ကုရ်အာန့် သုတ » faro

ကုရ်အာန်ကျမ်းလာ ဖါရိုအကြာင်း တစေ့တစောင်း
သို့သော် နင်သည်နောင်လာနောက်သားတို့အဘို့ သက်သေသာဓကတော်တစ်ပါး ဖြစ်စေရန် နင်၏ ကိုယ် ကာယကို ငါအသျှင်မြတ်ယခုကယ်ဆယ်တော်မူ၏။ ကြည့်ကြလော့ လူသားတို့ အနက် များလှစွာသော သူတို့သည်ငါ၏ သက်သေသာဓကများကို သတိမမူကြချေ။ ကုရ်အာန် ( ၁၀း ၉၂ )

فَالْيَوْمَ نُنَجِّيكَ بِبَدَنِكَ لِتَكُونَ لِمَنْ خَلْفَكَ آيَةً وَإِنَّ كَثِيرًا مِّنَ النَّاسِ عَنْ آيَاتِنَا لَغَافِلُونَ۞

So this day We will save thee in thy body alone that thou may-est be a Sign to those who come after thee. And surely, many of mankind are heedless of Our Signs. (10:92)

ထာဝရမှန်ကန်နေသော ပရမတ္တသစ္စာတရားကို ကုရ်အာန်ကျမ်းတော်မှအပ အခြားနေရာ များတွင်မတွေ့နှိုင်ပါ။ လူသားတို့၏ ခန့်မှန်းကြံစည်တွေးတောမှုများသည်ယနေ့တွင် မှန် ကန်နေသော် လည်း မနက်ဖြန် တွင်မူ မသေချာပေ။ ထိုနည်းအတူ အံ့မခန်း တဟုန်ထိုး တိုးတက်နေသော သိပံ္ပပညာသည်ပင်လျှင် တနေ့တွေ့ရှိမှုနှင့် နောက်တနေ့တွေ့ရှိမှုတို့ မတူနိုင်ပါ။  ထာဝရ မှန်ကန်မှု (Absolute truth) သဘောတရား သည် လူသားဉာဏ်စဉ် အဆင့်အတန်းဖြင့် မည်သို့မျှ မသိရှိနိုင်ဆိုသည်မှာ ရှင်းနေပေသည်။ သို့သော် လူသားတို့၏ သဘာဝမှာ အမြဲပင် စော ဒကတက် ကြလျှက်ရှိမြဲဖြစ်သည်။ ထိုသို့လူသားတို့ တွေးတော ကြံ စည်တွက်ဆမှုများ၏ နောက်ကွယ်မှ ဖြစ်ပျက်မှုမှန်သမျှကို သဘာဝလွန်အံ့သြဆန်း ကြယ်မှု များဟုခေါ် ဝေါ်သုံး စွဲကြ တတ်ပေသည်။  မျက်မှောက်လက်ရှိ ဆန်းသစ်လျှက် ရှိသော ခေတ်သစ်သိပံ္ပပညာ၏ အကူ အညီဖြင့် စမ်းသပ်အဖြေထုတ်၍ မရနိုင်သော သ ဘာဝလွန် အံ့သြဆန်း ကြယ်မှုများမှာ ဤ ကမ္ဘာပေါ်တွင် ရှိလျှက် ရှိနေသေးသည်ကို မည် သူမျှမငြင်းနိုင်ပေ။ ထိုဆန်းကြယ်မှု ဖြစ် ရပ်ဆန်းများ၏ လျှို့ဝှက်ချက်များ ကိုသိလိုသည့် သဘောတရားများသည် လူသား အများစု တွင် ရှိတတ် ကြသည်မှာ ဓမတာ ပင် ဖြစ်သည်။ သို့ သော် ရှာဖွေ တွေးတော ကြံဆ ခွဲခြမ်းစိတ်ဖြာမှု ပုံစံများမှာကား တစ်ဦးနှင့်တစ်ဦးတူညီ နိုင်မည် မ ဟုတ်ပေ။

