ကုရ်အာန့် သုတ » Eclipse

အစ္စလာမ့်ရေစီးကြောင်းမှ တာတမံ ခုလုတ်ကသင်းများ(၆)
ဖန်ဆင်းရှင်၏သက်သေလက္ခဏာများ

The Sun, The Earth, and The Moon

(မကြာမြင့်မီ ငါအရှင်သည် ၄င်းတို့အား မိုးကုပ်စက်ဝိုင်း များအတွင်း တွင်လည် ကောင်း ၄င်းတို့၏ခန္ဓာများ အတွင်းတွင် လည်ကောင်း ငါအရှင်၏ သက်သေ လက္ခဏာ များကို ပြသတော်မူမည်။ နောက်ဆုံးတွင် ၄င်းတို့၌ ယင်းကျမ်းသည် မှန်ကန်ကြောင်း သိသာထင်ရှား လာမည်ဖြစ်သည်။ (၄၁း၅၃)

ဤသည် ကျမ်းမြတ်ကုရ်အာန်တွင် နှစ်ပေါင်း (၁၅၀၀) အလျှင်ကထဲက ဗျာဒိတ် ဖြစ်သည်။ ဖန်ဆင်းခံ အရာများ အားလုံးတွင် ဖန်ဆင်းရှင်၏ လက္ခဏာများ တည်ရှိနေကြာင်း ဖေါ်ပြ ထား သော ဗျာဒိတ်ဖြစ်သည်။ လူသား တို့သည် ခေတ်မှီ တိုး တက်သော ခေတ်ကာလသို့ ရောက်ရှိ လာလေလေ ဖန်ဆင်း ခံအရာများ အတွင်း မှ ဖန်ဆင်းရှင် ရှိကြောင်း အထောက်အထား များသည်လည်း ပိုမိုထင်ရှား လာ သည်ကို တွေ့ မြင်ကြ ရပေသည်။ မရေတွက် နှိုင်သော အရှင်မြတ်၏ ဖန်ဆင်းခံ အရာများ အတွင်းမှ လူသားတို့ နေ့စဉ် မြင်တွေ့ အကျိုးခံစား လျှက်ရှိကြသော နေ  လ ကမ္ဘာနှင့် ဂြိုဟ်နက္ခတ် တို့၏ လည်ပတ်သွားလာ ဆက်နွယ်နေပုံများကို ကုရ် အာန်မှ အနည်းငယ် ကောက်နှုတ်တင်ပြ ပါမည်။

(နေသည် ၄င်း၏ ပါတ်လမ်းတွင် သတ်မှတ် ပြဌာန်း ထားသည့် အတိုင်း လည်ပတ် ကူးခတ် သွားလာ နေခြင်းသည် အသင်တို့အဖို့ သက်သေ လက္ခ ဏာ တစ်ရပ် ဖြစ် သည်။) ၃၆း၃၈

( လသည်လည်း ၄င်း၏ စခန်း အသီးသီး တို့တွင် ကူးခတ် သွားလာရင်း နောက် ဆုံးတွင် သွေ့ခြောက်လျှက် ရှိသော စွံပလွန် ကိုင်းကဲ့သို့ ပြန်၍ ဖြစ်သွား ခြင်း သည်လည်း အ သင်တို့အဖို့ သက်သေလက္ခဏာ တစ်ရပ် ဖြစ်သည်။) ၃၆း၃၉

(နေ၏ လည်ပတ်ကူးခတ် သွားလာ မှုသည် လ၏ လည်ပတ် ကူးခတ် သွားလာမှု ကိုမမှီနှိုင်ပေ၊ ထိုနည်းတူစွာ ညဉ့်သည်လည်း နေ့ကိုကျော်လွန် နှိုင် သည်မဟုတ် ပေ၊ စင်စစ်သော်ကား ဂြိုဟ်နက္ခတ် အသီးသီးတို့သည် ၄င်းတို့၏ လမ်းကြောင်း များတွင် ကူးခတ် သွားလာ လျှက်ရှိ ကြ ကုန်၏) ၃၆း၄၀

ဤသည် ကုရ်အာန်တွင် ပါဝင်သော နေ လ ကမ္ဘာနှင့် ဂြိုဟ်နက္ခတ်တို့ နှင့် စပ် လျှင်း သော မြောက်များစွာ ဗျာဒိတ်များ အနက်မှ ဗျာဒိတ် (၃) ခုဖြစ်သည်။

