ကုရ်အာန့် သုတ » divorce

အစ္စလာမ့်ရေစီးကြောင်းမှ တာတမံ ခုလုတ်ကသင်းများ(၁၂)
ကုရ်အာန်ပါ(တွလားက်) နှင့်လူရေးကျမ်းပါ (တွလားက်)

ကျမ်းမြတ်ကုရ်အာန်တွင် လင်နှင့်မယား ပြတ်စဲမှုှုှု ဥပဒေကို (စူရာတွလာက်)ဟူ၍ ကုရ်အာန် ပါ ကဏ္ဍ ၁၁၄-ခု အနက် သီးခြားကဏ္ဍတစ်ရပ် ပြဌာန်း ထားပြီးဖြစ်သည်။ ထိုဥပဒေ၌၊ လင်ခန်း မယား ခန်း ပြတ်စဲ ရာ၌ အဓိကလိုက်နာ ကျင့်သုံးရမည့် ဥပဒေ(၁၀) ခုကို အခြေခံ ၍ ပြဌာန်းပေသည်။

(၁) လင်နှင့်မယားကွာရှင်းလိုပါကခုံသမာဓိထားရမည်။ ၄း၃၅

(၂)ကွာရှင်းရာ၌ စောင့်ဆိုင်း ကာလ ကိုရေတွက်နိုင်ရန် ရာသီပန်းပွင့်ပြီး သန့်ရှင်းချိန် တွင်ကွာရှင်း ရ မည်။ ၆၅း၁

(၃) တွလာသ်တစ်ကြိမ် ပေးပြီးစောင့်ဆိုင်း ကာလသည် ရာသီပန်းပွင့်သော အမျိုးသမီးများအတွက် ရာသီသုံးခါ ပွင့်သည်အထိ ၂း၂၂၈

(၄) တွလာသ် တစ်ကြိမ် ပေးပြီးစောင့်ဆိုင်း ကာလသည် ရာသီပန်း မပွင့်သော အမျိုးသမီးများ အ တွက်သုံးလထိ ၆၅း၎

(၅) တွလာသ်တစ်ကြိမ် ပေးပြီးစောင့်ဆိုင်းကာလသည် ကိုယ်ဝန်ဆောင် အမျိုးသမီးများအ တွက် ကလေးမွေးပြီးအထိ ၆၅း၎

(၆) ကွာရှင်းပြီး ဇနီးက အိမ်မှဆင်းမသွားရ လင်ယောက်ျားက ဇနီးအားအိမ်မှနှင်မချရ ၆၅း၁

(၇) ထိုကွာရှင်းပြီး စောင့်ဆိုင်းကာလ အတွင်း လင်နှင့်မယား အတူနေရမည်။ အတူနေ စဉ်ပြန်လည် ပေါင်းနိုင်ရေးကို နှစ်ဦးစလုံးဖန်တီးရမည်။ ထိုကဲ့သို့ဖန်တီးရာ၌ လင်ယောက်ျား တွင်သာပို ၍ အခွင့်အ ရေးရှိသည်။၂း၂၂၈

(၈) ထိုသုံးလ အတူနေစဉ်အတွင်း ပြန်ပေါင်းလိုစိတ် နှစ်ဦးစလုံးတွင် မရှိတော့ပါက ဒုတိယ တွလာသ် ကိုပေးရမည်။ ဒုတိယစောင့်ဆိုင်းကာလ(၃)လ ထပ်မံစောင့်ဆိုင်းရမည်။ စုစုပေါင်း (၆)လအတွင်း ပြန် ပေါင်းလိုပါက ပြန်ပေါ င်းနိုင် သည်။ မပေါင်းလိုတော့ပါက စွန့်လွတ်ရမည် ဖြစ်သည်။ ၂း၂၂၉

(၉) အပြီးစွန့်လွတ်ရန် အတွက်နောက်ဆုံး တွလာသ်ပေး၍ စွန့်လွတ်ရမည်။ ထိုနောက်ဆုံးတွလာသ် ပေးပြီး လင်နှင့်မ ယားစပ်ကြား လုံးဝပြန်ပေါင်း ၍မရနိုင်တော့ပေ။ အကယ်၍ ထိုအမျိုး သမီးအနေ ဖြင့် နောက်အိမ်ထောင်ပြု၍ နောက် အိမ်ထောင်နှင့်ကွဲသွားပါက သို့မဟုတ် ခင်ပွန်းသေဆုံးသွား ပါက  နှစ် ဦးသဘော တူပါကပြန်လည်၍ ထိမ်းမြားခွင့် ပြု ရန်ခွင့် ပြုထားသည်။ ၂း၂၃၀

(၁၀) တွလာသ် နှင့်စပ်လျင်း၍ ယောက်ျားနှင့်မိန်းမတို့ နှစ်ဦးစလုံးတို့သည်  တူညီသော အခွင့်အရေး များရှိသည်။ ၂း၂၂၉

လင်နှင့်မယား ကွာရှင်းပြတ်စဲမှု နှင့်စပ်လျှင်း၍ ကျမ်းမြတ်ကုရ်အာန်တွင် ဖေါ်ပြပါအချက် (၁၀)ချက် အား အခြေခံဥပဒေ အဖြစ် ပြဌာန်း ထားသည်။ ထိုဥပဒေသည် ကမ္ဘာကြီးတည် ရှိနေ သ ၍ ကေယာမသ် နေ့တိုင် ထာဝရဥပဒေဖြစ်သည်။ ထိုဥ ပဒေသည် တော်ရုံတန်ရုံ ကိစ္စသေးငယ်များ အားဖြင့် လင်နှင့်မယားစပ်ကြားလွယ်ကူစွာ မပြတ်စဲနှိုင်ရန် အထူးစီမံ ထားသော တုနှိုင်မဲ့ ကိုးကွယ်ရာအရှင်၏  မဟာ စီမံကိန်းကြီး ဖြစ်သည်။

