူးခတ် လျှက်ရှိနေသည်။ ထို (Milky Way Galaxy) ကို ပတ်ရာ၌ တစ်ပတ် ပြည့်ရန်အတွက် နှစ် သန်းပေါင်း (၂၂၆) သန်း ကြာသည်။ နေလည် ပတ်ခြင်း အကြောင်းကို ခေတ်သစ်သိပ္ပံ တွေ့ရှိ ချက် ထက် ကျမ်း မြတ်ကုရ်အာန် (၃၆း၃၈)က နှစ်ပေါင်း ထောင်ကျော် စော၍ ဗျာ ဒိတ် ထားပြီးဖြစ်သည်။
ထို (Milky Way Galaxy) (ခေါ်) နဂါးငွေ့တန်း ကဲ့သို့ရှိသော ကြယ်အစု အဝေး ကြီး များသည်လည်း ၄င်းတို့၏ (Orbit) ပတ်လမ်း ကြောင်းများတွင် ကူးခတ် သွား နေပေ သည်။ ခေတ်သစ်သိပ္ပံ တွေ့ရှိချက် ကြယ်နက္ခတ်များ လည်ပတ်ခြင်း အ ကြောင်းကို ကျမ်းမြတ်ကုရ်အာန် (၃၆း၄၀) တွင်ဗျာဒိတ်ထားပြီးဖြစ်သည်။
ကမ္ဘာ၏ အကျယ်အ၀န်းသည် (၁၂၇၄၂) ကီလိုမီတာ ရှိသည်။ကမ္ဘာမြေ သည် လည်း ၄င်း၏ ၀င်ရိုးတွင် (Rotate) ဂျင်ကဲ့သို့ လည် လျှက်ရှိနေသည်။ ထိုကဲ့သို့ ၀င်ရိုးပေါ်တွင် (Rotate) ဂျင်ကဲ့သို့ လည်ရာ၌ တစ်နာ ရီလျှင် မိုင် (၁၀၄၀) နှုံးဖြင့် (၂၄) နာရီ (သို့မဟုတ်) တစ်ရက်တွင် တစ်ပတ်ပြည့် သည်။ ထိုနည်း တူစွာ ၄င်း၏ ၀င်ရိုးတွင် (Rotate) ဂျင်ကဲ့သို့ လည်လျှက်နှင့်ပင်  နေကို ဗဟိုပြု၍ ၄င်း၏ Orbit လမ်းကြောင်းတွင် ပတ်လျှက် ရှိနေသည်။ နေကို ပတ်ရာ ၌လည်း တစ်ပတ် ပြည့် ရန် ရက်ပေါင်း (၃၆၅) ရက်နှင့် (၆) နာရီကြာသည်။
ထိုကဲ့သို့ပင် လသည်လည်း ၄င်း၏ ၀င်ရိုးတွင် (Rotate) ဂျင်ကဲ့သို့ လည် လျှက် ရှိနေသည်။ ထို (Rotate) ဂျင်ကဲ့သို့ မိမိ၏ ၀င်ရိုးတွင် လည် လျှက် နှင့်ပင် ကမ္ဘာ ကို ဗဟိုပြု၍ ၄င်း၏ (Orbit) ပတ်လမ်းကြောင်းတွင် ပတ်လျှက်ရှိ နေသည်။ လ သည် မိမိ၏ ၀န်ရိုးတွင် လည်ရာ၌ တစ်ပတ် ပြည့်ရန် အတွက် (၂၇.၃) ရက်ကြာ သည်။ ထိုနည်းအတိုင်းပင် ကမ္ဘာကို ဗဟိုပြု၍ (Orbit) ၄င်း၏ပတ် လမ်းကြောင်း တွင် ပတ်ခြင်းသည် လည်း (၂၇.၃) ရက်ကြာလေသည်။ လ၏ ထူးခြား ချက်မှာ ကမ္ဘာကိုဗဟို ပြု၍ ပတ်လျှက်နှင့်ပင် ကမ္ဘာနှင့်အတူ နေကိုလည်းပတ် လျှက်ရှိ နေသည်။ ထိုကဲ့သို့ နေကို ကမ္ဘာနှင့်အတူ ပတ်ရာ၌လည်း တစ်ပတ် ပြည့်ရန် ကမ္ဘာ့နည်းတူ ၃၆၅ ရက်နှင့် ၆နာရီကြာသည်။ (တနှစ်)
လသည်၎င်း၏ ၀င်ရိုးတွင်လည်နှုံးနှင့် ကမ္ဘာသည်၎င်း၏ ၀င်ရိုးတွင် လည် နှုံးတို့ မှာကွာခြားသည့် အတွက် ကမ္ဘာမှ လ၏မျက်နှာပြင် တစ်ခြမ်းကိုသာ အမြဲမြင် တွေ့ရသည်။
ကမ္ဘာမှ နေ့အခါ နေသည် ၄င်း၏ လမ်းကြောင်းတွင် သွားနေသည်ကို မြင်ရ သကဲ့ သို့ ညအခါတွင် လသည် ၄င်း၏လမ်းကြောင်းတွင် သွားနေသည်ကို မြင်ရပေ သည်။ နေ လ နှင့် ကမ္ဘာ တို့ သည် မိမိတို့၏ ၀င်ရိုးများပေါ်တွင် လည်ပတ်ရာ တွင် လည်းကောင်း မိမိတို့၏ Orbit လမ်းကြောင်းများတွင် သွား လာရာ၌ လည်ကောင်း မိမိတို့၏ အရွယ် အစား များ နှင့်အကွာ အဝေးများသည် လည်းကောင်း မတူ ညီကြ ပေ။ သို့ရာတွင် ထိုမတူညီသော လည်ပတ်မှု အလျင်များမှ ပေါ်ထွက်လာ သော အဖြေ သည် ကား နေ့ ည ဟူ၍ လည် ကောင်း၊ လဆန်း လဆုတ်၊ လပြည့် လကွယ်ဟူ၍ လည်းကောင်း ဖြစ်ပေါ်လျှက် ရှိနေသည်။ ထိုအချင်း အရာများကို ခေတ်သစ်သိပ္ပံ တွေ့ရှိ ချက်ထက် စော၍ ကုရ်အာန်တွင် ၃၆း၃၉
( လသည်လည်း ၄င်း၏ စခန်း အသီးသီး တို့တွင် ကူးခတ်သွား လာရင်း နောက်ဆုံးတွင် သွေ့ခြောက်လျှက် ရှိသော စွံပလွန် ကိုင်းကဲ့သို့ ပြန်၍ ဖြစ်သွား ခြင်းသည်လည်း အသင်တို့အဖို့ သက်သေလက္ခဏာ တစ်ရပ် ဖြစ်သည်။)
Moon Phase
ကမ္ဘာသည် ၄င်း၏ ၀န်ရိုးတွင် ဂျင်ကဲ့သို့လည်လျှက် နေကိုပတ်ရာတွင် နေနှင့်မျက် နှာချင်းဆိုင် ဆုံတွေ့သော ကမ္ဘာ၏ တစ်ခြမ်းသည် နေ့ဖြစ်၍ နေနှင့်ကွယ်နေသော ကမ္ဘာ၏ အခြားတစ်ခြမ်းသည် ညဉ့်ဖြစ်သည်။ နေ ကမ္ဘာ လ နှင့် ဂြုဟ် နက္ခတ် အားလုံးတို့သည် မိမိတို့၏ အတိုင်းအတာ အကွာအဝေး လည်ပတ်နှုံးတို့မှာ အချိုး အစား ညီ ညာစွာ ရှိနေကြ သည်။ ထိုတိကျသေချာသည့်  နေ ကမ္ဘာ လ နှင့် ဂြုဟ် နက္ခတ် တို့၏ပုံမှန် ရွေ့လျှားမှုကြောင့် နေ၀င်နေထွက် လ၀င် လထွက် အချိန် များ သည် စက္ကန့်မလွဲ မှန် ကန်နေခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် ကုရ်အာန် (၃၆း၄၀) ညဉ့်သည်လည်း နေ့ကိုမကျော်နှိုင် ဟုဆိုထားခြင်းဖြစ်သည်။
ဂြိုဟ် နက္ခတ် အားလုံးသည်လည်း (Orbit) ပတ်လမ်းကြောင်း တွင်ပတ် လျှက် ရှိနေကြောင်းကို  ယနေ့ခေတ် သစ်သိပ္ပံ၏ ရှာဖွေတွေ့ရှိ ချက်များ မှအနည်း ငယ် ကောက်နှုပ် တင်ပြချက်ဖြစ် သည်။ ထိုသိပ္ပံတွေ့ရှိချက်ဖြင့် နှစ်ပေါင်း (၁၅၀၀) ကတဲက ကျမ်းမြတ် ကုရ်အာန်တွင် တည်ရှိနေသော နေ၊ လ၊ ကမ္ဘာ နှင့် ဂြိုဟ် နက္ခတ် တို့အာလုံးသည် မိမိ တို့ ၏ (Orbit) ပတ်လမ်းကြောင်း များတွင် သတ်မှတ် ပြ ဌာန်း ထားသည့် အတိုင်း ကူးခတ်သွားလာ နေကြသည်ဟူ သော အချက်ကို ကမ္ဘာ့လူသား တစ်ရပ်လုံးက တုနှိုင်း မဲ့ကိုး ကွယ် ရာ အရှင်၏ သက်သေလက္ခဏာ တစ်ရပ်အဖြစ် မျက်ဝါးထင်ထင် မြင်တွေ့ရပေသည်။
ကုရ်အာန် ၃၆း၄၀ က နေ၏ လည်ပတ်ခြင်းသည် လ၏ လည်ပတ်ခြင်းကို မမှီဟု ဆို ထားသော ဗျာဒိတ်အတိုင်း လ၏ Rotate လည်ခြင်း သည်လည်းကောင်း နေကို Orbit ပတ်ခြင်းသည် လည်းကောင်း နေထက်ပို ၍ မြန်ကြောင်းကို အတိအကျ မြင်တွေ့ရပေသည်။
ကုရ်အာန်သည် တုနှိုင်းမဲ့ ကိုးကွယ် ရာအရှင်၏ အရာခပ်သိမ်းတို့ကို ရှင်းလင်းဖေါ်  ပြထားသော စင်္ကြ၀ဠာဆိုင်ရာ စွယ်စုံကျမ်းကြီး ဖြစ်သည်။ (၁၆း၈၉)
ကုရ်အာန်ပါ အချို့သော ဗျာဒိတ် အမျိုးအစား များသည် လူတို့၏ ဖွံ့ဖြိုးတိုးတက် လာ သော အခြေအနေနှင့် အချိန်အခါများ ပေါ်တွင်မူတည်၍ သာ ထင်ရှားစွာ သိရှိနှိုင်မည်။ (၃းရ )