လူသားတို့က နေသည် အရှေ့အရပ်မှ ထွက်၍ အနောက်အရပ်သို့ ငုံ့လျှိးဝင် ရောက်ပြီး စင်္ကြ၀ဠာတွင် နေသည်တစ်ည ပျေက်ကွယ် လျှက်ရှိသည်ဟု ယူဆ ထားကြသော ခေတ်ကာလကပင် အ ထက်မှ ဗျာဒိတ်များ သည်ကုရ်အာန်တွင် တည်ရှိနေပြီးဖြစ်သည်။ သို့ရာတွင် ကုရ်အာန်ပါ ထိုဗျာဒိတ်များ နှင့်စပ်လျှင်း ၍ ဖွင့်ဆိုခဲ့ကြသော ပညာရှင်တို့သည် မိမိတို့၏ ခေတ်ကာလနှင့် အခြေကနေများ အပေါ်မူတည်၍ ဖွင့်ဆိုခဲ့ကြ သည်။ ယနေ့ခေတ်သစ် ဖွင့်ဆိုချက် ထက်ပို၍ နောက်ပိုင်း ခေတ်များတွင် ထိုဗျာဒိတ်များကို ပို၍ပင် ပီပြင်စွာ ဖွင့်ဆိုနှိုင်ကြ မည်ဖြစ်သည်။ လူသား၏ အသိဥာဏ်သည် မိမိတို့၏ ပါတ်ဝင်းကျင် လောက်ကိုသာ လွမ်းခြုံသိရှိနှိုင် သူများဖြစ် သည်။ ကမ္ဘာ့နောက်ဆုံးနေ့တိုင် အမြဲလန်းဆန်း သစ်လွင်နေမည့် စင်္ကြ၀ဠာဆိုင်ရာ လမ်းညွန်ကျမ်းကို တစ်ခေတ်တည်း တစ်ချိန်တည်းတွင် ထင်ရှားရန် ဖွင့်ဆိုနှိုင်ကြမည်မဟုတ်ပေ။

ခေတ်သစ်သိပ္ပံ တိုးတက်ဖွံ့ဖြိုးလာ သည် နှင့်အညီ ကုရ်အာန်ပါ နေ၊လ ဂြိုဟ် နက္ခတ်တို့၏ သွားလာမှုနှင့် အခြားအခြားသော စင်္ကြ၀ဠာ ဆိုင်ရာများနှင့် စပ်လျှင်း ပြီး လူသားတို့က ပိုမို၍ မျက်ဝါး ထင်ထင် မြင်တွေ့လာ ကြခြင်းဖြစ်သည်။ ယ နေ့ ခေတ်တွင် ဂြိုဟ်နက္ခတ်တို့၏ အရွယ်အစား လည်ပတ် သွားလာ သော နှုံးထားများနှင့် အကွာအဝေး တို့ကိုပင် အ တိအကျ တိုင်းတာ၍ ဖေါ် ပြနှိုင်ခဲ့ ကြသည်။ လူတို့၏ ၀န်းကျင်တွင် ပိုမို၍ ခေတ်သစ် သိပ္ပံဆိုင်ရာ အသိ ပညာရပ် များ တိုးပွား လာလေလေ ကျမ်းမြတ်ကုရ်အာန်ပါ ဗျာဒိတ်လမ်းညွှန် မှုများသည် ခေတ်သစ်သိပ္ပံထက် အမြဲတန်း ခေတ်ရှေ့သို့  ဦးဆောင်နေသည် ကိုတွေ့ရပေသည်။

ဤသည့်အချက် နှင့်ပင် ကျမ်းမြတ် ကုရ်အာန်သည် စင်္ကြ၀ဠာ ကြီး၏ နောက် ဆုံး နေ့တိုင် ခေတ်တိုင်း နေရာတိုင်းနှင့် လူတိုင်းအတွက် လမ်းညွှန် ကျမ်း ဖြစ်သည် ဟူသော (၈၁း၂၇) ပါ ဗျာဒိတ် ကို ပိုမိုထင်ရှားစွာ မြင်တွေ့ရပေသည်။

ယနေ့ ခေတ်သစ်သိပ္ပံ၏ ရှာဖွေတွေ့ ရှိချက်များ အနက်မှ နေ လ နှင့် ကမ္ဘာ တို့၏ အရွယ်အစား အကွာအဝေးနှင့် သွားလာလည်ပတ် ဆက်နွယ်ပှုံ အချို့ ကိုတင်ပြ ပါမည်။ သို့မှသာ ကုရ်အာန် က ဆိုသော နေ လ ကမ္ဘာ အပါအ၀င် ဂြိုဟ်နက္ခတ် အားလုံးတို့သည် မိမိတို့၏ ပတ်လမ်းများတွင် လည်ပတ်သွားလာ နေ ခြင်းသည် ထာဝရအရှင်၏ သက်သေ လက္ခဏာ တစ်ရပ် ဖြစ်သည် ဟူသော အထက်မှ ၄၁း၅၃ ပါဗျာဒိတ်၏ လေးနက်မှုကို အံ့သြဘွယ် အဖြစ်တွေ့ရှိ နှိုင်မည်ဖြစ်သည်။