အချို့က ထိုသို့သဘာဝလွန် ဖြစ်ရပ်ဆန်းများကို ကိုယ်တွေ့တွေ့ရှိပါက “ပရမတ္ထ သစ္စာ တရား”၏ အကူအ ညီဖြင့်တိတိကျကျ နှိုက်နှိုက်ချွတ်ချွတ် ခွဲခြမ်းစိတ်ဖြာ လေ့လာမှု ပြု လုပ်ကြသည်။ အချို့ကသိရှိမှုအသိ ဖြင့်သာ လုံလောက်တင်းတိမ်ကြသည်။ အချို့ကမူယနေ့ မျက်မှောက် ခေတ်သိပံ္ပ၏ အကူအညီဖြင့်၎င်း ဖြစ်ရပ်ဆန်းများကိုကိုင် တွယ်ဖြေရှင်းတတ် ကြပေသည်။ အချို့ ကမူ သဘောတရားမပါသော လက်တွေ့ထက်သဘောတရားနှင့် အနှစ် သာရပါရှိသော လက်တွေ့ခွဲခြမ်းစိတ်ဖြာမှုများကို ပြုကြပြီးမှ နောက်ဆုံး တွင် ၎င်းလေ့လာ စမ်းစစ်ကြသည့် ထာဝရမှန်ကန် လျှက်ရှိသော သစ္စာတရားအောက်၌ ဒူးထောက်ကြ တတ်သည်။

၎င်းတို့အထဲတွင် ဒေါက်တာမောရစ်ဘူကိုင်း တစ်ယောက်သည်လည်းအပါအ၀င်ဖြစ်သည်။ အံ့သြခြင်းများစွာဖြင့် နုတ်မှထွက်ပေါ်လာသော စကားတစ်ခွန်းကြောင့် “ကျွန်ပ်အစ္စလာမ် ကိုယုံ ပါပြီ ကျွန်ပ် ကုရ်အာန်ကို ယုံပါပြီ” “အလ္လာဟ် အသျှင်မြတ်မှအပ အခြားကိုးကွယ်ရာ အသျှင်မရှိပါ။ တမန်တော်မိုဟမ္မဒ် သည် ၎င်း၏ စေတမန်တော် တစ်ပါးဖြစ်ကြေင်း ကျွန်ပ် ယုံကြည်ပါ ၏။” မိမိကိုယ်တိုင်လည်း ဆေးသိပ္ပံ ပညာရှင် တစ်ဦးဖြစ်ပြီး ခရစ်ယာန် ဘာ သာဝင် တစ်ဦးပီပီ သမိုင်းကျမ်း စာပေအထောက်အထားများမှ တဆင့် ရှေ့ခေတ်အီဂျစ် မင်းဆက်များနှင့် ဖါရို ဘုရင်အကြောင်း၊ ၎င်းမင်းဆက်များအကြောင်း ကောင် စွာသိ ရှိသော ပါမောက္ခတစ်ဦး ဖါရိုဘုရင်(ရာမ်ဆိးစ် ၂)  ရုပ်အလောင်းရှေ့တွင် အလုပ်ရှုပ်လျှက် ရှိနေပါ တော့သည်။