ထိုစီမံကိန်းတွင် (ဖတွသ်လေကူးဟွန်းန္န လေအစ်သသ်သေဟင်းန္န) ဟူသော စောင့်ဆိုင်း ကာလကို ရေတွက် နှိုင် သော အချိန်တွင် (တွလားက်) ပေး၍ စောင့်ဆိုင်းကာလကို အတိ အကျ ရေ တွက်ရမည် ဖြစ်သည်။

ကုရ်အာန်ကပြဌာန်းသော (တွလားက်)သည် တွလားက်၏ အရေအတွက်ပေါ်တွင် မူမ တည်ဘဲ စောင့်ဆိုင်းကာလပေါ်တွင် လုံးဝအခြေခံ ပြဌာန်းထားသည်။

ပဌမ(တွလားက်)တစ်ကြိမ်၏စောင့်ဆိုင်းကာလသည် သုံးလဖြစ်သည်။ဒုတိယ(တွလာက်) တစ်ကြိမ်၏ စောင့်ဆိုင်းကာလသည် သုံးလ စုစုပေါင်း(၆) လ ဖြစ်သည်။

လင်နှင့်မယားနှစ်ဦးသဘောတူ ပြတ်စဲလိုပါကလည်း(၆)ဟူသောစောင့်ဆိုင်းကာလကျော် မှသာလျှင် အပြီးအပိုင်ပြတ်စဲ နှိုင်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်၂း၂၂၈တွင် (အသ်တွလား ကွလ်မရ်ရာသိုင်း) စောင့်ဆိုင်းရက်ရှိသော တွလားက် သည် နှစ်ကြိမ်သာဖြစ် သည်။

သို့ရာတွင် လင်နှင့်မယားစပ်ကြား စောင့်ဆိုင်းရက် မရှိသော ကွာရှင်းမှုမှာ နှစ်မျိုးရှိသည်။

(၁) နေကာပြုပြီး ကိုယ်လက် မနှီးနှောခင်အလျှင် ကွာရှင်းပါက စောင့်ဆိုင်းရန်မလို(၃၃း၄၉)။

(၂) ဖေါက်ပြန်သောဇနီးကို သက်သေ(၄)ရောက်နှင့်ဖြစ်စေ၊ ခင်ပွန်းသည် ကိုယ်တိုင်ဖြစ်စေ မြင်တွေ့ပါ က စောင့် ဆိုင်းကာလ မလိုဘဲ(ပြဌာန်းထားသောစီးကမ်းချက် များအားဖြင့်) ပြတ်စဲနှိုင် သည်(၂၄း၆)

ကုရ်အာန်ပါဓမ္မဒိဌာန်ကျသော လင်ခန်းမယားခန်းပြတ်စဲမှုဥပဒေကို အမေရိကန်နိုင်ငံ၏ အခြခံဥပဒေတွင်အတိအကျပြဌာန်း၍လိုက်နာကျင့်သုံးလျှက်ရှိနေသည်ကိုတွေ့ရပေသည်။ လင်နှင့်မ ယား နှစ်ဦးသဘောတူ ကွာရှင်းလိုက ကွာရှင်းပြတ်စဲမှု လျှောက်လွှာကိုတင် ရပေသည်။ ထိုလျှောက်လွှာ တင်ထားစဉ်အတွင်း လင်နှင့်မယားအိမ်တွင်အတူနေ ရသည်။ (၆)လနေပြီး တစ် ရက်ကျော်မှ အပြီးအပိုင် ကွာရှင်းပေးသည်။

သို့ရာတွင် မွတ်စလင်မ်များ အတွက်ပြဌာန်းထားသော ရှေ့ဆောင်ဆရာတော်ကြီးများ၏ ဥပဒေတွင် လင်နှင့်မယား ကွာ ရှင်းရာတွင် -

(၁) လင်ယောက်ျား၏ နှုတ်ထွက်စကား သာလျှင်အဓိက ဖြစ်သည်။

(၂) ခုံသမာဓိမလို၊ သက်သေမလို။

(၃) ရာသီပန်းပွင့်ပြီး သန့်ရှင်းသောအချိန်ကို စောင့်၍(တွလားက်) ပေးရန်မလို။ စိတ် ကြိုက်ပေးချင်သောအချိန်တွင် လင်ယောက်ျားက ပေးပိုင်ခွင့်ရှိသည်။

(၄) လင်ယောက်ျားက ဒေါသဖြစ်၍ ဖြစ်စေ၊ အရက်မူး၍ဖြစ်စေ၊ ကြည်ဆယ်၍ဖြစ်စေ၊ (သုံး တွလားက်) ဟူ၍ဆိုရုံဖြင့် (တွလားက်) အထမြောက်သည်။ စောင့်ဆိုင်းကာလ မလိုပေ။

(၅) ထို(သုံးတွလားက်) ဟုပြောဆို၍ အပြီးပြတ်စဲသွားသော ဇနီးအားပြန်ပေါင်းလိုက အခြားအမျိုးသား တစ်ဦးနှင့် ခေတ္တနေကာပြုစေ၍ ပြန်ပေါင်းခွင့်ရှိသည်။

ဖေါ်ပြပါ မွတ်စလင်မ်များအတွက် ပြဌာန်းထားသောဆရာတော်များ၏ဥပဒေကြောင့်  ခေတ်အဆက်ဆက် များစွာ သော မွတ်စလင်မ် ဇနီးမောင်နှံများ။ ရေတိမ်နစ်ကြ ရသောအကြောင်းရင်းမှာ –