ကုရ်အာန်သည် စင်္ကြ၀ဠာဆိုင်ရာ ခေတ်တိုင်း နေရာတိုင်း နှင့်လူမျိုးတိုင်း အတွက် ဖြစ်သည်။ (၈၁း၂၇)
ကုရ်အာန်ပါ ဗျာဒိတ်များကို ကုရ်အာန်ကသာ အသေးစိပ် ပြန်လည်ရှင်းလင်းထား သည်။ (၁၁း၁/ ၁၀း၃၇)
ယင်းကုရ်အာန်ကို ရှင်းပြရန်မှာ ငါအရှင်မြတ်၏ တာဝန်ပင်ဖြစ်သည်။ (၇၅း၁၉)
ကုရ်အာန်သည် အဖြူထည် သက် သက် ရှိသူတို့မှအပ အခြားသူများကို အကျိုး ပေးမည်မဟုတ်။ (၅၆း၇၉) ဟူသော အထက်ဖေါ်ပြပါ ဗျာ ဒိတ်များကို ဆင်ခြင်၍ ကုရ်အာန်ကို လေ့လာ ဆည်ပူးကြမည် ဆိုပါက ကုရ်အာန်က ပြောလိုသော အ ကြောင်း အရာ ကို အရှိအတိုင်း မြင်တွေ့နှိုင်မည် ဖြစ်ကြောင်းသတင်းကောင်းပါး ရင်း-
(အင်ရှာအလ္လာဟ်) ဆက်လက်တင်ပြပါဦးမည်။
ဦးစိုးလွင် (ငြိမ်းချမ်းလျှပ်စစ်)
အစ္စလာမ့်ရေစီးကြောင်းမှ တာတမံ ခုလုတ်ကသင်းများ(၅)
ကုရ်အာန်ကိုမြင်တွေ့ရာဝယ်
ကျမ်းမြတ် ကုရ်အာန်၏ ဥပဒေများကို လွယ်ကူမှုအတိုင်း မြင်နှိုင်ရန်အတွက် ကုရ်အာန်က ညွှန်ကြားသော နည်းလမ်းအတိုင်း ကုရ်အာန် ကိုချဉ်းကပ် နှိုင်ရမည်ဖြစ် သည်။
(၁) ထိုကျမ်းသည် အဖြူထည် သက်သက် ဖြစ်သူတို့ မှအပ အခြားသူများကို အကျိုး သက်ရောက် စေမည်မဟုတ်ပေ။) ၅၆း ၇၉
(၂) ကုရ်အာန်သည် စကြ၀ဠာဆိုင်ရာ လူမျိုးတိုင်း ခေတ်တိုင်း နှင့်နေရာ တိုင်း အ တွက် လမ်းညွှန်ကျမ်း ဖြစ်သည်။ ၈၁း၂၇
(၃) ကုရ်အာန်သည် အရာခပ်သိမ်းတို့၏ အကြောင်းကို ရှင်းလင်းထားသော ဘ၀ လမ်းညွှန်ကျမ်း ဖြစ်သည်။ ၁၆း၈၇
(၄) ကုရ်အာန်ပါ ဗျာဒိတ်များကို ကုရ်အာန်ကပင် အသေးစိပ် ပြန်လည် ရှင်းထား ပြီးဖြစ်သည်။ ၁၁း၁- ၁၀း၃၇
(၅)  (ယင်းကုရ်အာန်ကို ရှင်းလင်းဖွင့်ဆိုရန် ကိစ္စသည်ငါအရှင်၏ တာဝန်ပင် အ မှန်ဖြစ်၏။) ၇၅း၁၉
(၆)ကုရ်အာန်ပါ ဗျာဒိတ် အမျိုးအစား နှစ်မျိုးရှိသည် တစ်မျိုးမှာ တွေ့ရုံ မြင်ရုံ ဖြင့် ချက်ချင်း လက်ငင်း ကွက်ကွက် ကွင်းကွင်း သိမြင်နှိုင်သော ပင်မ အုပ်စု နိယာမ (မုဟာကေ မသ်) နှင့် ထိုပင်မ နိယာမကို ဆင့်ကဲဆင့်ကဲ သိမြင်လာစေသော တွေး လေနက်လေ ခေတ်ရှေ့သို့ပြေးနေသော (မုသရှာဗီဟသ်) ဗျာဒိတ် တို့ဖြစ်သည်။ (မုသရှာဗီဟသ်) ဗျာ ဒိတ် အမျိုးအစားသည် လူတို့၏ တိုးတက်လာသော အခြေ အနေနှင့် အချိန်အခါ ရောက်ရှိမှသာ ဖွင့်ဆိုနှိုင်သော ဗျာဒိတ် အမျိုး အစား ဖြစ် သည်။ ၃း၇
အထက်ပါ ဗျာဒိတ် အချို့သည် ကုရ်အာန်ကို လေ့လာဆည်းပူး ရာ၌ အဓိက ထည့် သွင်းစဉ်းစားရမည့် အချက်များဖြစ်သည်။
ကုရ်အာန်စတင် ကျရောက်ခဲ့ချိန် နှစ်ပေါင်း၁၅၀၀ က လူသားတို့သည်  အစီးအ နှင်းယာဉ်အဖြစ် တိရစ္ဆာန်များနှင့် တိရစ္ဆာန်များ ဆွဲသော ယာဉ်များကို အသုံးပြု ကြသည်။ ထို အချိန်ကပင် ကျမ်းမြတ်ကုရ်အာန် ၈၄း၁၉တွင် လူသားများသည် တစ် ဂြိုဟ် မှအခြားဂြိုဟ် များသို့ အစီးအနှင်း ယဉ်များဖြင့်သွားရောက်ကြ မည့် အကြောင်းကို ဗျာဒိတ် ထား ပေသည်။ ထိုဗျာဒိတ် အရ လူသားသည် ကမ္ဘာဂြိုဟ် တွင်မက အခြားဂြိုဟ်များ သို့ပါသွားရောက် လျှက်ရှိ ကြောင်းကို ၁၉ရာစု နှစ် လောက်မှစတင်၍ ထင်ရှားစွာမြင်တွေ့ ရ ခြင်းဖြစ်သည်။ ရှေးလူသားပညာရှိများ သည် ထိုဗျာဒိတ်ကို ဖွင့်ဆိုရာ၌ ၄င်းတို့ခေတ် ၄င်းတို့ပါတ်ဝန်းကျင်၏ အခြေအ နေအရပ်ရပ် အပေါ်မူတည်၍ ကွဲပြားခြားနားစွာ ယူ ဆ ဖွင့်ဆို ခဲ့ကြသည်။ အချို့ က သေဆုံးသွားသော လူသားအား ဤအမ္ဘာဂြိုဟ် မှ အခြားဂြိုဟ် (ဗရ်ဇခ် )ခေါ် သု ဿန်သို့ ပို့ခြင်းဟူ၍ ယူဆဖွင့်ဆိုကြသည်။ ၄င်းတို့၏ ဖွင့်ဆို ချက် သည် ၄င်းတို့ ခေတ်၎င်းတို့ ၀န်ကျင်နှင့် လိုက်လျှောညီထွေ ရှိသောဖွင့်ဆိုချက်ဖြစ်သည်။ ထိုခေတ်ထိုအခါက လူသားများအဖို့ မှန်ကန်သော ဖွင့်ဆိုချက်ဖြစ် ကြောင်းလက် ခံရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤသည် ကုရ်အာန်၏ ခေတ်တိုင်းနှင့် လူ တိုင်းအတွက် ပြီးပြည့် ဆုံသော လမ်းညွှန်မှု ဖြစ်သော ကြောင့်ပင်။
ထိုအချိန်ကတဲက ကုရ်အာန် ကဆိုသော-( လူသားသည် တစ်ဂြိုဟ်မှ အခြားဂြိုဟ် ကမ္ဘာများသို့ သွားရောက် မည်ဟုဆိုခြင်းကို) ယနေ့မျက်မှောက်ခေတ် လူသားများ သည်မျက် ၀ါးထင်ထင် မြင် တွေ့ကြရပေသည်။ ထိုနည်းတူစွာ မွတ်စလင်မ်များ ဆွ လာသ်တည်ဆောက်ရာ ၌ မက္ကာဟ်မြို့ရှိ ကာဘာကျောင်းတော် ဘက်သို့မျက် နှာ မူ၍ ဆွလာသ် တည် ဆောက် ရန် ကုရ်အာန် ၂း-၁၅၀-တို့တွင်ပြဌာန်း ထား ပြီး ဖြစ် သည်။ ထိုပြဌာန်းချက် နှင့်အတူ အခြားဂြိုဟ်များသို့ ရောက်ရှိနေသော လူ သား များအား မည်သို့ မျက်နှာ မူရ မည် ကိုလည်း ကုရ်အာန်တွင် ပြဌာန်းထားသည်ကို တွေ့ရ ပေသည်။ ကုရ်အာန် ၂း၁၁၅ တွင်
(အရှေ့အရပ် သည်လည်းကောင်း အနောက် အရပ် သည်လည်းကောင်း အလ္လာဟ်အ ရှင့် အဖို့သာဖြစ်၏၊ သို့ဖြစ်၍ မည်သည့် အရပ် ဘက်သို့ဖြစ်စေ မျက်နှာမူခဲ့သည်ရှိသော် အလ္လာဟ်အရှင်၏ မျက်နှာဘက် သို့ လှည့်၍၀တ်ပြုခြင်း ဖြစ်သည်။ အမှန်ပင် အလ္လာဟ်အရှင်သည် အရပ်မျက်နှာ အားလုံးကို ကျယ်ဝန်းစွာ ၀န်းရံထားသော အရှင်ဖြစ်တော် မူ၏။)
ဤသည့် ဗျာဒိတ် အချို့ကို အထက်မှ ဖေါ်ပြခဲ့သော ဗျာဒိတ် (၁)မှ(၆) ၏ ဘောင်အ တွင်းမှ  ကြည့်မည် ဆိုပါက ကုရ်အာန် ကပြော လိုသော အကြောင်းအရာ ကို ရှင်း လင်းထင် ရှားစွာ သိမြင်နှိုင်ပေမည်။
ဤသည် ကျမ်းမြတ်ကုရ်အာန် ပါဗျာဒိတ်များ ကို ကျမ်းမြတ်ကုရ် အာန်၏ ဗျာဒိတ် များ၏ လောင်းရိပ်အောက် မှဘာသာပြန် ဖွင့်ဆိုသော ကုရ်အာန်ပြစနစ် ဇ ယား ဖြစ် သည်။
ကုရ်အာန်သည် လက်ဦးမဆွကပင် စကြာဝဠာ ရှိလူသား အားလုံး နှင့်ခေတ်တိုင်း အတွက် ကမ္ဘာကြီး၏ နောက်ဆုံးနေ့ တိုင် စကြာဝဠာ ဆိုင်ရာ လမ်းညွှန်ကျမ်း ဟု ဆိုထား ပြီး ဖြစ်သည်။ ထိုကျမ်းပါ ဗျာဒိတ်အမျိုး အစားများတွင် ခေတ်မှီ တိုးတက် လာသော အခြေအနေနှင့် အချိန်အခါများရောက် ရှိလာမှသာ ထင်ရှားစွာ သိရှိ နှိုင် သော ဗျာဒိတ်များ တည်ရှိနေပေသည်။