{Expansion of Universe (သို့မဟုတ်) စင်္ကြ၀ဠာကျယ်ပြန့်ခြင်း။}

စင်္ကြ၀ဠာကြီး၏ တည်နေပုံကို သိပ္ပံပညာရှင်များက အမြင်ရှုဒေါင့် အမျိုးမျိုးဖြင့် တင်ပြခဲ့ကြသည်။ ထိုတင်ပြချက်များမှ အလွယ်ကူဆုံးနည်းမှာ -

စင်္ကြ၀ဠာကြီးသည် လေဘူဘောင်း တစ်လုံးနှင့် တူသည်။ ထိုလေဘူဘောင်း  အပေါ် တွင် ဘောလ်ပင်ဖြင့် အစက်များ အပြည့်ရေးမည်။ ထိုလေဘူဘောင်းအား လေ နည်း နည်း ချင်း မှုတ်သွင်း ပါက ထိုလေ ဘူဘောင်း ပေါ်ရှိ အစက်ကလေး များသည် အချိုး အစား ညီစွာဖြင့် တစ်ဖြေးဖြေးချင်း ဝေးကွာလျှက် ရှိနေပေမည်။ ထိုနည်း အတိုင်း စင်္ကြ၀ဠာကြီး အတွင်းရှိ နေ၊လ၊ကမ္ဘာ အပါအ၀င် ဂြိုဟ်နက္ခတ်အားလုံး တို့သည် အ ချိုးအစား ညီစွာဖြင့် တစ်ဖြေးဖြေးချင်း ဝေးကွာလျှက်ရှိ နေကြောင်းကို ခေတ်သစ်သိပ္ပံက ရှာဖွေ တွေ့ ရှိ ကြ သည်။ ဤသည်ကို Expansion of Universe (သို့မဟုတ်) စင်္ကြ၀ဠာ ကျယ်ပြန့်ခြင်း ဟုခေါ်သည်။ ထို သီအိုရီ ကို ခေတ် သစ် သိပ္ပံ က 1929 ခုနှစ်က စတင်တွေ့ရှိ ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ကျမ်းမြတ် ကုရ် အာန် (၅၁း၄၇) တွင် နှစ်ပေါင်း(၁၅၀၀) ကထဲက -

(ငါအရှင်သည် မိုးကောင်းကင်များကို ခိုင်ခံ့စွာ တည်ဆောက်ထားသည် ထိုမိုး ကောင်း ကင်များအား ကျယ်ပြန့်လျှက် ရှိနေသော အရာအဖြစ် အမှန်ပင်ပြုလုပ် ခဲ့၏)(၅၁း၄၇)

ထိုဗျာဒိတ်သည် များစွာသော ခေတ်သစ် သိပ္ပံပညာရှင်များအား ကုရ်အာန် ကို ပိုမိုလေ့လာရန် အကြောင်းရင်း တစ်ရပ်ဖြစ်ခဲ့ရသည်။

The Sun’s diameter is 864,938 miles (1,391,980 km). This is almost 10 times larger than the planet Jupiter and about 109 times as big as the Earth. The volume of the Sun is 1,299,400 times bigger than the volume of the Earth; about 1,300,000 Earths could fit inside the Sun