(၁) ပဌမတွလားက်အပြီး စောင့်ဆိုင်းကာလ (၃)လအတွင်း (၃)တွလားက်ဟုဆိုသော်ငြား လည်း တွလားက်တစ်ကြိမ်သာ အထမြောက်သေး၍ မိမိ၏ဇနီးအဖြစ်တရားဝင် ရှိနေသေး  သည်။

(၂) ထိုတရားဝင် ရှိနေသေးသော ဇနီးအားအခြားယောက်ျားတစ်ဦးနှင့်ခေတ္တအငှား နေ ကာပြုပေးတော့မှ အပြီးအပိုင်လင်ခန်း မယားခန်းပြတ်စဲရလေသည်။ အဘယ်ကြောင့် ဆို သော် ကုရ် အာန် ၄း၂၄ တွင် ကာမပိုင်လင်ယောက်ျား ရှိသောအမျိုးသမီးအား နေ ကာပြုခွင့် မရှိပေ။

(၃) နေကာဟူသည် သေတစ်ဖန် သက်တစ်ဆုံး ရိုးမြေကျ ပေါင်းသင်းမည်ဟု အရှင့်ထံ တိုင်တည်၍ ခုံသမာဓိများနှင့် သက်သေများရှေ့တွင် သစ္စာဆိုခြင်းဖြစ်သည် ၄း၂၁။

ခေတ္တပေါင်းပြီး ပြန် လည်ကွာရှင်း ပေးရမည့် ကိစ္စကို နေကာဟုမခေါ်ပေ။

ထိုဖေါ်ပြပါ မွတ်စလင်မ် ဆရာတော်ကြီးများ၏ ဥပဒေများသည် ကုရ်အာန်က ဖျက်သိမ်း ထားပြီးဖြစ်သော အာရဗ်ရိုးရာယဉ်ကျေးမှုများနှင့် ထပ်တူထပ်မျှတူနေကြောင်း ကုရ်အာန် ၅၈း၁ မှ ၄ ကိုလေ့လာ ခြင်း ဖြင့် သိရှိနှိုင်ပေသည်။

ကုရ်အာန်တွင် ထိုကဏ္ဍကို အမျိုးသမီးတစ်ဦး၏ စောရက ကဏ္ဍဟုခေါ်ဆိုသည်။

မဟာသာဝက တစ်ဦးသည် ရှေးအာရဗ်ရိုးရာ ယဉ်ကျေးမှုအရ ဇနီးသည်အား ၄င်း၏ မိခင် ကဲ့သို့ဖြစ်သည်ဟုပြောဆို၍ ကွာရှင်းပြတ်စဲခဲ့သည်။ထိုအမျိုးသမီးကတ မန်တော်မြတ်ထံ ၄င်း၏ ခင် ပွန်းကို မကျေနပ်ကြောင်းတိုင်တန်းရာမှ ကျရောက်သောဗျာ ဒိတ်ဖြစ်သည်။ အာရဗ်ရိုးရာယဉ်ကျေးမှုတွင် လင်ယောက်ျား၏ နှုပ်မှထွက်ဆိုသောစကားတစ်လုံးသာ လျှင် ကွာရှင်းပြတ်စဲ နှိုင် သည်။ သက်သေမလို ခုံသမာဓိမလို စောင့်ဆိုင်းကာလ မလို လျှော်ကြေးပေးရန်မလိုပေ။ ထိုကဲ့သို့ တစ်ဖက်သတ် အနိုင်ကျင့်သောဥပဒေများကို ပယ် ဖျက်၍ ကျမ်းမြတ်ကုရ်အာန်က တရားမျှ တသော ကွာရှင်းပြတ်စဲသည့် ဥပဒေကိုပြ ဌာန်းပေးခဲ့လေသည်။ ထိုအကြောင်းအရာ၏ အသေးစိပ်ကို လေ့လာလိုပါ က ကုရ်အာန် ၅၈း၁မှ၎ တွင် ဖေါ်ပြ ထားသည်။

အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။

ဦးစိုးလွင် (ငြိမ်းချမ်းလျှပ်စစ်)

လင်ခန်းမယားခန်းပြတ်စဲမှူဥပဒေ၊
လင်ခန်းမယားခန်းပြတ်စဲမှူဥပဒေ၊

အစ္စလာမ့်အခြေခံဥပဒေတွင်၊ကျမ်းမြတ်ကုရ်အာန်သည် လူသားတစ်ရပ်လုံးအတွက်အခြေ ခံဥပဒေဖြစ်သည်။ ထိုဥပဒေအား ရေးဆွဲပြဌာန်းသူမှာ တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်ပင်ဖြစ် သည်။ တ မန်တော်သည် ဗျာဒိတ်ကုရ်အာန်ကို ချပေးခြင်းခံရသူဖြစ်သည်။ သို့ရာတွင်တ မန်တော်သည် ကုရ်အာန်၏အခြေခံဥပဒေနှင့် မြူမှုံမျှဆန့်ကျင်ပိုင်ခွင့်မရှိပေ။ ထိုဥပဒေ အတိုင်းသာဘဝ တည်ဆောက်ခဲ့ခြင်း၊ ထိုဥပဒေအတိုင်းသာ လူသားတစ်ရပ်လုံး ကို ပို့ချ ခဲ့ခြင်းဖြစ်သည်။ ထိုဥပဒေနှင့် ဆန့်ကျင်၍ဟောပြော ပို့ချခဲ့ခြင်းအလျင်းမရှိခဲ့ပေ။ကျမ်းမြတ် ကုရ်အာန်(ရး၂၀၃)

ကျမ်းမြတ်ကုရ်အာန်တွင် လင်နှင့်မယား ပြတ်စဲမှုှုှု ဥပဒေကို စူရာတွလာက်ဟူ၍ ကုရ်အာန် ပါကဏ္ဍ ၁၁၄-ခု အနက် သီးခြားကဏ္ဍ တစ်ရပ်ပြဌာန်းထားပြီးဖြစ်သည်။ ထို ဥပဒေ၌ ၊