Firaun

အိုး….တစ်ကယ်ဘဲလားဗျာ….ဘယ်လိုဖြစ်တာပါလဲဗျာ… ခင်ဗျားတို့ မွတ်ဆလင်တွေ ယုံကြည်တဲ့ဒီကုရ် အာန်ကျမ်းတော်မြတ်က ဖါရိုဘုရင် ရေနစ်ပြီးသေတဲ့ အကြောင်းနှင့် ၎င်း၏ ရုပ် ခန္ဓာကိုယ်ကိုနောင်လာ နောက်သားတွေ သတိသံဝေဂရစေရန် ဤကမ္ဘာပေါ်မှာ ထိန်းသိမ်းစောင့်ရှောက်ထားတယ် ဆိုတာလေ ဗျာ…… ကျွန်တော့ နားတောင် ကျွန်တော် မယုံနိုင် စရာ ဘဲ…. ဘယ်လိုလုပ်ပြီး ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀ ကျော်ကပဲ ဒီ အကြောင်းကို ဖေါ်ပြ ထားရပါလိမ့်… ဒီမာမ်မီခန္ဓာကိုယ်ကြီး တွေ့ရှိခဲ့တာမှဖြင့် လွန်ခဲ့ တဲ့နှစ်ပေါင်း၂၀၀ကျော်လောက် ကမှ…. ဒီခန္ဓာကြီးကို အဲဒီကြားထဲ ဘယ်သူများ ထိန်းသိမ်း ထားခဲ့ပါ လိမ့်။ အား..မေးစရာ မေးခွန်း တွေကတော့ အများကြီးဘဲ။ တကယ်ဘဲ ယခု ကျွန်တော့ရှေ့မှ မာမ်မီဖါရိုအလောင်းကြီးဟာ ဟိုးတ မန်တော်မိုးဆက်(မူဆာ)ကိုပင်လယ်နီ ကမ်းခြေထိလိုက်ခဲ့တဲ့ ဖါရိုဘုရင်ကြီးပင်လားအစ္စလာမ်တွေ ယုံကြည်နေတဲ့ဒီတမန်တော် မိုဟမ္မဒ်ဟာ ဒီဖါရိုဘုရင်အကြောင်း နှင့်ဒီခန္ဓာ ကြီးတည် ရှိနေ တာ ဘယ်လိုလုပ်များ သိခဲ့ပါလိမ့်။ ပါမောက္ခကြီး  ဒေါက် တာမောရစ် တစ်ယောက် ဘယ် လိုမှကြိုးစားပြီး အိပ်သော်လည်း အိပ်လို့ မပျော်တော့ပါ။ သူ့ရဲ့ ရှေး သမ္မာကျမ်းတော်ကို လှန် ရင်း “ ဟော တွေ့ပြန်ပြီ ဒီဖါရိုး” “ပင်လယ်ကြီးသည် ဖါရိုဘုရင်နဲ့ ၎င်း၏ ကြီးမား လှသော စစ်တပ်ကြီးကိုဝါးမြိုခဲ့သည်။ တစ်ဦးတစ်ယောက်မျှ အသက်မရှင်ခဲ့” ထွက် မြောက်ရာ ကျမ်း (၁၄း၂၈) သူ မကျေနပ်သေး———-ဘာ လို့ဒီဓမ္မဟောင်း ငါတို့ရဲ့သမ္မာကျမ်းစာက ဒီသူ့ခန္ဓာ ဤကမ္ဘာပေါ်မှာ ရှိနေသေးကြောင်း ဘာလို့မ ပြောတာ ဘာလိမ့်….၊၊ သူကား စိတ်မကျေ နပ်…. ထပ်ပြီးထပ်ပြီးအဖြေများ လိုအပ်နေသေးပေ၏။ ခေတ်သစ် ဆေးသိပ္ပံ ပညာရှင်ကြီး တစ်ဦးလည်းဖြစ်၊ လက်ရှိဖါရိုဘုရင် မွမ်းမံစစ်ကြောရေး အဖွဲ့ ၏ ဥက္ကဋ္ဌကြီး လည်းဖြစ်သောပါမောက္ခ ကြီးမောရစ်တစ်ယောက် သူ့ရောင်းရင်းလုပ်ဖေါ်ကိုင်ဖက်ဆေးနှင့် မျိုးရိုးဗီဇ၊ မနုဿဗေဒ၊ ခန္ဓာဗေဒ ပရော်ဖက်ဆာများ၊ဘူမိဗေဒ စပါယ်ရှယ်လစ်များနှင့် အတူ ခေတ်မှီနည်းပညာ cutting edge စမ်းသပ် စစ်ဆေးရေးကိရိယာများနှင့် ဓာတ်ခွဲ ခန်းထဲတွင် အလုပ်ရှုပ်နေသူ၏ ပြင်းပြသော သိလိုစိတ်မှာ “ဘယ်လိုများ ဒီမာမ်မီ(ဖာရို) အလောင်းဟာ ကွယ်လွန်ခဲ့ပါလိမ့်” အနုစိတ် (Autopsy) စမ်းသပ်၍ နေပါတော့သည်။ ညဦးယံဘက် ပညာရှင် အသီးသီး သက်ဆိုင်ရာ ကဏ္ဍများကို အသီးသီး စစ်ဆေးပြီး သကာလ- နောက်ဆုံး final report ကိုတင်ပြနေကြပြီဖြစ်၏။ ပရော်ဖက်ဆာ အသီးသီး၏ ကောက်ချက်အရ ဤမာမ်မီ(ဖာရို) ရုပ် အလောင်းမှာ ပင်လယ်တွင် ရေနစ်သေ ဆုံးခဲ့ကြောင်း များမကြာမီ အချိန်တို အတွင်းတွင်ပင် ပင်လယ်မှ ဆယ်ယူခြင်းကို ခံ ခဲ့ရပြီး (၀ါ) ပင်လယ်ထဲတွင် အချိန်ကြာ မြင့်စွာ မရှိခဲ့ကြောင်း  ခန္ဓာကိုယ်တွင်းမှ ဆားဓာတ် အထောက် ထားနှင့် ပင်လယ်နီရွံ့စေး အထောက် ထားများမှ သက်သေခံလျှက် ရှိကြောင်းတို့ ကို နောက်ဆုံး အစီရင်ခံစာကြီးတွင် တင်ပြလာကြသောအခါ.. ၎င်း အဖွဲ့ကို ဦးဆောင်နေသော ပရော် ဖက်ဆာဒေါက်တာမောရစ် တစ်ယောက် ခြေမကိုင်မိ လက်မ ကိုင်မိ ဖြစ်နေရ ပါတော့ သည်။