Earth

Moon

Mean diameter

12,742 km

3,476 km

Volume

1.08321 x 1012 km3

2.199 x 1010 km3

Mass

5.9736 x 1024 kg

7.349 x 1022 kg

Mean density

5.515

3.342

Surface gravity

9.78 m/s2

1.62 m/s2

Escape velocity

11.2 km/s

2.38 km/s

Visual albedo

0.367

0.12

Visual magnitude

-3.86

+0.21

နေ လ ကမ္ဘာ နှင့် ဂြိုဟ်နက္ခတ်များ သွားလာနေပုံ

နေ၏ အကျယ်အ၀န်းသည်  (၁၃၉၁၉၈၀) ကီလိုမီတာ ရှိပြီး လ၏ အကျယ် အ၀န်း သည် (၃၄၇၄) ကီလိုမီတာ ရှိသည်။ နေသည် လထက်အဆပေါင်း (၄၀၀) ပိုကြီး သည်။ ကမ္ဘာမှ နေသို့ အကွာအ ဝေးသည် (ကီလိုမီတာ ၁၄၉သန်း) ကွာဝေးပြီး ကမ္ဘာမှ လသို့ အကွာ အဝေးမှာ ကီလိုမီတာ ၃၈၄,၄၀၃ သာကွာဝေးသည်  နေ နှင့် လ တို့၏ အကွာအဝေး အချိုးအစား မှာလည်း အဆပေါင်း (၄၀၀) ကွာဝေးသည်။ ထို့ အတွက်ကြောင့် ကမ္ဘာမှကြည့်လျှင် နေ နှင့် လတို့သည် တစ် ရွယ်တစ်စားတည်း အဖြစ်မြင် တွေ့ ရခြင်းဖြစ် သည်။

Eclipses

နေကြတ်ခြင်းမှာ လသည် နေနှင့် ကမ္ဘာတို့၏ စပ်ကြားသို့ရောက် ရှိနေ သော အချိန် ဖြစ်သည်။ ထိုနေကြတ်ချိန်တွင် ကမ္ဘာ၏ အချို့သော အစိတ်အပိုင်းမှ နေကိုလုံးဝမ မြင်ရ တော့ပေ။ နေ နှင့် လ တို့၏အရွယ် အစားသည် အဆပေါင်း (၄၀၀) ကွာခြား သကဲ့သို့ အကွာအဝေးမှာလည်း အဆပေါင်း (၄၀၀) ဝေးကွာ ထားသည့်အတွက် လသည် နေ နှင့်ကမ္ဘာ တို့၏အလည် တဲ့တဲ့သို့ရောက်ရှိ လာသော   နေကြတ်ချိန် တွင် ကမ္ဘာမှ နေနှင့်လကို အရွယ်တူ အရာနှစ်ခု တစ်ထပ်တည်း ဖြစ်နေသည်ဟု မြင်တွေ့ရခြင်းဖြစ်သည်။ ဤ သည့်အချက်ကို ယခင်သိပ္ပံပညာရှင်များက တိုက်ဆိုင်မှု တစ်ရပ်ဟု ယူဆခဲ့ကြသည်။ ယနေ့ များစွာသော ခေတ်သစ် သိပ္ပံပညာရှင်များက တိုက်ဆိုင်မှု မ ဟုတ်ကြောင်း ယုံကြည်လာကြသည်။

နေသည်၎င်း၏ ၀င်ရိုးပေါ်တွင် (Rotate) ဂျင်ကဲ့သို့ လည်လျှက်ရှိနေသည်။ ထိုသို့ လည်ရာ၌ တစ်ပတ် ပြည့်ရန် အတွက် (၃၅) ရက်ကြာသည်။ ထို နည်း အ တိုင်းပင် Rotate ဂျင်ကဲ့သို့ မိမိ၏ ၀င်ရိုးပေါ်တွင် လည်လျှက် နှင့်ပင် Milky Way Galaxy (ခေါ်) နဂါးငွေ့တန်း ကဲ့သို့ရှိသော ကြယ်အစု အဝေးကြီးအား ဗဟိုပြု၍ ၄င်း ၏ (Orbit) ပတ်လမ်း ကြောင်းတွင် လည် ပတ်ကူးခတ် လျှက်ရှိနေသည်။ ထို (Milky Way Galaxy) ကို ပတ်ရာ၌ တစ်ပတ် ပြည့်ရန်အတွက် နှစ် သန်းပေါင်း (၂၂၆) သန်း ကြာသည်။ နေလည် ပတ်ခြင်း အကြောင်းကို ခေတ်သစ်သိပ္ပံ တွေ့ရှိ ချက် ထက် ကျမ်း မြတ်ကုရ်အာန် (၃၆း၃၈)က နှစ်ပေါင်း ထောင်ကျော် စော၍ ဗျာ ဒိတ် ထားပြီးဖြစ်သည်။

ထို (Milky Way Galaxy) (ခေါ်) နဂါးငွေ့တန်း ကဲ့သို့ရှိသော ကြယ်အစု အဝေး ကြီး များသည်လည်း ၄င်းတို့၏ (Orbit) ပတ်လမ်း ကြောင်းများတွင် ကူးခတ် သွား နေပေ သည်။ ခေတ်သစ်သိပ္ပံ တွေ့ရှိချက် ကြယ်နက္ခတ်များ လည်ပတ်ခြင်း အ ကြောင်းကို ကျမ်းမြတ်ကုရ်အာန် (၃၆း၄၀) တွင်ဗျာဒိတ်ထားပြီးဖြစ်သည်။