(၁) လင်နှင့်မယားကွာရှင်းလိုပါကခုံသမာဓိထားရမည်။ ၄း၃၅

(၂)ကွာရှင်းရာ၌ စောင့်ဆိုင်းကာလကိုရေတွက်နိုင်ရန် ရာသီပန်းပွင့်ပြီး ပြန်လည်သန့်ရှင်းချိန်၌သာ ကွာရှင်း ပြတ်စဲရမည်။ ၆၅း၁

(၃) တွလာသ်တစ်ကြိမ်ပေးပြီး စောင့်ဆိုင်းကာလသည် ရာသီပန်းပွင့်သော အမျိုးသမီးများအတွက် ရာသီ သုံးခါပွင့်သည်အထိ စောင့်ဆိုင်းရမည်။၂း၂၂၈

(၄) တွလာသ်တစ်ကြိမ်ပေးပြီး စောင့်ဆိုင်းကာလသည် ရာသီပန်းမပွင့်သော အမျိုးသမီးများအတွက်သုံး လထိ စောင့်ဆိုင်းရမည်။၆၅း၎

(၅) တွလာသ်တစ်ကြိမ် ပေးပြီးစောင့်ဆိုင်းကာလသည် ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် ကလေး မွေးပြီးအထိ စောင့်ဆိုင်းရမည်။၆၅း၎

(၆) ကွာရှင်းခံရသောဇနီးက အိမ်မှဆင်းမသွားရ လင်ယောက်ျားကလည်း ဇနီးအားအိမ်မှနှင်မချရ ၆၅း၁

(၇) ကွာရှင်းပြီး စောင့်ဆိုင်းကာလအတွင်း လင်နှင့်မယားအတူနေရမည်။ အတူနေစဉ်ပြန်လည်ပေါင်းနိုင် ရေးကို နှစ်ဦးစလုံးကဖန်တီးရမည်။ ထိုကဲ့သို့ဖန်တီးရာ၌ လင်ယောက်ျား တွင်သာပို ၍အခွင့်အရေးရှိ သည်။ ၂း၂၂၈

(၈)ထိုသုံးလအတူနေစဉ်အတွင်း နှစ်ဦးစလုံးတွင် ပြန်ပေါင်းလိုစိတ်မရှိတော့ပါက ဒုတိယ(တွလာသ်)ကွာ ရှင်းပြတ်စဲမှုကို ကျေညာရမည်။ ဒုတိယစောင့်ဆိုင်းကာလ(၃)လ ထပ်မံစောင့်ဆိုင်း ရမည်။ စုစုပေါင်း (၆) လအတွင်း ပြန်ပေါင်းလိုပါက ပြန်ပေါင်းနိုင်သည်။ မပေါင်းလိုတော့ပါက စွန့်လွတ်ရမည် ဖြစ်သည်။ ၂း၂၂၉

(၉) အပြီးစွန့်လွတ်ရန်အတွက် နောက်ဆုံးတွလာသ်ပေး၍ စွန့်လွတ်ရမည်။ ထိုနောက်ဆုံးတွလာသ်ပေးပြီး လင်နှင့်မယားစပ်ကြား လုံးဝပြန်ပေါင်း၍မရနိုင်တော့ပေ။ အကယ်၍ ထိုအမျိုးသ မီးအနေဖြင့် နောက် အိမ်ထောင်ပြု၍ နောက်အိမ်ထောင်နှင့်ကွဲသွားပါက (သို့မဟုတ်) ခင်ပွန်းသေဆုံးသွားပါက  နှစ်ဦးသဘော တူပြန်လည်၍ ထိမ်းမြားခွင့်ပြုထားသည်။ ၂း၂၃၀

(၁၀) တွလာသ်နှင့်စပ်လျင်း၍ ယောက်ျားနှင့်မိန်းမတို့ နှစ်ဦးစလုံးတို့သည်  တူညီသော အခွင့်အရေးများရှိ သည်။ ၂း၂၂၉

ဤသည် ကျမ်းမြတ်ကုရ်အာန်က ပြဌာန်းထားသော အမြဲတန်းလန်းဆန်းသစ်လွင်နေသည့် လင်ခန်းမယား ခန်းပြတ်စဲသော ဥပဒေဖြစ်သည်။ လင်နှင့်မယားစပ်ကြား တော်ရုံတန်ရုံ ကိစ္စကြီး ငယ်များကိုအခြေခံ၍ ကွာရှင်းပြတ်စဲကြမည်ကို မလိုလားသောကုရ်အာန်၏ ပြတ် စဲမှုဥပဒေဖြစ်သည်။  အကယ်၍တစ်ဦးနှင့်တစ် ဦးကွာရှင်းပြီးပါက စောင့်ဆိုင်းကာလ အိမ်တွင်အတူနေစဉ် (၆)လအတွင်းနှစ်ဦးစလုံးအဖို့ ပြန်ပေါင်းလို စိတ်မရှိတော့ပါ က သွေးအေးအေးနှင့် လမ်းခွဲခြင်းသာဖြစ်သည် အကယ်၍ သံယောဇဉ်ရှိနေသေးပါက အပြီးအပြတ် သွလာသ်ဟုခေါ်သော(၃) ကြိမ်မြောက်သွလာသ် မတိုင်ခင်(၆)လအ တွင်းပြန် လည်၍ပြေလည် သွားကြမည်သာဖြစ်သည်။ ထိုကဲ့သို့အပြီးအပြတ်ကွာရှင်းပြီးပါ က သားသမီးများကို လင်ယောက်ျားကတာ ဝန်ယူရ မည်။