“အား…မဟုတ်နိုင်သေးပါဘူး ရေထဲမှာသေခဲ့တဲ့ ဒီမာမ်မီအလောင်းကြီးဟာ ဘာလို့များ ဒီလောက် ပုံပန်း မပျက် ပဲ အခြားမာမ်မီများထက်ပင် လတ်ဆတ် လန်းဆန်း ပကတိပုံအ တိုင်းဒီ အချိန် ထိတည်ရှိနေရပါလိမ့်၊”ဆေးသိပ္ပံနှင့်ခန္ဓာဗေဒ အကြောင်းကောင်းကောင်း နားလည်ထားသော ပါမောက္ခကြီး၊ လူသေရုပ်လောင်းပေါင်းများစွာနှင့် ငယ်ငယ်ကတည်း ကပင်မစိမ်းသော ဆရာ ၀န်တစ်ဦးအဖို့ဇဝေဇ၀ါနှင့်စဉ်းစား၍အတွေးများထူနေပါတော့ သည်။ (Confirmation test) ပြန်လှန်စစ်ဆေးမှုများ အကြိမ်ကြိမ်ပြု လုပ်ပြီး အားမ ရဖြစ်နေသော ပါမောက္ခကြီး၏ပုံကို စာဖတ်သူများပင်မြင်ယောင်မိမည် ထင်ပါ သည်။

အချိန်မှာကား ၁၉၈၁ ခုနှစ် ပြင်သစ်နိုင်ငံတွင် ပြင်သစ်သမ္မတကြီး ဖရန်စစ်စကိုမစ်တရာ အုပ်ချုပ်စဉ် ဖြစ် သည်။ အီဂျစ် အစိုးရ၏ သဘောတူ ခွင့်ပြုချက်ဖြင့် ဖာရိုဘုရင်ရာမ်စစ် (၂) ၏ ရုပ် အလောင်းအားသမိုင်းကြောင်းအဆိုအရ ကမ္ဘာ့အကြမ်းတမ်းဆုံး၊အရက်စက် ဆုံး၊ခေါင်းအမာဆုံး အီဂျစ်ဘုရင်အား ခေတ်မှီဓာတ်ခွဲ စမ်းသပ်မှုများ (မျိုးရိုးဗီဇ DNA သေဆုံးခြင်း ဇစ် မြစ်နှင့် သေဆုံးခြင်း Date ရှေးခေတ်မာမ်မီပ ညာရပ်၊ မျက်နှာပြုပြင် မွမ်းမံမှု) ပြုလုပ်ရန်ရည်ရွယ်ချက်တို့ဖြင့် ပြင်သစ်အစိုးရမှ ကမ်းလှမ်းခဲ့ပါသည်။ပြင်သစ်လေ ဆိပ်သို့ ရောက် လျှင် ရောက် ခြင်းပင် ပြင်သစ်သမ္မတ နှင့်တစ်ကွ ၎င်း၏အတွင်းဝန် ၀န်ကြီး များမှ နိုင်ငံတော်အခမ်းအနားနှင့်တကွ အလေးပြု ကြိုဆိုမှုကို ပြုလုပ်ခဲ့ပါသည်။ ကြိုဆို ဂုဏ်ပြုပွဲပြီးလျှင်ပြီးချင်းပင် ဖါရိုဘုရင်၏ အလောင်းအား စူးစမ်းရှာဖွေ စမ်းသပ်မှုများ ပြု လုပ်ရန် ပြင်သစ်နိုင်ငံ၏ အထူး မနုဿဗေဒ ဓါတ်ခွဲခန်းမကြီးဆီသို့ သယ်ဆောင်လာခဲ့ကြ ပါ သည်။

ပထမဦးဆုံး Cutting Edge Technology ဖြင့် သမိုင်းကြောင်းနှင့် ခန္ဓာဗေဒ စစ်ဆေး မှုများ ပြုလုပ်ရန် ရည်ရွယ် ခဲ့ပါသည်။ ထိုအချိန်က ပြင်သစ်သိပ္ပံပညာ အကယ်ဒမီ၏ ဥက္ကဌကြီးမှာ ပရော်ဖက်ဆာဒေါက်တာ မောရစ်ဘူ ကိုင်း ဖြစ်ပြီး ၎င်းကိုယ်တိုင်ပင် ဦးစီး ကာ ဖါရိုရုပ်ကလပ်ကြီးအား စူးစမ်းလေ့လာ စမ်းသပ်ခွင့် ရ ရှိခဲ့ပါသည်။