ထိုအကြောင်းများကို အသေးစိပ် သိရှိ ထားသော နှစ်ဘ၀သခင် ကျေးဇူးရှင် တမန် တော်မြတ်ကြီး မုဟမ္မဒ် (အရှင်၏အေးငြိမ်းမှု အပေါင်းခညောင်းပါစေ) က ကျမ်း မြတ် ကုရ် အာန် ကို မူရင်းအတိုင်း လူသားတစ်ရပ်လုံး အတွက်အမွေထားခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ ပင် တမန်တော်၏ မဟာသာဝကများ၊ အဂ္ဂမဟာသာဝကများ ကလည်း ကုရ်အာန် ကို တမန်တော် နည်းတူ မူရင်းအတိုင်း ထားခဲ့ခြင်းဖြစ်သည်။ ကုရ်အာန်သည် စကြ၀ဠာတစ်ခုလုံးနှင့် ဆိုင်သော ကေယာမသ်နေ့တိုင် လူသား တစ်ရပ်လုံး ကိုခေတ် တိုင်း စ နစ်တိုင်းအတွက် တုနှိုင်းမဲ့ ကိုးကွယ်ရာ အရှင်၏ ဥာဏ် တော်ဖြင့် တိုင်းတာ ချင့်ချိန်၍ ပြဌာန်း ထားသော ဗျာဒိတ် တော်ဖြစ်သည်။ ထိုဗျာဒိတ်များကို မိမိတို့၏ မျက် စေ့ တစ်ဆုံး လောက် ကိုသာလွှမ်းငုံနှိုင်သော ခေတ်အဆက်ဆက် လူသားများရေးသားသော လူရေးကျမ်းစွဲ၊ ကျောင်းတော်စွဲ၊ ဂိုဏ်းဂနစွဲ၊ ဆရာစွဲ၊ ပုဂ္ဂိုရ် စွဲ၊ ရိုးရာစွဲ ဟူသော အစွဲ ပေါင်းစုံ ကင်း မှ သာ ကုရ်အာန်က ပြောလိုသော အကြောင်းအရာ များကို အရှိအတိုင်းမြင်နှိုင် မည်ဖြစ်သည်။ သို့မဟုတ်ပါက သဘာ ၀ အဖြူထည် ကုရ်အာန် ကို ရောင် စုံ မျက် မှန် များဖြင့်ကြည့်သကဲ့သို့ ဖြစ်နေပေမည်။
(အင်ရှာအလ္လာဟ်) ဆက်လက်တင်ပြပါဦးမည်။
ဦးစိုးလွင် (ငြိမ်းချမ်းလျှပ်စစ်)
အစ္စလာမ့်ရေစီးကြောင်းမှ တာတမံ ခုလုတ်ကသင်းများ(၄)
လွယ်ကူသောကုရ်အာန်၏ စားသောက်မှုဆိုင်ရာ ဥပဒေ
ကုရ်အာန်ပါ ဥပဒေများ အနက်၊ အစားအသောက် ဆိုင်ရာ ဥပဒေအချို့ ကိုတစ်စေ့ တစောင်း ကြည့်မည် ဆိုပါက -(ဟလားလံ တွိုက်ယေဘာ) ၅း၎။၁၇း၇၀။တို့တွင်  (ကောင်း မြတ် သန့်ရှင်း သော အစားအစာများကို အမည်နာမ ဖေါ် ပြမှု မရှိဘဲစား ခွင့်ပြုထားပြီး ဖြစ်သည်။  အလားတူပင် လူသားတို့ အတွက် ဘေးဥပါဒ် အန္တရာယ် ဖြစ်စေ နှိုင်မည့် အ စား အစာများ အားလုံး ကို လည်း တားမြစ်ရာ၌ ချွင်းချက် မရှိ စေရန်အတွက် အမည်နာမများကို သီးသန့် ဖေါ်ပြထားမှု မရှိဘဲ တားမြစ် ပိတ်ပင် ထား သည် ။
ကုရ်အာန်၏ တိကျ ပြည့်စုံ သော နည်းဖြင့် ဖေါ် ပြမှု ပုံစံမှာ မည်သို့မျှ စောဒက ၀င်၍မရ သောနည်း ဖြစ်သည်။ အကယ်၍ စားသုံးပိုင်ခွင့် ရှိလေသမျှသော အစား အသောက် များ၏ အမည်များ ကို တစ်ခုချင်း ဖေါ်ပြနေပါက- အစားအသောက် ဥပဒေ တစ်မျိုးတည်း နှင့်ပင် စာမျက်နှာပေါင်းများစွာ ဖြစ်နေမည်။ အခြားသော ဥပဒေ ပေါင်းများ စွာ ကို လည်း အလားတူ တင်ပြနေပါက လူ တစ်ဦး အတွက် တစ်ဘဝလုံး တွင် စာဖတ်ရင်းသာ အချိန်ကုန်သွားမည်ဖြစ်သည်။ လက်တွေ့ကဏ္ဍ ကျင့်ကြံ နေထိုင်နိုင်ရန် အချိန်ရ လိုက် တော့မည် မဟုတ်ချေ၊ စကြဝဠာ အပေါင်းအား ပြဌာန်းသော အရှင်သည် စကြာဝဠာအတွင်း ဖြစ်တည် လာသော မျိုးစိတ်များ၏ မူလဇစ်မြစ်ကို သိရှိပြီးသား ဖြစ်နေ သည့် အလျှောက် လူသားတို့အား ဥပဒေ ပြဋ္ဌာန်းရာ၌လည်း အလွယ်တကူ လျှပ်တပြက်ဖြင့် နားလည်နိုင်စေရန် ပြဋ္ဌာန်းထားသည် များကိုတွေ့ရပေသည်။ (၆း ၁၄၂) တွင် စား ခွင့်ပြု ထားသော (အလ် အန်အာမ်) ခွာကွဲ စားမြုံ့ပြန်- မြက်စား (အသားမစား သည့်) တိရစ္ဆာန် မျိုးနွယ်ဖြစ်သည့်၊ ဆဲလ်သဘာဝတူ မျိုးစိတ်တစ်ခု အမည်အုပ် စုဖြင့် ဖေါ် ပြပေးထားပေသည်။ (အလ်အန်အာမ်) ဟူသည် လူသားတို့ ပတ်ဝန်း ကျင်ရှိ  အလွယ်တကူ  မြင်တွေ့ သိကျွမ်း ပြီးသား တိရစ္ဆာန် မျိုးနွယ်များ ဖြစ် သည့် ကျွဲ နွား ဆိတ်၊သိုး စ သည့် တိရစ္ဆာန် မျိုးနွယ်များ ဖြစ်သည်။  ထိုပြဋ္ဌာန်း ချက် ဥပဒေကို သိရှိသူ မွတ်စလင်မ် တစ်ဦးသည် (အလ်အန်အာမ်) (ဆဲလ်) သဘာဝတူ (ခွာကွဲ စားမြုံ့ပြန်- မြက်စား (အ သားမစားသည့်) တိရစ္ဆာန် မျိုးနွယ်များ) ဖြစ်သည့် သမင်၊ ဒရယ်၊ ချေငယ်၊ စိုင်၊ ဆတ် တို့ကဲ့သို့ သော အခြား မျိုးစိတ်တူ  တိရစ္ဆာန်များကို စားခွင့်ရှိကြောင်းကို အလွယ် တ ကူ သိရှိနှိုင်ပေသည်။
အလားတူပင် ကြွက်၊ ကြောင်၊ ကျား၊ ခွေး၊ ဝံ၊ သစ်၊ ခြင်္သေ့ စသည့် ခွာမပါ ခွာမကွဲ စားမြုံ့ မပြန်သော အသားစား တိရစ္တာန်၊ အစုံစား တိရစ္ဆာန်များကို စားသုံးခြင်း မှ ရှောင်ကျဉ် နှိုင်ရန် တား မြစ်ရာ၌့လည်း လူသားတို့ အလွယ်တကူ မြင်တွေ့ သိရှိ နိုင်သည့် (ဆဲလ်) သဘာဝ မျိုးစိတ်တူ ဝက်တိရစ္ဆာန်အား တား မြစ်ခြင်းဖြင့် အ လွယ် တကူ သိရှိနှိုင် ပေ သည်။(၂း၁၇၃)၊
ထိုသို့ တား မြစ်ခြင်း ခွင့်ပြုခြင်းတို့ နှင့်အတူ အခြား ဥပဒေ တစ်ခုမှာ သွေး ကို လည်း တားမြစ် ထားပေသည် (၅း၃)။ သွေးကို ကျမ်းတော်က   “မိဟာဒန်” စီးဆင်းသော သွေး။ သွေးပြန်ကြော မှ ပန်းထွက်သော သွေးဟု ဖြစ်သည်။ တဆက် တည်းတွင် စားသုံးပိုင်ခွင့် ရှိသော တိရစ္ဆာန်များကို တုနှိုင်းမဲ့အရှင်၏ နာမတော်ကို တိုင်တည်လျှက် ထိုသွေး ကြောအား လှီးဖြတ်ရမည်ဟု ဆိုထား ပေသည်။ ထိုအသုံးအနှုန်းကို “ဇဗီဟာဟ်” ဟုဆို သည်။ “ဇဗီဟာဟ်” ဟူသည် သတ္တ၀ါတို့ လျှပ်တပြက်အတွင်း ခံစားမှု အာရုံမဲ့ သွား မည့်နေရာ (လည်ပင်း) သွေး ကြောအား လှီးဖြတ် ရမည် ဖြစ်သည်။