ကုရ်အာန်ပါတွလာသ် ဥပဒေအတိုင်း ကိုမွတ်စလင်မ်များ၊ မွတ်စလင်မ်နိုင်ငံများ ထက်ပိုမို၍ အမေရိကန် ပြည်ထောင်စုက ဥပဒေပြဌာန်း၍ တိကျစွာလိုက်နာသည်ကို တွေ့ရပေသည်။ သို့ရာ တွင်မွတ်စလင်မ်အများစု သိထားသောလက်တွေ့ကျင့်သုံးနေသည့် ဥပဒေများ တွင် ယောက်ျားများကသာတွလာသ် ပေးပိုင် ခွင့်ရှိ၏။ထိုကဲ့သို့လင်ယောက်ျားက တွ လာသ်ပေးရာတွင်လည်း ခုံသမာဓိမလို၊ အစ်ဒသ်စောင့်ဆိုင်းကာလမလို လင်ယောက်ျား က ဒေါသဖြစ်၍သော်လည်းကောင်း၊ အရက်မူး၍သော်လည်းကောင်း၊ ကြည်စယ်၍ သော် လည်းကောင်း၊ တစ်ကြိမ် တစ်ခါ တည်း သုံးတွလာသ် ဟုဆိုရုံဖြင့် တွလာသ်အ ထမြောက်သည်။

ဤသည် မွတ်စလင်မ်အများစု လက်တွေ့လိုက်နာကျင့်သုံးလျက်ရှိသောလင်ခန်းမယား ခန်းပြတ်စဲသည့် ဥပဒေဖြစ်သည်။ ထိုကဲ့သို့စိတ်လိုက်မာန်ပါ လင်ယောက်ျား၏နှုတ်ထွက် စကားတစ် လုံးထဲနှင့်လင်နှင့် မယားစပ်ကြား လုံးဝဥဿုံပြတ်စဲခဲ့ကြရ သည်။ ထိုကဲ့ သို့စောင့်ဆိုင်းကာလမရှိဘဲ ပြတ်စဲခဲ့ကြသည့်အတွက်စိတ်ဆိုးပြေသွားသောအချိန်များ ၌ လင်နှင့်မယားစပ်ကြား သံယောဇဉ်မပြတ်ဘဲ ပြန်လည်ပေါင်းရန် နည်းလမ်းရှာကြသည်။ ထိုအခါလက်ရှိ မွတ်စလင်မ်များ၏  လက်တွေ့ကျင့်သုံးနေသော ဥပဒေအရ(ကုရ်အာန်ပါ ဥပဒေကိုဆိုခြင်းမဟုတ်၊)ထိုလင်နှင့် မယားပြန်လည်ပေါင်းနိုင်ရန် အတွက်ထိုဇနီးအား အခြား အမျိုးသားတစ်ဦးနှင့်ခေတ္တ (နေကာ)ဖတ်စေပြီး ထိုအမျိုးသားကပြန်လည်ကွာရှင်း ခဲ့ သည့် အခါတွင်မှ၎င်းတို့နှစ်ဦးပြန်ပေါင်း ထုတ် ကြသည်။

ကုရ်အာန်တွင် (ဖတွလ်လေကူးဟွန္န လေအစ်ဒသေဟင်းန) (အစ်ဒသ်ရက်ကို ရေ တွက်နိုင်သော အချိန် ကာလ၌သာ အသင်တို့တွလာသ်ပေးကြ)ဟု လက်ဦးမဆွကပင် ဆိုထား ပြီးဖြစ်သည်။ ကုရ်အာန်အရ လင် နှင့်မယားစပ်ကြား “အစ်ဒတ်”ဟူသောစောင့် ဆိုင်းကာလကို လုံးဝအခြေခံ၍ ပြဌာန်းထားသော ဥပဒေ ဖြစ်သည်။ ထိုကဲ့သို့ပြတ်စဲရာ ၌ လင်နှင့်မယားနှစ်ဦးစလုံးက သ ဘောတူကွာရှင်းပြတ်စဲလိုပါကလည်း (၆) လ ဟူသော တွလာသ်နှစ်ကြိမ်၏ စောင့်ဆိုင်းကာလမပြီးမချင်း လုံးဝဥဿုံကွာရှင်းပြတ်စဲမှု အထမဖြစ် ပေ။

ထိုကဲ့သို့ကွာရှင်းရာ၌လည်း နှုတ်မှထွက်သော (တွလာသ်)၏ အကြိမ်ပေါ်တွင်မူတည်၍ ပြဌာန်းထားသော ဥပဒေမဟုတ်ပေ။ စောင့်ဆိုင်းကာလကို အခြေခံထားသော ဥပဒေသာဖြစ်သည်။ (တွလာသ်)တစ်ကြိမ်၏ စောင့်ဆိုင်းကာလ (၃)လမပြည့်မီအလျင် အခြား(တွလာသ်)ဟူသောဝေါဟာရကို မည်မျှပင်ပေးစေကာမူ သတ်မှတ်ပြဌာန်းထားသော စောင့်ဆိုင်းကာလအတွင်း တစ်ကြိမ်သာအထမြောက်မည်။

ကျမ်းမြတ်ကုရ်အာန်ပါ တွလာသ်ဆိုင်ရာဥပဒေများကို မွတ်စလင်မ်မဟုတ်သူတစ်ဦးအား ၎င်းတတ်သိသော ဘာသာစကားဖြင့် ဖတ်ခိုင်းခြင်းဖြင့် ထိုသူသည်အထက်မှ ဖော်ပြ ထားသော ကုရ် အာန်ဆိုင်ရာတွလာသ် ဥပဒေကို တထိုင်တည်း နားလည် သဘောပေါက် သွားမည်သာဖြစ်သည်။