မေးခွန်းပေါင်းမြောက်များစွာဖြင့် အဖြေမရနိုင်သေးသော ပါမောက္ခကြီး

ဒီနှစ်ပေါင်း သုံးထောင်ကျော်ပြီဖြစ်တဲ့ ရုပ်အလောင်းကြီး၊ ရုပ်ကြွင်း မပျက်စီးသေးတဲ့ မာ မီကောင်ကြီး၊သူ တို့ အပြောအရ အီဂျစ်နိုင်ငံ ပင်လယ်နီကမ်းခြေရှိ ဂျဘလီယမ်း အရပ် မှာ တွေ့ရှိခဲ့ တယ်ဆိုတဲ့ ဒီအလောင်းကြီး၊ယခုလက်ရှိ အီဂျစ်သမိုင်းပြတိုက်ထဲမှာ ပြသ ထားတဲ့ ဒီဖါရို ကြီး၊ မွတ်ဆလင်တွေရဲ့ကုရ်အာန်က တိတိပပပြောဆို ဖေါ်ပြထားတဲ့ ဒီဖါရို ဘုရင်ကြီး၊ ကျွန်ပ်တော့ ဗျာ ခေတ်မှီဆန်သစ်တဲ့ Technology အကူအ ညီမပါဘဲ ဒီအ ကောင်ကြီးကို သမိုင်းကြောင်းအရ စစ်ဆေးမယ်ဆိုရင်တော့ ယုံကြည်မှာ မဟုတ် ဘူးဗျာ။ ယခုလို တိုးတက်တဲ့ စက်ကိရိ ယာ Cutting Edge နည်းပညာ၊ ဆေးသိပ္ပံ ပညာတွေရဲ့ အကူအညီအရသာ ယုံရတာဗျာဟုခေါင်းခါလျှက် တတွတ်တွတ်ပြောကြား လျှက်သာ ရှိပါတော့သည်။ ဘယ်လို လုပ်ပြီး ဒီမွတ်ဆ လင်မ်တွေပြောတဲ့ ကျမ်းစာထဲမှာ ဒီဖါရိုအကြောင်း တိတိပပပါရှိနေရတာလဲ? သူ့ရဲ့ကိုယ်ခန္ဓာကိုလည်း ကမ္ဘာပေါ်မှာထိန်းသိမ်း ထားတယ်လို့လည်း ပါသေးတယ်ဆိုတော့ ဘယ်လိုများပါလိမ့်။  သူကားစစ်ဆေးမှု အထပ် ထပ်ပြုလုပ်ပြီး နောက်ဆုံး သံပြိုင်အဖြေရရှိသော်လည်း မကျေနပ်နိုင် သေး၊ မာမ်မီကြီး မှာကား အီဂျစ်ပြည်သို့သာ တကြော့ပြန် ရောက်သွား ပါ တော့သည်။ ဒေါက် တာမောရစ် တစ်ယောက် အိပ်မပျော်အခဲမကျေနိုင်သေးပါ။ နောက်ဆုံး၎င်းဖါရိုဘုရင်ရှိရာအီဂျစ်ပြည် သို့ ခရီးဆက် ရန်သာ ဆုံးဖြတ်လိုက်လေပါတော့သည်။ အီဂျစ် နိုင်ငံသို့ ရောက်လာပြီး သက် ဆိုင်ရာဘူမိဗေဒ ရှေး ဟောင်း သမိုင်းပညာရှင်များ၊ ဆေးပညာ ပညာရှင်များ၊ မွတ်ဆလင် ပညာရှင်( စကော်လာ)များနှင့် ဆွေး နွေးမှု များပြုလုပ်လျှက်ရှိကာ အဖြေများကို ရှာဖွေ လျှက် ရှိပါသည်။ ကိုင်ရိုမြို့တနေရာတွင် ၎င်း၏တွေ့ရှိ ချက်များကို နှီးနှောရှင်းလင်းမှုတစ် ရပ်ပြုလုပ်နေစဉ် မွတ်ဆလင် ဆေးသိပ္ပံပညာရှင် တစ်ဦးမှမတ်တပ်ရပ်ပြီး ခင်ဗျား ကျွန်ပ် တို့ ကျမ်းလာ ဒီပါ ဒတော်ကို ပြန်နားထောင်ပါဟု ဆိုကာ တည်တည်ငြိမ်ငြိမ်ဖြင့်…