သွေးပြန်ကြောမှ သွေးများထွက်ရန် တခေါက်ကြောအား ဖြတ်ခြင်းဖြင့် လည်းကောင်း၊ နံရိုးကြားသို့ ဓါး၊ ဒုတ်၊ အချွန်နှင့် ထိုးခြင်းဖြင့် လည်းကောင်း မပြုလုပ်ရန် “ဇဗီဟာဟ်” ဆိုသည့် ဝေါ ဟာရကို သုံးထားခြင်း ဖြစ်ပေသည်။ လူသား သဘာဝ ဤလောက အတွင်း မှီတင်း နေရသည်ဖြစ်၍  အသက်သတ်ရခြင်းနှင့် မကင်းသည့် အတွက် မိမိတို့ လူ သားများ အသက်ရှင်သန် ရပ် တည်ရေးအတွက် တိရစ္ဆာန် များကို လှီးသတ် နိုင်ခွင့် ပြုထားသော်လည်း မေတ္တာမဲ့ ရက်စက်စွာ ညှင်းပန်း နှိပ်စက်ခြင်း မပြုရသော အဓိပါယ်ကို “ဇဗီဟာဟ်” ဆိုသည့် စကားက အနက် ပေး ခြင်းဖြစ်သည်။ “ဇဗီဟာဟ်” လည်ပင်း သွေးကြောကို လှီဖြတ်ခြင်းဖြင့် တိရစ္ဆာန် တစ်ကောင်သည် လျှပ်တပြက် (အများဆုံး သုံးစကန့် အတွင်းတွင်) အာ ရုံခံစားမှု ပြတ်တောက် သွားပေ သည်။
ထိုလည်ပင်း သွေးပြန်ကြောမှ ပန်းထွက်သွားသော သွေးကြောင့် ကိုယ်ထဲရှိ သွေး ကြောများနှင့် အတူပြန့်နှံ့နေသော ရောဂါပိုးမွှားများ မှာလည်း သွေးနှင့်အတူ ပါသွားသည့် အတွက် ထိုသားကောင်၏ အစိပ်အပိုင်း တစ်ခုလုံးသည် လည်းသန့် ရှင်းစင်ကြယ်သော စားသုံးဖွယ်ရာ ဖြစ်သွားပေသည်။ သွေးပြန်ကြောမှ သွေးအညစ်များကို စွန့်ထုတ်ရာ ၌့လည်း တုနှိုင်းမဲ့ အရှင်၏ နာမ တော်ကို တိုင်တည် လျက် လှီးဖြတ်ကြလော့ ဆိုသည်မှာ- တုနှိုင်းမဲ့ အရှင်အား ယဇ်ပူဇော်ပသ ခြင်း မဟုတ်ပေ။ လူသားတို့ စားသုံးခြင်း များကို သာမာအာဇီဝ ကျသော နည်းဖြင့် ရှာ ဖွေ ထားသော စားသုံးကုန်များ ဖြစ်ရမည်ဟု သွန်သင်ခြင်း ဖြစ်ပေသည်။ ခိုးရာပါ ပစ္စည်း၊ တိုက်ရာပါ ပစ္စည်းများကို မည်သည့် နည်းနှင့်မျှ  ဘုရားတရားအား တိုင် တည်၍ မဖြစ်နိုင်ချေ။ ထို့ကြောင့် အစားအသောက်နှင့် ဆိုင်သော ဥပဒေတိုင်း တွင် “သန့်ရှင်း စင်ကြယ်သော” နာမဝိသေသန ကိုတွဲ၍ ဖေါ်ပြထားသည်ကို တွေ့ ရပေသည်။ “သန့်ရှင်း စင်ကြယ်သော” ဟု ပြောဆိုသည့်      (တွိုက်ယေဘာ) ရုပ် ပိုင်း နှင့် နာမ်ပိုင်း နှစ်မျိုးစလုံးကို စင်ကြယ်စေရာ၌့ သုံးစွဲကြောင်းကို အာရ်ဗီစာကို ဖတ်ဘူးသူတိုင်း၊ ကျမ်းတော်ကို တစုံတရာ ဖတ်ဘူးသူ တိုင်း သိပေသည်။ ထို့ကြောင့် တုနှိုင်းမဲ့ အရှင်၏ နာမတော်ကို တိုင်တည်လျှက် ဆိုသော စကား၏ လေးနက်မှုကို (လည်ပင်း သွေးကြော) အား ဖြတ်တောက်ရန် သက်သက် ရွတ်ဆိုရသည့် ဂါတာ အဖြစ် မမှတ် ယူအပ်ပေ။ သူတစ်ပါးပိုင် နွားတစ်ကောင်အား ခိုးယူ လုယက် တိုက်ခိုက်၍ ထို ဂါတာကို ရွတ်ဖတ်လျှက် လှီးဖြတ် လိုက်လျှင် စားသုံး ပိုင်သည်ဟု အစ္စလာမ် သာသနာတော်က လုံးဝ သွန်သင်ခြင်း မရှိပေ၊ ကုရ်အန်ကျမ်း တော်ပါ  ဤမျှ အသေးစိတ် နားလည် နိုင်သော ဥပဒေများ၊ စကား လုံးဝေါဟာရ များကို မပြည့်စုံ ပါဟု မည်သို့မျှ စောဒက တက်နှိုင်အံ့ မည်နည်း။ ဤသည် ကမ္ဘာ့ကုန်းမြေ ပေါ်ရှိ သက်ရှိသတ္တ၀ါများနှင့် စပ်လျှင်း၍ စားသုံးမှုဆိုင် ရာ ကုရ်အာန်ပြ ဥပဒေဖြစ်သည်။
ပင်လယ်သမုဒ္ဒရာ၊ မြစ်ချောင်း အင်းအိုင်အတွင်းရှိ ရေသတ္တ၀ါ များနှင့် စပ်လျှင်း၍ လည်း ကုရ်အာန် ၁၆း ၁၄၊ ၃၅း၁၂ တွင် ရေသတ္တဝါတို့အား လူသားတို့ အဖို့ လတ် ဆတ် သော စားသုံးဖွယ် ရာအဖြစ် ဖန်တည်းပေးထားသည်။  မိမိတို့အဖို့ အဆိပ် အတောက် ဖြစ်စေနိုင်သော အရာများမှ လွှဲ၍ စားသုံး ပိုင်ခွင့်ရှိ ကြောင်း ဖေါ် ပြထားပေသည်။  ငါး သတ္တဝါများ- ရေသတ္တဝါများတွင် “မိဟာဒန် ” ဟု ခေါ်သည့်။ စီးဆင်းသော သွေးအား နည်းပေသည်၊ ထို့ပြင် ငါး သို့မဟုတ် ရေ သတ္တဝါများ၏ သွေးများသည်၊ ရေထဲတွင် အသက်ရှင် နိုင်ရန်အတွက် တုနှိုင်းမဲ့ အရှင်၏ ဖြစ် တည် စေမှု နိယာမ အရ ပါးဟက် သည် တည်ရှိနေပေသည်။ ထို သတ္တဝါ များသည် ရေမရှိသော ကုန်းမြေပေါ်သို့ ရောက် လာသော အခါ၊ တစ်ကိုယ်လုံးမှ သွေးများသည် ပါးဟက်တွင် စုစည်း သွား၍ တစ်ကိုယ် လုံးတွင် မကျန်ရှိ တော့ပေ။ ထို့အတွက်ကြောင့် ထိုရေသတ္တဝါတို့အား “ဇဗီဟာဟ်” လည်ပင်းမှ သွေးပြန် ကြောအား လှီးဖြတ်လျှက် တစ်ကိုယ်လုံးမှ သွေးများကို ထုတ်ပစ် ရန် မလိုတော့ ပေ။ ထိုသို့သော အကြောင်းများကြောင့် ရေသတ္တဝါများကို (ဇဗီဟာဟ်) ပြုလုပ်ရန် လိုသည်ဟုကျမ်းတော်၌ ဖေါ်ပြထားခြင်း မရှိပေ။ အသေကောင် ပုပ်သိုး လာလျှင် ရောဂါပိုး များ ကပ်ငြိလာမည် ဖြစ်၍ လတ်ဆတ်သော အသားများကို စားသုံး ကြ ဟု ဖေါ်ပြထားခြင်း ဖြစ်ပေသည်၊
ထို့ကြောင့် စားသုံးခွင့်ပြုထားသည့် တိရစ္ဆာန်မျိုးစိတ်များ၊ စားသုံးခွင့် မရှိသော တိရစ္ဆာန် မျိုးစိတ်များ၊ သမာအာဇီဝ နည်းဖြင့် ရှာဖွေထားခြင်း မရှိသော အစား အစာ ဝတ္ထုများ၊ လတ်လတ် ဆတ်ဆတ်ကိုသာ စားသုံးရမည်ဟူသည့် သွန်သင်ချက် များ စသည့် —
ကုရ်အာန်၏ ဥပဒေများသည် ရှင်းလင်း တိကျ ပြတ်သားသော ဥပဒေများဖြစ် သော ကြောင့် နွားကျောင်းသားလေး တစ်ဦးမှ ဒသနပညာရှင်ကြီး တစ်ဦးအထိ လွယ် ကူရှင်းလင်း စွာဖေါ်ပြ တားပေသည်။ အယူအဆမကွဲ တူညီစွာ သိမြင်နိုင် သော စနစ်ဖြင့် ဖေါ်ပြ ထားသည်ကို တွေ့ရပေသည်။ ကုရ်အာန်က ညွှန်ကြားပြသ ထားသော ဥပ ဒေများ သည် ခေတ်တိုင်း နေရာတိုင်း လူတိုင်းအတွက် မည်သူ တစ်ဦးတစ်ယောက် ကိုမျှ မေးမြန်းစုံစမ်းရန် မလိုဘဲ လွယ်ကူစွာ လိုက်နာကျင့်သုံး နှိုင်ပေသည်။ ထိုလွယ် ကူ သော ဥပဒေများကို လွယ်ကူမှု အတိုင်း မြင်နှိုင် ရန် အတွက် ကုရ်အာန်ကမည်ကဲ့သို့ လမ်းညွှန်ထားသနည်။
ဆက်လက်တင်ပြပါဦးမည်။
ဦးစိုးလွင် (ငြိမ်းချမ်းလျှပ်စစ်)
အစ္စလာမ့်ရေစီးကြောင်းမှ တာတမံ ခုလုတ်ကသင်းများ(၃)
သာသနာ့ထီးရိပ် တစ်ခုထဲအောက်မှကွဲပြားခြားနားမှု
အထက်မှ ဖော်ပြခဲ့သော မာလီကီ၊ ရှာဖီ၊ ဟမ်ဘလီ ဂိုဏ်းသုံးဂိုဏ်း ထက်ပို ၍ စောခဲ့သော အေမန် အဘူဟနီဖာ၏  ဂိုဏ်းတွင်  ရေသတ္တဝါ များနှင့် စပ်လျှင်း၍ စားသုံး ခွင့်ကို အထက်မှ ဂိုဏ်းသုံးဂိုဏ်း ကဲ့သို့ အခွင့် အရေးများ မရရှိခဲ့ပေ။ ဥပမာ ဟန်နဖီ ဂိုဏ်းဝင်များ အတွက် ပုစွန် စားခြင်း ပင်လျှင် မစား ထိုက် ဟူ၍ ဆို ထားသည်။ ဂဏန်း၊ ပြည်ကြီးငါးနှင့် အခြားသော ရေသတ္တဝါ တို့မှာ လုံးဝ စားပိုင်ခွင့် မရှိပေ။