ကမ္ဘာ၏ အကျယ်အ၀န်းသည် (၁၂၇၄၂) ကီလိုမီတာ ရှိသည်။ကမ္ဘာမြေ သည် လည်း ၄င်း၏ ၀င်ရိုးတွင် (Rotate) ဂျင်ကဲ့သို့ လည် လျှက်ရှိနေသည်။ ထိုကဲ့သို့ ၀င်ရိုးပေါ်တွင် (Rotate) ဂျင်ကဲ့သို့ လည်ရာ၌ တစ်နာ ရီလျှင် မိုင် (၁၀၄၀) နှုံးဖြင့် (၂၄) နာရီ (သို့မဟုတ်) တစ်ရက်တွင် တစ်ပတ်ပြည့် သည်။ ထိုနည်း တူစွာ ၄င်း၏ ၀င်ရိုးတွင် (Rotate) ဂျင်ကဲ့သို့ လည်လျှက်နှင့်ပင်  နေကို ဗဟိုပြု၍ ၄င်း၏ Orbit လမ်းကြောင်းတွင် ပတ်လျှက် ရှိနေသည်။ နေကို ပတ်ရာ ၌လည်း တစ်ပတ် ပြည့် ရန် ရက်ပေါင်း (၃၆၅) ရက်နှင့် (၆) နာရီကြာသည်။

ထိုကဲ့သို့ပင် လသည်လည်း ၄င်း၏ ၀င်ရိုးတွင် (Rotate) ဂျင်ကဲ့သို့ လည် လျှက် ရှိနေသည်။ ထို (Rotate) ဂျင်ကဲ့သို့ မိမိ၏ ၀င်ရိုးတွင် လည် လျှက် နှင့်ပင် ကမ္ဘာ ကို ဗဟိုပြု၍ ၄င်း၏ (Orbit) ပတ်လမ်းကြောင်းတွင် ပတ်လျှက်ရှိ နေသည်။ လ သည် မိမိ၏ ၀န်ရိုးတွင် လည်ရာ၌ တစ်ပတ် ပြည့်ရန် အတွက် (၂၇.၃) ရက်ကြာ သည်။ ထိုနည်းအတိုင်းပင် ကမ္ဘာကို ဗဟိုပြု၍ (Orbit) ၄င်း၏ပတ် လမ်းကြောင်း တွင် ပတ်ခြင်းသည် လည်း (၂၇.၃) ရက်ကြာလေသည်။ လ၏ ထူးခြား ချက်မှာ ကမ္ဘာကိုဗဟို ပြု၍ ပတ်လျှက်နှင့်ပင် ကမ္ဘာနှင့်အတူ နေကိုလည်းပတ် လျှက်ရှိ နေသည်။ ထိုကဲ့သို့ နေကို ကမ္ဘာနှင့်အတူ ပတ်ရာ၌လည်း တစ်ပတ် ပြည့်ရန် ကမ္ဘာ့နည်းတူ ၃၆၅ ရက်နှင့် ၆နာရီကြာသည်။ (တနှစ်)

လသည်၎င်း၏ ၀င်ရိုးတွင်လည်နှုံးနှင့် ကမ္ဘာသည်၎င်း၏ ၀င်ရိုးတွင် လည် နှုံးတို့ မှာကွာခြားသည့် အတွက် ကမ္ဘာမှ လ၏မျက်နှာပြင် တစ်ခြမ်းကိုသာ အမြဲမြင် တွေ့ရသည်။

ကမ္ဘာမှ နေ့အခါ နေသည် ၄င်း၏ လမ်းကြောင်းတွင် သွားနေသည်ကို မြင်ရ သကဲ့ သို့ ညအခါတွင် လသည် ၄င်း၏လမ်းကြောင်းတွင် သွားနေသည်ကို မြင်ရပေ သည်။ နေ လ နှင့် ကမ္ဘာ တို့ သည် မိမိတို့၏ ၀င်ရိုးများပေါ်တွင် လည်ပတ်ရာ တွင် လည်းကောင်း မိမိတို့၏ Orbit လမ်းကြောင်းများတွင် သွား လာရာ၌ လည်ကောင်း မိမိတို့၏ အရွယ် အစား များ နှင့်အကွာ အဝေးများသည် လည်းကောင်း မတူ ညီကြ ပေ။ သို့ရာတွင် ထိုမတူညီသော လည်ပတ်မှု အလျင်များမှ ပေါ်ထွက်လာ သော အဖြေ သည် ကား နေ့ ည ဟူ၍ လည် ကောင်း၊ လဆန်း လဆုတ်၊ လပြည့် လကွယ်ဟူ၍ လည်းကောင်း ဖြစ်ပေါ်လျှက် ရှိနေသည်။ ထိုအချင်း အရာများကို ခေတ်သစ်သိပ္ပံ တွေ့ရှိ ချက်ထက် စော၍ ကုရ်အာန်တွင် ၃၆း၃၉