ရေတိမ်နစ်ခဲ့ကြရသော မွတ်စလင်မ် ဇနီးမောင်နှံများ

ထိုသို့ လင်ယောက်ျား၏ နှုတ်ထွက်စကားကို အခြေခံ၍မဟာဖိုဝါဒဖြင့်နိုင်လိုမင်းထက်ပြု ကွာရှင်းပြတ်စဲမှုများကြောင့် များစွာသောဇနီးမောင်နှံတို့သည် မပြတ်စဲသင့်ဘဲ ပြတ်စဲ ကြရသော အခြေအနေသို့  ရောက်ရှိကြရလေသည်။ သုံး(တွလားက်)ဟူ၍တစ်ကြိမ်တည်း ကို (တွလာက်)ပေးခြင်းခံရသော ဇနီးသည်စောင့်ဆိုင်းကာလ (၃)လအ တွင်း၊ ဇနီးအဖြစ် တရားဝင်ရှိနေသေး သည်။အချိန်မရွေးပြန်လည်ပေါင်း ပိုင်ခွင့်ရှိနေသေးသည်။ ထိုတရား ၀င်ရှိနေသေးသော ဇနီးအားခင်ပွန်းက တစ်စိမ်းယောက်ျားတစ်ဦးနှင့်ခေတ္တအငှား(နေ ကာဟ်)ဖတ်ပေးတော့မှသာ လင်နှင့်မယားစပ်ကြား လုံးဝဥဿုံကွာရှင်းပြတ်စဲခြင်း အဖြစ် သို့ရောက်ရှိသွားတော့သည်။

အဘယ်ကြာင့်ဆိုသော် ကုရ်အာန်အရ အိမ်ထောင်သည် အမျိုးသမီး (၀ါ)လင်ရှိမယား အား (နေကာဟ်) ပြုခွင့်မရှိပေ။ (၄း၂၄) ထိုနည်းတူစွာ ကုရ်အာန်အရ(နေကာဟ်)ဟူသည် သေ တစ်ဖန် သက်တစ်ဆုံးရိုးမြေကျပေါင်းသင်းမည်ဟု အရှင့်အားတိုင်တည်၍ ခုံသမာဓိရှေ့ တွင်သစ္စာဆိုခြင်းဖြစ်သည်။ကုရ်အာန်(၄း၂၁)ကခေတ္တလင်မယားအဖြစ်ပေါင်းသင်းပြီးပြန် လည်ကွာရှင်းပေး ရသည်ကို (နေကာဟ်) ဟုမ ခေါ်ပေ။

ကျမ်းမြတ်ကုရ်အာန်တွင်စောင့်ဆိုင်းကာလမရှိသော လင်နှင့်မယားကွာရှင်းမှုအမျိုးအ စားနှစ်မျိုးရှိသည်။ တစ်မျိုးမှာ– (နေကာဟ်)ဖတ်ပြီး လင်နှင့်မယား ကိုယ်လက်နှီးနှော မှုမပြုမီ ကွာ ရှင်းပြတ်စဲခြင်း။ (၃၃း ၄၉)

အခြားတစ်မျိုးမှာ – ဇနီးမယားသည် အခြားယောက်ျားတစ်ဦးနှင့် ဖေါက်ပြန်နေသည် ကို သက်သေ (၄) ဦးသော်လည်းကောင်း (သို့မဟုတ်)လင်ယောက်ျားက ကိုယ်တိုင်မြင်တွေ့ ပါက စောင့် ဆိုင်းကာလမလိုအပ် ဘဲ ချက်ခြင်းပြတ်စဲသွားသည်။ (၂၄း၆)

ဖေါ်ပြပါကုရ်အာန်နှင့်ဆန့်ကျင်သော ကွာရှင်းပြတ်စဲမှုများသည် အစ္စလာမ့်မတိုင်မီ အမိုက်ခေတ်အရဗ်များ ၏ ဥပဒေများသာ ဖြစ်ကြောင်း ကုရ်အာန်၏ ကဏ္ဍ ၅၈-တွင် ဖေါ်ပြ ထားပေသည်။

ကုရ်အာန်မှကဏ္ဍ-၅၈ကို “အမျိုးသမီးတစ်ဦး၏ စောဒကကဏ္ဍ” ဟုခေါ်ဆိုပေသည်။ ရှေး အရဗ်ရိုးရာယဉ် ကျေးမှုအရမိမိ၏ဇနီး ကိုမပေါင်းလိုသော လင်ယောက်ျားက အသင်မ ၏ ကျောရိုး သည် ငါ့မိခင်၏ကျော ရိုးနှင့်တူသည် (သို့မဟုတ်)အသင်မသည်ငါ၏အမေနှင့် တူသည်ဟုဆိုရုံမျှဖြင့် လင်ခန်းမယားခန်းပြတ် စဲပြီးဖြစ်သည်။ ထိုကဲ့သို့ပြောဆို၍ ပြတ် စဲခြင်းဖြင့်ဇနီးမယား အား မည်သည့်နစ်နာကြေးမျှပေးရန်မလို ပေ။ အစ္စလာမ်သာ သနာကို လက်ခံပြီးမှရှေးအရဗ်ရိုးရာ ယဉ်ကျေးမှုအတိုင်း ခင်ပွန်းဖြစ်သူက မိမိ၏ဇနီးကိုပြောဆိုပြတ် စဲခြင်းခံရသော အမျိုးသမီးတစ် ဦးက တမန်တော်မုဟမ္မဒ်အား စောဒကတက်၍မေးခွန်းမေး လာသည့်အပေါ် ကျရောက်လာသည့် ကဏ္ဍဖြစ်သည်။