ဤသည့် အချက်လေး တစ်ချက် နှင့်ပင် ကုရ်အာန် ၄း၈၂ ပါ လူသား တို့၏  လူရေးကျမ်း များနှင့် လူရေးဥပဒေ များဟူသည် ကွဲပြားခြားနား မည်သာ ဖြစ်သည် ဟူသော အချက်သည် မြေကြီး လက်ခတ် မလွဲ မှန်ကန်လျှက် ရှိနေပေသည်။ တစ်ပါး တည်းသော အရှင်ကို ကိုးကွယ်သူ အချင်းချင်း တစ်ဦး တည်းသော တမန် တော်၏ နောက်လိုက် အချင်းချင်း တစ်ဆူတည်း သော ကုရ်အာန် လမ်းညွှန် ကျမ်းကို လက်ခံ ယုံကြည်သူ အချင်းချင်း တစ်ဦး စားခွင့် ရှိသော အစားအစာနှင့် တစ်ဦး ပြုပိုင်ခွင့် ရှိသော အရာများသည် အခြားသူများ အတွက် စားခွင့်၊ လုပ်ခွင့် မရရှိ ကြပေ။ အစ္စလာမ် သာသနာ ဟူသော ထီးရိပ်တစ်ခု ထဲအောက်မှ မွတ်စလင်မ် များသည် တူညီ သော အခွင့်အရေး များ ကို မရ ရှိကြ ခြင်းမှာ လူရေးကျမ်း မူဝါဒများ၊ ဂိုဏ်းဂန ဝါဒများ၊ ကျောင်းတော် ဝါဒများ၊ ဆရာ့ ဆရာများ၏  ဝါဒလမ်းစဉ်များ ကြောင့်ဖြစ်သည်။ ဤသည် ကုရ်အာန်က အထပ်ထပ် တားဆီး ပိတ်ပင် ခဲ့သော ရှေးကျမ်းရများ နည်းတူ သာသနာပိုင် ဝါဒနှင့် ဂိုဏ်းဂန ဝါဒများ ကြောင့်ဖြစ်သည်။ ကုရ်အာန်က ဂိုဏ်းဂန ဝါဒများ အပေါ် မည်ကဲ့သို့ ဆိုထားသနည်း။
ကုရ်အာန် ၃၀း၃၂ တွင်
(၎င်းတို့ အနက်မှ ထိုသူတို့သည် မိမိတို့၏ သာသနာကို အစိပ်စိပ် အမွှာမွှာ ပြုလုပ်ခဲ့ ကြပြီး ဂိုဏ်းဂန အသီးသီး ဖြစ်သွား ကြကုန်၏။ ထိုဂိုဏ်းဂန အသီးသီး တို့သည် မိမိတို့ လက်ခံကျင့်သုံး သောဝါဒ လမ်းစဉ်များ နှင့်ပင် ကျေနပ် ဝမ်းမြောက်လျှက် ရှိကြကုန်၏)
ကုရ်အာန် ၆း၁၅၉ တွင်
(ဧကန် ၎င်းတို့သည် သာသနာကို အစိပ်စိပ် ခွဲပြစ် ကြကုန်၏။ ထို့နောက် ၎င်းတို့သည် ဂိုဏ်းဂန အသီးသီးဖြစ် သွားကြ၏။  အိုတမန်တော် အသင်သည် ၎င်းတို့နှင့် မည်သို့မျှ မပတ်သက်ပေ။)
မည်သည့် ဘာသာ သာသနာတွင် မဆို မိမိတို့၏  အခြေခံ မူဝါဒ ဖြစ်သော တုနှိုင်းမဲ့ ကိုးကွယ်ရာ အရှင်၏ ဗျာဒိတ်ကျမ်းဂန် ကပင်လျှင် စည်းလုံး ညီညွှတ်သော လူ့အဖွဲ့ အစည်းကြီး တစ်ခုကို တည်ဆောက်ပေးသော ဝါဒလမ်းစဉ်ဖြစ်သည်။ ဗျာဒိတ် ကျမ်း၏ အခြေခံ နိယာမသည် ကွဲပြားခြားနား၍ အယူဝါဒ မ တူ သူများကို တူညီသော လမ်းညွှန်မှု အရ တူညီသော အခွင့်အရေး များကို တပြေးညီ ခံစားခွင့် ပေးထားသည်။ ထို မှန်ကန်သော ဗျာဒိတ် ကျမ်းဂန်ဝါဒမှ လူသားတို့၏ အယူဝါဒများ စွက်ဖက် လာသည်နှင့် စည်းလုံး ညီညွှတ်သည့် လူ့ အဖွဲ့အစည်း ကြီးအဖြစ်မှ ကွဲပြားခြား နားသောဂိုဏ်း ကွဲများဖြစ်ကြသည်ပင်။ မိမိတို့၏ အယူဝါဒ ဂိုဏ်းသည်သာလျှင် ပိုမိုမှန်ကန် သည်ဟု ယုံကြည်လာ ကြသည်နှင့် အတူ ထိုအယူ ဝါဒများကို မျိုးဆက်သစ်များ အား ဆက်လက်၍ ထိရောက်စွာ အမွေပေး နိုင်ရန်အတွက် ကျောင်းများဖွင့်၍ ထိုဝါဒ လမ်းစဉ်များကို အကွက်ချ၍ တိုးပွား စေခဲ့ကြ သည်။ ထိုမျိုးဆက်သစ်များ အချင်းချင်း အတွင်း၌ မတူညီသော မိမိတို့၏ ကျောင်းတော် ဝါဒ၊ ဂိုဏ်းဂနဝါဒ၊ ဆရာ့ ဆရာများ၏ မတူညီသော ဝါဒများကြောင့် အချင်းချင်းအတွင်း၌ အငြင်း ပွားမှု၊ တဖက်ကို တဖက်ထိုးနက်မှု တို့ ကြောင့် အလွန်တရာမှ တိုတောင်း လှသော လူ့ဘဝ အတွင်း စစ်မှန်သော ဘဝလမ်းညွှန်မှု ကုရ်အာန်ကို သိနား လည်ခွင့်ပင် မရရှိခဲ့ကြပေ။ ထိုကဲ့သို့သော ဆိုးမွေများသည် ခေတ်အဆက်ဆက် လွှမ်းမိုးလာမှု ကြောင့် ဘာသာရေး ဆိုင်ရာ ကျောင်းများမှ ပေါ်ပေါက် လာကြ သော ပညာရှင်များမှာ ကုရ်အာန်ထက် သာပို၍ လူရေးကျမ်းများကို ပိုမို၍ တတ်သိ နားလည်သော လူရေးကျမ်း တတ်ပညာရှင်များ ဖြစ်လာကြ၏။ ၎င်းတို့ အတွက် ၎င်းတို့၏ ကျောင်းများမှ သင်ကြား ပေးလိုက်သော လူရေးကျမ်း အားလုံး၏ တူညီသော အချက် တစ်ချက်မှာ၊
(ကျမ်း တစ်ကျမ်း နှင့် အခြားကျမ်း တို့၏ စပ်ကြား ၌ လည်း ကောင်း၊ ကျမ်း တစ်ကျမ်း အတွင်း၌ တွင် လည်းကောင်း၊ ကျမ်း တစ်ကျမ်း ထဲပါ၊ ကဏ္ဍ တစ်ခုထဲ အတွင်း၌ သော်လည်း ကောင်း ကွဲပြား ခြားနား ၍ တူညီမှု မရှိသော အချက်ဖြစ်သည်။)
ထိုသို့သော အကြောင်း များကြောင့် လူရေးကျမ်းတတ် ပညာရှိခေါင်းဆောင် များသည် အများမွတ်စလင်မ် တို့အား စည်းလုံး ညီညွတ်စေသော လူ့အဖွဲ့ အစည်းကြီး အဖြစ် တည်ဆောက် နိုင်ရန် အတွက် အချိန် မရခဲ့ကြပေ။ လူရေးကျမ်းတတ် ပညာရှင် အချင်းချင်း မတူညီသော ဂိုဏ်းဂန ဝါဒ များကြောင့် အ ချင်းချင်း စွပ်စွဲပုပ်ခတ် လာခဲ့ကြ ရာမှ ယနေ့မျက်မှောက် ခေတ်တွင် မတူညီသော ဂိုဏ်းများကို အခြေခံ၍ အများ မွတ်စလင်မ် နောက်လိုက်များ အတွင်း အချင်းချင်း လူသတ်ပွဲများ ကျင်းပလျှက် ရှိနေသော အခြေနေသို့ ပင် ရောက် ရှိနေပေသည်။ ထိုကဲ့သို့ဖြစ် ရခြင်းသည် မွတ်စလင်မ် အများစုကို ခေါင်းဆောင်သော ရှေ့ဆောင် ဆရာတော် ပုပ်ရ ဟန်းကြီးများ အတွင်း ကုရ်အာန်ပါ အခြေခံ မူဝါဒလမ်းစဉ်ကို တမန်တော်မြတ်နည်းတူ မဟာသာဝက များ နည်း တူ၊ အဂ္ဂမဟာ သာဝကများ နည်းတူ လိုက်နာကျင့်သုံး နိုင်မှုမရှိဘဲ မိမိတို့၏ ကျောင်းတော် ဝါဒများ ဂိုဏ်းဂန ဝါဒများနှင့် ဆရာ့ဆရာများ ၏ အဆိုအမိန့်များကိုသာ စွဲစွဲမြဲမြဲ ဆုပ်ကိုင် ထားကြခြင်း များကြောင့် ဖြစ်သည်။ ထို့အတွက်ကြောင့် ကုရ်အာန် ၃း၁၀၃ တွင်
(အသင်တို့ ကျမ်းမြတ်ကုရ်အာန် ပါလမ်းညွှန် ချက်များကို စွဲမြဲစွာ လိုက်နာ ကျင့်သုံးကြ အသင်တို့ အချင်းချင်း စိတ်ဝမ်း မကွဲကြလေနှင့်) ဟူသောအမိန့်နှင့် တိုက်ရိုက် ဆန့်ကျင်လျက် ကုရ်အာန်မှ လွဲ၍ လူရေးကျမ်းပါ မူဝါဒ များကို စွဲကိုင်ထားကြခြင်းဖြင့်  အချင်းချင်း စိတ်ဝမ်းကွဲလျှက် ရန်သူများအဖြစ် တည်ရှိနေကြသည်။