( လသည်လည်း ၄င်း၏ စခန်း အသီးသီး တို့တွင် ကူးခတ်သွား လာရင်း နောက်ဆုံးတွင် သွေ့ခြောက်လျှက် ရှိသော စွံပလွန် ကိုင်းကဲ့သို့ ပြန်၍ ဖြစ်သွား ခြင်းသည်လည်း အသင်တို့အဖို့ သက်သေလက္ခဏာ တစ်ရပ် ဖြစ်သည်။)

Moon Phase

ကမ္ဘာသည် ၄င်း၏ ၀န်ရိုးတွင် ဂျင်ကဲ့သို့လည်လျှက် နေကိုပတ်ရာတွင် နေနှင့်မျက် နှာချင်းဆိုင် ဆုံတွေ့သော ကမ္ဘာ၏ တစ်ခြမ်းသည် နေ့ဖြစ်၍ နေနှင့်ကွယ်နေသော ကမ္ဘာ၏ အခြားတစ်ခြမ်းသည် ညဉ့်ဖြစ်သည်။ နေ ကမ္ဘာ လ နှင့် ဂြုဟ် နက္ခတ် အားလုံးတို့သည် မိမိတို့၏ အတိုင်းအတာ အကွာအဝေး လည်ပတ်နှုံးတို့မှာ အချိုး အစား ညီ ညာစွာ ရှိနေကြ သည်။ ထိုတိကျသေချာသည့်  နေ ကမ္ဘာ လ နှင့် ဂြုဟ် နက္ခတ် တို့၏ပုံမှန် ရွေ့လျှားမှုကြောင့် နေ၀င်နေထွက် လ၀င် လထွက် အချိန် များ သည် စက္ကန့်မလွဲ မှန် ကန်နေခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် ကုရ်အာန် (၃၆း၄၀) ညဉ့်သည်လည်း နေ့ကိုမကျော်နှိုင် ဟုဆိုထားခြင်းဖြစ်သည်။

ဂြိုဟ် နက္ခတ် အားလုံးသည်လည်း (Orbit) ပတ်လမ်းကြောင်း တွင်ပတ် လျှက် ရှိနေကြောင်းကို  ယနေ့ခေတ် သစ်သိပ္ပံ၏ ရှာဖွေတွေ့ရှိ ချက်များ မှအနည်း ငယ် ကောက်နှုပ် တင်ပြချက်ဖြစ် သည်။ ထိုသိပ္ပံတွေ့ရှိချက်ဖြင့် နှစ်ပေါင်း (၁၅၀၀) ကတဲက ကျမ်းမြတ် ကုရ်အာန်တွင် တည်ရှိနေသော နေ၊ လ၊ ကမ္ဘာ နှင့် ဂြိုဟ် နက္ခတ် တို့အာလုံးသည် မိမိ တို့ ၏ (Orbit) ပတ်လမ်းကြောင်း များတွင် သတ်မှတ် ပြ ဌာန်း ထားသည့် အတိုင်း ကူးခတ်သွားလာ နေကြသည်ဟူ သော အချက်ကို ကမ္ဘာ့လူသား တစ်ရပ်လုံးက တုနှိုင်း မဲ့ကိုး ကွယ် ရာ အရှင်၏ သက်သေလက္ခဏာ တစ်ရပ်အဖြစ် မျက်ဝါးထင်ထင် မြင်တွေ့ရပေသည်။

ကုရ်အာန် ၃၆း၄၀ က နေ၏ လည်ပတ်ခြင်းသည် လ၏ လည်ပတ်ခြင်းကို မမှီဟု ဆို ထားသော ဗျာဒိတ်အတိုင်း လ၏ Rotate လည်ခြင်း သည်လည်းကောင်း နေကို Orbit ပတ်ခြင်းသည် လည်းကောင်း နေထက်ပို ၍ မြန်ကြောင်းကို အတိအကျ မြင်တွေ့ရပေသည်။

ကုရ်အာန်သည် တုနှိုင်းမဲ့ ကိုးကွယ် ရာအရှင်၏ အရာခပ်သိမ်းတို့ကို ရှင်းလင်းဖေါ်  ပြထားသော စင်္ကြ၀ဠာဆိုင်ရာ စွယ်စုံကျမ်းကြီး ဖြစ်သည်။ (၁၆း၈၉)