၅၈း၁ (ဧကန်စင်စစ် တုနှိုင်းမဲ့ကိုးကွယ်ရာ အရှင်သည် အကြင်မိန်းမ၏ပြောဆိုမှုကို ကြားတော်မူခဲ့လေ သည်။ ထိုမိန်းမသည် မိမိ၏လင်ယောက်ျားနှင့် ပတ်သက်၍ အသင်နှင့် ငြင်း ခုံပြောဆို ဆွေးနွေးလျက်ရှိ သည့်အပြင် မကျေနပ်ကြောင်းငါအရှင့်ထံတော်တွင် ထုတ်ဖော်လျှောက်ထားတိုင်တန်းလျက် ရှိခဲ့၏။ ၎င်း ပြင် ထာဝရအရှင်သည် အကြွင်းမဲ့ သိတော်မူသော အရှင်ဖြစ်၏။)

၅၈း၂ (အသင်တို့အနက် အကြင်သူတို့သည် မိမိတို့၏ဇနီးမိန်းမများအား ကျွန်ုပ်၏မိခင်ကဲ့သို့ ကျွန်ုပ်အပေါ်၌ “ဟရာမ်” ဖြစ်သည်ဟု ပြောဆိုပြုလုပ်လေ့ရှိသည်။ (ဤသည်ကို “ဇိဟာရ် ”ပြု ခြင်း)ဟုခေါ်သည်။ ထို ဇနီးမိန်းမများမှာ ၎င်းတို့၏ မိခင်များ မဟုတ်ကြပေ။ ၎င်းတို့အားမွေးဖွားခဲ့ကြသော မိန်းမများသာလျှင် ၎င်းတို့၏ မိခင်များဖြစ် ကြ လေသည်။ သို့ရာတွင် ဧ ကန်မလွဲ ထို (ဇီဟာရ်) ပြုလုပ်ကြသော ထိုသူတို့သည် စက်ဆုပ်ဖွယ်ရာစကားကိုလည်းကောင်း၊ မုသား စကားကိုလည်းကောင်း ပြောဆိုကြသည်မှာ အမှန်ဖြစ် ၏။ သို့တစေလည်း ဧကန်ဖန် ဆင်း ရှင်သည် အလွန်တရာ ခွင့်လွှတ်သောအရှင် ဖြစ်၏။)

၅၈း၃ (စင်စစ်မှာကား အကြင်သူတို့သည်  မိမိတို့၏ ဇနီးများနှင့် (ဇီဟာရ်) ပြုလုပ်ကြ၏။ ထို့နောက်၎င်းတို့ သည် ပြောဆိုခဲ့သည်များမှ ပြန်လည်ရုပ်သိမ်းလိုက်ကြ၏။ သို့ဖြစ်လျှင် ၎င်းတို့ ဇနီး (မောင်နှံ)နှစ်ဦးကို ကိုယ်လက်နှီးနှော ထိတွေ့ခြင်းမပြုမီ ကျွန်တစ်ယောက်ကို သူကောင်းပြု ရမည်ဖြစ်သည်။ ဤသည် အသင်တို့အား ဆုံးမခြင်းကိုခံရခြင်းဖြစ်သည်။ စင်စစ် တုနှိုင်းမဲ့ကိုး ကွယ်ရာအရှင်သည် အသင်တို့၏ ပြုမူ ချက်များကို အကြွင်းမဲ့သိသော အရှင်ဖြစ်သည်။)

၅၈း၎ (သို့ရာတွင်မည်သူမဆို (ကျွန်တစ်ယောက်ကို) မရခဲ့လျှင် ထိုဇနီးမောင်နှံသည် ကိုယ်လက်နှီးနှော ခြင်းမပြုမီ နှစ်လတိုင်တိုင်တစ်ဆက်တည်း “ဆွီယာမ်” ဥပုသ်တည်ဆောက် ရမည် ဖြစ် သည်။ သို့သော် မည်သူမဆို ဥပုသ်တည်ဆောက်ခြင်းကို မတတ်စွမ်းနိုင်လျှင် သူဆင်းရဲခြောက်ဆယ်အား ထမင်းနှစ်နပ် ကျွေးမွေးပြီးမှသာ ဇနီးမောင်နှံနှစ်ဦး ကိုယ်လက်နှီးနှောကြ ရမည် ဖြစ် သည်။ ထိုအမိန့်ပညတ်ချက်သည် ကား အသင်တို့သည် တုနှိုင်းမဲ့ကိုးကွယ်ရာ အရှင်အားလည်းကောင်း၊ ထိုအရှင်၏ နဗီတမန်တော်အား လည်းကောင်း သက်ဝင်ယုံကြည်အံ့သော ငှာ ဖြစ်ပေ သည်။ စင်စစ်ဤသည် တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်၏ စည်းကမ်းချက်များ ဖြစ်သည်။ ထိုအမိန့်ကို သွေဖည်ကြကုန်သော သူတို့ ၌ နာကျင်ဖွယ်ဖြစ်သော ပြစ် ဒဏ်သည် ရှိပေသတည်း။)

၅၈း၁-မှ-၄ကို ကြည့်ခြင်းဖြင့် အမိုက်ခေတ်အရဗ်များ၏ ဇနီးမယားများအပေါ် တစ်ဖက် သတ်အနိုင်ကျင့် သောဓလေ့စရိုက်ဥပဒေများကိုပယ်ဖျက်၍ ကျမ်းမြတ်ကုရ်အာန်က အမျိုး သမီးများ၏ ဘ၀ကိုအမျိုးသား များနှင့် တန်းတူ ပြန်လည် ပို့ဆောင်ခဲ့ ခြင်း ဖြစ်သည်။

