စည်းလုံးညီညွတ်ရေးသို့(၁)

မွတ်စလင်မ်တို့၏အောင်မြင်ခြင်းလက္ခဏာ

အစ္စလာမ့်အတိတ်သမိုင်းကို ပြန်လည်စမ်းစစ်ကြည့်ပါက အစ္စလာမ်သာသနာဝင်မွတ်စ လင်မ် များသည်  ကျမ်းမြတ်ကုရ်အာန်က ညွှန်ကြားပြသသော လမ်းညွှန်မှု အတိုင်း အလွန် စည်းလုံး ညီညွတ်သည့် ခဲပုပ်ရည်ဖြင့်သွန်းလောင်းထားသော အဆောက်အဦးကြီးသဖွယ် ကျစ်လစ်ခိုင်မာတောင့်တင်းသော လူ့အဖွဲ့အစည်းကြီးကို တည်ဆောက်နှိုင်ခဲ့သည်။ ထို လူ့အဖွဲ့အ စည်းကြီး ၏ ညီညွတ်မှုသည် တစ်ဦးတစ်ယောက်အပေါ်ကျရောက်လာသော အခက်အခဲများကို စုပေါင်းရင်ပေါင်တန်း၍ ညီညာစွာ ၀ိုင်းဝန်းဖယ်ရှားပေးသူ များ ဖြစ်ကြ ကြောင်း (ကုရ် အာန် ၆၁း၎)တွင် မှတ်တမ်းတင်ထားသည်။ Read more…

ပညာရှင်ကြီး“လွတ်က်မာန်”နှင့်မိဘကျေးဇူး

စလ်မားလွင် တင်ပြသည်

ပညာရှင်ကြီး လွတ်က်မာန်သည် မည်သည့်နိုင်ငံသားဖြစ်သည်၊ မည်သည့်ခေတ်တွင် ပေါ် ထွန်းခဲ့သည်။ ဤတွင်အဆိုကွဲပြားလျှက်ရှိသည်။ ပညာရှင်အများစု၏ယူဆချက်အရလွတ် ကမာန် သည် အီသီယိုပီးယားနိုင်ငံသားဖြစ် သည်။ တမန်တော်ဒါဝူဒ် (အလိုင်စလာမ်) ၏ ခေတ်တွင်ပေါ်ထွန်းခဲ့သည်။ Read more…

အစ္စရာအီလ်တဖ်ဆီရ် (၂)

ဦးစန်းအောင် (BSc)တင်ပြသည်။

မွတ်စလင်မ်တို့အတွက် ပို၍ဆိုးသည်မှာ ကုရ်အာန်နှင့်ပါတ်သက်၍ “အစ္စရာအီလ်တဖ် ဆီရ်” များသာမက “ပါရှန်းတဖ်ဆီရ်” များကလည်း အလုံးအရင်းနှင့်လှိမ့်၍ ဝင်ရောက် လာ၍ မွတ်စ လင်မ်တို့အနေနှင့် ယင်း “တဖ်ဆီရ်” လှိုင်းတံပိုးကြီးများအောက်တွင် အလူး အလဲခံနေကြရပေသည်။ ကျမ်းတော်မြတ်ကုရ်အာန်က ပြောလိုသော တဖ်ဆီရ်အမှန်တရား ကို မ ရှုမြင်နိုင်တော့ ပေ။ Read more…

အစ္စရာအီလ်တဖ်ဆီရ် (၁)

ဦးစန်းအောင် (BSc)တင်ပြသည်။

ကျမ်းတော်မြတ်ကုရ်အာန်ကို အကျယ်တဝင့်ဖွင့်ဆိုခဲ့ကြရာဝယ် အစ္စလာမ်ဘက်သို့ ကူးပြောင်း လာခဲ့ကြသော သာဗေအီန်းများ၊ သဗ္ဗသာဗေအီန်းကြီးများ၏ မူလဂျူးအယူ အဆများသည် လည်း အခန်းကဏ္ဍတစ်ရပ်အဖြစ် ပါဝင်လာခဲ့ကြလေသည်။ သာဗေအီန်း များနှင့် သဗ္ဗသာဗေအီန်းအများစုသည် မွတ်စလင်မ်အဖြစ်မွေး လာကြသူများမဟုတ်ဘဲ ဂျူးနှင့်ခရစ် ယာန်မိဘများ မှ မွေးဖွားလာကြခြင်းဖြစ်ပြီး နောက် ပိုင်းတွင်မှ အစ္စလာမ် သာသနာဝင်များအဖြစ် ကူးပြောင်းလာကြသူများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့ထံတွင် ဂျူးနှင့်ခရစ်ယာန်တို့၏ ဘာသာရေးဆိုင်ရာ အယူအဆများက လွှမ်းမိုးထားပြီးဖြစ်သည်။ Read more…

ရှောင်ကျဉ်အပ်သောပြစ်မှုကြီးများ

အစ္စလာမ်သာသနာဝင် မွတ်စလင်မ်တို့သည် မည်သည့်အရပ်ဒေသတွင်ပင် နေထိုင်သူ များ ဖြစ်စေ၊ မည်သည့်မျိုးနွယ်ဝင်လူမျိုးများဖြစ်စေ၊ ကျမ်းမြတ်ကုရ်အာန်၏ အခြေခံဥ ပဒေအရ ညီအ ကိုမောင်နှမများဖြစ်ကြောင်း မိန့်ဆိုထားပါသည်။ ညီအကိုမောင်နှ မဟူသည် အရင်း နှီးဆုံးသော အချစ်ခင်ဆုံးသော သူများဖြစ် ကြသည့်အလျောက် အ ချင်းချင်းအတွင်း ပြဿနာကြီးငယ် များလည်း အနည်းနှင့်အများ ရှိနေမည်ဖြစ်သည်။ ထိုပြဿနာများကို ဖြေရှင်း သောနည်းလမ်းကိုလည်း ကျမ်းမြတ်ကုရ်အာန်က ဓမ္မဒိဌာန် နည်းကျကျ လမ်းညွှန် ထားသည်။ Read more…

« Older Entries | Newer Entries »


Quranic Study Group
Los Angeles, California, USA
© 2005 - 2012 QuranInBurmese.com All Rights Reserved
Click here to download Zawgyi Font
Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976 Surah Yasin Translation by Saya Gazi - June 27 1976
Quran 38:29
Quran 26:24
Quran 3:138
Quran 6:153