ကုရ်အာန်ကို ဟဒီးဆ်သမိုင်းကျမ်းများဖြင့်ဖွင့်ဆိုရာဝယ်
ကမ္ဘာတစ်ဝှမ်းတွင် ကုရ်အာန် မကျရောက်မီ အချိန်က  နေသည် အရှေ့ အ ရပ် မှထွက်၍ အနောက် အရပ်သို့ ငုံ့လျှိုး ဝင်သွားသည်။ နောက်တစ်ရက် ပြန်လည်ထွက်သည်။ ကမ္ဘာတွင် နေသည် လုံးဝ တစ်ည ပျောက်ကွယ် သွားသည် ဟူ၍ လူတိုင်း လက်ခံ ထားလေသည်။ အများ နည်းတူ အာရဗ်များ သည် လည်း ထိုကဲ့သို့ လက်ခံထား ကြမည် ဖြစ်သည်။ ဤသည့် အချက်ကို မှားယွင်း နေကြောင်း တုနှိုင်းမဲ့ ကိုးကွယ်ရာ အရှင်က ကျမ်းမြတ်ကုရ်အာန် ၃၆း၃၈ တွင် နေသည် ဝင်ခြင်း ထွက်ခြင်းမရှိ ၎င်း၏ လမ်းကြောင်းတွင် သွားလာနေ သည် ဟူ၍ အသိပေး မိန့်ကြားခဲ့ ခြင်းဖြစ်သည်။ ဤအသိကို ပထမဦးဆုံး စတင် ရခဲ့သူမှာ တမန်တော် မြတ် ဖြစ် သည်။ တမန်တော်မြတ်မှ တဆင့် လူသား တစ်ရပ်လုံးကို ကုရ်အာန်၏ အသိကို တဆင့်ပို့ချ ပေးခဲ့ခြင်းဖြစ်သည်။ ကျမ်းမြတ် ကုရ်အာန်ကို မူရင်းအတိုင်းမှ ဘာသာပြန် ဖွင့်ဆို သောကျမ်းများသည် တမန်တော် မရှိတော့သည့် နောက် ပိုင်း နှစ်ပေါင်း (၇၀၀) ဝန်းကျင်တွင် လှိုင်လှိုင် ပေါ်ထွက်လာ ခဲ့သည်။ ထိုဖွင့်ဆိုချက် များကို အထက်မှ ဖော်ပြခဲ့ ပြီး ဖြစ်သော တမန်တော်နှင့် နှစ်ပေါင်း နှစ်ရာမှ ငါးရာကျော် နောက်ပိုင်း ပေါ်ပေါက်ခဲ့သော ဟဒီးဆ်သမိုင်း ကျမ်းများနှင့် ဖွင့်ဆိုခဲ့ကြသည်။
ကုရ်အာန် သဖ်စီရ် လောကတွင် အများ သဖ်စီရ်ပညာရှင် များက ထပ်တူ ထပ်မျှ ပြန်လည် ကူးယူ ဖွင့်ဆိုကြ ရသော လက်ရွေးစဉ် သဖ်စီရ် ကျမ်းကြီး များစွာရှိ ခဲ့သည်။ ထိုကျမ်းများ အနက် အကျော်ကြားဆုံး အာရဗီမူရင်း သဖ်စီကျမ်း ကြီးများတွင် အထက်ပါ ကုရ်အာန် ၃၆း၃၈ နေသည် ၎င်း ၏လမ်း ကြောင်းတွင် သွားလာ နေခြင်းကို ဘိုခါရီ ဟဒီးဆ်သမိုင်း ကျမ်းပါ ဟာဒစ်(၁၀)ပုဒ်ဖြင့် ပြန်လည်ဖွင့်ဆိုထား သည်ကို တွေ့ရပေသည်။  နေသည် အရှေ့အရပ်မှ ထွက်၍ အနောက် အရပ်သို့ ငုံ့လျှိုးသွားပြီး အရှင်၏ ပလ္လင်အောက် တွင် တစ်ည အိပ်၍ နောက်တစ် ရက်မှ အရှင့် အမိန့်ဖြင့် ပြန်လည်ထွက်သည်ဟူသော ဟဒီးဆ်သမိုင်းကျမ်း အရ ဖော်ပြ ခဲ့သည်။ ထိုဟဒီးဆ်များကို တမန်တော် အမှန်ပင်ပြော ခဲ့ပါသည်ဟု ဆိုပါလျှင်လည်း အထက်ပါ ကုရ်အာန် ၃၆း၃၈ မကျရောက်ခင် အလျှင်က အာရဗ်တစ်ဦးဖြစ်သော တမန်တော်က အများ အာရဗ် များကဲ့သို့ ယူဆ ပြောဆိုခြင်း လည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ယခုကဲ့သို့ ကုရ်အာန် ကျရောက်ပြီးမှ ကုရ်အာန်၏ အခြေခံ မူဝါဒနှင့် တက် တက်စင် လွဲချော် နေသော အကြောင်းအရာ တစ်ခုကို  မွတ်စလင်မ်များက  ဆက်လက်၍ ဆွဲကိုင် ထားခြင်းဖြင့် မည်သို့မျှ အကျိုး သက်ရောက် နိုင်မည် မဟုတ်ပေ။ ဖော်ပြပါ ဟဒီးဆ်သမိုင်း ကျမ်းရှင် အားလုံးက ၎င်းတို့ စုဆောင်း ရရှိ ချက်များ သည် Hear Say “ရေဝါယသ်” ဆင့်ကဲဆင့်ကဲ ကြားသိချက် များဟု မူလ ကပင် ၎င်းတို့၏ ကျမ်းများ တွင်ဖော်ပြ ထားပြီးဖြစ်သည်။
လွန်ခဲ့သော နှစ် နှစ်ဆယ် ဝန်းကျင်က မြန်မာနိုင်ငံတွင် နိုင်ငံသားကဒ် လျှောက်ထား ရာ၌ မိခင် ဖခင် တို့၏ အဘိုးအဘွား များ၏ အကြောင်းအရာ များကိုပင် တိတိ ကျကျ မသိရှိသူ ဦးရေ မြောက်များစွာ ရှိနေပေသည်။ ယခုကဲ့သို့ နှစ်ပေါင်း နှစ်ရာကျော် အလျှင်က အဖြစ်အပျက် အကြောင်း အရာ များကို စာရွက် ပေရွက်များဖြင့် မှတ်တမ်း တင်ထားခြင်း မရှိဘဲ တဆင့်ပြီး တဆင့် လူမျိုးဆက်ပေါင်း (၇)ဆက်တို့၏ အ လွတ် ကျက်မှတ်ချက် အကြောင်း အရာများသည် မည်မျှ မှန်ကန် ပါသည်ဟု မည်သူမျှ အာမခံနိုင်မည် မဟုတ်ပေ။ အဆိုများ မှန်၏ မမှန်၏ ဆိုသည်ကို “ဖုရ်ကန်” ဟုခေါ်သော ကုရ်အာန်၏ အရှိတရား စံများဖြင့် စမ်းစစ်၍ ကြည့် ရ မည်မှာ မွတ်စလင်မ် တိုင်းအတွက် တာဝန် တစ်ရပ်ဖြစ်သည်။ ယနေ့လူသား တို့၏ ဥပဒေများတွင် ပင်လျှင် တဆင့် ကြားသော စကားကို ဥပဒေ အခေါ်  Hear Say ဖြင့် တရားရုံးများတွင် သက်သေ လိုက်၍ မရတော့ပေ။ ထို့ကြောင့် ကျမ်းမြတ် ကုရ်အာန် တစ်အုပ်လုံး တွင် ပါဝင်သော အာယာသ်များကို အာယာသွလ် ကုရ်အာန်ဟုဆိုသည်။ အာယာသ်ဟူသည် အလ္လာဟ်၏ ဗျာဒိတ် ဖြစ်သည်။ အဓိပ္ပါယ်မှာ လက္ခဏာ ဖြစ်သည်။ အာယာသ် တစ်ခုတိုင်းသည် ဖန်ဆင်းရှင် ရှိနေကြောင်းကို ဖော်ညွှန်း လျှက်ရှိနေသည်။ တမန်တော်၏ သြဝါဒဟု ခေါ်ဆိုသော ဟဒီးဆ်များကို ဟဒီးဆ် နဗဝီဟုသာ ခေါ်ဆိုကြသည်။ မည်သည့်ကဝိ အကျော် အမော် ပညာရှင်များကမျှ အာယာသ်သွလ်နဗီဝီ ဟု မခေါ်ဆိုကြပေ။ ဟဒီးဆ်ဟူသည် ပြောစကားကို ခေါ်ဆိုခြင်း ဖြစ်သည်။ အယူဝါဒ ရေးရာပြဿနာ တစ်ရပ် ရင်ဆိုင် လာပါက ကုရ်အာန်တွင် တည်ရှိ နေသော အရှိ တရားများနှင့် စပ်လျှင်းပြီး မည်သည့်အယူ မည်သည့်ဝါဒ ကမျှ ကျော်လွန်၍မရနိုင်ပေ။ ကုရ်အာန် သည် Supreme Law အခြေခံ ဥပဒေဖြစ်သည်။ ထိုဥပဒေ၏ အထက်တွင် မည်သူမျှ မရှိစေရ တမန်တော်သည် ပင်လျှင် ထိုကုရ်အာန် ဥပဒေ၏ အထက်တွင် မရှိခဲ့ပါဟု ကုရ်အာန်က ဆိုထား ပြီးဖြစ်သည်။ သို့ဆိုလျှင် တမန်တော် မရှိတော့သည့် နောက်ပိုင်း နှစ်ပေါင်း နှစ်ရာမှ ငါးရာကျော် လူသား မျိုးဆက် ပေါင်း(၇) ဆက်တို့က အလွတ် ကျက်မှတ် ချက်များသည် ကုရ်အာန်၏ ဥပဒေကို မည်ကဲ့သို့ ကျော်ပိုင်ခွင့်ရှိ မည် နည်း။
ဆက်လက်တင်ပြပါဦးမည်။
ဦးစီုးလွင်(ငြိမ်းချမ်းလျင်စစ်)
အစ္စလာမ့်ရေစီးကြောင်းမှ တာတမံ ခုလုတ်ကသင်းများ(၂)
“ဟာဒစ်များကိုပြန်လည်ဖော်ပြရာ၌”