“ငါအသျှင်မြတ်သည် အစ္စရာအီလ် အမျိုးသားတို့ကို ပင်လယ်တစ်ဘက်ကမ်းသို့ ယူဆောင်တော်မူ၏။ ဖါ ရောမင်းသည် မိမိ၏စစ်သည်များနှင့် သူတို့ကိုမတရားကျုးလွန် ခြားနားခြင်းဖြင့် မီအောင်လိုက်ကြ၏။ သို့သော်ရေနစ် မြုပ်ဘေး ထိသောအခါ သူသည် အစ္စရာအီလ် အမျိုးသားတို့ ယုံကြည်သော အသျှင်မှ တ ပါးအခြားအသျှင် သခင်မရှိဟု ကျွန်ပ်ယုံကြည်ပါ၏။ ကျွန်ပ် သည် အလ္လာဟ်အသျှင်မြတ်အား ယုံကြည်ကျိုး နွံသူတို့ ဘောင်တွင် ပါဝင်ပါ၏ ဟုကြွေးကြော်၏။” ကုရ်အာန် (၁၀း၉၀)

ဘာလဲ ယခုမှ သင်ယုံကြည်သလော၊ ယခုတိုင်အောင် နင်သည်ထောင်ထားခြားနား၍ မတရားပြုကျင့်သူ တို့ ဘောင်တွင်ပါဝင်ပြီးမှ။ ကုရ်အာန် (၁၀း၉၁) သို့သော် နင်သည် နောင်လာ နောက် သားတို့အဘို့သက်သေသာဓကတော်တပါး ဖြစ်စေရန် နင်၏ကိုယ်ခန္ဓာကို ယခုငါအသျှင်မြတ်ကယ်တင်တော်မူ၏။ ကြည့် ကြလော့ များစွာသောသူတို့သည် ငါ၏သက်သေသာဓကတော် များကို သတိမမူကြချေ။ ကုရ် အာန် (၁၀း၉၂ )

အေးဆေးငြိမ်သက်စွာ ဂရုတစိုက်နားထောင်နေသော ပရော်ဖက်ဆာကြီးတစ်ယောက် တိတ်ဆိတ် ငြိမ်သက်သွားကာ”ပရမတ္ထသစ္စာတရား” မှန်ကန်မှုနှင့် တိကျသေချာသော အဖြေကို ၎င်း ၏ နှလုံးသည်း ပွတ်ကြားထဲမှ ထုတ်လိုက်လေတော့သည်။ လူအုပ်ကြား ထဲသို့ ၎င်း၏ ဟစ်အော်ချက်မှာကား ”ကျွန်ပ် အစ္စ လာမ်ကိုယုံပါပြီ..ကျွန်ပ် ကုရ်အာန်ကိုယုံ ပါပြီ..”

“ငါသည် ဤကျမ်းမြတ်ကုရ်အာန်ကို တောင်တခုခုပေါ်တွင် ပစ်တင်ထားတော်မူခဲ့လျှင်၊ အကယ်စင်စစ်ထို တောင်သည် အလ္လာဟ်အား ကြောက်ရွံ့တုံလှုပ်ခြင်းကြောင့် နှိမ့်ချသော သဘော ဖြင့် ၀ပ်စင်း၍ အစိတ် စိတ် အမွှာမွှာ ဖြစ်သွားသည်ကို သင်တမန်တော် မျက်ဝါးထင်ထင် မြင်ခဲ့ရလတံ့၊ ငါသည် ဤဥပမာများ ကို လူသားတို့ ဆင်ခြင် စဉ်းစားဘို့ရာ ဆောင်တော် မူ၏။ ” ကုရ်အာန်  (၅၉း၂၁ )

“အလွန့်အလွန် သနားကြင်နာတော်မူသော မဟာဂရုဏာတော်သခင် အလ္လာဟ်အသျှင်မြတ်သည် အမှန် တရားမြတ်နိုးသူတို့၏ နှလုံးသားတံခါးများကို အမှန်ပင်ဖွင့်ပေးလေပြီ တ ကား။” ကုရ်အာန် ( ၂၈း၅၆ )