ကုရ်အာန်ပါ အချို့သော ဗျာဒိတ် အမျိုးအစား များသည် လူတို့၏ ဖွံ့ဖြိုးတိုးတက် လာ သော အခြေအနေနှင့် အချိန်အခါများ ပေါ်တွင်မူတည်၍ သာ ထင်ရှားစွာ သိရှိနှိုင်မည်။ (၃းရ )

ကုရ်အာန်သည် စင်္ကြ၀ဠာဆိုင်ရာ ခေတ်တိုင်း နေရာတိုင်း နှင့်လူမျိုးတိုင်း အတွက် ဖြစ်သည်။ (၈၁း၂၇)

ကုရ်အာန်ပါ ဗျာဒိတ်များကို ကုရ်အာန်ကသာ အသေးစိပ် ပြန်လည်ရှင်းလင်းထား သည်။ (၁၁း၁/ ၁၀း၃၇)

ယင်းကုရ်အာန်ကို ရှင်းပြရန်မှာ ငါအရှင်မြတ်၏ တာဝန်ပင်ဖြစ်သည်။ (၇၅း၁၉)

ကုရ်အာန်သည် အဖြူထည် သက် သက် ရှိသူတို့မှအပ အခြားသူများကို အကျိုး ပေးမည်မဟုတ်။ (၅၆း၇၉) ဟူသော အထက်ဖေါ်ပြပါ ဗျာ ဒိတ်များကို ဆင်ခြင်၍ ကုရ်အာန်ကို လေ့လာ ဆည်ပူးကြမည် ဆိုပါက ကုရ်အာန်က ပြောလိုသော အ ကြောင်း အရာ ကို အရှိအတိုင်း မြင်တွေ့နှိုင်မည် ဖြစ်ကြောင်းသတင်းကောင်းပါး ရင်း-

(အင်ရှာအလ္လာဟ်) ဆက်လက်တင်ပြပါဦးမည်။

ဦးစိုးလွင် (ငြိမ်းချမ်းလျှပ်စစ်)

လကြတ် နေကြတ်ခြင်းကို သုံးသည့် ကုရ်အံပါ စကားလုံး
Eclipse

ကျွန်ုပ်သည် အာရဗ်တစ်ဦး မဟုတ်ပါ၊ အာရ်ဗီစာပေ ပါမောက္ခလည်း မဟုတ်ပါ၊ အာရဗ်မဟုတ်သော ကျွန်ုပ်အနေဖြင့် ကျွန်ုပ် လေ့လာမိသော အာရ်ဗီစကားတွင် နေကြတ်ခြင်း၊ လကြတ်ခြင်းကို (၁) كسوف ကဆူးဖ် (၂) خسوف ခဆူးဖ် ဟု ခေါ် ကြောင်း တွေ့ရပေသည်။ ထို့အပြင် အခြားသော အာရဗ်ဒေသိက ဆိုင်ရာ ဝေါဟာရ စကားလုံးများ ရှိနေမည်ပင်။

ထိုအများသုံး စကားလုံး ကဆူးဖ် နှင့် ခဆူးဖ် ဝေါဟာရ နှစ်ခုအနက် ကဆူးဖ် ဆိုသော စကားလုံးသည် အာရဗ်ရိုးရာ ဓလေ့ပေါ်၌ တည်၍ ခေါ်ဝေါ်သော အသုံးဖြစ်ကာ။ ခဆူးဖ် ဟူသော စကားလုံးသည် ကုရ်အံကျမ်းတော်၌ ဖေါ်ပြသော ခဆဖ خسف ကို အခြေခံ၍ သုံးသော ဆင့်ပွားစကားလုံး ဖြစ်ပေသည်။

ဤတွင် ရိုးရာ အာရဗ်စကားနှင့် ကုရ်အံပါ ဖေါ်ပြသော စကား၏ အဓိပ္ပါယ်မှ များစွာ ကွာခြားမှုရှိပေသည်။ ရိုးရာအာရဗ်တို့က လကြတ်သည် (လငပုတ်ဖမ်းသည်) နေကြတ်သည် (နေငပုတ်ဖမ်းသည်) ဆိုခြင်းမှာ ကောင်းကင်မှ အဖဲ့တစ်ဖဲ့ ပြိုကျသည်။ ကောင်းကင် အက်ကွဲသည်ဟု နားလည်၍ ထိုအဓိပ္ပါယ်ကို ဆောင်သော စကားဖြင့် ကဆူးဖ် ဟု ပြောဆိုခြင်း ဖြစ်ပေသည်၊ ကျွန်ုပ်တို့ မြန်မာများ နားလည်ထားသည့် လကို ခွေး သို့မဟုတ် တစ်စုံတစ်ခုက ကိုက်သည် ဟူသည့် ဆိုသကဲ့သို့ပင်။  ယခု ခေတ် အခါတွင် လက်တွေ့ တွေ့ရှိလာသော ဖြစ်ရပ်များနှင့်ကား ထိုအယူအဆ ထိုယုံကြည်ချက်များမှာ လားလားမှ မဆိုင် ပေ။ တက်တက်စင်လွဲချော်နေတော့သည်။