ဟာဒစ်သမိုင်းများ ကိုစုဆောင်းသူများ အားလုံးသည် ၎င်းတို့ရရှိခဲ့သော ဟာဒစ်များကိုပြန် လည်စီစစ်၍ အနည်း ငယ်မျှကိုသာ ပြန်လည်ဖော်ပြခဲ့ ကြခြင်းဖြစ်သည်။ အေမန် ဘိုခါရီ သည် ဟာဒစ်ပေါင်း (၆)သိန်းကို စုဆောင်းရရှိခဲ့ သည်။ ထို(၆)သိန်း အနက်မှ ၎င်း၏ ဘိုခါရီကျမ်းတွင် ဟာဒစ်ပေါင်း (၇၀၅၂)  ပုဒ်ကိုသာ ပြန်လည်ဖော်ပြခဲ့သည်။
မွတ် စနတ်ကျမ်း ဟစ်ဂျရီ၂၄၁ အားပြုစုသူ အဟ်မဒ်အေ့ဗနုဟမ်ဘလ်သည်၊ ၎င်းစုဆောင်း ရရှိခဲ့သော ဟာဒစ်ပေါင်း တစ် သန်းအနက်မိမိ၏ ကျမ်းတွင်(၂၉၀၀၀) ကို သာပြန်လည် ဖော် ပြခဲ့သည်။ ထိုကျမ်းရှင် အားလုံးသည် ၎င်းတို့၏ ခေတ်တွင် ဟာဒစ်များကို အလွတ်ကျက်မှတ် ထားသူများထံမှ စာရွက်များပေါ်တွင် ပြန်လည်၍ရေးသား မှတ်တမ်း တင်ခဲ့ခြင်း ဖြစ် သည်။ ထိုဟာဒစ်များကို အလွတ်ကျက်မှတ် ထားသူများသည် ၎င်းတို့၏ ဆရာများ၊ ၎င်းတို့၏ ဘိုးဘွားများမှ ဆင့်ကဲ ဆင့်ကဲ တစ်ဆင့်ပြီး တစ်ဆင့် အလွတ်ကျက်မှတ် ထားသော ဟာ ဒစ်များဖြစ်သည်။ ဖော်ပြ ပါ ဟာဒစ် ကျမ်းပေါင်း (၄၁) ကျမ်းပါဟာဒစ်များသည် တမန်တော်ခေတ်မှ တမန်တော်၏ ပြောကြား ချက်များ၊ လုပ်ဆောင်ချက် များကို မဟာသာ ဝက များ က ကုရ်အာန်ကို မှတ်တမ်းတင် သကဲ့သို့ မှတ်တမ်း တင်ခဲ့ခြင်း မျိုးမဟုတ်ပေ။
ထို့အတွက်ကြောင့် ဟာဒစ်များအား ဆင့်ပြန်သူကို  “ရာဝီ”  ဆင့်ပြန်သူဟုခေါ်သည်၊ ဟာဒစ် များကို ”ရေ ဝါယသ်” ဟု ခေါ်သည်။ အာရဗီဝေါဟာရ ရေဝါယသ် ဟူသည်အဖြစ် အပျက်တစ်ခုကို ဆင့်ပြန်သူသည် အခြားတစ်ဦးထံမှ ကြား ခြင်းဖြစ်သည်။ ထိုအခြားတစ်ဦး မှာလည်း ထိုဖြစ်ရပ် နှင့်ကြုံခဲ့ သည်မဟုတ်၊ နောက် အခြားတစ်ဦးထံမှ ဆင့်ကဲကြား သိချက်ဖြစ်သည်။ဥပမာအားဖြင့် ဘိုခါရီကျမ်းသည် ဟစ်ဂျရီ၂၅၆ ဖြစ်သည်။ တမန်တော်ခေတ်နှင့် နှစ်ပေါင်းနှစ်ရာ ကျော် အတွင်း လူသားမျိုးဆက်(၇)ဆက် မှတမန်တော်၏ ပြောကြား ချက်များကို ဆင့်ကဲဆင့်ကဲ အလွတ်ကျက် မှတ်ထားချက်များကို အေမန်ဘိုခါရီက ၎င်း၏ ခေတ်ပြိုင် နောက်ဆုံး အဆင့်အလွတ် ကျက်မှတ်ထား သူထံမှ စာရွက် ဖြင့် မှတ်တမ်း တင်ချက်ဖြစ်သည်။ ရေဝါယသ်ဟူသော အာရဗီ ဝေါဟာရ ကို Hear say (သို့မဟုတိ) Narration ဟူသော အင်္ဂလိပ် ဝေါဟာရ နှင့်ထပ်တူထပ် မျှဖြစ်သည်။ ထို့အတွက်ကြောင့် ဘိုခါရီကျမ်း ပါ ဟာဒစ် တစ်ပုဒ်ကို ဆင့်ပြန်သော မျိုးဆက်မှာ (၇)ဆက်ခန့်ဖြစ်သည်။ ဘိုခါရီကျမ်းပါ အချို့ဟာဒစ်များသည် ဆင့်ပြန်သူ၏ အာဘော် အ တိုင်း အာရဗီဝေါဟာရ (အောက်(ရ်)ကမာ၊ကားလ) အဓိပ္ပွါယ်မှာ (သို့မဟုတ်- ထိုကဲ့သို့ ပြောခြင်းလည်းဖြစ် နိုင်သည်) ဟူသော မတိကျသော ဆင့်ပြန်ချက် ကို အေမန်ဘိုခါရီက ဆင့် ပြန် သူ၏အာဘော် အတိုင်းပြန်လည်ဖော်ပြထားသည်။
အလားတူ အကြောင်း အရာတစ်ခု နှင့် တစ်ခု လုံးဝဆန့်ကျင် ကွဲပြားလျှက်ရှိသော ဟာဒစ်များကိုလည်း ယှဉ်တွဲဖော်ပြ ထားလေသည်။ ဘိုခါရီကျမ်းတွင် ဖော်ပြ ချက် များအနက် အချို့ ကိစ္စများမှာ ဘာသာရေးနှင့် လုံးဝပတ်သက် ဆက်နွယ်မှု မရှိသော ဟာဒစ်များလည်း ပါဝင်သည်။ ဥပမာ ရှေးအာရဗ် များ၏ရိုးရာ ဗိန္ဓောဆေးဝါး ကုသမှုဆိုင်ရာကဏ္ဍများ လည်း ပါဝင် သည်။ ထိုကဲ့သို့ပင် ရှေးအာရဗ်များ ၏ နက္ခတ္တ ဗေဒဆိုင်ရာ အယူဝါဒများ အကြောင်းပါဝင်သည်။ ထိုနက္ခတ္တ ဗေဒ ဆိုင် ရာအ ယူဝါဒများ သည်လည်း ကုရ်အာန်ပါ နက္ခတ္တဗေဒ ဆိုင်ရာ ပါ ရှိ ချက်များ နှင့်ကွဲလွဲ လျှက်ရှိနေ ပေသည်။ ကျမ်းမြတ်ကုရ်အာန် မတိုင်ခင် အလျှင်က အာရဗ်များ အပါ အဝင် ကမ္ဘာ့လူသားများ၏  အယူအဆများအတိုင်း နေ သည် အရှေ့ အရပ်မှ စ တင်ထွက်၍ အနောက် အရပ်သို့ ငုံ့လျှိုး ဝင်ရောက်ပြီး အရှင်မြတ်၏  အရ်ရှ်ပလ္လင် တော် အောက် တွင် တစ်ညအိပ်သည်၊ နောက်တစ်နေ့နံနက်တွင်နေသည် အရှင့်အမိန့်နှင့် အရှေ့ အ ရပ်မှပြန်လည် ထွက်သည်ဟူ သော ဟာဒစ်များဖြစ်သည်။ (နေသည် ကမ္ဘာတွင် တစ်ညပျောက်ကွယ် သွားသည်ဟူသော အယူအစဖြစ်သည်။)
မည်သို့ပင်ဖြစ်စေ ဟာဒစ်များကို စုဆောင်း၍ စာအုပ်အဖြစ်ရေး သားခဲ့ကြသော ကျမ်းရှင်များက “ရေဝါယသ်” Hear Say (သို့မဟုတ်) Narration ဟူသော ဆင့်ကဲ ဆင့်ကဲ တဆင့်ကြား စကားများမှ ပြန် လည် မှတ်တမ်းတင်ခြင်း  ဖြစ်သည် ဟုဆို ထားပြီးဖြစ် သည်။ ၎င်းတို့ ကိုယ်တိုင်က ဥပဒေရှုဒေါင့်မှ ဟာဒစ်များကို ဖော်ပြခဲ့ သည်ဆိုပါက ကဏ္ဍတစ်ခု ထဲတွင်ပင်လျှင် ကွဲပြား ခြားနား သော ဟာဒစ်နှစ်မျိုး ကိုတစ်နေရာထဲ တွင်ယှဉ်တွဲ၍ ဖော်ပြကြမည် မဟုတ်ပေ။ ဥပမာအားဖြင့် တမန် တော်သည် မီးနှင့်ချက်ပြုတ် ကြော်လှော်ထား သည့် အစားအစာ များကိုစားသုံး ၍ဝိုဇူ ပြန်လည်ပြုသော ဟာဒစ်များနှင့် မီးနှင့် ချက်ပြုတ်ကြော်လှော် ထားသည့် အစား အစာကို စားသုံး၍ ဝိုဇူပြန်လည် ၍မလုပ်သောကွဲပြားခြားနားသည့်ဟာ ဒစ်များကို လည်းယှဉ် တွဲဖော်ပြထားသည်များကိုတွေ့ရလေသည်။
အစ္စလာမ့်သမိုင်းတွင် အဟ်လေဟာဒစ် (ဝါ) ဟာဒစ်ဝါဒီ များဟူသော ဟာဒစ်သမိုင်းများ ကိုရှာဖွေ၍ ဥပဒေစ တင်ပြုသောစနစ်ကို အေမန်မာလစ်(က်) လက်ထက်မှ စတင်ခဲ့ သည်။ ထိုဝါဒ လမ်းစဉ်ကို ပိုမို၍ တိုးပွားခဲ့သူမှာ အေ မန်ရှာဖီဖြစ်သည်။ ထိုပညာရှိ သုခမိန်ကြီး နှစ်ဦး၏ နောက်ပိုင်း  အဟ်လေဟာဒစ် ဝါဒလမ်းစဉ်ကို ပိုမိုတိုး ပွားစေသူမှာ အဟ် မဒ် အေ့ဗနု ဟမ်ဗလ်ဖြစ်သည်။ အေမန်မာလစ်က် သည်ကိုယ်တိုင် ဟာဒစ်သမိုင်းကျမ်း ကိုပြုစု သူဖြစ်သည်။ အေမန်ရှာဖီသည် ကိုယ်တိုင်ဟာဒစ် သမိုင်းကျမ်း ကိုမပြုခဲ့သော်လည်း ဟာ ဒစ် များကို စုဆောင်း သောစနစ်ကို အားပေးခဲ့သူဖြစ် သည်။ အဟ်မဒ်အေ့ဗနုဟမ်ဗလ်မှာ ကိုယ်တိုင်လည်း မွတ်စနတ်ဟူသော ဟာဒစ်သမိုင်း ကျမ်းကြီးကိုပြုစုခဲ့သူဖြစ် သည်။ သို့ရာ တွင်များမြောင်သော ဟာဒစ်များနှင့် ကွဲပြား ခြားနားသော ဟာဒစ်များ လည်း များမြောင်စွာပါဝင်ခဲ့လေ သည်။