နှလုံးသားသစ်၊စိတ်သစ်၊လူသစ် အယူသစ်ဖြင့်အိမ်အပြန်( ပြင်သစ်)ခရီး ပါမောက္ခကြီး၏ သတင်းသည်ကား နေရာအနှံ့သို့ တမဟုတ်ချင်း ပြန့်နှံ့သွားလေတော့သည်။ ၎င်းနောက် ပါမောက္ခ ကြီးသည်၁၀နှစ်တိုင်တိုင် အစ္စလာမ်နှင့် ပတ်သက်သော သိပ္ပံဆိုင်ရာ တွေ့ရှိ ချက်များ၊ ကုရ်အာန်နှင့်သိပ္ပံ လေ့လာမှုများ၊ အရ်ဗီစာပေကို ဂဃနဏလေ့လာကာ Comparative studies များ ပြုလုပ်လျှက် အစ္စလာမ်ကို အပတ်တကုတ် လေ့လာခဲ့ သည်။ ၎င်းလေ့လာသော အသီးအပွင့်များအဖြစ် ဥရောပတခွင်နှင့် ကမ္ဘာကအစ္စလာမ်ကိုပို၍ သိလာကြသည်။ ”ကုရ်အာန်၊ဘိုင် ဘယ်လ်နှင့်သိပ္ပံ”ဟူသောခေတ်သစ်သိပ္ပံပညာဖြင့် ရှေး ကျမ်းဂန်များကိုစစ်ဆေးခြင်း၊ ကုရ်အာန်၏ခိုင်လုံသော၊ တိကျသော၊မငြင်းနိုင်သော အ မှန်တရားများကို အခြားကျမ်းဂန်များနှင့်နှိုင်း ယှဉ်ကာ ဖေါ်ပြခဲ့သည်။လူသားများအားလုံး သတိရစေရန် ပါမောက္ခကြီးသည်၎င်း၏တွေ့ရှိချက်များနှင့် စပ်လျင်းပြီးကျမ်းတော်လာ ဤအာယတ်(ပါဒ)တော်ကိုနောက်ဆုံးမီးမောင်း ထိုး ပြ လျှက် ရှိခဲ့ပါသည်။

(မုသားစကားသည် ထိုကျမ်းတော်ကို ရှေ့မှသော်လည်းကောင်း၊ နောက်မှသော်လည်းကောင်း မချဉ်းကပ် နိုင်ချေ၊ ထိုကျမ်းတော်သည် သဗ္ဗညုတ ရွှေဉာဏ်တော်ရှင် ချီးမွမ်းခြင်းတည်ရာ အသျှင်၏ ထံတော်မှဖြစ် ၏။) ကုရ် အာန် ( ၄၁း၄၂)

ကျွန်ပ်တို့ အဘယ်ကြောင့် အလ္လာဟ်၏ သက်သေ လက္ခဏာတော်များကို သတိမမူကြသနည်း?

ကုရ်အာန်စူရာဟ် ( ၁၀း၉၂ ) ကြည့်ကြလော့ များစွာသော သူတို့သည် ငါ၏ သက်သေ လက္ခဏာတော် များ ကို သတိမမူကြချေ။

ထို့ကြောင့် အချို့သောသူတို့သည် သက်သေသာဓကတော်များကိုမျက်ဝါးထင်ထင်တွေ့မြင် ရသော်လည်း လက်မခံမယုံကြည် ငြင်းပယ်လျှက်ရှိကြသည်။ အဆုံးစွန်သောအဖြေနှင့် အမှားအ မှန်ကိုခွဲခြမ်းစိတ်ဖြာရန် စစ်ဆေးစုံစမ်းမှုများ ပြုလုပ်မှုမရှိကြပေ။ အစ္စလာမ်ဘာ သာကိုသာသနာကို ကိုးကွယ်ယုံကြည်သော ကျွန်ပ်တို့မွတ်စ် လင်မ်များပင် ကုရ်အာန်ကို အဓိပ္ပါယ်ရှိရှိ သိရှိရန် မကြိုး စားကြချေ။ ကုရ်အာန်ကျမ်းလာ အံ့ဖွယ် သက်သေသာဓက များကို ပုံပြင်သဖွယ်သာ ခပ်ဝါးဝါး သိရှိတတ်ကြပြီး ၀ိရောဓိဘ၀ဖြင့်သာ တင်းတိမ်နေ တတ်ကြပေသည်။ ကျွန်ပ်တို့ ယုံကြည် ထားသော ကုရ် အာန် ကျမ်းတော်မြတ်သည် တိကျမှန်ကန်သော ပရမတ္ထသစ္စာတရားမှ မှန်ကန်မှုအပြည့်ဖြင့် အံ့သြဖွယ်အပေါင်း၏ အထွဋ်အထိပ် အံ့သြဖွယ်ကျမ်းကြီး ဖြစ်ရာမယုံ ကြည် ဒွိဟ ရှိသူမှန်သမျှအားတိုက်ဆိုင် စစ်ဆေးပြီးအဖြေ ထုတ်ရန်နည်းမျိုးစုံဖြင့် အသျှင်မြတ်က ကျွန်ပ်တို့လူသားပင်မက (ဂျင်) မလာအေကာ အပေါင်းတို့ကိုပင် စိန်ခေါ်ထားသေး၏။ တမန်တော် မိုဟမ္မဒ် သက်ရှိ ထင်ရှားရှိစဉ် အချိန်မှ ယခုအချိန်ထိ နှစ်ပေါင်း( ၁၄၀၀ ) ကျော်သည့်တိုင်အောင်ထိုစိန်ခေါ် မှုသည် အသက်ဝင်လျှက် ရှင်သန်နေ၏။ခေတ်သစ် သိပ္ပံပင် ယခု အချိန်ထိ လိုက် မမှီသေးပေ။ နောက်ဆုံးနေ့တော်ကြီးအထိလည်း ထိုစိန်ခေါ်မှုကြီးသည် ရှင်သန်လျှက်ရှိနေ ဦးမည်ပင်။