ကိုယ်တော် မုဟမ္မဒ်သည် ရိုးရာအာရဗ် အသိုင်းအ၀ိုင်းကြီးထဲမှ မွေးဖွားကြီးပြင်းလာသော အာရဗ် တစ်ယောက်မျှသာ ဖြစ် ပေသည်။ သူသည်လည်း အာရဗ်ရိုးရာပြောသော အာရ်ဗီစကားကိုသာ ပြောခဲ့သူ တစ်ဦးသာ ဖြစ်ပေသည်။ သူ့ပတ်ဝန်ကျင် သူ့အသိုင်းအ၀ိုင်းကြား၌ အာရ်ဗီစကားမှ လွဲ၍ အခြားစကားလည်း ပြောဆိုစရာ မရှိပေ။ ပို၍ ဆိုးသည်က ထိုခေတ် ထိုအခါ က သိပ္ပံပညာဟူ၍ လားလားမှ မရှိသေးချေ။

သို့သော်– အာရဗ်တစ်ဦးဖြစ်သည့် ကိုယ်တော်မုဟမ္မဒ်၏ နှတ်လျှာမှ ထွက်လာသော ကျမ်းမြတ်ကုရ်အံတွင် နေကြတ်၊ လကြတ်ခြင်းကို ခဆဖ خسف ဟုသာ ဆိုခဲ့ပေသည်၊ (၇၅း၈)။ ထိုစကား၏ အဓိပ္ပါယ်မှာ ကမ္ဘာဂြိုလ်က ဖြေးဖြေးချင်း မျို လိုက်သည်၊ ဖုံးကွယ်လိုက်သည် ဟု ဖြစ်ပေသည်၊ ၁၆း၄၅။ ၂၈း၈၁၊၈၂။

ထိုသို့ လအား ကမ္ဘာဂြိုလ်က ဖြေးဖြေးချင်း ဖုံးကွယ်လိုက်သောကြောင့် လကြတ်သည်ဟု ခေါ်ဆိုကြောင်း လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ က အာရဗ်လောကတွင် မကြားရဲ၊ မတွေးရဲသော စကားလုံးပင် ဖြစ်ပေသည်။ ကောင်းကင်တွင် ရှိသော လကို ကောင်းကင်အောက်မှ မြေကြီးက မည်ကဲ့သို့ ဖုံးကွယ်မည်နည်း ဟူလို။

ထို့ပြင် နေကြတ်ခြင်းကိုလည်း- လနှင့်နေသည် (အလင်းတန်း) တစ်ထပ်တည်း ပူးပေါင်းခြင်း ဖြစ်သည်ဟု ကျမ်းတော်က ဆိုထားပါသည်၊ ၇၅း၉။

Eclipse

စာပေသမား မဟုတ်သော၊ ခေတ်သစ် သိပ္ပံပညာရှင်ကြီး မဟုတ်သော ကိုယ်တော် မုဟမ္မဒ်သည် မိရိုးဖလာ ယုံကြည် ပြော ဆိုမှုနှင့် လားလားမှ မဆိုင်သော ဤစကားလုံးများကို မည်သို့ ရရှိခဲ့လေသနည်း– ဟု စဉ်းစားမိလျှင်၊ ဉာဏ်စဉ် (၀ဟီ)၏ သဘောတရား၊ ဉာဏ်စဉ်ပေးသော အရှင်ဆိုသည်မှာ ဟူသော သဘောတရား၊ ဉာဏ်စဉ်တော်ဆောင် ပုဂ္ဂိုလ် ဟူသည်– ဆိုသော သဘောတရားနှင့် ကျမ်းမြတ်ကုရ်အံပါ ဝေါဟာရ တစ်လုံးချင်းစီသည် မည်မျှလေးနက်၍ အသက်ရှိနေသည် ဟူ သည့် သဘောတရားများကို နားလည် လာနိုင်ကောင်းပေသည်။

မုဖာဆွီရိုကုရ်အံ ဦးဌေးလွင်ဦး (B.A Myanmar (Yangon Uni-), A.A Media Marketing (N.Y-USA)