အထက်မှ ဖော်ပြခဲ့သော ဟာဒစ်များကို အခြေခံ၍ အစ္စလာမ့် ဓမ္မထုံးဖွဲ့မှုများ ကိုစတင်ခဲ့သော အေမန်မာလစ်က်၊ အေ မန်ရှာဖီ၊  အေမန်အဟ်မဒ်အေ့ဗနုဟမ်ဗလ် တို့သည် အဟ်လေ ဟာဒစ် ၀ါဒီများဖြစ်ပါလျှက် ဥပဒေပြုရန် ဟာဒစ်များကို ရွေးချယ်ရာ၌ တစ်ဦးနှင့်တစ်ဦး အကြိုက်ခြင်း မတူသော ဟာဒစ်များ ကြောင့် ဂိုဏ်းကွဲ သုံး ခုဖြစ် ခဲ့ကြရသည်။ အေမန် မာလစ်က် နှင့် အေမန်အဟ်မဒ်အေ့ဗနုဟမ်ဗလ်တို့၏ “မဇဟဗ်” ဂိုဏ်းများတွင် မီးနှင့်ချက်ပြုတ်ပြီးသော အစားအ စာစားခြင်းဖြင့် ဝိုဇူပြန် လည်ပြုရန် မလိုအပ်။ အလား တူဝိုဇူနှင့် ဇနီး မယားကို ထိမိရုံဖြင့် ဝိုဇူပြုရန် မလိုအပ်ပေ။ သို့ရာ တွင်အေမန်ရှာဖီ ၏ဂိုဏ်းဝင်များ အဖို့ မီးနှင့် ချက်ပြုတ်သော အစားအစာ စားအပြီး ဝိုဇူပြန်လည်ပြုရသည်။ ဇနီးကိုထိမိ ရုံဖြင့် ဝိုဇူပြန်လည် ပြုရသည်။ ထိုကဲ့သို့ပင် အေမန် မာလစ်က်၏ ဂိုဏ်းဝင်များက ဆွလာသ် တည်ဆောက် ရာ၌ လက် နှစ်ဖက် ကိုအောက်ချ၍ တည်ဆောက်သည်။ ရှာဖီဂိုဏ်း ဝင်များနှင့် ဟမ်ဗလီဂိုဏ်းဝင် များက လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တင်၍ တည်ဆောက်သည်။ အစားအသောက် စားသုံးရာ၌ ရေသတ္တဝါများနှင့် စပ်လျှင်း၍ ရှာဖီ၏ ဂိုဏ်းဝင်များက ရေနေ ကုန်း နေ လိပ်သတ္တဝါ များကိုပါ စားသုံးခွင့်ရှိသည်။ အခြားဂိုဏ်း နှစ်ခုဖြစ် သော မာလီကီဂိုဏ်းဝင်များနှင့် ဟမ် ဗလီဂိုဏ်းဝင်တို့က ရှာဖီဂိုဏ်း ဝင်များ ကဲ့သို့စားပိုင် ခွင့်မရှိပေ။ ဤဂိုဏ်း သုံး ဂိုဏ်းမှာ အဟ်လေဟာဒစ်ကို စတင်ခဲ့သူ များဖြစ်ပါ လျှက် များစွာသော ဟာဒစ်သမိုင်းကျမ်းများအတွင်းမှ ကွဲပြားခြားနား လျှက်ရှိနေသော ဟာဒစ်များကို ရွေးချယ်၍  ဥပဒေပြုရင်းမှ ကွဲပြားခြား နားသောဂိုဏ်းကွဲ သုံးခု ဖြစ်သွားခဲ့သည်။
ထိုဟာဒစ်များကို နောက်ပိုင်း ပညာရှင်များက ပြန်လည်၍ အဆင့်အတန်းခွဲခြား သတ်မှတ်ခဲ့ကြသည်။ ထိုအဆင့်အတန်း သတ်မှတ်ချက်များ အနက်အချို့မှာ- (ဆွ ဟီးဟ်) မှန်ကန်သောဟာဒီးစ်များ။ (ဟစန်) သင့်တင့်လျောက်ပတ်သော အဆင့်တွင်ရှိသော ဟာဒီးစ်များ။ (ဒွအီးဗ်) အားနည်းမှုရှိသော ဟာဒီးစ်များ။ (ခဗ်ရေအ ဟသ်) တစ်ဦးတစ်ယောက်(၀ါ) လူနည်းစုသာ ဆင့်ပြန်သော ဟာဒီးများ။ (မုသ၀သ်သာရ်) လူများစုဆင့်ပြန်သော ဟာဒီးစ်များ။ ( ခဗ်ရေအဟသ် မရှ်ဟူးရ်) တစ်ဦး တစ်ယောက်က ဆင့်ပြန်သော ဟာဒီးစ် ဖြစ်သော်လည်း ကျော်ကြားသော ဟာဒီးစ်ဖြစ်သည်။
ဥပမာအားဖြင့် သောက်သုံးအရေခွက် ထဲသို့ယင်ကောင် ကျသွား ပါက ထိုယင်ကောင်ကို ထိုအရေထဲသို့ နှစ်မြှုတ်၍ သောက်သုံးနှိုင်သည်။ယင်ကောင်၏အတောင် တစ်ဖက်တွင် အဆိပ်ရှိသည် အခြားအတောင်တစ်ဖက်တွင် ဖြေဆေးရှိသည်။ ထိုဟာဒီးစ်ကို ဆင့်ပြန်သူမှာ အဘူဟူရိုက်ရာဟ် တစ်ဦးတည်းဖြစ်သည့်အတွက် (ခဗ်ရေ အဟသ်)ဟာဒီးစ် အမျိုးအစားဖြစ်သည်။ ထိုဥပဒေကို ကျင့်သုံးချင်လည်း ကျင့်သုံးနှိုင်သည်။ မကျင့်သုံးလိုက မကျင့်သုံးဘဲနေနှိုင်သည် ဟု ဟာဒီးစ် ပညာ ရှင် များက သတ်မှတ်ထားသည်။
အလားတူ မုတ်ဆိတ် ထားခြင်းနှင့်စပ်လျင်းသော ဟာဒီးစ်များသည် ဘိုခါရီကျမ်း၊ အဘူဒါဝုဒ် နှင့် မွတ်စနတ်ကျမ်းများတွင် ပါဝင်သည်။ ထို ဟာဒီးစ် အားလုံးကို  အ ဗ္ဖဒွလ္လာဟ် အေ့ဗနု အွမ္မရ် တည်းဦတည်းက ဆင့်ပြန်သည့် အတွက် (ခဗ်ရေအဟသ်)် ဟာဒီးစ် အမျိုးအစားဖြစ်သည် ဟု ပညာရှင်များက သတ်မှတ်ကြသည်။ ထိုနည်း အတိုင်းပင် (အင်နမလ်-အအ်မားလို-ဘင်န်နိယဟ်) လုပ်ဆောင်မှု၏ ရလဘ်သည် ရည်ရွယ်ချက် ပေါ်တွင်မူတည်သည် ဟူသောဟာဒီးစ် ကို အွမ္မရ်အေ့ဗနု ခသဗ် တစ် ဦး တည်းက ဆင့်ပြန်သော (ခဗ်ရေအဟသ်) ဟာဒီးစ် အမျိုးအစားဖြစ်သည်။ သို့ရာတွင် ထိုဟာဒီးစ်သည် ဟာဒီးစ်ကျမ်းပေါင်း (၄၁)ကျမ်းလုံးတွင် အကြိမ်ပေါင်း ခြောက် ရာကျော် ပါဝင်ခဲ့သည့်အတွက် (  ခဗ်ရေအဟသ်မရှ်ဟူးရ်)တစ်ဦးတစ်ယောက်က ဆင့်ပြန်သော ဟာဒီးစ်  ဖြစ်သော်လည်း ကျော်ကြားသော ဟာဒီးစ်ဖြစ် သည်။
ထိုကဲ့သို့ပင် (ဆွဟီးဟ်)  ဟာဒီးစ်များ ဖြစ်သော်ငြားလည်း ယခုခေတ်တွင် မည်သူမျှလိုက်နာကျင့်သုံး မှုမရှိတော့သော ဟာဒီးစ်များစွာရှိနေပေသည်။ ဥပမာအမျိုး သား တစ်ဦးသည် မိမိ၏ဇနီးဖြင့် သံဝါသပြု၏  ကာလာလရေ မထွက်ပါက ရေချိုးရန်မလို၊ ၀ိုဇူပြုပြီး ဆွလားသ် တည်ဆောက်ခွင့်ရှိသည်။ ထိုဟာဒီးစ်ကို ဆင့်ပြန်သူ များမှာ အွတ်စမာန်း-ဘင်-အဖါန်း၊ အလီအေ့ဗ်နုတွာလစ်ဗ်၊ ဇိုဗိုရ်ဗင်န် ဖ၀ါမ်၊ သွာလဟာဗင်န်-အိုဗိုက်သွလ္လာဟ်၊ အေ့ဗနေ ကအားဗ် တို့ကဆင့်ပြန်သည်။ ဟာဒီးစ် အမျိုးအစားမှာ ဆွဟီးဟ် ဖြစ်သည်။ ထိုဟာဒီးစ် ပါဝင်သော ကျမ်းများမှာ (ဘိုခါရီအျမ်း) ၀ိုဇူကဏ္ဍ၊ရေချိုးခြင်းကဏ္ဍ၊ ဓမ္မတာ ကဏ္ဍ၊ (မွတ်စလင်မ်ကျမ်း) ဓမ္မတာ ကဏ္ဍ၊ (နေဆာ အီကျမ်း) သန့်စင်မှုကဏ္ဍ၊ (မွတ်စနတ်ကျမ်း) အခန်း၁၊၂၊၃၊တို့တွင်ပါဝင်သည်။
မွတ်စလင်မ်များသည် မိမိတို့တတ်သိသော စာပေဖြင့် ဟာဒီးသမိုင်းကျမ်းများကို လေ့လာမည်ဆိုပါက ဟာဒီးစ်များကို ရေးသားမှတ်တမ်း တင်သူများက သမိုင်း ရှု ဒေါင့် မှသာ ပြန်လည် တင်ပြခြင်းဖြစ်သည်ကို တွေ့ရှိနှိုင်မည်ဖြစ်သည်။ မည်သည့် ကျမ်းရှင်များကမျှ ၄င်းတို့၏ ကျမ်းများပါ အဆိုအမိန့်များသည် လုံးဝဥဿုံ ဥပဒေ များဖြစ်သည်ဟု ဆိုထားခြင်းမရှိကြပေ။ အကယ်၍ ၄င်းတို့က ဥပဒေအဖြစ် ဖေါ်ပြခဲ့ကြမည်ဆိုပါက ကွဲပြားခြားနားသော အဆိုများကို ကဏ္ဍတစ်ခု ထဲတွင်ယှဉ်တွဲဖေါ် ပြကြမည်လည်းမဟုတ်ပေ။
ဆက်လက်တင်ပြပါဦးမည်။။
ဦးစီုးလွင်(ငြိမ်းချမ်းလျင်စစ်)