ကု၇်အာန်စူရာဟ် (၁၇း၈၈) ထဲတွင် အိုတမန်တော် ဟောကြားလော့ အမှန်ဆိုသော် လူသားအားလုံးနှင့် ဂျင်နတ်သားအားလုံးတို့သည် ဤကုရ်အာန်ကျမ်းတော်နှင့်တူသော ကျမ်းတစ် စောင် ကို စီကုံးရေးသား ရန် စုရုံးစည်းဝေး၍ သူတို့အချင်းချင်း ကူညီယိုင်းပင်းသော်လည်း ဤကျမ်းတော်နှင့်တူသော ကျမ်းတစ် စောင်ကို မဖွဲ့နိုင်ချေ။

ဒီ့အပြင် အလ္လာဟ်အသျှင်မြတ်သည် ထပ်ပြီးလျှော့ပေါ့၍ပင် စိန်ခေါ်ထားသေးသည်။ ကျမ်းတော်တစ် စောင်လုံး ထားဘိ တိကျမှန်ကန်ပြီး ပြည့်စုံသော ကျမ်းတော်မြတ်ကုရ် အာန်၏ အာယတ် (ပါဒ)တော်တစ်ခုပင် ကျွန်ပ်တို့မဖန်တီးနိုင်ကြောင်း ၎င်း၏သြဇာအာဏာ သည် စကြာဝဠာလောက တစ်ခုလုံးအားလွမ်းမိုးထားကြောင်း ဖေါ်ပြထားသေးပေသည်။ အကယ်၍ ဤကျမ်းတော်ပါ စကားများသည် အရာခပ်သိမ်းကို မွေးမြူတော်မူသော အလ္လာဟ်အသျှင်မြတ်ထံတော်မှ မဟုတ်ခဲ့လျှင် မကိုက်ညီမှုများ၊ လျော့ရဲမှုများ၊ မမှန်ကန် မှုများကိုတွေ့ရမည့်အကြောင်း ကျမ်းမြတ်ကုရ် အာန်တွင် ဖေါ်ပြထားသေး၏။  (၄း၈၃၊ ၁၀း၃၈၊ ၂၅း၆ )

၎င်း၏စကားနှင့်ပတ်သက်၍၎င်းကိုယ်တိုင်ပင် အာမခံထားကြောင်းကို ကျမ်းတော်မြတ် ကုရ်အာန်၁၅း၉ တွင် အသျှင်မြတ်သည် ပွင့်ပွင့်လင်းလင်း ဖေါ်ပြထားသေး၏။ ထို့ကြောင့် ယနေ့ အချိန် ထိ ကုရ်အာန်၏ စိန်ခေါ်မှု အာမခံချက်များကို အမှားထောက်ပြနိုင်သော လူ သားပညာရှင်၊ ဂျင်နတ်သား တစ်ဦးတစ် ယောက်မျှ မတွေ့ရှိရသေးပေ။ နောင်တွင် လည်း တွေ့နိုင်မည် မဟုတ်ပေ။ ကုရ် အာန် (၂း၂၃၊ ၂၄)

အချုပ်အားဖြင့်ဆိုရသော်ကျမ်းတော်မြတ်ကုရ်အာန်လာဖါရိုဘုရင်သည်လည်းကျွန်ပ် တို့နောင်လာနောက် သားများ မျက်တွေ့မြင်ရကာ သတိသံဝေဂတရားရနိုင်စေရန်အလ္လဟ် အသျှင် မြတ် ကိုယ်တော်တိုင် ပုံစံ မပျက် ထိန်းသိမ်းထားကြောင့်၊ အလ္လာဟ်အသျှင်မြတ် သည် ၎င်း၏ စကားကို တည်တော်မူသော အ သျှင် ဖြစ်ကြောင်း တင်ပြရင်း……………..

ကိုးကား www.ayaat.wordpress.com သီရိပျံချီ ဦးဘစိန် ကုရ်အာန်ဘာသာပြန်  M.AHNAF  Faculty of Medicine Cairo University Egypt.