သို့သော်လည်း ကျမ်းမြတ်ကုရ်အာန်ကို အခြေမခံသော မွတ်စလင်(မ်)များ၏ ရှေ့ဆောင် လမ်းပြများ ခေတ်တို့တွင် ဇနီးမယားများအပေါ် တစ်ဖက်သတ်အနိုင်ကျင့်သော ဓလေ့စ ရိုက်များ ကို မိရိုးဖလာကြိုက် အရာင်ချယ်သ၍ အစ္စလာမ့်ဥပဒေအသွင်ဖြင့်ပြဌာန်းခဲ့ကြ သည်။ ၄င်းတို့၏အရောင်ဆိုးနိုင်အားကြောင့် ကုရ်အာန်၏သက်တမ်း၁၄၀၀ကျာ်ရောက် ရှိလာသော အခါ၌ အစ္စ လာမ့် ပြည်ထောင်စုကြီးအတွင်းရှိ အမျိုးသမီးများ၏ အခွင့်အရေး များသည် အစ္စလာမ့်မတိုင်မီ အရဗ်များ၏ခေတ်ကာလကဲ့သို့ အနှိမ်ခံဘ၀သို့ ပြန် လည်ရောက် ရှိခဲ့ရကြောင်းကို ၀မ်းနည်း စွာတွေ့မြင်ရပေသည်။

မွတ်စလင်မ်များနှင့် မွတ်စလင်မ်အများစုကို ရှေ့ဆောင်လျက်ရှိကြသည့် များစွာသော ကဝိအကျော်အမော်များသည်ပင်လျင်ကုရ်အာန်ကို ချဉ်းကပ်ရာ၌ ကုရ်အာန်၏ မူဝါဒများ အားဖြင့် ချဉ်း ကပ်နိုင်မှုမရှိကြ ပေ။ မွတ်စလင်မ်ဖြစ်စေ မွတ်စလင်မ်မဟုတ်သူဖြစ်စေ၊ မည်မျှပင်ကြီးမားသော ကဝိအကျော်အမော် ပုပ်ရဟန်းမင်းကြီးများပင် ဖြစ်နေစေကာမူ ကုရ်အာန်ကို ချဉ်းကပ်ရာ၌ ကုရ်အာန်တွင်တည်ရှိနေသော မူဝါဒအတိုင်းချဉ်းကပ်နိုင်မှသာ လျှင် ကုရ်အာန်ကထိုချဉ်းကပ်သူအား ကုရ်အာန်၏အသိကိုပေးမည်ဟူ၍လက် ဦးမဆွ ကပင် ၅၆း၇၉တွင်(ကုရ်အာန်သည် အဖြူရောင်သက်သက်ရှိသူတို့မှအပ အခြားသူများကို အကျိုး သက်ရောက်စေ မည်မဟုတ်)ဟူ၍ ပြဌာန်းထားပြီးဖြစ်သည်။

မည်သူမဆိုရိုးရာစွဲ၊ကျောင်းတော်ဝါဒစွဲ၊ ဂိုဏ်းဂနဝါဒစွဲများရှိနေသမျှ ကုရ်အာန်ပါဥပဒေပြ ဌာန်းချက်များကိုပြကတိအရှိအတိုင်း မြင်နိုင်မည်မဟုတ်ပေ။ ကုရ်အာန်သည်အဖြူ ထည်သက် သက်ဖြစ်သကဲ့သို့၊ အ ဖြူထည်ရှိသူများကိုသာ လမ်းညွှန်မည်။ ထိုအဖြူထည် ကုရ်အာန်ကို မိမိတို့၏ ကျောင်းတော်ဝါဒ လမ်းစဉ်များ ၊ဂိုဏ်းဂဏဝါဒလမ်းစဉ်များ ၊ဆရာ သမားဝါဒ လမ်းစဉ်များ ဟူသော ရောင်စုံမျက်မှန်များအားဖြင့် ကြည့်မည်ဆိုပါက ပြက တိအရှိတရား အဖြူထည်အတိုင်းမြင်နိုင် မည်မဟုတ်ပေ။ ထိုသို့သောအကြောင်း များကြောင့် အစ္စလာမ်သာသနာဝင် မွတ်စ လင်မ်များအတွင်း ကုရ်အာန်က အတိအကျ အသေအခြာ တွ လာသ်နှင့်စပ်လျင်းပြီး ကဏ္ဍ၁၁၄-ခု အနက်တွလာသ်ကဏ္ဍဟူ၍သီးခြား ကဏ္ဍတစ်ခု ပြဌာန်းထားပြီး ဖြစ်သည်။

ကုရ်အာန်၏ပြဌာန်းချက်ဥပဒေများနှင့် ဖီလာဆန့်ကျင်သော လူရေးဥပဒေများက မွတ်စ လင်မ်များအပေါ်သို့ လွှမ်းမိုးထားသည့်အတွက် ခေတ်အဆက်ဆက်များစွာသော မွတ် စလင်မ် ဇနီး မောင်နှံတို့သည် ရေ တိမ်နစ်ခဲ့ကြရလေသည်။ ထိုကဲ့သို့မဖြစ်သင့်သောကိစ္စ ရပ်များဖြစ်ကြရခြင်းမှာ အစ္စလာမ်သာသနာသည် ကုရ်အာန်က အထပ်ထပ်တားမြစ် ထားပြီးဖြစ်သော ရှေး ကျမ်းဂန်ရများနည်းတူ သာသနာပိုင်ဝါဒထူ ထောင် ခြင်း၊ဂိုဏ်းဂ ဏဝါဒများတည်ထောင်ခြင်း၊ ဗျာဒိတ်ကျမ်းဂန်ကုရ်အာန်၏အလွန် လူရေးကျမ်းများလူရေး အတွေးအခေါ်များကို ကုရ်အာန် ထက် ပိုမိုလေ့လာလိုက်စားခြင်းကြောင့်ဖြစ်သည်။

ဦးစိုးလွင် (ငြိမ်းချမ်းလျပ်စစ်)